← Chapters

ရီထျန်းဂိုဏ်းပြန်လာခြင်း

Vol. 42 Ch. 620

ရီထျန်းဂိုဏ်းပြန်လာခြင်း

Vol. 42 Ch. 620

အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် နန်ဟယ်မြို့လယ်ခေါင်တွင် ရေလျှံနေပြီး ယာဉ်အမြောက်အများလည်း ရေထဲတွင် ပိတ်မိနေသည်။ အင်ဂျင်များမှာ ရေထဲတွင် အကြာကြီးနစ်နေသည့်အတွက် အပြင်းအထန်ပျက်စီးကုန်ပြီဖြစ်၏။ သို့သော် မိုးရေချိန်ပမာဏမှာ မြို့၏ရေထုတ်နိုင်စွမ်းထက် များစွာကျော်လွန်နေဆဲပင်။

ကယ်ဆယ်ရေးဝန်ထမ်းများမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးကြိုးစားလုပ်ကိုင်နေကြသော်လည်း ဒုက္ခသည်အရေအတွက်က အလွန်များပြားလွန်းလှသည်။ လမ်းကြိုလမ်းကြားများ၊ လမ်းမများ၊ လူနေရပ်ကွက်များနှင့် စက်ရုံများမှာ ကယ်ဆယ်ရေးများကို စောင့်မျှော်နေကြသည်။

ဘတ်စ်ကားတစ်စီးထဲတွင် ရေမျက်နှာပြင်က ခရီးသည်များ၏ရင်ဘတ်နားအထိ ရောက်နေပြီး ကားခေါင်မိုးနှင့် ခေါင်းတစ်လုံးစာမျှသာ ကွာတော့သည်။ ကလေးငယ်များကို လူကြီးများက ပွေ့ချီထားရပြီး အသက်ကိုတောင် မနည်းရှူနေရသည့်အခြေအနေပင်။

ခရီးသည်များအားလုံးမှာ တည်ငြိမ်အောင် ကြိုးစားနေကြသော်ငြား ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော အအေးဓာတ်က နှလုံးသားထိတိုင် ခိုက်ခိုက်တုန်စေသည်။

ဘတ်စ်ကားထဲကထွက်ပြီး ဘေးလွတ်ရာသို့ မပြေးကြဘူးလားဟု အချို့ကတော့ မေးကြလိမ့်မည်။ ဤသည်မှာ သူတို့ကိုယ်သူတို့ ပိတ်လှောင်ထားသလို ဖြစ်မနေဘူးလား။

ကမ်းရိုးတန်းဒေသများနှင့် ကျွန်းမြို့များနှင့် မတူသည်မှာ နန်ဟယ်မြို့တော်က ကုန်းတွင်းပိုင်းမြို့တော်ဖြစ်သောကြောင့် ရေကူးတတ်သူကား အလွန်နည်းပါးလှသည်။ ထို့ပြင် အပြင်ဘက်ရှိ မုန်တိုင်းများနှင့် လေပြင်းများကြောင့် ရေစီးကြောင်းကလည်း အလွန်ပြင်းထန်သည်။

ကျွမ်းကျင်သော ရေကူးသမားများပင် ဤမျှလှိုင်းလေထန်သော ရေပြင်မျိုးတွင် လွတ်လွတ်လပ်လပ်ကူးခတ်နိုင်ရန် မလွယ်ကူပေ။ ကုန်းတွင်းပိုင်းတွင် နေထိုင်ကြသော သာမန်လူများဆိုလျှင် ပြောနေဖွယ်ရာပင် မရှိတော့ချေ။

သူတို့သာ ဘတ်စ်ကားထဲက ချက်ချင်းထွက်သွားလိုက်ပါက ပို၍ပင် အန္တရာယ်များနိုင်သည်။ ပြင်းထန်လှသော ရေစီးကြောင်းထဲတွင် ချွန်ထက်ထက်ပစ္စည်းများ ပါလာသလားဆိုသည်ကိုလည်း မည်သူမှမသိနိုင်သလို ဘယ်လိုလေးလံလှသော ပစ္စည်းများ မျောပါလာမလားဆိုသည်ကိုလည်း မသိနိုင်ချေ။

"ဝမ်ဝမ်… ငါတို့ ဒီနေရာမှာ သေရတော့မှာလား"

မိန်းကလေးနှစ်ယောက်က ဘတ်စ်ကား၏ လက်ကိုင်တန်းကို ကိုင်ထားရင်း အအေးဒဏ်ကြောင့် နှုတ်ခမ်းများ ပြာနှမ်းနေပြီး စကားများပင် အတုန်တုန်အယင်ယင်ဖြစ်နေချေသည်။

"စိတ်မပူပါနဲ့။ မသေပါဘူး။ အခုလောလောဆယ် အခြေအနေက ဆိုးဝါးနေပေမဲ့ ငါတို့က လူသူဝေးတဲ့နေရာမှာ ရှိနေတာမှမဟုတ်တာ။ ပြီးတော့ ဘတ်စ်ကားပေါ်က လူတစ်ယောက်ကလည်း ရဲကို ဖုန်းဆက်ထားတယ်လေ။ ငါတို့ကို မကြာခင် လာကယ်တော့မှာပါ"

ဝမ်ဝမ်က သူ(မ)ကိုယ်တိုင်လည်း အခြေအနေမကောင်းလှသော်ငြား နှစ်သိမ့်လိုက်သည်။ ယနေ့ကား သူ(မ)၏အထူးနေ့ဖြစ်သဖြင့် ညစ်ပတ်လှသောရေထဲတွင် အကြာကြီးနေနေရသည့်အတွက် နေမထိထိုင်မသာဖြစ်နေချေသည်။ ရောဂါပိုးဝင်သွားနိုင်သည်ဟု လဏ္ခဏာပြနေသော ပြင်းထန်လှသည့် နာကျင်မှုတစ်ခုကလည်း ရှိနေသေးသည်။

သို့သော် သူ(မ)၏သူငယ်ချင်းကို အားပေးရန်အတွက် နာကျင်နေသည့်ကြားက ပြုံးနေဆဲပင်။

"ကျွီ"

ရုတ်ခြည်းပင် ဘတ်စ်ကားဆီမှ ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကားတစ်စီးလုံး အပြင်းအထန်ယမ်းခါသွားသည်။

"အား"

ဘတ်စ်ကားပေါ်ရှိ လူများလည်း အော်ဟစ်လိုက်ကြသည်။

လက်ရှိရေမျက်နှာပြင်ကား ဘတ်စ်ကား၏အမြင့်လောက်ရှိနေပေသည်။ လူတိုင်းက မတ်တတ်ရပ်လျက်သား အနေအထားတွင် ရှိနေသည်ဖြစ်ရာ ဘေးဘက်ကို လဲကျသွားခဲ့လျှင် အနေအထားကို အလိုက်သင့်ပြောင်းလဲရန် မဖြစ်နိုင်ချေ။ အထိတ်တလန့်လည်း ဖြစ်သွားသေးသဖြင့် ကားသာ လဲကျသွားမည်ဆိုလျှင် ခရီးသည်အမြောက်အများ ရေထဲတွင် အသက်ဆုံးရှုံးသွားနိုင်သည်။

သို့သော် သူတို့ပတ်ပတ်လည်ရှိ ရေမျက်နှာပြင်ကား လျော့ကျသွားကြောင်း သတိထားမိလိုက်သည်။

မဟုတ်ပေ။ ရေမျက်နှာပြင်ကျသွားခြင်းမဟုတ်။ ဘတ်စ်ကားက အပေါ်သို့ တက်သွားခြင်းပင်။ ကားက အရှေ့ကိုလည်း တဖြည်းဖြည်းရွေ့လာသေးသည်။

"အောက်မှာ တစ်ခုခုရှိနေတာလား"

"ငါတို့ကို တစ်ယောက်ယောက်လာကယ်တာလား"

ခရီးသည်များမှာ ကပ်ဘေးကြီးတစ်ခုမှ လွတ်မြောက်လာသူများပမာ စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်ကြလေသည်။

မလှမ်းမကမ်းရှိ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်တွင် လူငယ်တစ်ယောက်က လက်ကို အဆက်မပြတ်ဝှေ့ယမ်းလှုပ်ရှားနေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တိုင်း သူ့အကြည့်လားရာနေရာရှိ ကားတစ်စီးက ရေထဲမှ ဆွဲထုတ်ခံရပြီး လုံခြုံရာနေရာအမြင့်တစ်ခုဆီသို့ ရွေ့လျားသွားသည်။

"အမလေး.. ဒီလိုသတ္တုတွေအများကြီးကို တစ်ပြိုင်တည်းထိန်းချုပ်ရရင် မက်ဂနက်တိုတောင် ပင်ပန်းနေမှာ"

ထိုလူငယ်လေးက မုန့်တစ်ချောင်းကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်ရင်း ရေရွတ်လိုက်သည်။

သူက နားကြပ်ကို နှိပ်လိုက်၏။

"ကျိုးခယ်ရှီ.. ငါတော့ ဒီလမ်းကို ရှာလို့ဖွေလို့ပြီးတော့မယ်။ မင်းရော"

"ငါလည်း ပြီးခါနီးပြီ။ လူနေတိုက်ခန်းပထမထပ်မှာ ပိတ်မိနေတဲ့ အဘိုးကြီးတစ်ယောက်လည်းရှိတယ်။ ငါ အခု အဲဒီကိုသွားနေတယ်။ အဲဒီအဘိုးရဲ့အသက်ဓာတ်က ရှိနေတုန်းပဲဆိုတော့ ဘာပြဿနာမှမရှိလောက်ပါဘူး"

"မင်းရော ကုဝမ်… မင်းဘက်မှာ အခြေအနေဘယ်လိုရှိလဲ"

"မြေအောက်ရထားဘူတာဘက်က အခြေအနေဆိုးတယ်။ ရေမျက်နှာပြင်က မြေအောက်ရထားအထက်တောင် ရောက်နေပြီ။ ငါတို့ ရထားတွဲတွေကို သယ်နေတာ။ လူတွေထပ်လိုသေးတယ်"

"မပူနဲ့။ စိတ်စွမ်းအင်အားကောင်းတဲ့ ညီအစ်ကိုတစ်ယောက်ကို မင်းတို့ကိုကူညီဖို့ လွှတ်လိုက်မယ်။ ရေတွေ စိမ့်မနေဘူးဆိုရင် အဆင်ပြေသွားမှာပါ"

...

ထိုကဲ့သို့သော သေရေးရှင်ရေးအခြေအနေတွင် နန်ဟယ်မြို့ထဲ၌ ထူးခြားဆန်းကြယ်လှသော အင်အားစုကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ တချို့က ရထားတွဲများနှင့် မြေအောက်ရထားများကို သယ်ထုတ်နေကြပြီး တချို့ကမူ သတ္တုထိန်းချုပ်ခြင်းနှင့် စိတ်စွမ်းအင်တို့ကို သုံးနေကြသည်။ ထို့နောက် လူအမြောက်အများကို လုံခြုံရာနေရာသို့ ပြောင်းရွှေ့ပေးလိုက်ကြသည်။

အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများလည်း ကြောင်အကုန်ကြပြီး ထိုလူများ ဘယ်လိုလွတ်မြောက်သွားသလဲဆိုသည်ကို မေးမြန်းကြည့်သော်ငြား ကာယကံရှင်များပင် ဘယ်လိုဖြစ်သွားမှန်း ရှင်းမပြနိုင်ကြပေ။

မီဒီယာများမှာ မတတ်သာသည့်အဆုံး "အရှေ့တိုင်း၏ ထူးခြားဆန်းကြယ်စွမ်းအား"ဟုသာ ဖော်ပြနိုင်ခဲ့သည်။

သို့သော် လျှို့ဝှက်ချက်က ဘယ်လောက်ခိုင်မာခိုင်မာ ပေါက်ကြားမှုကတော့ ရှိစမြဲသာ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများ ထိုကားများနှင့် ရထားများကို ကယ်တင်ပေးနေချိန်မှာ ဒုက္ခသည်များနှင့် သူတို့အကြားတွင် မှန်ပြတင်းတစ်ချပ်မှသာ ခြားပေသည်။

တစ်ခါတစ်ရံတွင် သူတို့ကိုယ်တိုင်လည်း မတတ်သာသည့်အဆုံး ကိုယ့်ကိုယ်ကိုယ်ထုတ်ဖော်ပြသကြရသည်။ အထူးသဖြင့် ဒဏ်ရာရနေသည့်တိုင် သတိရှိနေဆဲဖြစ်သော လူများကို ကယ်တင်ချိန်မျိုးပင်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ ကယ်ဆယ်ရေးသမားတွေ ပေါ်လာပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ လူငယ်အမျိုးသားတစ်ယောက်က ကားတံခါးကို သူ့လက်နဲ့ ဆွဲဖွင့်ပြီး အထဲက လူတွေကို ကယ်ခဲ့ပါတယ်တဲ့။ ပြီးတော့ အဲဒီလူငယ်က သူ့ကိုယ်သူ ရီထျန်းဂိုဏ်းရဲ့' ကြေပြားခွာစတား'လို့ မိတ်ဆက်သွားတယ်လို့ သိရပါတယ်"

"လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က မြေအောက်မာကျောက်ဝိုင်းတစ်ခုကို အပြေးရောက်ချလာပြီး လူ၁၄ယောက်ကို ကယ်သွားပါတယ်။ အဲဒီလူငယ်လေးက သူ့ကိုယ်သူ ရီထျန်းဂိုဏ်းရဲ့ လောင်းကစားနတ်ဘုရားကောင်းကျင်း"လို့ ပြောသွားပါတယ်"

"လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က လျှပ်စစ်မီးပြတ်တောက်နေတဲ့ ဆေးရုံခွဲစိတ်ခန်းထဲကိုဝင်လာပြီး အရမ်းရှုပ်ထွေးတဲ့ ခွဲစိတ်မှုနှစ်ခုကို အောင်မြင်အောင် လုပ်ပေးသွားပြီးတဲ့နောက် သူ့ကိုယ်သူ ရီထျန်းဂိုဏ်းရဲ့ 'ရင်ဘတ်ပြားငှက်ကလေး'လို့ ပြောသွားပါတယ်"

"လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က မြေအောက်ရထားဘူတာရုံထဲကနေ ရထားတွဲတစ်တွဲထမ်းပြီး ထွက်လာတာကို လူတစ်ယောက်က ဗီဒီယိုရိုက်မိထားခဲ့ပါတယ်"

"ရီထျန်းဂိုဏ်းကပါလို့ပြောနေတဲ့ ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့က ပေါက်ကွဲကောင်းကင်ဂိုဏ်းနဲ့ ဘာပတ်သက်မှုရှိလို့လဲ"

...

အလားတူ လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်များမှာ နန်ဟယ်မြို့၏ နေရာအနှံ့အပြားတွင် ပေါ်လာကြသည်။ ပြည်သူများမှာလည်း အစပိုင်းတုန်းက ထိတ်လန့်သွားကြသော်ငြား နောက်ပိုင်းမှာမူ တည်ငြိမ်သွားကြပြီး သူတို့ ရှိနေသောကြောင့် ဝမ်းသာအားရပင် ဖြစ်သွားကြသည်။

သို့သော် ဤလူများ၏ဖြစ်တည်မှုအတွက် ဖြေရှင်းချက်တစ်ခုခုတော့ ရှိရပေမည်။ လူတစ်ယောက် ကားတံခါးကို လက်ဗလာနှင့် ဆွဲခွာပစ်နိုင်သည်ဆိုခြင်းမှာ ယုံချင်စရာကောင်းသေးသော်လည်း အတားအဆီးဖြတ်ကျော်သည့် အပြေးအားကစားလုပ်ရင်း လူပေါင်းများစွာပါသော မြေအောက်ရထားတွဲကိုထမ်းသွားသည်မှာမူ ယုံချင်ဖွယ်ရာမရှိပေ။

သက်ဆိုင်ရာအာဏာပိုင်များလည်း ရွေးချယ်စရာမရှိတော့သည့်အဆုံး လျှို့ဝှက်ဆန်းကြယ်သော ဤပုဂ္ဂိုလ်များမှာ နိုင်ငံတော်က အထူးလေ့ကျင့်ပေးထားသည့် ထိပ်တန်းအဆင့် စစ်သားများဖြစ်ကြောင်း၊ အရေအတွက်နည်းပါးပြီး နိုင်ငံ့အပေါ် လုံးဝသစ္စာရှိသူများဖြစ်ကြောင်းနှင့် ပြည်သူများ စိတ်အေးအေးထားကြဖို့ ချက်ချင်းထုတ်ပြန်ပေးခဲ့ရသည်။

"ဘာတွေဖြစ်ကုန်တာလဲ။ ဒီစွမ်းအားရှင်တွေက ဘယ်ကရောက်လာတာလဲ""

အထူးစစ်ဆင်ရေးအဖွဲ့၏ ဌာနချုပ်ရှိ အကြီးအကဲများမှာ လုံးဝဇဝေဇဝါဖြစ်ကုန်သည်။ ကယ်ဆယ်ရေးတွင် ကူညီရန်အတွက် စိတ်စွမ်းအားရှင်များကို သူတို့ဘက်က စေလွှတ်ထားသည်မှာတော့ အမှန်ပင်။

သို့သော် သူတို့အဖွဲ့ အင်အားစုစည်းနေချိန်မှာပင် ထိုလူများက ရုတ်တရက်ရောက်လာကြခြင်းဖြစ်၏။ ခန့်မှန်းခြေအရေအတွက်မှာ ရာဂဏန်းလောက်တော့ရှိသည်။ နိုင်ငံထဲရှိ စိတ်စွမ်းအားရှင်အားလုံးမှာ သူတို့ထံတွင် စာရင်းသွင်းထားပြီး အထူးစစ်ဆင်ရေးအုပ်စုထဲသို့ အတင်းအကျပ်ဝင်ခိုင်းထားခြင်းပင် မဟုတ်လော။ အသက်ကြီးလွန်း၍ မလှုပ်ရှားနိုင်သူများကိုတောင် အထူးတလည်စောင့်ကြည့်ခိုင်းထားသည်ဖြစ်ရာ သူတို့လည်း မလှုပ်ရှားခဲ့ကြပေ။

"ရီထျန်းဂိုဏ်းလား"

အထူးစစ်ဆင်ရေးအဖွဲ့၏ ခေါင်းဆောင်းမုန့်ထျန်းဟယ်က "သိုင်းနတ်ဘုရား"ဟု လူသိများသော သူ့သူငယ်ချင်း က ကျန်းမုန့်လောင်ဟုခေါ်သည့် လူငယ်လေးတစ်ယောက်က တည်ထောင်ထားသော "ရီထျန်းဂိုဏ်း"အကြောင်း ပြောပြဖူးသည်ကို အမှတ်ရလိုက်၏။ ဤလူများက ရီထျန်းဂိုဏ်းသားတွေလား။

လေးလံလှသော ရထားတွဲများကို သယ်နိုင်ရန်အတွက်ဆိုလျှင် ဤလူများသည် အနည်းဆုံးတော့ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ် စိတ်စွမ်းအားရှင်များ ဖြစ်နေရပေမည်။

ဘာတွေဖြစ်ကုန်တာလဲ?

သို့သော် ယခုကား ထိုမေးခွန်းများ မေးနေရမည့်အချိန်မဟုတ်ပေ။ မြို့ကား အလွန်ကြီးမားလှသည်။ လူအမြောက်အများကလည်း ပိတ်မိနေကြသည်။ ဤလူများ၏ အကူအညီကို ရနေသည့်တိုင် အခြေအနေက ခက်ခဲနေဆဲပင်။

"လုံရှားအထူးစစ်ဆင်ရေးအဖွဲ့ ထွက်ခွာမယ်။ ရီထျန်းဂိုဏ်းနဲ့ ပဋိပက္ခမဖြစ်စေနဲ့"

"ခေါင်းဆောင်.. ရီထျန်းဂိုဏ်းက ဆိုးဝါးတဲ့ အရပ်ဘက်အဖွဲ့အစည်းလား။ ကျွန်တော်တို့ စုံစမ်းကြည့်ပြီး ပြဿနာတစ်ခုခုရှိရင် သူတို့ကို ဖြိုခွင်းလိုက်ရမလား"

"သူတို့ကို ဖြိုခွင်းမယ်တဲ့လား။ သူတို့ကို ဖြိုခွင်းမယ်ပေါ့"

မုန့်ထျန်းဟယ်ခမျာ ထိုလူ့ကို ခေါင်းသုံးချက်လောက် ရိုက်ချလိုက်၏။

"မှတ်ထား။ ငါတို့လုံရှားအထူးတပ်ဖွဲ့တွေက ရီထျန်းဂိုဏ်းနဲ့ ပြဿနာသွားတက်လို့မရဘူး။ တကယ်လို့ ဖြိုခွင်းခံရမဲ့လူရှိခဲ့ရင်လည်း သူတို့ကသာ ငါတို့ကို ဖြိုခွင်းပစ်မှာ"

"မဖြစ်နိုင်တာ"

လုံရှားအဖွဲ့ဝင်များမှာ မယုံကြည်နိုင်လေဟန် အမူအရာများ ဖြစ်သွားကြသည်။

"သံသယမဝင်နဲ့နော်"

မန်ထျန်းဟယ်က လေးလေးနက်နက် ပြောလိုက်သည်။

"သိုင်းနတ်ဘုရား ထျန်းယွမ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အကြောင်းအရင်းက ရီထျန်းဂိုဏ်းရဲ့ တည်ထောင်သူက ရှေးဟောင်းပြဒါးရှင်လုံးတစ်လုံးကို ပေးခဲ့လို့ပဲ။ မင်းတို့ထဲက တစ်ယောက်ယောက်သာ ရီထျန်းဂိုဏ်းကို သွားရန်စရဲရင် မင်းတို့ခေါင်းကို ငါ အရင်လိမ်ချိုးပစ်မယ်"

***************

All Chapters