← Chapters

အခန်း (၁၉၈၈)

Vol. 139 Ch. 1988

အခန်း (၁၉၈၈)

Vol. 139 Ch. 1988

ရှန်းယင်းတောင်အတွင်းတွင် ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။

ထိုချိုင့်ဝှမ်းသည် နူးညံ့သိမ်မွေ့သော လေထုနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်ပြီး တောက်ပသော နေရောင်ခြည်များဖြင့် ပြည့်နှက်နေကာ အမျိုးမျိုးသော အဖိုးတန်ဆေးဝါးနှင့် စိတ်ဝိညာဥ် မြက်ပင်များ နေရာတိုင်းတွင် ရှိသည်။

ဤချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာတွင် ကြီးမားသော ရေကန်တစ်ကန် ရှိသည်။

ရေကန်၏ ရေသည် ကြယ်များကဲ့သို့ တောက်ပနေပြီး ကောင်းကင်ယံမှ ကြယ်အရိပ်များပင် ထင်ဟပ်နေ၏။

ရေကန်၏ အစပ်တွင် လိပ်ခန္ဓာကိုယ်နှင့် မြွေဦးခေါင်းရှိပြီး တောင်တစ်လုံးလောက် အမြင့်ရှိသည့် ထူးဆန်းသော သားရဲကြီးတစ်ကောင်သည် ပျင်းရိစွာ တွားသွားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေကန်နှင့် ပေထောင်ပေါင်းများစွာ အကွာအဝေးတွင် ထူးခြားသော လူငယ် ငါးဦးသည် တိတ်တဆိတ် ရပ်နေကြပြီး သူတို့ရှေ့မှ ရေကန်ကို ကြည့်နေကြသည်။

ထိုအထဲတွင် ခေါင်းဆောင်သည် ချောမောခန့်ညားပြီး ပင်လယ် ကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။

ထိုခန့်ညားချောမောသော လူငယ်သည် တောင်ပံနက်ခွန်ပန်မျိုးနွယ်စု၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားဖြစ်သည့် ယိုဝူလင်း ဖြစ်၏။

"အစ်ကို ဝူလင်း.. ဒီသားရဲရဲ့ ပုံသဏ္ဌာန်က ဒဏ္ဍာရီလာ နတ်ရွှေလိပ်သားရဲနဲ့ ဘာလို့ ဆင်တူနေရတာလဲ.. ဒီလိပ်က နတ်ရွှေလိပ် မျိုးနွယ်စုရဲ့ အဆက်အနွှယ်များလား"

ရေကန်ဘေးတွင် တွားသွားနေသော ဧရာမ သားရဲကြီးကို ကြည့်ရင်း တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမ အဆင့် တပည့်တစ်ဦးသည် အလွန်တရာ ထိတ်လန့်နေခဲ့သည်။

"နတ်ရွှေလိပ် မျိုးနွယ်စုက ရှေးခေတ် ကာလကတည်းက နတ်ဘုရားနယ်မြေမှာ ပျောက်ကွယ်သွားခဲ့ပြီ.. နတ်ရွှေလိပ်မျိုးနွယ်စုက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"

"ဒီသားရဲက တစ်နှစ်ပတ်လုံး မြေကြီး စွမ်းအားနဲ့ ပြည့်ဝနေတဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်မှာ ကြီးထွားလာတာပဲ.. ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဗီဇ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး နတ်ရွှေလိပ်မျိုးနွယ်စုနဲ့ ဆင်တူနေတာ ဖြစ်ဖို့များတယ်"

ယိုဝူလင်းက လေးနက်စွာ ပြောလိုက်သည်။

"မြေကြီး စွမ်းအားလား"

ယိုဝူလင်း၏ စကားကို ကြားလျှင် သူတို့အားလုံး နားမလည်ဘဲ စိတ်ရှုပ်သွားကြသည်။

"မင်းတို့ မလာခင်က ဒီနေရာကို ငါစူးစမ်းပြီးပြီ.. ဒီ ရေကန်က အတော်လေး ဆန်းကြယ်တဲ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်မျိုး ပါဝင်နေတာ တွေ့ရှိခဲ့တယ်"

ယိုဝူလင်းက အလေးအနက် ပြောလိုက်သည်။

"ဒီရေကန်က ရေကို သောက်လိုက်တာနဲ့ မြေကြီး လမ်းစဥ်ကို နားလည်နိုင်လိမ့်မယ်"

"ဘာ.. ဘယ်လို"

ယိုဝူလင်း၏ စကားကိုကြားလျှင် လူတိုင်း၏ မျက်ဝန်းတွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

မဟာကောင်းကင်နတ်ဘုရား တစ်ပါး၏ မျက်ဝန်းများတွင် စိတ်အားထက်သန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"အစ်ကို ဝူလင်း.. ဒီရေကန်က ရေကို သောက်တဲ့သူတိုင်း မြေကြီး လမ်းစဥ်ကို နားလည်နိုင်တယ်လို့ ဆိုလိုတာလား"

"ဟုတ်တယ်.. ငါ အခုပဲ တစ်ငုံ သောက်လိုက်တာနဲ့ မြေကြီးလမ်းစဥ်ကို အနည်းအကျဥ်း နားလည်သွားခဲ့တယ်"

"ငါ့ရှေ့က ရေကန်ကိုသာ သိမ်းပိုက်နိုင်ရင် အချိန်အနည်းငယ် ပေးလိုက်တာနဲ့ မြေကြီးလမ်းစဥ်ရဲ့ မူလစွမ်းအားကို သေချာပေါက် နားလည်နိုင်ပြီး လမ်းစဥ်ကိုးသွယ်ရဲ့ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်မှာပဲ"

"မင်းတို့တွေလည်း ဒီရေကန်က ရေကို အသုံးပြုပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"

ယိုဝူလင်းက သူ၏ရှေ့မှ ရေကန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူ၏ စကားလုံးများသည် ဤနေရာရှိ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

ဤရေကန်မှ ရေသည် မည်သို့သော ရေအမျိုးအစား ဖြစ်ပါသနည်း။

၎င်းကို နတ်ရေဟု ခေါ်ဆိုလျှင်ပင် လွန်အံ့မထင်။

"အစ်ကို ဝူလင်း. ရေကန်ထဲက ရေက ဒီလောက် အံ့သြစရာကောင်းမှတော့ ကျွန်တော်တို့ ဘာကို စောင့်နေကြတာလဲ.. စလိုက်ကြရအောင်"

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ပါရမီရှင်များအားလုံးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။

တစ်ငုံသောက်ရုံဖြင့် မြေကြီးလမ်းစဥ်ကို နားလည်နိုင်၍ ဤနေရာရှိ ရေကန်တစ်ခုလုံးသည် သူတို့ကို မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ နားလည်နိုင်စေပြီး မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းရန် သေချာပေါက် လုံလောက်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး မဟာကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် အခွင့်အရေး ရရှိမည် ဖြစ်ပြီး မဟာကောင်းကင် နတ်ဘုရားများသည် ကန့်သတ်ချက်ကို ထပ်မံ ချိုးဖျက်ကာ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများ ဖြစ်လာနိုင်ပေသည်။

"ဒီလောက်ထိတော့ ဘယ်လွယ်ကူပါ့မလဲ"

"ဟိုက သားရဲရဲ့ ခွန်အားက ငါ့အောက်မှာ မရှိဘူး.. ဒါ့အပြင် တစ်နှစ်ပတ်လုံး ရေကန်ထဲက မြေကြီးလမ်းစဥ် စွမ်းအားကို စုပ်ယူထားတာမို့ သူ့ရဲ့ ခုခံအားက အတော် အားကောင်းတယ်.. သူ့ကို ရှင်းလင်းဖို့ မလွယ်ဘူး"

ယိုဝူလင်းက ခေါင်းခါလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ခဏစောင့်ပါ.. ယိုချွမ် မကြာခင် ရောက်လာတော့မယ်.. သူက သားရဲယဥ်ပါးခြင်း ပညာရပ်ကို ကျွမ်းကျင်တော့ ဒီထူးဆန်းတဲ့ သားရဲကို သူ ကိုင်တွယ်တာ ပိုပြီး လွယ်ကူလိမ့်မယ်"

လူတိုင်းက ထိုစကားများကို ကြားလျှင် ဘာစကားမှ မပြောတော့ပေ။

ယိုဝူလင်း ပင်လျှင် ဤထူးဆန်းသော သားရဲကို အထင်မသေးဝံ့သောကြောင့် သူတို့က အတင့်ရဲစွာ ပြုမူဝံ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ ဖြစ်ပြီး သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ လူများမှလွဲ၍ မည်သူမျှ ဝင်ရောက်ခြင်းလည်း မရှိပေ။

ထို့ကြောင့် ခဏမျှ စောင့်ဆိုင်းခြင်းသည် ကြီးမားသော ပြဿနာ မဟုတ်ပေ။

ယိုဝူလင်းနှင့် အခြားသူများ တိတ်တဆိတ် စောင့်ဆိုင်းနေရင်း အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် လူသုံးဦး၏ ပုံသဏ္ဌာန်သည် ယိုဝူလင်းနှင့် အခြားသူများ၏ မြင်ကွင်းတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

ရှေ့ဆုံးမှ လျှောက်လာသူမှာ ယိုဝူလင်းနှင့် အခြားသူများ စောင့်ဆိုင်းနေသည့် ယိုချွမ် ဖြစ်သည်။

ယိုဝူလင်းက ခပ်ယဲ့ယဲ့ ပြုံးကာ ယိုချွမ်ကို နှုတ်ဆက်ရန် ပြင်လိုက်စဉ် ယိုချွမ်၏ နောက်မှ ထူးဆန်းသော လူနှစ်ဦးကို တွေ့ရှိခဲ့ရာ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ယိုချွမ်.. သူတို့က ဘယ်သူတွေလဲ"

ယိုဝူလင်းက ယိုချွမ်၏ နောက်ရှိ ကျန်းချန်တို့ နှစ်ဦးကို စိုက်ကြည့်ကာ မေးလိုက်သည်။

သူ၏မျက်ဝန်းများတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် သူတို့၏ တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။

သူတို့၏ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် မကြာသေးမီကမှ ဤနေရာ၌ ဝင်ပေါက် တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကောင်းကင် နတ်ဘုရား အဆင့် တပည့်များကို အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။

ဤနှစ်ဦးသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အဖွဲ့ဝင်များ မဟုတ်သည်မှာ ထင်ရှားသည်။

၎င်းတို့က ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာခဲ့ပါသနည်း။

"အစ်ကို ဝူလင်း ကယ်ပါဦး..သူတို့က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက လူတွေပဲ"

ယိုဝူလင်းတို့ လူစုကို မြင်တွေ့ရပြီးနောက်တွင် ယိုချွမ်သည် ယိုဝူလင်းကို အကူအညီ တောင်းခံရင်း ယိုဝူလင်း ဆီသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်က ယိုချွမ်ကို မတိုက်ခိုက်ခဲ့ပေ။

သူက ယိုဝူလင်း၏ အနောက်မှ ရေကန်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းချန်၏ ကျင့်ကြံမှု အဆင့်ဖြင့် သူ၏ အာရုံခံနိုင်စွမ်းသည် ယိုဝူလင်းထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည် ဖြစ်ရာ ရေကန်၏ ထူးခြားချက်ကို ချက်ချင်းနီးပါး ခံစားမိခဲ့သည်။

"ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ရေကန်လဲ.. ဒီရေကန်ထဲက ရေတွေမှာ မြေကြီးလမ်းစဥ်ရဲ့ စွမ်းအားတွေ ပါဝင်နေပုံပဲ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"မင်း.. မင်းတို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကလား"

ယိုချွမ်၏ အော်ဟစ်သံကို ကြားလျှင် ယိုဝူလင်း၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည် ဖြစ်ရာ ရွှေတောင်ပံမျိုးနွယ်စုမှ လူများ ဤနေရာသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အကြွင်းအကျန်များ ပုန်းအောင်းနေပါသလော။

"ဟုတ်တယ်.. ငါတို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တွေပဲ"

"ဒီနေရာက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေ ဖြစ်ပြီး မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက လူတွေ လာခွင့်ရှိတဲ့ နေရာ မဟုတ်ဘူး"

ကျန်းချန်က ရေကန်ကို ကြည့်နေသည့် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချက်ချင်းပင် တစ်ဖက်ရှိ ယိုဝူလင်းတို့ ကြည့်ကာ မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့ကို ရွေးချယ်ဖို့ အခွင့်အရေး ပေးမယ်...ကိုယ့်ဘာသာကိုယ် ထွက်သွားမလား ဒါမှမဟုတ် ငါမောင်းထုတ်ပေးရမလား"

သူတို့ကို အရေးမစိုက်သော ကျန်းချန်၏ စကားကို ကြားလျှင် ယိုဝူလင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

သူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းရောင် တစ်ခု လင်းလက်လာခဲ့၏။

"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ သမိုင်း ဒဏ္ဍာရီ ဖြစ်သွားတာ ကြာခဲ့ပြီ.. မင်းတို့ နှစ်ယောက်လို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အကြွင်းအကျန်လောက်က ငါ့ရှေ့မှာ လေလုံးထွားရဲတယ်လား"

အခန်း(၁၉၈၈) ပြီး၏

All Chapters