← Chapters

အခန်း (၁၀၀၄)

Vol. 68 Ch. 1004

အခန်း (၁၀၀၄)

Vol. 68 Ch. 1004

ဤနေရာတွင်...

မြေပြင်၌ အရိုးများ ပြန့်ကျဲနေပြီး နေရာအနှံ့အပြား၌ သွေးများစွန်းထင်းနေသည်။

လေထုထဲတွင် ဆွေးမြေ့ပျက်စီးနေသော သေခြင်းတရား၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပေ၏။ မည်သည့်သက်ရှိလက္ခဏာမျှ မမြင်တွေ့ရဘဲ အဆုံးမရှိသော အမှောင်ထုသာ လွှမ်းခြုံနေသည်။ နေရာတိုင်းတွင် သစ်ခြောက်ပင်များနှင့် မီးလောင်ပြင်များသာရှိသည်။ အထီးကျန်ဆန်သောလေသည် ကျောစိမ့်ဖွယ်ရာ အေးစက်နေပြီး မိုးကောင်းကင်ယံတွင် သရဲတစ္ဆေပုံရိပ်များသာ မျောလွင့်နေသည်။ ဤသည်မှာ အဆုံးမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုကြောက်မက်ဖွယ် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေကာ ငရဲနယ်မြေမှ မြင်ကွင်းတစ်ခုအလားပင်။

အနက်ရောင်နယ်မြေ၏ နက်ရှိုင်းသော တောင်ကြားအတွင်း၌...

ဘုန်းတော်ကြီးခွန်ပန်သည် သူ၏နံဘေးပတ်လည်၌ အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော်လည်း မည်သည့်အရာမျှ မဖြစ်ပွားသကဲ့သို့ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းနေသည်။ အနက်ရောင်မြူခိုးများသည် သူ့ထံသို့ ချဉ်းကပ်နိုင်ခြင်း မရှိဘဲ ဖုန်မှုန့်များပမာ လွင့်စင်ပျောက်ကွယ်သွားသည်။ သူသည် ထူထပ်သိပ်သည်းသော အနက်ရောင်ဖုန်မှုန့်များ အလယ်တွင် လျှောက်လှမ်းနေသည့် သာမန်ဘုန်းတော်ကြီးတစ်ပါးအလားပင်။

ဤကဲ့သို့မြင်ကွင်းသည် အင်မော်တယ်နယ်မြေ သို့မဟုတ် သာမန်သေမျိုးနယ်မြေများတွင် သာမန်မျှသာဖြစ်ပြီး မည်သည့်အာရုံစိုက်မှုကိုမျှ ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် ဤအဆုံးမရှိသော အနက်ရောင်နယ်မြေတွင်မူ ဤကိစ္စသည် အလွန်အမင်း ထူးဆန်းနေပေ၏။

သန့်ရှင်းတောက်ပနေသော ဘုန်းတော်ကြီးတစ်ပါးသည် ဤနေရာသို့ တစ်ဦးတည်း လာရောက်နိုင်ပြီး ချောမွေ့သော လမ်းပေါ်တွင် လျှောက်လှမ်းနေသည့်အလားပင်။ သူ၏ မျက်နှာပေါ်မှ ပြုံးရွှင်နေသောအပြုံးသည် အထူးတလည် မျက်စိကျစရာပင် ဖြစ်နေသည်။

သူ ထွက်ပေါ်လာပြီး ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးမီအချိန်တွင် သင်္ချိုင်းဂူများမှ အကြည့်များစွာ ပျံ့လွင့်လာသည်။ ထိုအရာများသည် အမှောင်ထုအတွင်းတွင် ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေပြီး နတ်ဆိုးများ၏တီးတိုးရေရွတ်သံများကဲ့သို့ ကြမ်းတမ်းသော လေတိုးသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာသည်။

"လူသားတစ်ယောက်က တကယ်ကြီး ဝင်လာတာပဲ"

"ဟား ဟား ဟား....ဒီလတ်ဆတ်တဲ့ အသားနဲ့ သွေးက သေခါနီးလူတွေထက် အဆအများကြီး ပိုအရသာရှိတယ်....ဒီအရှင်က လူသားပါရမီရှင်တွေကို အဆက်မပြတ် စုပ်ယူနေရတာကို ငါ ငြီးငွေ့နေပြီ....ဒါက အရသာ ပြောင်းလဲဖို့ အချိန်ကောင်းပဲ"

"ဟား ဟား ဟား... ငါတို့တွေ အတွေးတူနေပါလား...ဒီအရှင်လည်း အဲ့ဒီလိုမျိုး စဉ်းစားနေတာပဲ"

"အိုး....ဒီလိုဆိုရင်တော့ ငါတို့ ခွဲဝေယူကြတာပေါ့... ငါတို့ရဲ့ ညီရင်းအစ်ကိုလို ဆက်ဆံရေးကို ထိခိုက်စေလို့ မဖြစ်ဘူး"

"အမှန်ပဲ...ဒီအရှင်က မင်းအတွက် အရိုးတချို့ ချန်ထားခဲ့မယ်"

"မင်းက အရင်ဦးအောင် တစ်ယောက်တည်း စားရဲတယ်ပေါ့"

အေးချမ်းသော ဆွေးနွေးမှုသည် လျင်မြန်စွာဖြင့် ငြင်းခုံမှုအဖြစ်သို့ ပြောင်းလဲသွားပြီး သင်္ချိုင်းဂူများမှ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင်...

အနက်ရောင်မြူခိုးများ တမဟုတ်ချင်း ထွက်ပေါ်လာပြီး မိုးတိမ်တိုင်များပမာ ပွင့်အံ့ထွက်လာပေ၏။

အစွမ်းထက်သော နတ်ဆိုးအမြောက်အများ ထွက်ပေါ်လာကာ တိတ်ဆိတ်နေသော တောင်ကြား၏ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။ ထိုနတ်ဆိုးများအနက် ပေပေါင်းများစွာမြင့်သော နွားခေါင်းနတ်ဆိုးများ ခန္ဓာတစ်ခုလုံးတွင် နွယ်ပင်များ ရစ်သိုင်းလွှမ်းခြုံနေသော လူတစ်ပိုင်းသစ်ပင်တစ်ပိုင်း နတ်ဆိုးများ နှင့် လက်မဝက်သာမြင့်ပြီး သွားစွယ်များဖြင့်ပြည့်နေသည့် စိတ်ဝိညာဉ်နတ်ဆိုးများ ပါဝင်သည်။

ထိုနတ်ဆိုးများအားလုံးသည် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး အချင်းချင်း အလျှော့မပေးဘဲ တိုက်ခိုက်နေကြသည်။ ထိုကြောင့် ပတ်ဝန်းကျင်ရှိ မြေကြီးများအက်ကွဲလာပြီး မိုးကောင်းကင်ယံတွင် အနက်ရောင်မြူခိုးများ အဆက်မပြတ် လှိုင်းထလာကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။

ဆယ်နှင့်ချီသော နတ်ဆိုးများသည် လှုပ်ရှားနေပြီး သူတို့၏အရှိန်အဝါများ အဆက်မပြတ် မြင့်တက်လာသည်။

"အရှင်နွားရိုင်းနီ....မင်းတို့ နွားနတ်ဆိုးမျိုးနွယ်က လှည့်စားမှုတွေ သိပ်များတယ်...အတိတ်တုန်းက မင်းတို့ အမြဲတမ်း အခွင့်အရေး ယူခဲ့တာ...ဒီနေ့တော့ မင်းတစ်ယောက်တည်းစားဖို့ စိတ်မကူးနဲ့"

"အရင်တုန်းက အရှင်နွားရိုင်းနတ်ဆိုးက အပြင်ထွက်ဖို့ အခွင့်အရေး ယူသွားပြီးတော့ သူရော အရှင်အရိုးစုရော ပြန်မလာကြသေးဘူး...ဖြစ်နိုင်တာက သူတို့က အခု ပြင်ပနယ်မြေမှာ ပျော်ပွဲစားကြီး ကျင်းပနေတာ ဖြစ်နိုင်တယ်"

"ဟုတ်တယ်.... အမြဲတမ်း မင်းတို့ နွားနတ်ဆိုးမျိုးနွယ်ကပဲ အကျိုးအမြတ် ရနေတာ.. ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဝေစု မရှိဘူး"

"ဒီနွားအိုကြီးက အလည်ဆုံးပဲ...သူ့ကို အောင်မြင်ခွင့် မပေးနိုင်ဘူး"

"ဘယ်သူမဆိုလုနိုင်ရင် သူ့ကို ပေးမယ်"

...

နတ်ဆိုးမြူခိုးများ တလိမ့်လိမ့်ထလာပြီး နွားနတ်ဆိုး၏ တောင်တန်းကြီးပမာ ဧရာမပုံရိပ်ကြီးသည် ဆယ်နှင့်ချီသောနတ်ဆိုးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူတို့၏ နတ်ဆိုးစွမ်းအားများ တိုက်ခတ်မိပြီး ရောယှက်သွားရာ နတ်ဆိုးနယ်မြေတခွင်လုံးအနှံ့ တုန်ခါမှုများနှင့် ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားသည်။

နွားနီနတ်ဆိုးသည် အစွမ်းထက်သော်လည်း နတ်ဆိုးအမြောက်အများ၏တိုက်ခိုက်မှုကို မယှဉ်နိုင်ချေ။ သူ၏ဧရာမပုံရိပ်ကြီးသည် အဆက်မပြတ် နောက်သို့တွန်းထုတ်ခံနေရပြီး မြေပြင်ပေါ်တွင် ပေပေါင်းများစွာနက်သော ခြေရာခွက်ကြီးများကို ချန်ထားခဲ့ကာ လေလှိုင်းများကို ဖြစ်ပေါ်စေသည်။

ဘုန်း...

မရေမတွက်နိုင်သော အရိုးနတ်ဆိုးအစေခံများသည် ထိုတိုက်ခိုက်မှု၏နောက်ဆက်တွဲ အရှိန်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။

အဆင့်မြင့်နတ်ဆိုးများကြားမှ ပဋိပက္ခသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။ သာမန်နတ်ဆိုးများသည် ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိကြကာ အနားသို့ပင် မကပ်နိုင်ဘဲ ဤကြောက်မက်ဖွယ်သတ္တဝါများ လောကကြီး ပြောင်းပြန်လန်သွားသည်အထိ တိုက်ခိုက်နေကြသည်ကိုသာ ခွင့်ပြုထားရသည်။

နတ်ဆိုးများကြားမှ ဘုန်းတော်ကြီးကိုမူ မည်သူကမျှ အာရုံမစိုက်ကြသည့်အပြင် မည်သည့် နတ်ဆိုးကမျှ သူ့ကို စေ့စေ့စပ်စပ် မစစ်ဆေးပေ။ သူသည် အသတ်ခံရမည့် သိုးငယ်လေးတစ်ကောင်မျှသာ ဖြစ်သည်ဟု သူတို့ ဆုံးဖြတ်ထားသည့်အလားပင်။

နတ်ဆိုးများ၏တိုက်ခိုက်မှု ပို၍ပြင်းထန်လာသည်နှင့် နတ်ဆိုးနယ်မြေသည် အနည်းငယ် တုန်ခါသွားပုံရသည်။

ရုတ်တရက် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဆိုးများ၏စိတ်ကို ငြိမ်းချမ်းစေကာ နတ်ဆိုးစွမ်းအားအချို့ကို ပျောက်ကွယ်သွားစေသည်။

"အော် မီ တော ဖော..."

ရှည်လျားစွာ ရွတ်ဆိုလိုက်သံသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်ကို သယ်ဆောင်လာပြီး နတ်ဆိုးများသည် သူတို့၏ ကြမ်းတမ်းမှုတချို့ လျော့ကျသွားပုံ ရသည်။ သူတို့အားလုံး မော့ကြည့်လိုက်ကြရာ ထိုအသံသည် ဘုန်းတော်ကြီးထံမှ လာသည်ကို သတိပြုမိသွားကြသည်။

ထိုဘုန်းတော်ကြီးသည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ မလှုပ်မယှက် မတ်တတ်ရပ်နေပြီး သူ၏ဝတ်ရုံသည် သန့်ရှင်းနေပေ၏။ သူ၏ ပုံသဏ္ဌာန်သည် အလွန်သေးငယ်ပြီး နွားရိုင်းနီနတ်ဆိုး၏ခြေချောင်းထက်ပင် မကြီးမားချေ။ ဤသည်က နတ်ဆိုးများ၏လှောင်ပြောင်ရယ်မောခြင်းကို ချက်ချင်းဖြစ်ပေါ်စေသည်။

"ဒီဘုန်းတော်ကြီးက တော်တော်လေး သတ္တိကောင်းတာပဲ..သူက စကားတောင် ထွက်ပြောရဲတယ်"

"သူက သနားခံတောင်းပန်တော့မလို့ ဖြစ်မယ်"

"သူ ပိုပြီးသနားခံတောင်းပန်လေ ကြောက်ရွံ့မှုတွေ ပိုပြီးစုစည်းလာလေလေပဲ.. အဲ့ဒီအချိန်ကျရင် သူ့ရဲ့အရသာက ပိုကောင်းသွားလိမ့်မယ်"

"ဘုန်းတော်ကြီး...မင်း သေဖို့သာ ပြင်ထားတော့... အခု မင်း လည်ချောင်းကွဲအောင် အော်ငိုနေလည်း မင်းကို ဘယ်သူမှ မကူညီနိုင်တော့ဘူး"

"ဟား ဟား ဟား..."

ဖြူစင်သန့်ရှင်းသော ဘုန်းတော်ကြီးကို ကြည့်ရင်း နွားရိုင်းနီ၏မျက်လုံးများ ပြူးကျယ်လာကာ လောဘကြီးပြီးကောက်ကျစ်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ဒီဘုန်းတော်ကြီးမှာ နူးညံ့တဲ့ အသားအရေ ရှိတယ်...သူရဲ့အရသာက အရမ်းကောင်းမှာ သေချာတယ်.... ငါတို့ ဆက်ပြီးမတိုက်ခိုက်ကြတော့ရင် မကောင်းဘူးလား...ဒီအရှင်က သူ့ကို မင်းတို့အားလုံးနဲ့ ခွဲဝေယူဖို့ ဆန္ဒရှိတယ်"

နတ်ဆိုးများသည် ထိုအသံကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လောဘကြီးသော အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်ကြ၏။

"ဒါက အစီအစဉ်ကောင်းပဲ....ဒါပေမဲ့ ငါတို့က သူ့ကို အရင် မြည်းစမ်းရမယ်"

"ဟုတ်တယ် ဒီအရှင်က သူ့ရဲ့လက်တွေကို လိုချင်တယ်"

"ငါက သူ့ရဲ့နားရွက်တွေကို လိုချင်တယ်"

...

နတ်ဆိုးများသည် သားရိုင်းတိရစ္ဆာန်များပမာ ပြုမူပြီး သားကောင်ကို မည်ကဲ့သို့ ခွဲဝေကြမည်အား စတင်၍ ဆွေးနွေးနေကြလေပြီ။

ဤအရိုင်းဆန်သောမြင်ကွင်းကို ကြည့်ရှုရင်း နတ်ဆိုးများသည် သတ်ဖြတ်ခြင်းအကြောင်း စဉ်ဆက်မပြတ် ပြောဆိုနေသည်ကို ကြားလျှင် ဘုန်းတော်ကြီးခွန်ပန်သည် သူ၏လက်နှစ်ဖက်ကိုပူးကပ်ကာ ခေါင်းခါပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"အင်း...တကာတော်တို့အားလုံးက တကယ့်ကို ယဉ်ကျေးမှု မရှိကြတာပါလား"

နတ်ဆိုးများသည် ထိုအသံကြောင့် လှမ်းကြည့်လိုက်ကြပြီး ထူးဆန်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့၏ ရယ်သံများ ပို၍ကျယ်လောင်လာပေ၏။

အထူးသဖြင့် ဧရာမနွားရိုင်းနီကြီးသည် သူ၏ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာသည်အထိ ရယ်မောလိုက်သည်။

"ဟား ဟား ဟား"

"ယဉ်ကျေးမှု ဟုတ်လား....ပန်းကန်ပေါ်က အစားအစာကို ဘယ်သူက ယဉ်ကျေးပြနေမှာလဲ.... ခဏနေ ငါ မင်းကို ဆွဲဆုတ်လိုက်တဲ့အချိန်ကျရင် အဲ့ဒါက အကြီးမားဆုံး ယဉ်ကျေးမှုပဲ"

သူ၏ ရယ်သံသည် တိမ်များကြားမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တံတွေးများ နေရာတိုင်းသို့ စင်ထွက်သွားကာ မိုးရေစက်များ ကျလာသည့်အလားပင်။

လေထုအတွင်းမှ နတ်ဆိုးပုံရိပ်ယောင်များနှင့် မြေပြင်ပေါ်မှ နတ်ဆိုးများသည် ပုံပျက်ပန်းပျက်မျက်နှာများဖြင့် ရယ်မောလိုက်ကြ၏။ သူတို့၏ မျက်လုံးများအတွင်းတွင် ဤဘုန်းတော်ကြီးသည် ကစားစရာတစ်ခုမျှသာ ဖြစ်နေသည့်အလားပင်။

ဤကဲ့သို့ပတ်ဝန်းကျင်တွင် သာမန်လူတစ်ယောက်ဆိုပါက သေချာပေါက် ထိတ်လန့်တကြား ဖြစ်နေပေမည်။

သို့ရာတွင် ဘုန်းတော်ကြီးခွန်ပန်သည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ဦးညွှတ်လိုက်ရာ သူ၏မျက်နှာပေါ်မှအပြုံးသည် ပို၍ကြီးမားကျယ်ပြန့်လာပေ၏။

"အော် မီ တော ဖော...ဒီဘုန်းတော်ကြီးရဲ့ ခရီးက တကယ့်ကို မှန်ကန်ခဲ့ပုံရတယ်...မင်းတို့မှာ တကယ်ကို ယဉ်ကျေးမှု မရှိကြဘူး... ဒီနေရာမှာ တရားဓမ္မတွေ ဖြန့်ဝေဖို့ လိုအပ်နေပြီ..တကာတော်တို့အားလုံး ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပြီး တရားနာယူဖို့ တိတ်တဆိတ် ထိုင်ကြပါ"

သူ၏ငြိမ်းချမ်းသောအသံ ပျံ့နှံ့သွားပြီးနောက် ဘုန်းတော်ကြီးခွန်ပန်၏ညာလက်သည် လက်ဝါးအဖြစ်သို့ ပြောင်းလဲသွားပြီး လေထုအတွင်းသို့ ညင်သာစွာ ဖိနှိပ်လိုက်သည်။

ဘုန်း...

မမြင်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်က မိုးကောင်းကင်ယံမှ ကျဆင်းလာသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးများအားလုံး မြေကြီးပေါ်သို့ လျင်မြန်စွာ ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းအမြောက်အများ ဖြစ်ပေါ်သွားသည်။ နွားရိုင်းနီသည်လည်း ဒူးထောက်ရက်သား ပြုတ်ကျသွားကာ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပေ၏။

ဤကြောက်မက်ဖွယ်စွမ်းအားသည် နတ်ဆိုးများအားလုံးအပေါ်သို့ ကျရောက်လာခဲ့ပြီး တစ်ဦးတစ်ယောက်မျှ မလွတ်ဘဲ သူတို့အားလုံး မြေပြင်ပေါ်တွင် "ထိုင်လျက်" အနေအထား ဖြစ်သွားကြသည်။

နွားရိုင်းနီနတ်ဆိုး၏ခန္ဓာကိုယ်သည် အကြီးဆုံး ဖြစ်သဖြင့် သူ၏ခြေထောက်အောက်မှ တွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့ရာတွင် သူသည် သူ၏နတ်ဆိုးစွမ်းအားများကို မည်မျှပင် ထုတ်လွှတ်စေကာမူ သူ၏ ခြေထောက်များကို ပြန်မတ်နိုင်ခြင်း မရှိပေ။ မမြင်ရသော ဧရာမလက်တစ်စုံက သူ၏ပခုံးများကို ဖိနှိပ်ထားသည့်အလား သူ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

"ဒါက..."

နွားရိုင်းနီနတ်ဆိုးထံတွင် တုန်လှုပ်မှု ဒေါသတို့ဖြင့် ပြည့်နှက်သွားပြီး သူ၏ဧရာမမျက်လုံးများသည် အဆပေါင်းများစွာ ပို၍ပြူးကျယ်လာသည်။

သူသည် သွေးရူးသွေးတန်းဖြင့် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

တခြားနတ်ဆိုးများသည်လည်း ထိုနည်းတူပင် ဖြစ်ကြပြီး သူတို့အားလုံးသည် မြေပြင်ပေါ်မှ နက်ရှိုင်းသောတွင်းများထဲတွင် တောင့်တင်းနေကြကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ ဖုံးလွှမ်းနေသည်။ ကြီးမားသော တုန်ခါမှုတစ်ခု စတင်၍ပျံ့နှံ့လာပြီး ဘုန်းတော်ကြီးကို ကြည့်နေသော နတ်ဆိုးများ၏အကြည့်များတွင် စိုးရိမ်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ ထင်ဟပ်လာသည်။

သူတို့သည် မူလက ဤဘုန်းတော်ကြီးကို သေလမ်းရှာနေသော အသိဉာဏ်မဲ့သည့် ဘုန်းတော်ကြီးတစ်ပါးဟု တွေးထင်ခဲ့ကြသည်။ အများဆုံးအနေဖြင့် သူ့ထံတွင် သာမာန်ကျင့်ကြံဆင့်စွမ်းအား အနည်းငယ်သာ ပိုင်ဆိုင်ထားလိမ့်မည်ဟု တွေးထင်ခဲ့ကြလေ၏။

သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိသည်မှာ...

ဤဘုန်းတော်ကြီးသည် အလွန် ထူးခြားနေပြီး သူ၏ကျင့်ကြံဆင့်သည် အလွန်အစွမ်းထက်နေခြင်းပင်။

စကားတစ်ခွန်းတည်းဖြင့် နတ်ဆိုးများအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသော ဤဘုန်းတော်ကြီးသည် မည်သူ ဖြစ်သနည်း...

နတ်ဆိုးများ၏စိတ်များအတွင်းတွင် သံသယများ ပြည့်နှက်လာပြီး သူတို့၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။

မိုင်တစ်ရာအဝေးမှ ကြီးမားလှသော အရိုးနတ်ဆိုးအစေခံဒီရေလှိုင်းသည် လုံးလုံးလျားလျား ကြောက်ရွံ့တုန်လှုပ်နေကြပြီး ရှေ့သို့ ခြေတစ်လှမ်းမျှ မတိုးရဲကြတော့ချေ။ သူတို့သည် ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားကြသည်။

လွန်ခဲ့သော အချိန်တခဏတွင် ရယ်မောသံများဖြင့် ပြည့်နှက်နေသော တောင်ကြားသည် ရုတ်တရက် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားပေ၏။

မြင်ကွင်းတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

မရေမတွက်နိုင်သော မျက်လုံးများ၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ဘုန်းတော်ကြီးခွန်ပန်သည် ပြုံးနေဆဲဖြစ်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် လက်အုပ်ချီကာ နေရာတွင်ပင် ထိုင်ချလိုက်ပြီး တရားဒေသနာ ဟောကြားနေသော ဆရာတော်ကြီးတစ်ပါးပမာ ဖြစ်နေသည်။

ရုတ်ချည်းဆိုသလိုပင်...

ညင်သာသောအသံတစ်သံ ပျံ့နှံ့လာပြီး အဆုံးမရှိ ပဲ့တင်ထပ်နေသည်။

"လူသားတွေက သူတို့ရဲ မိခင်တွေကနေ မွေးဖွားလာတာ....နတ်ဆိုးတွေကလည်း သူတို့ရဲ့ မိခင်တွေကနေ မွေးဖွားလာတာ...လောကကြီးက အရာအားလုံးမှာ မိခင်တွေ ရှိကြတယ်... ဒီတော့ ဘာလို့ မင်းနဲ့ ငါနဲ့ သူတို့ ဆိုပြီး ခွဲခြားနေကြတာလဲ....မင်းတို့အားလုံးက တစ်နေ့လုံး ဘယ်လို တိုက်ခိုက်သတ်ဖြတ်ရမယ် ဆိုတာပဲ သိနေကြတယ်...ဒါက အရမ်းကြမ်းတမ်းလွန်းပြီးတော့ တကယ့်ကို မကောင်းဘူး...လုံးဝ မကောင်းဘူး...."

ဤသည်မှာ ဗုဒ္ဓတရားဒေသနာ ဟုတ်ပါသလော...

နတ်ဆိုးများသည် ပြူးကျယ်နေသောမျက်လုံးများဖြင့် နားထောင်နေကြပြီး သူတို့၏သံသယများ ပို၍နက်ရှိုင်းလာသည်။

ဤဘုန်းတော်ကြီး ပြောဆိုသော စကားများသည် သူတို့၏နားလည်နိုင်စွမ်းထက် လုံးလုံးလျားလျား ကျော်လွန်နေပြီး မယုံနိုင်လောက်အောင် ထူးဆန်းနေသည်။ သူ၏လေသံသည် ညင်သာသော်လည်း ဤသည်မှာ နတ်ဆိုးများ၏နှလုံးသားထဲတွင် ကြီးမားသော ဒေါသကို မီးထိုးပေးလိုက်ပြီး သူတို့ကို ပို၍မတည်မငြိမ် ဖြစ်လာစေသည်။ အစောပိုင်းက ယာယီ ဖိနှိပ်ခံထားရသော သူတို့၏ တုန်လှုပ်မှုနှင့်ဒေါသများပင် အဆက်မပြတ် လှုံ့ဆော်ခံရပြီး ပို၍ပြင်းထန်လာသည်။

ဤဘုန်းတော်ကြီးတွင် နက်ရှိုင်းသော ကျင့်ကြံဆင့်ရှိကြောင်း သိထားကြသော်လည်း နတ်ဆိုးများသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်လာကြပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူတို့သည် ထိုစိတ်အနှောင့်အယှက် ဖြစ်ဖွယ် ပါးစပ်ကို ပိတ်ဆို့ကာချုပ်ထားလိုပေ၏။

သို့ရာတွင် ဘုန်းတော်ကြီးခွန်ပန်၏ကျင့်ကြံမှုကို ကြောက်ရွံ့သဖြင့် နတ်ဆိုးများသည် သူတို့ကိုယ်သူတို့ ယာယီထိန်းချုပ်ထားကြသည်။

ငြိမ်းချမ်းသောအသံသည် နတ်ဆိုးများ၏နားထဲ၌ ကျမ်းစာရွတ်ဖတ်သံအလား ဆက်လက်၍ပဲ့တင်ထပ်နေသည်။

"မင်းတို့က တိုက်ခိုက်သတ်ဖြတ်ချင်ကြတယ် ဆိုရင် အဲ့ဒါက အရမ်းရက်စက်ကြမ်းတမ်းလွန်းတယ်...မင်းတို့ အဲ့ဒီလောက်ထိ မဆင်မခြင် ပြုမူနေရင် မင်းတို့ရဲ့ မိခင်တွေကို ဆုံးရှုံးရမှာ အနှေးနဲ့အမြန်ပဲ... ဒါကြောင့် ဒီဘုန်းတော်ကြီး ပြောတာကို နားထောင်ပြီးတော့ ကမ်းစပ်ကို ပြန်လှည့်လာပြီး ဓမ္မအရိပ်မှာ ခိုလှုံကြတာ ပိုကောင်းတယ်.. ဒါက လမ်းမှန်ပဲ...မင်းတို့အားလုံး နားလည်ကြရဲ့လား"

သူတို့သည် မည်မျှထိကြာအောင် သည်းခံခဲ့ရသည်ကို မသိနိုင်သော်လည်း ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံသည် ယင်ကောင်တစ်ကောင်ပမာ တိတ်ဆိတ်သော တောင်ကြားထဲတွင် ပျံဝဲနေပြီး အချိန်တခဏမျှ ရပ်တန့်မသွားချေ။ နတ်ဆိုးများသည် ဒေါသကြောင့် တုန်ရီနေကြပြီး သူတို့၏စိတ်ကို မထိန်းချုပ်နိုင်တော့မည့် အခြေအနေသို့ ရောက်နေကြလေပြီ။

နောက်ဆုံးတွင်....

နတ်ဆိုးတစ်ကောင်၏ စိတ်အနှောင့်အယှက် ဖြစ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသပေ၏။ မရေမတွက်နိုင်သော နှစ်များတလျှောက် ပုံသွင်းခဲ့သော သူ၏နတ်ဆိုးနှလုံးသားသည် လုံးလုံးလျားလျား ရှုပ်ထွေးသွားပြီး ဒေါသများဖြင့် လွှမ်းခြုံသွားသည်။

သူထံမှနေ၍ ရုတ်တရက် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားဖြင့် ပွင့်အံ့ထွက်လာပြီး သစ်ပင်နတ်ဆိုးသည် သူ၏အကိုင်းအခက်များကို ဆန့်ထုတ်ကာ ဟိန်းဟောက်လိုက်၏။

"အား....."

"မင်းက ဘာကောင်လဲ....ဘာလို့ ငါတို့နတ်ဆိုးနယ်မြေထဲ ဝင်လာရတာလဲ....မင်း ပါးစပ် မပိတ်ဘူးဆိုရင် ဒီအရှင်က ငါ့မှာ ရှိသမျှ အရာအားလုံးကို သုံးပြီးတော့ မင်းရဲ့စိတ်ဝိညာဉ်ကို လွင့်စင်သွားအောင် လုပ်ပစ်မယ်"

လက်မဝက်သာမြင့်သော သွားစွယ်များဖြင့် ပြည့်နေသည့် စိတ်ဝိညာဉ်နတ်ဆိုးသည်လည်း မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသော အမူအယာတစ်ရပ် ရှိနေသည်။

"နတ်ဆိုးနယ်မြေက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ပိုင်နက်ပဲ....လူသားတစ်ယောက်ကို ဒီလောက်ထိ ထင်တိုင်းကြဲခွင့် မပြုနိုင်ဘူး... မင်း ပါးစပ် မပိတ်ဘူးဆိုရင် မင်းရဲ့ကျင့်ကြံဆင့်က သန်မာနေရင်တောင် မင်း ဒီနေရာမှာ မြှုပ်နှံခံရလိမ့်မယ်"

နတ်ဆိုးနှစ်ကောင်သည် ဒေါသတကြီးဖြင့် ထကြွလာပြီး ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည်။

ဤဒေါသလှိုင်းသည် တခြားနတ်ဆိုးအမြောက်အများကိုလည်း ကူးစက်သွားစေပြီး မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နတ်ဆိုးပုံရိပ်အမြောက်အများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုခြင်းအငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

တောင်ကြားအတွင်းတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး အနက်ရောင်မြူခိုးများပင်လျှင် ချဉ်းကပ်နိုင်ရန် ရုန်းကန်နေရသည်။

တခြားနတ်ဆိုးများသည် စကားမပြောကြသော်လည်း စူးစိုက်ကြည့်ရှုနေကြပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို တိတ်တဆိတ် ဖုံးကွယ်ထားကြသည်။ မရေမတွက်နိုင်သော နှစ်များတလျှောက် သူတို့ ပြုစုပျိုးထောင်ခဲ့သော ကောက်ကျစ်မှုနှင့်စိတ်မရှည်မှုတို့ကို ယခုအချိန်၌ အပြည့်အဝ ပြသနေပေ၏။

ကြောက်မက်ဖွယ် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပုံပေါ်လာလုနီးပါး ဖြစ်လာပြီး ဘုန်းတော်ကြီးပေါ်သို့ ကျရောက်သွားသည်နှင့် နတ်ဆိုးများ ထကြွလာတော့မည် ဖြစ်ကာ ကြောက်မက်ဖွယ် သွေးထွက်သံယိုမှုကြီး ဖြစ်ပွားတော့ပေမည်။

ဘုန်းတော်ကြီးခွန်ပန်က သူတို့ကို တစ်ချက်သာ ကြည့်လိုက်သည်။

သူသည် ခေါင်းခါယမ်းကာ ပြုံးလိုက်ပြီး သူ၏ အမူအယာတွင် ကူကယ်ရာမဲ့ဟန် အနည်းငယ် ရောယှက်နေကာ ဆိုးသွမ်းသော ကလေးများကို မြင်နေရသည့်အလားပင်။

"အင်း....မင်းတို့ထဲက တချို့တွေက တကယ့်ကို ဆိုးသွမ်းကြတာပဲ"

"ဒီဘုန်းကြီးက တရားဓမ္မကို လုံ့လဝီရိယနဲ့ ဖြန့်ဝေနေတာ...မင်းတို့က ဒီလိုမျိုး ပြဿနာရှာနေပြီးတော့ နည်းနည်းလေးတောင် ယဉ်ကျေးမှု မရှိဘူး.... ဒီလိုလုပ်လို့ မဖြစ်ဘူး...မင်းက သစ်ပင် နတ်ဆိုးတွေ ဖြစ်ရင်တောင် မင်းကို သင်ပေးမယ့်မိခင် မရှိဘူးလား"

သစ်ပင်နတ်ဆိုးသည် ဒေါသကြောင့် တုန်ရီသွားပြီး မြေကြီးကိုထုနှက်ကာ မတ်တတ်ထလိုက်သည်။

"ခွေးမသား...."

"မင်းလိုနတ်ဆိုးရဟန်းကမှ အမေလုပ်တဲ့သူရဲ့သင်ကြားမှုကို မခံခဲ့...."

သူ၏စကား မဆုံးသေးမီမှာပင် မိုးကောင်းကင်ယံတွင် တိမ်မည်းများ တလိမ့်လိမ့်ထလာသည်။ ထို့နောက် တိမ်တိုက်များ ကွဲအက်သွားပြီး ရွှေရောင်ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု တိုးထွက်လာကာ လျှပ်စီးနှင့်မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကျဆင်းလာပြီး မြေပြင်ကို ရိုက်ခတ်လိုက်သည်။

ဘုန်း....

ပေတစ်ရာခန့် ကြီးမားကျယ်ပြန့်သော ဧရာမ လက်ဝါးကြီးသည် တောင်ကြားထဲသို့ ကျရောက်လာပြီး အော်ဟစ်နေသော နတ်ဆိုးများသည် ရွှေရောင်အလင်းတန်းအောက်တွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။

သူတို့၏အောက်မှ မြေကြီးသည် တုန်ခါသွားပေ၏။

"အား...."

မလိုလားသော အော်ဟစ်သံများ ပဲ့တင်ထပ်လာပြီး နတ်ဆိုးများအားလုံး၏ဦးရေပြားများကို ထုံကျင်သွားစေသည်။

ရွှေရောင်ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး ပျောက်ကွယ်သွားသည့်အချိန်တွင် သစ်ပင် နတ်ဆိုး စိတ်ဝိညာဉ်နတ်ဆိုးနှင့် တခြားနတ်ဆိုးအမြောက်အများသည် ကြောက်မက်ဖွယ်စွမ်းအား၏ ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြလေပြီ။

ဤအမှုန်အမွှားဖြစ်သွားသော နတ်ဆိုး ခန္ဓာကိုယ်များကို မြင်တွေ့ချိန်၌ တခြားနတ်ဆိုးများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် လက်သီးများကို ဆုပ်ထားကြပြီး သူတို့၏သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပို၍ပြင်းထန်လာသော်လည်း မည်သူမျှ ရှေ့သို့ထပ်မထွက်ရဲကြတော့ပေ။ ကြောက်မက်ဖွယ် ဖိအားတစ်ရပ်သည် စတင်၍ ပျံ့နှံ့လာပေ၏။

သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သူတို့၏အပေါင်းအပါများ မည်ကဲ့သို့ အသတ်ခံလိုက်ရသည်ကိုပင် သူတို့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရချေ။

ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုမျိုး ဖြစ်သနည်း။

ဤအချိန်တွင် တစ်ချိန်က မောက်မာခဲ့သော နွားရိုင်းနီနတ်ဆိုးပင်လျှင် တောင့်တင်းစွာထိုင်နေပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ကြီးမားသော အကျပ်အတည်း ခံစားမှုတစ်ရပ်သည် သူ၏စိတ်နှလုံးသားထဲတွင် ထွက်ပေါ်လာပေ၏။

သို့ရာတွင် နတ်ဆိုးများမှ သူ့ကို မည်သို့ပင် စိုက်ကြည့်နေပါစေ....

ဘုန်းတော်ကြီးခွန်ပန်သည် မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလား ညင်သာသောလေသံဖြင့် ဆက်လက်၍ ဟောကြားနေသည်။

"အော် မီ တော ဖော...."

"ဒကာတော်တို့အားလုံးက နောင်အနာဂတ်မှာ ကိုယ့်ရဲ့စာရိတ္တကို ကျင့်ကြံပြုပြင်ရမယ်.... ပြီးတော့ ဒီလောက်ထိ စိတ်တိုလို့ မဖြစ်ဘူး... ဒီဘုန်းတော်ကြီးလည်း ဒါကို လုပ်ဖို့ အတင်းအကြပ် တွန်းအားပေးခံခဲ့ရတာပါ... ကံကောင်းတာက ဒီနေရာမှာ ပန်းတွေ အပင်တွေ မရှိတာပဲ....မဟုတ်ရင် ဒါက ဒီဘုန်းတော်ကြီးအတွက် ကြီးမားတဲ့အပြစ်တစ်ခု ဖြစ်သွားလိမ့်မယ်..."

"ဗုဒ္ဓက သနားကြင်နာတယ်..."

အရှင်နွားရိုင်းနီ၏မျက်ခွံများ တဆတ်ဆတ် လှုပ်ခါသွားပြီး သူ၏သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပို၍ပြင်းထန်လာသည်။

သူ နောက်ဆုံးတွင် နားလည်သွားလေပြီ။ ဤဘုန်းတော်ကြီးသည် နတ်ဆိုးနယ်မြေထဲသို့ မတော်တဆ ဝင်ရောက်လာခြင်း မဟုတ်ချေ။ သူသည် နတ်ဆိုးများ အပြည့်အဝ မနိုးထသေးသည်ကို အခွင့်ကောင်းယူပြီး ရုတ်တရက် တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်လာခြင်း ဖြစ်ပေမည်။

သူတို့မူကား သူ၏သိမ်မွေ့ညင်သာသော ပုံပန်းသွင်ပြင်ကြောင့် လှည့်ဖြားခံခဲ့ရပြီး သူသည် သူတို့၏တံခါးဝသို့ အရောက်ပို့ပေးသော အရသာရှိသည့် အစားအစာတစ်ခုမျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သူတို့သည် ပေါ့ဆခဲ့ကြပြီး မရှောင်တိမ်းခဲ့ကြသောကြောင့် ဤဘုန်းတော်ကြီး၏ နက်ရှိုင်းသော ကျင့်ကြံမှုဖြင့် ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ် နည်းလမ်းများ ပိုင်ဆိုင်ပြီး နတ်ဆိုးများကို အမဲလိုက်ရန် လာခဲ့သော်လည်း သူသည် ငြိမ်းချမ်းဟန်ဆောင်ကာ "ဗုဒ္ဓက သနားကြင်နာတယ်" ဟု အဆက်မပြတ် ရွတ်ဆိုနေပြီး အားနည်းသော သားကောင်တစ်ကောင်ကဲ့သို့ ဟန်ဆောင်နေသည်။

လူသားများသည် မျှော်လင့်ထားသည့်အတိုင်းပင် ယုတ်မာကြသည်။

ယခုချိန်၌ သူတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ မဟာနတ်ဆိုးတချို့ကို နိုးထလာစေရန်အတွက် သူတို့၏နတ်ဘုရားအာရုံကို အသုံးပြုရန်ပင်။

All Chapters