← Chapters

မင်းတို့တွေက ဟိုဘက်မှာသွားတူးကြ

Vol. 42 Ch. 627

မင်းတို့တွေက ဟိုဘက်မှာသွားတူးကြ

Vol. 42 Ch. 627

လူတချို့က ဒိုရယ်လာမိသားစုကို မသိကြသော်ငြား‌ ရော့စ်ချိုင်းမိသားစုကတော့ လူတိုင်း၏နားထဲမှာ စွဲနေသော နာမည်တစ်ခုပင်။

ဒဏ္ဍာရီများထဲတွင် ရော့စ်ချိုင်းမိသားစုမှာ ပုံပြင်ဆန်သောမိသားစုတစ်စုပင်။ သူတို့က ကမ္ဘာပေါ်တွင် နက်ရှိုင်းစွာအမြစ်တွယ်ထားပြီး အချမ်းသာဆုံးမိသားစုဖြစ်ကာ ဥရောပတစ်ခွင်တွင် မယိမ်းမယိုင်တည်ရှိနေသည်ဟုလည်း ဆိုကြသည်။

ထိုသို့သောမိသားစုတစ်ခုက အံ့အားသင့်ဖို့ကောင်းစွာပင် သူတို့ကိုယ်သူတို့ ဟွာရှားနိုင်ငံရှိ ကျန်းမိသားစု၏ အစေခံများဖြစ်ကြောင်း ယခုလိုပုံစံမျိုးဖြင့် လူသိရှင်ကြားကြေညာလိုက်သည်။

"အစေခံဆိုရင်လည်း ခပ်လျှိုလျှိုလေးနေလို့မရဘူးလား။ ဒီအခြေအနေက ဂုဏ်ယူစရာများရှိလို့လား။ ကိုယ့်ကိုယ်ကိုယ် အစေခံဖြစ်ကြောင်း လူတိုင်းကို အသည်းအသန်ပြောပြချင်နေရတာလဲ။ မင်းတို့မှာ သိက္ခာလေးတောင် မရှိကြတော့ဘူးလား"

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ ဟွာရှားနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းဖြစ်သည့် ထန်ဟွေ့လုပ်ငန်းစုကလည်း သူတို့၏မျိုးနွယ်စုအမှတ်တံဆိပ်ကို ပြည်တွင်းနှင့် နိုင်ငံတကာဆိုရှယ်ပလက်ဖောင်းများတွင် လူသိရှင်ကြားထုတ်ဖော်ခဲ့သည်။

ဒိုရယ်လာမိသားစုကဲ့သို့ပင် သူတို့တွင်လည်း ကျန်းမိသားစု၏ လက်အောက်ခံအင်အားစုဟူသော အဆင့်အတန်းကို ဖော်ပြသည့် အနီရောင်အမှတ်တံဆိပ်တစ်ခုရှိပြီး ထိုအဆင့်အတန်းမှာ ရော့စ်ချိုင်းမိသားစုထက်ပင် ပိုသာနေသေးသည်။

သူတို့နှင့်အတူ ရော့ခ်ဖယ်လာမိသားစု၏ ဂိုဏ်းခေါင်းဆောင်ကလည်း ရွှေရောင်အမှတ်တံဆိပ်ကို ဝေမျှခဲ့သည်။ မျိုးဆက်ခြောက်ဆက်တိုင်အောင် အမွေလက်ဆင့်ကမ်းခဲ့သော ဤလူချမ်းသာမိသားစုက ယခုအချိန်တွင်သူ သူတို့ကိုယ်သူတို့ ကျန်းမိသားစု၏ လက်အောက်ခံမိသားစုတစ်ခုဖြစ်ကြောင်း ဝန်ခံလိုက်သည်။

သို့တိုင် အံ့ဩစရာများက မဆုံးသေးပေ။ မိသားစုများနှင့် လုပ်ငန်းစုကြီးများမှာ ထိုအမှတ်တံဆိပ်များကို မျှဝေလာကြပြီး တချို့က ရွှေရောင်ဖြစ်ပြီး အနည်းစုကမူ အနီရောင်ဖြစ်သည်။

ဥရောပ၊ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်များတွင် လူရှိသည့်နေရာတိုင်း၌ ကျန်းမုန့်လောင်၏ လက်အောက်ခံအင်အားစုများနှင့် အစေခံများကို မြင်နေရသည်။ သူတို့က နေရာတိုင်းတွင် ပျံ့နှံ့နေသည့်အလားပင်။

"ပြောကြစမ်းပါဦး။ တိတ်တိတ်လေးနေရုံနဲ့ မင်းတို့တွေက ကျန်းမိသားစုရဲ့ လက်အောက်ခံအင်အားစုနဲ့ အစေခံတွေဖြစ်ကြောင်း ဝန်ခံနေတာလား"

"ဓာတ်ပုံတစ်ပုံတည်းတင်ပြီး ဘာကိုဆိုလိုချင်တာလဲ။ မင်းတို့တွေအားလုံး အကုန်ကြပြီလား"

လူမှုကွန်ရက်ပေါ်ရှိ လူအမြောက်အများက အရူးအမူးမေးခွန်းထုတ်ကြတော့သည်။ ထိုအချိန်မှသာ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားသည်ဟု သိရသည့် ရော့စ်ချိုင်းမိသားစု၏ မိသားစုခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလာသည်။

"ဟွာရှားနိုင်ငံက ကြီးကျယ်မြင့်မြတ်တဲ့ ကျန်းမိသားစုရဲ့ အစေခံဖြစ်ခွင့်ရတာဟာ ကျွန်တော်တို့ရော့စ်ချိုင်းမိသားစုရဲ့ အကြီးမြတ်ဆုံးဂုဏ်သရေပါပဲ"

"ဝိုး"

ဤမက်ဆေ့ချ်မှာ ဗုံးတစ်လုံးအလား ပေါက်ကွဲသွားသည်။ ရော့စ်ချိုင်းမိသားစုက ကျန်းမိသားစုနှင့် သူတို့ကြားရှိ ဆက်နွှယ်မှုကို ဝန်ခံလိုက်ပေသည်။ သူတို့က ကျန်းမိသားစု၏ အစေခံဖြစ်ရခြင်းကိုပင် ဂုဏ်ယူနေကြသည်။ ဤသည်မှာ ဘယ်လိုကမ္ဘာကြီးလဲ။

ကျန်းမုန့်‌လောင်၏ လက်အောက်ခံမိသားစုနှင့် မျိုးနွယ်စုများမှာ စုစုပေါင်း မိသားစု၁၂ခုနှင့် အစေခံများမှာ အယောက်တစ်ရာကျော်ရှိကြောင်း လူတစ်ယောက်က စာရင်းပြုစုထားသည်။

နိုင်ငံတကာဩဇာလွှမ်းမိုးမှု သို့မဟုတ် ဒေသဆိုင်ရာတားဆီးနိုင်စွမ်းများအကြောင်း ထည့်မပြောဘဲ ပိုင်ဆိုင်မှုများကိုသာ အခြေခံမည်ဆိုလျှင် ကျန်းမုန့်လောင်၏ လက်အောက်ခံအင်အားစုဖြစ်နိုင်ရန်အတွက် ပိုင်ဆိုင်မှုတန်ဖိုး တစ်ထရီလီယံထက်မနည်း ရှိနေဖို့လိုအပ်သည်။

တစ်ထရီလီယံတဲ့လား။ ဤသည်မှာ သာမန်လူများ တစ်သက်လုံးကြိုးစားလျှင်ပင် မရနိုင်သော ပန်းတိုင်တစ်ခုဖြစ်ပြီး ကျန်းမိသားစု၏ အစေခံများအတွက်တော့ အခြေခံသတ်မှတ်ချက်တစ်ခုမျှသာ ဖြစ်နေချေသည်။

ဤသတင်းကို ကြားသောအခါ ချင်းချိုးလူမျိုးများမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲကုန်သည်။

သူတို့၏နှစ်ပေါင်းငါးထောင်ကျော် သမိုင်းကြောင်းအတွက် ဂုဏ်ယူဝင့်ကြွားမှုနှင့် အချိန်တိုတောင်းလှသော သမိုင်းကြောင်းမှ လွတ်မြောက်ရန်အတွက် အသုံးပြုချင်ခဲ့သည့် လောင်းကြေးကား ယခုအချိန်မှာတော့ အလွန်တရာတန်ဖိုးနည်းသွားခဲ့သည်။

"နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းတဲ့လား။ ဟုတ်တယ်။ တော်တော်အထင်ကြီးဖို့ကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ မင်းတို့တွေက အစေခံတွေဖြစ်နေတုန်းပဲမဟုတ်လား။ မင်းတို့သခင်က အသက်ရှင်နေသေးတယ်လေ။ မင်းတို့က ခမ်းနားထည်ဝါခဲ့တဲ့ အတိတ်ကို ဘာအခွင့်အရေးနဲ့ ကြွားလုံးထုတ်နေတာလဲ"

အစေခံမိသားစုများ ဖြစ်ကြသော်ငြား အခြားလူများကတော့ အားကောင်းလှသော မိသားစုအခွဲပေါင်းများစွာကို ပိုင်ဆိုင်ထားသေးသည်။ သို့သော် သူတို့ကရော ဘယ်လိုအခြေအနေရှိသလဲ။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက မီးတောင်ပြာများဖြင့် မြေကြီးအောက်တွင် မြှုပ်နှံခံခဲ့ရသည်။ သူတို့သာ တကယ်အရည်အချင်းရှိလျှင် ကျန်းမိသားစုကဲ့သို့ ယခုအချိန်အထိ ဆက်လက်တည်တံ့နေဦးမည်သာ။ ဤသည်မှာ ရှက်စရာမကောင်းပေဘူးလား။

"ဟားဟားဟား ငါ ရယ်သေတော့မယ်။ အနှစ်ငါးထောင်ကျော်တဲ့သက်တမ်းတဲ့လား။ အထင်ကြီးဖို့ကောင်းပါပေ့"

"ဟုတ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ မင်းတို့တွေ ဘိုးဘွားကန်တော့ပွဲလုပ်ထားတာမဟုတ်ဘူးလား။ အခု မင်းတို့ရဲ့ဘိုးဘေးကို မြင်နေရပြီလေ။ တစ်ခုခုမပြောသင့်ဘူးလား"

"အာ.. ကျေးဇူးမသိတတ်တဲ့ မျိုးဆက်ပါလား။ သူတို့ဘိုးဘေးတွေရဲ့သခင်ကိုတောင် အသရေဖျက်ရဲတယ်။ ဒါက ကိုယ့်ဘိုးဘေးကိုယ်ပြန်သတ်တာနဲ့ အတူတူပဲ။ သူတို့သာသိရင် အုတ်ဂူထဲကနေတောင် ထလာချင်နေတော့မှာမဟုတ်ဘူးလား"

"ဟားဟား.. မင်းတို့တွေက တော်တော်ပြဿနာရှာတတ်ကြတာပဲ။ သူတို့က ဘယ်သူတွေလဲဆိုတာကိုတောင် မရှင်းပြဘဲ ဘိုးဘွားကန်တော့ပွဲလုပ်ခဲ့ကြတာ။ အခုတော့ မရှက်ဘူးလား။ သခင်ကျန်းကို မင်းတို့ရဲ့အရှင်သခင်လို့ ခေါ်လိုက်ကြတော့"

...

လွန်ခဲသည့်ရက်အနည်းငယ်အတွင်း ဟွာရှားနိုင်ငံရှိ အင်တာနက်အသုံးပြုသူများမှာ အလွန်ခံရခက်ခဲ့သည်။ လူတိုင်းက ကြီးမြတ်သော ရှေးဟောင်းမျိုးနွယ်စုလေးခုဟူသော ဘွဲ့ထူးကို လုယူနေကြသည်ဖြစ်ရာ မည်သူကမှ ထိုအချက်ကို လက်မခံနိုင်ကြပေ။

သို့သော် သူတို့ ဘာမှမလုပ်နိုင်ခဲ့ကြချေ။ ကမ္ဘာတစ်ဝှမ်းရှိ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်များကလည်း ဤရှေးဟောင်းအမွေအနှစ်က လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ထောင်နီးပါးက ထွက်ပေါ်လာခဲ့သော ပစ္စည်းဖြစ်ကြောင်း ပူးပေါင်းအတည်ပြုခဲ့ကြသည်။ ၎င်းမှာ ရှေးဟောင်းမျိုးနွယ်စုများထဲတွင် ပထမအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူတို့အနေနှင့် ဒေါသထွက်နေသော်ငြား ရှောင်လွှဲရန်လည်း နည်းလမ်းမရှိခဲ့ပေ။

သို့သော် အခြေအနေက ယခုလိုကောင်းမွန်သွားခဲ့သည်။ နှစ်ပေါင်းငါးထောင်ကျော်သက်တမ်းရှိသော ဤလူမျိုးစု၏ တည်ထောင်သူမှာ ကျန်းမုန့်လောင်တို့ဘိုးဘေးများ၏ အစေခံတစ်ယောက်ဖြစ်နေပေသည်။ ကျန်းမုန့်လောင်က ဟွာရှားနိုင်ငံသား ဖြစ်လေရာ ဤရှေးဟောင်းနိုင်ငံမှာ ဟွာရှားလူမျိုးများ၏ အစေခံနိုင်ငံပင် မဟုတ်လော။

ချင်းချိုးလူမျိုးများအနေနှင့် ပြဿနာမရှာခဲ့လျှင်လည်း ကိစ္စမရှိချေ။ သို့သော် သူတို့က တစ်စုံတစ်ယောက်ကို သူတို့ဘိုးဘေးအဖြစ် အသိအမှတ်ပြုဖို့ အခိုင်အမာတောင်းဆိုခဲ့ကြပြီး ဘယ်အရာကမှလည်း သူတို့ကို မတားဆီးနိုင်ခဲ့ချေ။ ယခုမူ ရှက်စရာကောင်းလိုက်လေခြင်း။

ဤဆက်နွှယ်မှုက ယခုလိုအရှုပ်အထွေးများ ဖြစ်သွားသည့်အတွက် ချင်းချိုးလူမျိုးများက ဟွာရှားလူမျိုးများ၏ အစေခံများ ဖြစ်မသွားပေဘူးလား။

အခြေအနေပြောင်းလဲသွားခြင်းမှာ လေပွေတိုက်ခတ်သလို အလွန်မြန်ဆန်လွန်းလှသည်။ ဟွာရှားနိုင်ငံရှိ အင်တာနက်အသုံးပြုသူများမှာ အရူးအမူးရယ်မောနေကြတော့သည်။ တစ်စုံတစ်ယောက်က ကျွန်အဖြစ်အသိအမှတ်ပြုဖို့ အသည်းအသန်ဖြစ်နေခြင်းကို သူတို့ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။ နေရခက်လိုက်လေခြင်း။

သို့သော် မကြာခင်မှာပင် ချင်းချိုးလူမျိုးများက တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းအသစ်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။

"မင်းတို့ရဲ့အမှတ်တံဆိပ်က ငါတို့နဲ့ဆင်တယ်ဆိုတာတော့ မှန်ပေမဲ့ ငါတို့မှာ ကာဗွန်-၁၂ဒြပ်စင်စစ်ဆေးမှုအထောက်အထားရှိတယ်။ အဲဒါကလည်း နှစ်ပေါင်းခြောက်ထောင်နီးပါးရှိတဲ့ သမိုင်းကြောင်းဆိုတာကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတယ်"

"မင်းတို့က အမှတ်တံဆိပ်သုံးခုလေးကို ယူလာရုံနဲ့ပဲ မင်းတို့ဟာလို့ ပြောလို့ရရိုးလား"

ကျန်းမိသားစု၏ အမှတ်တံဆိပ်သုံးခုက ရှေးဟောင်းမျိုးနွယ်စုတစ်ခုမှ ဆင်းသက်လာသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းမုန့်လောင်ကိုယ်တိုင်ကလည်း ထိုမျိုးနွယ်စု၏ မျိုးဆက်တစ်ယောက်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင်တင်ပြခဲ့သော ကျန်အမှတ်တံဆိပ်နှစ်ခုက သူတို့ထက် ပိုရှေးကျသည်ဟု သက်သေပြနိုင်သည့် အထောက်အထားတစ်ခုမှမရှိသလို ဤအမှတ်တံဆိပ်သုံးခုက ကျန်းမိသားစု ဖန်တီးထားသည်ဟုလည်း သက်သေမပြနိုင်ချေ။

"အရှက်မရှိလိုက်တာ"

"သေစမ်း။ ဒီလူတွေက ဟာကွက်တစ်ခုကို အမြဲရှာတတ်တယ်"

တကယ်တော့ ဘယ်သူ့မှာမှ ငြင်းခုံနိုင်မည့် အခွင့်အရေးမျိုး မရှိခဲ့ချေ။ ယခုအချိန်တွင် ကျန်းမုန့်လောင်၏ မျိုးနွယ်စုအမှတ်တံဆိပ်သုံးခုအပြင် ကျန်းမိသားစု၏နာမည်များပါ တူးဖော်ရရှိခဲ့လျှင်တော့ တစ်မျိုးပင်။

မဟုတ်ပါက ချင်းချိုးလူမျိုးများက သူတို့သည် ကျန်းမိသားစု၏အစေခံများဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုရန်အတွက် ပေါက်ကရအကြောင်းပြချက်များကို ရှာလာကြပေဦးမည်။

စိတ်တိုချင်စရာကောင်းသော်လည်း သူတို့၏ငြင်းခုံမှုက သက်သေမပါချေ။ ထိုအမှတ်တံဆိပ်က နှစ်ပေါင်းငါးထောင်ကျော်သက်တမ်းရှိကြောင်း သက်သေပြနိုင်ရန် အထောက်အထားတစ်ခုခုလိုအပ်သည်။ သို့သော် ကျန်းမိသားစု၏ အမှတ်တံဆိပ်သုံးခုက မည်သည့်အချိန်တွင် စတင်ပေါ်ပေါက်ခဲ့သလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

ယခုနေ အခြားတစ်စုံတစ်ယောက်က ကျန်းမိသားစု၏ မျိုးနွယ်စုအမှတ်တံဆိပ်သုံးခုကို တင်ပြလာခဲ့လျှင် ချင်းချိုးနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော နိုင်ငံသည် သူတို့၏အစေခံများက လွန်ခဲ့သည့်နှစ်ငါးထောင်ကျော်တုန်းက တည်ထောင်ထားခြင်းဖြစ်သည်ဟု ဆိုလာနိုင်သည်မဟုတ်လား။

"အမလေး.. ငါက သိုသိုသိပ်သိပ်လေးနေချင်တာကို"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။

"ဒါပေမဲ့ သူတို့က ဘာလို့များ ပြဿနာရှာနေရသေးတာလဲ"

"လောင်ကျိုး.. ကျုပ် ခင်ဗျားရဲ့အကူအညီလိုအပ်တယ်"

ကျန်းမုန့်လောင်က လောင်ကျိုးကို ဖုန်းဆက်လိုက်၏။

"ဘာဖြစ်ပြန်ပြီလဲ"

လောင်ကျိုးက ရယ်မောလိုက်ပြန်သည်။

"မင်းက ချင်းချိုးနိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်နေတာလေ။ ငါဝင်ကူညီပေးလို့တော့ မရဘူးမလား"

"မလိုပါဘူး"

ကျန်းမုန့်လောင်က ဆို၏။

"ကျွန်တော်က ရှေးဟောင်းသုတေသနပညာရှင်တချို့ကို ဆက်သွယ်ပေးစေချင်လို့ပါ။ သူတို့ရဲ့ဩဇာအာဏာကို အသုံးချပြီး ကမ္ဘာတစ်ဝှမ်းက ရှေးဟောင်းသုတေသနနဲ့သမိုင်းဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းချင်လို့"

"မင်း ဘာလုပ်မလို့လဲ"

"ချင်းချိုးနိုင်ငံက ကျွန်တော်တို့ကို သက်သေပြခိုင်းနေတယ်မလား"

ကျန်းမုန့်လောင်လည်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်က သူတို့ကို မျိုးနွယ်စုထဲက ခွဲထွက်သွားတဲ့ အစေခံတွေလို့ ပြောရဲမှတော့ ကျွန်တော်တို့မိသားစုက ပိုစောတဲ့ရှေးဟောင်းနိုင်ငံကို တည်ထောင်ခဲ့တာပဲဖြစ်ရမယ်လေ။ သူတို့ဘက်က ပေါ်တင်တိုက်ခိုက်လာပြီဆိုတော့ ကျွန်တော်လည်း ဘာမှမလုပ်ဘဲ ငြိမ်နေလို့မရဘူးမလား"

"ဘာ? မင်းတို့မိသားစုက အမွေအနှစ်တွေကို တကယ်ချန်ထားခဲ့တာလား"

ဤတစ်ခေါက်တွင်မူ အံ့အားသင့်သွားရသူမှာ လောင်ကျိုးပင်။ ဟွာရှားနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှုပေါင်းများစွာကို တူးဖော်ရရှိထားပြီးဖြစ်၏။ သို့သော် နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းရှိသော ဘယ်အရာကိုမှ ရှာမတွေ့သေးပေ။

ထိုသို့သော မျိုးနွယ်စုတစ်ခုသာ အမှန်တကယ်ရှိခဲ့ပါက ကျန်းမုန့်လောင်နှင့် ဘာမှမသက်ဆိုင်လျှင်ပင် ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသုတေသနသမိုင်းတွင် အဓိကကျသော တွေ့ရှိမှုကြီးတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေပင်။

ကျန်းမုန့်လောင်က ဂိုဏ်းခေါင်းဆောင်ကျန်းကို အနီရောင်စက်ဝိုင်းတစ်ခုဖြင့် အမှတ်အသားလုပ်ထားသော မြေပုံတစ်ခုကို ပေးလိုက်သည်။

"လောင်ကျိုး… အဲဒီနေရာမှာ တူးခိုင်းလိုက်ပါ။ ၁၇မီတာ ဒါမှမဟုတ် ၁၈မီတာလောက်ပဲ ဆင်းလိုက်တာနဲ့ ကျွန်တော်ပြောတာ တကယ်ဟုတ်မဟုတ် သိရလိမ့်မယ်"

****************

All Chapters