← Chapters

အကြီးအကဲရှန်နဲ့ တွေ့ရတာ ကံကောင်းလိုက်တာ

Vol. 18 Ch. 261

အကြီးအကဲရှန်နဲ့ တွေ့ရတာ ကံကောင်းလိုက်တာ

Vol. 18 Ch. 261

ဟီထျန်းချောင် ပြုံး၍

“အကြီးအကဲရှန် တောင်းပန်ပါတယ်ဗျာ… ကျွန်တော် ဒုက္ခတွင်းထဲ ဆွဲထည့်မိပြန်ပြီ”

“ဒါပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကြောင့် မီးတောက်မုန်တိုင်း စွမ်းအင် လျော့တော့မယ်… တစ်ရက်လောက်ပဲ သည်းခံထားရင် အသက်ရှင်မှာပါ”

ရှန်မို ခဏစဉ်းစား၍

“ယဲ့ယန်လည်း ကျွန်တော်တို့ ဒီအဆောင်အင်းလောက်နဲ့ မသေမှာကို သိမှာပဲ… တမင် အချိန်ဆွဲတာ”

“ဘာလို့လဲ”

ဟီထျန်းချောင် နားမလည်နိုင် ဖြစ်နေ၏။

ရှန်မို ခေါင်းယမ်းကာ တည်ငြိမ်စွာဖြင့်

“ကျွန်တော်တို့နှစ်ယောက် အတူတူသွားနေတော့ အဆောင်သခင်ဟီကို သူ သတ်လို့မရတော့ဘူးလေ… သူ့အကြံက နားနေဆောင်ကို သူ အရင်သွားပြီး ဇာတ်လမ်းအတု လုပ်ကြံပြီးပြောထားမှာ”

ဟီထျန်းချောင် ဒေါသထွက်ကာ မျက်လုံးကြီးပြူးလျက်

“တကယ်ပါပဲ… အရှက်မရှိတဲ့ကောင်”

သူ အံကြိတ်၍

“သူ အရင်သွားပြီး မဟုတ်တာတွေ ပြောနေမှာကို ဒီအတိုင်း လွှတ်ပေးလိုက်ရတော့မှာလား”

သူ စိတ်တိုလွန်း၍ ရင်ဘက်ပင် အောင့်လာသည်။

ရှန်မိုပြုံးကာ

“အရမ်း စိတ်ထဲမထားပါနဲ့”

“ဒီဟာလောက်နဲ့ ထောင်ချောက်ဆင်လို့ မရပါဘူး”

ဟီထျန်းချောင် အံ့ဩသွားပြီး

“အကြီးအကဲရှန်မှာ အကြံရှိလို့လား”

သူ မျက်လုံးအရောင်တောက်၍

“ဧကန္တ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက အကြီးအကဲရဲ့ တိုကင် ရှိနေလို့လား”

ရှန်မို ပြန်မဖြေဘဲ ပြုံး၍သာ နေသည်။

ထို့နောက် တိုကင်တစ်ခု ထုတ်ပြ၏။

တိုကင်မှ မမြင်နိုင်သော အင်အားများ ပျံ့နှံ့လာပြီး ချက်ချင်း မီးတောက်မုန်တိုင်းအား ရပ်တန့်သွားစေသည်။ ပြီးမှ စွမ်းအင်များလည်း တဖြည်းဖြည်း ပြန်ပျောက်သွား၏။

ရှန်မို တိုကင်ထုတ်လိုက်ချိန်တွင် အန္တရာယ်အားလုံး ပျောက်ဆုံးသွားရသည်။

ဟီထျန်းချောင် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးနေ၏။

သူ အရူးမဟုတ်ပါ။

ထိုတိုကင်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

အဂ္ဂိရက် (၉) သွယ်ဂိုဏ်းမှ အကြီးအကဲ၏ တိုကင်ပင်။

သူ အားကျစွာ ငေးကြည့်နေမိသည်။

တိုကင်ပိုင်ဆိုင်သူမှာ မီးတောက်ဆေးတိုက်ထဲတွင် မည်သည့်နေရာမဆို လွတ်လပ်စွာ သွားလာနိုင်၏။

သို့သော် အလွန်ရှားပါးလွန်း၍ ကျောက်စိမ်းဂိုဏ်းရှိ မည်သည့်အကြီးအကဲမှ မရခဲ့ဖူးပေ။

အများစုမှာ အတွင်းဂိုဏ်းတပည့်တိုကင်သာ ယူ၍ မီးသားကောင်များ၊ အဆောင်အင်းများကို ကျော်ဖြတ်ကာ အသက်လုနေရသည်။

ဟီထျန်းချောင်ပင် ဥပမာကြည့်နိုင်၏။

သူ မီးတောက်ဆေးတိုက်ထဲ ဝင်ခဲ့သည်မှာ အခေါက်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း တစ်ခါမှ ရှာမတွေ့ခဲ့ပေ။

သို့သော် ရှန်မိုမှာ ပထမဆုံးဝင်သည့်အခေါက်ဖြင့် လွယ်လွယ်ကူကူ ရသွား၏။

“အဆောင်သခင်ဟီ သွားရအောင်… ဒီလမ်းတည့်တည့်ကနေ သွားရင် ယဲ့ယန်ထက်အရင် ရောက်ပြီ”

ရှန်မို တိုကင်ကို ပြန်သိမ်းလိုက်ပြီး ပြုံး၍ ပြော၏။

ဟီထျန်းချောင်လည်း ထိုအခါမှ စိတ်ပြန်စုစည်း၍ ခေါင်းငြိမ့်ပြလေသည်။

ယဲ့ယန်တွင် အတွင်းဂိုဏ်းတပည့်တိုကင်သာရှိ၍ အဆောင်အင်းများ၊ မီးသားကောင်များအား ကွေ့ပတ် ရှောင်ရှားရင်း သွားရသောကြောင့် အချိန်ပိုကြာ၏။

ရှန်မိုတို့မှာ စိတ်ချလက်ချ မြန်မြန်သွားနိုင်ပါသည်။

ဟီထျန်းချောင် သက်ပြင်းချကာ

“အကြီးအကဲရှန်နဲ့တွေ့ရတာ ကျွန်တော် တကယ် ကံကောင်းတာပဲ”

ရှန်မို ပြုံးပြ၍သာ ငြိမ်နေသည်။

(၆) ရက်အကြာတွင်။

ယဲ့ယန် နားနေဆောင်သို့ အမြန်သွားနေ၏။

မီးတောက်မုန်တိုင်းဖြင့် ရှန်မိုတို့ကို အချိန်ဆွဲထားသောကြောင့် အနည်းဆုံး (၂) ရက်မျှ နောက်ကျသွားလိမ့်မည်။

ထိုအချိန်တွင် သူ အတတ်နိုင်ဆုံး အမြန်သွားရမည်။

“သူတို့ တော်တော် အနောက်မှာ ကျန်ခဲ့လောက်ပြီ”

“ငါသာ နားနေဆောင်ကို အရင်ရောက်သွားရင် ဟီထျန်းချောင်က ငါ့ကို ဓားစာခံလုပ်ပြီး အသုံးချ တိုက်ခိုက်ခဲ့တယ်လို့ ပြောရမယ်”

ယဲ့ယန် အားလုံးကို ပြင်ဆင် တွေးတောနေ၏။

ကျောက်စိမ်းမြို့၊ ယဲ့အိမ်တော်တွင် ရှိစဉ်ကလည်း သူ ထိုကဲ့သို့ အပြုအမူမျိုး ပြုလုပ်ခဲ့ဖူးသည်။

ထိုအချိန်က အဖော်ဖြစ်သူမှာ လုံးဝ သေဆုံးသွားလေ၏။

ထို့ကြောင့် သူ့အတွက် ထူးဆန်းလှသော လုပ်ရပ်မဟုတ်ပေ။

လောကကြီးတွင် အားကြီးသူသာ နိုင်မည်ဟု တွေးထား၏။

ယဲ့ယန် နားနေဆောင်ကို လှမ်းတွေ့လိုက်ပြီး သက်ပြင်းချကာ ယုံကြည်ချက်အပြည့်ဖြင့် ဝင်လာသည်။

သို့သော် အထဲမှ အကြီးအကဲအားလုံး သူ့ကို ဝိုင်းကြည့်နေ၏။

အံ့ဩခြင်း၊ အထင်သေးခြင်း၊ စိတ်ဝင်စားခြင်း စသဖြင့် အကြည့်မျိုးစုံ ဖြစ်၏။

ထိုထဲတွင် ယန်ဝမ်ယွမ်လည်း ပါဝင်သည်။

ယန်ဝမ်ယွမ်မှာ သူစိမ်းတစ်ဦးကို တွေ့သကဲ့သို့ နားမလည်နိုင်ပုံဖြင့် စူးစမ်းကြည့်နေသည်။

ယဲ့ယန် ရင်တုန်သွား၏။

ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့ကို အဲ့လို ဝိုင်းကြည့်နေတာလဲ။

“အားလုံးပဲ… ကျွန်တော် ဟီထျန်းချောင်ဆီက အလစ်တိုက်ခံ…”

သူ့စကားမဆုံးမီပင် ရင်းနှီးသောအသံတစ်ခု ထွက်လာ၏။

“ယဲ့ယန် မင်း နည်းနည်း နောက်ကျသွားတယ်”

ယဲ့ယန် လှည့်ကြည့်လိုက်ပြီး မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားသည်။

ထိုနေရာတွင် ရှန်မိုနှင့် ဟီထျန်းချောင်တို့ ရပ်နေကြသည်။

နှစ်ယောက်လုံး ကောင်းမွန်သပ်ရပ်စွာ ဝတ်စားထားပြီး ထိခိုက်ဒဏ်ရာ လုံးဝ မရှိပေ။

“မင်း… မင်းတို့…”

ယဲ့ယန် မြင်နေရသည်ကို လက်မခံနိုင်ဘဲ ဖြစ်နေ၏။

သူ သေချာပေါက် ထောင်ချောက်ထဲ ထားခဲ့၍ အချိန် နောက်ကျရမည်ဖြစ်သော်လည်း သူ့ထက် အရင် ရောက်နေကြလေသည်။

မဖြစ်နိုင်တာ။

လုံးဝ မဖြစ်နိုင်ဘူး။

သူ အမြန်လျှောက်တွေးရင်း ရုတ်တရက် တစ်ခု သတိရသွား၏။

အကြီးအကဲတိုကင်။

အဲ့ဒါပဲ။

အကြီးအကဲတိုကင် ပိုင်ဆိုင်သူသာ မီးတောက်မုန်တိုင်းထဲမှ အကောင်းအတိုင်း ပြန်ထွက်နိုင်လိမ့်မည်။

“ယဲ့ယန် မင်းက တကယ်ရက်စက်တာပဲ”

ဟီထျန်းချောင် နာကျည်းမုန်းတီးစွာ ပြော၏။

“ကိုယ်တိုင် အသက်ရှင်ဖို့အတွက် အကြီးအကဲအချင်းချင်း လုပ်ကြံပြီး ပစ်ထားခဲ့တယ်”

“အကြီးအကဲရှန်သာ အနီးအနားမရှိလို့ မရောက်လာခဲ့ရင် အခုချိန် သေနေလောက်ပြီ… တခြားအကြီးအကဲတွေလည်း မင်းလိမ်တာ ခံရလောက်ပြီ”

“ယဲ့ယန် မင်းက ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲဖြစ်ဖို့ မထိုက်တန်ဘူး”

ဟီထျန်းချောင် ဒေါသထွက်ကာ အဆက်မပြတ် ပြောဆို၏။

ဝူယန်ဝေ့၊ လျှိုရူယွန်းနှင့် အခြားသူများလည်း အပြစ်တင်ဝေဖန် ပြောဆိုနေကြလေသည်။

ယဲ့ယန်၏ အကျင့်စာရိတ္တ ပျက်ပြားမှုမှာ အားလုံး တိုက်ရိုက်မြင်လိုက်ရလေပြီ။

ယဲ့ယန်၏ အေးစက်မောက်မာသော အကြည့်များကို သဘောမကျကြသူ များသော်လည်း အရင်က မပြောရဲခဲ့ကြပေ။ ယခုလို စရိုက်အကြောင်း သိသောအခါ ပို၍စိတ်ပျက်သွား၏။

ယဲ့ယန် ယန်ဝမ်ယွမ်တို့ကို လိုက်ကြည့်၍ အကဲခတ်သော်လည်း သူ့အကြည့်ကို ရှောင်ကာ မသိချင်ယောင်ဆောင်နေသည်။

ဒီနေ့ ဟီထျန်းချောင်ကို လုပ်ကြံပြီးရင် မနက်ဖြန် ငါ့အလှည့်လား။ ရန်သူဆီက လွတ်ဖို့ ဒိုင်းကာအနေနဲ့ သုံးမှာလား။

ယန်ဝူယွမ် သူ့ကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့် စူးရဲစွာ တစ်ချက်လှမ်းကြည့်သည်။

မဟုတ်တာ လုပ်ထားရင် ကိုယ့်ဟာကိုယ်ရှင်း။

ယဲ့ယန် ငြိမ်နေရင်းမှ ရုတ်တရက် ထပြောလေသည်။

“လိမ်နေကြတာ”

“ကျွန်တော် ယဲ့ယန်အနေနဲ့ ဒီလိုမကောင်းတဲ့ အပြုအမူမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး”

“ခင်ဗျားတို့ (၂) ယောက် နားနေဆောင်ကို အရင်ရောက်တာကိုက ထူးဆန်းတယ်… တစ်ယောက်ယောက်မှာ အကြီးအကဲတိုကင် ရှိနေတယ်မလား”

“ကျွန်တော့်ကို လက်ညှိုးထိုးမယ့်အစား အဲ့ဒီအကြီးအကဲတိုကင်ကိုပဲ သေချာလုံခြုံအောင် သိမ်းဖို့ တွေးထား”

All Chapters