← Chapters

အခန်း (၅၁၂-၅၁၃)

Vol. 32 Ch. 512-513

အခန်း (၅၁၂-၅၁၃)

Vol. 32 Ch. 512-513

Chapter 512

ဥမင်အတွင်းမှ ကမ္ဘာပျက်ကပ်ရထား ၄

လင်းရှန် ရယ်ပြီး သက်ပြင်းချလိုက်သည်၊၊ ထို့နောက် မတ်တပ်ရပ်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “လာ… ဇီးရိုးဒြပ်စင်ဗဟိုဌာနကို ပစ္စည်းတွေ ဝါးမျိုဖို့ သွားမယ်။ ငါနဲ့ အတူ လာခဲ့”

“အခုလား” ကီကီသည် သူမ၏ ပူနေသော ပါးပြင်များကို ပွတ်သပ်ကာ သူ၏ အကြည့်ကို ရှောင်လိုက်သည်။

“ရှင်ပြောတော့ နောက်ဆုံးမှ သွားမယ်ဆို… အခု စက်တွေကို ပိတ်လိုက်ရင် အဲဒီထဲက လူတွေ အစုလိုက်အပြုံလိုက် သေဆုံးကုန်လိမ့်မယ်”

“သူတို့ အများစုက သေနေကြပြီ။ ကျန်တဲ့သူတွေကတော့... မဖြစ်နိုင်တော့ဘူး ထင်တယ်”

လင်းရှန်သည် ခေါင်းများကို အဖြူရောင် မှိုမျှင်များဖြငိ့ ချိတ်ဆက်ထားသော အနီရောင်အဖွဲ့ဝင်များကို သတိရကာ ပြောလိုက်သည်၊၊

“အရေးမကြီးတဲ့ အပိုင်းတွေနဲ့ စတင်မယ်။ ပြီးတော့ အဲဒီထဲမှာ အနီရောင်အဖွဲ့ဝင်တွေ ရှိတယ်။ ငါ မစောင့်ကြည့်ပဲ မထားခဲ့နိုင်ဘူး”

ကီကီ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ… ကျွန်မ ရှင်နဲ့အတူ လိုက်ပေးမယ်”

ထို့နောက် သူမသည် အခြားတစ်ခုကို သတိရသွားသည်။ “ဪ ဟုတ်သား—မိုနီကာက ကျွန်မတို့ ယာဉ်တန်းမှာ ပါဝင်ချင်တယ်လို့ ပြောတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးမလား… ရှင်ဘယ်လိုထင်လဲ”

လင်းရှန်က အမူယာကင်းမဲ့စွာ ပြန်ဖြေသည်–

“ငါတော့ သိပ်မထင်ဘူး။ ငါ သူ့ကို မကြိုက်တာမဟုတ်ဘူး… သူ့ စွမ်းရည်နဲ့ ယာဉ်တန်းက ခိုင်မာတယ်။ သူက ရဲရင့်တယ်၊ ဟုတ်တယ်။ ဒါပေမဲ့ သူမက ပါးနပ်ပြီး ထိန်းချုပ်တတ်တယ်။ အမိန့်ကို ကောင်းကောင်းလိုက်နာမယ့် လူစားမဟုတ်ဘူး။ ငါသူ့စကားကို နားထောင်ပေမယ့် ဒါပေမဲ့ ငါစိတ်ထဲ မထည့်ထားဘူး”

ကီကီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“သူမက တကယ် ပါဝင်ချင်တာဆိုရင်ရော”

“နောက်မှ ပြောကြမယ်”

လင်းရှန်က အလေးအနက်ထား၍ မစဉ်းစားတော့ပေ။

“အခုတော့ ငါတို့က လမ်းကြောင်းတူနေတယ်… သူက မိတ်ဆွေလား ရန်သူလားဆိုတာတော့... စောင့်ကြည့်ရဦးမယ်”

ရွှမ်~

မှောင်မိုက်သော မြေအောက်ရထားဥမင်ထဲတွင် အနန္တရထား၏ အလိုအလျောက် တံခါးများ ပွင့်သွားသည်။ အနက်ရောင် အထီးကျန်ဝံပုလွေ စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော လင်းရှန်သည် အပေါက်ဝသို့ ထွက်လာသည်။ သူ၏ ညကြည့်စနစ်နှင့် စမတ်ပစ်မှတ်ရှာဖွေရေးစနစ်သည် အလိုအလျောက် အသက်ဝင်လာပြီး အမှောင်ဖုံးနေသော ဥမင်၏ အစွန်းနှစ်ဖက်လုံးကို စကင်ဖတ်ရန် ကူညီပေးသည်။

ဤစွမ်းအားဝတ်စုံသည် ပေါင်းစည်း ညှိနှိုင်းဆောင်ရွက်မှု အလွန်ကောင်းမွန်ပြီး ကာကွယ်မှုလည်း ကောင်းမွန်သည်။ လင်းရှန်သည် စီလန်မြို့၌ စုံစမ်းရေးတပ်ရင်း (၇) မှ စက်ရုပ်ယူနစ်က အလားတူပုံစံကို အသုံးပြုသည်ကို မြင်ခဲ့ဖူးသည်။ ဆေးရောင်နှင့် ပုံစံသည် အနည်းငယ်ကွာခြားသော်လည်း၊ များသောအားဖြင့် မိုနီကာ၏ အဖွဲ့ဝင်များရှိ ဝတ်စုံများနှင့် အတော်လေး ဆင်တူသည်။

ထိုသို့သော စွမ်းအားဝတ်စုံကို တပ်ဆင်ထားသည့် စစ်သားများသည် အများအားဖြင့် အထူးစစ်ဆင်ရေးယူနစ်များတွင် ပါဝင်ကြသည်—၎င်းသည် စတားဖလိ့တ်မှ ထုတ်ပေးထားသော ပြင်ပချပ်ကာဝတ်စုံထက် အဆင့်တစ်ဆင့်ပိုမြင့်သည်။ ယခုအခါ အမှောင်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုများကြောင့် ဤစစ်သားများသည် တိုင်တန်-အဆင့် တိုက်ခိုက်ရေးစွမ်းအားမဟုတ်လျှင်တောင် အနည်းဆုံး ဆင့်ကဲပြောင်းလဲမှုအဆင့် တိုက်ခိုက်ရေးစွမ်းအားများ ရှိနေလောက်ပြီ။

သို့တိုင် သီအိုရီအရ တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်များက တခြား၊ တကယ့်တိုက်ပွဲက တခြားဖြစ်သည်။ ထိုမွန်းစတားများနှင့်ယှဥ်လျှင် လူ့ခန္ဓာကိုယ်သည် အလွန် နူးညံ့နေဆဲ ဖြစ်သည်။ သာမန်နှင်းတစ္ဆေ တစ်ကောင်ပင် သတိမထားမိပါက သေစေနိုင်သည်—၎င်း၏ အမြီးဆူးချွန်သည် ဘရိတ်ဓားကဲ့သို့ ထက်ရှသည်။ လင်းရှန် ၎င်းကို ယခင်က လေ့လာခဲ့ဖူးသည်—၎င်း၏ သိပ်သည်းဆသည် စွမ်းအားမြင့်သတ္တုစပ်များနှင့် နှိုင်းယှဉ်နိုင်သည်။ ကာဘွန်အခြေခံ သက်ရှိသည် ထိုကဲ့သို့သော ဇီဝလက်နက်ကို ထုတ်လုပ်နိုင်သည်မှာ မယုံနိုင်စရာပင်။

ဤ အထီးကျန်ဝံပုလွေ စွမ်းအားဝတ်စုံများဖြင့် အနန္တရထား၏ ပုံမှန်အဖွဲ့ဝင်များသည် ပြီးပြည့်စုံသော အဆင့်မြှင့်တင်မှုကို ရရှိနေသည်—ပြောင်းလွယ်ပြင်လွယ်ခြင်းနှင့် ကာကွယ်မှုတွင်သာမက တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း ဖြစ်သည်။ နောက်ဆုံးပေါ် ပလာစမာ ပလပ်စ် ရိုင်ဖယ်များနှင့် တွဲဖက်လိုက်သောအခါ သူတို့သည် စတားဖလိ့တ် ခြေလျင်တပ်သားများနှင့် အနီးစပ်ဆုံးဖြစ်လာသည်။ သူတို့တွင် လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ ကျွမ်းကျင်စွာ လေ့ကျင့်ထားသော စစ်သားများ၏ နည်းဗျူဟာပိုင်း သိမ်မွေ့မှုသာ ဖြစ်သည်။

နောက်ထပ် အဓိက အားသာချက်တစ်ခုမှာ သွေးကပ်ဘေးပန်းဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုများသည် အခြေခံအားဖြင့် အေးခဲ-အမှောင် ဓာတ်ပြောင်းစက်ကဲ့သို့ လုပ်ဆောင်ပြီး အဖွဲ့၏ ဆင့်ကဲပြောင်းလဲမှုကို ပိုမို မြှင့်တင်ပေးသည်။ ထို့အပြင် ထူးဆန်းသည့် သတ္တဝါများ၏ သေဆုံးမှုမှ ထုတ်လွှတ်သော အမှောင်ကျူးကျော်မှုစွမ်းအင်ကို ကုဗတုံးက ကာကွယ်နိုင်သဖြင့် အနန္တရထား၏ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်သည် သိသိသာသာ ပိုမို လုံခြုံလာသည်။

“ဟေး၊ လင်းရှန်”

ကီကီသည် သူ့နောက်မှ လိုက်လာရင်း တိုးတိုးလေး ပြောသည်၊

“မီးတောက်က တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား။ ကျွန်မတို့ ဒီကို ရောက်ပြီးကတည်းက သူ ထူးထူးခြားခြား ပြုမူနေတယ်”

“မင်း ဘာကိုပြောချင်တာလဲ”

“အင်း၊ သူက အများအားဖြင့် အရက်သောက်ပြီးရင် လက်ဖက်ရည်ကို အရသာခံသောက်ရင်း လေကြီးနေတဲ့သူပဲ… ဒါပေမဲ့ ကျွန်မတို့ ဒီဥမင်ထဲ ရောက်ပြီးကတည်းက သူက ထူးထူးဆန်းဆန်း တိတ်ဆိတ်နေတယ်... ပြီးတော့ သူက အဝတ်သုံးထပ်လောက်လည်း ထပ်ဝတ်ထားတယ်”

ကီကီ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါ မထူးဆန်းဘူးလား”

လင်းရှန်၏ မျက်လုံးများက အတွေးနက်သွားကာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“ငါ မှတ်မိသလောက်တော့ ငါတို့ SIID ဖောင်ဒေးရှင်းရဲ့ မြေအောက် ဓာတ်ခွဲခန်းကို သွားတုန်းက သူ မြေအောက်ကို မုန်းတယ်လို့ ပြောဖူးတယ်။ အဲဒါကြောင့် ဖြစ်နိုင်တယ်”

ကီကီသည် ခေါင်းညိတ်လိုက်သည်။

“ဪ ဟုတ်သားပဲ… အခု သတိရတယ်… ဒါအဓိပ္ပာယ်ရှိတယ်”

လင်းရှန်နှင့် ကီကီတို့သည် ရထားပေါ်မှ အတူတကွ ဆင်းလာခဲ့သည်။ လက်နက်ဂိုဒေါင် အပြင်ဘက်ရှိ အသုံးမပြုသော ရထားလမ်းပေါ်တွင် သူသည် မြေပြင်အနေအထား အမျိုးမျိုးသုံး သံချပ်ကာထရပ်ကားများနှင့် Nightstar လေယာဉ်များကို သိုလှောင်ရန် သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းအများအပြားကို တပ်ဆင်ထားခဲ့ပြီး၊ နဂါးတောင် ၁ အဖွဲ့သားများက တင်ဆောင်ခဲ့သည်။ လင်းရှန်သည် ရိုးရှင်းသော အပြင်ဘက်တွဲကိုလည်း တပ်ဆင်ထားခဲ့သည်။ ရထားထွက်ခွာပြီးသည်နှင့် နောက်တွဲသည် ဆွဲကြိုးများကို အသုံးပြု၍ အရာအားလုံးကို ဆွဲယူသွားခြင်းက—ပို၍အဆင်ပြေသည်။

သူ၏ အစီအစဉ်မှာ ပထမဆုံး ဇီးရိုးဒြပ်စင်ဗဟိုဌာနအတွင်းရှိ တန်ဖိုးရှိသော ပစ္စည်းများကို ဝါးမျိုခြင်းနှင့်… ထို့နောက် ပစ်အားမြှင့်တင်ရန်အတွက် လျှပ်စစ်သံလိုက်အမြောက်အသစ်များ တည်ဆောက်ရန် ဖြစ်သည်။

သူတို့သည် ဥမင်တစ်လျှောက် ဇီးရိုးဒြပ်စင်ဗဟိုဌာန၏ ပလက်ဖောင်းသို့ ဦးတည်သွားကြသည်။ ယခု လုံခြုံသွားပြီဖြစ်သော လမ်းကြောင်းမှတဆင့် သူတို့သည် တစ်ဖန်ပြန်ဝင်ရောက်ခဲ့ကြသည်။ အလိုအလျောက် တံခါးများ ပွင့်သည်နှင့် အတွင်းရှိ လော့ယန်နှင့် အခြားသူများသည် ချက်ချင်း လှည့်ကြည့်ကြသည်။

“ကပ္ပတိန်လင်း”

လင်းရှန်သည် အခန်းကို ပတ်လည်ကြည့်လိုက်ရာ လော့ယန်သာမက ဒဏ်ရာရထားသော လီကွမ်းဝမ်နှင့် အာမင်တို့အပြင် လိုလိုကိုလည်း တွေ့ရသည်။ အားလုံးသည် အနက်ရောင် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားပြီး၊ ခန်းမထဲတွင် တိတ်ဆိတ်စွာ စကားပြောနေကြသည်။ သူတို့ လင်းရှန်ကို တွေ့သောအခါ ချက်ချင်း လာကြသည်။

“ထူးဆန်းတဲ့ လှုပ်ရှားမှု မရှိပါဘူး။ စက်ရုပ်တွေက အလိုအလျောက် ပုံမှန် လည်ပတ်နေတယ်။ အဓိက AI ကတော့ အော့ဖ်လိုင်း ဖြစ်နေတော့ အမှားသတိပေးချက်တွေ အများကြီးရှိခဲ့ပေမဲ့ ကြီးကြီးမားမား မရှိပါဘူး”

လင်းရှန်သည် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် လူထောင်ကျော် အိပ်ပျော်နေသဖြင့် သူသည် တစ်စုံတစ်ဦးကို စောင့်ကြည့်ရန် ချထားခဲ့သည်။ လော့ယန်သည် ဒဏ်ရာရနေသော အဖွဲ့ဝင်များနှင့်အတူ ကိုယ်တိုင်ရောက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“ကပ္ပတိန်လင်း”

လီကွမ်းဝမ်၊ လိုလို၊ အာမင်နှင့် ငယ်ရွယ်သော အဖွဲ့ဝင်များသည် သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။

“ဒဏ်ရာတွေက ဘယ်လိုလဲ”

လီယီက သူတို့ကို ကြည့်လိုက်သည်။ သူတို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ကို သူမ သိထားသည်။ အလိုအလျောက် ဆေးဘက်ဆိုင်ရာကုသခန်းက အရေးပေါ် ကုသမှုများ လုပ်ဆောင်ပေးခဲ့သော်လည်း အချို့သော ဒဏ်ရာများသည် ပြန်လည်တည်ဆောက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာဖြင့်မျှ မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးလှသည်။ သူတို့အားလုံး သေမင်းတံခါးဝတွင် ရှိခဲ့ကြသည်—ပြီးတော့ ယခုအချိန်အထိပင် သတ္တုစွမ်းရည်ရှိသော ဗလကြီး ဗိုဒန်(လျန်လေး) မှာ မေ့မြောနေဆဲဖြစ်သည်။

“သိပ်မဆိုးပါဘူး”

လိုလိုနှင့် အာမင်တို့က ကျေးဇူးတင်စွာဖြင့် ပြောသည်။

“ဟုတ်တယ်… ကပ္ပတိန်ရဲ့ ဆေးဘက်ဆိုင်ရာ ကုသခန်းကြောင့်ပါ”

Chapter 513

လုရှင်းချန်၏ မတော်တဆ ၁

“ဟင်”

ကီကီသည် ထိန်းချုပ်ရေး terminalများ တန်းစီရာသို့ ပျံသန်းသွားပြီး လှိုင်းနှုန်းအချက်အလက်များကို စိုက်ကြည့်သည်။

“သူတို့ရဲ့ ဦးနှောက်လှိုင်း လှုပ်ရှားမှုအဆင့်တွေ အများကြီး ကျသွားပုံရတယ်”

“ဟုတ်တယ်”

လင်းရှန်က ရှင်းပြသည်၊၊

“မင်း ရောက်လာတုန်းက ငါအဖွဲ့ကို ပြောနေတာကို မင်းမမှီလိုက်ဘူးထင်တယ်—ငါတို့ ပိတ်ဆို့ခြင်း အစီအစဉ်ကို ပြန်အသက်မသွင်းခင်၊ အသိုက်ထဲက လူတိုင်းရဲ့ ဦးနှောက်လှိုင်း အချက်ပြလှိုင်းနှုန်းက ၉၈% အောက် ကျဆင်းသွားခဲ့ပြီး၊ တစ်ဒါဇင်ကျော်က ဦးနှောက်သေဆုံးမှုလက္ခဏာတွေ ပြနေခဲ့တယ်”

လီယီသည် မှန်နံရံသို့ လမ်းလျှောက်သွားပြီး အလယ်မှ အသိုက်ကို မော့ကြည့်သည်။ ဆဋ္ဌဂံပုံအခန်းငယ်များသည် အပြာရောင်တောက်ပနေဆဲဖြစ်ပြီး အတွင်းရှိ လူတိုင်းသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေပုံရသည်။ အဖြူရောင် မှိုမျှင်မျှင်များကို စံပိတ်ဆို့ကိရိယာများဖြင့် ဖြတ်တောက်ထားပြီး ဖြစ်သည်။

“စနစ်က မှိုလှုပ်ရှားမှုနဲ့ တပြိုင်တည်း ဖြတ်တောက်တာ မဟုတ်ဘူး ထင်တယ်။ သူတို့ကို ၉ နာရီ ချိတ်ဆက်ထားခွင့်ပြုပြီးမှ ၃၀ နာရီ ဖြုတ်ထားလိုက်တယ်”

“ဒါဆို အခြေခံအားဖြင့် သေဆုံးသူ တစ်ဝက်လောက်က တစ်ပြိုင်နက်တည်း သေဆုံးတာ မဟုတ်ဘူးပေါ့”

ကီကီသည် လက်များကို ပိုက်ကာ အခန်းတစ်လျှောက် မျက်လုံးဖြင့် ဝေ့ကြည့်သည်။

“သူတို့ ၉ နာရီ ချိတ်ဆက်မှုကို မခံနိုင်ရုံပဲ ရှိတာ။ သူတို့ ဒီအခြေအနေမှာ ၂၄ နာရီလောက် ပိတ်မိနေတယ်လို့ ကျွန်မထင်နေတာ…”

“အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူတို့ အဲဒီလောက်ကြာကြာ ချိတ်ဆက်နေမယ်ဆိုရင် မှိုခေါင်းတွေလို ဖြစ်ကုန်မှာပေါ့”

လင်းရှန် သက်ပြင်းချလိုက်သည်။

“ရိုးရိုးသားသား ပြောရရင်၊ ငါ နည်းပညာမြင့် ကာကွယ်ရေးတစ်ခုခုကို မျှော်လင့်ခဲ့ပေမဲ့ ဒါက အရမ်းကို ရက်စက်တဲ့ နည်းလမ်းပဲ”

“ဒါဆို နည်းပညာအရ၊ အသက်အန္တရာယ် မရှိဘူးလား” လိုလိုက စပ်စုစွာ မေးသည်၊၊

“ခန္ဓာကိုယ်တွေက မပျက်စီးဘူး... ပျော်ဖို့ကောင်းတဲ့ ဒိုပါမင်းထုတ်လွှတ်မှုက ၉ နာရီလောက်ပဲ မဟုတ်လား… ဒါက သူတို့ကို ဘယ်လို သတ်တာလဲ”

“ဒိုပါမင်း ၉ နာရီလား”

လင်းရှန်သည် ခြောက်ကပ်စွာ ရယ်လိုက်သည်။

“၁၇ ရာစု ဥရောပခေတ်မှာ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်က ရုပ်ပိုင်းဆိုင်ရာ ရက်စက်တဲ့ နှိပ်စက်မှုတွေသာမက ‘ရယ်မောခြင်း ပြစ်ဒဏ်’ လို့ ခေါ်တဲ့ အရာလည်း ရှိတယ်။ သွေးမထွက်ဘူး၊ ဒဏ်ရာမရှိဘူး။ သူတို့ လူကို တင်းတင်းကျပ်ကျပ် ချည်နှောင်ပြီး ခြေဖဝါးမှာ ပျားရည် ဒါမှမဟုတ် ဆား သုတ်လိမ်းပြီး ဆိတ်တွေကို လျက်ခိုင်းတယ်။ လူတွေ ဘယ်လောက်ကြာကြာခံနိုင်မလဲ ခန့်မှန်းကြည့်လိုက်စမ်း”

“ခြေထောက်ကို လျက်တာလား။ အဲဒါ နှိပ်စက်မှုထဲ ပါတာလား”

“ဟုတ်တယ်၊ ပါတာပေါ့” လော့ယန်က ဝင်ပြောသည်။

“ငါ အဲဒါကို ဖတ်ဖူးတယ်။ မိနစ်သုံးဆယ်ကြာပြီးနောက် လူတွေ စပြီး ထိခိုက်လာတယ်။ တစ်နာရီကနေ နှစ်နာရီကြာရင် နှလုံးရပ်တာ ဒါမှမဟုတ် အသက်ရှူကျပ်တာ ဖြစ်စေနိုင်တယ်”

“အတိကျပဲ”

လင်းရှန်က ပြောသည်။

“အခု အဲဒီလို ညှဉ်းပန်းနှိပ်စက်မှုကို ဦးနှောက်ကို လုပ်တယ်လို့ စိတ်ကူးကြည့်ပါ။ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုက ပြန်ပြင်လို့ မရတဲ့ ထိခိုက်မှုတွေ ကျန်ခဲ့စေတယ်”

သူသည် လှည့်ပတ်ပြီး ထိန်းချုပ်ခန်းကို စကင်ဖတ်ရင်း မည်သည့်နေရာမှစရကောင်းမလဲ စဉ်းစားနေသည်။

ဒီနေရာက ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်တွေကို သူစိတ်မဝင်စားပေ—သူတို့အားလုံးက အသိုက်စနစ်နဲ့ ကိုက်ညီအောင် ပြုလုပ်ထားပြီး သူ့ရဲ့ PX-05 အင်ဂျင်နီယာစက်ရုပ်လောက် အသုံးမဝင်ပေ။ သူ့မှာ တိုက်ခိုက်ဖို့အတွက် လျှပ်စီးလင်းယန် ၂၀၀၀ တိုက်ခိုက်ရေး ဒရုန်းများရှိပြီးသား ဖြစ်၍ ဒါတွေကို ဝါးမျိုခြင်းက သတ္တုအပိုင်းအစမျှသာ တန်ဖိုးရှိသည်။

ဒါပေမဲ့ ပထမဆုံး၊ သူသည် ဆိုင်းငံ့ထားသော ယန္တရားလက်နက်ကြီးများ၊ စွမ်းအင်စနစ်များနှင့် အရေးအကြီးဆုံးဖြစ်သည့် အပူချိန်မြင့် ပလာစမာ ရောင်ခြည်ဖြတ်တောက်ရေးဖွဲ့စည်းပုံကို ကိုင်တွယ်လိုသည်။

သူ ရထားပေါ်မှာတုန်းက စဉ်းစားမိနေသည်—လျှပ်စစ်ဓားသွားကာကွယ်ရေးစနစ်ကို ဒီဖွဲ့စည်းပုံနဲ့ အစားထိုးပြီး စီစဉ်လိုက်ရင် ဘယ်လိုဖြစ်လာမလဲ။ အာ့ခ် ပလပ်စ် ပဲ့တင်ကြိမ်နှုန်းမြှင့်စက်နဲ့ ပေါင်းစပ်လိုက်ရင် အနန္တရထားကို ဧရာမလျှပ်စီးသံမဏိချောင်းအဖြစ် ပြောင်းလဲသွားစေနိုင်တယ်။ သူတို့ နှင်းတစ္ဆေတွေနဲ့ နှင်းမွန်းစတားတွေလို မွန်းစတားဒီရေလှိုင်းနောက်တစ်ခုနဲ့ ကြုံတွေ့ရင် ထိတွေ့မှုမှာပဲ ၎င်းတို့သည် အပိုင်းပိုင်းအစစဖြစ်သွားလိမ့်မယ်။

လက်ရှိ ယန္တရားနည်းပညာအရ၊ ထိုသို့သော ဖွဲ့စည်းပုံက ကြာကြာခံနိုင်မည် မဟုတ်သည်မှာ သေချာသည်။ ၎င်း၏ ပါဝါစားသုံးမှုသည် လျှပ်စစ်သံလိုက်အမြောက်ထက်ပင် ပိုမိုမြင့်မားပြီး Gemini 11R ၏ လက်ရှိ ပါဝါထောက်ပံ့မှုမှာ မလုံလောက်နိုင်ပေ။

ထို့ကြောင့် စကားပုံအတိုင်း တစ်ကိုက်ချင်းသာ စားရပေမည်။ လျှပ်စစ်ဓားသွားကာကွယ်ရေးစနစ်လိုပဲ… လင်းရှန်သည် မော်ဂျူးတစ်ခုဖြင့် စတင်နိုင်သည်။ သူသာ ဂရေ့စ်၏ AI ကို ရထားရဲ့ စနစ်ဒီဇိုင်းထဲ ပေါင်းစပ်နိုင်မည်ဆိုရင် သူ့၏ ပုံကြမ်းများစွာကို ရုတ်တရက် အကောင်အထည် ဖော်နိုင်လာလိမ့်မယ်။

အချိန်မဖြုန်းတော့ဘဲ လင်းရှန်သည် လော့ယန်နှင့် အခြားသူများကို မတူညီသော ဇုန်များတွင် လှည့်ကင်းလှည့်ရန် တာဝန်ပေးပြီး သူကိုယ်တိုင် ဝါးမျိုခြင်းကို စတင်လိုက်သည်။ ကီကီက ငြီးငွေ့လာသဖြင့် လော့ယန်နှင့်အတူ လျှောက်သွားခဲ့သည်။

[ဝါးမျိုမှုအောင်မြင်သည်- ယန္တရားရင်းမြစ်အမှတ် +၁၅၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁၀]

ပထမဆုံး၊ လင်းရှန်သည် ဂရေ့စ်၏ ကိုယ်ထည်ထွက်ပေါ်လာသည့် ပါဝါပြောင်းလဲခြင်းအခန်းကို ဝါးမျိုသည်။ သူသည် သူမ၏ ပါဝါခန်းကိုလည်း ယူသွားရမည်—အားပြန်သွင်းခြင်းနှင့် ခန္ဓာကိုယ်၏ သေးငယ်သော ပြုပြင်မှုများအတွက် အသုံးဝင်သည်။ တိုက်ရိုက်ယူပြီး အသုံးပြုနိုင်သောအခါ စကင်ဖတ်ပြီး ထုတ်လုပ်ရန် မလိုအပ်ပေ။

ယိကျင်းမြို့သို့ ဝင်ရောက်လာပြီးကတည်းက လင်းရှန်သည် မြင်သမျှ အရာအားလုံးကို ဝါးမျိုလာခဲ့သည်။ သူ၏ အဝေးထိန်းဝါးမျိုမှုစွမ်းရည်ကြောင့် သူ၏ ထိရောက်မှုသည် တိုးလာခဲ့ပြီး သူ၏ ကျွမ်းကျင်မှုအဆင့်သည် အချိန်တိုအတွင်း ရာနှင့်ချီ တိုးတက်လာခဲ့သည်။

ယန္တရားဝါးမျိုမှု- အဆင့် ၄ (၁၃၁၆/၂၀၀၀)

ဇီးရိုးဒြပ်စင်ဗဟိုဌာနကို အပြီးသတ်ပြီး နျူကလီးယားစွမ်းအားယူနစ်တစ်ခုကို ဝါးမျိုပြီးလျှင် သူသည် အဆင့် ၅ သို့ ရောက်လိမ့်မည်ဟု သူ တွက်ချက်ထားသည်။ ၎င်းသည် ဝါးမျိုသည် အရှိန်ကို တိုးမြှင့်ရုံသာမက သူ၏ လျှပ်စစ်အားထိုးတတ်ခြင်း ယန္တရားမြှင့်တင်မှုကို ဖွင့်လှစ်ရန် အခြေအနေများလည်း ပြည့်မီစေမည်၊၊

သူသည် စင်္ကြံရှိ ပြုပြင်ထိန်းသိမ်းရေး ပုံစံတစ်ခုကို ဖွင့်လိုက်ပြီးပလာစမာ ရောင်ခြည်ဖွဲ့စည်းပုံကို တွေ့ရှိကာ စတင် စကင်ဖတ်လိုက်သည်။

[စကင်ဖတ်မှု တိုးတက်မှု- ၂%]

ယူနစ်သည် ရှုပ်ထွေးသော်လည်း မကြီးမားပေ။ အပြည့်အဝ စကင်ဖတ်ပြီး ဝါးမျိုရန် တစ်နာရီခန့် ကြာလိမ့်မည်ဟု သူ တွက်ဆသည်။

…

တာလို့သည် ထိုင်နေရာမှ လျင်မြန်စွာ ထရပ်ကာ လုရှင်းချန်၏ အခန်းသို့ လမ်းလျှောက်သွားပြီး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံလိုသည်။ အမှန်တိုင်းပြောရလျှင် ဤလူသည် စွမ်းအားများကို သုတေသနပြုခြင်းကို အမြဲတစေ နှစ်ခြိုက်စွာ လုပ်နေသူဖြစ်ပြီး… မကြာသေးမီက စီလန်မြို့ကာကွယ်ရေးတိုက်ပွဲတွင် သူ အသုံးပြုခဲ့သော စွမ်းရည်အသစ်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်—ထိုသူက တိုးတက်မှုများရှိခဲ့သည်မှာ ထင်ရှားနေသည်။

သို့သော်လည်း တာလို့ အခန်းတံခါးသို့ ရောက်သည်နှင့် လုရှင်းချန်သည် အတွင်း၌ ခြေချိတ်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။ အတော်လေး သတိထားသည့် လှုပ်ရှားမှုဖြင့် လုရှင်းချန်သည် သူ၏ အကျီလက်များကို ဆွဲချလိုက်ပြီး အနည်းငယ် မူမမှန်သည့် အမူအရာဖြင့် သူ့ကို လှမ်းကြည့်သည်။

“တစ်ခုခု လိုအပ်လို့လား”

“အမ်… ငါက...”

တာလို့ သူ၏ ခေါင်းကို ကုတ်လိုက်သည်။ လုရှင်းချန်ကို ထူထဲသောအဝတ်များဖြင့် ပတ်ထားသည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းသည်ဟု ထင်သော်လည်း ဘာမှ မပြောပေ။ ထိုအစား သူ လာခဲ့သည့် အကြောင်းရင်းကို ပြောသည်–

“ငါ့ရဲ့ သွေး-ကီစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး မေးချင်ရုံပါ”

“ဖီးနစ်ရဲ့ လက်စွဲစာအုပ်မှာ အကြံပြုချက်တွေ မပါဘူးလား” လုရှင်းချန်က ပေါ့ပါးစွာ ပြောလိုက်သော်လည်း သူ၏ အကြည့်က အနည်းငယ် မှေးမှိန်သွားသည်။

All Chapters