← Chapters

အခန်း (၁၉၈၉)

Vol. 139 Ch. 1989

အခန်း (၁၉၈၉)

Vol. 139 Ch. 1989

"ကြည့်ရတာ ငါမောင်းထုတ်ပေးရတော့မယ် ထင်တယ်"

စကားဆုံးသည်နှင့် သူ၏ ဦးခေါင်း အထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ထိုအထဲမှ ကြယ်တစ်လုံးသည် ချက်ချင်း လင်းလက်လာခဲ့သည်။

ထို့နောက်တွင် တောက်ပသော ကြယ်ဓားအလင်းကို စုစည်းသွားခဲ့ပြီး ကြယ်ဓားအလင်းက ယိုဝူလင်းနှင့် အခြားသူများ ဆီသို့ ဦးတည်လာခဲ့၏။

ကျန်းချန်က မလိုလားအပ်သော ပြဿနာများကို လျှော့ချရန် အတွက် ၎င်းတို့ကို ရှင်းလင်းရန် ယိုချွမ်ကို တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ လူများထံ ခေါ်ဆောင်လာဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူက အနည်းငယ်မျှပင် အချိန်မဆွဲဘဲ နတ်ဘုရင် အဆင့် နည်းစနစ် ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အသုံးပြုခဲ့ခြင်းပင်။

"အစ်ကို ဝူလင်း သတိထားပါ.. ဒီကောင်က သူတော်စင်ကောင်းကင် နတ်ဘုရား အဆင့်ကို ရောက်နေပြီ"

ကျန်းချန်၏ တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ယိုချွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ယိုဝူလင်းကို လျင်မြန်စွာ သတိပေးလိုက်သည်။

"ဘာ.. ဘယ်လို"

"ဒီကောင်က သူတော်စင်ကောင်းကင် နတ်ဘုရား ဖြစ်နေတာလား"

ယိုဝူလင်းက ထိတ်လန့်သွားခဲ့ပြီး သူ၏ အမူအရာက ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

ယိုချွမ်၏ ဆိုးရွားသော ပုံပန်းသဏ္ဌာန်ကို မြင်ပြီးနောက်တွင် ယိုဝူလင်းသည် သူ၏ရှေ့မှ နှစ်ဦး၏ ခွန်အားက အလွန်တရာ ထူးခြားသည်ကို သိရှိခဲ့သော်လည်း အနက်ရောင် ဝတ်စုံဝတ် လူငယ်က ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ယိုချွမ်.. မင်း သေသင့်တယ်"

ယိုဝူလင်းက ယိုချွမ်ကို အေးစက်စက် စိုက်ကြည့်ပြီး ခုတ်သတ်ပစ်လိုသည့် စိတ်ဆန္ဒပင် ရှိခဲ့သည်။

ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်တိုင်းတွင် ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ဦး အနေဖြင့် ယိုဝူလင်းသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်က မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို အခြားသူများထက် ပိုမို နားလည်သည်။

ယိုချွမ်က တစ်ဖက်လူကို သူတော်စင် ကောင်းကင် နတ်ဘုရားဖြစ်ကြောင်း သိလျက်နှင့် သူ့ဆီ ဦးဆောင်လမ်းပြ၍ ခေါ်လာခဲ့သည်။

ယင်းက သေမင်းကို သူ့ဆီ တမင်တကာ ခေါ်လာသည်နှင့် အတူတူပင် မဟုတ်ပါလား။

"အစ်ကို ဝူလင်း စိတ်လျှော့ပါ.. အခု အရေးကြီးဆုံးက တစ်ဖက်လူကို ကိုင်တွယ်ဖို့ပဲ.. အတူတကွ လက်တွဲမှပဲ ဒီအခက်အခဲကို ကျော်လွှားနိုင်လိမ့်မယ်"

ယိုချွမ်က အလျင်အမြန် ပြောလိုက်သည်။

အမှန်တရားကို သိရှိပြီးနောက် ယိုဝူလင်းက အလွန်အမင်း ဒေါသထွက်မည်ကို သူ သိသည်။

ကျန်းချန်က သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်ကြောင်း ယိုဝူလင်းကိုသာ ကြိုတင်ပြောပြခဲ့လျှင် ယိုဝူလင်းသည် ကျန်းချန်ကို ဤနေရာသို့ ခေါ်လာရန် သူ့ကို မည်ကဲ့သို့ ခွင့်ပြုပါမည်နည်း။

ထို့အပြင် ယိုဝူလင်းသည် သူ့ကိုယ်သူ ကာကွယ်ရန် ရွေးချယ်ပြီး သူတို့ကို စွန့်ပစ်ထားခဲ့လိမ့်မည် ဖြစ်သည်။

"အားလုံး အတူတူ တိုက်ခိုက်ကြ"

ယိုဝူလင်းက ကောင်းကင်ယံကနေ ကျဆင်းလာသော ကြယ်ဓားအလင်းကို ကြည့်လိုက်ပြီး ဤအချိန်က ယိုချွမ်ကို အပြစ်တင်ရန် အချိန်မဟုတ်ကြောင်း သိရှိခဲ့သည်။

သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး မီတာရာချီ အရွယ်အစားရှိ အနက်ရောင် တောင်ပံ တစ်စုံကို ကျောဘက်တွင် ထုတ်ဖော်လိုက်သည်။

သူက တောင်ပံများကို ခတ်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဓားများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုကောင်းကင်ဓားများက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဘာမှမကျန်ရှိသည်အထိ ခုတ်ပိုင်းသွားခဲ့သည်။

ဤ တောင်ပံနက်သည် ယိုဝူလင်း စုစည်းထားသည့် နတ်ခန္ဓာပုံရိပ် ဖြစ်သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် နတ်ဘုရင် အဆင့်၏ ကြီးမားသော စွမ်းအားဖြင့် ဖိနှိပ်ထားခြင်း မရှိလျှင် ယိုဝူလင်း၏ တောင်ပံနက်သည် မိုင်သုံးထောင်ခန့် ရှိသည့် နေရာလွတ် တစ်ခုလုံးကို ချက်ချင်းဆိုသလို ပြိုလဲသွားစေရန် လုံလောက်၏။

ယိုဝူလင်း တိုက်ခိုက်နေစဉ်တွင် ယိုချွမ်နှင့် အခြား တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ပါရမီရှင်များသည်လည်း နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိပေ။

သူတို့အားလုံးကလည်း သူတို့၏ ထူးခြားသော စွမ်းအားများကို ထုတ်ဖော်၍ ကျန်းချန်၏ ကြယ်ဓားအလင်းကို အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရား တစ်ပါး၊ မဟာကောင်းကင်နတ်ဘုရား နှစ်ပါးနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် များ၏ တစ်ပြိုင်နက်ထဲ တိုက်ခိုက်မှုစွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

ကျန်းချန်၏ ကြယ်ခုနစ်ပွင့် ကောင်းကင်ဓားသိုင်းဖြင့် စုစည်းထားသော ကြယ်ဓား စွမ်းအင်ပင်လျှင် ဖျက်ဆီးခံခဲ့ရသည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဒုတိယနှင့် တတိယ ကြယ်များကို လှုံ့ဆော်လိုက်ပြီး ကြယ်ဓားအလင်းများဖြင့် ယိုဝူလင်း တို့ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

ယိုဝူလင်းတို့ လူစုက အစွမ်းကုန် ပူးပေါင်း ရင်ဆိုင်ခဲ့ကြ၍ အစပိုင်းတွင် ကျန်းချန်ကို ယှဥ်နိုင်ခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့် အမျှ ကျန်းချန်၏ အဆက်မပြတ် ပိုမို အားကောင်းလာသော ကြယ်ဓားအလင်းအောက်တွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ပါရမီရှင် အချို့သည် အနည်းငယ် အားနည်းကာ အရေးနိမ့်လာကြသည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ကြယ်ခုနစ်လုံးကို လှုံ့ဆော်ပြီး စစ်မှန်သော ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အပြည့်အဝ ထုတ်ဖော်လိုက်၏။

ဤသို့ဖြင့် ယခင်ကထက် ဆယ်ဆ ပိုမို ကြီးမားသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

တောက်ပသော ကြယ်စွမ်းအားက ဧရာမ ကြယ်ဓား အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ဘုံကိုးပါး နတ်ဓားကဲ့သို့ ဆင်းသက်လာသည်။

ရုန့်ရင်းသော ဓားစွမ်းအားသည် ကောင်းကင်ယံတွင် လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်စေပြီး ကမ္ဘာကိုပင် တုန်ခါစေခဲ့သည်။

လက်ရှိတွင် အားကုန်ခမ်းလုနီးပါး ဖြစ်နေသော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ပါရမီရှင်များသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ကြယ်ဓားကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။

သူတို့က သူတို့၏ စွမ်းအားကို အကုန်အစင် အသုံးပြုခဲ့ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ စစ်မှန်သော ခန္ဓာကိုယ်ကိုပါ ထုတ်ဖော်ခဲ့သော်လည်း ဧရာမ ကြယ်ဓားအောက်တွင် ကြေမွသွားခဲ့ပြီး စိတ်ဝိညာဉ်ပင်လျှင် လုံးဝ ပျက်စီးသွားခဲ့၏။

ယိုချွမ်နှင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ အခြား မဟာကောင်းကင်နတ်ဘုရား တစ်ပါး သည်လည်း အခြေအနေ သိပ်မကောင်းလှပေ။

ထိုနှစ်ဦးစလုံးသည် ကျန်းချန်၏ ဓားချက်ဖြင့် ပေရာချီ အကွာအဝေးထိ လွင့်စင်သွားပြီး ပါးစပ်ကနေ သွေးများ အရူးအမူး အန်ထုတ်လိုက်ရကာ တစ်ကိုယ်လုံးတွင် ကောင်းမွန်သောနေရာ မကျန်ရှိဘဲ လူတစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေခဲ့၏။

အထူးသဖြင့် မူလကတည်းက ကျန်းချန် ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် ယိုချွမ်သည် ယခု ပို၍ပင် ဒဏ်ရာများ ရရှိထားခဲ့ရာ သူ၏ အရှိန်အဝါက အလွန်တရာ အားနည်းနေခဲ့သည်။

"လခွမ်း.. ဒီကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"

ယိုချွမ်က ပြိုလဲလုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်ကို အားတင်း၍ ထိန်းထားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်သော်လည်း အထွတ်ထိပ်ကောင်းကင် နတ်ဘုရား ဖြစ်သည့် စီနီယာအကို ယိုဝူလင်း နှင့် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ အခြား ပါရမီရှင်များ ပေါင်းစည်းလိုက်လျှင် ကျန်းချန်နှင့် ယှဉ်နိုင်မည်ဟု မူလက သူ ထင်ခဲ့သည်။

သို့သော် ယိုချွမ်သည် ကျန်းချန်ကို အနည်းငယ် လျှော့တွက်ခဲ့မိကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် သူတို့လူစု ရင်ဆိုင်နိုင်သော အဆင့် လုံးဝ မဟုတ်ပေ။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်သည့် စီနီယာအကို ယိုဝူလင်းပင်လျှင် ကျန်းချန်၏ ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

"ကောင်လေး.. မင်း.. မင်း ငါ့ရဲ့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက လူတွေကို သတ်ရဲတာလား.. ငါ့ရဲ့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"

ယိုဝူလင်းသည် သူ၏ ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်ထား၏။

သူက အလွန်တရာ ထိတ်လန့်နေခဲ့ပြီး ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားကို ရှင်းရှင်းလင်းလင်း ခံစားမိကာ လုံးဝ မယှဉ်နိုင်ကြောင်း သိရှိခဲ့သည်။

"ဒါက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေပဲ.. မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုရဲ့ နေရာ မဟုတ်ဘူး.. မင်း ငါ့ကို တောင်ပံနက် ခွန်ပန် မျိုးနွယ်စုရဲ့ နာမည်နဲ့ လာမခြိမ်းခြောက်သင့်ဘူး"

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ငါ ဒီနေ့ မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ချင်တယ်"

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စု သုံးစုထဲမှ တစ်ခု ဖြစ်သည့် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် အလွန်အင်အားကြီးပြီး နတ်ဘုရင် အဆင့် ကျင့်ကြံသူကိုပင် ပိုင်ဆိုင်ထားသည်။

ကျန်းချန်က သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု သူယုံကြည်သည်။

သို့သော် ဤနေရာက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေဖြစ်ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်၏။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများ ဤနေရာသို့ မဝင်နိုင်သရွေ့ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သည့် ထိုလူငယ်ကို မည်သို့မျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ကျန်းချန်က ယိုဝူလင်းနှင့် အခြားသူများနှင့် အချိန်ဖြုန်းရန် အစီအစဉ် မရှိခဲ့ပေ။

သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အဆုံးမဲ့ ရွှေရောင်အလင်းများ ထွက်ပေါ်နေသော ရွှေရောင် စည်းတံဆိပ် တစ်ခုသည် လေထဲကနေ ချက်ချင်း ကျဆင်းလာခဲ့သည်။

ရွှေရောင် စည်းတံဆိပ်ပေါ်မှ တောက်ပပြီး ပြိုင်ဘက်ကင်းသော "သေ" ဟူသော စကားလုံးသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်မည့်အလား ဖြစ်နေခဲ့၏။

အခန်း(၁၉၈၉) ပြီး၏

All Chapters