← Chapters

အခန်း (၁၉၈၃)

Vol. 139 Ch. 1983

အခန်း (၁၉၈၃)

Vol. 139 Ch. 1983

သူ၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသော သတင်းစကားသည် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ယာယီလှုံ့ဆော်နိုင်သည့် နည်းလမ်း ဖြစ်သည်။

"အကြီးအကဲ.. ကျွန်တော် မေးစရာရှိတယ်.. အကြီးအကဲက ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ရဲ့ ဝိညာဉ်အနေနဲ့ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို အသက်သွင်းလို့ ရမယ် ထင်တယ်.. အကြီးအကဲ အသက်သွင်းလိုက်တာနဲ့ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက အသုံးပြုလို့ ရသွားမှာပဲ မဟုတ်လား"

ကျန်းချန်သည် သူ၏ စိတ်ထဲမှ နည်းလမ်းကို ခံစားမိပြီးနောက်တွင် မေးခွန်းထုတ်လိုက်သည်။

သူ၏ မျက်ဝန်းများတွင် သံသယ အမူအရာများ ပေါ်လာခဲ့သည်။

"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ပါရမီရှင် တပည့်တွေအတွက် စမ်းသပ်နေရာပဲ.. နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူတွေ လုံးဝ ဝင်လို့ မရဘူး.. ကောင်းကင်နတ်ဘုရား အဆင့်က ဝင်ရောက်လို့ရပေမဲ့ အရည်အချင်း မလုံလောက်ရင် ကျဆုံးဖို့ များတယ်.. မဟုတ်ရင် ငါက ဘာအတွက် အချိန်အများကြီး အကုန်ခံပြီး ပါရမီရှင်ကို ရှာဖွေနေမှာလဲ"

ထိုစကားကို ပြောပြီးနောက်တွင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဉ်က တိုက်တွန်းလိုက်သည်။

"မင်းအနေနဲ့ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ် အသက်သွင်းတဲ့ နည်းလမ်းကို အမြန်ဆုံး လေ့လာသင့်တယ်.. ငါတို့အတွက် အချိန် သိပ်မကျန်တော့ဘူး"

[အချိန် သိပ်မကျန်တော့ဘူး ဆိုပါလား]

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဉ် ထံမှ စကားကို ကြားလိုက်ရလျှင် ကျန်းချန် သိသိသာသာ မှင်တက်သွားခဲ့သည်။

သို့သော် သူက ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဉ် သူ့ကို ပေးထားသည့် နည်းလမ်းကို လေ့လာလိုက်သည်။

---------------------

ခန်းမအပြင်ဘက်တွင် အရှင်ဖုန်းချီတို့သည် ကျန်းချန် ခန်းမထဲသို့ ဝင်ရောက်ပြီးကတည်းက ခန်းမ ဝင်ပေါက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်.. တစ်နေတောင် ကုန်သွားပြီ.. အကို ကျန်းချန်က ဘာလို့ ထွက်မလာသေးတာလဲ မသိဘူး"

အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နှင့် လူငယ်သည် နောက်ဆုံးတွင် ပတ်ဝန်းကျင်မှ တိတ်ဆိတ်မှုကို ချိုးဖျက်ကာ အရှင်ဖုန်းချီကို မေးလိုက်သည်။

ဤဆံပင်ရွှေရောင်နှင့် လူငယ်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖုန်းယန် ဖြစ်သည်။

ဖုန်းယန်သည် မဟာကောင်းကင် နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့စဥ်က ကောင်းကင် သိမ်းဌက် ပျံသန်းယာဥ် ခန်းမထဲသို့ ဝင်ရောက်ကာ စမ်းသပ်မှုကို ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ပေ။

သူ၏ အမြင်အရ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ အကဲဖြတ်မှုသည် ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ရလဒ်များ မကြာမီ ထွက်ပေါ်လာသင့်သည်။

ကျန်းချန်က အဘယ်ကြောင့် ဤမျှကြာအောင် မထွက်လာသေးပါသနည်း။

"ဖုန်းယန်.. စိတ်ရှည်ရှည်ထားစမ်းပါ.. မကြာခင် ရလဒ် ထွက်ပေါ်လာတော့မှာပါ"

အရှင်ဖုန်းချီက ညင်သာစွာ ပြုံးလိုက်သည်။

ကျန်းချန်သာ ကောင်းကင်သိမ်းဌက်ပျံသန်းယာဥ်၏ အသိအမှတ်ပြုခြင်းကို မခံရလျှင် ခန်းမအတွင်း၌ ဤမျှ ကြာကြာ နေနိုင်မည် မဟုတ်ပေ။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နတ်ဘုရင် အဆင့် ရတနာ ဖြစ်၏။

ကျန်းချန်က ယာဥ်ပျံ၏ ဝိညာဉ် ထံမှ အသိအမှတ်ပြုခြင်းကို ခံရလျှင်ပင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို အသက်သွင်းရန် အချိန်အနည်းငယ် ယူရလိမ့်မည် ဖြစ်သည်။

အရှင်ဖုန်းချီ နှင့် အခြားသူများ စောင့်ဆိုင်းနေရင်း အချိန်သည် တစ်စက္ကန့်ချင်းစီ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

သူတို့ စိတ်မရှည် ဖြစ်နေစဥ်မှာပင် ခန်းမထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသော ကျန်းချန်ကို တွေ့လိုက်ရ၏။

ကျန်းချန်၏ လက်ထဲတွင် ရွှေရောင်တောက်ပနေသော စွန်သဏ္ဌာန် အရာဝတ္ထုတစ်ခု ရှိနေသည်ကို အားလုံးက မြင်လိုက်ရသည်။

"ကောင်းကင်သိမ်းဌက်ပျံသန်းယာဥ်.. သူ အောင်မြင်သွားပြီလား"

ဤမြင်ကွင်းကိုကြည့်ကာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ ကျင့်ကြံသူ များစွာ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။

ကျန်းချန်က ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ခန်းမထဲမှ ယူလာနိုင်ခြင်းသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို ဖွင့်လှစ်ရန် အတွက် ကောင်းကင်သိမ်းဌက်ပျံသန်းယာဥ်ကို အသက်သွင်းနိုင်ပြီဟု ဆိုလိုပြီး သူတို့ ဘိုးဘေးများ ချန်ထားရစ်ခဲ့သော လျှို့ဝှက်အမွေအနှစ်ကို ရရှိနိုင်တော့မည့် အဓိပ္ပါယ်လည်း ဖြစ်သည် မဟုတ်ပါလော။

"အကိုဖုန်း.. ကံကောင်းထောက်မစွာနဲ့ ကျွန်တော် စမ်းသပ်ခံစရာမလိုခဲ့ဘူး.. ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ရဲ့ ဝိညာဉ်က ယာဥ်ပျံကို အသက်သွင်းတဲ့ နည်းလမ်း သင်ကြားပေးပြီးပြီ.. ဒါကြောင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို သွားဖို့ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို လှုံ့ဆော်လို့ရပြီ"

"ဒါပေမဲ့... ကျွန်တော့်ရဲ့ ခွန်အားက အကန့်အသတ် ရှိတဲ့အတွက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင် တစ်ဦးကိုပဲ ခေါ်သွားနိုင်လိမ့်မယ်"

"ကျွန်တော်နဲ့ အတူ ဘယ်သူ့ကို ထည့်ပေးဖို့ အကိုဖုန်း ရည်ရွယ်ထားလဲဆိုတာ သိချင်ပါတယ်"

ကျန်းချန်က အချိန်ဖြုန်းမနေဘဲ ဖုန်းချီကို တိုက်ရိုက်ပြောလိုက်သည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် ရတနာ ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို တစ်ကြိမ် ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရား ပင်လျှင် လှုံ့ဆော်ရန် ခက်ခဲသည်။

ကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်ခဲ့သော အထွတ်အထိပ် နတ်ဘုရားပင်လျှင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို မောင်းနှင်နိုင်ရုံသာ တတ်နိုင်မည် ဖြစ်ပြီး ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ အခြားသူများကို ခေါ်ဆောင်သွားနိုင်သည့် စွမ်းရည် မရှိပေ။

ကျန်းချန်ကမူ သူတော်စင် ကောင်းကင်နတ်ဘုရား ခွန်အားဖြင့် လူတစ်ဦး သို့မဟုတ် နှစ်ဦးကို ခေါ်ဆောင်သွားနိုင်သည်။

သို့သော် ကျန်းဝူ ကောင်းကင် နယ်မြေသည် နတ်ကုန်းမြေတိုက်ရှိ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေနှင့် အလွန် ဝေးကွာလှသည်။

လူနှစ်ဦးကို ခေါ်သွားခြင်းသည် လူတစ်ဦးကို ခေါ်သွားခြင်းထက် အန္တရာယ် ဆယ်ဆ ပိုများ၏။

ထို့ကြောင့် လုံခြုံမှု ရှိစေရန် ကျန်းချန်သည် လူတစ်ဦးတည်းသာ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

"ကိစ္စမရှိပါဘူး.. တစ်ယောက်ဆိုရင် လုံလောက်ပါတယ်"

အရှင်ဖုန်းချီက လက်ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းပင် ဆံပင်ရွှေရောင်နှင့် လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ဖုန်းယန်.. မင်း ညီနောင် ကျန်းချန်နဲ့ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို လိုက်သွားပါ"

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် မူလက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ပါရမီရှင်များအတွက် စမ်းသပ်ရာနေရာ ဖြစ်သည်။

ထူးချွန်သော ပါရမီရှိသူများသာ ဘိုးဘွားမြေရှိ အမွေအနှစ်များအတွက် အရည်အချင်း ပြည့်မီ၏။

ယနေ့ခေတ် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် ထိုအရည်အချင်းဖြင့် ပြည့်စုံသည့် တစ်ဦးတည်းသော ပါရမီရှင်မှာ မဟာကောင်းကင် နတ်ဘုရား အဆင့် ဖုန်းယန်သာ ရှိသည်။

ဖုန်းယန်က ဘိုးဘွားမြေရှိ အမွေအနှစ်ကို မရရှိနိုင်လျှင် ကျန်းချန်နှင့် အတူ လိုက်ပါသွားခြင်းသည် အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။

"ဟုတ်ကဲ့ ခေါင်းဆောင်"

ဖုန်းယန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

သူ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက တပည့် တစ်ဦးအနေဖြင့် ဖုန်းယန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ မူလဇစ်မြစ်ကို ကောင်းစွာ သိရှိထားပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ တည်ရှိမှုကိုလည်း သိရှိထားသည်။

ဤတစ်ကြိမ် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရောက်ခြင်းသည် သူ့အတွက် ကြီးမားသော အခွင့်အရေး တစ်ခု ဖြစ်လာမည်မှာ သေချာ၏။

"ဖုန်းယန်.. ဒီတစ်ကြိမ် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို သွားတာက မင်းအတွက် အခွင့်အလမ်း တစ်ခု ဖြစ်တဲ့အပြင် ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုအတွက်လည်း ကြီးကျယ်တဲ့ အခွင့်အရေး တစ်ခု ဖြစ်တယ်"

အရှင်ဖုန်းချီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အနာဂတ်က မင်းအပေါ်မှာ အားလုံး မူတည်နေတယ်"

ဖုန်းယန်က အသက်ကို ခဏ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"မျိုးနွယ်စု ခေါင်းဆောင် စိတ်ချပါ.. ဖုန်းယန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အမွေအနှစ်ကို ပြန်လည် ယူဆောင်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်"

"ဖုန်းယန်.. ငါ့အနားကို အမြန်လာခဲ့ပါ.. ငါတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ခုချက်ချင်း ထွက်ခွာကြမယ်"

ကျန်းချန်က ဖုန်းယန်အား တိုက်ရိုက် ပြောလိုက်သည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် နေရာလွတ် အမျိုးအစား နတ်ဘုရင် အဆင့် ရတနာ ဖြစ်သည်။

၎င်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ တိုက်ရိုက် သယ်ယူ ပို့ဆောင်နိုင်သည့် အတွက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်မှု ရှိနေလောက်၏။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဉ်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ အမြန် ဝင်ရောက်ရန် သူ့ကို တိုက်တွန်းခဲ့သည့် အတွက် ဘိုးဘွားမြေတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီဟု သူတွေးမိခဲ့သည်။

ဖုန်းယန်က အပို စကားများ ပြောမနေတော့ဘဲ ကျန်းချန်၏ နံဘေးသို့ ချက်ချင်း လျှောက်လာခဲ့သည်။

ကျန်းချန်က ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဥ် ပေးထားသော နည်းလမ်းကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်မှ စွမ်းအားကို ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ် ထဲသို့ အစွမ်းကုန် ထည့်သွင်းလိုက်သည်။

ယင်းနောက်တွင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးကို ဖုံးအုပ်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ဦးက အရှင်ဖုန်းချီနှင့် အခြားသူများရှေ့မှ ပျောက်ကွယ်သွားတော့သည်။

"ညီနောင်ကျန်းချန်.. မင်းတို့ အဆင်ပြေပြေ သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်"

အရှင်ဖုန်းချီက ကျန်းချန်တို့ နှစ်ဦး ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ပြီး စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူတို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ မဝင်ရောက်ခဲ့သည်မှာ ကြာပြီ ဖြစ်၍ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အခြေအနေကို မသိခဲ့ပေ။

သို့ရာတွင် တိကျသော အခြေအနေကို မသိသော်လည်း ဤတစ်ကြိမ်တွင် အလွန်အန္တရာယ်များမည်ကို အရှင်ဖုန်းချီ ခံစားမိသည်။

ကံကောင်းထောက်မစွာဖြင့် သူက ဤတစ်ကြိမ်တွင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သော သူတော်စင် ကောင်းကင် နတ်ဘုရား ကျန်းချန်ကို တွေ့ရှိခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအားဖြင့် ဆိုလျှင် သာမန် ကောင်းကင်အရှင်သည်ပင် မည်သည့် ခြိမ်းခြောက်မှုကိုမျှ ဖြစ်စေနိုင်မည် မဟုတ်ပေ။

ဆိုရလျှင် ကျန်းချန်၏ အကူအညီသည် အရှင်ဖုန်းချီကို မျှော်လင့်ချက်အချို့ မြင်တွေ့စေခဲ့သည်။

အခန်း(၁၉၈၃) ပြီး၏

All Chapters