← Chapters

အခွင့်အရေးကြီး

Vol. 18 Ch. 262

အခွင့်အရေးကြီး

Vol. 18 Ch. 262

ထိုသို့ပြောပြီးနောက် နားနေဆောင်ထဲမှ ထွက်သွားရလေသည်။

သူ ယခုအချိန်တွင် အားလုံးကို ငြင်းရမည်။

ကိုယ်တိုင် ဝန်မခံမချင်း စွပ်စွဲမှုအားလုံး အလကားပင်။

သူ ဝန်ခံလိုက်သည်နှင့် တစ်သက်လုံး အမည်းစက်ထင်ကာ အရှက်ကွဲလေပြီ။

အကြီးအကဲတိုကင်။

ထိုစကားလုံးကြောင့် အကြီးအကဲများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ ရှန်မိုတို့ကို လှမ်းကြည့်သည်။

ယန်ဝမ်ယွမ်လည်း အပါအဝင်ပင်။

ထိုပစ္စည်းမှာ အဖိုးတန်လွန်းသော ရတနာကြီးဖြစ်၏။

ရှန်မို တစ်ခန်းလုံးကို ဝေ့ကြည့်ပြီးနောက် ပြုံး၍

“ယဲ့ယန်ပြောတာ အကုန်ယုံကြတာလား”

“နောက်ပြီး ကျွန်တော့်မှာ တကယ်ရှိရင်ရော ဘယ်သူ လာယူရဲလဲ”

သူ့ပုံစံမှာ ယုံကြည်မှုအပြည့်ဖြစ်သည်။

အကြီးအကဲများမှာ ရှန်မို့သတင်းကို ကြားထား၍ ခေါင်းပြန်ငုံ့သွားကာ မည်သူမျှ အကြည့်ချင်း မဆုံရဲကြပေ။

ရှန်မိုလည်း ဆက်မပြောဘဲ ထွက်သွားသော ယဲ့ယန်ကိုသာ လှမ်းကြည့်နေ၏။

သူ့တွင် ယခုဖြစ်ရပ်ကြောင့် အခွင့်အရေးကြီးတစ်ခု ပေါ်လာ၏။

[လတ်တလောအခွင့်အရေး: အကြီးအကဲများထံမှ အပြစ်တင်ခံရပြီး နားနေဆောင်မှ ထွက်သွားရမည်။ ဒေါသထွက်လွန်း၍ သွေးများအန်မည်။ ထိုညတွင် အိပ်မက်တစ်ခုမက်ပြီး မြေအောက်မီးတောက်နယ်မြေ မီးဖို (၁၁) သို့သွားကာ နေမီးတောက်စွမ်းအင် တွေ့ရှိ၍ သူ့ခန္ဓာကိုယ်ဖြင့် အောင်မြင်စွာ ပေါင်းစည်းနိုင်မည်]

ရှန်မို သူ့ကံကြမ္မာကို ကြည့်ပြီးနောက် သက်ပြင်းချမိ၏။

ဒီမှာပဲ ဒီမှာရှိတယ်။

နေမီးတောက်စွမ်းအင်။

အမည်ကြားရုံဖြင့် ကြာပြာမီးတောက်ကို ယှဉ်နိုင်မှန်း သိနေ၏။

ယဲ့ယန်ကဲ့သို့ ကောက်ကျစ်သူလက်ထဲ အပါမခံနိုင်ပေ။

“မီးဖို (၁၁)… ကျွန်တော် မှတ်မိသလောက် သုံးလို့ရတဲ့ဟာပဲ”

“အကြီးအကဲ (၃) နဲ့ (၇) တောင် အဂ္ဂိရက်အတွက် ယူသုံးသေးတယ်မလား”

ရှန်မို တွေးရင်း ဟီထျန်းချောင်အား သေချာ ထပ်မေးနေသည်။

ဟီထျန်းချောင် ပြုံးကာ

“ဟုတ်တာပေါ့ဗျာ… ကျွန်တော့်ဆရာ အကြီးအကဲ (၃) က ဒီတစ်ခါ မီးဖို (၁၂) ကို သုံးပြီး အကြီးအကဲ (၇) က မီးဖို (၁၁) မှာ သုံးတာလေ”

“ဒါပေမဲ့ မဝင်ခင်တည်းက မီးဖို (၁၂) က မီးတောက် ထိန်းချုပ်ရတယ်ခက်တယ်လို့ ပြောတယ်… အဲ့ဒါကြောင့် နှစ်ယောက်အတူတူ မီးဖို (၁၁) မှာပဲ အလုပ်လုပ်ခဲ့တာ”

ရှန်မို ခေါင်းငြိမ့်ပြလိုက်ပြီး

“ကောင်းပါပြီ… ကျေးဇူးပါ”

ဟီထျန်းချောင် အံ့ဩစွာကြည့်၍

“အကြီးအကဲရှန် အဲ့နေရာသွားဖို့ စဉ်းစားနေတာလား… အန္တရာယ်များတယ်နော်… ဂူလည်းနက်တယ်”

ရှန်မိုပြုံး၍

“အခွင့်အရေးနဲ့ အန္တရာယ်ဆိုတာ အကြွေစေ့တစ်ဖက်စီ ရှိနေတာလေ… အဲ့မှာ ရတနာတွေ ပိုရှိနိုင်တယ်… သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးနည်းလည်း ရနိုင်တယ်”

ဟီထျန်းချောင်၊ ဝူယန်ဝေ့နှင့် လျှိုရူယွန်းတို့ ရယ်မောမိကြသည်။

“ကောင်းပါပြီ… အဲ့ဒါဆိုလည်း သွားလေ… ကျွန်တော်ကတော့ ဒီမှာ ခဏနားလိုက်ဦးမယ်… ပြီးမှ ဝူယန်ဝေ့တို့နဲ့အတူတူ တခြားနေရာတွေ ထပ်ရှာကြည့်လိုက်ပါမယ်”

“အကြီးအကဲရှန် ဒုက္ခတွေ့တာရှိခဲ့ရင် ကျွန်တော် ပြန်ကူညီပေးရတာမျိုးလည်း ရှိနိုင်တာပဲ”

ဟီထျန်းချောင် စိတ်ရင်းဖြင့် ပြောလေ၏။

ထို့နောက် ရှန်မို အားလုံးကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။

မကြာမီ ယန်ဝမ်ယွမ်မှာ သူ့နောက်လိုက်များကို အချက်ပေး၍ ရှန်မို့နောက် လိုက်သွားကြ၏။

မီးဖို (၁၁) မှာ မီးတောက်ဆေးတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိသည်။

အပူချိန်အလွန်မြင့်၍ မီးသားကောင်များလည်း ပိုအင်အားကြီး၏။ အဆောင်အင်းများလည်း ပိုအစွမ်းထက်သည်။

ထိုနေရာကို ခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့် အနည်းဆုံး မရှိလျှင် မသွားရဲကြပေ။

နားနေဆောင်မှ မီးဖို (၁၁) ဆီကို အတွင်းဂိုဏ်းတပည့် တိုကင်ဖြင့် လဝက်ခန့်ကြာအောင် သွားရမည် ဖြစ်၏။

သို့သော် ရှန်မိုမှာ အကြီးအကဲတိုကင်ရှိ၍ ပိုမြန်လိမ့်မည်။

ယဲ့ယန်ထက် အရင်စောနိုင်၏။

“အတော်ပဲ… ထိပ်တန်းမြေအဆင့် ဆေးမီးဖိုကလည်း မီးဖို (၁၁) နားမှာပဲ… တစ်လမ်းတည်း အတူတူ ယူလိုက်လို့ ရတယ်”

“ဒီရတနာ (၂) ခုသာရရင် သွေးစွမ်းအင်ဆေးနဲ့ သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးတွေ မွမ်းမံနိုင်ပြီ”

“ငါ့ကျင့်ကြံမှု နည်းနည်းတိုးတက်ပြီး တန်ဖိုးအကြီးဆုံး ရတနာတွေပါ ရမှာ”

ရှန်မို မီးဖို (၁၁) သို့သွားရင်း အစီအစဉ်ဆွဲနေ၏။

(၇) ရက်အကြာတွင် ထင်ထားသည့်အတိုင်း သူ အရင်ဆုံး ရောက်လာသည်။

ခရီးလမ်းတစ်လျှောက် ချောမွေ့၍ ထူးခြားသော အခက်အခဲတစ်စုံတစ်ရာ မရှိချေ။

အနောက်မှ လိုက်လာသည့် လောဘကြီးသူများလည်း အင်အားကြီး အဆောင်အင်းများကို ဖြတ်ရသောအခါ အတော်လှမ်းလှမ်း ကျန်ခဲ့ကြတော့သည်။

မီးဖို (၁၁) သည် မီးတောက်ဆေးတိုက်ထဲတွင် အဂ္ဂိရက်အတွက် အသုံးပြုနိုင်သော ကျန်ရှိသည့် မီးဖိုများထဲမှတစ်ခု ဖြစ်၏။

ပြင်းထန်သော အပူချိန်နှင့် မြေအောက်မီးတောက်မှ လောင်စာအဖြစ် ရှိနေသည်။

ထိုအချိန်တွင် မီးဖိုအပေါ်ဘက်တွင် လူနှစ်ယောက် အဂ္ဂိရက်မွမ်းမံနေကြသည်။

တစ်ဦးမှာ ဆံပင်ဖြူဖြူ အသက်ကြီးကြီးဖြစ်ပြီး နောက်တစ်ဦးမှာ သက်လတ်ပိုင်းအရွယ်ဖြစ်သည်။

အကြီးအကဲ (၃) နှင့် အကြီးအကဲ (၇) တို့ ဖြစ်လေ၏။

ရှန်မို သူတို့ကို သေချာကြည့်နေသည်။

အကြီးအကဲ (၃) မှာ တရားမျှတ၍ အမှန်ဘက်မှ နေလေ့ရှိသော်လည်း အကြီးအကဲ (၇) မှာ ယန်ချီယဲ့နှင့် အလွန်ရင်းနှီးပြီး သူတို့၏ဆက်ဆံရေးမှာ တော်ရုံ မဖြတ်တောက်နိုင်ပေ။

သူတစ်ဦးတည်းသာဆိုလျှင် ရှန်မိုအတွက် အန္တရာယ်ရှိသော်လည်း ယခု အကြီးအကဲ (၃) ပါ ရှိသောကြောင့် စိတ်ချရပါသည်။

ရှန်မိုရောက်လာသည်ကို သတိမထားမိဘဲ မနေပေ။

“ဟင် တောင်ထိပ် (၁၀) က ကောင်လေးမလား”

အကြီးအကဲ (၇) လှမ်းကြည့်ရင်း ပြော၏။

အကြီးအကဲ (၃) ပြုံးကာ

“သူ ရတနာလာရှာတာ ထင်ပါရဲ့”

“စိတ်ဝင်စားစရာပဲ… နေရာတွေ ဒီလောက် အများကြီး ရှိတာကို ဒီကို လာတယ်တဲ့… ငါ ဆေးဖော်နေတာ မသိဘူးလား”

အကြီးအကဲ (၇) နှာခေါင်းရှုံ့ကာဆိုသည်။

“ငါ့အလုပ်ပျက်ပြီး တန်ဖိုးကြီး ပါဝင်ပစ္စည်းတွေ ပျောက်ရင် ဘယ်သူ တာဝန်ယူမှာလဲ”

အကြီးအကဲ (၃) ရယ်မော၍ ဘာမှပြန်မပြောပေ။

“မင်္ဂလာပါ အကြီးအကဲတို့”

ရှန်မို ဦးညွှတ်ကာ လှမ်းနှုတ်ဆက်၏။

“ကျွန်တော် ရတနာရှာဖို့ လာရုံပါပဲ… အကြီးအကဲတို့ကို မနှောင့်ယှက်ပါဘူး”

အကြီးအကဲ (၃) နွေးထွေးစွာ ပြုံးလျက်

“အဲ့ဒါဆို ရပါတယ်… ငါလည်း အဓိက ဆေးဖော်နေတာတော့ မဟုတ်ဘူး… အကြီးအကဲ (၇) ကို ကူပေးနေတာလေ”

“ငါလည်း ဒီရက်ပိုင်း ဆက်နေဦးမှာဆိုတော့ အေးဆေးသာ ရှာပါ”

အကြီးအကဲ (၇) မျက်မှောင်ကြုတ်သွားသည်။

သူ့စကားတွင် အဓိပ္ပာယ်များ ထပ်ပါနေ၏။

ပထမအချက် ဆေးဖော်နေတာ အကြီးအကဲ (၃) မဟုတ်ဘူး… အကြီးအကဲ (၇)။

ဒုတိယအချက် အကြီးအကဲ (၃) က ဒီရက်ပိုင်းဆက်နေဦးမှာဆိုတော့ ရှန်မို့လုံခြုံရေး စိတ်ချရတယ်။

သူ ဘက်မရွေးသေးဘဲ စောင့်ကြည့်နေပုံပင်။

ရှန်မို ဦးညွှတ်ကာ

“နားလည်ပါပြီ အကြီးအကဲ (၃)”

ရှန်မို ထပ်မပြောတော့ဘဲ ရတနာစရှာလေ၏။

အကြီးအကဲ (၇) မှာ နှာခေါင်းရှုံ့လျက်

“ငါ ဒီနေရာကို သေချာရှာပြီးပြီ… ဘာရတနာမှ မရှိဘူး”

“အချိန်လာဖြုန်းနေတာပဲ”

အကြီးအကဲ (၃) ရယ်မောလျက်

“သူ့ကို စိတ်ထဲမထားပါနဲ့… ကျွန်တော်တို့က ဆေးဖော်ဖို့ အဓိကပဲကို… သူ့ကြောင့်နဲ့ ဆေးဖော်တာ ကျရှုံးမခံပါနဲ့”

“ငါလုပ်နေတာ ငါသိတယ်… မင်း ဆရာ လာမလုပ်နဲ့”

အကြီးအကဲ (၇) မကျေမနပ် ပြန်ပြောလိုက်လေ၏။

All Chapters