← Chapters

ယဲ့ယန်ဆီက ထောင်ချောက်မိပြီ

Vol. 18 Ch. 260

ယဲ့ယန်ဆီက ထောင်ချောက်မိပြီ

Vol. 18 Ch. 260

“ပထမဆုံး အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက ယုကျောက်ရဲ့ ဂိုဏ်း (၃) ခုကို အနိုင်ကျင့်တာတွေ ရှိခဲ့တယ်… အဲ့ဂိုဏ်းတွေမှာ ထူးချွန်တဲ့တပည့်၊ ခန္ဓာကိုယ်ပုံစံ အဆင့်မြင့်တဲ့တပည့်မျိုးတွေ ရှိလာရင် ချက်ချင်း အဂ္ဂိရက် (၉) သွယ်ဂိုဏ်းကို ခေါ်သွားတော့တာပဲ”

“ဒုတိယအချက်က ကပ်စေးနည်းတာပေါ့… သူတို့ကတော့ တော်တော်လွန်ပါတယ်… ဘာမှ ခွဲဝေပေးချင်တာမျိုး မရှိဘူး”

“တတိယကတော့ အဆိုးဆုံးပဲ… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ နောက်ဆုံးခေါင်းဆောင်က နတ်ဆိုးမျိုးနွယ်နဲ့ ဆက်သွယ်နေတယ်လို့ ကောလာဟလတွေ ရှိတယ်”

“နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံဖူးတယ်တောင် ပြောကြတယ်… တချို့လည်း နတ်ဆိုးမျိုးနွယ် တစ်ယောက် ဝင်ပူးနေတာတဲ့… ကောလာဟလတွေကတော့ အစုံပဲ”

“အဲ့လိုနဲ့ ဂိုဏ်း (၃) ခုရဲ့ ပုန်ကန်မှု စတာပဲ”

နတ်ဆိုးမျိုးနွယ်လား။

ရှန်မို မျက်လုံးအရောင်လက်သွား၏။

နတ်ဆိုးပင်လယ်နဲ့ ဆက်စပ်နေတာများလား။

“အကြီးအကဲရှန် နတ်ဆိုးမျိုးနွယ်အကြောင်း စိတ်ဝင်စားလို့လား”

ဟီထျန်းချောင် ရယ်မောကာ မေးသည်။

ရှန်မိုပြုံး၍

“ကျောက်စိမ်းဂိုဏ်း စာကြည့်တိုက်မှာတုန်းက တွေ့ဖူးလို့ပါ… ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်တွေ ဘယ်မှာရှိနေလဲတော့ မသိဘူး”

“အခု အဆောင်သခင်ဟီပြောတော့ ပြန်သတိရသွားလို့”

ဟီထျန်းချောင် ရယ်မောကာ

“ကျွန်တော်လည်း သေချာတော့ မသိပါဘူးဗျာ”

“သိသလောက်က နတ်ဆိုးမျိုးနွယ်တွေ အများကြီး ရှိတယ်ဆိုတာရယ်၊ သူတို့ တစ်ယောက်ချင်း အင်အားကိုက အရမ်းမြင့်တယ်ဆိုတာရယ်ပဲ”

“ဒါပေမဲ့ ရုတ်တရက်ပျောက်ကုန်ပြီး ကျင်းနိုင်ငံမှာ လုံးဝ မတွေ့ရတော့ဘူး”

“နတ်ဆိုးကျင့်စဉ်တချို့ကတော့ လျှို့ဝှက် သုံးနေကြတုန်းပေါ့”

“ဂိုဏ်းကြီးတွေမှာတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။

ဟီထျန်းချောင်ထံမှ အချက်အလက်မှာ သူ့အဘိုးပြောသလောက်သာ ဖြစ်၍ မပြည့်စုံပေ။

ထို့နောက် နှစ်ယောက်သား ဆက်၍ လျှောက်လာကြသည်။

ဟီထျန်းချောင်ကတော့ ထိုသို့စကားပြောဆိုရင်း ရှန်မိုနှင့် ရင်းနှီးလာသည်ဟု ခံစားရသောကြောင့် ပျော်ရွှင်နေလေသည်။

ရှန်မိုလည်း နောက်ပိုင်း အသုံးဝင်နိုင်သော ဗဟုသုတများ သိရ၍ ဝမ်းသာပါသည်။

သူတို့နှင့် ခပ်လှမ်းလှမ်း၌ အကြည့်စူးစူးနှင့် လူတစ်ယောက် လှမ်းကြည့်နေ၏။

ယဲ့ယန် ဖြစ်ပါသည်။

သူ အဝတ်ကောင်း ပြန်လဲထားပြီး သပ်ရပ်စွာ ပြင်ဆင်ထား၍ အရင်လို အေးစက်စက် ကြောက်စရာ အရှိန်အဝါမျိုး ပြန်ရနေ၏။

သို့သော် ရှန်မိုတို့ကို လှမ်းကြည့်ရင်း အံကြိတ်နေမိသည်။

“တကယ်ပါပဲ”

“ရှန်မိုက ဟီထျန်းချောင်ကို တစ်လျှောက်လုံး လိုက်ပို့နေတာပဲ”

“ဟီထျန်းချောင်လောက်ကို အလစ်ဝင်တိုက်နိုင်ပေမဲ့ သူပါနေတော့ အဆင်မပြေတော့ဘူး”

“ငါ ဘာဆက်လုပ်ရမလဲ… သူတို့သာ နားနေဆောင်အထိ ရောက်သွားရင် ဟီထျန်းချောင် သေချာပေါက် ငါ့အကြောင်းတွေ ပြောလိမ့်မယ်”

ယဲ့ယန်အကြည့်များ အေးစက်နေသည်။

သူ့အကြောင်း ပျံ့သွားပါက ယန်ဝမ်ယွမ်ပင် သူနှင့် ပူးပေါင်းသည့်အခါ မယုံကြည်ဘဲ ရှိနိုင်၏။

“နည်းလမ်းကတော့ တစ်ခုပဲ ရှိတော့တယ်… သူတို့ကို နားနေဆောင် မရောက်အောင် လုပ်ရမယ်”

“အရှေ့နားမှာ သတ်ဖြတ်ခြင်း အဆောင်အင်း ရှိတယ်… သူတို့ကို အဲ့နားခေါ်သွားနိုင်ရင် ချက်ချင်း မသေရင်တောင် အချိန်ဆွဲလို့ရပြီ”

ယဲ့ယန် အစီအစဉ်ဆွဲကာ ချက်ချင်း လှုပ်ရှား၏။

သူ အရှေ့နားတိုးသွားပြီး ခပ်လှမ်းလှမ်း မီးလက်ဝါးသိုင်း သုံးလိုက်သည်။

ရှန်မိုတို့ စကားပြောနေကြသော်လည်း သတိတော့ မပြတ်ပါ။

ချက်ချင်း ဓားထုတ်လိုက်ပြီး ကာကွယ်၏။

ဘုံး!

စွမ်းအင် (၂) ခု လေထဲတွင် တိုက်မိပြီး ပျောက်ကွယ်သွားသည်။

“ယဲ့ယန်ပဲ… သူ့နောက်လိုက်ရမယ်”

ရှန်မို အရှိန်မြှင့်လိုက်ပြီး လိုက်သွားသည်။

ဟီထျန်းချောင်လည်း ဒဏ်ရာအတော်လေး သက်သာနေပြီဖြစ်၍ လိုက်လာနိုင်၏။

ယဲ့ယန် အရှေ့မှ ပြေးသွားရင်း အလွန်နီးလာသောကြောင့် လန့်သွားသည်။

ရှန်မိုက ဘာလို့ ငါ့ထက် မြန်နေတာလဲ။

ဒီပုံအတိုင်းဆိုရင် သတ်ဖြတ်ခြင်း အဆောင်အင်းနား မရောက်မီ သူ့ကို မိသွားနိုင်၏။

“တကယ်ပါပဲ… ငါ့ဝှက်ဖဲကို ထုတ်သုံးရအောင် လုပ်နေတာပဲ”

ယဲ့ယန် အံကြိတ်ကာ ခြေတည်ဝိညာဉ် လျှို့ဝှက်ကျင့်စဉ်အား စတင်လေသည်။

မကြာမီ ရွှေရောင် ခြေတည်ဝိညာဉ်စွမ်းအင်များ ပျံ့ထွက်လာပြီး ဝံပုလွေများအဖြစ် ပြောင်းကာ ရှန်မိုတို့အရှေ့၌ ပိတ်ရပ်နေ၏။

ရှန်မို မျက်ခုံးပင့်သွားသည်။

“သူ့ကျင့်စဉ်က ထူးခြားပြီး လွယ်ကူသလို ထင်ရပေမဲ့ ငါ့ကိုတော့ မမှီပါဘူး”

ရှန်မို တည်ငြိမ်စွာကြည့်ရင်း ရေရွတ။

ထို့နောက် ဓားထုတ်လိုက်ပြီး ဝံပုလွေကြီးများကို တစ်ချက်စီ ခုတ်ပိုင်းဖြတ်လေသည်။

ဟီထျန်းချောင်မှာ ဝင်ကူညီနေသော်လည်း ဓားချက် အနည်းငယ်ဖြင့် အားနည်းကာ စွမ်းအင်လျော့လာ၏။

ရှန်မိုသာ အင်အားမကုန်နိုင်ဘဲ အဆက်မပြတ် တိုက်ခိုက်လေသည်။

ဟီထျန်းချောင်မှာ ကြည့်ရင်းကြည့်ရင်း ပိုအံ့ဩနေသည်။

ယင်-ယန် တွဲဖက်ဓားသိုင်း၏ အားနည်းချက်၊ အားသာချက်များကို ကောင်းကောင်း သိထား၏။

ထို့ကြောင့် ရှန်မိုအင်အားမကျသွားခြင်းမှာ ပုံရိပ်ငယ်ကြီးမား၍ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။

ရှန်မို ဝံပုလွေများအား အဆက်မပြတ် တိုက်ခိုက်နေစဉ် ဟီထျန်းချောင် ရုတ်တရက် မျက်နှာပျက်ကာ

“အကြီးအကဲရှန် ကျွန်တော်တို့ ယဲ့ယန်ဆီက ထောင်ချောက်မိသွားပြီ… ဒါ သတ်ဖြတ်ခြင်း အဆောင်အင်းပဲ”

သူ ပတ်ဝန်းကျင်ကို သေချာကြည့်ကာ ပြော၏။

ရှန်မိုလည်း ချက်ချင်း လှည့်ကြည့်လိုက်သည်။

အလင်းရောင်များ တဖျတ်ဖျတ်လက်၍ ထောင်ချောက်သဖွယ် ဖြစ်နေသည်။

“အဆင့်မြင့် မြေအဆင့် မီးတောက်မုန်တိုင်းအင်းပဲ…”

ဟီထျန်းချောင် လန့်ဖျပ်ရင်း ပြောသည်။

“မီးတောက်ဆေးတိုက်မှာ အင်အားအကြီးဆုံးတွေထဲက တစ်ခုပေါ့… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက အကြီးအကဲရဲ့ တိုကင်သာမပါရင် လွတ်မှာမဟုတ်ဘူး”

“ကျွန်တော်တို့ စွမ်းအင်ကုန်တဲ့အထိ သည်းခံရမယ်”

“ဒါပေမဲ့ အင်အားအရမ်းကြီးလို့ ပြန်ဖျက်ဆီးဖို့ မလွယ်ဘူး”

ဟီထျန်းချောင် အလွန် မျက်နှာပျက်လျက်

“ကျွန်တော်တို့ သေချာရှောင်လာနိုင်ပြီထင်တာ… ယဲ့ယန်ကြောင့် ထပ်တိုးတာပဲ”

သူ ဒေါသတကြီးဖြင့် ဘေးမှ နံရံကို ထိုးချလိုက်ရာ မီးအရှိန်ကြောင့် လက်ထိခိုက်သွား၏။

ထိုစဉ် အဆောင်အင်းအတွင်း အပူချိန် ပိုမြင့်လာပြီး ရှန်မို့အပေါ် မသက်ရောက်သော်လည်း ဟီထျန်းချောင် မျက်နှာကြီးနီ၍ အသက်ရှူကြပ်လာသည်။

All Chapters