← Chapters

ရေကူးပြီးတော့သာ ပြန်ပေတော့

Vol. 42 Ch. 616

ရေကူးပြီးတော့သာ ပြန်ပေတော့

Vol. 42 Ch. 616

"ဒီရက်ပိုင်း ပင်းပင်းရဲ့စိတ်အခြေအနေရော ကောင်းရဲ့လား"

"တော်တော်လေးသက်သာသွားပြီ"

လုရီယောင်က ပြန်ဖြေလိုက်သည်။

"ကြီးကြီးမားမားထိခိုက်တာမျိုး မရှိပေမဲ့ စိတ်ထိခိုက်သွားလို့ ဒီရက်ပိုင်း အိပ်မက်ဆိုးတွေမက်နေတာ။ ကောင်းကောင်းအိပ်ပျော်အောင် ဆေးအကူအညီယူနေရတယ်"

လုရီယောင်က ထပ်ဖြည့်ပြောလိုက်ပြန်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါနဲ့ ရော့ရော့ သူ့ကို ဆေးခန်းလိုက်ပြသေးတယ်။ ဆရာဝန်ပြောတာတော့ အဲဒီဆေးက အရမ်းထူးခြားတယ်တဲ့"

"ဘယ်လိုထူးခြားတာလဲ"

"အဲဒီဆေးက လူတစ်ယောက်ရဲ့အာရုံကြောတွေကို ထုံထိုင်းသွားစေပြီး ဘာမှပြန်မခုခံနိုင်အောင် လုပ်ပေးတယ်ဆိုပေမဲ့ အသိစိတ်ကတော့ အရမ်းကို ရှင်းလင်းပြတ်သားသွားတယ်တဲ့။ ကိုယ့်ခန္ဓာကိုယ်ကို သူများက လုယူသွားပေမဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အကုန်ကွက်ကွက်ကွင်းကွင်းမြင်နေရသလိုမျိုးပဲ"

"လူယုတ်မာ"

ကျန်းမုန့်လောင်လည်း ထပ်ဆဲလိုက်မိသည်။ ဟော့ပုဖန်၏လုပ်ရပ်က လူကျင့်ဝတ်ကို ဆန့်ကျင်သောလုပ်ရပ်များပင်။

"ဟုန်းရီ"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ငါ့အရင်းအမြစ်တွေကိုသုံးပြီး ဒီဆေးရဲ့ဇစ်မြစ်ကို ရှာလိုက်။ အဲဒီနေရာတစ်ခုလုံးကို ပိတ်ပစ်ရအောင် လုပ်ပစ်မယ်"

"ဟုတ်ကဲ့ မစ္စတာကျန်း"

ဟုန်းရီက ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စသေးသေးမွှားမွှားလေးများက သူ(မ)အတွက်တော့ အလွန်လွယ်ကူလှသည်။

"အခု ဟော့ပုဖန်ဘက်က ဘယ်လိုအခြေအနေရှိလဲ"

ကျန်းမုန့်လောင်လည်း ဆက်မေးလိုက်သည်။

သူ့နာမည်အောက်က ကုမ္ပဏီတွေအကုန်လုံးကို စာရင်းဖျက်ပြီးသွားပါပြီ။ သူ့ပိုင်ဆိုင်မှုတော်တော်များများကိုလည်း ပြည်ပကိုလွှဲပြီးသွားပြီ။ ဒေဝါလီငွေစာရင်းရှင်းပြီးတဲ့နောက်မှာ ၅.၇ဘီလီယံလောက် ကျန်ပါသေးတယ်။ သူကတော့ အခု ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်"

"ငါးဘီလီယံကျန်သေးတာလား"

ကျန်းမုန့်လောင်ခမျာ တအံ့တဩရေရွတ်လိုက်မိသည်။

"ဘရန်းတွေဆီက လျော်ကြေးကြောင့် သူ ဒေဝါလီမခံလိုက်ရဘူးလား"

"မစ္စတာကျန်းကတော့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ဟော့ပုဖန်က ကောက်ကျစ်ယုတ်မာပေမဲ့ အခွန်အခကိုတော့ အပြည့်ချေပါတယ်"

ဟုန်းရီက ဆို၏။

"အရင်တုန်းက သူ့ပိုင်ဆိုင်မှုစုစုပေါင်းက ၂၀ဘီလီယံ ၃၀ဘီလီယံလောက်ရှိမယ်လို့ ခန့်မှန်းရပေမဲ့ တကယ်တမ်းကျတော့ ၄၀ဘီလီယံနီးနီးရှိပါတယ်"

"အဲဒီလောက်တောင်လား"

"ဟုတ်ပါတယ် မစ္စတာကျန်း… လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကြော်ငြာတွေနဲ့ ရသစုံရှိုးတွေကို ရိုက်ထားတာတွေက တစ်ဘီလီယံစီကျော်ပါတယ်။ ရသစုံရှိုးတစ်ခု ရိုက်ကူးရင်တောင် သူ့ဝင်ငွေက သန်းရှစ်ဆယ်လောက်အထိ ဝင်နေတာပါ"

"ပိုက်ဆံဝင်ဖို့ သိပ်လွယ်တာပဲ"

ကျန်းမုန့်လောင်မှာ မှတ်ချက်ချလိုက်မိသည်။

"နိုင်ငံ့တိုးတက်ရေးအတွက် ကောင်းကျိုးပြုနေတဲ့လူတွေကျတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး သင်တန်းကြော်ငြာရင် ပညာရှင်မပီသဘူးဆိုပြီး ဆဲဆိုခံခဲ့ရတယ်။ ကိုယ့်မိန်းမကို ဆေးကုပေးဖို့တောင် ပိုက်ဆံမတတ်နိုင်တဲ့ ပညာရှင်တွေရဲ့ ခံစားချက်ကိုကျတော့ ဘယ်သူမှမငဲ့ကြဘူး။ ဒီလိုဆန်ကုန်မြေလေးကိုကျတော့ ဘာလို့ မဝေဖန်တာလဲ"

"ဒီပိုက်ဆံတွေကိုရပြီးတဲ့နောက် သူက တခြားအနုပညာရှင်တွေလိုမျိုး ဇိမ်ခံကားတွေ အိမ်တွေကို မဝယ်ခဲ့ဘဲ ကျွမ်းကျင်တဲ့ ဘဏ္ဌာရေးအဖွဲ့ကိုငှားရမ်းပြီး စီမံခိုင်းခဲ့တာ၊။ တည်ငြိမ်တဲ့လမ်းကြောင်းအတိုင်း သွားနေပေမဲ့ နှစ်ပေါင်းများစွာကြာလာတော့ အဲဒီငွေတွေက တစ်နှစ်ကို အမြတ်နှစ်ဆယ်ရာခိုင်နှုန်းနဲ့ ပြန်ရနေတော့ ပိုင်ဆိုင်မှုကလည်း နှစ်ဆလောက်ဖြစ်လာပါတယ်"

"အဲဒါကြောင့် လျော်ကြေးငွေအများကြီးပေးပြီးတာတောင် ပိုက်ဆံတွေအများကြီး ကျန်နေသေးတာကိုး"

"ရဲတွေက ဒီကိစ္စကို မဖြေရှင်းဘူးလား"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။ အွန်လိုင်းအသုံးပြုသူများက သက်ဆိုင်ရာဌာနများကို Tagတွဲပြီး တိုင်ကြားထားသဖြင့် တာဝန်ရှိသူများကလည်း အသေးစိတ်စစ်ဆေးနေကြပြီဖြစ်၏။ နစ်နာသူများကိုယ်တိုင် ရဲရဲဝံ့ဝံ့ရှေ့ထွက်ပြီး ပူးပေါင်းဆောင်ရွက်နေသည်ဖြစ်ရာ အခြေအနေမတိုးတက်စရာ အကြောင်းမရှိချေ။

"ဒါက နိုင်ငံသားကိစ္စလည်း ပါဝင်ပတ်သက်နေလို့ပါ"

ဟုန်းရီက ရှင်းပြလိုက်သည်။

"ဟော့ပုဖန်က ဟွာရှားနိုင်ငံမှာ ဒီလိုအမှုမျိုးတွေကို ကျူးလွန်ခဲ့တာမှန်ပေမဲ့ ကျွန်မတို့မှာ ပြည်တွင်းပြစ်မှုတွေကို ကိုင်တွယ်ပိုင်ခွင့်ရှိရင်တောင် ဟော့ပုဖန်က ဟိုဘက်မှာလည်း အဆက်အသွယ်တော်တော်များများ ရှိပုံရတယ်။ နှစ်ဖက်စလုံး ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်မှာ ဟော့ပုဖန်ကို ဗီဇာသက်တမ်းကုန်ရင် ကယ်လီဖိုးနီးယားကို ပြန်ပို့ပြီး အဲဒီနောက်ပိုင်းတော့ သက်ဆိုင်ရာဌာနတွေကပဲ ကိုင်တွယ်တော့မှာပါ"

"ဒီကောင်က အခွင့်ထူးခံလူတန်းစားပဲ။ ငါတို့က သူ့ကို ထိလို့မရဘူးပေါ့"

ကျန်းမုန့်လောင်က နှာခေါင်းရှုံ့လိုက်မိတော့သည်။

"ဟုတ်ပါတယ်။ ကယ်လီဖိုးနီးယားဘက်က ဘာမှအရေးမယူဘူးဆိုရင်တော့ သက်ဆိုင်ရာစည်းမျဉ်းအရ ကျွန်မတို့ဘက်က အရေးယူလို့ရပါတယ်။ ဒါပေမဲ့ အခု သူတို့ဘက်က ဝင်ပါလာတော့ ရှေ့ဆက်တိုးဖို့မလွယ်ပါဘူး"

"သူ ကယ်လီဖိုးနီးယားကို ရောက်သွားတာနဲ့ ဘာဆက်ဖြစ်မယ်လို့ ထင်လဲ"

ကျန်းမုန့်လောင် မေးကြည့်လိုက်၏။

"ကျွန်မ ဟော့ပုဖန်ရဲ့နောက်ခံရာဇဝင်ကို စုံစမ်းပြီးပါပြီ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ သူ့ဆွေမျိုးတော်တော်များများကလည်း ရာထူးအကြီးပိုင်းတွေကို ယူထားကြပါတယ်။ အဲဒီအဆက်အသွယ်တွေကတစ်ဆင့် ပြစ်ဒဏ်ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြီးသွားလောက်တယ်။ ပြီးတော့ ဟော့ပုဖန်က နိုင်ငံတကာမှာ အရမ်းနာမည်ကြီးတော့ ဟွာရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ ပြဿနာတွေက နိုင်ငံခြားမှာ သူ့ဂုဏ်သတင်းကို ထိခိုက်မှာမဟုတ်ပါဘူး"

"သေစမ်း"

ကျန်းမုန့်လောင် ဒေါသတကြီး ရေရွတ်လိုက်မိသည်။

"ဒီလိုဆိုရင် သူ့ကို ပြန်လွှတ်လိုက်လို့မဖြစ်ဘူး"

"မစ္စတာကျန်း.. အဲဒီလိုလုပ်လို့မဖြစ်ပါဘူး"

ဟုန်းရီက ဆို၏။

"ပြည်နှင်ဒဏ်ပေးတဲ့ကိစ္စကို ကျွန်မတို့ ဝင်စွက်ဖက်လို့မရဘူးလေ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့ပြည်နှင်ဒဏ်ကိစ္စကို ငါ ဝင်စွက်ဖက်မယ်လို့ ဘယ်သူကပြောလို့လဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။

"ကယ်လီဖိုးနီးယားကိုပြန်ဖို့ လေယာဉ်စီးရမှာမဟုတ်လား။ သူသာ လေယာဉ်လက်မှတ်ဝယ်မရလို့ အိမ်မပြန်နိုင်ဘူးဆိုရင် ငါ့ကို အပြစ်လာတင်လို့မရဘူးလေ"

"မစ္စတာကျန်း.. လေယာဉ်လက်မှတ်ရောင်းတဲ့ကိစ္စမှာ ကျွန်မတို့ ဝင်တားလို့မရဘူးလေ။ လေကြောင်းလိုင်းတွေကိုလည်း ဟော့ပုဖန်ကို လက်မှတ်ရောင်းမပေးဖို့ ပြောလို့မှမရတာ"

"အင်း ငါသိတယ်"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"ရောင်းတာမရောင်းတာက လေကြောင်းလိုင်းရဲ့ကိစ္စ။ ဝယ်လို့ရမရဆိုတာကတော့ ဟော့ပုဖန်ရဲ့ ပြဿနာဖြစ်သွားပြီမလား"

ကျန်းမုန့်လောင်နှင့် လုရီယောင်လည်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

"နင့်ခေါင်းထဲမှာ မကောင်းတဲ့အကြံတွေက အမြဲ တစ်ခုပြီးတစ်ခုထွက်လာတာပဲနော်"

"ဟားဟား သာမန်ပါပဲ။ ကမ္ဘာ့တတိယအဆင့်ပဲရှိတာပါ"

...

"ဘာ? လက်မှတ်တွေအကုန် ရောင်းကုန်သွားပြီ ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အရောင်းဖွင့်တာနဲ့ တန်းဝယ်တာလေ။ လူသွားလူလာများတဲ့နေရာလည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ချက်ချင်းကုန်သွားရတာလဲ"

"ငါ့မှာ အရေးတကြီးသွားရမဲ့ စီးပွားရေးဆွေးနွေးပွဲတစ်ခုရှိတယ်။ အဲဒါကိုသာ လွဲသွားရင် ကုမ္ပဏီဘက်က အကြီးအကျယ်ဆုံးရှုံးရမှာ"

"ဘာ? ဒီလိုအရေးမပါတဲ့နေရာအတွက်တောင် လက်မှတ်မကျန်တော့ဘူးလား။ ငါ့ကိုလာနောက်နေတာလား"

...

နောက်တစ်နေ့တွင် နိုင်ငံတွင်းရှိ လေကြောင်းလိုင်းများအားလုံးရှိ ဖုန်းလိုင်းများမှာ ပေါက်ကွဲတော့မတတ်ပင်။ ပြည်ပထွက်မည့် လေယာဉ်လက်မှတ်အားလုံး ရောင်းကုန်သွားချေပြီ။

လေကြောင်းလိုင်းများလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေပေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ခဏလေးအတွင်းမှာပင် လက်မှတ်အားလုံး ရောင်းကုန်သွားချေပြီ။ သို့သော် ဝယ်ယူသူများမှာ မတူညီသောနေရာများမှ မတူညီသောလူများပင်။

ဟက်ခ်ကင်းဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်Bugတစ်ခုဖြစ်လေသလားဟု တွေးစရာရှိသော်ငြား လေယာဉ်လက်မှတ်ဝယ်ယူရာတွင် နာမည်အစစ်နှင့် စာရင်းသွင်းရသည်။ သို့ဖြစ်လေရာ ဤမှတ်ပုံတင်များက ဘယ်ကရောက်လာလေသလဲ။

သို့သော် အဖွဲ့လိုက်ကြိုတင်ကြံစည်ခြင်းဆိုပါက လူဘယ်နှယောက်လောက် သုံးထားလေသလဲ။ ငွေဘယ်လောက်ကုန်လေမလဲ။

အရေးအကြီးဆုံးအချက်မှာ ဘာရည်ရွယ်ချက်နှင့် လုပ်ရလေသလဲ။ ဟွာရှားလူမျိုးများကို ပြည်ပမထွက်နိုင်အောင် တားဆီးခြင်းလေလား။

ဝယ်ယူမှုအားလုံးက တရားဝင်နေသဖြင့် လေကြောင်းလိုင်းများအနေနှင့် ဝယ်ယူသူများကို အမှန်အတိုင်းပြောရုံမှတစ်ပါး မတတ်နိုင်ချေ။ တစ်စုံတစ်ယောက်က လေယာဉ်လက်မှတ်ဝယ်ယူမှုကို ဖျက်သိမ်းခြင်း သို့မဟုတ် လက်မှတ်ပြန်လွှဲခြင်းတို့သာ မရှိပါက သူတို့လည်း နိုင်ငံခြားကိုထွက်ဖို့ လမ်းမမြင်ပေ။

လူတိုင်း စိတ်ပျက်ဒေါသထွက်နေကြချိန်မှာပင် ဝေးပေါ်ပို့စ်တစ်ခု တက်လာလေသည်။

"ပြည်ပထွက်ဖို့ လိုအပ်နေသူများအားလုံး အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတ်။ လက်မှတ်တွေကို မူရင်းဈေးထက် ၂၀ရာခိုင်နှုန်း လျှော့ပေးပါ့မယ်။ ဝယ်မယ့်လူက ဟော့ပုဖန်မဟုတ်ရင် ချက်ချင်းလွှဲပေးမှာပါ"

"သေစမ်း..မစ္စတာကျန်းရဲ့လက်ချက်လား"

"ငါနားလည်ပြီ။ ကယ်လီဖိုးနီးယားနိုင်ငံသား ဟော့ပုဖန်ကို ပြန်မရအောင်လုပ်နေတာ"

သိပ်မကြာခင်ကပင် ကျွမ်းကျင်သူများက ဟော့ပုဖန် ဘာဆက်ဖြစ်မလဲဆိုသည်ကို သုံးသပ်ပြခဲ့ကြသော်ငြား ရလဒ်ကား လူတိုင်းကို စိတ်ပျက်စေခဲ့သည်။ သူ့ဗီဇာသက်တမ်းကုန်သည်နှင့် သူ့နိုင်ငံကို ပြန်သွားပါက ပြည်တွင်းမှာ အပြစ်ပေးဖို့ ခက်ခဲသွားပြီဖြစ်၏။

ထင်မှတ်မထားပါဘဲ ဟော့ပုဖန်ကို တားဆီးဖို့အတွက် ကျန်းမုန့်လောင်က ယခုလိုအကွက်ရွှေ့လိုက်လေသည်။

လက်မှတ်ဝယ်ယူလိုသူများအတွက် နည်းနည်းဒုက္ခများသော်ငြား ၂၀ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ရာ ပိုက်ဆံစုဖို့အရေး မည်သူကများ မပျော်ဘဲရှိမည်နည်း။ ထို့ပြင် ကျန်းမုန့်လောင်က လုပ်ငန်းစဉ်အားလုံးကို ကိုင်တွယ်ရန်အတွက် လူစီစဉ်ပေးထားသည်ဖြစ်ရာ သူတို့အနေနှင့် မှတ်ပုံတင်နှင့် ပိုက်ဆံသာ လိုအပ်ပေသည်။ ကျန်တာဘာမှလုပ်စရာမလိုပေ။

အရေးအကြီးဆုံးအချက်မှာ ဤလုပ်ရပ်ကြောင့် ဟော့ပုဖန်တစ်ယောက် ဟွာရှားနိုင်ငံတွင် ပိတ်မိသွားပြီဖြစ်လေရာ အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။

လူတော်တော်များများက ဟော့ပုဖန်၏ဝေးပေါ်သို့ ကောမန့်များ သွားရေးကြသည်။

"မင်းကိုယ်မင်း ကယ်လီဖိုးနီးယားကဆိုပြီး သိပ်ကြီးကျယ်တယ်လို့ ထင်နေတာမလား။ အခု မင်း ဘယ်လိုပြန်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ဆိုရှယ်လစ်နိုင်ငံရဲ့ အပြစ်ပေးမှုကို ခံယူဖို့ စောင့်နေပေတော့ ကျက်သတုံးကောင်"

"မင်းတို့နိုင်ငံကိုပြန်ဖို့ လေယာဉ်စီးမှရမယ်လို့ ဘယ်သူကပြောလဲ။ ငါတို့ မင်းကို မတားပါဘူး။ ကယ်လီဖိုးနီးယားကို ရေကူးပြီးပြန်လေ"

*****************

All Chapters