← Chapters

အခန်း (၅၁၀-၅၁၁)

Vol. 32 Ch. 510-511

အခန်း (၅၁၀-၅၁၁)

Vol. 32 Ch. 510-511

Chapter 510

ဥမင်အတွင်းမှ ကမ္ဘာပျက်ကပ်ရထား ၂

ပြန်တွက်ကြည့်လျှင် အနန္တရထားသည် လူ ၅၀ ခန့်အတွက် စားနပ်ရိက္ခာများ၊ ဝိုင်နီများ၊ အေးခဲထားသော ပင်လယ်စာများ၊ စတိတ်သားများ၊ ငါးဥများ၊ အေးခဲထားသော ကြက်သားနှင့် ဝက်သားများ၊ ဆန်၊ ဂျုံ၊ ဆီ၊ သကြားနှင့် စည်သွတ်ဘူးများ စသည့် များပြားလှသော ပမာဏကို ယူဆောင်ခဲ့သည်။ ကြီးမားသော ရိတ်သိမ်းမှုပင်…

သူမပြောသည့်အတိုင်း မိုနီကာသည် ဝိုင်နီကဲ့သို့သော အဆင့်မြင့်ပစ္စည်းအချို့ကိုသာ ယူခဲ့သည်။ ကျန်သော ဆန်၊ ဂျုံ၊ ဆီနှင့် အခြားမရှိမဖြစ် ပစ္စည်းများကို နဂါးတောင် ၁၊ ဂျိုကာယာဉ်တန်းနှင့် နေမင်းရထားတို့ကြားတွင် အများဆုံး ခွဲဝေခဲ့သည်။

လက်နက်ဂိုဒေါင်အတွက်—ကြယ်အဆင့်-၃ တိုက်ခိုက်ရေး ကိရိယာအစုံ ၁၀၀၀ ထဲမှ လင်းရှန်သည် ၄၀ ယူခဲ့သည်။ မိုနီကာသည် အတွင်းပိုင်း အဆင့်မြှင့်တင်ရန်အတွက် ၁၀ စုံ တောင်းဆိုခဲ့သည်။ ဂျိုကာနှင့် နေမင်းယာဉ်တန်းများသည် ယာဉ်တန်းတစ်ခုလျှင် အစုံ ၁၀၀၊ ထရပ်ကားတစ်စီးနှင့် လေယာဉ်တစ်စင်းစီ ယူသွားသည်။ လူအများဆုံးဖြစ်သည့် နဂါးတောင် ၁ သည် အစုံ ၃၅၀၊ သံချပ်ကာ ထရပ်ကားနှစ်စီးနှင့် လေယာဉ်တစ်စင်း ယူသွားခဲ့သည်။

ထို့ကြောင့် ကျန်ရှိသော ယာဉ်တန်း ၁၇ ခုအတွက် ၄၀၀ စုံ ကျန်ရှိသည်။ နောက်ဆုံး ထရပ်ကားလေးစီးကိုမူ ခွဲဝေခြင်း မပြုရသေးသဖြင့် အနန္တရထား၏ ပိုင်ဆိုင်မှုအဖြစ် ခေတ္တရေတွက်ကာ အကုန်သယ်ထုတ်ရန် ပြင်ဆင်ထားသည်။

ထိုခွဲဝေမှုသတင်းထွက်ပေါ်လာသောအခါ ပေါင်းစည်းရထားယာဥ်တန်းတွင် ပါဝင်ခဲ့သည့် ယာဉ်တန်းခေါင်းဆောင်များအားလုံး စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့သည် မြေအောက်၌ ပုန်းအောင်းနေရုံဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများ ရရှိခဲ့သည်။ စွမ်းအားဝတ်စုံတစ်ခုတည်းကပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ကြီးမားစွာ တိုးမြှင့်ပေးခဲ့ပြီး၊ ရှေ့တန်းတိုက်ခိုက်ရေးသမား အများအပြားကို တပ်ဆင်ပေးနိုင်ခဲ့သည်။

“ဝိုး၊ အသစ်စက်စက် အထီးကျန်ဝံပုလွေ စွမ်းအားဝတ်စုံတွေနဲ့ ပလာစမာ ရိုင်ဖယ်တွေ”

“အရသာရှိတဲ့ အစားအစာတွေလည်း အများကြီးပဲ။ ဆန်အစစ်ကို ပြန်စားရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး...”

“ကပ္ပတိန်လင်းက အံ့သြစရာပဲ။ သူတို့နဲ့ဆို လုံခြုံတယ်လို့ ခံစားရတယ်”

“ဒီလက်နက်တွေနဲ့ ပစ္စည်းတွေ... တကယ်ပဲ အခမဲ့လား”

“အချစ်လေးရေ… အခု ဆေးဝါးတွေ ရလာပြီ။ မင်း မကြာခင် သက်သာလာတော့မယ်”

“လူအိုကြီးလီ၊ ချပ်ဝတ်တန်ဆာတွေ ပြုပြင်တာ အသံမကျယ်အောင် လုပ်စမ်းပါ။ အမှောင်ထဲမှာ ဘာဖြစ်နေလဲဆိုတာ နားထောင်ရမယ်”

“ကပ္ပတိန်က ဒီည သစ်သီးစည်သွတ်ဗူးတွေ ကျွေးမယ်လို့ ကြေညာတယ်...”

…

မကြာမီပင် ၁၅ ကီလိုမီတာ ရှည်လျားသော ရထားသည် တက်ကြွသော စွမ်းအင်ဖြင့် ပြည့်နှက်သွားသည်။ မြေအောက်ဥမင်ထဲတွင် အပူမထွက်သော မီးလုံးများ ကိုင်ဆောင်ထားသော လူပေါင်းများစွာသည် ရှည်လျားစွာ တန်းစီနေကြပြီး ဂိုဒေါင်မှ ထောက်ပံ့ရေးပစ္စည်းများကို သူတို့၏ ရထားတွဲများထဲသို့ သယ်ယူပို့ဆောင်နေကြသည်။ အသစ်စက်စက် စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသော အသက်ရှင်ကျန်ရစ်သူ အများအပြားသည် အလွန် စိတ်လှုပ်ရှားနေကြသည်။ ဥမင်တစ်ခုလုံးသည် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်—ကြီးမားသော ပုရွက်ဆိတ်အုံကြီး နေရာပြောင်းရွှေ့နေသည့်အတိုင်းပင်။

လင်းရှန်နှင့် အခြားယာဥ်တန်းခေါင်းဆောင်များ၏ အမိန့်အရ ယာဉ်တန်းအမျိုးမျိုးသည် သူတို့၏ ရထားများနှင့် လက်နက်များကို စတင်ပြုပြင်ကြသည်၊၊ စီလန်မြို့ တိုက်ပွဲမှ ပျက်စီးမှုများကို ပြုပြင်ကြသည်၊၊ သူတို့၏ အဖွဲ့များကို အားပေးကြပြီး စိတ်ဓာတ်ကို မြှင့်တင်ကြသည်။ ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့များစွာသည် အမှောင်ထဲတွင် အပူမထွက်သော မီးလုံးများအောက်၌ အချိန်အတော်ကြာ ပျောက်ဆုံးနေသော ပူပူနွေးနွေးအစားအစာများကို စတင်ပြင်ဆင်နေကြသည်။

မြေအောက်အနက် ဆယ်မီတာကျော်အောက်ရှိ ဤတိတ်ဆိတ်သော ဥမင်ထဲတွင်၊ ၁၅ ကီလိုမီတာ ရှည်လျားသော တွဲ ၅၀၀ ပါ ပေါင်းစည်းကမ္ဘာပျက်ကပ်ရထားသည် သတိကြီးစွာဖြင့် အနားယူချိန်သို့ ဝင်ရောက်ခဲ့သည်။ တွဲတိုင်းသည် တိုးညင်းသောစကားသံများနှင့် ရယ်မောသံများဖြင့် ပြည့်နှက်နေပြီး၊ လေထုသည် အစားအသောက်ရနံ့များဖြင့် ထူထပ်နေသည်။

အနန္တရထားပေါ်တွင်၊ တွဲအမှတ် ၆—ထမင်းစားတွဲတွင် မှိန်ဖျော့ဖျော့ မီးရောင်များက အတွင်းခန်းကို သက်သောင့်သက်သာ ဖြစ်စေသည်။

စားပွဲပေါ်တွင် အငွေ့ ထွက်နေသော စတိတ်များ၊ ကင်းမွန်ခရေးဘ်များ၊ ငါးဥပါသော ဟင်းသီးဟင်းရွက်သုပ်အသစ်နှင့် ဂျုံမှုန့်နှင့် သစ်သီးစည်သွတ်ဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အချိုပွဲတို့ ရှိသည်။ လုံးဝ ခမ်းနားလှသည်။

“Cheers~”

လင်းရှန်သည် ဝိုင်နီဖန်ခွက်ကို မြှောက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်–

“အကြိမ်ပေါင်းများစွာ အသက်ရှင်ကျန်ရစ်ခြင်းအတွက်... ပြီးတော့ အသက်ကို စွန့်ပြီး ကြိုးစားခဲ့ကြတဲ့ ရဲဘော်တွေအားလုံးအတွက်”

“Cheer”

ကီကီ၊ ချန်ဆီရွှမ်၊ ရှုချင်း၊ တာလို့၊ လုရှင်းချန်၊ ရှားရှား၊ တင်းကျန်းရီ၊ မြောင်လု၊ လုချန်—အနန္တရထားအဖွဲ့ဝင်တိုင်းသည် ထိုအချိန်တွင် သူတို့၏ ဖန်ခွက်များကို မြှောက်ခဲ့ကြသည်။

“လင်းရှန်အတွက်”

ချန်ဆီရွှမ်သည် သူ့ကို နွေးထွေးစွာ ကြည့်လိုက်သည်။

“ဟုတ်တယ်၊ လင်းရှန်အတွက်”

ကီကီ ရယ်မောကာ သူမ၏ ဖန်ခွက်ကို မြှောက်လိုက်သည်။

“အဲဒီစက်ရုပ်ကြီးထဲကနေ မွန်းစတားတွေကို ဖောက်ခွဲလိုက်တဲ့ အစ်ကိုလင်းအတွက်”

ရှားရှားက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

“အစ်ကိုရှန်”

“အစ်ကိုလင်း”

“ကပ္ပတိန်လင်း”

“ကပ္ပတိန်လင်း”

“ကျေးဇူးတင်ပါတယ်.. ကပ္ပတိန်လင်း”

ဒဏ်ရာရထားသော ရှောင်ယွမ်သည် လင်းရှန်နှင့် မနီးမဝေးနေရာတွင် မတ်တပ်ရပ်ကာ သူမ၏ ဝိုင်ဖန်ခွက်ကို မြှောက်လိုက်သည်။ သူမ၏ မျက်လုံးများသည် သူ့ကို စိတ်လှုပ်ရှားမှုနှင့် ချစ်ခင်မှုတို့ဖြင့် ပြည့်နေသောအကြည့်ဖြင့် သူမ၏ တစ်ကိုယ်လုံးသည် တက်ကြွမှုနှင့် စွမ်းအင်များထွက်ပေါ်နေသည်။

လင်းရှန်သည် နွေးထွေးစွာ ပြုံးပြပြီး တိတ်ဆိတ်စွာ သူ၏ ဖန်ခွက်ကို မြှောက်ကာ စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်မှုတို့ဖြင့် ရင်ထဲတွင် လှိုင်းထန်နေပြီး အခြားသူများနှင့်အတူ သောက်လိုက်သည်။

“ဆက်ပြီး အသက်ရှင်သန်နေဖို့အတွက်...”

…

၀၀:၃၀၊၊

မြေအောက်ဥမင်သည် တဖြည်းဖြည်း တိတ်ဆိတ်လာပြီး အင်ဂျင်နီယာများနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများသာ ညင်သာစွာနှင့် သတိထား၍ လှုပ်ရှားနေကြပြီး၊ တိုတောင်းသော အနားယူချိန်ကို အများဆုံး အသုံးချကာ ရထား၏ ကာကွယ်ရေးများကို ခိုင်ခံ့အောင် လုပ်ဆောင်ဆနကြသည်။

နဂါးတောင် ၁ ပေါ်တွင်၊ ဂဟေဆော်ကိရိယာများမှ မီးပွားများသည် ဥမင်များအတွင်း ရံဖန်ရံခါ လင်းလက်နေသည်။ ဆူညံသံ အလွန်ကျယ်လာသောအခါ ထိုဧရိယာရှိ လူတိုင်းသည် တစ်ပြိုင်နက်တည်း ရပ်တန့်ပြီး ခေါင်းများ မော့၍ တိတ်ဆိတ်စွာ နားထောင် စောင့်ကြည့်ကြသည်။ ခြိမ်းခြောက်မှုမရှိကြောင်း အတည်ပြုပြီးသည်နှင့် အလုပ်ကို ပြန်လည်စတင်ကြသည်။

ဤကဲ့သို့ သတိထား၍ ပြင်ဆင်မှုသည် အလွန်ထိရောက်မှု မရှိသော်လည်း လူတိုင်း နားလည်ထားသည်—ဤသည်မှာ ဝင်ရိုးစွန်းည ဖြစ်သည်။ ဤကဲ့သို့ အခွင့်အလမ်းမျိုးသည် ရှားပါးလှသည်။ စက္ကန့်တိုင်းသည် အရေးကြီးပေသည်။ အထူးသဖြင့် မှိုအမှုန်မွှားများ ပါဝင်သော မြူများ ပြည့်နေသည့် ဒေသတွင် သံချပ်ကာပြားတစ်ချပ်တည်းကို ပြုပြင်ခြင်းသည်ပင် တွဲတစ်တွဲလုံး၏ အသက်ကို ကယ်တင်နိုင်ပေသည်။

[စကင်ဖတ်ခြင်း ပြီးစီးပါပြီ၊ အထီးကျန်ဝံပုလွေ S စီးရီး လျင်မြန်စွာ တုံ့ပြန်နိုင်သော စွမ်အားဝတ်စုံအတွက် ပုံကြမ်းကို ရရှိပါပြီ]

[စကင်ဖတ်ခြင်း ပြီးစီးပါပြီ၊ အလင်းငြိမ်းသတ်ခြင်း - ပလာစမာ ပလပ်စ် ရိုင်ဖယ်အတွက် ပုံကြမ်းကို ရရှိပါပြီ]

ရထားတွဲအတွင်းတွင် လင်းရှန်သည် အသစ်ရရှိထားသော စွမ်းအားဝတ်စုံများကို စကင်ဖတ်ခြင်း ပြီးစီးခဲ့သည်။ နောက်ဆုံးပေါ် ပုံကြမ်းများက အသေးစိတ်အချက်အလက်များ မည်မျှတိကျကြောင်း ပြနေသသည်။ သူသည် ရထားပေါ်ရှိ လူတိုင်းကို တစ်စုံစီ ဝေငှပြီး ဖြစ်ရာ အနန္တရထားအဖွဲ့သားများ အားလုံး စိတ်လှုပ်ရှားနေကြပြီး၊ စွမ်းအားဝတ်စုံများကို ဝတ်ဆင်ကာ စက်အတွင်း AI မှ အကူညီဖြင့် တိုက်ခိုက်ရေးစနစ်ကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နေကြသည်။

အနန္တရထားအတွက်… ဤသည်မှာ စွမ်းအားတွင် ကြီးမားသော ခုန်ပျံကျော်လွှားတိုးတတ်မှုတစ်ခုဖြစ်သည်။ စွမ်းရည်အညွှန်းကိန်း ၂၆၀ သာ ရှိသော ရှောင်ယွမ်ပင်လျှင် ယခု တိုင်တန်အဆင့် စွမ်းအားဖြင့် တိုက်ခိုက်နိုင်ပေသည်။

သို့သော် လူတစ်ယောက်ကသာ စိတ်ဝင်စားမှု များများစားစားမပြခဲ့ပေ—တင်းကျန်းရီ။

ဒါရိုက်တာတင်းအတွက်၊ သူမ၏ လက်ရှိ အလုပ်အားလုံးသည် ရထားတွင်း သုတေသနဆိုင်ရာ အလုပ်များဖြစ်သည်။ လင်းရှန်သည် တိုက်ခိုက်ရေးတွင် သူမကို မလိုအပ်ပေ။ ထို့ကြောင့် အခြေအနေက တောင်းဆိုမှသာလျှင် စွမ်းအားဝတ်စုံကို ဝတ်ဆင်ရန် လိုအပ်သည်။

တစ်ဖက်တွင် လင်းရှန်သည် စွမ်းအားဝတ်စုံကို ကိုယ်တိုင်စမ်းဝတ်ကြည့်နေသည်။ သူ၏ မူလအစီအစဉ်သည် အထီးကျန်ဝံပုလွေ S စီးရီးထက် အဆင့်တစ်ဆင့် သာလွန်သော Blackhwak စွမ်းအားဝတ်စုံကို ဖန်တီးပြီး ဝတ်ဆင်ရန် ဖြစ်သည်။ သို့သော် ယခုအချိနတွင် သူ၏ ဦးစားပေးမှာ ထရပ်ကားများနှင့် Nightstar လေယာဉ်ကို ရထားလမ်းများပေါ်သို့ တင်ဆောင်ရန် ပလက်ဖောင်းတွဲများကို တည်ဆောက်ရန်ဖြစ်ပြီး၊ အနန္တရထား၏ လေလည်ပတ်မှုစနစ်ကို အဆင့်မြှင့်တင်ရန်နှင့် ပြုပြင်ရန်လည်း ရည်ရွယ်ထားသည်။

Chapter 511

ဥမင်အတွင်းမှ ကမ္ဘာပျက်ကပ်ရထား ၃

လုပ်စရာတွေ အများကြီး ရှိပေသည်။ လင်းရှန်သည် အကြာကြီး အိပ်စက်နားယူပြီးမှ ထခဲ့သည်… သူသည် ယခင်က ရထားကို စောင့်ကြပ်ခဲ့သော ချန်ဆီရွှမ်နှင့် အခြားသူများကို အနားယူရန် ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ တွဲ ၁၂ တွင် အလုပ်များနေခဲ့သည်။

အခြား အရေးကြီးသော တာဝန်တစ်ခုလည်း ရှိသေးသည်—AI ဂရေ့စ်။ လင်းရှန်သည် အနားယူပြီးသားဖြစ်သည့် ကီကီကို ခေါ်ပြီး ဤလျှို့ဝှက်ဆန်းကြယ်သော စက်ရုပ်ကို မည်သို့ ပြန်လည် ပရိုဂရမ်ရေးရမည်ကို အတူတကွ ရှာဖွေရန် စဉ်းစားခဲ့သည်။

အမှောင်ချထားသော တွဲ ၁၂ အတွင်း၌ ကြမ်းပြင်ပေါ်တွင် မီးလုံးတစ်လုံးသာ ထားရှိသည်။ သတ္တုခဲယမ်းမီးကျောက်သေတ္တာ အများအပြားသည် လင်းရှန် ဖန်တီးထားသော ခဲယမ်းမီးကျောက်များဖြင့် ပြည့်နေသည်။

ထိုအချိန်တွင် လင်းရှန်သည် နံရံဘေးရှိ အရိပ်ထဲတွင် ထိုင်နေပြီး နှုတ်ခမ်းဆူနေသော ကောင်မလေးတစ်ဦးသည် သူ့လည်ပင်းကို ဖက်တွယ်ထားကာ သူမ၏ ခြေထောက်များသည် သူ့ခါးကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားပြီး သူ့ကို ဖိထားသည်။ သူမ၏ နှုတ်ခမ်းများက သူ့ကို ဆက်တိုက်ဖိကပ်နေသည်။

လင်းရှန်သည် တစ်မျိုးတစ်ဖုံ ခံစားရကောင်းနေသော်လည်း သူသည် အနည်းငယ် ပြောစရာမဲ့နေသည်။ ခဏကြာ နမ်းပြီးနောက် သူသည် သူမကို တွန်းထုတ်လိုက်သည်။

“ဟေး၊ ဒီလိုမျိုးကို စောင့်ပေးတာလို့ ပြောတာလား”

ကီကီသည် လေကိုရှုသွင်းလိုက်ပြီး သူ့လည်ပင်းကို လက်များဖြင့် ပြန်လည် ပတ်လိုက်ကာ သူမ၏ နူးညံ့သော နှုတ်ခမ်းများကို သူ့နှုတ်ခမ်းများပေါ်သို့ ပြန်ဖိလိုက်သည်။ သူမက အမိန့်ပေးသံဖြင့် ပြောလိုက်သည်၊၊

“မလှုပ်နဲ့။ နှုတ်ခမ်းဆီ လိမ်းပေးနေတာနော်~ ဒါက လွဲပြီး ကျန်တာမစဉ်းစားနဲ့”

လင်းရှန်သည် သူမ၏ အဆင်မပြေသော၊ ဝံပုလွေတစ်ကောင်လို ကိုက်နေခြင်းကို ခံစားရပြီး စဉ်းစားမိသည်… တကယ်ကြီး ဒီလို ဆင်ခြေပေးတာလား။ မင်းကိုယ်တိုင်တောင် ဆီလိမ်းမထားဘူး။ နှုတ်ခမ်းဆီကို ဘယ်တုန်းက ဒီလို လိမ်းရတာ ကြားဖူးလို့လဲ။

သူတို့သည် အရိပ်ထဲတွင် အချိန်ခနမျှ ထပ်နမ်းနေခဲ့ကြသည်။ လင်းရှန်သည် သူမကို ထပ်မံ တွန်းဖယ်ကာ အလေးအနက် ပြောလိုက်သည်–

“တော်ပြီ… ငါ့မှာ လုပ်စရာတွေ အများကြီး ရှိတယ်။ ငါတို့ အခု ရောက်နေတဲ့ နေရာက... အဲဒါအတွက် အချိန်မဟုတ်ဘူး—အာ”

သူ စကားမဆုံးခင်မှာပင် သူမသည် သူ့နှုတ်ခမ်းများကို ထပ်မံ ဖိနမ်းလိုက်သည်။ သူမသည် ခေါင်းမာစွာဖြင့် ဖက်ထားခြင်းက တင်းကျပ်လာသည်။

“ဟေး”

လင်းရှန်၏ ရင်ထဲ ထိတ်လန့်သွားသည်။ သူသည် ဝံပုလွေမလေးကို တတိယအကြိမ် တွန်းထုတ်ကာ အသံကို မြှင့်လိုက်သည်၊၊

“ငါ မင်းကို မပြောခဲ့ဘူးလား။ ဒီနေရာက အခု လုံခြုံမှု မရှိသေးဘူး။ သတိလက်လွတ်နေလို့ရတဲ့ အချိန် မဟုတ်ဘူး”

ယာဉ်တန်းတွင် အမှောင် အမှတ်အသားများ မရှိသည့်တိုင်၊ ပြီးတော့ လက်ရှိအချိန်တွင် ရန်သူလှုပ်ရှားမှု မရှိသည့်တိုင်၊ ဤမြေအောက်ဥမင်သည် လင်းရှန်ကို စိတ်အေးချမ်းမှုကို မပေးနိုင်သေးပေ။ သူတို့အပေါ်တွင် ယိကျင်းမြို့သည် ကြောက်မက်ဖွယ် ရေဝဲတစ်ခုကဲ့သို့ ရှိနေသည်။ သူ စိတ်မချနိုင်သေးပေ။ သူ လုပ်ရမည့်အရာများ ရှိသည်–

(၁) ထာဝရ ဂိုဒေါင်မှ လုယူရရှိသော ပစ္စည်းများအားလုံးကို လုံခြုံအောင်ထားရမည်။

(၂) ဇီးရိုးဒြပ်စင်ဗဟိုဌာနမှ အရင်းမြစ်များကို စုဆောင်းရမည်။

(၃) ဂရေ့စ်—ချူယန်၏ ပုံသဏ္ဌာန်နှင့် ထူးဆန်းသော အပြုအမူရှိသည့် ဤ AI သည် ဖိအားပေး ပါဝါပိတ်ထားပြီးသည့်တိုင် သူ့ကို စိတ်မသက်မသာဖြစ်စေဆဲပင်။

နောက်ဆုံးတွင်၊ ပေါင်းစည်းရထား၏ လက်ရှိ အခြေအနေရှိနေသည်။ နာရီသုံးဆယ်သည် ကြာမြင့်သော အချိန်မဟုတ်သော်လည်း ၎င်းသည် အခြားအနားယူချိန်များကဲ့သို့ မဟုတ်ပေ—သူတို့သည် ဆိုးရွားသော အန္တရာယ်၏ အရိပ်အောက်တွင် လည်ပတ်နေကြခြင်း ဖြစ်သည်။ ယာဉ်တန်းတစ်ခုလုံးသည် ထွက်ပြေးရန် အသင့်ဖြစ်နေရမည်။

လင်းရှန်၏ စိတ်သည် အလွန်အလုပ်များနေသည်။ သို့သော် သူ ကီကီကို ထပ်မံ တွန်းဖယ်လိုက်သောအခါ သူမသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ့ပေါင်ပေါ် ထိုင်ကာ ခေါင်းငုံ့ပြီး အတွေးများနေသည်ကို သတိပြုမိလိုက်သည်။

သူ ငုံ့ကြည့်လိုက်သည်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် သူမ၏ လှပသော မျက်လုံးများသည် စိုစွတ်မှုဖြင့် တလက်လက် တောက်ပနေသည်။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မကျေမချမ်းအမူအရာဖြင့် သူ့ကို မော့ကြည့်သည်။

“ဘာလို့ ဒီလောက် အ တာလဲ။ အမြဲတမ်း သူရဲကောင်းလုပ်ချင်တယ်… ကြွားဝါချင်တယ်။ ပြီးတော့ ဘယ်တော့မှ ကျွန်မကို ခေါ်မသွားဘူး… ရှင်သေသွားရင် ဘယ်လိုလုပ်မလဲ”

လင်းရှန်သည် အံ့အားသင့်သွားသည်။

“ငါတို့ အားလုံး အသက်ရှင်ဖို့ ဒါကို လုပ်နေတာပါ… ငါ့မှာ ရွေးချယ်စရာမရှိဘူး”

“ဒါဆိုရင် စိတ်ဖိစီးမှုကို လျှော့လို့ မရဘူးလား။ တခြားသူကို တစ်ခါလောက် ဦးဆောင်ခိုင်းလိုက်ပါလား။ ကျွန်မတို့လည်း ရှင့်ကို ကူညီလို့ ရတယ်လေ”

ကီကီက ရုတ်တရက် အသံကို မြှင့်လိုက်သည်။

“မင်း ကူညီနေတာပဲလေ—ဆရာမချန်၊ ရှုချင်း၊ တာလို့၊ မီးတောက်၊ ရှားရှား၊ လုချန်၊ မြောင်လု၊ ဒါရိုက်တာတင်း၊ ရှောင်ယွမ်—ပြီးတော့ မင်း။ လူတိုင်း အတူတူပဲ အသက်ကို စွန့်စားနေကြတာ မဟုတ်လား”

“လူတိုင်းက ရှင့်ကို စိုးရိမ်နေကြတာ ရှင်သတိမထားမိဘူးလား”

“ထားမိတယ်”

“ဒါဆို ဘာလို့ နှုတ်ခမ်းဆီ မလိမ်းတာလဲ… နှုတ်ခမ်းကွဲတာက ဖုတ်ကောင် ဗိုင်းရပ်စ်တွေ ကူးစက်နိုင်တယ်ဆိုတာ မသိဘူးလား… ရှင့်ခေါင်းမှ ဆံပင်နီတွေ ပေါက်၊ လက်သည်းစိမ်းတွေ ရှည်ထွက်လာပြီး မှိုဖင်ကြီးဖြစ်သွားလိမ့်မယ်”

“ငါလည်း အဲ့လို မဖြစ်ချင်ပါဘူး”

“ဒါဆို ပါးစပ်ပိတ်ပြီး ကျွန်မနဲ့ ရန်မဖြစ်နဲ့တော့”

ကီကီသည် ပို၍ စိတ်လှုပ်ရှားလာပြီး လင်းရှန်အပေါ်သို့ ထပ်မံ ခုန်အုပ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် သူ၏ နှုတ်ခမ်းများနှင့် တစ်ဖန် ဆုံသွားပြန်သည်။ လင်းရှန်သည် နွေးထွေးသော၊ ချောမွေ့သော အပူကို ခံစားရသည်—မီးလျှံလို၊ အတင်းအကျပ်... ပြီးတော့... အေးမြသည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ကီကီ၏ “လေးနက်သော စိုးရိမ်ပူပန်မှု” ကို လက်ခံလိုက်ရသည်။

သူ၏ လက်များသည် သူမ၏ ပါးလျသော ခါးကို ပတ်ထားပြီး၊ သူ့ကို ပတ်ထားသော သူမ၏ ချောမွေ့သော ခြေထောက်များ တင်းကျပ်လာသည်ကို ခံစားရသည်။ သူသည် ထိန်းချုပ်မှု လွတ်လာပြီး သူ၏ လက်ကို အောက်သို့ ရွှေ့လိုက်သည်—

သို့သော် သူ၏ ပန်းတိုင်သို့ မရောက်မီတွင် သူမသည် လျှပ်စစ်ရှော့ခ်ဖြစ်သွားသကဲ့သို့ တုန်ယင်သွားပြီး သူ့လက်ကို ဆွဲကိုင်ကာ ပြန်တွန်းတင်လိုက်သည်။ သူ ထပ်ကြိုးစားသောအခါ “ကောက်ကျစ်သော ခြေသည်း” အတွက် အပြစ်ပေးသည့်အနေဖြင့် သူမသည် သူ၏ လက်ကို ရိုက်ချလိုက်သည်။

“မလှုပ်နဲ့”

ကီကီသည် သူ့နှာခေါင်းကို ကိုက်လိုက်ပြီး သတိပေးသည့် လေသံဖြင့် တီးတိုးပြောလိုက်သည်။

လင်းရှန် ရယ်လိုက်ပြီး ရှေ့သို့ ငုံ့ကာ သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။

“ငါ့အမှား မဟုတ်ဘူးနော်.. မင်း အရင်စတာ”

“ဟွန့်… မဟုတ်ဘူး”

“ကန့်ကွက်ပါတယ်၊ တရားသူကြီး… ဘယ်သူက ငါ့ကို ကိုအာလာလို တွယ်ကပ်ပြီး—”

“အွန်းမ်”

“...နှုတ်ခမ်းဆီ လိမ်းပေးတာလဲ”

“နှုတ်ခမ်းဆီက ဘာဖြစ်လို့လဲ… ရှင်က ဘာလို့ညစ်ပတ်တဲ့ အတွေးမျိုးတွေ တွေးနေတာလဲ”

လင်းရှန်က အလေးအနက် ပြန်ဖြေသည်၊၊

“ဘာမှ မဟုတ်ဘူး။ ဒါက ပုံမှန် လုပ်ရိုးလုပ်စဥ်ပဲ…. သူများတွေ သွားမေးကြည့်လိုက်… ငါက စည်းမျဉ်းအတိုင်း လိုက်နာနေတာပါ”

“ကျွတ်… အဲဒါကို ယုံမယ် မထင်နဲ့”

“မင်း ငါ့ကို မယုံဘူးလား။ ကောင်းပြီ၊ မကူညီနိုင်ဘူးပေါ့”

လင်းရှန်က ပခုံးတွန့်လိုက်သည်။

“ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ခလုတ်တစ်ခုရှိတယ်။ မင်း ဒီလုပ်ငန်းစဉ်ကို ဆက်လုပ်နေရင်၊ နောက်တစ်ဆင့် ဖြစ်လာလိမ့်မယ်”

“မယုံဘူး”

ကီကီသည် သိချင်စိတ်တစ်ဝက်၊ စမ်းသပ်ချင်စိတ်တစ်ဝက်ဖြင့် ထပ်မံ မှီလိုက်သည်။

လင်းရှန်၏ လက်သည် အောက်သို့ ရွှေ့သွားသည်—

၎င်းသည် သူမ၏ ခါးနေရာကို ထိမိသည်။ သူမ၏ မျက်နှာ ရဲလာကာ ခန္ဓာကိုယ် တုန်ခါသွားသည်၊၊ သူ၏ လက်သည် သူမ၏ တင်ပါးနားသို့ ရောက်လာသောအခါ သူမ၏ အသက်ရှူသံ ရပ်တန့်သွားသည်။

နောက်ဆုံးတွင်၊ ဝံပုလွေမလေးသည် နတ်ဆိုးကြီးကို မနိုင်ခဲ့ပေ။ လင်းရှန် အောင်မြင်ခါနီးတွင် ကီကီသည် သွားများကို ဖိကြိတ်ကာ လွှတ်လိုက်ပြီး သူမ၏ စိတ်စွမ်းအင်ဖြင့် သူ့ပွေ့ဖက်မှုမှ လွတ်မြောက်ကာ ထွက်ပြေးရင်း အော်ပြောလိုက်သည်–

“ရှင်အိပ်မက်ထဲမှာပဲ ရမယ်”

All Chapters