← Chapters

အခြားစိတ်ဝိညာဉ်စွမ်းအင် သုံးစွဲသူ

Vol. 18 Ch. 263

အခြားစိတ်ဝိညာဉ်စွမ်းအင် သုံးစွဲသူ

Vol. 18 Ch. 263

ညအချိန်မှာ လျင်မြန်စွာ ရောက်လာ၏။

မီးတောက်ဆေးတိုက်ထဲတွင် ဖြစ်သော်လည်း နေ့နှင့်ညမှာ ပုံမှန်အတိုင်းပင်။

အနည်းငယ် ထူးခြားသည်မှာ အလင်းရောင် ပိုနည်းနေခြင်းသာ ဖြစ်သည်။

သာမာန်သေမျိုးများမှာ ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို သတိထားမိမည် မဟုတ်သော်လည်း ခြေတည်ဝိညာဉ်အဆင့်နှင့် အထက်မှာ အလွယ်တကူ သိရှိကြသည်။

ရှန်မို နောက်ဆုံးတော့ သူရှာနေသည်အား မီးဖို (၁၁) တောင်ပိုင်းတွင် တွေ့သွားသည်။

ထိုနေရာကို အင်အားကြီး အဆောင်အင်းများဖြင့် ကာကွယ်ထားပြီး အပြင်လူမဝင်နိုင်ရန် ဆောင်ရွက်ထားသည်။

“အထင်ကြီးစရာပဲ… သူ ခုခံရေးအကာအကွယ်ကို တကယ်တွေ့သွားပြီ”

အကြီးအကဲ (၃) ပြုံးကာ ပြော၏။

အကြီးအကဲ (၇) နှာခေါင်းရှုံ့၍

“အဲ့ဒါတွေ့တော့ ဘာဖြစ်လဲ… အဆင့် (၄) အကြီးအကဲ တိုကင် ဒါမှမဟုတ် အဲ့ထက်မြင့်မှ ယူလို့ရမှာ… မဟုတ်ရင် ဘာမှမထူးဘူး”

“ငါလည်း အဲ့အကာအကွယ်ကို တွေ့တာ နှစ် (၂၀) လောက်ရှိပြီ”

“ဒါပေမဲ့ ဘာဖြစ်လာလို့လဲ… မင်းရော ငါရော အခုထိ မဖြတ်နိုင်ဘူးလေ”

အကြီးအကဲ (၃) လက်ခံသွားသည်။

ထိုကဲ့သို့ အကာအကွယ်များမှာ မီးတောက်ဆေးတိုက်တစ်ခုလုံးတွင် ပျံ့နေပြီး တိုကင် အမြဲလိုအပ်ပါသည်။

သို့သော် အဂ္ဂိရက် (၉) သွယ်ဂိုဏ်း အကြီးအကဲ အများစုမှာ တိုကင်များ ဖျက်ဆီးခဲ့၍ လက်ရှိ ကျောက်စိမ်းဂိုဏ်းမှ အကြီးအကဲအားလုံးတွင် မရှိကြပေ။

ရှန်မိုမှာ ထိုခုခံရေးအကာအကွယ်ထဲရှိရာ မြေအောက်ခန်းထဲသို့ အလွယ်တကူ ဆင်းဝင်သွား၍ အကြီးအကဲ (၂) ဦးလုံး လန့်ဖျပ်သွားလေသည်။

အကြီးအကဲ (၃) မှာတော့ အံ့ဩမှုမှ ပျော်ရွှင်မှုသို့ ပြောင်းသွားပြီး အားရပါးရ ရယ်မောလျက်

“ဟားဟားဟား”

“အကြီးအကဲ (၇) ရေ… ကျွန်တော်တို့တော့ ရှန်မို့ကို အထင်သေးမိတာပဲ”

“သူ့မှာ အကြီးအကဲတိုကင် ရှိနေတယ်”

အကြီးအကဲ (၇) မျက်ထောင့်နီဖြင့် လှမ်းကြည့်ကာ

“ဘယ်လိုကံမျိုးမို့လို့လဲ… ဒီလိုရတနာကို ရတယ်တဲ့”

“ဒီလိုအဆင့်မြင့်တိုကင်က ကျွန်တော်တို့လိုလူလက်ထဲ ရောက်မှ တန်ဖိုးပိုရှိမှာပေါ့ မဟုတ်ဘူးလား အကြီးအကဲ (၃)”

အကြီးအကဲ (၃) မှာ ပြန်မဖြေဘဲ သူ့တရားမျှတမှု စိတ်ဓာတ်အတိုင်း မကြားချင်ယောင်ဆောင်နေသည်။

အကြီးအကဲ (၇) မှာတော့ သူ့ထိုပုံစံကြောင့် ဒေါသထွက်ကာ စိတ်ထဲမှ ကျိတ်ဆဲနေတော့သည်။

တစ်ဖက်တွင် ရှန်မိုတစ်ယောက် အောက်သို့ဆင်းသည့် လှေကားအတိုင်း သွားနေပြီး အဆုံးမရှိအောင် နက်လှ၏။

နောက်ဆုံးနေရာမှာ မီးဖို (၁၁) အောက်ဘက်ဖြစ်မည်ဟု ခန့်မှန်းထားလေသည်။

အောက်သို့ရောက်လေ အပူချိန်လည်း ပိုကဲလာ၏။

တဖြည်းဖြည်း ရှန်မိုကဲ့သို့သူပင် အရေပြားများ လောင်ကျွမ်းလာသလို ခံစားရသည်။

ထို့ကြောင့် ကာကွယ်ရန် စိတ်ဝိညာဉ်စွမ်းအင်များ စတင်ရ၏။

မကြာမီ ချော်ရည်ကန်ကြီးတစ်ခု တွေ့ရလေသည်။

မီးတောက်လှိုင်းများ တရိပ်ရိပ်တက်၍ အမြင်အာရုံပင် ဝေဝါးစေလောက်၏။

မြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်လျှင် ခဏတာ အမြင်အာရုံ ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

(၁၀) စက္ကန့်မျှ ကြာသွားပါက ထာဝရပင် ဖြစ်နိုင်လေ၏။

ရှန်မို ချော်ရည်ကန်၏ အလယ်ကို လှမ်းကြည့်နေမိသည်။

ထိုနေရာမှာ မီးဖို (၁၁) ၏ အောက်တည့်တည့်ဖြစ်ပြီး မြေအောက်မီးတောက် အရင်းအမြစ်ပင်။

ရေကန်အလယ်တွင် အလင်းရောင်လေးတစ်ခု တိတ်တဆိတ် လင်းလက်နေသည်။

သူ့အပူမှာ မြေအောက်မှ ဖျက်ဆီးရေးစွမ်းအင်ကဲ့သို့ မဟုတ်ပေ။

ထွက်ခါစနေမင်း၏ နွေးထွေးနူးညံ့သော ခံစားချက်ကိုပေး၍ စိတ်ပင်တည်ငြိမ်စေသည်။

ရှန်မို ထိုရတနာကို ကောင်းကောင်း သိပါသည်။

နေစွမ်းအင်မီးတောက် ဖြစ်၏။

“နေစွမ်းအင်မီးတောက်က နေကကျလာတဲ့ အလင်းတန်းကို မြေအောက်မီးတောက်နဲ့ ပေါင်းလိုက်တာပဲ”

“အခုမှ အစပိုင်းအခြေအနေပဲရှိသေးတယ်… အသိတွေ မရှိသေးဘူး”

ရှန်မို သက်ပြင်းချကာ တွေးနေသည်။

ထို့နောက် သူ့ခြေထောက်အောက်မှ အပြာရောင်မီးတောက်များ ပေါ်လာပြီး တည်ငြိမ်စွာဖြင့် ချော်ရည်ကန် မျက်နှာပြင်ပေါ်တွင် လျှောက်သွား၏။

မိုးပြာကြာမီးတောက်သည် သူ့ခြေလှမ်းတိုင်းကို ထောက်ပံ့ပေးရင်း ကန်အလယ်အထိ ခေါ်သွားပေး၏။

ထိုအချိန်တွင် ရှန်မိုမှာ အပူရှိန်ကို လုံးဝ မခံစားရပုံ ရှိသည်။

ကန်အလယ်ရောက်သွားသောအခါ လက်ဝါးအရွယ်ခန့် မီးတောက်သည် သူ့ကို သတိထားမိပြီး အနားသို့ ရွေ့လာ၏။

ရှန်မို့ခန္ဓာကိုယ်ထဲမှ မိုးပြာကြာပွင့် မီးတောက်လည်း ရုတ်တရက် ပျံ့ထွက်လာပြီး ထိုနယ်နိမိတ်တစ်ဝိုက်တွင် လောင်ကျွမ်းနေသည်။

လက်ဝါးအရွယ်ခန့် နေစွမ်းအင်မီးတောက်သည် ပို၍ပင် သေးသွားသလို ထင်ရ၏။

ရှန်မို မိုးပြာကြာပွင့်မီးတောက်အား ဖယ်ရှားရန် ကြိုးစားသော်လည်း သူ့အမိန့်ကို ငြင်းဆန်နေသည်။

“အမျိုးမတူတဲ့ ကောင်းကင်အဆင့် မီးတောက် (၂) မျိုး တွေ့လို့ထင်တယ်”

ရှန်မို ရေရွတ်မိ၏။

“ဘာပဲဖြစ်ဖြစ် ကောင်းကင်က ဖန်တီးခဲ့တဲ့ ရှားပါးရတနာတွေပဲ”

သို့သော် ရှန်မို အံ့ဩမိသည်မှာ နေစွမ်းအင် မီးတောက်ငယ်သည် လုံးဝကြောက်ရွံ့ပုံ မပြချေ။

ထိုအစား ဖြည်းဖြည်းချင်းတိုးလာပြီး ထိနေ၏။

ယုံကြည်ချက်ရှိသော ကောင်လေးနှင့် စပ်စုသော မွေးကင်းစကလေးတို့ စတွေ့သည်နှင့် တူသည်။

မီးတောက် (၂) ခု ထိမိသောအခါ မိုးပြာကြာမီးတောက်မှ စာရွက်ပြောင်ကဲ့သို့ ရိုးရှင်းသွား၏။

“နေစွမ်းအင်မီးတောက်ကပဲ”

“အသိစိတ်မှာတော့ မိုးပြာကြာမီးတောက်ကို ကျော်နေပြီ”

ဤသို့ အရွယ်ငယ်စဉ်ကပင် အလားအလာရှိ၍ နောက်ပိုင်း ပိုဖွံ့ဖြိုးလာပါက လူသားဉာဏ်ရည်အထိ ဖြစ်လာနိုင်သည်။

ရှန်မို တွေးနေရင်း နေစွမ်းအင်မီးတောက်ထံ လက်လှမ်းလိုက်၏။

ချက်ချင်းပင် စွမ်းအင်ချင်း ချိတ်ဆက်မိပြီး နေစွမ်းအင်မီးတောက်မှာ သင့်လျော်သော ပိုင်ရှင်တွေ့သကဲ့သို့ ပျော်ရွှင်သွားသည်။

ထို့နောက် ရှန်မို့ပါးစပ်ထဲ ခုန်ချလိုက်၏။

သို့သော် အံ့ဩစရာကောင်းသည်မှာ ရှန်မို့အနေဖြင့် နာကျင်မှု မခံစားရပေ။

သူ ချက်ချင်း ပုံရိပ်ငယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကို စစ်ဆေးကြည့်၏။

မီးတောက်နှစ်ခုယှဉ်၍ တောက်ပနေပြီး ပုံရိပ်ငယ်သည် ထိုအပေါ်ဘက်၌ ကျင့်ကြံနေ၏။

မိုးပြာကြာမီးတောက်မှာ မကျေနပ်သော်လည်း ငြိမ်သွားသည်။

ဘေးတွင်မူ နတ်ဆိုးချပ်ဝတ်အပိုင်းအစအချို့ ရှိ၏။

အထဲမှ စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ မီးတောက်များ၏ အလုအယက်စားသုံးမှု ခံနေရသည်။

“နေစွမ်းအင်မီးတောက်ကလည်း ဖွံ့ဖြိုးဆဲအချိန်ဆိုတော့ စွမ်းအင် အရမ်းယူတာပဲ”

ရှန်မိုတွေးရင်း ပြုံးနေမိသည်။

All Chapters