← Chapters

မင်းက အဓိက ဇာတ်လိုက် မဟုတ်တာ သေချာရဲ့လား

Vol. 14 Ch. 134

မင်းက အဓိက ဇာတ်လိုက် မဟုတ်တာ သေချာရဲ့လား

Vol. 14 Ch. 134

သူ့ အသက် ၈ နှစ်အရွယ်ကစပြီး ထိုပြဿနာများ စတင်လာကြောင်း ချန်ယွီ့ ပြောသည်ကို ကြားတော့ ယူချီဟာသည် သူ နေရာမှန်သို့ ရောက်လာပြီ ဖြစ်ကြောင်းကို သိရှိလိုက်သည်။

သို့နှင့် သူ၏ ထူးခြားပြီး ဒဏ္ဍာရီဆန်လွန်းလှသည့် ဘဝအကြောင်းကို ရှင်းပြ၏။

သူ့ အသက်ရှစ်နှစ်တွင် အိမ်က လက်ရေးလှနှင့် ပန်းချီအတန်းကို ထားပေးသည်။

ပထမဆုံး အတန်းတက်သည့်နေမှာတင်ပဲ ယူချီဟာက မှင်ပုလင်းမှောက်ကျ၍ မှင်ရည်အများအပြား သူ့စာရွက်ပေါ် စွန်းထင်းကုန်သည်။

ကျောင်းသားများက ဆရာမကို လှမ်းခေါ်လိုက်ကြ၏။ ယူချီဟာတော့ သူ့ကိုယ်သူ ကြမ်းကြမ်းတမ်းတမ်း ကြိမ်းမောင်း ခံရပြီဟူ၍ စိတ်ထဲ မျှော်လင့်ထားလေသည်။

ထင်မှတ်မထားစွာဖြင့် မှင်ပေနေသည့် စာရွက်ကို မြင်တော့ ဆရာမက ကောက်ကိုင်ကြည့်ပြီး စကားပင် မပြောနိုင်သည်အထိ စိတ်လှုပ်ရှားနေမိတော့၏။

ဆရာမက သူ့အခြားသော လုပ်ဖော်ကိုင်ဖက်များနှင့် လက်ရေးလှအတန်း၏ ကျောင်းအုပ်ကို ခေါ်လိုက်သည်။

လူတိုင်းက စာရွက်အပိုင်းအစနား ဝိုင်းအုံ၍ ရှော့ခ်ရပြီး ဝမ်းသာအားရဖြစ်နေသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့က ယူချီဟာကို ဤမျှ အသက်ငယ်ငယ်လေးနှင့် မှင်ဖြန်းပန်းချီပညာကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နေသည့်အပေါ် ချီးမွမ်းကြသည်။

သူက တောင်နှင့်မြစ် ပန်းချီကား ဂန္တဝင်လက်ရာကို ရေးဆွဲခဲ့ခြင်းပင်။

ယူချီဟာက ဝမ်းနည်းစွာ ပြော၏ “ အဲ့တုန်းကဆို မှင်ဖြန်းပန်းချီက ဘာလဲတောင် ငါ မသိသေးဘူး …. မှင်ဖြုန်းတီးတယ်ဆိုပြီး ဆရာမ ဆူမှာ ကြောက်တာနဲ့ ငါက ဒီတိုင်း စာရွက်ပေါ် စုတ်တံနဲ့ လျှောက်ခြစ်လိုက်ရုံပဲ …”

“ အဲ့ဒီနောက် ဂန္တဝင် ပန်းချီကားလက်ရာလို့ သူတို့ခေါ်နေကြတဲ့ မှင်ဖြန်းပန်းချီကားကို ဆရာမတွေက ပြိုင်ပွဲတစ်ခုဆီ အပ်နှံလိုက်တော့ လူငယ် ပန်းချီပြိုင်ပွဲမှာ ဗိုလ်စွဲသွားတယ် ….”

“ အဲ့နောက် အဲ့ဒီပန်းချီနဲ့ပဲ စီရင်စုအဆင့်မှာ ထပ်ပြိုင်တယ် …. ထပ်ပြီးတော့မှပဲ ဗိုလ်စွဲတယ် ….”

ရှစ်နှစ်အရွယ် ယူချီဟာလေးက နောက်ပိုင်းတွင် ပန်းချီပါရမီရှင်ဟု လူသိများ နာမည်ကြီးသွားခဲ့သည်။ ၎င်းကြောင့်ပဲ သူ့မှာ ပန်းချီအပြင်ကို အခြားသော ကျောင်းတွင်းပြင်ပ လှုပ်ရှားမှုများစွာ၌ ပါဝင်ခဲ့ရ၏။

နောက်ဆုံး စာမေးပွဲကြီး ဖြေဆိုသည့်အခါတွင်လည်း ယူချီဟာမှာ ရက်ရှည်လများစွာ အတန်းပျက်ကွက်ထားခဲ့သည့်အတွက် မည်သို့ စာဖြေရမှန်း မသိခဲ့ပေ။

ထို့ကြောင့် သူ ပြောင်စာရွက်အတိုင်းပဲ အပ်နှံလိုက်၏။

သူ ထပ်ပြီး ဆုချီးမြင့်ခံရလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ချေ။

ဖြစ်ချင်တော့ နောက်ဆုံးစာမေးပွဲကြီး မေးတဲ့ မေးခွန်းစာရွက်မှာ ပြဿနာ ရှိနေတယ်တဲ့လေ။

ယူချီဟာရဲ့ ပြောင်စာရွက်အပ်နှံမှုက အမှားကို မြင်တွေ့သွားစေခဲ့သည်။

ကျောင်းအုပ်ကြီးက ယူချီဟာကို ဆရာမနှင့် ကျောင်းသားများအားလုံးရှေ့တွင် ကျောင်းတွင်း ပြင်ပ လှုပ်ရှားမှုများ၌ ပါဝင်သည့် အပြင် အိမ်စာလည်း မပျက်ကွက်သည့်အတွက် ချီးမွမ်း၏။

သူတစ်ဦးတည်းကသာ နောက်ဆုံးစာမေးပွဲကြီး မေးခွန်းစာရွက်က ခြောက်တန်း မေးခွန်းစာရွက်နှင့် မှားနေတာကို သတိထားမိသည်။

အရွယ်နှင့် မလိုက်အောင် ပြောင်မြောက်ထူးချွန်သူဟူသော သူ၏ နာမည်ဂုဏ်သတင်းကလည်း တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွားခဲ့၏။

နောက် နှစ်ဝက်အစတွင် ကျောင်းက သူ့ကို သင်္ချာပြိုင်ပွဲ တစ်ခု ဝင်ပြိုင်ဖို့ စီစဉ်ပေး၏။ စာရွက်ထဲတွင် အဖြေမှန်ရွေးရသည့် မေးခွန်းတို့ ပြည့်နှက်နေသည်။ သို့နှင့် ယူချီဟာလည်း ခဲဖျက်ကို အန်စာအဖြစ် အသုံးချ၍ ကျသည့် ဂဏန်းကို ရိုးရိုးရှင်းရှင်းပဲ ရွေးချယ်ခဲ့သည်။

အဖြေမှန်ခြင်း ရှိမရှိက ကံတရားအပေါ်တွင် လုံးဝ မူတည်နေသည်။

ထို့နောက်တွင်တော့ သူတစ်ဦးတည်းကသာ အမှတ်ပြည့်နှင့် အောင်မြင်သည်ဟု ရလဒ် ထွက်ပေါ်လာသည်။

“ မူလတန်းကနေ တက္ကသိုလ်အထိ ဘယ် စာမေးပွဲ ဖြေဖြေ အမြဲတမ်း ရလဒ်ကောင်းတယ် … ငါ့အဖြေတွေက ကျပန်း ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့ ….”

ယူချီဟာက သောကဝေနေသည့် အမူအရာဖြင့် စကားဆက်၏။ “ ငါက ငါ့ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုကနေပဲ အသီးအပွင့်တွေကို ခံစားချင်တယ် … “

“ ဒါပေမယ့် ဒီရဲ့ သေချင်းဆိုး ကံကောင်းမှုကြီးက ငါ့ကို ဘယ်တော့မှ အခွင့်အရေး မပေးဘူး ….”

“ သူများတွေ အာရုံစိုက်ပြီး ချီးမွမ်းမြှောက်ပင့်ခံရတဲ့ ဘဝမှာ နေရတာက ငါ့အပေါ်ကို ကျောက်တုံးအလေးကြီး တစ်တုံး ဖိနှိပ်ထားနေသလိုပဲ ….”

“ ငါ လုပ်သမျှတိုင်းကို သတိထားရတယ် … သတိမထားမိရင် အမြဲတမ်း လူပုံအလယ်မှာ အာရုံစူးစိုက်ချင်စရာ ဖြစ်လာတော့တာပဲ …..”

“ ဘွဲ့ရပြီးရင် စာမေးပွဲတွေနဲ့ ပြိုင်ဆိုင်မှုတွေ မရှိတော့ဘူးဆိုတော့ ငါလိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်နိုင်ပြီလို့ ထင်တာပေါ့ ….”

“ ဒါပေမယ့် ဒီရဲ့ သေချင်းဆိုး ကံကောင်းမှုက အလွှတ်မပေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာ ….”

“ ငါ အလုပ်စဝင်ရုံ ရှိသေးတယ် … ကလိုင်းရန့် တစ်ယောက်က သူ့သမီးကို လက်ထပ်ပေးပါဆိုပြီး အတင်းပေးစားလာတယ်တဲ့လေ ….”

“ ငါကလည်း သူတို့ မိသားစုနဲ့ မကိုက်ညီဘူးလို့ ခံစားရတော့ ယဉ်ယဉ်ကျေးကျေးလေးပဲ ပြန်ငြင်းလိုက်တယ် …”

“ နောက်ပိုင်းကျတော့ ကလိုင်းရန့်က ငါတို့ ကုမ္ပဏီကနေ အိမ် ခုနစ်လုံးတောင် တစ်ခါတည်း ဝယ်သွားတယ် … အကြောင်းအရင်းက ငါ့ကို သူ့သမီးနဲ့ တစ်နပ်လောက် ထမင်းအတူစားပေးပါတဲ့ ….”

“ ငါ ဘယ်လောက်ပဲ ငါ့ ဖောက်သည်တွေကို အေးတိအေးစက် ဆက်ဆံ ဆက်ဆံ … သူတို့က ငါ့ဆီကနေ အိမ်ဝယ်ချင်တယ်ပဲ အော်ပြောနေကြတာ ….”

“ သူတို့ပြောကြတာတော့ ငါက တည်ငြိမ်ရင့်ကျက်ပြီး ယုံကြည်ရတဲ့ မျက်နှာပေါက်မျိုး ရှိတယ်တဲ့လေ …”

“ အဲ့ဒီအချိန်ကစပြီး ငါလည်း ကုမ္ပဏီရဲ့ ထိပ်တန်း အရောင်းသမား တစ်ယောက် ဖြစ်လာတယ် …”

“ နေ့တိုင်းနေ့ အလုပ်မရောက်ခင်ကို ငါ့ဆီမှာ အိမ်ဝယ်ချင်နေတဲ့ ဖောက်သည်တွေက အတန်းလိုက် စောင့်နေပြီ ….”

သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် အရာများကို ထုတ်ဖော်ပြောပြီးနောက် ယူချီဟာက စိုးရိမ်သောကရောက်နေသည့် အမူအရာဖြင့် ခေါင်းငိုက်စိုက်ချလိုက်သည်။

သူ့ လုပ်ဖော်ကိုင်ဖက်များကို သူ့တွင် မည်သည့် အစွမ်းအစမျှ မရှိကြောင်း ၊ ကံတရားအပေါ်တွင် လုံးလုံးလျားလျား မှီခိုနေကြောင်း ပြောပြသော်ငြားလည်း သူ့ လုပ်ဖော်ကိုင်ဖက်များက မယုံကြည်ကြသည့်အပြင် နှိမ့်နှိမ့်ချချ နေတတ်သူဆိုပြီး ချီးမွမ်းကြပြန်သည်။

“ ငါ အခု မှတ်မိပြီ … သူက ငါတို့ မူလတန်းကျောင်းရဲ့ ဒဏ္ဍာရီလာ ပုံရိပ်ပဲ …”

ယူချီဟာနဲ့ ကျောင်းတစ်ခုတည်း အတူတက်ခဲ့ဖူးကြသည့် ကြည့်ရှုသူတစ်ချို့က သူ၏ ဒဏ္ဍာရီဆန်သည့် အဖြစ်အပျက်များကို ပြန်လည် အမှတ်ရသွားကြသည်။

သူက ပါရမီရှင် ပန်းချီဆရာ တစ်ဦး ဖြစ်၏။

မြို့ထဲတွင်လည်း သူရဲကောင်းတစ်ဦးဆိုပြီး နာမည်ကြီးသည်။

သူ့ တာဝန်ယူသည့် ဧရိယာအပိုင်းတွင်လည်း ထိပ်တန်း အရောင်းသမားတစ်ဦး ဖြစ်၏။

“ မင်း အဲ့ဒီကံကောင်းမှုကြီးကို မလိုချင်ဘူးဆို ငါ့ပေးလိုက်ကွာ … ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီ …”

“ မင်းမလိုချင်ဘူးဆို ငါ့ဆီ လှူဒါန်းလိုက်လို့ရတယ်နော် ညီကို …”

“ ဘရို .. ကျေးဇူးပြုပြီး … ငါ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်ပြည့်ရပါစေဆိုပြီး ကောင်းချီးပေးစမ်းပါကွာ …”

“ ဖက်ခ် … ဖက်ခ် … ဖက်ခ် …”

“ ငါလည်း ဘဝမှာ ဘယ်တော့များမှ အဲ့လို နေနိုင်မှာလဲကွာ …”

“ သူက ဘဝကြီးရဲ့ ဖြတ်လမ်းပုံစံ ဘဝမှာ နေထိုင်နေရတာပဲ … အမြဲတမ်း အဲ့လိုချည်း ဖြစ်နေတော့ ပျင်းရိ ငြီးငွေ့သွားတာ မဆန်းတော့ပါဘူး ….”

“ တခြားလူတွေက ဘုရားသခင်ဆီ တစ်ကိုက်တစ်ဖဲ့လောက် ကျွေးဖို့ ပူဆာကြရတယ် … ဒီကောင်ကတော့ ဘုရားသခင်ကိုယ်၌က ဇွန်းနဲ့ကို ခွံ့ပြီး သေချာကျွေးတာ ခံနေရတာပဲ ….”

“ ကိုယ့်လူ … မင်းက နိုဗယ်တွေထဲကလို အရာရာပြီးပြည့်စုံနေတဲ့ ကောင်းကင်သားတော် မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်….”

ကြည့်ရှုသူများက ယူချီဟာ၏ ‘ ကံဆိုးမှု ‘ ကို ကြားတော့ သူတို့တွေ အလွန်အင်မတန် မနာလို ဖြစ်မိသွားကြသည်။

အကယ်၍ သူတို့တွင်သာ ယူချီဟာ၏ ကံကောင်းမှု တစ်ဝက်လောက်မျှသာ ရှိမည်ဆိုပါက ဘ၀တွင် အောင်မြင်ပြီးတာ ကြာပြီ ဖြစ်၏။

လှပစိတ်ရင်းကောင်းပြီး ချမ်းသာတဲ့ အမျိုးသမီးလေးတစ်ယောက်ကို လက်ထပ်ရင်း ဘဝရဲ့ အထွတ်အထိပ်ကိုပင် ရောက်ရှိနေလောက်ချေပြီ။

“ မင်း စိတ်ပူနေတာက မင်းဘဝကို နှောင့်ယှက်နေတဲ့ ကံတရားကိုပဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ ကောင်းလွန်းတဲ့ကံက မင်းကို ဘာမဆို ကြိုးစား အားထုတ်မှု မရှိစေဘဲ ရရှိစေတယ် ….”

ယူချီဟာက ဝမ်းနည်းစွာ ခွန်းတုံ့ပြန်လိုက်၏။ “ ငါ့ကိုယ်ငါ မကြွားသလိုနဲ့ ကြွားသလို ဖြစ်နေမှန်း သိတယ် … ဒါပေမယ့် ငါ တကယ်ကြီး လုံလောက်နေပြီ … “

“ အဲ့ ကံဆိုးမှုက ငါ့ကို တခြားလူတွေ သူတို့ တစ်သက်လုံး ကြိုးစားလို့တောင် မရနိုင်တဲ့ အောင်မြင်မှုတွေကို ဘာမဟုတ်တဲ့အတိုင်း ယူလာပေးတယ် …”

“ ဒါပေမယ့် ငါ မလိုချင်ဘူး …”

“ ငါ့ဘာငါပဲ ကြိုးစားချင်တယ် … ငါ့ ကိုယ်ပိုင် ဘဝလေးနဲ့ပဲ ငါနေချင်တယ် …”

ယူချီဟာ၏ အသံက ငိုကြွေးတော့မည့်နှယ် ဖြစ်နေခဲ့သည်။

ကိုယ်တိုင် တွေ့ကြုံခံစားဖူးမှပဲ အင်မတန် ကောင်းလွန်းသည့်ကံက မည်မျှ ဒုက္ခရောက်လှကြောင်းကို နားလည်ပေးနိုင်လိမ့်မည်။

သူ အပြင်ထွက်သည့်အခါတိုင်း ကောင်းခြင်း အမျိုးမျိုးနှင့် ကြုံတွေ့ရ၏။

သူ ဂိမ်းဆော့ပြန်လျှင်လည်း ရန်သူဘက်က အချိန်ပြည့်တာနဲ့ ချက်ချင်း အရှုံးပေးသွားတတ်သည်။ မဟုတ်လျှင်လည်း ကပေါက်တိ ကပေါက်ချာတွေ ဆော့ကစားပြီး အမှားပေါင်းစုံကို ကျူးလွန်နေတတ်၏။

ကွန်ပျူတာနှင့် ကစားသည်ကမှ ပိုပြီး ခက်ခဲလိမ့်ဦးမည်ဟု ထင်သည်။

သူ အွန်လိုင်း ဝက်ဘ်ဆိုဒ်သို့သွားပြီး လူကြီးပစ္စည်းတစ်ချို့ ဝယ်ယူသည့်အခါ၌လည်း ဂျက်ပေါ့ပေါက်ပြီး သူ့နာမည်က ဝက်ဘ်ဆိုဒ်တစ်ခုလုံးတွင် စာတန်းထိုးထား၏။ အင်မတန် ရှက်ဖွယ်လိလိပင်။

“ ငါ ဒီကံဆိုးမှုကြီးကို ဖျောက်ပစ်ဖို့ ဘာလုပ်သင့်လဲ ဒေါက်တာချန် ….” ယူချီဟာက ဝမ်းနည်းကြေကွဲစွာ မေး၏။

“ ငါက ဒီတိုင်း သာမန်လူပဲ ဖြစ်ချင်တာပါ …”

“ သာမန်လူတွေလိုမျိုး ကိုယ့်ရဲ့ ကြိုးစားမှုပေါ် မူတည်ပြီး အောင်မြင်မှုတွေ ရလာတာကို လိုချင်တယ် ….”

ထိုအချိန်၌ လှောင်ပြောင်ထေ့ငေါ့သည့် ကွန်းမန့်များ ပေးပို့နေကြသည့် ကြည့်ရှုသူ အရေအတွက်မှာ တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သည်။

သေချာ ဂရုတစိုက်နှင့် စဉ်းစားကြည့်မည်ဆိုပါက … အကယ်၍ သူတို့တွင်လည်း ယူချီဟာကဲ့သို့ ယုတ္တိမတန် ကံကောင်းမှုမျိုး ရှိနေခဲ့လျှင် စစချင်းတော့ သူတို့လည်း အင်မတန် ပျော်ရွှင် ဝမ်းသာမိကြလိမ့်မည်။ သို့ပါသော်လည်း ထိုကောင်းလွန်းသည့်ကံက သူတို့ရဲ့ သာမန် လူနေမှုဘဝလေးကိုပါ နှောင့်ယှက်လာခဲ့မည်ဆိုလျှင်တော့ ယူချီဟာလိုပဲ တူညီသည့် နာကျင်မှုကို ခံစားရနိုင်လေသည်။

ကံကောင်းမှုဆိုသည်က ကောင်းသည့် အရာတစ်ခုပင်။

သို့သော် အနှီ ကံကောင်းမှုက မိမိ၏ နေ့စဉ်ဘဝအပေါ် ပြင်းထန်သည့် အကျိုးသက်ရောက်မှုတို့ ရှိလာလျှင် ကံကောင်းသည်ဟု‌ ခေါ်ဆိုနိုင်တော့မှာ မဟုတ်ချေ။

“ မင်းရဲ့ အခြေအနေက အတော်လေး ထူးခြားတဲ့ ကေ့စ်တစ်ခုပဲ ….”

“ တစ်စုံတစ်ယောက်ရဲ့ စေတနာက ဝေဒနာဖြစ်လာတယ်လို့ ပြောလို့ရတယ် …”

ချန်ယွီ့က ညင်သာစွာပြုံးလျက် သူ့ရောဂါ အခြေအနေကို ရှင်းပြလာသည်။

“ တစ်စုံတစ်ယောက်ရဲ့ စေတနာက ဝေဒနာ ဖြစ်လာတယ် ဟုတ်လား ….”

ယူချီဟာ နားရှုပ်သွားပြီး မေးလိုက်၏။ “ ရှင်းအောင် ပြောပါလား ဒေါက်တာချန် … ဒီရဲ့ ကံကောင်းမှုက ဘယ်လိုလုပ် တစ်စုံတစ်ယောက်ရဲ့ စေတနာ ဖြစ်ရမှာလဲ …”

“ မင်းရဲ့ မွေးရပ်မြေက တုန်းပေကမလား …”

ချန်ယွီ့ မေးလိုက်သည်။

“ ဟုတ်တယ် ….”

ယူချီဟာ မစဉ်းစားဘဲ ဖြေလိုက်၏။

“ မင်းရဲ့ ဘိုးဘွားတွေက မင်း အသက်ရှစ်နှစ်အရွယ်မှာ ဆုံးသွားခဲ့တယ်နော်….”

ယူချီဟာ‌ ခေါင်းညိတ်တော့မည့် ဆဲဆဲမှာပဲ တစ်စုံတစ်ရာကို ရုတ်ချည်း တွေးတောမိသွားခဲ့သည်။

“ ဒေါက်တာချန် … ငါ့ရဲ့ ဒီကံကောင်းမှုတွေက ဘိုးဘွားတွေ ကောင်းချီးပေးတာလို့ ပြောချင်တာလား ….”

“ မင်းရဲ့ ဘိုးဘွားတွေနဲ့ တစ်နည်းနည်းနဲ့တော့ သက်ဆိုင်တယ် … ဒါပေမယ့် လုံးဝကြီးတော့ မဟုတ်ဘူး ….” ချန်ယွီ့ ပြုံးလျက် စကားဆက်၏။ “ ဒီ ကံကောင်းမှုကို ကောင်းချီးပေးတဲ့ကောင်ကလည်း အရူးပဲ …”

“ သူက သူ့ အထက်ကြီးအကဲတွေ စီစဉ်ပေးတဲ့ တာဝန်ကို ပြီးမြောက်ဖို့ပဲ အာရုံစိုက်တယ် … လက်တွေ့ကျတဲ့ ပြဿနာကိုတော့ မစဉ်းစားခဲ့ဘူး …”

All Chapters