← Chapters

မြေအဆင့်မြင့်မီးဖို

Vol. 18 Ch. 259

မြေအဆင့်မြင့်မီးဖို

Vol. 18 Ch. 259

ယဲ့ယန်ခန္ဓာကိုယ်ကို မသိစိတ်မှ သတိပေးနေ၏။

နောက်လှည့်မကြည့်နဲ့။

သူ ရှန်မို့ကို မယှဉ်နိုင်ကြောင်း သိသွားလေပြီ။

အမြန်ဆုံးပြေးနေရင်း စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကအထိ သူ့အဆင့် ပိုမြင့်ခဲ့သော်လည်း ယခုတော့ ရှန်မိုက ကျော်သွားလေပြီ။

ရှန်မို့ကိုကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်မိ၏။

ခံစားချက်မှာ အလွန်ကြောက်စရာကောင်းသည်။

ရှန်မိုသည် ယဲ့ယန် ထွက်ပြေးသွားမှန်း သိသော်လည်း ချက်ချင်း မလိုက်ပေ။

သူ့နောက်လိုက်နေလျှင် အချိန်ကုန်သည့်အပြင် ကံအလွန်ကောင်းတတ်သူဖြစ်၍ သတ်ပစ်ရန်လည်း ခက်လိမ့်မည်။

ထို့ကြောင့် လွှတ်ထားလိုက်သည်က ပိုကောင်း၏။

ဟီထျန်းချောင် မျက်ရည်များ စီးကျရင်း ဒူးထောက်လျက်

“အကြီးအကဲရှန် ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဗျာ”

သူ ရှန်မို့ခြေသလုံးကို ဖက်ထားချင်မိ၏။

“အရမ်း မခံစားပါနဲ့ အဆောင်သခင်ဟီရယ်”

ရှန်မို သူ့ကို ထူပေးလိုက်၏။

“ကျွန်တော့်မှာ အင်အားရှိနေလို့ ကိုယ့်သဘောအတိုင်း တိုက်ခိုက်တာပါ”

ဟီထျန်းချောင် အသက်ဝအောင်ရှူ၍ စိတ်ပြန်ထိန်းလိုက်သည်။

ထို့နောက် ယဲ့ယန်ဘက် လှမ်းကြည့်ပြီး ထွက်ပြေးသွားသည်အား တွေ့သောအခါ

“ကျွန်တော်ကတော့ ယဲ့ယန်နဲ့ တစ်မိုးအောက်တည်း လုံးဝ မနေနိုင်ဘူး”

ရှန်မို သူ့ပုခုံးကိုပုတ်ကာ

“အခုကတော့ နေပြန်ကောင်းအောင်ပဲ အာရုံစိုက်ပါ… ဂိုဏ်းပြန်ရောက်မှ ယဲ့ယန် နာမည်ပျက်ပြီး သူ့ဟာသူ ခံစားရပါလိမ့်မယ်”

မီးတောက်ဆေးတိုက်တွင် စည်းမျဉ်းအချို့ ရှိ၏။

ရတနာအတွက် သတ်ဖြတ်ခြင်းမှာ အဆန်းတော့ မဟုတ်ချေ။ လူတိုင်း လျှို့ဝှက်လုပ်ဆောင်မိကြသည်။

သို့သော် သက်သေ အဓိကဖြစ်၏။

ယခု ယဲ့ယန် ဒုက္ခပေးခဲ့သော ဟီထျန်းချောင်မှာ မသေခဲ့ပေ။

“ကောင်းပါပြီ”

ဟီထျန်းချောင် ပြန်ဖြေ၍ ဆေးအချို့ ထုတ်သောက်ကာ မွမ်းမံကျင့်ကြံရင်း ဒဏ်ရာများသက်သာရန် ကြိုးစားနေသည်။

ထိုအချိန်တွင် ရှန်မိုမှာ မီးနဂါးကြီးများအား ကျွမ်းကျင်စွာ ခွဲစိတ်နေလေ၏။

မကြာမီ လက်မအအရွယ်ခန့် မီးနတ်ဆိုးအမြုတေ (၂) ခု ရရှိသွားသည်။

“ထင်တဲ့အတိုင်းပဲ… အင်အားကြီး မီးသားကောင်တွေမှာ နတ်ဆိုးအမြုတေ ရှိနေတယ်”

“နောက်ပြီး နှစ်ခုလုံး အဆင့် (၅) တွေပဲ”

ရှန်မို ပြုံးရွှင်လျက် ရေရွတ်လိုက်သည်။

ဒီတစ်ခေါက်ခရီးမှာ သူ့အတွက် အလွန်အဖိုးတန်၏။

ခဏအကြာတွင် ဟီထျန်းချောင် ဒဏ်ရာသက်သာကာ မျက်လုံးပြန်ပွင့်လာပြီး ရှန်မို့လက်ထဲမှ နတ်ဆိုး အမြုတေများအား တွေ့သွားသည်။ သူ အလွန် အားကျစွာဖြင့်

“အကြီးအကဲရှန်ကတော့ ကံအရမ်းကောင်းတာပဲ… တခြားသူသာ ဒီလို မီးနဂါးကြီးတွေ တွေ့ရင် ကြောက်လန့်ပြီး ထွက်ပြေးမှာ… အကြီးအကဲရှန်လို သတ်ပစ်ပြီး နတ်ဆိုးအမြုတေ ဘယ်ရပါ့မလဲ”

သူ့အသံမှာ လေးစားအားကျမှုများ ပြည့်နေ၏။

ရှန်မိုနှင့် အဆင့်ကွာခြားမှုကိုလည်း သေချာ ခံစားမိလာသည်။

ရှန်မို့အင်အားမှာ လုတုံရွှမ်အဆင့်ဟု ထင်လာ၏။

သူ ရှန်မို့ကို ကပ်ထားမိခဲ့သည်မှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပင်။

“ဒါနဲ့ ကျွန်တော့်အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးစရာလေး ရှိပါတယ်”

ဟီထျန်းချောင် ဆေးနည်းစာရွက်တစ်ရွက် ထုတ်၍ ရှန်မို့ကို လှမ်းပေး၏။

ရှန်မို ဖတ်ကြည့်လိုက်သောအခါ စာလုံးများစွာ ပြွတ်သိပ်၍ သူရှားပါးပစ္စည်းများအပေါ် ဗဟုသုတ ရှိသူပင် အနည်းငယ်သာ နားလည်သည်။

ဘာအတွက်လဲ။

“အဓိကအချက်က အနောက်ဘက်မှာပါ”

ဟီထျန်းချောင် ပြုံးကာ ရှင်းပြ၏။

ရှန်မို စာရွက် နောက်ကျောကို လှန်ကြည့်လိုက်သည်။

“ကျွန်တော်ကတော့ အဆင့် (၄) အကြီးအကဲ ဟီချွန်းပါ… မြေအဆင့်မြင့် မီးဖိုတစ်ခု ရှာတွေ့ခဲ့ပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ မီးဖိုကို လုံခြုံတဲ့နေရာ ဝှက်ထားရပါတယ်… ဟီမျိုးနွယ် နောက်မျိုးဆက်တွေ လာတဲ့အခါ ရသွားဖို့ မျှော်လင့်ပါတယ်”

“ကျွန်တော့်မျိုးဆက်တွေ ကောင်းကောင်း ကျင့်ကြံပါ”

ထိုစကားလုံးများအောက်တွင် မြေပုံတစ်ခု အကြမ်းရေးခြစ်ထားပြီး ရတနာတည်နေရာကို ပြထား၏။

ရှန်မို မှင်တက်နေမိသည်။

သူ ထိုမီးဖိုကို လိုအပ်နေသည်မှာ အမှန်ပင်။

ဟီထျန်းချောင် သက်ပြင်းချ၍

“ဟီချွန်းဆိုတာ ကျွန်တော့်အဘိုးပါ… သူက မီးတောက်ဆေးတိုက်ထဲမှာ လွန်ခဲ့တဲ့ နှစ် (၂၀၀) ကျော်လောက်တည်းက ဆုံးသွားတာပေါ့”

“ကျွန်တော် ဆေးတိုက်ထဲ အမြဲလိုက်ဝင်တယ်ဆိုတာ အမှတ်ရဖို့လည်း ဟုတ်ပေမဲ့ အမှန်က အဘိုးရဲ့အမွေကို လိုက်ရှာနေတာပါ”

“ဒီစာရွက်ကို မီးဖို (၉) နားမှာ တွေ့တာ… ယဲ့ယန်ကတော့ အနောက်ဘက်ကစာကို သတိမထားမိဘဲ လွှင့်ပစ်ခဲ့တာပေါ့”

“အခု အကြီးအကဲရှန်ကို ပေးပါ့မယ်… ဒီအခွင့်အရေးက အင်အားပိုကြီးတဲ့သူနဲ့ပဲ သင့်လျော်ပါတယ်”

ရှန်မို ခဏစဉ်းစားပြီးမှ ခေါင်းငြိမ့်ကာ

“ဒီလိုဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါမယ်… ကျေးဇူးပဲဗျာ”

“လာ အဆောင်သခင်ဟီ ကျွန်တော် ခင်ဗျားကို နားနေဆောင် လိုက်ပို့ပြီးမှ ဆက်ရှာလိုက်မယ်”

“ဒီမှာ ခင်ဗျားအတွက် အနာသက်သာဆေး ရှိသေးတယ်”

ဤသို့ဖြင့် ရှန်မို သူ့ကို ပြန်လိုက်ပို့လေသည်။ မဟုတ်လျှင် လမ်းတွင် ယဲ့ယန်မှ လျှို့ဝှက်ချုံခို၍ တိုက်ခိုက်နိုင်၏။

ဟီထျန်းချောင်ကို နားနေဆောင် ပို့ရခြင်းမှာ ယဲ့ယန်အကြောင်း ပြန်အသိပေးရန် ဖြစ်သည်။

ဤနည်းဖြင့် ယဲ့ယန် လုံးဝ နာမည်မပျက်လျှင်ပင် အနည်းဆုံး အခြားသူများ သတိထားမိပြီး မယုံမကြည် ဖြစ်ကြလိမ့်မည်။

ယန်ဝမ်ယွမ်တို့ကဲ့သို့ အကြီးအကဲများမှာ တိုက်ရိုက် ထုတ်မပြောလျှင်ပင် ယဲ့ယန်အား သတိထား၍ ဆက်ဆံကြမည်။

ထိုအခါ သူတစ်ယောက်တည်းသာ လှုပ်ရှားရပြီး ရတနာရရှိရန် အခွင့်အရေး နည်းသွားပေမည်။

ဟီထျန်းချောင် ဆေးသောက်လိုက်ပြီး သူ့ရွေးချယ်မှု မှန်ကန်သည်ကို တွေးတိုင်း ဝမ်းသာနေ၏။

ရှန်မိုမှာ ယဲ့ယန်ကဲ့သို့ မဟုတ်ပေ။

နောက်တစ်နေ့။

နှစ်ယောက်သား အဆောင်ပြန်သည့်လမ်းတွင် မီးဖို (၈) ရှေ့ ဖြတ်မိသည်။

ရှန်မိုမှာ စာအချို့ ရေးထွင်းထားသော ကျောက်ပြားအပိုင်းအစတစ်ခုကို သတိထားမိသွား၏။

ထို့ကြောင့် သွားယူကြည့်လိုက်ပြီး ရယ်မောကာ

“ကျောက်ပြားပေါ်မှာ ရေးထားတာကလည်း ကျောက်စိမ်းဂိုဏ်း မကောင်းကြောင်းတွေချည်းပဲ”

ဟီထျန်းချောင်ပါ ရယ်မောလျက်

“အဲ့ဒါ ပုံမှန်ပါပဲ… အဂ္ဂိရက် (၉) သွယ်ဂိုဏ်း ဖျက်ဆီးခံရတော့ ကျင့်ကြံသူ တော်တော်များများ သေဆုံးမှုကို မကျေနပ်ဘဲ ယုကျောက်ဒေသ ဂိုဏ်း (၃) ခုအကြောင်း ရေးကြတာလေ”

“မီးဖို (၁၂) အကျော်နားမှာဆိုရင် ပိုတောင် များသေးတယ်”

“အမှန်အတိုင်းပြောရရင် သူတို့စခဲ့တဲ့ ဇာတ်လမ်းပဲလေ… သူတို့သာ တရားမျှတရင် ကျန်တဲ့ ဂိုဏ်း (၃) ခုပေါင်းပြီး လာဖျက်ဆီးမှာ မဟုတ်ဘူး”

ရှန်မို စိတ်ဝင်စားသွားပြီး

“အဆောင်သခင်ဟီ… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက ဘာတွေလုပ်ခဲ့လို့ ဒီလိုပျက်စီးသွားရတာလဲ ပြောပြပါလား”

ဟီထျန်းချောင်မှ

“ကျွန်တော့်အဘိုး ပြောပြဖူးတာပါ… အဲ့ဒီ တိုက်ပွဲကြီးမှာ သူ ပါခဲ့တယ်တဲ့… အဲ့ခေတ်တုန်းက ကျောက်စိမ်းဂိုဏ်း၊ သန့်စင်ခြင်းဂိုဏ်း၊ ဆေးမြစ်ဂိုဏ်းတွေဆိုတာ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ လက်အောက်ခံတွေပေါ့”

“သူတို့ရဲ့ ပြင်းထန်တဲ့ စည်းမျဉ်းတွေကြောင့် ဘယ်သူမှတော့ မပုန်ကန်ရဲဘူး”

“ကျွန်တော် ဥပမာနည်းနည်းပြောပြရင် ပိုနားလည်သွားမှာပါ”

All Chapters