← Chapters

အခန်း (၅၀၂-၅၀၃)

Vol. 32 Ch. 502-503

အခန်း (၅၀၂-၅၀၃)

Vol. 32 Ch. 502-503

Chapter 502

မြေအောက်ဥမင်လိုဏ်ခေါင်း ၁

လင်းရှန်၏ ပထမဦးဆုံး အတွေးက ဤအသံမက်ဆေ့ချ်သည် ချူယန်အမည်ရှိ ထိုအမျိုးသမီးထံမှ လာသည်ဟု ယူဆခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဂရေ့စ်သည် ဟိုလိုဂရမ်ပုံရိပ် ဖန်တီးမှုဖြင့် ချူယန်၏ မျက်နှာကို ယူထားခြင်းကြောင့်ပင်။

သို့သော် ပြဿနာမှာ အိပ်မက်ထဲတွင် အချိန်မဖောက်ပြန်ခဲ့ပါက ချူယန်သည် နျူကလီးယားပေါက်ကွဲမှုပြီးနောက် ဝင်ရိုးစွန်းည လွှမ်းခြုံနေသော ယူပေမြို့တွင် ရှိနေသင့်သည်။ ထိုသို့ဆိုလျှင် သူမသည် မည်သို့လျှင် မိုင်ထောင်ပေါင်းများစွာဝေးကွာသည့် ဤယိကျင်းမြို့၏ မြေအောက်တွင် ပေါ်လာကာ လုံခြုံမှု အပြည့်အဝရရှိထားသော AI ဂရေ့စ်တွင် ထိုသို့ သတိပေးမက်ဆေ့ချ်မျိုးကို ချန်ထားခဲ့နိုင်မည်နည်း။

ခဏတာအတွင်း လင်းရှန်သည် ကြီးမားသော ရှုပ်ထွေးသည့်ပင့်ကူအိမ်ကြီးထဲသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားရပြီး မည်သည့်အရာကို ယုံကြည်ရမည်မှန်း မသိတော့ပေ။

လင်းရှန်၏ သတိကြီးသော အမြင်အရဆိုလျှင် ရွှေ့ပြောင်းထွက်ခွာသည့် လမ်းကြောင်းကို သိပြီးနောက် သူ၏ ပထမဆုံး ရွေးချယ်မှုမှာ အမြန်ဆုံးထွက်ပြေးရန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝင်ရိုးစွန်းညအောက်တွင် ယိကျင်းမြို့သည် အန္တရာယ်ရှိသော မှိုမျှင်များဖြင့် ပြည့်နှက်နေပြီး ခုခံတိုက်ခိုက်ရန် နည်းလမ်းတစ်စုံတစ်ရာ မရှိသောကြောင့် လင်းရှန်သည် အာရုဏ်တတ်ခြင်းကို မမြင်ရမချင်း စိတ်အေးချမ်းနိုင်မည် မဟုတ်ပေ။

သို့သော် “ဂရေ့စ်” က သူ့ကို ခုနက ပြောလိုက်သည်မှာ မှန်နေပြီး ယိကျင်းမြို့အနီးတွင် ဖုတ်ကောင်သိုးထိန်းများ လှုပ်ရှားနေသည်ဆိုပါက မြို့ထဲမှ ထွက်ပြေးခြင်းသည် အလွန်အန္တရာယ်များလှသည်။ အကောင်းဆုံးရွေးချယ်မှုမှာ မြေအောက်ဥမင်လိုဏ်ခေါင်းထဲတွင် ပုန်းအောင်းနေပြီး နောက်လာမည့် မှိုမျှင်လှုပ်ရှားမှု စက်ဝန်းပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

လင်းရှန်ကို တုံ့ဆိုင်းစေသည့် အချက်မှာ သူသည် ထိုအချက်အလက်များ၏ စစ်မှန်မှုကို ဆုံးဖြတ်နိုင်ခြင်း မရှိခြင်းပင်။

တင်းကျန်းရီသည် သူ၏ စိတ်မသက်မသာ ဖြစ်နေသော မျက်နှာကို သတိပြုမိကာ

“ဒါက သူမရဲ့ ထောင်ချောက် ဖြစ်နိုင်တယ်လို့ ထင်နေတာလား”

လင်းရှန်သည် ပြန်လည်စတင်နေသော ဂရေ့စ်ကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

“ငါတို့က အခု ဘာကိုယုံရမှန်းမသိတဲ့ အခြေနေကို ရောက်နေတယ်”

“ငါ သိတယ်။ ရွှေ့ပြောင်းထွက်ခွာမယ့်လမ်းကြောင်းက သူ့ဆီက လာတာ… ဒီနေရာမှာပဲ ဆက်နေဖို့ အကြံပြုချက်ကလည်း သူ့ဆီက လာတာ… ငါတို့ ရထားတွေအားလုံး အခု မြေအောက်ဥမင်လိုဏ်ခေါင်းထဲမှာ ရပ်ထားတယ်။ ဒါဟာ ထောင်ချောက်ဆိုရင်တော့ ငါတို့ ထွက်ပြေးဖို့ အခွင့်အရေး လုံးဝရှိတော့မှာ မဟုတ်ဘူး”

တုန်ခါနေသော ရထားလမ်းသံသည် ပို၍နီးကပ်လာရာ လင်းရှန်၏ အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။

နောက်ဆုံးတွင် သူ၏ မျက်လုံးများ ထက်မြက်လာသည်။ သူ ရှေ့သို့ တက်သွားကာ ဂရေ့စ်ကို မတင်လိုက်သည်။ စွမ်းအားဝတ်စုံက လျင်မြန်သော လှည့်ပတ်အားကို လွှဲပြောင်းပေးကာ သူသည် အလေးချိန်တစ်တန်နီးပါးရှိသော လူသားပုံစံ စက်ရုပ်ကို အလွယ်တကူ မယူလိုက်သည်။ ယန္တရားနှလုံးသားသည် လျင်မြန်စွာ လည်ပတ်ကာ ဂရေ့စ်၏ စွမ်းအင်ကြိုးများကို ဖြတ်တောက်ပြီး သူမကို ပိတ်ပစ်လိုက်သည်။ ထို့နောက် သူသည် လှည့်၍ စင်္ကြန်သို့ လျှောက်သွားသည်။

“ဒါကို လောင်းကြေးထပ်ရတော့မယ်… အကုန်လုံး အသံတိတ်အနေထားနဲ့ နေပြီး မြေအောက်မှာ အနားယူကြမယ်”

တင်းကျန်းရီသည် လင်းရှန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် နောက်မှ လိုက်သွားသည်။

ဝူးး

ပေါင်းစည်းရထားတွဲကြီးသည် သံမဏိနဂါးတစ်ကောင်ကဲ့သို့ နန်ကျင်း၏ လမ်းညွှန်မှုဖြင့် လျှို့ဝှက်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် မြေအောက်ထဲသို့ ခုန်ဆင်းကာ ပို၍နက်ရှိုင်းစွာ တူးဝင်သွားသည်။

ကြီးမားသော လှုပ်ရှားမှုက မှိုမျှင်များ အများအပြားကို လှုပ်နှိုးလိုက်သည်။ မရေတွက်နိုင်သည့် မှိုလူသားများသည် လမ်းကြောင်းဆီသို့ အုံလိုက်ကျင်းလိုက် စုပြုံတိုးဝင်လာကြသည်။

ကုန်ပစ္စည်းဘူတာရုံတွင် ကီကီသည် နန်ကျင်းနှင့် စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့တို့နှင့် ပူးပေါင်းကာ မှိုလူသားသတ္တဝါများနှင့် မှိုဦးခေါင်းများ ဥမင်ထဲသို့ မဝင်နိုင်အောင် ပိတ်ဆို့ထားကြသည်။ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မကြာမီပင် ဘူတာရုံတစ်ခုလုံးသည် မီးပင်လယ်ဖြစ်သွားသည်။

“အခြေအနေကို ကျွန်မတို့ ထိန်းချုပ်လို့ မရတော့ဘူး”

ကီကီသည် လေထဲတွင် ဝဲပျံနေရင်း ထူထပ်သော မှိုအမှုန်မွှားမြူများကို ကြည့်ကာ ဆက်သွယ်ရေးကိရိယာထဲသို့ အော်ပြောလိုက်သည်။

“ကိစ္စမရှိဘူး… ငါတို့ အပေါက်ကို လုံးဝ ပိတ်ပစ်ရမယ်”

နန်ကျင်းသည် ကြီးမားသော သံမဏိကုန်တင်ပြားတစ်ခုကို အားအပြည့်ဖြင့် ပစ်ပေါက်လိုက်ရင်း အော်ပြောလိုက်သည်။

ဝှမ်း

သံမဏိပြားသည် ထိတ်လန့်ဖွယ်အရှိန်ဖြင့် လေထုကို ဖြတ်တောက်ကာ လူသားပုံသဏ္ဍန် မှိုသတ္တဝါအုပ်စုများကို ဖြတ်တောက်လိုက်သည်၊၊ ပုပ်ပွနေသော ကိုယ်တွင်းအင်္ဂါများနှင့် ကပ်စေးစေးအရည်များ ပက်ကျဲသွားသည် — သို့သော် သွေးမရှိဘဲ တောက်ပသော အပင်နှင့်တူသည့် အရောင်များသာရှိသည်။

ပေါင်းစည်းရထားသည် အလွန်ရှည်လွန်းသည်။ ရထားတွဲတစ်တွဲပြီးတစ်တွဲ မြေအောက်ဥမင်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ လေပြင်းများ တဝူးဝူးအော်ဟစ်သွားသည်။

စုစုပေါင်း တွဲ ၅၀၀ ကျော်က ဝင်ရောက်ရန် ၁၀ မိနစ်ကျော် ကြာခဲ့သည်။ ထိုအချိန်တွင် ကုန်ပစ္စည်းဘူတာရုံသည် မြေပြင်နှင့် ညီလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လေပြင်းကြောင့် သယ်ဆောင်လာသော မှိုအမှုန်မွှားမြူမှုန်များသည် သဲမုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။

“ငါတို ဝင်ရမယ်— အဝင်ဝကို ပိတ်ပစ်ကြ”

“မြန်မြန်လုပ်”

စွမ်းအားရှင် ဒါဇင်ပေါင်းများစွာသည် မြေအောက်ဥမင်ထဲသို့ အတင်းထိုးဖောက်ဝင်ရောက်သွားကြသည်။

နန်ကျင်းသည် အားဖေးကို အော်ပြောလိုက်သည်၊၊

“ကောင်လေး”

ကီကီက စိုးရိမ်တကြီးဖြင့်

“ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်ကုန်မယ် မဟုတ်လား”

“မဖြစ်ဘူး။ ငါတို့က မြို့လယ်ဧရိယာထဲမှာ မဟုတ်ဘူး— ပြီးတော့ ခြိမ်းခြောက်မှု အများစုကို ဖယ်ရှားပစ်ရမယ်”

“ကောင်းပြီလေ”

ကီကီသည် စိတ်စွမ်းအားဖြင့် ဖန်တီးထားသော အကာအကွယ်ဒိုင်းကာကြီးကို မြှောက်လိုက်သည်။

“သွား... ငါ လမ်းပိတ်ထားမယ်”

အားဖေးသည် ခေါင်းညိတ်ကာ နေကာမျက်မှန်ကို ချွတ်ပြီး လှုပ်ရှားမှု စတင်လိုက်သည်။

နီညိုရောင် လေဆာရောင်ခြည်များက ကားရှေ့မှန်သုတ်တံများကဲ့သို့ ကုန်ပစ္စည်းဘူတာရုံ အပျက်အစီးများတစ်လျှောက် ပျံ့နှံ့နေသော မှိုမျှင်များနှင့် လူသားပုံသဏ္ဍန် မှိုသတ္တဝါများကို လှီးဖြတ်သွားသည်။

နောက်တစ်စက္ကန့်တွင် အနီရောင် ူပေါက်ကွဲမှုတစ်ခုသည် မှိုအစုအဝေးများမှ ပေါက်ကွဲထွက်လာပြီး အရိပ်ထဲမှ တွားသွားလာသည့် ဧရာမကြွက်များကိုပါ ဖယ်ရှားပစ်လိုက်သည်။

နားကွဲလုနီးပါး ကျယ်လောင်သော ပေါက်ကွဲမှုက ပတ်ပတ်လည်ကီလိုမီတာများစွာကို တုန်ခါသွားစေသည်—

အုန်း အုန်း အုန်း

မြေကြီး တုန်ခါသွားသည်။ ဖုန်မှုန့် မုန်တိုင်းများ လွင့်ပျံသွားသည်။ ကြီးမားသော တုန်ခါမှုလှိုင်းသည် ရှေ့သို့ ရိုက်ခတ်သွားသည်။

ဥမင်အဝင်ဝတွင် ရှိနေသော ကီကီနှင့် နောက်တန်းမှ အဖွဲ့သည် ပေါက်ကွဲမှုဒဏ်ကြောင့် အတွင်းဘက်သို့ လွင့်စင်သွားကြသည်။

ပျံသန်းလာသော ကျောက်တုံးများနှင့် အပျက်အစီးများသည် ရေလှိုင်းကြီးတစ်ခုကဲ့သို့ အဝင်ဝကို ဖုံးလွှမ်းသွားသည်။

ကြီးမားသော မြေပြိုမှုတစ်ခု ဆက်လက်ဖြစ်ပွားခဲ့ရာ အဖွဲ့သည် တုန်ခါမှုများ တဖြည်းဖြည်း မရပ်တန့်ခင် ဥမင်ထဲသို့ မီတာရာနှင့်ချီ၍ ပြေးဝင်ခဲ့ရသည်။

လျှို့ဝှက်ရထားလမ်း အဝင်ဝသည် ယခုအခါ လုံးဝ ပိတ်ဆို့သွားပြီဖြစ်သည်။ မှိုသတ္တဝါများ နောက်ထပ်ဝင်ရောက်လာနိုင်ခြင်း မရှိတော့ပေ။

သို့သော် ပေါက်ကွဲမှုသည် မြို့တော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

လမ်းကြားများ၏ ထောင့်ချိုးများမှ မြို့ပြင်ရှိ တောအုပ်များအထိ နေရာတိုင်းတွင် ထူးဆန်းသော တရှူးရှူး အသံများ ပဲ့တင်ထပ်လာသည်။

မြို့တော်တစ်ခုလုံး နိုးထလာသကဲ့သို့ပင်၊၊

ကြောက်မက်ဖွယ်ကောင်းသော အမည်မဖော်နိုင်သည့် သတ္တဝါများသည် ကုန်ပစ္စည်းဘူတာရုံဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။

တစ်ချိန်တည်းမှာပင် ၁၅ ကီလိုမီတာ ရှည်လျားသော ပေါင်းစည်းရထားကြီးသည် မြေအောက် ဒါဇင်ပေါင်းများစွာအောက်ရှိ ဥမင်များထဲတွင် အရှိန်ပြင်းစွာဖြင့် ပြေးလွှားနေသည်။

“ရထားတွဲအားလုံး— ရေပန်းစနစ် ဖွင့်… မှိုအမှုန်မွှားမြူ အကြွင်းအကျန်တွေကို ဖယ်ရှားကြ”

“ပိုးသတ်ဆေးတွေ သုံးကြ”

“မြန်မြန် မြန်မြန်လုပ်”

“အနန္တရထားက အမိန့်ထုတ်ထားတယ်။ မီးနဲ့ သန့်စင်ဖို့ ပြင်ဆင်ကြ”

“မီးနဲ့လား”

ဝှစ် ဝှစ် ဝှစ်

မှိန်ဖျော့နေသော ဥမင်ထဲတွင် လုရှင်းချန်သည် မြင့်မားသော ထိန်းသိမ်းရေး စင်မြင့်ပေါ်တွင် ကိုယ်ကိုကိုင်း၍ နဂါးတောင် ၁ ၏ ဦးဆောင်အင်ဂျင်က အရှိန်ပြင်းစွာ ပြေးဝင်လာသည်ကို ကြည့်နေသည်။ သူ အဆင်သင့် ဖြစ်နေသည်။

“ဟေး၊ ညီကိုလော့… မင်းဟာက အဆင်ပြေမယ်ဆိုတာ သေချာလား”

မီးတောက်သည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် လော့ယန်ကို မေးသည်။

Chapter 503

မြေအောက်ဥမင်လိုဏ်ခေါင်း ၂

“ညီကိုလု သေချာတယ်။ ဒီမှိုပွင့်တွေက အလွယ်တကူ မပေါက်ကွဲဘူး။ ငါ ကပ္ပတိန်ချန်နဲ့ အစ်ကိုရှီကို ယာဉ်တန်းအားလုံးကို မီးနဲ့ သန့်စင်ဖို့ ပြင်ဆင်ခိုင်းထားပြီးပြီ။ ဒါက အပြင်ခွံကို လုံးဝ သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးနည်းပဲ။ မဟုတ်ရင် ကူးစက်မှုတွေ ကျန်နေလိမ့်မယ်”

“ကောင်းပြီလေ”

“ရှေးခေတ်တုန်းက ‘ရေတံခါး အခမ်းနား’ ရှိတယ်။ ဒီနေ့တော့ ငါ့ရဲ့ နတ်ဘုရားမီးတောက် သန့်စင်ခြင်းအခမ်းအနား ရှိတယ်”

ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်ထားသော လုရှင်းချန်သည် ပြုံးလိုက်ပြီး သူ၏ လက်ချောင်းများမှ မီးတောက်ကို ပစ်လိုက်သည်။

သူသည် ဆက်သွယ်ရေးကိရိယာထဲသို့ အော်ဟစ်လိုက်သည်၊၊

“သတိထားကြ— ပူလာတော့မယ်နော်”

“နတ်ဘုရားမီးလျှံတံတိုင်း”

လက်ဖဝါးနှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ရာ မီးလျှံစီးကြောင်းတစ်ခုသည် ရထားဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ဥမင်တစ်ခုလုံးကို ချက်ချင်း မီးတောက်များဖြင့် လွှမ်းမိုးသွားသည်။

သူသည် မီးတောက်ကို ဂရုတစိုက် ထိန်းချုပ်ထားသည်။ သူ၏ ရည်ရွယ်ချက်မှာ အပြင်ဘက်မှ မှိုမျှင်များနှင့် မှိုအမှုန်များကိုသာ မီးရှို့ရန် ဖြစ်သည်။

၎င်းသည် ပိုးသတ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်သည်။

ချက်ချင်းဆိုသလို ခုတ်မောင်းဝင်လာနေသော ရထားတွဲတိုင်းသည် ပြင်းထန်သောအပူရှိန်ကို ခံစားလိုက်ရသည်၊၊ တွဲအပြင်ဘက်ရှိ မှိုပွင့်များသည် မီးပွားများကဲ့သို့ လင်းလက်လာပြီး ရွေ့လျားနေသော လှိုင်းများထဲတွင် လောင်ကျွမ်းသွားသည်။

အချို့ ပေါ်နေသော ကိရိယာများသည် မီးလောင်သွားသော်လည်း ရထားပေါ်ရှိ မီးသတ်ဆေးဘူးများနှင့် ရေပန်းစနစ်များဖြင့် လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့သည်။

သံမဏိဘီလူးကြီးသည် မှောင်မိုက်သော ဥမင်ထဲတွင် မီးဖြင့် သန့်စင်ပြီးနောက် ဇီးရိုးဒြပ်စင်ဗဟိုဌာအနီးသို့ ရောက်ရှိလာသည်။

လင်းရှန်သည် ပါဝါပိတ်ထားသော ဂရေ့စ်ကို တင်းကျန်းရီနှင့် အတူထားခဲ့ကာ ပလက်ဖောင်းပေါ်တွင် ရပ်နေရင်း အပူရှိန်နှင့် မီးခိုးငွေ့များကို ထုတ်လွှတ်ကာ အရှိန်ပြင်းစွာ ဖြတ်သွားသော ရထားကို ကြည့်နေသည်။

သူသည် ဆက်သွယ်ရေးကိရိယာထဲသို့ အမိန့်ပေးလိုက်သည်၊၊ “မြေအောက်ရထား လွှဲပြောင်းတဲ့ လမ်းဆုံမရောက်ခင် ရပ်လိုက်… ဒါဆို နေရာကို အံဝင်ခွင်ကျ ဖြစ်စေလိမ့်မယ်။ နောက်ဆုံး ရထားတွဲတွေဖြစ်တဲ့ သမုဒ္ဒရာနဲ့ ကြက်တူရွေး- မင်းတို့က လမ်းပိတ်တဲ့ တာဝန်ယူရမယ်။ ကင်းစနစ်တွေ ပြင်ဆင်ကြ”

“ရှေ့ဆုံးရထားတွဲ— အစ်ကိုရှီတိယွမ်၊ အစ်မနန်ကျင်း၊ ဆရာမချန်— ခဗျားတို့က မြေအောက်ရထားလမ်းကြောင်းကို ရှင်းလင်းဖို့ အဖွဲ့တွေကို ဦးဆောင်ရမယ်။ မြောက်ဘက်နဲ့ တောင်ဘက်စွန်းတွေကို အနည်းဆုံး တစ်ကီလိုမီတာ အကွာအဝေးမှာ ပိတ်ဆို့ပြီး လှည့်ကင်းစနစ်တွေ ထားရှိမယ်”

“အခြားယာဉ်တန်းတွေ— အပြင်ဘက်မှာ နောက်ဆုံး ပိုးသတ်ဆေး ဖြန်းဖို့အတွက် အကာကွယ်ဝတ်စုံဝတ်ထားတဲ့ လူတွေကိုပဲ စေလွှတ်မယ်… ကျန်တဲ့သူတွေ အားလုံး— ရထားပေါ်မှာပဲ နေကြ”

“ကောင်းပြီ”

“နားလည်ပါပြီ၊ ကပ္ပတိန်”

“အမိန့် ရရှိပါသည်”

ထိုအချိန်တွင် မြေပြင်ပေါ်၌ မှိုမျှင်များ ဖုံးလွှမ်းနေသော ယိကျင်းမြို့သည် အမှောင်ဒီရေလှုပ်ရှားမှုများဖြင့် မတည်မငြိမ်ဖြစ်နေသည်၊၊

မြေအောက်တွင်မူ ပေါင်းစည်းရထားပေါ်ရှိ ရှင်သန်သူ ၄,၀၀၀ ကျော်သည် ကာကွယ်ရေးများ တည်ဆောက်ရန် အလုအယက်လှုပ်ရှားနေကြသည်။

ဝတ်စုံဝတ်ထားသော ဝန်ထမ်းအားလုံးသည် ရထား၏ အပြင်ဘက် နောက်ဆုံး ပိုးသတ်ဆေးဖြန်းခြင်းကို စတင်ရန် ထွက်လာကြသည်။

ပလက်ဖောင်းပေါ်တွင် လင်းရှန်သည် အဆုံးမရှိသော ကမ္ဘာပျက်ကပ်ရထားများကို ကြည့်ပြီး လေးနက်စွာ ရေရွတ်လိုက်သည်-

“အရင်က ဒီလောက်များတဲ့ ရထားတွေ မြေအောက်မှာ အတူတကွပုန်းအောင်းနေတာကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး”

“ဒီနေရာအတွက် ရှင့်ရဲ့ အစီအစဉ်က ဘာလဲ”

တင်းကျန်းရီက မေးသည်။

လင်းရှန်သည် ဇီးရိုးဒြပ်စင်ဗဟိုဌာနရှိရာ ဥမင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

“လုံခြုံရေးအရ ထာဝရ အရံသိုလှောင်ရုံကို အရင် ရှင်းထုတ်ရမယ်။ ငါတို့ ထွက်သွားနိုင်တဲ့အခါ ဒီနေရာကို ရှင်းလင်းဖို့ ပြန်လာမယ်”

“ရှင်းလင်းမယ်…. ရှင်ဆိုလိုတာက... အားလုံး ယူသွားမယ်ပေါ့”

“တခြား ဘာလုပ်စရာရှိလို့လဲ” လင်းရှန်က ပြန်ဖြေသည်။

“အထဲမှာ နျူကလီးယား အသေးစား ယူနစ်တွေ၊ မင်း လိုအပ်မယ့် ဒါမှမဟုတ် မလိုအပ်မယ့် ပစ္စည်းကိရိယာ အများကြီး၊ ရှားပါးသတ္တုတွေ၊ စက်ရုပ်လက်တံတွေ၊ စက်ရုပ်တွေ... ဒါတွေကို ချန်ထားခဲ့ရင် အလဟဿဖြစ်သွားမှာပေါ့”

“ဒီလိုဆိုရင် အဲ့ဒီ အနီရောင်အဖွဲ့ဝင်တွေ သေသွားမှာပဲ”

တင်းကျန်းရီက မှတ်ချက်ပေးသည်။

လင်းရှန်က ရယ်မောကာ ခေါင်းညိတ်လိုက်သည်။

“သူတို့ ခေါင်းပေါ်မှာ အင်တာနာတွေ ပေါက်နေသလို ဖြစ်နေပြီ။ သူတို့ သေရင်… ကောင်းပြီလေ… သူတို့ရဲ့ ခေါင်းတလား— မဟုတ်ဘူး၊ သူတို့ရဲ့ ရှင်သန်ရေးအခန်းငယ်တွေကိုလည်း ငါ ယူသွားဦးမှာ။ ငါ ဝက်အူရစ် တစ်ခုလေးတောင် ချန်ထားခဲ့ရင် သူတော်စင်တစ်ယောက်လို ခံစားရလိမ့်မယ်”

ဟာသတစ်ခု ဖြစ်သော်လည်း အမှန်တကယ်တော့ မဟုတ်ပေ။

၎င်းသည် ဖျက်ဆီးရေးဝါဒကို ကိုးကွယ်သူများ၏ ဓာတ်ခွဲခန်းဖြစ်ပြီး ဖောက်ပြန်သော အထက်တန်းလွှာများသည် အမှောင်သတ္တဝါများမှတစ်ဆင့် ‘ပြောင်းပြန် ကပ်ပါးသန္ဓေတည်ခြင်း’ ဖြင့် မသေနိုင်သောဘဝကို ရရှိရန် ကြိုးစားနေကြသည်။

လင်းရှန်သည် သူတို့ကို မီးမရှို့သေးခြင်းမှာ သူ့ကိုယ်တိုင်ပါ မီးမလောင်ချင်သောကြောင့်သာ ဖြစ်သည်။

“လင်းရှန်”

အနန္တရထားနှင့် နဂါးတောင် ၁ တို့သည် ဇီးရိုးဒြပ်စင်ဗဟိုဌာနနှင့် တစ်ကီလိုမီတာခန့် အကွာတွင် ရှိနေသည်။

ကီကီသည် ချန်ဆီရွှမ်အပါဝင် အခြားသူများနှင့်အတူ မကြာမီ ရောက်လာသည်။

တစ်ချိန်တည်းမှာပင် နဂါးတောင်၁ ၊ နေမင်းယာဥ်တန်း၊ ဂျိုကာ ယာဉ်တန်းနှင့် ဘုရင်မ မိုနီကာ၏ အဖွဲ့တို့ပါ စုဝေးရောက်ရှိလာကြသည်။

လင်းရှန်က လက်မြှောက်လိုက်သည်။

ဝှီး

လျှပ်စီးလင်းယုန် ဒရုန်းအစီး ၂၀ သည် လျှပ်စစ်စွမ်းအင်သုံး စက်ပစ္စည်းဝိညာဉ်ကွင်းတစ်ခုကဲ့သို့ သူ၏နောက်တွင် ဝဲပျံနေသည်။

“ကောင်မလေး… ဒရုန်းတွေအတွက် ကင်းလှည့်အစီအစဉ်တစ်ခု သတ်မှတ်ပေးပါ… ငါ သူတို့ကို မြေအောက်ရထား လမ်းဆုံကို စောင့်ကြည့်ဖို့ စေလွှတ်မယ်”

မြေအောက်ရထားလမ်းဆုံသည် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။

လူပေါင်း ၄,၀၀၀ ကျော် မြေအောက်တွင် အနားယူနေသဖြင့် လင်းရှန် စိတ်မအေးနိုင်ပေ။

သူသည် အဆင့်ဆင့်သော ကာကွယ်မှုများ လိုအပ်သည်။

“ပြဿနာမရှိဘူး”

ကီကီသည် သူမ၏ မိုဘိုင်း ကိရိယာကို ချက်ချင်း ထုတ်လိုက်သော်လည်း လင်းရှန်ဘေးရှိ ပါဝါပိတ်ထားသည့် ဂရေ့စ်ကို မြင်လိုက်သောအခါ အံ့အားသင့်စွာဖြင့် အော်လိုက်သည်၊၊

“ဝိုး… ရှင်က သူမကို ကိုင်တွယ်လိုက်တာလား”

“မဟုတ်ဘူး။ သူမ ကိုယ်တိုင် ပြန်လည်စတင်နေတုန်း ငါက အခွင့်အကောင်းယူပြီး သူမကို ပါဝါပိတ်ထားလိုက်တာပဲ… ငါတို့ သူမကို ရထားဆီ ပြန်ယူသွားမယ်။ ငါတို့ ထွက်သွားတဲ့အခါ သူမရဲ့ စနစ်ကို ပြန်ရေးဖို့ ကြိုးစားကြည့်မယ်။ အဆင်ပြေရင်တော့ အိမ်စောင့်စက်ရုပ်အသစ်တစ်ရုပ် ရပြီပေါ့”

ထိုစကားကို ကြားသောအခါ ကီကီ၏ မျက်လုံးများ လင်းလက်သွားသည်။

“ဘယ်လို… အရမ်းကောင်းတယ်… နောက်ဆုံးတော့ တကယ့် AI စက်ရုပ်တစ်ရုပ် ရပြီ… ကျွန်မ နောက်ဆုံးတော့ လွတ်လပ်ပြီ”

ထိုအချိန်တွင် ချန်ဆီရွှမ်၊ ရှုချင်း၊ ရှားရှားနှင့် အခြားသူများသည်လည်း အနုပညာဆန်သော အမျိုးသမီးပုံစံ စက်ရုပ်ကို လှည့်ကြည့်ကာ အံ့သြသည့် အမူအရာများ ဖြစ်နေကြသည်၊၊

“အိုး ဘုရားရေ၊ ဒါဘာကြီးလဲ… စက်ရုပ်လား… သူမက အရမ်းလှတာပဲ”

ရှားရှားသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ပိုနီးကပ်စွာ လျှောက်လာရင်း ပြောလိုက်သည်။

“ရှင်တို့ ကြီးကြီးမားမားတစ်ခုကို ရှာတွေ့ခဲ့ပုံရတယ်” ချန်ဆီရွှမ်က မှတ်ချက်ပေးသည်။

“မင်းတို့ရော… ထူးဆန်းတာ တစ်ခုခုကြုံခဲ့ရသေးလား”

လင်းရှန်က မေးသည်။

“မရှိပါဘူး” ရှုချင်းသည် ခေါင်းခါလိုက်သည်။

“ပြတင်းပေါက်တွေနဲ့ အက်ကြောင်းတွေကို ပိတ်ဆို့ထားတာကလွဲလို့ ကျွန်မတို့ လုံးဝ တိတ်ဆိတ်စွာ နေခဲ့ကြတယ်”

“တချို့ ယာဉ်တန်းတွေကတော့ ကံမကောင်းခဲ့ဘူး” ချန်ဆီရွှမ်က ပြောသည်။

“မှိုပွင့်တွေ ရထားတွဲတွေထဲ ရောက်ပြီး လူတွေကို ကူးစက်ခဲ့တယ်။ အစ်ကိုရှီက သတိပေးချက် ပို့ပြီးသွားပြီ။ အခုလို အခြေအနေတွေမှာ ကျွန်မတို့ လုပ်နိုင်တာတစ်ခုတည်းသောအရာက ရထားတွဲကို စွန့်လွှတ်ပြီး ပိတ်ဆို့လိုက်ဖို့ပဲ”

“ဘယ်နှစ်ယောက်လဲ”

“တစ်ရာကျော်လောက်...”

ချန်ဆီရွှမ်၏ လေသံက လေးနက်နေသည်။

All Chapters