← Chapters

အခန်း (၅၀၆-၅၀၇)

Vol. 32 Ch. 506-507

အခန်း (၅၀၆-၅၀၇)

Vol. 32 Ch. 506-507

Chapter 506

အနီရောင်အဖွဲ့ဝင်များ၏ ထာဝရ ‌အရံဂိုဒေါင် ၁

သို့သော် ဤအခြေအနေ၌ သူလုပ်နိုင်သည်မှာ စိတ်ကို ငြိမ်သက်အောင်ထားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ ဆက်သွယ်ရေး ချန်နယ်ပေါ်တွင် ယာဉ်တန်းခေါင်းဆောင် ၂၀ ကျော် ရှိနေပြီး လူတိုင်းက အသံနိမ့်ကာ ပြောဆိုနေကြ၏။

မြေပြင်ပေါ်မှ မည်သည့်အသံမျှ အနက်မီတာထောင်ပေါင်းများစွာကို ထိုးဖောက်၍ မဝင်လာနိုင်ပေ။ သို့သော် ရံဖန်ရံခါ လှုပ်ခါမှု အနည်းငယ်က လူတိုင်း၏ အာရုံကြောများကို တင်းမာလာစေသည်။

ဆိုလိုသည်မှာ အပေါ်ဘက်တွင် အလွန်ကြီးမားသည့် တစ်စုံတစ်ရာ ရွေ့လျားနေခြင်းပင်။

အချိန်သည် လည်ပတ်နေသည်။ လင်းရှန်သည် သူ၏ နာရီနှင့် သူ၏ အိပ်ဆောင် စောင့်ကြည့်ရေး မျက်နှာပြင်ကို အဆက်မပြတ် ကြည့်နေ၏—ထိုမျက်နှာပြင်သည် ဇီးရိုးဒြပ်စင်ဗဟိုဌာနမှ အထူးဓာတ်လှေကားကို အသုံးပြု၍ ဘဏ်မြေအောက်ခန်း အပြင်ဘက်တွင် သူတပ်ဆင်ထားခဲ့သော ကင်းစောင့်စစ်ဆေးကိရိယာများနှင့် အာရုံခံကိရိယာများမှ ရိုက်ကူးထားသည့် မြင်ကွင်းများဖြစ်သည်။

အချိန်မလုံလောက်မှုကြောင့် သူသည် မျက်နှာပြင်ကို စောင့်ကြည့်ရန် ယာယီကိရိယာများကိုသာ တပ်ဆင်နိုင်ခဲ့သည်။

တုန်ခါမှုလိုင်းများသည် မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

ကင်းစောင့်ကိရိယာသုံးခုစလုံးသည် ဖုန်မှုန့်များနှင့် မှိုအမှုန်မွားမြူများ ဖုံးအုပ်နေသောကြောင့် လုံးဝနီးပါး အမှောင်ကျနေသည်။ အဆောက်အအုံများ၏ အပြင်အဆင်များနှင့် အပျက်အစီးများကို အနီအောက်ရောင်ခြည်စနစ်ဖြင့် မှိန်ဖျော့စွာ မမြင်ရပါက လင်းရှန်သည် ကိရိယာများအားလုံး မှိုမျှင်များက ဝါးမျိုသွားပြီဟု ထင်မိပေလိမ့်မည်။

ချွတ်ခ်... ချွတ်ခ်... ချွတ်ခ်...

ခရုခွံတစ်ခု တုန်ခါသကဲ့သို့သော ကြိမ်နှုန်းနိမ့် အသံသည် သူ၏ နားကြပ်မှတဆင့် ပဲ့တင်ထပ်လာသည်။ လင်းရှန်၏ မျက်လုံးများ ပို၍ ထက်မြက်လာသည်။ ကိရိယာတစ်ခုတွင် အမှောင်ထုထက် ပို၍ နက်မှောင်သော အနက်ရောင်ပုံသဏ္ဌာန်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်—၎င်းသည် ကြီးမားသော အမှောင်သတ္တဝါတစ်ကောင်၏ ကိုယ်ထည်ဖြစ်ပုံရ၏။

သူသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး နားကြပ်ကို ဖြုတ်ကာ ဥမင်လိုဏ်ခေါင်း အပေါ်မှ အသံများကို ဂရုတစိုက် နားထောင်လိုက်သည်။

“ထောက်လှမ်းရေး သတင်းက မှန်နေတယ်။ မျက်နှာပြင်ပေါ်မှာ ထူးဆန်းတဲ့ သတ္တဝါတွေ အတော်များများ ပေါ်လာတယ်။ ဘယ်အဆင့်လဲ မသိရသေးဘူး”

လင်းရှန်က ဆက်သွယ်ရေးကိရိယာထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

“ကပ္ပတိန်လင်း၊ ကျွန်တော့်ရဲ့ မြေအောက်ရထား ဥမင်ထဲက အသံထောင်ချောက်တွေက ထူးဆန်းတဲ့ ကြိမ်နှုန်းတွေ အများကြီးကို ဖမ်းယူမိခဲ့တယ်။ အပေါ်ဘက် မြို့တော်ဘူတာရုံက ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော် စစ်ဆေးပြီးပြီ—အဲ့ဒါက ပိတ်ထားတယ်။ ဥမင်က လောလောဆယ် ဘေးကင်းနေသေးတယ်”

လော့ယန်၏ အသံသည် ရောက်လာသည်။

“ဒါဆိုရင်တော့ တကယ်ဖြစ်နိုင်တယ်”

ရှီတိယွမ်က ရေရွတ်လိုက်သည်။

“ထူးဆန်းတဲ့ သတ္တဝါအုပ်လိုက်ကြီးက ငါတို့ အပေါ်မှာ ပါတီလုပ်နေကြတဲ့ပုံပဲ။ သေစမ်း… ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး”

“ကျွန်မတို့ကို တကယ်ပဲ သတိမထားမိကြဘူးလား”

မိုနီကာက စိုးရိမ်စိတ်ကို ထုတ်ပြောသည်။

“ကျွန်မတို့ ခုနကမှ အတော်လေး ဆူဆူညံညံ လုပ်ခဲ့ကြတာကို”

“ကုန်တင်ဝင်ပေါက်က လုံးဝ ပြိုကျပြီး ပိတ်သွားပြီ။ ကျွန်မ စစ်ဆေးပြီးပြီ—ဘာကောင်မှ လိုက်ဝင်လာဖို့ မဖြစ်နိုင်ဘူး”

နန်ကျင်းက တုံ့ပြန်သည်။

“ဟေး မိုနီကာ... ဘာလို့ စိုးရိမ်နေရတာလဲ။ လင်းရှန်က ငါတို့ကို အမှတ်အသား မရှိဘူးလို့ ပြောတယ်လေ… ပြီးတော့ ငါတို့က ဒီလောက်နက်တဲ့ မြေအောက်မှာ ပုန်းနေတာ။ သူတို့သာ ရှာတွေ့တော့မယ်ဆိုရင် အခုလောက်ဆို တိုက်ခိုက်နေလောက်ပြီ မဟုတ်ဘူးလား”

ချီလီ၏ လေသံသည် ထူးခြားစွာ ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။

“ခဗျားပြောတာ မှန်တယ်။ ကျွန်တော်တို့က ဝင်ရိုးစွန်းညထဲမှာ ရှိနေတယ်။ ရန်သူက အမှောင်ထဲမှာ၊ ကျွန်တော်တို့က အလင်းထဲမှာ…. ကျွန်တော်တို့ကို ပစ်မှတ်ထားခဲ့ရင် အခုလောက်ဆို တိုက်ခိုက်ခံရလောက်ပြီ”

လော့ယန်က ထပ်ဖြည့်ပြောသည်။

လင်းရှန်သည် အချိန်ကို စစ်ဆေးပြီး သူ၏ ဆက်သွယ်ရေးကိရိယာကို ဖိလိုက်သည်–

“နောက်ထပ် မိနစ် ၂၀ စောင့်မယ်။ ဘာမှမဖြစ်ရင် ထာဝရ ‌အရံဂိုဒေါင်ကို ဖွင့်ပြီး ပစ္စည်းတွေ ရွှေ့ပြောင်းတော့မယ်။ ဒီသတင်းကို လက်ဆင့်ကမ်းလိုက်ပါ—အဖွဲ့ငယ်တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် သွားကြမယ်။ ကျုပ်တို့မှာ နာရီ ၃၀ ရှိတယ်။ အလျင်လိုစရာ မလိုဘူး။ ဒီအနီရောင်ကမ္ဘာရဲ့ ‌အရံပစ္စည်းတွေကို ရှင်းလင်းပြီးတာနဲ့ ကောင်းကောင်းအနားယူကြမယ်”

အချိန်ကြာလာသည်နှင့်အမျှ လင်းရှန်၏ တင်းမာနေသော နှလုံးသားသည် ဖြည်းဖြည်းချင်း လျော့ကျလာသည်။ သူ၏ ရွေးချယ်မှုသည် မှန်ကန်ပုံရ၏။

သူတို့သာ အစောပိုင်းက ထိုးဖောက်ထွက်ရန် စွန့်စားခဲ့လျှင် ယိကျင်းမြို့မှ လွတ်မြောက်နိုင်မည် မဟုတ်သည့်အပြင် ပေါင်းစည်းရထားကြီးပေါ်မှ တစ်စုံတစ်ဦးသည် အမှတ်အသားခံရနိုင်ချေရှိသည်။ ထိုအရာက မီးပြတိုက်တစ်ခုလို လင်းလက်စေပြီး ဆီးနှင်းထုကြီးသဖွယ် ပြဿနာများ ပို၍ပို၍ ဆွဲဆောင်လာကာ ယူပေမြို့တွင် ဖြစ်ပွားခဲ့သော ထူးဆန်းသော ဝိုင်းရံပိတ်ဆို့မှု ဘေးအန္တရာယ်ကို ပြန်လည်ဖန်တီးမိသလို ဖြစ်လာပေမည်၊၊

၂၁:၃၀၊၊

အမှောင်ထဲ၌ တစ်နာရီနီးပါး တိတ်ဆိတ်စွာ စောင့်ဆိုင်းပြီးနောက် ပေါင်းစည်းရထားကြီး၏ တံခါးများ နောက်ဆုံးတွင် ပွင့်လာသည်။

ရွမ်မ်မ်

ရုတ်တရက် တံခါးဖွင့်သံသည် တိတ်ဆိတ်သောပတ်ဝန်းထဲ၌ စူးရှနေသည်။

အပူမထွက်သော အလင်းမီးလုံးကို ကိုင်ဆောင်၍ လင်းရှန်သည် အဓိကယာဉ်တန်းအဖွဲ့ဝင်အချို့နှင့်အတူ ရထားပေါ်မှ ဆင်းလာသည်။ ကီကီသည် သူ၏ မိုဘိုင်းကိရိယာမှတဆင့် ကင်းလှည့်ဒရုန်းများ၏ အချက်အလက်များကို ခြေရာခံရင်း အနီးကပ်လိုက်ပါလာသည်။

အဖွဲ့သည် ဂရေ့စ်၏ စကားဝှက်ကိရိယာမှ ကိုဩဒိနိတ်များကို လိုက်နာကာ လျှို့ဝှက်ရထားလမ်းရှိ ထိန်းသိမ်းရေးဇုန်တစ်ခု၏ နောက်ဘက်ရှိ လျှို့ဝှက်ကုဒ်တံခါးတစ်ခုဆီသို့ ဦးတည်သွားသည်။

ကိရိယာဖြင့် သော့ဖွင့်ပြီးနောက် ကြီးမားသော ပေါက်ကွဲမှုဒဏ်ခံနိုင်သည့် အလိုအလျောက် တံခါးတစ်ခုသည် ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဖိသိပ်ထားသော ဓာတ်ငွေ့များ ထွက်လာသည့် အသံသည် လေထဲတွင် ပြန့်နှံ့သွားသည်။ အဖြူရောင်မြူခိုးများ ယိုဖိတ်ကျလာသည်—ထို့နောက်၊ အရန်စွမ်းအင်ရင်းမြစ်များမှ အလင်းရောင်များက အတွင်းပိုင်းနေရာကို အလင်းပေးလိုက်သည်။ လူတိုင်း၏ မျက်လုံးများ လင်းလက်သွားကြ၏။

တံခါးနောက်တွင် စစ်ပွဲအတွင်း သိုလှောင်ရုံတစ်ခုနှင့် ဆင်တူသော ကြီးမားသည့် သုံးမျိုးစပ်ကာကွယ်ထားသည့် ဂိုဒေါင်ကြီးတစ်ခု ရှိနေသည်။

ဧရိယာသည် ကျယ်ဝန်းလှသည်။ သူတို့ ဝင်ရောက်လိုက်သည်နှင့် တောက်ပသော မီးရောင်သည် ရှင်းလင်းစွာ ပိုင်းခြားထားသော ဇုန်များကို ဖော်ထုတ်ပြသသည်—ဆန်၊ ဂျုံမှုန့်၊ ဆီ၊ သကြား၊ အေးခဲအောင် အခြောက်ခံထား၍ ဖိသိပ်ထားသော အစားအစာများ၊ စည်သွတ်ဘူးများ၊ ဓာတုဗေဒနည်းဖြင့် ပေါင်းစပ်ထားသော ပရိုတိန်း ဂျယ်လီ—အားလုံးကို ကြိုတင်ထုတ်လုပ်ထားသော စင်များပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသည်။ အသားများအတွက် သီးသန့်အအေးခန်းဇုန်ပင် ရှိနေ၏။

အစားအစာများကို သိုလှောင်မှု စံနှုန်းဖြင့် စနစ်တကျ ခွဲခြားထားသည်– ၁ နှစ်စာ ရိက္ခာမှ နှစ်၃၀ စာ အရေးပေါ် စတော့များအထိ ဖြစ်သည်။ အတွင်းပိုင်း ပိုမိုနက်ရှိုင်းသော နေရာများတွင် ချောကလက်၊ ဝိုင်နီ၊ ပင်လယ်စာ၊ စတိတ်သား(အမဲသားပြား) ၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲနှင့် ငါးဥကဲ့သို့သော အဆင့်မြင့်ကုန်ပစ္စည်းများကို အထူးအအေးခန်းများတွင် ထိန်းသိမ်းထားသည်။

ထို့အပြင် အမျိုးမျိုးသော ဗိုင်းရပ်စ်နှိမ်နင်းဆေးများ/ပဋိဇီဝဆေးများ၊ ခွဲစိတ်မှု အရေးပေါ် မော်ဂျူးများ၊ ဓာတ်ရောင်ခြည်ဒဏ် ကာကွယ်ဆေးများ ပါဝင်သော သီးသန့်ဆေးဘက်ဆိုင်ရာအပိုင်းလည်း ရှိသည်။

အသေးစိတ် အချက်အလက်များသည် အံ့မခန်း ဖြစ်သည်—အထူးသဖြင့် ဝိုင်များသည် ကမ္ဘာတစ်ဝန်းမှ ရှားပါးသော ရတနာများ ဖြစ်ကြသည်။ သာမန်လူများ မြင်တွေ့ရန်ပင် စိတ်ကူးယဉ်ရန် မဖြစ်နိုင်သော ပစ္စည်းများဖြစ်သည်။

ဤအညစ်အကြေး ကင်းမဲ့ပြီး တောက်ပနေသော ဂိုဒေါင်ကို လျှောက်သွားနေသည့် လူတစ်ဒါဇင်ကျော်သည် အံ့သြခြင်း၊ ဝမ်းမြောက်ခြင်း၊ သို့မဟုတ် မဲ့ပြုံးပြုံးခြင်းများဖြင့် အံ့အားသင့်သော အမူအရာများကို ပြသနေကြ၏။

“Romanée-Conti ၂၀၂၅။ အရသာကောင်းတယ်”

ချီလီသည် ဝိုင်အခန်းသို့ လျှောက်သွားပြီး အထူးထုပ်ပိုးမှုဖြင့် တံဆိပ်ခတ်ထားသော ပုလင်းတစ်လုံးကို ကောက်ယူရင်း ပြောလိုက်သည်။ သူက ရယ်မောလိုက်သည်။

“ဒီလူတွေကတော့ ဘဝကို ဘယ်လို ပျော်ရွှင်အောင် နေရမလဲဆိုတာ ကောင်းကောင်းသိကြတာပဲ”

“ဒီလို ရူးသွပ်တဲ့ အစီအစဉ်တွေကို အကောင်ထည်ဖော်ဖို့ ချမ်းသာတဲ့ အဖွဲ့ဝင်တွေ အများကြီးကို သိမ်းသွင်းခဲ့တာကိုး…”

ပတ်တီးစီးထားသော လက်မောင်းဖြင့် ရှီတိယွမ်က ဇိမ်ခံဂိုဒေါင်များနှင့် ယှဉ်ပြိုင်နိုင်သော စင်တန်းများကို စိုက်ကြည့်ရင်း ပြောသည်။

Chapter 507

အနီရောင်အဖွဲ့ဝင်များ၏ ထာဝရ ‌အရံဂိုဒေါင် ၂

“ဒီအနီရောင်ကမ္ဘာမှာ ကြီးမားတဲ့ ကျောထောက်နောက်ခံ ရှိရမယ်”

မိုနီကာသည် ချီလီ ဘေးနားတွင် ရပ်ကာ ဝိုင်ပုလင်းတစ်လုံးကို ကောက်ယူလိုက်သည်။ သူမ၏ လက်ချောင်းများက ကွန်တိန်နာ၏ ထောင့်ရှိ တြိဂံပုံ လိုဂိုပေါ်တွင် ပွတ်ဆွဲလိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး

“ကျွန်မ ဒီအနီရောင်ကမ္ဘာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြုံခဲ့ဖူးတယ်လို့ ထင်တယ်”

“နှစ်ပေါင်းများစွာက” နန်ကျင်း က မေးသည်။

“ကမ္ဘာပျက်ကပ် နေ့မတိုင်ခင်ကို ပြောတာလား”

မိုနီကာ ခေါင်းညိတ်သည်။

“အဲဒီတုန်းက ကျွန်မ သိခဲ့တာက သူတို့ဟာ လူသားမျိုးရိုးဗီဇချို့ယွင်းချက်တွေကို လေ့လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး လူသားမျိုးနွယ်ကို ပြီးပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲမှုဆီ တွန်းပို့ဖို့ ရည်ရွယ်တယ်လို့ ဆိုတယ်။ ထိပ်တန်းအသိုင်းအဝိုင်းက လူအများအပြား ဝင်ရောက်ခဲ့ကြတယ်။ ကျွန်မ ခဏလောက် စုံစမ်းကြည့်တယ်—အများစုကတော့ အလှကုန်ဆေးပညာ၊ ကင်ဆာကာကွယ်ရေး၊ မျိုးရိုးဗီဇ စစ်ဆေးခြင်းတွေပဲ။ ထူးထူးခြားခြား မရှိဘူး။ သူတို့ ကျွန်မကို အကြိမ်ကြိမ်ချဉ်းကပ်ခဲ့ဖူးပေမဲ့… ကျွန်မက သူတို့ကို ချမ်းသာတဲ့သူတွေအတွက် နောက်ထပ် ဇိမ်ခံကမ္ဘာပျက်ကပ်-ခံတပ် အစီအစဉ်တစ်ခုပဲလို့ ထင်ခဲ့တယ်။ စိတ်မဝင်စားခဲ့ဘူး”

သူမသည် သူမ၏ လက်ထဲရှိ ဝိုင်ကို စိုက်ကြည့်နေသည်—ပျော်ရွှင်မှု အနည်းငယ်နှင့် ဝမ်းနည်းမှုများစွာရှိသော မျက်လုံးများဖြင့်။

“ပြန်တွေးကြည့်ရင်... သူတို့က အမှန်တရားတစ်ခုခုကို သိခဲ့ကြတာ ဖြစ်နိုင်တယ်”

လင်းရှန်နှင့် ကီကီတို့သည် သူမ၏ စကားများကို နားထောင်ရင်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“ဒါ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”

ကီကီက သူ၏ဘေးတွင် တိုးတိုးလေး ပြောလိုက်သည်။

“ချင်းရွှေမြို့ကို စဉ်းစားမိနေတာလား”

လင်းရှန်က မေးသည်။

ကီကီ ခေါင်းညိတ်လိုက်သည်။

လင်းရှန် တိတ်ဆိတ်သွားသည်။ သူသည် ကမ္ဘာပျက်ကပ်နေ့ပြီးနောက် ထရီလီယံနှင့်ချီသော ဖက်ဒရယ်ရန်ပုံငွေနှင့် အဆင့်မြင့်ဆုံး အလိုအလျောက်စနစ်များဖြင့် တည်ဆောက်ခဲ့သော မြေအောက်မြို့တော် အမှတ် ၉ ကို စဉ်းစားမိသည်။

ထိုအချိန်က ဖောင်ဒေးရှင်း သို့မဟုတ် အနီရောင်ကမ္ဘာကဲ့သို့သော အဖွဲ့အစည်းများသည် ဖက်ဒရယ်အာဏာပိုင်များကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းလုံးဝမရှိပေ။

ကမ္ဘာပျက်ကပ်နေ့မှစ၍ ရက်ပေါင်း ၁၀၀ ပင် မပြည့်သေး… သို့သော် ဤအဖွဲ့အစည်း နှစ်ခုစလုံးသည် အံ့သြဖွယ်ကောင်းသော အနာဂတ်ကို ကြိုမြင်နိုင်စွမ်းကို ပြသနေကြသည်။

တစ်ချိန်က သူ ဟွာရှောင်လင်းကို ဤအကြောင်း မေးမြန်းခဲ့ဖူးသည်ကို သတိရသည်။ သူမသည် ယခင်က ပူးတွဲတည်ဆောက်ရေး စီမံကိန်းတစ်ခုကို အခြေခံသည်ဟု ပြောခဲ့သည်။ သို့သော် ဤအနီရောင်ကမ္ဘာ၏ ထာဝရ ‌အရံဂိုဒေါင်ကရော…

၎င်းသည် ကမ္ဘာ၏ အဆုံးသတ်ကာလအတွက် အထူးသီးသန့် တည်ဆောက်ထားပုံရသည်။

ဒါဟာ တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပါ့မလား။

“ဒီအနီရောင်ကမ္ဘာနဲ့ ဖောင်ဒေးရှင်းကြားမှာ ဆက်နွယ်မှုတစ်ခုခုရှိတယ်လို့ ရှင်ထင်လား”

ကီကီက စိတ်ရှုပ်ထွေးစွာ မေးသည်။

လင်းရှန် အတွေးနက်သွားသည်။

“ဒီအဖွဲ့အစည်းတစ်ခုချင်းစီက တစ်ခုထက် တစ်ခုက ပိုပြီး လျှို့ဝှက်ချက်များနေတယ်။ ငါတို့က အမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေတယ်။ တကယ့် အဖြေတွေကို လိုချင်ရင် အနီရောင်ကမ္ဘာဆီက ရအောင် ယူရလိမ့်မယ်”

မိုနီကာ၏ စကားများသည် အဖွဲ့ကို မှင်သက်သွားစေခဲ့သည်။

“ဒီအဖွဲ့အစည်းက ကမ္ဘာပျက်ကပ်နေ့ကို ကြိုတင်သိထားတယ်လို့ ပြောချင်တာလား”

လီယီက ထိတ်လန့်တကြား မေးသည်။

“သိထားတာပေါ့။ သူတို့ ဒီဂိုဒေါင်—ဒီမြေအောက်အသိုက်ကို—တစ်လ၊ နှစ်လအတွင်း တည်ဆောက်ခဲ့တာ ဖြစ်နိုင်စရာ မရှိဘူး”

လော့ယန်က မျက်မှောင်ကြုတ်ရင်း ပြောသည်။

မိုနီကာ ပခုံးတွန့်လိုက်သည်၊ အတည်ပြုခြင်းလည်း မဟုတ်၊ ငြင်းဆိုခြင်းလည်း မဟုတ်ပေ။

“ကျွန်မ ပြန်သတိရသွားရုံပါပဲ။ ရိုးရိုးသားသား ပြောရရင် ကျွန်မ ကိုယ်တိုင်လည်း အပြည့်အဝ မယုံသေးဘူး။ ဒီလို ဆောက်လုပ်ရေးမျိုးလား။ ဒီနေ့ခေတ် ယန္တရားထုတ်လုပ်မှုကို အသုံးပြုပြီး ပိုက်ဆံ အလုံအလောက်ရှိရင် မခက်ပါဘူး”

“မင်းတို့က အရမ်းသံသယများနေကြတာပဲ”

ချီလီက ထပ်ပေါင်းပြောသည်။

“ဖက်ဒရယ်မတိုင်ခင်က ဆေးဝါးကုမ္ပဏီတစ်ခုက လူတွေကို ဘယ်လိုများ ကြိုတင်သိနိုင်မှာလဲ။ ဖက်ဒရယ်ရဲ့ မြေအောက်မြို့ တော်အစီအစဉ်တွေ ဘယ်လောက် အလျင်စလို လုပ်ခဲ့ရလဲ မင်းတို့ မမြင်ခဲ့ဘူးလား… လူသားမျိုးနွယ်သာ ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး”

“မင်းပြောတာ မှန်တယ်” ရှီတိယွမ် ခေါင်းညိတ်သည်။

“ဒီနေရာက အသစ်တည်ဆောက်ထားတာ ထင်ရှားတယ်။ ပစ္စည်းတွေကတော့ စစ်တပ်နဲ့ ဒေသဆိုင်ရာ မြို့ပြအရံပစ္စည်းတွေရဲ့ ပုံမှန်သိုလှောင်မှုစံနှုန်းကို လိုက်နာတယ်။ အရမ်း အံ့သြစရာ မရှိပါဘူး—ပိုပြီးတော့ အဆင့်မြင့်တဲ့ ပစ္စည်းတွေပဲ”

“ဒီလို အပြန်အလှန် ခန့်မှန်းနေတာက ဘယ်မှရောက်မှာ မဟုတ်ဘူး။ ပစ္စည်းတွေက ကျုပ်တို့ တံခါးဝကို ရောက်လာပြီဆိုတော့ ကျုပ်တို့က သေချာစုဆောင်းတာ ပိုကောင်းပါတယ်”

လင်းရှန် က ရှေ့သို့ တက်လာပြီး လူတိုင်းကို စကားစဖြတ်လိုက်သည်၊၊

“ဒီပစ္စည်းတွေက အဆင့်ထောင်နဲ့ချီ ချန်ထားတယ်။ ကျုပ်တို့အတွက် ဒါက ကြီးမားတဲ့ အကျိုးအမြတ်ပဲ… ဒီမှာ သေချာခွဲဝေယူကြမယ်”

“ဟုတ်တယ်… ကောင်းတဲ့ ပစ္စည်းတွေ အများကြီးပဲ—ကျွန်မတို့ ချမ်းသာသွားပြီ”

ကီကီက ရယ်သည်။

“စတိတ်သား ဒါမှမဟုတ် ဆန်ကို မစားခဲ့ရတာ ကြာပြီ။ ဒီနေရာတစ်ခုလုံးကို ရှင်းပစ်ရမယ်လို့ ကျွန်မ ပြောမယ်”

“ဟားဟားဟား… ပြောတာကောင်းတယ်”

ရှီတိယွမ်က ကျယ်လောင်စွာ ရယ်မောပြီး လင်းရှန် ဘက်သို့ လှည့်သည်။

“ညီလေးလင်း… မင်းက ဒီနေရာကို ရှာတွေ့တာ၊ ပြီးတော့ မင်းကပဲ ငါတို့ကို ဦးဆောင်နေတာ။ ဘယ်လိုခွဲဝေမယ်ဆိုတာ မင်း ဆုံးဖြတ်ပါ”

သူ ပြောပြီးသည်နှင့် လူတိုင်း၏ အကြည့်များက လင်းရှန်ဆီသို့ ရောက်လာသည်။

“ဒါ လွယ်ပါတယ်” လင်းရှန် က အေးဆေးစွာ ပြုံးလိုက်သည်။

“ကျုပ်တို့နဲ့ ပူးပေါင်းခဲ့တဲ့ ယာဥ်တန်းအနည်းငယ်က ပေါင်းလိုက်ရင်တောင် အဖွဲ့ရဲ့ ထက်ဝက်ကျော် ရှိနေပြီ။ အလုပ်အများစုကို ကျုပ်တို့ လုပ်ခဲ့တာဖြစ်လို့ ၇၀% ယူတာ ပြဿနာမရှိသင့်ဘူး။ ကျန်တဲ့ ၃၀% ကို လူဦးရေပေါ် မူတည်ပြီး ကျန်တဲ့သူတွေ ခွဲဝေယူနိုင်ပါတယ်”

“ဟဲ.. မင်းရဲ့ အနန္တ ရထားမှာ လူနည်းနည်းလေးပဲ ရှိတာ—ဒါဆိုရင် မင်း နစ်နာသွားမှာ မဟုတ်ဘူးလား”

ချီလီက လက်ပိုက်ပြီး လင်းရှန်ကို ကြည့်သည်။

“ပြီးတော့ မင်းက ဒီပစ္စည်းတွေကို ရှာတွေ့တဲ့သူ။ သူများရဲ့ အခွင့်အရေးကို ယူရတာကို ငါမကြိုက်ဘူး”

“သူ ပြောတာ မှန်တယ်”

ရှီတိယွမ်က ထိုခွဲဝေမှုကို မသဘောတူပေ။

“ငါ့ရဲ့ နဂါးတောင် ၁ မှာ လူ တစ်ထောင်ကျော်ရှိတယ်။ ဒီနည်းလမ်းမှာ ငါတို့က အကျိုးအများဆုံးရမှာ သေချာပေမဲ့ ငါ ဒီလောက် အရှက်မရှိ မယူနိုင်ဘူး။ လူ ၃၀ ကျော်ရှိတဲ့ မင်းထက် အများကြီး ပိုယူနေမိလိမ့်မယ်။ ဒါကို ငါလက်မခံနိုင်ဘူး”

နန်ကျင်း ခေါင်းညိတ်သည်။

“ဒီခွဲဝေမှုက တကယ်တော့ တရားမျှတမှုမရှိဘူး။ အနန္တရထားက ပိုရသင့်တယ်”

လီယီကလည်း ဝင်ပြောသည်။

“ကျွန်မကတော့ ယာဉ်တန်းအလိုက် ခွဲဝေသင့်တယ်လို့ ထင်တယ်။ ကပ္ပတိန်လင်းက အချိုးအစားကို ဆုံးဖြတ်ပေးပါ”

“ဒါ အဆင်ပြေတယ်” လော့ယန် သဘောတူသည်။

ယာဉ်တန်းအလိုက် ခွဲဝေခြင်းသည် အနန္တရထားအတွက် အကောင်းဆုံး ဖြစ်သည်။ လူနည်းလေ၊ ပစ္စည်း ပိုရလေ—တစ်ဦးချင်း အမြတ်အစွန်း ပိုများလေ ဖြစ်သည်။

“ကပ္ပတိန်လင်း၊ ကျွန်မ အကြံပြုစရာ ရှိပါတယ်”

လူတိုင်း အငြင်းပွားနေချိန်တွင် မိုနီကာက လက်တစ်ဖက်စီတွင် ဝိုင်ပုလင်းတစ်လုံးနှင့် အေးခဲထားသော စတိတ်သားတစ်ဘူးကို ကိုင်၍ လျှောက်လာသည်။

“ဒီမှာ ပစ္စည်းအမျိုးအစားတွေ အများကြီး ရှိတယ်၊ ပြီးတော့ ယာဉ်တန်းတိုင်းမှာ မတူညီတဲ့ လိုအပ်ချက်တွေ ရှိတယ်။ ဥပမာ၊ ကျွန်မရဲ့ ယာဉ်တန်းမှာ ပစ္စည်းမရှားဘူး။ ကျွန်မက ဝိုင်နဲ့ စတိတ်သားပဲ လိုချင်တယ်—ကျန်တာ ကျွန်မတို့ မလိုဘူး”

All Chapters