ခင်ဗျားလည်း အနာဂတ်ကို ကြည့်ချင်တာလား
Vol. 9 Ch. 90
“ဆရာ၊ မေးခွင့်ပြုပါ။ ဆရာ၏ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘာလဲ မသိဘူး။”
လီချင်းရန် စိတ်တည်ငြိမ်သွားသည်နှင့် အရေးကြီးသော အချက်အလက်များကို ချက်ချင်း စုဆောင်းတော့သည်။
[ ဒီဆရာက... ]
ချန်ဟွိုက်အန် ရပ်တန့်သွားသည်။
လွတ်လပ်စွာ တုံ့ပြန်ခြင်း ဖြစ်သောကြောင့် သူ အမှန်တကယ် ပြောချင်ရာကို ပြောနိုင်သည်။
ချင်းယွန်ဘုံတွင် အမြင့်ဆုံးသော ကျင့်ကြံမှုအဆင့်က မဟာယာနအဆင့် ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးက သူ၏ အတိဒုက္ခကို ကျော်လွန်ပြီးသည်နှင့် အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်လိမ့်မည်။
သူ မဟာယာနအဆင့်တွင် ရှိနေသည်ဟု ပြောခြင်းက အလွန်ပင် လွန်ကဲရာ ကျပေလိမ့်မည်။
ဒါဆို...
ချန်ဟွိုက်အန်က ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ရဲရင့်သော ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
[ ဒီဆရာက အခုလက်ရှိ ဟင်းလင်းပြင်ထွင်းဖောက်အဆင့်မှာ ရှိတယ် ]
ထိုစကားလုံးများ ပေါ်လာသည်နှင့် ဂိမ်းလောကနှင့် အပြင်လောက နှစ်ခုစလုံး တိတ်ဆိတ်သွား၏။
ပါ့ကျီ - “😭”
[ ဆ..ဆရာကြီးက ဟင်းလင်းပြင်ထွင်းဖောက်အဆင့်က တန်ခိုးရှင်လား ]
[ နေပါဦး။ သူသာ ဟင်းလင်းပြင်ထွင်းဖောက်အဆင့်မှာ တကယ်ရှိခဲ့ရင် ငါ့ရဲ့ တကယ့်ပုံစံကို မြင်ပြီးသား ဖြစ်မှာ ]
[ ဒါဆို... သူဌေးရဲ့ တကယ့်ကျင့်ကြံမှုက ဘာလဲ။ သူ ဘာလို့ အဲလိုပြောလိုက်တာလဲ ]
ပါ့ကျီက ထောင့်တွင် တုန်ယင်ရင်း ဘောလုံးတစ်လုံးလို ကွေးသွား၏။
ဟင်းလင်းပြင်ထွင်းဖောက်အဆင့်သည် မဟာယာန မတိုင်မီ အဆင့် ဖြစ်သည်။
ထိုအဆင့်ရှိ ကျင့်ကြံသူများက မဟာယာနအအဆင့်သို့ ရောက်ရှိသောအခါ ရင်ဆိုင်ရမည့် ကောင်းကင် အတိဒုက္ခကို ကြိုတင် ခံစားနိုင်ကြသည်။
ထို့ကြောင့် ၎င်းကို အတိဒုက္ခအဆင့် သို့မဟုတ် ထိုးထွင်းသိမြင်မှုအဆင့်ဟုလည်း ခေါ်ကြသည်။
ထိုအဆင့်တွင် ကျင့်ကြံသူက ရှေ့ခရီးကို ဆင်ခြင်ရမည်။
သူတို့၏ တာအို နှလုံးသား မခိုင်မာပါက အတိဒုက္ခ မိုးကြိုးအောက်တွင် သေဆုံးရန် သေချာလုနီးပါး ဖြစ်သည်။
ပြီးတော့ ချန်ဟွိုက်အန် ဒါကို ဘယ်လို သိတာလဲ။
အကြောင်းမှာ သူက ကောင်းကင်နက္ခတ်ကို ကျပန်း အသက်သွင်းလိုက်၍ပင်။
ကောင်းကင် တုန်ခါသွား၏
မရေမတွက်နိုင်သော ဂိုဏ်းအကြီးအကဲများနှင့် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်သော ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။
“တိုင်းတာမရတဲ့ ကောင်းကင်တန်ခိုးရှင်က နောက်ဆုံး ကောင်းကင်နက္ခတ်ကို တွက်ချက်ခဲ့တာ နှစ်ရက် ရှိနေပြီ။ သူ့ကို တစ်ခုခု ဖြစ်သွားပြီ ထင်နေတာ..”
“ရိုးရိုးသားသား ပြောရရင်၊ သူ မရှိတော့ ဘဝက နည်းနည်း ဗလာဖြစ်နေသလိုပဲ။”
“ဒီတစ်ခါ သူ ဘာကို ကြည့်တာလဲ။ ငါ ကျိန်ရဲ...”
“သွားပြီ။ ဂိုဏ်းတပည့်အားလုံးကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အထူးဂရုစိုက်ဖို့ အသိပေးလိုက်။ အထူးသဖြင့် ဖြောင့်မှန်သောလမ်းစဉ် ဂိုဏ်းထဲကို ဝင်ရောက်နေသူကို။ အားလုံးကို မြင်နိုင်တဲ့ ကျင့်ကြံသူ ပြန်လာပြီ...”
စုချီနျန်က လက်ရှိတွင် ဥပဒေစိုးမိုးရေးခန်းမတွင် ကြိမ်ဒဏ်ခံနေရပြီး ရုတ်တရက် အပြစ်ပေးခံရခြင်းကို ရပ်လိုက်ပြီး ကောင်းကင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
သို့သော် လီချင်းရန်သည် ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာသော ရှုပ်ထွေးမှုများကို ဂရုမစိုက်ပေ။ သူက ဟင်းလင်းပြင်ထွင်းဖောက် အဆင့်၏ အရေးပါမှုကို နက်ရှိုင်းစွာ စဉ်းစားနေသည်။
ပေါင်းစည်းခြင်းထက် ကျော်လွန်သော အဆင့်၊ သို့သော် မဟာယာနအောက်တွင် ရှိသည်။
ထိုအဆင့်တွင် ကျင့်ကြံသူတစ်ဦးသည် တာအိုဥပဒေများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ရွှံ့စေးပုလဲနန်းတော်ထဲတွင် ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ သေးငယ်သော အတွင်းကမ္ဘာကို ဖန်တီးနိုင်၏။
မြင့်မြတ်နယ်မြေ ခေါင်းဆောင်များသာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်သင့်သည်။
သို့တိုင် ထိုအဆင့်ရှိ ကျင့်ကြံသူပင် ထိုနေရာလွတ်ထဲတွင် ပိတ်မိနေသည်။ အတွင်းရှိ မိစ္ဆာသားရဲများ မည်မျှ အန္တရာယ်များကြောင်း သက်သေပြနေ၏။
ထိုသို့ဆိုလျှင်...
သူ၏ဆရာ အဆိပ်က ကုသရန် အလွန် ခက်ခဲပေလိမ့်မည်။
အရိပ်တစ်ခုက သူ၏ နှလုံးသားပေါ် လွှမ်းမိုးလာသည်။
သူသည် ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံး အလုပ်မဖြစ်နိုင်သည့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နေပြီးသား ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူ ကြိုးစားရပေမည်။
“နားလည်ပါပြီ။ ဆရာ။”
လီချင်းရန် ထရပ်လိုက်ပြီး မျက်နှာကြက်ဘက်သို့ ဦးညွှတ်ကာ ကြေညာလိုက်သည်။
“ကျွန်မ ဒါကို ဂိုဏ်းချုပ်နဲ့ ချက်ချင်း သွားဆွေးနွေးလိုက်ပါ့မယ်...”
ထို့နောက် သူ၏ ခေါင်းလောင်းကို ဆုပ်ကိုင်ကာ တံခါးအပြင်ဘက်သို့ အလျင်အမြန် ထွက်သွားတော့သည်။
ချန်ဟွိုက်အန်က လီချင်းရန် ဂိုဏ်းချုပ်၏ ခန်းမဆောင်ဆီသို့ အလျင်အမြန် ပြေးသွားသည်ကို ကြည့်ရင်း ခေါင်းကုတ်လိုက်သည်။
သို့သော် ခန်းမဆောင်သည် လွတ်နေသည်ကိုသာ တွေ့လိုက်ရသည်။
လီချင်းရန် မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်စွာ ပတ်ပတ်လည် လျှောက်သွားသည်။
ခဏစဉ်းစားပြီးနောက် သူ ရုတ်တရက် လှည့်ကာ သူ၏ ကောင်းကင်ငှက်ဖြင့် ဥပဒေစိုးမိုးရေး ခန်းမသို့ စီးနင်းသွားခဲ့သည်။
အသေအချာပင်။
သူက ဂိုဏ်းချုပ် စုချီနျန်ကို ဝင်ပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
တပည့်တစ်တန်းက သူ၏ ရှေ့တွင် ရပ်နေပြီး သူတို့၏ ကျောပေါ်တွင် ကြိမ်ဒဏ်ရာများ မှိန်ဖျော့စွာ ရှိနေသည်။
တီးတိုး စကားပြောဆိုသံများ လေထဲတွင် လွင့်မျောနေ၏။
“အဟမ်း။ အခု ဒီနေ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မင်းတို့အားလုံး...”
“ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဘာမှ မမြင်ပါဘူး။”
“ဟုတ်ပါတယ်။ ဘာသံမှလည်း မကြားပါဘူး။ ဒီနေ့ ဥပဒေစိုးမိုးရေးခန်းမကို ဆရာ စစ်ဆေးနေရုံပါပဲ...”
“အမှန်ပဲ။ ဆရာက ဒီကို ကြိမ်ဒဏ်တစ်ရာ ခံယူဖို့ လာခဲ့တာ သေချာပေါက် မဟုတ်ဘူး။ ဟီးဟီးဟီး...”
စုချီနျန်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွား၏။
သူ၏ မျက်လုံးများ ကျဉ်းသွားပြီး နောက်ဆုံး စကားပြောသော တပည့်ကို စိုက်ကြည့်လိုက်သည်။
ထို့နောက်...
အေးစက်သော အပြုံးဖြင့် သူ ပြောလိုက်၏။
“ရယ်နေတာလား။ မင်းက အထက်လူကြီးကို မလေးစားတာလား။ သွား၊ ကိုယ့်ကိုကိုယ် ကြိမ်ဒဏ်တစ်ရာ ရိုက်လိုက်စမ်း...”
တပည့်၏ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွား၏။
ထို့နောက် စုချီနျန်၏ မျက်နှာပေါ်တွင် အစားထိုး ပေါ်လာသည်။
မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် လီချင်းရန် တပည့်များ ထွက်ခွာသွားသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
စုချီနျန်က ဓားပျံဖြင့် ပျံသန်းထွက်ခွာတော့မည့် အချိန်မှသာ သူ နတ်ကြိုးကြာမှ ဆင်းသက်လာသည်။
သူက စုချီနျန်ဆီ အလျင်အမြန် သွားကာ နက်ရှိုင်းစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်၊ အရေးကြီးတဲ့ ကိစ္စတစ်ခု အစီရင်ခံစရာ ရှိပါတယ်....”
“အင်း... ချင်းရန်။ ဘာများလဲ။”
စုချီနျန် သူကို အစောပိုင်းကတည်းက သတိထားမိခဲ့သော်လည်း သံသယကို ရှောင်ရှားရန် ယခုမှ မြင်လိုက်ဟန် ဆောင်လိုက်သည်။
ဓားကျင့်ကြံသူ ပုံစံမျိုးဖြင့် ပြုံးကာ သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။
“ဂိုဏ်းချုပ်၊ ကျွန်မ သိုင်းကျမ်းကျောင်းဆောင်ကို သွားခဲ့ပါတယ်။ ဆရာကို ကူညီနိုင်မယ့် ရှေးဟောင်း ဆေးလုံး ဖော်စပ်နည်းကို ရခဲ့ပါတယ်...”
စုချီနျန် ခေါင်းကို သိသိသာသာ ညိတ်လိုက်၏။
“အကြီးအကဲ ကျုံက ငါ့ကို ပြောပြီးသားပါ..”
သူက ပြုံးကာ ပြောသည်။
“အဲဒီ ဆေးလုံး ဖော်စပ်နည်းက ရှေးဟောင်း အဂ္ဂိရတ်ပညာရှင် တစ်ဦးဆီက လာတာပါ။ သူ့ရဲ့ ဆေးလုံးတွေက ရိုးရှင်းတဲ့ သန့်စင်နည်းလမ်းတွေ၊ ရှုပ်ထွေးတဲ့ ပါဝင်ပစ္စည်းတွေနဲ့ မယုံနိုင်လောက်အောင် ထိရောက်တဲ့ ရလဒ်တွေကြောင့် နာမည်ကြီးတယ်။ မင်း သူ့ရဲ့ ဖော်စပ်နည်းကို ရခဲ့တယ်ဆိုတာက မင်းနဲ့ မင်းရဲ့ ဆရာအတွက် ကြီးမားတဲ့ အခွင့်အရေးပဲ။”
ဒီစကားကို ကြားသောအခါ လီချင်းရန်၏ မျက်နှာ တောက်ပသွားသည်။
သူက လက်အုပ်ချီကာ ထပ်ပေါင်းပြောလိုက်သည်။
“ဆရာက သူ ချင်းယွန်ဘုံမှာ မရှိဘူး။ သူကအခြားနေရာလွတ်ထဲမှာ ပိတ်မိနေပြီး တိုက်ရိုက် အကူအညီ မရနိုင်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ မဟာကောင်းကင်စွမ်းရည် ရှိတယ်။ အဲဒါက အဆိပ်ဖြေ ဆေးလုံးတွေကို ကျွန်မရှိတဲ့ နေရာကနေ ပြန်ယူနိုင်တယ်။”
“အိုး...”
စုချီနျန်၏ မျက်ခုံးများ အံ့သြစွာ မြင့်တက်လာ၏။
“ဒါဆို သူ ချင်းယွန်ဘုံမှာတောင် မရှိဘူးလား။ ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က...”
“ဆရာက ဟင်းလင်းပြင်ထွင်းဖောက်အဆင့်မှာ ရှိနေပါတယ်။”
တိတ်ဆိတ်သွား၏။
အရွက်တစ်ရွက်က ဓားရိုးပေါ်သို့ ကျရောက်လာသည်။
ဒုတ်..
စုချီနျန်၏ ဓားက မြေပေါ်သို့ ပြုတ်ကျသွားသည်။
သူ အလျင်အမြန် ကိုင်းညွတ်ပြီး ကောက်ယူလိုက်သည်။
“ဟင်းလင်းပြင်ထွင်းဖောက်အဆင်...”
“ဒါ..ဒါကြောင့်ကိုး...”
သူ၏ အသံ အနည်းငယ် တုန်ယင်နေပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှင်းရှင်းလင်းလင်း ပါနေ၏။
ဟင်းလင်းပြင်ထွင်းဖောက်အဆင့်က အန္တိမအကြီးအကဲလား။
သူတို့က သူ့ကို ကယ်တင်နိုင်လျှင် ဓားကျောင်းတော်က ချင်းယွန်ဘုံမှာ ဘေးတိုက် လျှောက်သွားနိုင်လိမ့်မည်။
မြင့်မြတ်နယ်မြေများ ဝင်ရောက် မစွက်ဖက်သရွေ့ သူတို့ မရှုံးနိမ့်နိုင်ပေ။
အရင်းအမြစ်များအတွက် ထပ်မံ တိုက်ခိုက်စရာ မလိုတော့။
သားရဲနှင့် ပတ်သက်သော ပြဿနာများ မရှိတော့။
သူတို့၏ အုပ်ထိန်းသူသားရဲက မေထုန်လိုက်နေ၍ နောက်ကျောတောင်ပေါ်မှ မြက်ပင်များကို ဆွဲနုတ်စရာ မလိုတော့ပေ။
သူတို့က မည်သို့ပင် ကုန်ကျစေကာမူ သူ့ကို ကယ်တင်ရပေမည်။
“ချင်းရန်။ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အားလုံး ပြောပြ....”
တည်ကြည်သော မျက်နှာအမူအရာဖြင့် စုချီနျန် ကြေညာလိုက်သည်။
“ငါတို့ရဲ့ ကျရှုံးသွားတဲ့ အန္တိမအကြီးအကဲကို ကယ်တင်တာက ဓားကျောင်းတော် ကျင့်ကြံသူတွေရဲ့ တာဝန်ပဲ။ ငါတို့ ကြိုးစားအားထုတ်မှုတွေ လုံးဝ မထိမ်ချန်ထားဘူး...”
ချန်ဟွိုက်အန် - “....”
ဟုတ်ပါပြီ၊ သေချာပါတယ်။ ဒါက ထိမိပြီးသားပါ။ ဒါပေမဲ့ အန္တိမအကြီးအကဲကို ကျရှုံးသွားတဲ့လို့ ခေါ်တာက နည်းနည်းတော့ မသင့်လျော်ဘူးလို့ မထင်ဘူးလား။
စုချီနျန်က လိုအပ်သော ဆေးပင်များကို စစ်ဆေးရန် စီစဉ်ကာ လီချင်းရန်ကို ဆေးဥယျာဉ်သို့ ချက်ချင်း ခေါ်ဆောင်သွားသည်။
ထို့နောက် သူတို့ ခွဲခြားမသိနိုင်ခဲ့လျှင်...
သူက ကျောက်စိမ်း လိပ်ခွံတစ်ခုကို မြှောက်လိုက်ပြီး ကျိန်ဆိုလိုက်သည်။
“ဆေးဥယျာဉ်ကအကြီးအကဲတွေ ဒီဆေးပင်တွေကို မသိဘူးဆိုရင် ငါ့သက်တမ်းတွေ ကုန်ကျပါစေ၊ အနာဂတ်ကို တွက်ချက်မယ်...”
ချန်ဟွိုက်အန်က ဂိမ်းအပြင်ဘက်မှ ကြည့်နေ၏။
“...အိုး။ ဒါဆိုရင် ခင်ဗျားလည်း ကောင်းကင်ကို တွက်ချက်ချင်တာလား။”
“ကောင်းပြီလေ။ ဘာဆက်ဖြစ်မလဲ ကြည့်တာပေါ့။”