ငါရော ရနိုင်မလား
Vol. 34 Ch. 398
ကုန်းမြေတစ်ခုလုံး၏ ထိပ်တန်းဆေးပညာရှင်တစ်ယောက်အနေဖြင့် သူ အမျှော်လင့်ဆုံးအရာမှာ လုံလောက်သော ဆေးဖက်ဝင်ပစ္စည်းများ အဆင့်မြင့်ဆေးမီးဖိုများ သို့မဟုတ် ရှုပ်ထွေးသော ဆေးညွှန်များ မဟုတ်ဘဲ ထူးချွန်သော ဆေးစမ်းသပ်ခံသူတစ်ဦးသာ ဖြစ်သည်။
ဆေးဖက်ဝင်ပစ္စည်းများကို မည်မျှပင် ကောင်းမွန်စွာ ပြင်ဆင်ထားပါစေ ဆေးလုံးကို ဖော်စပ်ပြီးစီးပြီး ဖြန့်ဖြူးလိုပါက တစ်စုံတစ်ယောက်မှ ဦးစွာစမ်းသပ်ခံရန် လိုအပ်သည်။ ထိုသို့ပြုလုပ်မှသာ ဆေးလုံး၏ အားသာချက်များနှင့် အားနည်းချက်များကို ခွဲခြားသိမြင်နိုင်ပြီး ပြင်ပသို့ ဖြန့်ချီနိုင်ပေမည်။
နှစ်ပေါင်းများစွာအတွင်းတွင် ဤစမ်းသပ်မှုများကို ပြုလုပ်ရန်အတွက် ပိုင်ကျိုးဝမ်သည် လူအမြောက်အများကို ရှာဖွေခဲ့သည်။ ရလဒ်အနေဖြင့် ဆေးသောက်ပြီးနောက် တချို့သည် သေဆုံးသွားကြပြီး တချို့ကမူ ဒဏ်ရာရသွားကြရာ အသုံးဝင်သော တုံ့ပြန်ချက်ကို ရရှိရန်မှာ အလွန်ခဲယဉ်းပေ၏။
အထူးသဖြင့် အဆင့်မြင့်ဆေးဝါးများသည် အလွန်အကျိုးရှိသော်လည်း ကျင့်ကြံဆင့်နိမ့်ပါးသူများ ခံနိုင်ရည်ရှိမည့် အရာမျိုး မဟုတ်ချေ။
ကျင့်ကြံဆင့်မြင့်မားသူများမှာမူ သူတို့၏ခန္ဓာကိုယ်သည် တန်ဖိုးကြီးမားသဖြင့် မည်သူက စမ်းသပ်မှုများအတွက် အသက်နှင့်ရင်း၍ စွန့်စားကြမည်နည်း။
ဆေးစမ်းသပ်ခံမည့်သူ မရှိလျှင် ဆေးလုံး၏ အရည်အသွေးကို အတည်မပြုနိုင်သဖြင့် ထိုအရာများကို ဘေးဖယ်ထားရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
...
ဆေးလုံးတချို့ကို ရှေးဟောင်းသားရဲများအား အသုံးပြု၍ စမ်းသပ်ခဲ့သော်လည်း လူသားများနှင့် ကျင့်ကြံနည်းစနစ်မတူညီခြင်း ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ကွာခြားခြင်းတို့ကြောင့် ဤစမ်းသပ်မှုများသည် အသုံးမဝင်သလောက်နီးပါးပင်။
ထို့ကြောင့် သူ အမျှော်လင့်ဆုံးအရာမှာ ဆေးဝါးများကို ခံနိုင်ရည်ရှိသော်လည်း အလွန်အမင်း သန်မာအားကောင်းခြင်းမရှိသော ကျင့်ကြံသူတစ်ဦးကို ရှာဖွေနိုင်ရန်ပင်။ ယခုချိန်တွင်မူ ထိုကဲ့သို့ လူစားမျိုးသည် တစ်ယောက်မကဘဲ နှစ်ယောက်ပင်လျှင် ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ကျန်းလီ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်မှာ အံ့အားသင့်ဖွယ်ရာ မဟုတ်တော့ချေ။
သေချာသည်မှာ တစ်စုံတစ်ယောက်၏သေရေးရှင်ရေးကို သူ ဂရုမစိုက်သောအချက်ပင်။
အစွမ်းထက်သော ဆေးလုံးများကို ဖန်တီးနိုင်မည်ဆိုလျှင် သူကိုယ်တိုင် သေဆုံးရလျှင်ပင် တွန့်ဆုတ်ခြင်းရှိမည် မဟုတ်လေရာ တခြားသူများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကျန်းလီ၏ ရူးသွပ်သောအတွေးများကို သတိမထားမိဘဲ ကျန်းရွှမ်က ဆေးပုလင်းနားသို့ လျှောက်လှမ်းသွားပြီး ညင်သာစွာ ဖွင့်လိုက်သည်။
ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားသလော သို့မဟုတ် ထုတ်လုပ်မှု အကန့်အသတ်ကြောင့်လောဟု မသိရသော်လည်း ပုလင်းထဲတွင် လုံးဝိုင်းသော ဆေးလုံးနှစ်လုံးသာ ရှိသည်။ ထိုဆေးလုံးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်ပြီး အေးစက်သော ဆေးစွမ်းအားများက လှိုင်းလုံးများအလား ပျံ့လွင့်လာပေ၏။
ကျန်းရွှမ်က ဆေးလုံးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံစာကြည့်တိုက်ထဲ၌ စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
'စိတ်ဝိညာဉ် လေဟာနယ်ဖြိုခွင်းခြင်း အဆိပ်ဆေးလုံး... ဂုဏ်သတ္တိကင်းမဲ့သော ဆေးလုံးတစ်မျိုး ဖြစ်သည်....ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးက နဝမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားရာတွင် ဤဆေးလုံးကို သောက်သုံးပါက အောင်မြင်မှုနှုန်းကို သုံးဆယ်ရာခိုင်နှုန်း တိုးတက်စေနိုင်သော်လည်း သုံးရက်စာ စိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးသွားစေပေမည်.....ခရမ်းရောင်ရေသစ်အယ်သီး လေနတ်ဆိုးဝံပုလွေ ရင်းမြစ်သလင်းကျောက် နှင့် နှစ်တစ်ရာသက်တမ်းရှိသော ပျားဘုရင်အနှစ်သာရ အပါအဝင် ဆေးဖက်ဝင်ပစ္စည်း ၁၃ မျိုးဖြင့် ဖော်စပ်ထားသည်...'
'ချို့ယွင်းချက် တစ်...ဆေးစွမ်းအား လွန်ကဲသဖြင့် သောက်သုံးသူထံတွင် စိတ်ဝိညာဉ်စွမ်းအား မလုံလောက်ပါက ဆေးသောက်ပြီးနောက် ရူးသွပ်သွားနိုင်သည်...ချို့ယွင်းချက်နှစ် ..."
"ဒီဆေးလုံးရဲ့အာနိသင်က တော်တော်လေး ပြင်းထန်တာပဲ..."
ထိုအကြောင်းအရာများကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်၏မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးကို နဝမအဆင့်သို့ ရောက်ရှိစေနိုင်ပြီး အောင်မြင်မှုနှုန်းကို သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည်ဆိုလျှင် ဤဆေးလုံး၏ တန်ဖိုးသည် ထောင်နှင့်ချီသော ကံကြမ္မာချပ်ပြားများထက်ပင် ကျော်လွန်နေနိုင်သည်။
ဤဆေးလုံး၏အာနိသင်သည် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးထက် များစွာပို၍ပြင်းထန်သည်။
ကျန်းရွှမ်သည် ဆေးလုံးကို ဝါးမျိုလိုက်သည့် ဟန်ပြလိုက်သော်လည်း အမှန်အားဖြင့် သူသည် ထိုအရာကို ရွှမ်ကမ္ဘာထဲသို့ ထည့်လိုက်ခြင်းပင်။
ပြင်းထန်သော ဆေးစွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ကမ္ဘာအတွင်းရှိ မိုးကောင်းကင်ယံသို့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ သူ၏မရီဒါန်းများနှင့်ခြေလက်အင်္ဂါများဆီသို့ ပြန်လည်၍ စီးဝင်လာသည်။
သူ၏ မရီဒါန်းများအတွင်းရှိ ပိတ်ဆို့မှုများသည် မြစ်ထဲမှ ကျောက်တုံးများ ရိုက်ခွဲခံလိုက်ရသကဲ့သို့ ချက်ချင်းကြေမွှပျက်စီးသွားပြီး သူ၏အစစ်အမှန်စွမ်းအားများ လည်ပတ်မှု ပို၍အဆင်ပြေချောမွေ့သွားသည်။
"ဝုန်း..."
ကျန်းရွှမ်သည် သူ၏စိတ်ဖြင့် အမိန့်ပေးလိုက်ပြီးနောက် သူ၏အရှိန်အဝါ လျှင်မြန်စွာ မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် မှ သတ္တမအဆင့် သို့ အချိန်မရွေး ချိုးဖျက်ဝင်ရောက်တော့မည့်အလားပင်။
သူ၏ ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း ဤအချိန်အတောအတွင်းတွင် အားဖြည့်ပစ္စည်း အမျိုးမျိုးကို အဆက်မပြတ် စားသုံးခဲ့ရသည်။ အစောပိုင်းကပင် သူသည် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး ၅ကျင်းကို သောက်သုံးခဲ့ပေ၏။ သူ၏စွမ်းအားစုဆောင်းအရဆိုလျှင် သတ္တမအဆင့်သာမက နဝမအဆင့် အထိ တိုက်ရိုက်တက်လှမ်းရန်ပင် လုံလောက်နေလေပြီ။
သူ အဆင့်မတက်သေးရခြင်း၏ အကြောင်းရင်းမှာ ကောင်းကင်ဘုံသောကကံကြမ္မာသည် စတုတ္ထအဆင့်သို့ မရောက်သေးသောကြောင့်ပင်။
ကံကြမ္မာအဆင့်တက်မှသာ သူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်၏အထက်ရှိ စွမ်းအားများကို ပို၍ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပေမည်။ ထိုသို့ဖြစ်လာမှသာ သူသည် အရှိန်အဝါကို ဖုံးကွယ်ခြင်း သို့မဟုတ် စွမ်းအားအစစ်အမှန်ကို လျှို့ဝှက်ထားခြင်းတို့အား လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ပြီး သူ၏ဟန်ဆောင်ထားမှု ပျက်စီးတော့မည် မဟုတ်ချေ။
ကံကြမ္မာအဆင့်မတက်မီ သူသည် အတင်းအကြပ် အဆင့်တက်လိုက်ပါက သူ၏ကျင့်ကြံဆင့် မြင့်တက်လာမည်ဖြစ်သော်လည်း ကလေးငယ်တစ်ယောက်သည် လေးလံသော တူကြီးတစ်လက်ကို ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်နေပေမည်။ ဤှသည်မှာ တခြားလူများကို ထိခိုက်စေနိုင်သကဲ့သို့ သူ့ကိုယ်သူလည်း ထိခိုက်ဒဏ်ရာရစေနိုင်သည်။
ထိုအကြောင်းပြချက်ကြောင့် သူ အဆင့်မတက်နိုင်ခြင်း မဟုတ်ဘဲ တမင်သက်သက် ဖိနှိပ်ထားခဲ့ခြင်းပင်။ ဤတစ်ကြိမ်တွင်လည်း ယခင်အတိုင်း ထပ်တူထပ်မျှ ဖြစ်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။ သူ၏ သန်မာသော စိတ်ဝိညာဉ်စွမ်းအားနှင့် ပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် ထိုဆေးစွမ်းအားများကို ဖိနှိပ်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။ သို့ရာတွင် မထင်မှတ်ထားဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားများသည် ရပ်တန့်သွားမည့် အရိပ်အယောင် မပြဘဲ ပို၍ပြင်းထန်လာပေ၏။
"ဒါက လေနတ်ဆိုးဝံပုလွေရဲ့ရင်းမြစ်သလင်းကျောက် ကြောင့်ပဲ... ဒီဝံပုလွေရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်လွန်းတယ်..."
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
လေနတ်ဆိုးဝံပုလွေများသည် လပြည့်ညတိုင်း ရူးသွပ်သွားတတ်ပြီး ဖျက်ဆီးခြင်းများကို ပြုလုပ်ကာ သူတို့ထက် ပို၍သန်မာအားကောင်းသော ရှေးဟောင်းသားရဲများကိုပင် စိန်ခေါ်လေ့ရှိသည်။
သူတို့၏ရိုင်းစိုင်းမှုကြောင့် သူတို့ထက် ပို၍သန်မာအားကောင်းသော ရှေးဟောင်းသားရဲများပင်လျှင် ပြဿနာမဖြစ်လိုသောကြောင့် သူတို့ကို လွယ်လင့်တကူ ရန်မစရဲကြချေ။
ထိုဝံပုလွေ၏ ကြောက်ရွံ့ခြင်းမရှိသော ဂုဏ်သတ္တိသည် ဆေးလုံးသောက်သုံးသူ၏ ကျင့်ကြံဆင့်အတားအဆီးများကို ချိုးဖျက်ရာတွင် ပြိုင်ဘက်ကင်းစေသော်လည်း သူ၏တွေးခေါ်မှုကို အလွယ်တကူ လွှမ်းမိုးသွားစေနိုင်ပြီး စွမ်းအားကိုထိန်းချုပ်၍မရ ဖြစ်စေနိုင်သည်။
အဆင့်ချိုးဖျက်ဆေးလုံးကို ဖော်စပ်ရာတွင် ဤကဲ့သို့ ပစ္စည်းမျိုးကို သုံးရဲခြင်းမှာ အကြီးအကဲကျန်းလီသည် အလွန်အတင့်ရဲသည်ဟု ဆိုနိုင်ပေ၏။
"ဖိနှိပ်စမ်း..."
ကျန်းရွှမ်က သူ၏စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး သူ၏စွမ်းအားများကို ထပ်မံ၍ဖိနှိပ်လိုက်သည်။ ဤအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ပွက်ပွက်ဆူနေသော ရေကဲ့သို့ ပို၍ပြင်းထန်လာသည်။ သူ ဖိနှိပ်သောအား များလေလေ တန်ပြန်သက်ရောက်မှု ပို၍ဆိုးရွားလာလေလေပင်။
ဤသည်က သူပင်လျှင် တောင့်ခံနိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်လာသည်။
"ဝုန်း... ဝုန်း..."
သူ အတင်းအကြပ် ဖိနှိပ်နေစဉ်တွင် အခန်းထဲရှိ အကြီးအကဲကျန်းလီနှင့် ယခုမှ ပြန်ရောက်လာသော ယောင်ယွင်နှင့် တခြားလူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
ဤဆေးလုံး၏အာနိသင်သည် ပြင်းထန်ပေမယ့် ဆေးလုံးဆယ်မျိုးထဲတွင် အပျော့ဆုံးပင်။ ဤလူသည် ယခုကတည်းက ခံနိုင်ရည် မရှိတော့သလော။
သူတို့သည် ဆေးစမ်းသပ်ရန် အထူးပါရမီရှင် ရှိနေပြီဟု ယူဆကာ ပျော်ရွှင်နေခဲ့သည်။ ဤဆေးဆယ်မျိုးသာ အောင်မြင်သွားရင် တခြားဆေးလုံးတွေကို ဖော်စပ်ရန် သူတို့ စိတ်ကူးယဥ်တွေးတောနေသော်လည်း ယခုချိန်တွင်မူ စိတ်ကူးယဥ်အိမ်မက်တစ်ခုကဲ့သို့ ဖြစ်သွားလေပြီ။
အကြီးအကဲကျန်းလီ၏ မျက်လုံးများတွင် စိတ်ပျက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ယောင်ယွင်ကလည်း ခေါင်းခါယမ်းလိုက်ပြီး ပိုင်ကျိုးဝမ် ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
'ဒီကောင်က မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး တွေကို ခိုးရောင်းပြီးတော့ ကြုံရာလူနှစ်ယောက်ကို ဆွဲခေါ်လာတာများလား...'
'ငါ အဲ့ဒီကိစ္စကို နောက်မှ သေချာ စစ်ဆေးရမယ်'
လူတိုင်းက ကျန်းရွှမ်သည် ခံနိုင်ရည်မရှိတော့ဘဲ သေဆုံးခြင်း သို့မဟုတ် ရူးသွပ်ခြင်း ဖြစ်တော့မည်ဟု ထင်နေချိန်တွင် သူသည် ခေါင်းမော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။
"အကြီးအကဲကျန်း... ခုဏက ဖော်စပ်ထားတဲ့ မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး အနည်းငယ်လောက် ပေးလို့ရမလား"
"မင်းက အဲ့ဒါကို ဘာလုပ်ဖို့လဲ..."
အကြီးအကဲကျန်းလီသည် အချိန်တခဏကြာမျှ ကြက်သေသေသွားတော်လည်း ငြင်းဆန်ခြင်းမပြုဘဲ ဆေးပုလင်းနှစ်လုံးကို ပစ်ပေးလိုက်သည်။
ဤမြေကမ္ဘာငရဲအဝါရောင်ဆေးလုံးများသည် ရေခဲနွယ်ချို ရေခဲသလင်းမြက်တို့ဖြင့် ရောစပ်ထားသဖြင့် အသွင်အပြင် ပို၍လှပရုံသာမက ဆေးစွမ်းအာနိသင်လည်း ပို၍ပြင်းထန်သည်။ ဤသည်မှာ ယခင်က သူတို့ သောက်သုံးခဲ့သော ဆေးလုံးများနှင့် မတူညီချေ။
သူ၏စကားမဆုံးမီမှာပင် ထိုလူငယ်သည် ပုလင်းများကို ဖွင့်ပြီး ဆေးလုံးများအားလုံးကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။
"....."
အကြီးအကဲကျန်းလီ ကြက်သေသေသွားသည်။
'ဒါက ဘာသဘောလဲ....'
သူသည် ဆေးမှားသောက်မိသဖြင့် အဆိပ်ပြင်းသော မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးကို အသုံးပြုပြီး ထိန်းညှိရန် ကြံရွယ်နေသလော...
ဤသည်မှာ တစ်စုံတစ်ယောက်သည် ဆားအများကြီးစားမိသဖြင့် ရေများထပ်မံ၍ သောက်သုံးလိုက်သကဲ့သို့ ဖြစ်နေသလော....
သူတို့ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် လူငယ်၏ခန္ဓာကိုယ်အတွင်းတွင် လှုပ်ရှားနေသော စွမ်းအားများ ရုတ်တရက် ရပ်တန့်သွားပြီး တချိန်တည်းမှာပင် သူ၏လည်ချောင်းထဲမှ အဖြူရောင်အခိုးအငွေ့တန်းတစ်တန်းသည် ဓားချီတစ်ခုအလား ပျံ့လွင့်လာပေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ယောင်ယွင် နှင့်တခြားလူများအားလုံး လုံးလုံးလျားလျား ကြက်သေသေသွားကြသည်။
သူတို့သည် ဆေးမှားစားမိပြီး ဆေးစွမ်းအားကို မထိန်းချုပ်နိုင်ဘဲ ရူးသွပ်သွားကာ နေရာတွင်ပင် သေဆုံးသွားသူများကို မြင်တွေ့ဖူးသည်။ သို့ရာတွင် အဆိပ်ကိုသုံးပြီး ဆေးစွမ်းအားကို ငြှိမ်းသတ်သည်ကိုမူ သူတို့ ပထမဆုံး မြင်တွေ့ဖူးခြင်းပင်။
ဤသည်မှာ တစ်စုံတစ်ယောက်သည် လည်ချောင်းနာနေစဥ်တွင် အစပ်များ ပူလောင်သည့်အရာများကို စားသည်နှင့် မည်သည့်ကွာခြားချက်ရှိသနည်း။
သူတို့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လူငယ်နှင့်အတူ ပါလာသော အဘိုးအို၏မျက်နှာပေါ်တွင် မနာလိုအားကျသော အမူအယာတစ်ရပ် မသိမသာ ထင်ဟပ်လာသည်။ ထို့နောက် သူသည် အံ့တင်းတင်းကြိတ်ပြီး ကျန်းလီကို ကြည့်လိုက်၏။
"ဟို... အကြီးအကဲကျန်းလီ... ကျွန်တော့်ကိုလည်း မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးနှစ်ပုလင်းလောက် ပေးလို့ရမလား..."
အကြီးအကဲကျန်းလီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းလည်း ရူးသွပ်ချင်လို့လား"
ခုန်းရှီက အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုသည်။
"တကယ်လို့ ရူးသွပ်သွားမှ ဆေးလုံးတွေ ရမယ်ဆိုရင်... ကျွန်တော်က အကောင်းဆုံး ကြိုးစားပြီး ရူးသွပ်ပြပါ့မယ်..."
"..."
အကြီးအကဲကျန်းလီ
"..."
ယောင်ယွင်နှင့်တခြားလူများ....