← Chapters

အခန်း (၁၉၈၇)

Vol. 139 Ch. 1987

အခန်း (၁၉၈၇)

Vol. 139 Ch. 1987

ကျန်းချန်သည် သူ၏လက်ဖဝါးမှ ရွှေရောင်အလင်းကို ရုတ်သိမ်းကာ ပြောလိုက်သည်။

"အဲဒီ နေရာအကြောင်း ငါ့ကို ပြောပြပါ"

"အကြီးအကဲ.. ကျွန်တော် အဲဒီနေရာကို မရောက်ဖူးသေးပါဘူး"

"မကြာသေးမီက ကျွန်တော်တို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုရဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် စီနီယာအစ်ကိုက အတောင်ပံ ဖြန့်ကျက်ထားတဲ့ လင်းယုန်ငှက်နဲ့ ဆင်တူတဲ့ တောင်တစ်လုံးကို ရှာတွေ့ကြောင်း စာပို့ခဲ့ပါတယ်.. သူက ကျွန်တော်တို့ကို အဲဒီတောင်မှာ စုဝေးဖို့ ပြောခဲ့တာပါ"

"ဒီတောင်က အကြီးအကဲ ရှာနေတဲ့ ရှန်းယင်းတောင် ဟုတ် မဟုတ်တော့ ကျွန်တော် မသိပါဘူး"

လူငယ်က အလျင်အမြန် ပြန်ဖြေခဲ့သည်။

သူ၏ အသက်က ထိုနှစ်ဦး၏ လက်ထဲတွင် ရှိနေ၍ ခေါင်းငုံ့ရမည်သာ ဖြစ်သည်။

သူက သူ့ အသက်ကို ဦးစွာ ကယ်တင်လိုခဲ့ပြီး ကျန်းချန်အား ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

ထို့အပြင် သူ့ရှေ့မှလူသည် သူ့ကို လွှတ်ပေးချင်စိတ် မရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ယင်းအတွက်ကြောင့် သူက ထိုနှစ်ဦးကို အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် စီနီယာ အစ်ကိုထံ ခေါ်သွားပြီး စီနီယာ အစ်ကို နှင့် လက်တွဲ တိုက်ခိုက်လျှင် အသက်ရှင်သန်ရန် အတွက် မျှော်လင့်ချက် တစ်စွန်းတစ်စ ရနိုင်မည် မဟုတ်ပါလား။

ကျန်းချန်က လူငယ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

"လမ်းပြပါ"

ကျန်းချန်က လူငယ်၏ စိတ်ထဲတွင် မည်သို့သော တွက်ချက်မှုမျိုး ရှိနေသည်ကို ကောင်းစွာ သိရှိထားသည်။

သို့သော် သူက သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်၍ လုံးဝ ဂရုမစိုက်ခဲ့ပေ။

ယင်းအပြင် ထိုလူငယ် ပြောသော တောင်သည် သူတို့ ရှာဖွေနေသည့် ရှန်းယင်းတောင် ဖြစ်နိုင်ဖွယ် ရှိ၏။

မည်သို့ပင်ဆိုစေကာမူ ယခု သူတို့တွင် ပန်းတိုင် မရှိသဖြင့် ထိုလူငယ် ပြောသော တောင်ကို သွားရောက် ကြည့်ရှုခြင်းသည် ပို၍ ကောင်းမွန်သည်။

"ဟုတ်ကဲ့"

လူငယ်က ပြန်ဖြေပြီးနောက် ရိုသေလေးစားသော အမူအရာဖြင့် ကျန်းချန် တို့ကို ရှေ့ကနေ ဦးဆောင်ကာ လမ်းပြပေးခဲ့သည်။

နတ်ကုန်းမြေတိုက်ကနေ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ပျောက်ကွယ်သွားပြီးနောက်တွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို မည်သူမျှ ခြေမချခဲ့ဖူးပေ။

နှစ်ပေါင်းများစွာ စုဆောင်းမှုများကြောင့် ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် မြူများအဖြစ် စုစည်းလာပြီး နေရာတိုင်းတွင် စိတ်ဝိညာဥ် မြက်ပင်များ ပေါက်နေခဲ့၏။

ပြင်ပကမ္ဘာတွင် ရှားပါးစွာ မြင်တွေ့ရသော ဆေးပင် တချို့ကိုလည်း နေရာတိုင်းတွင် တွေ့ရသည်။

သို့သော် ဤဆေးပင် အများစုသည် သာမန် ကောင်းကင်နတ်ဘုရားများ အတွက်သာ အသုံးဝင်၏။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် သိပ်အသုံးမဝင်ချေ။

ကျန်းချန်က ထိုရတနာများကို အရေးမစိုက်သောကြောင့် ဖုန်းယန်က သွားရောက် ယူဆောင်ခြင်း မရှိပေ။

သူက ဘိုးဘွားမြေသို့ မဝင်ရောက်မီတွင် မျိုးနွယ်စုခေါင်းဆောင်ထံမှ အမိန့်များကို ရရှိခဲ့သည်။

ဤတစ်ခေါက် ခရီးစဥ်တွင် သူက ကျန်းချန်၏ ခေါင်းဆောင်မှုနောက်ကိုသာ လိုက်ရမည် ဖြစ်၏။

ဆိုရလျှင် ဖုန်းယန်သည် ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ အမွေအနှစ်ကိုသာ အဓိကထားခဲ့သည်။

ဤ ဆေးပင်များ နှင့် နှိုင်းယှဉ်လျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်သည် သံသယဖြစ်စရာမရှိ ပို၍ အရေးကြီးပေသည်။

ထို့အပြင် ယခု ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ပြောင်းလဲသွားပြီ ဖြစ်ပြီး နတ်ကုန်းမြေတိုက်မှ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ဤနေရာကို ဝင်ရောက်ရန် ထူးချွန်သော တပည့်များစွာကို စေလွှတ်ခဲ့သည်။

ဖုန်းယန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ယူဆောင်သွားမည်အား အလွန် စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် ကျန်းချန်နှင့် အတူ ရှန်းယင်းတောင်ကို တိုက်ရိုက်ရှာဖွေခြင်းသည် ဖုန်းယန် အတွက် အလွန် ပျော်ရွှင်ရသည့် ကိစ္စတစ်ခု ဖြစ်သည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ လူငယ်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို လျင်မြန်စွာ ဖြတ်သန်း သွားလာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးတွင် ကျန်းချန် တို့သည် အင်အားကြီးမားသော သားရဲများစွာနှင့် ကြုံတွေ့ခဲ့ရ၏။

ဤရုန့်ရင်းသော သားရဲများတွင် အားအနည်းဆုံးပင်လျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့် စွမ်းရည်ချင်း တူညီကြပြီး နယ်မြေနတ်ဘုရား အဆင့် နှင့် ယှဉ်နိုင်သော သားရဲ အများအပြားကိုလည်း တွေ့ရသည်။

သို့သော် ကျန်းချန်၏ သူတော်စင် ကောင်းကင်နတ်ဘုရား ခွန်အားအောက်တွင် ထိုရုန့်ရင်းသော သားရဲများသည် ပေါ့ပါးသော လှုပ်ရှားမှုဖြင့်ပင် အလွယ်တကူ သေဆုံးခဲ့ကြပြီး သူတို့ကို လုံးဝ အနှောင့်အယှက် မပေးနိုင်ခဲ့ပေ။

ဤမြင်ကွင်းသည် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ လူငယ်ကို တုန်လှုပ်သွားစေခဲ့၏။

"ဒီလူက အတော် ကြောက်စရာကောင်းတာပဲ.. သူက တကယ်ပဲ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကလား"

သူတော်စင် ကောင်းကင် နတ်ဘုရားအဆင့်သည် ပင်မမျိုးနွယ်စု ဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှာပင် ထူးခြားသည့် တည်ရှိမှု ဖြစ်သည်။

ထိုအချိန်က ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အနိုင်ယူခြင်းကို ခံရသော ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ တစ်စုံတစ်ဦးသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ထွက်ပြေးပြီး ယနေ့အထိ ဆက်လက်တည်ရှိနေခဲ့လျှင်ပင် ဤနေရာ၌ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်ကို ပျိုးထောင်ရန် မဖြစ်နိုင်ပေ။

အဆုံးသတ်တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ ဖန်တီးထားသော ကမ္ဘာငယ်လေး တစ်ခုသာဖြစ်ပြီး စစ်မှန်သော ကောင်းကင် ဥပဒေသများ မရှိပေ။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက အလွန်အားကောင်းသော်လည်း ကိုယ်ခံပညာကို သိမြင်နားလည်မှု အပိုင်းတွင် နတ်ကုန်းမြေတိုက်ထက် အဆပေါင်းတစ်ရာ ပို၍ ခက်ခဲသည်။

ယင်းအပြင် ထိုနှစ်ယောက်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အခြေအနေကို သူ့လောက်ပင် မသိ၍ ဤနေရာတွင် နေထိုင်သူများ လုံးဝ မဖြစ်နိုင်ပေ။

ထိုနှစ်ဦးသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေမှ မဟုတ်လျှင် ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာခဲ့ပါသနည်း။

သိထားရမည့်အချက်မှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ရှုံးနိမ့်ပြီးနောက်တွင် သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေကို ဝေစုအဖြစ် သိမ်းပိုက်ခွင့် ရခဲ့သည်။

သူတို့၏ တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ မျက်စိအောက်တွင် ပြင်ပ လူတစ်ဦးသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

"ဒီဘိုးဘွားမြေက တကယ်ကို သာမန် မဟုတ်ဘဲ အန္တရာယ်များလွန်းတာပဲ.. မျိုးနွယ်စုခေါင်းဆောင်က အကိုကျန်းချန်ကို ရှာတွေ့ခဲ့တာ တကယ်ကို ကံကောင်းတယ်"

တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှ လူငယ် ပါရမီရှင်က ကျန်းချန်ကို ထိတ်လန့်နေသော်လည်း ဖုန်းယန်ကမူ စိတ်ရင်းထဲကနေ အလွန်တရာ ကျေးဇူးတင်ရှိခဲ့သည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ စမ်းသပ်မှုက အဘယ်ကြောင့် ဤမျှ ခက်ခဲရသည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။

သာမန် မဟာကောင်းကင် နတ်ဘုရားများ အတွက် ဤနေရာသို့ ဝင်ရောက်ရန် မလွယ်ကူသလို အသက်ရှင်သန်ရန်လည်း မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို ရရှိရန် ဆိုလျှင် ပို၍ပင် ခက်ခဲမည် မဟုတ်ပါလား။

ကျန်းချန်တို့ သုံးယောက် နေ့တစ်ဝက်ကြာ ခရီးထွက်လာပြီးနောက်တွင် ကြီးမားသော တောင်ကြီးတစ်လုံးသည် အဆုံးသတ်၌ ကျန်းချန်၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။

တောင်က ပေတစ်သောင်း အထိ မြင့်မားပြီး အဝေးမှကြည့်လိုက်လျှင် လင်းယုန်ငှက်တစ်ကောင်က အတောင်ပံများကို ဖြန့်ကျက်ကာ အထက်သို့ ပျံသန်းတော့မည့် ပုံဏ္ဌာန်နှင့် ဆင်တူပြီး လူအများကို အလွန် ခမ်းနားထည်ဝါသော ခံစားချက်အား ပေးစွမ်းနေ၏။

"အကြီးအကဲ.. ဒီနေရာပဲ"

တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ လူငယ်က အရှေ့မှ တောင်ကို ညွှန်ပြကာ ရိုသေစွာ ပြောလိုက်သည်။

ကျန်းချန်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ ရှေ့ရှိ တောင်ကိုတိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။

ကျန်းချန်သည် ထိုတောင်၏ ခမ်းနားထည်ဝါမှုကို ခံစားမိခဲ့သည်။

ဤနေရာက သူတို့ ရှာဖွေနေသည့် ရှန်းယင်းတောင် ဖြစ်ပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ် ထားရှိသည့် နေရာ ဖြစ်သည်မှာ လုံးဝ နီးပါး သေချာဖွယ် ရှိ၏။

"အကိုကျန်းချန်.. ဒီတောင်က ရှန်းယင်းတောင် ဖြစ်မယ်.. ကျွန်တော့်ရဲ့ သွေးကို အာရုံခံနိုင်တဲ့ အရာတစ်ခု တောင်ပေါ်မှာ ရှိနေတာ ကျွန်တော် ခံစားမိတယ်"

ဤအချိန်တွင် ဖုန်းယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုရဲ့ အထွတ်အထိပ်ကောင်းကင် နတ်ဘုရားက အခု ဘယ်နေရာမှာလဲ"

"စီနီယာအစ်ကိုက ဒီတောင်ပေါ်မှာ ရတနာတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီရတနာကို ရယူဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်.. အကြီးအကဲ သူ့ကို တွေ့ချင်ရင် ကျွန်တော် ခေါ်သွားပေးပါ့မယ်"

လူငယ်က အနည်းငယ်မျှပင် ဖုံးကွယ်ထားဝံ့ခြင်း မရှိပေ။

ယခု သူ၏ အသက်က ကျန်းချန်၏ လက်ထဲတွင် ရှိနေခဲ့ရာ ကျန်းချန်ကို ရှင်းလင်းရန် အတွက် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် စီနီယာအစ်ကိုသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က သူ၏ စီနီယာအစ်ကိုအား တွေ့ဆုံလိုလျှင် သူက ပျော်ရွှင်စွာ ပို့ဆောင်ပေးမည်သာ ဖြစ်၏။

ကျန်းချန်က ဘာကိုမှ အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါဆို သွားတွေ့ကြတာပေါ့"

ဘိုးဘွားမြေတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ လူများ ရှိနေခြင်းသည် ပြဿနာတစ်ခု ဆိုလည်း မမှားပေ။

ထို့အပြင် သူ့ရှေ့မှ တောင်က အန္တရာယ်များဖြင့် ပြည့်နှက်နေ၍ သတိထား၍ စူးစမ်းရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ဘိုးဘွားမြေကို ဝင်ရောက်လာသော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ပါရမီရှင်နှစ်ဆယ်ကို မကြောက်ရွံ့သော်လည်း သေရေးရှင်ရေး အချိန်တွင် တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ အဖွဲ့ဝင်များနှင့် ရင်ဆိုင်ရမည်ကို မလိုချင်ပေ။

ထို့ကြောင့် သူက ကြိုတင်ကာကွယ်မှု အနေဖြင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ အစွမ်းထက်ဆုံး ပါရမီရှင်များကို ဦးစွာ ရှင်းလင်းရန် ဆုံးဖြတ်ထားခဲ့သည်။

အခန်း(၁၉၈၇) ပြီး၏

All Chapters