← Chapters

မင်းက ငါ့ကို ဖိအားပေးခဲ့တာ

Vol. 42 Ch. 617

မင်းက ငါ့ကို ဖိအားပေးခဲ့တာ

Vol. 42 Ch. 617

"ဟားဟားဟား ရယ်သေတော့မှာပဲ။ ဥက္ကဋ္ဌကျန်းရဲ့အကွက်တွေက တစ်နေ့တစ်ခြား ပိုအထင်ကြီးဖို့ကောင်းလာတယ်ဟေ့။ ငါတော့ အံ့ဩနေပါပြီ"

"ဒီလောက်လက်မှတ်တွေအများကြီးကိုဝယ်ရင် ပိုက်ဆံဘယ်လောက်ကုန်လိုက်မလဲ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မင်းတို့တွေ စဉ်းစားကြည့်ကြ။ နေ့တိုင်း ပြည်ပကိုထွက်တဲ့လေယာဉ်တွေ ဘယ်နှစီးလောက်ရှိလဲ။ တစ်စီးမှာ လူဘယ်နှယောက်ဆံ့လဲ။ ပြီးတော့ ဒီလောက်များတဲ့လေကြောင်းတွေမှာ လက်မှတ်ဝယ်ဖို့အတွက် ဥက္ကဋ္ဌကျန်းက လူဘယ်နှယောက်တောင်လိုအပ်မှာလဲ"

"သေစမ်း။ စဉ်းစားလေလေ ပိုကြောက်ဖို့ကောင်းလေလေပဲ။ ဒါက ပိုက်ဆံရှိရုံနဲ့ လုပ်နိုင်တာတော့ မဟုတ်ဘူး"

"@ဟော့ပုဖန် ငါတို့က မင်းကို ခက်ခဲအောင်လုပ်နေတာ မဟုတ်ဘူးနော်။ ကယ်လီဖိုးနီးယားကို ကိုယ့်ဘာသာရေကူးပြီးပြန်လိုက်။ ဒါဆို ငါတို့ ဒီကိစ္စကို ရှေ့မဆက်တော့ဘူး"

"ဟားဟားဟား.. ကမ္ဘာတစ်ဝက်လောက်ကို အဲဒီအတိုင်းဖြတ်သွားလိုက်။ မင်း နောက်ထပ်ရသစုံရှိုးတစ်ခုလောက် ရိုက်လိုက်ပါလား။ ရသစုံရှိုးတစ်ခုအတွက် သန်းရှစ်ရာတောင်ရတာမလား။ ရေကူးပြနေရုံနဲ့ ရှစ်ရာဘီလီယံလောက် ရနိုင်တယ်နော်"

"ဒါကြီးက ကြမ်းလွန်းတယ်။ မစ္စတာကျန်းက တောင်ပေါ်က မျှစ်စို့တွေအကုန်လုံးကို အကုန်သိမ်းပစ်လိုက်ရင် ပန်ဒါတွေငတ်သေကုန်မှာပေါ့"

"တော်တော်ကြမ်းပေမဲ့ ငါကြိုက်တယ်"

...

အစပိုင်းမှာတော့ လူတိုင်းက ကျန်းမုန့်လောင်၏လုပ်ရပ်နှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ကြသော်လည်း တကယ်တမ်းတွင် သူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲဆိုသည်ကို သိလိုက်ရသည်နှင့် အားပေးသံများ ညံသွားလေသည်။

"ဘာကို၂၀ရာခိုင်နှုန်းလျှော့ဈေးလဲ။ မလိုချင်ဘူး။ အဲဒီလူ ဒုက္ခရောက်တာကိုသာ မြင်ရရင် ၂၀ရာခိုင်နှုန်းတောင် အပိုပေးလိုက်ဦးမယ်"

"လေယာဉ်နဲ့ပြန်မယ်ပေါ့လေ။ သူနဲ့တန်လို့လား။ ရေကူးပြီးတော့ပဲ ပြန်သင့်တာ"

"ရေကူးပြီးတော့သာ ပြန်ပေတော့။ ဒါဆို ငါတို့ခွင့်လွှတ်ပေးမယ်"

...

"ကျန်းမုန့်လောင် ဒီလူယုတ်မာ"

ဤသတင်းကို ကြားလိုက်ရချိန်ဝယ် ကျန်းမုန့်လောင်အပေါ်ထားသော ဟော့ပုဖန်၏အမုန်းတရားမှာ အထွတ်အထိပ်အထိ ရောက်သွားချေသည်။ ယခုလိုလုပ်ရပ်မျိုးအထိ လုပ်ရလောက်အောင် သူက ခွေးရူးမို့လို့လား။

သူ ဖုန်းခေါ်ကြည့်ခဲ့သော်လည်း နိုင်ငံထဲမှ ထွက်ခွာရန်ပြင်နေသော ဟော့ပုဖန်ဟု ကြားလိုက်သည်နှင့် တစ်ဖက်က ဖုန်းချသွားချေသည်။

ကယ်လီဖိုးနီးယားကိုပြန်မည့် လေယာဉ်လက်မှတ်သာမက ဘယ်လေယာဉ်လက်မှတ်ကိုမှ ဝယ်မရခဲ့သဖြင့် အဆက်အသွယ်ဖြင့် နိုင်ငံထဲသို့ ပြန်ဝင်မည့် အစီအစဉ်ကား ပျက်သွားလေသည်။

အကျယ်ချဲ့ရလျှင် သူ့အနေနှင့် ဘာမှပတ်သက်ဆက်နွှယ်မှုမရှိသော လူတချို့ကို လက်မှတ်ဝယ်ခိုင်းဖို့ ကြိုးစားခဲ့သည်။ လူနှစ်ဆင့်လောက်ခံလိုက်လျှင် လက်မှတ်ရောက်လာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သူ့လူများကသာ လက်မှတ်ကိုကိုင်ထားနိုင်လျှင် ထိုလက်မှတ်ကို သူ့လက်ထဲရောက်လာအောင် ကြိုးကိုင်၍ရနိုင်မည်ဟု တွေးထားခဲ့သည်။

သို့သော် ကျန်းမုန့်လောင်၏လူများက သူ့အိမ်မှာ စောင့်ကြည့်နေသည့်အလား ဟော့ပုဖန်စီစဉ်ထားသော လူတစ်ယောက်၏နာမည်ကို မြင်လိုက်သည်နှင့် သိကုန်ကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ထံသို့ တရားရုံးဆင့်ခေါ်စာ ရောက်လာသည်။ သတ်မှတ်ထားသည့်အချိန်အတွင်း ကယ်လီဖိုးနီးယားကို မပြန်နိုင်ခဲ့ပါက ဟွာရှားနိုင်ငံ၏ဥပဒေဖြင့် အရေးယူခံရပေတော့မည်။

သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် သက်သေအထောက်အထားများအရ မူးယစ်ဆေးဝါးအမှု၊ မုဒိမ်းမှုနှင့် အခြားအသေးစားကိစ္စများအပါအဝင် ယခင်တုန်းက သူကျူးလွန်ခဲ့ဖူးသည့် ကိစ္စများကိုပါ ပေါင်းလိုက်ပါက အကုန်ဖော်ထုတ်နိုင်ပြီဖြစ်ရာ သူ့အနာဂတ်လည်း ပျက်စီးရပြီသာ။

"အမေ.. ကျွန်တော့်အတွက် တစ်ခုခုကြံပေးပါဦး"

ဟော့ပုဖန်က သူ့ဘေးရှိ ကြော့မော့စွာဝတ်စားထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကိုကြည့်လိုက်မိသည်။

"ငါ မင်းအတွက် စဉ်းစားပေးနေတာပဲမဟုတ်လား"

ထိုအမျိုးသမီးကြီးက စိတ်မရှည်လက်မရှည် ဆိုလာလေသည်။

"မိန်းမတစ်ယောက်နဲ့အိပ်တာက ထားပါဦး။ မင်းက ကိုယ့်နောက်ကြောင်းကိုယ်တောင် ကောင်းကောင်းမရှင်းနိုင်ဘူး"

ထိုအမျိုးသမီးက ဖုန်းတစ်ခုခေါ်ဆိုပြီး စကားအနည်းငယ်ပြောဆိုပြီးနောက် သူ(မ)၏အမူအရာမှာ လေးနက်နေရာမှ စိတ်သက်သာရာရသွားချေသည်။

"ကောင်းပြီ။ ငါ့အဆက်အသွယ်တွေဆီကတစ်ဆင့် အကူအညီတောင်းထားတယ်။ မင်းကိုကယ်ထုတ်ပေးဖို့ လူတစ်ယောက်စီစဉ်ထားတယ်။ ကြားနာစစ်ဆေးမယ့်နေ့မတိုင်ခင် ကယ်လီဖိုးနီးယားမှာရှိတဲ့ လူတစ်ယောက်က မင်းကို လေယာဉ်စင်းလုံးငှားပြီး လာခေါ်လိမ့်မယ်။ ကျန်းမုန့်လောင်က ချမ်းသာပြီး အာဏာရှိတယ်ဆိုရင်တောင် အစိုးရလေယာဉ်ကိုတော့ မတားနိုင်လောက်ဘူးမလား"

"အမေ.. အမေက ကိစ္စတွေကို သေချာကိုင်တွယ်တတ်သားပဲ"

...

"ဘာ? သူ လွတ်သွားပြီ ဟုတ်လား"

ဤသတင်းကိုရသောအခါ ကျန်းမုန့်လောင် ဒေါသထွက်သွားသည်။

"သူ့ကို တစ်ယောက်ယောက်က လက်မှတ်ရောင်းလိုက်တာလား"

"မဟုတ်ပါဘူး မစ္စတာကျန်း.. ဟော့ပုဖန်က ကယ်လီဖိုးနီးယားက အရာရှိတွေကိုဆက်သွယ်ထားလို့ သူတို့ကပဲ သူ့ကို လေယာဉ်နဲ့ ပြန်ခေါ်သွားတာပါ"

"အဲဒီဘက်က စီရင်ချက်ကရော"

"ဒီသက်သေခံချက်တွေက ဟွာရှားနိုင်ငံဘက်က သက်သေတွေဖြစ်ပြီး ခိုင်လုံတဲ့အထောက်အထားမရှိတဲ့အတွက် စွဲချက်က အတည်မဖြစ်ဘူးတဲ့"

"အဲဒီစီရင်ချက်ကို ဘယ်သူချတာလဲ"

"ကယ်လီဖိုးနီးယားတရားရုံးချုပ်ရဲ့ဥက္ကဋ္ဌပါ"

ဟုန်းရီက ဆိုသည်။

"ဒီလူက ဟော့ပုဖန်ရဲ့အဖေဆီက ထောက်ပံ့မှုကို ရခဲ့တာလေ။ သူ့အဖေက ကယ်လီဖိုးနီးယားမှာ ရာထူးအကြီးပိုင်းကို ကိုင်ထားပြီး သူ့အမေက နိုင်ငံပိုင်လုပ်ငန်းစုတစ်ခုမှာ ဩဇာညောင်းတဲ့လူတစ်ယောက်ပါ။ သူက ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ဆိုလည်း ဟုတ်သလို နိုင်ငံရေးမျိုးဆက်ဆိုလည်း ဟုတ်ပါတယ်"

"ကောင်းတယ်။ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်က သုံးကြိမ်ဆက်တိုက် ပြောလိုက်လေသည်။

"ကယ်လီဖိုးနီးယား ဟုတ်လား"

"အမေရိကန်ဒေါ်လာ၁၀ထရီလီယံကိုပြင်ထားလိုက်။ ငါ ကယ်လီဖိုးနီးယားရဲ့ငွေကြေးဈေးကွက်ကို ဖောက်ခွဲပစ်ချင်တယ်"

ကျန်းမုန့်လောင်က လက်မြှောက်၍ အော်ပြောလိုက်သည်။ သူတို့ကများ သူ့ကို လာကျောရသလား။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းမဟုတ်ပါလား။

"မစ္စတာကျန်း တကယ်တော့ ကယ်လီဖိုးနီးယားရဲ့စီးပွားရေးကို ဖျက်ဆီးဖို့အတွက် အဲဒီလိုနည်းလမ်းတွေကို သုံးနေစရာမလိုပါဘူး"

ဟုန်းရီက အပြုံးလေးနှင့် ပြောလာလေသည်။

"သူတို့ရဲ့ငွေကြေးဈေးကွက်က သိပ်လှုပ်ရှားတက်ကြွမှုမရှိပါဘူး။ ဘဏ္ဍာရေးအရ ပြိုလဲဖို့ဆိုရင် နှေးကောင်းနှေးနိုင်ပါတယ်"

"ဒါဆို ငါ ဘာလုပ်ရမလဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"ဈေးကွက်ကိုအသုံးချရမှာပါ"

ဟုန်းရီကလည်း ပြောပြလိုက်သည်။

ကယ်လီဖိုးနီးယားက အရမ်းထူးခြားတဲ့နိုင်ငံတစ်နိုင်ငံပါ။ သူတို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံခြားကို မှီခိုနေရပါတယ်။ ပြီးတော့ ဒီနိုင်ငံရဲ့အကြွေးက တော်တော်များပါတယ်။ လူတစ်ဦးချင်းဝင်ငွေ တစ်ဒေါ်လာမှာ အကြွေးက ၁.၇၉အမေရိကန်ဒေါ်လာ တိုးလာနေတာပါ။ လူဦးရေ၅၃ရာခိုင်နှုန်းက ပုဂ္ဂိုလ်ရေးအရ ဒေဝါလီခံရမဲ့အခြေအနေကို ရောက်လုနီးပါးပါပဲ"

"အာ.. ငါ နားမလည်ဘူး"

ကျန်းမုန့်လောင်က စီးပွားရေးအကြောင်း သင်ယူထားသူမဟုတ်သည့်အတွက် အခြေခံဗဟုသုတမရှိဘဲ နားလည်ရန် ခက်ခဲလှသည်။

"ရှင်းရှင်းပြောရရင် ရှင်သာ သူတို့နိုင်ငံထဲက နိုင်ငံခြားလုပ်ငန်းတွေကို ရုပ်သိမ်းလိုက်ရင် ပြည်တွင်းဘဏ်အတိုးနှုန်းတွေက ထိုးတက်လာလိမ့်မယ်။ အဲဒီလိုကနေ လုပ်ငန်းစုတွေနဲ့ လူတွေလည်း ဒေဝါလီခံရပြီး တစ်နိုင်ငံလုံးပြိုလဲသွားမှာပါ"

ဟုန်းရီက ဆက်ပြောလေသည်။

"ကပ်ရောဂါရဲ့သက်ရောက်မှုကြောင့် ဟွာရှားလုပ်ငန်းရှင်တော်တော်များများက ကယ်လီဖိုးနီးယားကနေ ဆုတ်ခွာခဲ့ပါတယ်။ အဲဒီကာလအတွင်း နိုင်ငံတွင်းအတိုးနှုန်းက တစ်ပွိုင့်ကျော်ထိုးတက်သွားပြီး လူသန်းပေါင်းများစွာ ဒေဝါလီခံခဲ့ရတယ်"

"ဒီအတိုးနှုန်းနည်းနည်းလေးက ဒီလောက်အထိအစွမ်းထက်တာလား"

"ဟုတ်ပါတယ် မစ္စတာကျန်း"

ဟုန်းရီက ပြောလိုက်၏။

"ဈေးကွက်စွမ်းအားကို ဘယ်တော့မှလျှော့မတွက်သင့်ဘူး"

"ငါဂရုမစိုက်ဘူး။ ဆက်သာလုပ်လိုက်။ ငွေပဲဖြစ်ဖြစ် အရင်းအမြစ်ပဲဖြစ်ဖြစ် အကုန်ထုတ်သုံး။ သူတို့တွေ ပြန်ပေးဆပ်ရတာကိုပဲ ငါမြင်ချင်တယ်"

"ဟုတ်ကဲ့ မစ္စတာကျန်း"

...

"ထန်ဟွေ့လုပ်ငန်းစုက ကယ်လီဖိုးနီးယားဈေးကွက်မှ ထွက်ခွာကြောင်း ကြေညာလိုက်ပါတယ်"

"ဟွာရှားစက်ရုံ၁၂၇ခုကလည်း ကယ်လီဖိုးနီးယားစက်မှုလုပ်ငန်းမှ တစ်ပြိုင်တည်းထွက်ခွာသွားပါတယ်"

"ဟွာရှားအဆင့်မြင့်လုပ်ငန်းစု၅၆ခုက ကယ်လီဖိုးနီးယားမှ ထွက်ခွာသွားပါပြီ"

တစ်ပတ်အတွင်းမှာပင် ဘာဖြစ်သွားသလဲဆိုသည်ကို မည်သူမှမသိကြသော်ငြား ကယ်လီဖိုးနီးယား၏ ပင်မစီးပွားရေးကဏ္ဍများ ပြိုလဲသွားခဲ့သည်။

ကယ်လီဖိုးနီးယား၏ စီးပွားရေးက အိမ်ခြံမြေလုပ်ငန်း၊ ထုတ်လုပ်ရေးနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများကို မှီခိုနေရပြီး ထူးခြားလှသော ပထဝီဝင်အနေအထားနှင့် အခြားဝိသေသလက္ခဏာများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုသာ မှီခိုနေခဲ့ရသည်။ ဤရင်းနှီးမြှုပ်နှံမှုများကို ရုတ်တရက်ပြန်ရုပ်သိမ်းသွားသောအခါ နိုင်ငံ၏စီးပွားရေးကလည်း အပြင်းအထန်ထိုးနှက်ခံရတော့သည်။

"တစ်ပတ်အတွင်း ကယ်လီဖိုးနီးယားဘဏ်တွေက အတိုးနှုန်းကို သုံးဆတိုးမြှင့်ခဲ့ပြီး စုစုပေါင်း၂ရာခိုင်နှုန်း တိုးသွားခဲ့ပါတယ်။ အစိုးရကလည်း ဝင်ရောက်ဖြေရှင်းနေပေမဲ့ အရာမထင်ပါဘူး"

"ညတွင်းချင်း ကယ်လီဖိုးနီးယားမှာရှိတဲ့ လူသန်းပေါင်းများစွာ ဒေဝါလီခံသွားကြရပါတယ်။ တိကျတဲ့အကြောင်းအရင်းက ဘာလဲ"

"ဟွာရှားလုပ်ငန်းစုတွေအများကြီးက ကယ်လီဖိုးနီးယားကနေ ဘာလို့စွန့်ခွာသွားရတာလဲ"

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်လှသော ပြောင်းလဲမှုများမှာ ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးပညာရှင်များကို အာရုံစိုက်လာစေသည်။

ကယ်လီဖိုးနီးယား၏အဆင့်မြင့်အရာရှိများလည်း ဖရိုဖရဲဖြစ်နေပြီး ပြည်သူများ အစုလိုက်အပြုံလိုက်ဒေဝါလီခံနေရသဖြင့် သူတို့၏အခြေအနေကို အလွန်ခက်ခဲစေခဲ့သည်။ ဤမျှကြီးမားလှသော နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးက တစ်ပတ်အတွင်း ပျက်စီးသွားခြင်းကို လက်ခံနိုင်ရန် ခက်ခဲလှသည်။

တစ်နေ့တာအတွက် လုပ်ငန်းတာဝန်များကို လက်စသတ်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးမိုအန်းမှာ ညနက်သည်အထိ မအိပ်နိုင်ပေ။ ဤတစ်ပတ်လုံးလုံး သူ လုံးဝပင်ပန်းခဲ့ရသည်။ ယနေ့လည်း ခက်ခက်ခဲခဲကြိုးစားပြီးမှ အတိုးနှုန်းတိုးတက်မှုကို ၂ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဤလမ်းကြောင်းကို မထိန်းချုပ်နိုင်လျှင် ဘဏ်အတိုးနှုန်းများက မနက်ဖြန်တွင် ဆက်လက်မြင့်တက်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။

ဟွာရှားလုပ်ငန်းစုများ ဘာကြောင့်ရုပ်သိမ်းသွားသလဲဆိုသည်ကို အဖြေရှာရန်အတွက် သူတို့နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်ငြား မည်သူကမှ အဖြေမပေးခဲ့ကြပေ။

ထိုအချိန်မှာပင် ထူးခြားဆန်းကြယ်လှသော ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာလေသည်။

"မင်္ဂလာပါ ဝန်ကြီးမိုအန်း.. လုပ်ငန်းစုတွေအများကြီး ခင်ဗျားတို့နိုင်ငံထဲက ဘာလို့ထွက်ခွာသွားလဲဆိုတာကို သိချင်နေတာမလား"

"ခင်ဗျားက ဘယ်သူလဲ။ ဒီကိစ္စမှာ ခင်ဗျားပါဝင်ပတ်သက်နေတာလား"

ဖုန်းတစ်ဖက်ရှိ လူငယ်ဆန်သော အသံတစ်သံကို မိုအန်း ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားရသည်။

"ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ လုပ်ငန်းစုတွေလေ။ ကမ္ဘာပေါ်မှာရှိတဲ့ လူဘယ်နှယောက်ကများ အဲဒီလုပ်ငန်းစုတွေကို လှုပ်ရှားလာအောင် အသာလေးလုပ်နိုင်မယ်လို့ ခင်ဗျားထင်လို့လဲ"

"ခင်ဗျားက ကျန်းမုန့်လောင်လား"

မိုအန်း၏စိတ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်က ထင်းခနဲပေါ်လာသည်။

"ခင်ဗျားခန့်မှန်းတာ မှန်တယ်။ ဒါပေမဲ့ ဘာဆုမှတော့မရှိဘူး"

"ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ"

မိုအန်းက အံတင်းတင်းကြိတ်၍ မေးလိုက်လေသည်။

"ကျုပ်တို့နိုင်ငံက မစ္စတာကျန်းကို ဘာအပြစ်မှမလုပ်ထားပါဘူးနော် ဟုတ်တယ်မလား"

"လုံးဝတော့မဟုတ်ဘူး"

ကျန်းမုန့်လောင်က ရယ်မောလျက်‌ ပြောလိုက်လေသည်။

"ဒီကိစ္စကိုလုပ်ဖြစ်သွားအောင် ခင်ဗျားတို့နိုင်ငံက ကျုပ်ကို ဖိအားပေးခဲ့တာပဲ"

*******************

All Chapters