← Chapters

အခန်း (၁၉၈၅)

Vol. 139 Ch. 1985

အခန်း (၁၉၈၅)

Vol. 139 Ch. 1985

"ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ဖုန်းယန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးများ ဖန်တီးခဲ့သော ကမ္ဘာငယ်လေး တစ်ခု ဖြစ်သည်။

သာမန် နတ်ဘုရင်အဆင့် ပင်လျှင် ဤကမ္ဘာ၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး အလွယ်တကူ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် အခြားလူများ ရှိနေမည်ဟု ဖုန်းယန် မယုံကြည်နိုင်ခဲ့ပေ။

"သွားစစ်ဆေးကြည့်ရအောင်။"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး စွမ်းအင် လှုပ်ရှားမှုများ ထွက်ပေါ်လာသည့် ဦးတည်ရာသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် တိုက်ပွဲနှင့် မီတာထောင်ပေါင်းများစွာ အကွာသို့ ရောက်ရှိလာခဲ့သည်။

သူတို့ ရှေ့တွင် အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် ဧရာမ သတ္တဝါကြီး တစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

ထိုဧရာမ သတ္တဝါကြီးသည် ပေရာချီ ရှည်လျားပြီး အကြေးခွံများ အပြည့် ဖုံးလွှမ်းနေ၏။

၎င်း၏ ဦးခေါင်းပေါ်တွင် ကြီးမားသော မြွေခေါင်းနှစ်လုံး ပေါက်နေပြီး ခေါင်းတစ်လုံးက မီးတောက်များကို မှုတ်ထုတ်ကာ ကျန်တစ်လုံးက အေးစက်သော ရေခဲများကို မှုတ်ထုတ်နေသည်။

ဧရာမ ခေါင်းနှစ်လုံး မြွေကြီးသည် ကျန်းချန်တို့ အစောပိုင်းက တွေ့ခဲ့ရသော ငှက်များထက် သိသိသာသာ ပို၍ အားကောင်း၏။

ဆန့်ကျင်ဘက်မှ မဟာကောင်းကင် နတ်ဘုရားအဆင့် လူငယ်ပင်လျှင် အနည်းငယ် အရေးနိမ့်နေခဲ့သည်။

"တကယ်ပဲ ပြင်ပက လူတွေ ရှိနေတာလား"

ဧရာမ မြွေကြီးနှင့် တိုက်ခိုက်နေသော လူငယ်ကို မြင်လျှင် ဖုန်းယန်က အံ့သြတုန်လှုပ်သွားခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဖုန်းယန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေက မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်သည်ကို မည်သူထက်မဆို ကောင်းစွာ သိရှိထားသည်။

သူ့ရှေ့မှ လူငယ်သည် မည်သူနည်း။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူ၏ အမူအရာက ဖုန်းယန်ထက် ပို၍ တည်ငြိမ်နေခဲ့၏။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲသော်လည်း မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ထိုကာလတွင် မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း မည်သူမှ မသိနိုင်ပေ။

ထို့အပြင် နတ်ကုန်းမြေတိုက်ကြီးတွင် သန်မာသော ကျင့်ကြံသူ များစွာ ရှိရာ တစ်စုံတစ်ဦးက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေ၏ စည်းမျဉ်းများကို ချိုးဖျက်၍ ဤနေရာသို့ ဝင်ရောက်လာရန်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမူ ဤနေရာတွင် အခြားလူသားများ ရှိနေခြင်းသည် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဉ်ထံမှ ခံစားမှု မှန်ကန်ကြောင်း ဖော်ပြနေခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် အပြောင်းအလဲများ ကြုံတွေ့ခဲ့ပုံရ၏။

ကျန်းချန်တို့ နှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် လူငယ်နှင့် ဧရာမ ခေါင်းနှစ်လုံး မြွေကြီး၏ တိုက်ပွဲသည် အရေးကြီးသော အချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"ဟမ့်.. အရိုင်းအစိုင်းသားရဲတစ်ကောင်က ငါ့ရှေ့မှာ သောင်းကျန်းရဲတယ်.. တောင်ပံနက်ခွန်ပန် စွမ်းအားကို မြည်းကြည့်လိုက်"

လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယင်းနောက်တွင် သူ၏ နောက်ကျော၌ ကြီးမားသော အနက်ရောင်အတောင်ပံများ ဖြစ်ပေါ်လာခဲ့ပြီး မိုးကြိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

မိုးကြိုးစွမ်းအားက ပြိုင်ဘက်ကင်း မိုးကြိုးဓား အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ဧရာမ ခေါင်းနှစ်လုံး မြွေကြီးကို ထက်ဝက် ပိုင်းဖြတ်သွားခဲ့သည်။

ဖုန်းယန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

"ဒီကောင်က အရမ်းသန်မာတာပဲ"

သူတို့ နှစ်ယောက်လုံးက မဟာကောင်းကင် နတ်ဘုရားများ ဖြစ်ကြသော်လည်း ထိုလူငယ်၏ ခွန်အားသည် သူ့ထက် သိသိသာသာပင် ပို၍ သန်မာနေခဲ့သည်။

သူသာ ထိုလူငယ်နှင့် တိုက်ခိုက်ခဲ့လျှင် အနိုင်ရနိုင်ခြေ ၃၀% ထက် မပိုနိုင်ပေ။

"ဘယ်သူ ခိုးကြောင်ခိုးဝှက် ပုန်းနေတာလဲ.. ထွက်လာခဲ့စမ်း"

ဤအချိန်တွင် လူငယ်က တစ်စုံတစ်ရာကို ချက်ချင်းခံစားမိလိုက်ပြီး သူ၏ အကြည့်သည် ကျန်းချန်တို့ ရှိသည့် နေရာကို ကျရောက်သွားခဲ့သည်။

"ဒီလူနဲ့ သွားတွေ့ကြရအောင်"

ကျန်းချန်က တွေဝေမနေဘဲ ဖုန်းယန်ကို တိုက်ရိုက် ခေါ်ဆောင်ကာ လူငယ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူ၏ရှေ့မှ ကျန်းချန်တို့ နှစ်ဦးကို မြင်လျှင် လူငယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မင်းတို့က ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက တပည့်တွေလည်း မဟုတ်ပါလား.. မင်းတို့ ဘယ်သူတွေလဲ"

"ဒီစကားကို ငါက မင်းကို ပြန်မေးသင့်တယ် ထင်တယ်"

ကျန်းချန်က လူငယ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဒီနေရာက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေပဲ.. မင်းဘာလို့ ဒီကို ရောက်နေတာလဲ"

"မင်း.. မင်းက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကလား"

လူငယ်၏ မျက်ဝန်းများတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ဤနေရာက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

သို့သော် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ကျဆုံးသွားခဲ့ပြီး သမိုင်းဒဏ္ဍာရီပင် ဖြစ်နေခဲ့ချေပြီ။

သို့ဖြစ်ရာ ဤနေရာတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူများ မည်ကဲ့သို့ ရှိနေရပါသနည်း။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် တိုက်ပွဲမှ ရှုံးနိမ့်ပြီးနောက် ၎င်းတို့၏ ဘိုးဘွားမြေသို့ ထွက်ပြေးကာ ယနေ့အထိ ဆက်လက် တည်ရှိနေခြင်း ဖြစ်နိုင်ပါသလော။

ထိုအကြောင်းကို တွေးမိလျှင် လူငယ်၏ အမူအရာသည် ချက်ချင်းဆိုသလို ပို၍ လေးနက်လာခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ဘိုးဘွားမြေ၌ ယနေ့အထိ အမှန်တကယ် ဆက်လက် တည်ရှိနေလျှင် သူတို့၏ ခရီးသည် ပို၍ပင် အန္တရာယ် များလာလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က လူငယ်၏မေးခွန်းကို ပြန်မဖြေဘဲ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ဒီကို ဘယ်လိုရောက်လာတယ် ဆိုတာ ငါ့ကို ပြောပြပါ.. ဒါဆို မင်းအသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးမယ်"

"ဟမ့်.. ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုရဲ့ အကြွင်းအကျန် နှစ်ကောင်ကများ ငါ့ကိုခြိမ်းခြောက်ရဲတယ်.. မင်းတို့ကို ငါခြေထောက်အောက်မှာ နင်းချေပစ်ပြီးရင် မင်းတို့ ဘယ်လိုလေကျယ်ရဲဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

လူငယ်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ မျက်တောင်တစ်ခတ် အတွင်း ကျန်းချန်၏ ဦးခေါင်း အထက်ရှိ လေထဲသို့ ရောက်ရှိသွားပြီး ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။

"ဝုန်း"

ကျယ်လောင်သောအသံက ထွက်ပေါ်လာခဲ့ပြီး လူငယ်၏ ဘယ်ဘက်ခြေထောက်တွင် အနက်ရောင်အလင်းများ ဖြစ်ပေါ်လာကာ ချက်ချင်းဆိုသလို ဧရာမ အနက်ရောင်ခြေသည်း အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယင်းက ဧရာမ ခွန်ပန်ငှက်ကြီး၏ ခြေထောက်ကဲ့သို့ အရာအားလုံးကို ကြေမွသွားစေနိုင်သည့် စွမ်းအားဖြင့် ကျန်းချန်ထံ သက်ရောက်လာခဲ့၏။

ကျန်းချန်၏ အမူအရာက အေးစက်သွားခဲ့ပြီး သူ၏လက်ကို အနည်းငယ်မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

တခဏအတွင်း မီးတောင်ပေါက်ကွဲသလို ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် ဧရာမ အနက်ရောင် ခြေသည်းထံ တိုးဝင်သွားခဲ့သည်။

ထိုစွမ်းအားက အလွန်ပင် အင်အားကြီးမားပြီး လေထုကိုပင် လှိုင်းထန်စေခဲ့သည်။

မျက်တောင်တခတ် အချိန်နီးပါးမှာပင် လူငယ်၏ ဧရာမ အနက်ရောင် ခြေသည်းများသည် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

"အား"

လူငယ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး လူတစ်ကိုယ်လုံးက မီတာရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။

"မင်းလို မလောက်လေးမလောက်စားက ငါ့ကို ခြေတစ်ဖက်ထဲနဲ့ သတ်ချင်တယ်လား"

ကျန်းချန်က လက်ပိုက်၍ လူငယ်ကို ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးများတွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။

"မင်း.. မင်းဘယ်သူလဲ"

လူငယ်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် အထိတ်တလန့် မေးလိုက်သည်။

ဤအချိန်တွင် သူ၏ အလွန်တရာ ဖြူဖျော့နေသော မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ဖြစ်ပေါ်နေခဲ့သည်။

သူ့ရှေ့မှ လူ၏ တိုက်ခိုက်မှုတွင် မတူညီသော လမ်းစဥ်ကိုးမျိုး၏ ကမ္ဘာ့စွမ်းအား ပါဝင်နေကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ယင်းမှာ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော ကောင်းကင် နတ်ဘုရားသာ ပိုင်ဆိုင်သော စွမ်းအား ဖြစ်သည်။

ဆိုရလျှင် သူ့ရှေ့မှ လူသည် သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့၏။

သူတော်စင် ကောင်းကင် နတ်ဘုရားများသည် နတ်ကုန်းမြေတိုက်မှာပင် ရှားပါးသော ပါရမီရှင်များ ဖြစ်သည်။

"မဖြစ်နိုင်ဘူး.. ဒါလုံးဝ မဖြစ်နိုင်ဘူး"

လူငယ်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ကောင်းကင်နှင့် နေကိုပင် ဖုံးအုပ်နိုင်လောက်သော ဧရာမ အနက်ရောင်ငှက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဌက်က လူအများကို ထိတ်လန့်စေသော အရှိန်အဝါ အပြည့်ရှိသည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း မျိုးနွယ်စု ဖြစ်သော ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အစိတ်အပိုင်း ဖြစ်၍ လူငယ်၏ ခန္ဓာကိုယ်မှာ ခွန်ပန်ဌက် ခန္ဓာကိုယ် ဖြစ်သည်။

ယခုအခါတွင် လူငယ်က ဒေါသတကြီးဖြင့် သူ၏ စစ်မှန်သောခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ချေပြီ။

ခွန်ပန်ဌက်၏ ခန္ဓာကိုယ်မှ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

အခန်း(၁၉၈၅) ပြီး၏

All Chapters