အရောင်းအဝယ်
Vol. 18 Ch. 256
ထိုအချိန်တွင် အော်သံကျယ်ကြီးတစ်ခု ပေါ်ထွက်လာ၏။
“သွေးနီပန်း ဝယ်ပါတယ်… သွေးနီပန်းတစ်ခုကို အဆင့် (၄) မီးသားကောင် အမြုတေ (၄) ခုနဲ့ လဲပါမယ်… များများယူရင် ထပ်ညှိပေးပါမယ်”
ယဲ့ယန် မျက်မှောင်ကြုတ်သွား၏။
သွေးနီပန်းတစ်ပွင့်ကို အဆင့် (၄) မီးသားကောင် အမြုတေ (၄) ခုလား။
ဈေးအလွန်မြင့်၏။
ထို့အပြင် မည်သူက အမြုတေများစွာ ပိုင်ဆိုင်ထားသနည်း။
သူ စိတ်ဝင်စားသွားပြီး လှည့်ကြည့်မိသည်။
ထိုအခါ ရင်းနှီးနေသော လူ (၂) ယောက်ကို တွေ့ရ၏။
“ရှန်မိုနဲ့ ဝူယန်ဝေ့…”
ယဲ့ယန် မျက်မှောင်ပိုကြုတ်သွားသည်။
“သူတို့ အမြုတေတွေ အများကြီး ဘယ်က ရလာတာလဲ”
ရှန်မိုနှင့် ဝူယန်ဝေ့တို့ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြပြီး ရှန်မိုမှာ တိတ်တဆိတ် ကျင့်ကြံလေသည်။
ဝူယန်ဝေ့သာ အရောင်းအဝယ်အတွက် ဆက်အော်နေ၏။
ယခု (၂) လအတွင်း ရှန်မို သူ့ကို တစ်ခါကယ်ဖူး၍ ရှန်မို့အင်အားကို ကောင်းစွာ သိပါသည်။
ထို့ကြောင့် အော်ဟစ်၍ ရောင်းချနေခြင်းမှာ ရှက်စရာ ကောင်းသလိုထင်ရသော်လည်း ဝူယန်ဝေ့ စိတ်ထဲမထားပါ။ ထိုသို့ အော်ခြင်းကြောင့် ထင်သည့်အတိုင်း မြန်မြန် အာရုံစိုက်ခံရ၏။
“အကြီးအကဲ ဝူယန်ဝေ့ပဲ”
“ကျွန်တော့်မှာ သွေးနီပန်း (၂) ပွင့်တော့ ရှိတယ်… အမြုတေ (၈) ခု တကယ်ပေးမှာလား”
“ဟုတ်တယ်… ကျွန်တော် လိုက်ရှာနေတာ (၂) လလုံးပဲ… အဆင့် (၄) ဆယ်ခုပဲ ရသေးတယ်… အဆင့် (၅) က တွေ့တောင် မတွေ့ဘူး”
အကြီးအကဲများ ဝူယန်ဝေ့နှင့် ရှန်မို့တို့အနား ရောက်လာ၏။
ဝူယန်ဝေ့ ရယ်မောကာ
“အားလုံးပဲ… ဒီအရောင်းအဝယ်ကို လုပ်တာက ကျွန်တော် မဟုတ်ဘဲ ဒီဘေးက ရှန်မိုပါ”
“ကျွန်တော်က ကိုယ်စား လူခေါ်ပေးရုံပါပဲ”
အကြီးအကဲများ ပို၍ မှင်တက်ကုန်၏။
အချို့မှာ ရှန်မို့ကိုသေချာပင် မသိချေ။
လူငယ်အကြီးအကဲကို တွေ့နေရ၍ အံ့ဩမိ၏။
ကျင့်ကြံမှုလမ်းကြောင်းမှာ ပုံမှန်အားဖြင့် အသက်အရွယ်နှင့် တိုက်ရိုက်အချိုးကျတတ်သည်။
ထိုစဉ် ရှန်မို မျက်လုံးပွင့်လာပြီး ပြုံး၍
“ကျွန်တော့်မှာ အဆင့် (၄) မီးသားကောင် အမြုတေတွေ အများကြီး သိပ်မရှိလို့ လောလောဆယ် သွေးနီပန်း (၈) ခုစာပဲ လဲနိုင်ပါမယ်… မြန်မြန်လာတဲ့သူပဲ ရပါမယ်”
ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ အမြုတေ (၃၀) ထုတ်လိုက်၏။
အမြုတေများမှာ ကျောက်မျက်ကဲ့သို့ တောက်ပနေကြသည်။
အကြီးအကဲများ မျက်လုံးပြူး၍ အလွန်စွံ့အနေသည်။
“ဒါက…”
“(၃၀) လား”
အရေအတွက်များသော်လည်း အရည်အသွေးကလည်း ကောင်း၏။
ယဲ့ယန် ခပ်လှမ်းလှမ်းမှ ကြည့်ရုံဖြင့် မှင်တက်နေသည်။
သူနှင့် ရှန်မိုကြား အဆင့်ကွာခြားမှု ဤမျှကြီးသည်ဟု မယုံကြည်နိုင်ပေ။
ယဲ့ယန်အံကြိတ်ကာ အဆောင်ထဲမှ ချက်ချင်း ထထွက်သွားတော့သည်။
သူ အရှုံးကို တစ်ခါမှ ရင်မဆိုင်ဖူးပေ။
ထို့ကြောင့် ရတနာများ အမြန်ထပ်ရှာရန် လိုအပ်နေသည်။
“အကြီးအကဲရှန် ကျွန်တော့်မှာ သွေးနီပန်း (၂) ပွင့် ရှိပါတယ်”
“အကြီးအကဲရှန် အကြီးအကဲရှန် ကျွန်တော့်မှာ (၃) ပွင့်ပါ… ကျွန်တော် လဲချင်ပါတယ်”
“ကျွန်တော့်မှာလည်း တစ်ပွင့်ရှိတယ် ဒါပေမဲ့ အမြုတေ မဟုတ်ဘဲ အနာကျက်ဆေးနဲ့ လဲလို့ရမလား”
အကြီးအကဲများ အပြိုင်အဆိုင် အော်ဟစ်နေကြသည်။
ရှန်မိုပြုံး၍
“အရမ်ူ မလောကြပါနဲ့… အားလုံးကို လဲပေးပါ့မယ်”
ဝူယန်ဝေ့ ဘေးမှကြည့်နေရင်း အံ့ဩနေသည်။
မကြာမီ သွေးနီပန်း (၈) ခုကို လဲပြီးသွား၏။
“အကြီးအကဲ ဝူယန် အရောင်းအဝယ်အတွက် ဝိုင်းအော်ပေးတာ ကျေးဇူးပါနော်… ဒီအမြုတေ (၂) ခုက လက်ဆောင်ပေးတာပါ”
ရှန်မိုမှ လက်ကျန် အမြုတေ (၂) ခုအား ပေးလိုက်သည်။
ဝူယန်ဝေ့ ချက်ချင်း လက်ယမ်း၍
“မဟုတ်တာ မဟုတ်တာ… အဲ့လို မဟုတ်သေးပါဘူး… အကြီးအကဲရှန်က ကျွန်တော့်အသက်ကို ကယ်ထားတာပဲ… ဒီလောက်တော့ ဝိုင်းရောင်းပေးရမှာပေါ့”
ရှန်မိုကတော့ အမြုတေ (၂) ခုကို အတင်း ထည့်ပေးလေသည်။
“ဟုတ်ကဲ့ပါ ကျွန်တော် ယူလိုက်ပါ့မယ်… နောက်ပိုင်း ကျွန်တော့်အကူအညီ ပြန်လိုခဲ့ရင်လည်း ကျွန်တော် ဝူယန်ဝေ့အနေနဲ့ မဆိုင်းမတွ ဆောင်ရွက်ပေးပါမယ်”
သူ ရင်ဘက်ကိုပုတ်၍ ကတိပေး၏။
ရှန်မိုပြုံး၍ ခေါင်းငြိမ့်ပြလေသည်။
ဘေးမှအကြီးအကဲများမှာ ဝူယန်ဝေ့ကိုကြည့်၍ အားကျနေတော့၏။
ဝိုင်းအော်ပေးတာများ လူတိုင်းလုပ်လို့ရတာပဲ။
“အကြီးအကဲရှန်ရယ် အရမ်းရက်ရောနေတာ မဟုတ်ဘူးလား… ဒီလောက်တော့ ကျွန်မလည်း ပြောတတ်ပါတယ်”
ချိုသာသော စနောက်သံကိုကြား၍ ရှန်မိုလှည့်ကြည့်လိုက်သောအခါ အကြီးအကဲ လျှိုရူယွန်းကို တွေ့ရသည်။
သူ ရယ်မော၍
“နောက်တစ်ခါပေါ့ အကြီးအကဲလျှိုရယ်… အခွင့်အရေး ထပ်ရှိရင် ကျွန်တော် အကူအညီ တောင်းပါ့မယ်”
အကြီးအကဲများအားလုံး ပြုံးမိ၏။
ရှန်မိုမှာ ရုတ်တရက် လျှိုရူယွန်းအား အကြည့်မခွါနိုင် ဖြစ်သွားသည်။
“အဲ့တော့ မြေအောက်မီးတောင်ပေါက်အောင် လုပ်တာ သူကိုး…”
ရှန်မို မိုးကြိုးလှုပ်ရှားမှုကျင့်စဉ်ဖြင့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။
သူ ထွက်သွားပြီးနောက် အကြီးအကဲ (၂) ဦးတို့ အချင်းချင်းကြည့်ကာ သူ့အနောက်မှ တိိတ်တဆိတ် လိုက်သွားလေသည်။
ရှန်မို သူတို့ကို သတိထားမိပြီး အရှိန်ပိုမြှင့်၍ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားနေ၏။
ဤသို့ဖြင့် မျက်ခြေပြတ်သွားမှ လိုရာသို့ ဆက်သွားလေသည်။
အကြီးအကဲ (၂) ဦးလည်း လမ်းပျောက်သွားသောကြောင့် အဆောင်သို့သာ ပြန်လာကြရသည်။
လူရှင်းသော ဂူထဲ၌။
ရှန်မို အကာအကွယ်များကို စစ်ဆေးကြည့်ရင်း အန္တရာယ်ကင်းတာ သေချာမှ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလေသည်။
သူ့တွင် ရတနာများစွာ ရှိနေမှန်း သိသွားကြ၍ အကောက်ကြံခြင်း ဖြစ်လာနိုင်ပါသည်။
တစ်ယောက်ယောက် လာသတ်၍ သက်သေဖျောက်လိုက်လျှင် မည်သူမျှပင် သိလိုက်မည် မဟုတ်ပါ။
ထို့ကြောင့် ရှန်မို ဂရုတစိုက်ဖြင့် အကာအကွယ်များ ချရသည်။
နားနေဆောင်မှာ အန္တရာယ်အများဆုံး ဖြစ်၏။
“သွေးနီပန်း…”
ရှန်မို သွေးနီပန်းတစ်ပွင့်ကို ဂရုတစိုက် ထုတ်လိုက်၏။
ပန်းပွင့်မှာ လက်တစ်ဝါးမျှသာရှိပြီး အနံ့မရှိချေ။
သို့သော် သူ အနီးကပ် နမ်းရှိုက်ကြည့်သောအခါ ပုံရိပ်ငယ် နွေးထွေးသွားသည်ကို ခံစားမိ၏။
တည်ငြိမ်နေသော စိတ်ဝိညာဉ်စွမ်းအင် ရေပြင်မှာ အသားတုံးတွေ့သည့် ခွေးလေးကဲ့သို့ ပျော်ရွှင်မြူးတူး လှုပ်ခတ်လာသည်။
“သွေးနီပန်းက ပု့ရိပ်ငယ်အတွက် တကယ် အင်အားဖြစ်စေတာပဲ”
ရှန်မို ရေရွတ်မိ၏။
ထို့နောက် တစ်ကျိုက်တည်း မျိုချလိုက်သည်။
ထိုအခါ စွမ်းအင်များအားလုံး နေရာအနှံ့ စီးဆင်းပျံ့နှံ့သွားပြီး ပုံရိပ်ငယ်အထိ ရောက်ရှိသွား၏။
မကြာမီ ပုံရိပ်ငယ်၏အကျယ်အဝန်းမှာ သိသိသာသာ ချဲ့လာသည်။
“ဆေးတွေနဲ့ ပေါင်းစပ်နိုင်ရင် သွေးနီဆေးပါ ရမှာ… သက်ရောက်မှုလည်း ပိုကြီးတယ်”
“ဒါပေမဲ့ သွေးနီဆေးလုပ်နည်းတော့ မသိဘူး…”
“အချိန်မီ တာအို (၉) သွယ်ဆေးနည်းရှိတဲ့နေရာ တွေ့ရင်တော့ အဆင်ပြေနိုင်တယ်”
ရှန်မို ကျန်ပန်း (၇) ပွင့်ကို သိမ်းကာ မီးတောက်ဆေးတိုက် ဂူနက်ထဲသို့ ဆက်သွားလေ၏။