အခန်း (၄၉၆-၄၉၇)
Vol. 32 Ch. 496-497
Chapter 496
ဉာဏ်ကောင်းသော ဦးနှောက် - ဂရေ့စ် ၁
(စကားချပ်-အခုကစပြီး လာမယ့်အခန်းတွေမှာ ပထမအခန်းတွေက ဟိုလိုဂရမ်ပုံရိပ်က မူရင်းမှာ ဂရေ့စ်ဖြစ်သွားလိုက် ချုယန်ဖြစ်သွားဖြစ်နေပါတယ်…ကျနော့်အထင်တော့ ချုယန်ရဲ့ အသိစိတ်က တစ်စိတ်တစ်ပိုင်းပဲ ပါပြီး.. ကျန်တာက ကာကွယ်ရေး အော့ဖ်လိုင်း Ai ဖြစ်ပါလိမ့်မယ်)
ဇီးရိုးဒြပ်စင်ဗဟိုဌာန၊ ဗဟိုစောင့်ကြည့်ရေးအခန်း
ထိုနေရာရှိ လေထုသည် ထူးဆန်းစွာ ငြိမ်သက်နေသည်။ ထိုလှပသော ယန္တရားဦးခေါင်းက လင်းရှန်၏ အမည်ကို ခေါ်လိုက်သောအခါ လင်းရှန်သာမက နန်ကျင်းနှင့် အခြားသူများအားလုံး ဆံပင်များထောင်သွားကြသည်။
ဘီပ်—
လင်းရှန်၏ ဒရုန်းနှစ်စင်းသည် စက္ကန့်ပိုင်းအတွင်း စက်ဝိုင်းပုံ ဗဟိုစောင့်ကြည့်ရေးအခန်းတစ်ပတ်ကို အပြည့်အဝ လှည့်ပတ်ပြီးသွားပြီဖြစ်သည်။ လျှပ်စစ်-အာရုံခံ စကင်ဖတ်မှုအောက်တွင် လင်းရှန်၏ အဖွဲ့ဝင်ခုနစ်ဦးမှလွဲ၍ တခြားသက်ရှိများ၏ အရိပ်အယောင်များကို ရှာမတွေ့ပေ။
စောင့်ကြည့်ရေးခန်းမအတွင်း လူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ terminal ကိရိယာများ အားလုံးသည် ကိုယ်ပိုင်စနစ်ဖြင့် လည်ပတ်နေသည်။
“လင်းရှန်… ရှင်က သူ့ကို ဘယ်လိုသိတာလဲ” ကီကီက ချက်ချင်း မေးသည်။
“ငါလည်း မသိဘူး…”
လင်းရှန်က မျက်မှောင်ကြုတ်ကာ အပေါ်စီး မြင့်မားစွာရှိသော ယန္တရားဦးခေါင်းကို စိုက်ကြည့်နေသည်။ သံသယများက သူ့စိတ်ထဲတွင် ပြည့်နှက်လာပြီး သတိထားသည့်အနေဖြင့် သူ၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ စစ်ဆေးရန် စိတ်ထဲက အလိုလိုပြင်ဆင်လိုက်သည်။
“ကျွန်မ အကြံပေးချင်တာက ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စွမ်းရည်တွေကို မသုံးပါနဲ့… ပင်မ Ai ပျက်စီးသွားရင် ကျွန်မက ဇီးရိုးဒြပ်စင် ဗဟိုဌာနကို လည်ပတ်နိုင်မှာ မဟုတ်သလို ရှင်တို့နဲ့လည်း ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်မှာ မဟုတ်ဘူး”
စက်ရုပ်ခေါင်း၏ မျက်လုံးများက လင်းရှန်ကို စိုက်ကြည့်နေရင်း ပြောသည်။
သူမ၏ စကားများက လင်းရှန်၏ မျက်နှာအမူအရာကို အနည်းငယ် မှုန်မှိုင်းစေပြီး သူ စတင်ရန်ပြင်ဆင်နေသည့် ယန္တရားထိန်းချုပ်ခြင်းကို ချက်ချင်း ရပ်လိုက်သည်။
“ဒါဆို ငါ့ကို ဖြေပါ။ မင်း ဘယ်သူလဲ…ပြီးတော့ ဒီနေရာက ဘာလဲ”
“ကျွန်မက ယိကျင်း ဇီးရိုးဒြပ်စင်ဗဟိုဌာနမှာရှိတဲ့ အနီရောင်အဖွဲစည်း-၃ရဲ့ AI- အော့ဖ်လိုင်းဗားရှင်းပါ။ ရှင်တို့က ကျွန်မကို ဂရေ့စ်လို့ ခေါ်လို့ရပါတယ်။ ဒီအဆောက်အဦမှာရှိတဲ့ အနီရောင်အဖွဲ့ဝင် ၁၆၂၃ ဦးကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ စနစ်ရဲ့ ကာကွယ်ရေးလက်နက်များ အားလုံး လက်ရှိ အော့ဖ်လိုင်း ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် ကျွန်မရဲ့ ၄ခုမြောက် အခြေခံလုပ်ထုံးလုပ်နည်းကို စတင်လိုက်ပြီ- အနီရောင်အဖွဲ့ဝင်အားလုံးကို ကာကွယ်ဖို့အတွက် ညှိနှိုင်းမှုတွေ စတင်ဖို့ပဲ”
“ညှိနှိုင်းမှုလား”
လင်းရှန်က AI ပေါ်တွင် အာရုံစိုက်လိုက်သည်။ သူမ၏ ပုံရုပ်သည် သူ၏ အိပ်မက်ထဲမှ ချူယန် အမည်ရှိ အမျိုးသမီးနှင့် ဆင်တူနေသည်။ သူ၏ စိုးရိမ်စိတ်ကို ထိန်းချုပ်ရင်း မေးခွန်းကို တိုက်ရိုက်မေးလိုက်သည်။
“မင်းက ဘာကို ညှိနှိုင်းချင်တာလဲ”
“လုပ်ထုံးလုပ်နည်း ၄ အရ: အောက်ပါအချက်တွေ နဲ့ ညှိနှိုင်းပါမယ်- (၁) ထာဝရ အရန်သိမ်းဂိုဒေါင်မှာ သိမ်းဆည်းထားတဲ့ ရှင်သန်ရေးပစ္စည်းတွေ၊ (၂) လက်နက်တိုက်ထဲက ကြယ်တာယာ-အဆင့် ၃ တစ်ဦးချင်း တိုက်ခိုက်ရေး ကိရိယာ ၁၀၀၀ စုံ၊ (၃) အန္တရာယ်ရှိတဲ့ ရွှေ့ပြောင်းရေး လမ်းကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ…”
“ဒါ့အပြင် ဒီဇီးရိုးဒြပ်စင်ဗဟိုဌာနက ရှင်သန်သူနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ဖို့ ရှင်တို့မှာ တာဝန်မရှိပါဘူး။ အသိုက်ကို ပျက်စီးစေခြင်း သို့မဟုတ် အနီရောင်အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းကို တားမြစ်ပါတယ်”
“ဒါဆို စက်ရုပ် စောင့်ရှောက်သူလိုမျိုး ပေါ့”
လုရှင်းချန်က မှတ်ချက်ပေးသည်။
“ပြီးတော့ ဒီရှေ့က panelနောက်မှာ အားနည်းတဲ့ အေးခဲနေတဲ့ လူသားလက္ခဏာတွေကို ငါ ခံစားမိတယ်”
“ဟင်… လင်းရှန် တကယ်ဟုတ်နေတာပဲ… ကြည့်လိုက်”
ကီကီသည် လေထဲတွင် ပျံဝဲပြီး အံ့ဩတုန်လှုပ်နေသော မျက်လုံးများဖြင့် အပေါ်မှ အမိုးခုံးကို စိုက်ကြည့်နေသည်။
လင်းရှန်သည် အောက်ဘက်ရှိ AI ကို ကြည့်လိုက်ပြီးနောက် ကြည်လင်သော အမိုးခုံးပုံသဏ္ဌာန် မျက်နှာကျက်ကို ချဉ်းကပ်လိုက်သည်။ ပိုနီးလာမှသာ သူ သတိပြုမိသည်- အမိုးခုံးအပေါ်တွင် ကြီးမားသော ဒေါင်လိုက်တွင်းနက်ကြီး ရှိနေခြင်းပင်၊၊
ထိုနက်ရှိုင်းသော တွင်းနက်၏ အစွန်းပတ်လည်တွင် ဘဲဥပုံ ရှင်သန်ရေးအခန်းငယ်တန်းများ ရှိနေပြီး အဋ္ဌဂံ ပျားအုံပုံစံ အခန်းငယ်များထဲတွင် မြှုပ်နှံထားသည်။ မြေအောက်သိုလှောင်ရေး ဇယားကွက်တစ်ခုလိုပင်။ ထို အခန်းငယ်တစ်ခုစီအတွင်း… လူတစ်ဦးစီ ရှိနေသည်။
အခန်းငယ်တိုင်းမှ အပြာရောင်အလင်းများ ထွက်ပေါ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကျယ်ပြန့်သော တွင်းနက်တွင် ထောင်ပေါင်းများစွာသော အခန်းငယ်များ တန်းစီနေပြီး တစ်ခုစီတွင် အိပ်ပျော်နေသော လူတစ်ဦးကို ထားရှိသည်။ ထိုအတောအတွင်း၊ ပျံသန်းနေသော ဒရုန်းများနှင့် သေးငယ်သော စက်ရုပ်လက်များ အများအပြားသည် စည်းကမ်းတကျ ရွေ့လျားနေပြီး ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု စက်ရုပ်များကဲ့သို့ အခန်းငယ်တစ်ခုစီကို စစ်ဆေးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်နေသည်။
“အဲဒါတွေက ဘာတွေလဲ… အအေးခန်းတွေလား” လင်းရှန်က အံ့အားသင့်စွာ အသံထွက်သွားပြီးနောက် အဖွဲ့တစ်ခုလုံး သူ့နောက်လိုက်ကြည့်ကြသည်၊၊
အဆောက်အဦတစ်ခုလုံးသည် ခေတ်ရှေ့ပြေးနေသော ထူးဆန်းမှုများဖြင့် ပြည့်နှက်နေပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
“ဒါဆို အဖွဲ့အစည်းတစ်ခုလုံး အဲဒီထဲမှာ အိပ်နေတာလား” လော့ယန်က မျက်မှောင်ကြုတ်သည်။
“သူတို့က ကမ္ဘာပျက်ကပ်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်”
လင်းရှန်က တည်ငြိမ်စွာ ပြောသည်။
“အနှစ်တစ်ရာလောက် အိပ်တာက အဆိုးဆုံးရွေးချယ်မှု မဟုတ်ဘူး”
“အနှစ်တစ်ရာလား”
ကီကီက လက်များကို ပိုက်ထားပြီး တွင်းနက်ကို စိုက်ကြည့်နေသည်။
“ဝင်ရိုးစွန်းညမှာ အမှောင်ကျူးကျော်မှုတွေ အားလုံးနဲ့ဆို တစ်နှစ်တောင် ရှင်သန်ဖို့ ခက်တယ်။ အနှစ်တစ်ရာက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး”
“အတိအကျပဲ” လော့ယန် သဘောတူသည်။
“ဒါမှမဟုတ်… သူတို့ အမှောင်ကျုးကျော်မှုကို တားဆီးဖို့ နည်းလမ်းရှာတွေ့ထားပြီးပြီလား”
“ဒါမှမဟုတ် သူတို့အားလုံး မှားနေတာ ဖြစ်နိုင်တယ်”
ထိုစဉ်တွင် လုရှင်းချန်၏ လင်းယုန်ဖြူ စွမ်းအားဝတ်စုံ၏ ပစ်မှတ်ရှာဖွေရေး စနစ်သည် အခန်းငယ်များကို ချဲ့ထွင်၍ စကင်ဖတ်လိုက်ပြီး ထူးဆန်းသောအရာတစ်ခုကို ဖော်ပြသည်။ သူသည် အနီးဆုံး အခန်းငယ်ကို ညွှန်ပြသည်။
“ကြည့်—သူတို့ရဲ့ ဦးခေါင်းအောက်မှာ အာရုံခံကိရိယာတွေနဲ့အတူ အဖြူရောင် မှိုမျှင်တွေ ရှိနေတယ်”
“မှိုမျှင်တွေလား… သူတို့ သေနေပြီလား”
“ဇီဝဗေဒဆိုင်ရာ အသုံးအနှုန်းအရ”
ဂရေ့စ်၏ အသံသည် နောက်မှ ပဲ့တင်ထပ်လာသည်။
“အနီရောင်အဖွဲ့ဝင်တွေက မသေပါဘူး”
ဘီပ်—
ထိုအချိန်တွင် ယန္တရားဦးခေါင်းသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ကြမ်းပြင်အောက်မှ အခန်းတစ်ခု မြင့်တက်လာသည်။ လှပသော အကွေ့အကောက်များ ရှိသည့် ငွေရောင်-အနက်ရောင် အမျိုးသမီးပုံသဏ္ဌာန် စက်ရုပ်ကိုယ်ထည်သည် ပလက်ဖောင်းပေါ်တွင် မြှင့်တင်ခံရသည်။ ယန္တရားဦးခေါင်းသည် ကိုယ်ထည်နှင့် ချိတ်ဆက်သွားပြီး သူမ၏ ကျောဘက်မှ ကေဘယ်ကြိုးများစွာ ပြုတ်သွားကာ သူမသည် ပေါ့ပါးသော အကမယ်တစ်ဦးကဲ့သို့ ခြေဖျားထိပ်ဖြင့် ပေါ့ပါးစွာ ဆင်းသက်လာသည်။
ကလစ်။ ကလစ်။
ဂရေ့စ်သည် လူသားတစ်ဦးကဲ့သို့ ချောမွေ့သော လှုပ်ရှားမှုများဖြင့် သူတို့ဆီသို့ လျှောက်လာသည်။ သူမ၏ မျက်နှာသည် ဟန်အမူယာကင်းမဲ့နေကာ ပြောလိုက်သည်၊၊
“သူတို့က ထာဝရ ဇီဝဗေဆိုင်ရာ လှုပ်ရှားမှု အခြေအနေမှာ ရှိနေပါတယ်။ ဒါက အနီရောင်ကမ္ဘာရဲ့ တွင်းနက်ကြယ်မှိုက ဂုဏ်သတ္တိတွေကို အသုံးပြုပြီး လျှို့ဝှက်တီထွင်ထားတဲ့ ရှင်သန်ရေး ဖြေရှင်းချက် တစ်ခုပါ”
“ဒီမှိုက ဝင်ရိုးစွန်းညမှာ အမှောင်ဒီရေကနေ ရိတ်သိမ်းထားတာ ဖြစ်ပြီး၊ လက်ခံသူရဲ့ ခန္ဓာကိုယ်ကို အပင်နဲ့တူတဲ့ ဖိုင်ဘာအဖြစ် ပြောင်းလဲသွားစေတယ်၊ ဒါပေမယ့် ဦးနှောက်ကိုတော့ ဖျက်ဆီးပစ်တာ မရှိဘူး။ အဲဒီအစား၊ လူသား အသိစိတ်ကို မှိုမျှင်ကွန်ရက်ကနေ ချိတ်ဆက်နိုင်စေတဲ့ အထူးဓာတ်ပေါင်းတစ်မျိုးကို ထုတ်လွှတ်တယ်—အဲဒါကို ကျွန်မတို့ အာရုံကြောနယ်ပယ်ကွန်ရက်လို့ ခေါ်ပါတယ်”
“အာရုံကြောနယ်ပယ်ကွန်ရက်”
ကီကီက မျက်မှောင်ကြုတ်သည်။
“အဲဒါ ဘာကို ဆိုလိုတာလဲ”
“ရှင်တို့ရဲ့ အသိစိတ်ကို အွန်လိုင်းတင်လိုက်သလိုမျိုး စဉ်းစားကြည့်ပါ—ဒါပေမယ့် မှိုမျှင်ကနေတစ်ဆင့်ပေါ့”
ဂရေ့စ်က သူမ၏ စက်ရုပ်လေသံဖြင့် ပြန်ဖြေသည်။
“ဒါဆို အဓိပ္ပာယ်က ဘာလဲ” နန်ကျင်းက မေးသည်။
“ဒါက ဘာကောင်းကျိုး ရှိမှာလဲ”
“အသက်ရှင်သန်ခြင်းရဲ့ နောက်ထပ် ပုံစံတစ်ခုလိုပဲ” လင်းရှန်က အေးစက်စွာ ပြောသည်။
“ဒါဆို… မင်းထင်တာ ဒါက ထာဝရရှင်သန်ခြင်းလား”
“ကျွန်မက ထာဝရဆိုတဲ့ သဘောတရားကို နားမလည်ပါဘူး” ဂရေ့စ်က ပြန်ဖြေသည်။
Chapter 497
ဉာဏ်ကောင်းသော ဦးနှောက် - ဂရေ့စ် ၂
“ကျွန်မကိုက ဥပမာအနေနဲ့ ကြည့်ပါ၊၊ ကျွန်မရဲ့ အသိစိတ်က သိုလှောင်ရေး မီဒီယာနဲ့ ကွမ်တမ် ပရိုဆက်ဆာထဲမှာ တည်ရှိတယ်။ စက်တစ်လုံးအနေနဲ့ ကျွန်မမှာ ‘ထာဝရ’ ဆိုတာ မရှိဘူး။ ဒါပေမယ့် လူသားသက်တမ်းနဲ့ နှိုင်းယှဉ်ရင် ကျွန်မက ပိုကြာကြာ အသက်ရှင်နိုင်တယ်။ အာရုံကြောနယ်ပယ်ကွန်ရက်ဟာ တွင်းနက်ကြယ်မှိုထဲမှာ တည်ရှိနေတာ၊ အဲဒီမှိုမျိုးစိတ်ရဲ့ သက်တမ်းကတော့ မသိရသေးဘူး။ ဒါပေမယ့် ဝင်ရိုးစွန်းညမှာ လျင်မြန်စွာ သေဆုံးရတာနဲ့ နှိုင်းယှဉ်ရင်… ဒါကို ထာဝရလို့ သတ်မှတ်နိုင်ပါတယ်”
“ဒါ့အပြင်၊ သုတေသနပြုချက်တွေအရ မှိုကွန်ရက်နဲ့ ချိတ်ဆက်ပြီးတာနဲ့ ဦးနှောက်ရဲ့ ဒိုပါမင်းထုတ်လုပ်မှုဟာ ၅၀၀၀ အထက်မှာ ဆက်ရှိနေတယ်—ဒါဟာ အထွတ်အထိပ် လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုမှာ ထုတ်လွှတ်တဲ့ ဒိုပါမင်းထက် ဆယ်ဆပိုများတဲ့ အဆင့်ပါ။ ဒီစိတ်လှုပ်ရှားမှု အခြေအနေဟာ အနီရောင်အဖွဲ့ဝင်တွေ ကမ္ဘာပျက်ကပ်ထဲကနေ ထွက်ပြေးဖို့ ဒီနည်းလမ်းကို ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်းပါ”
ဂရေ့စ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အဖွဲ့သည် အံ့အားသင့်စွာဖြင့် တိတ်ဆိတ်နေခဲ့သည်။
“ဒါဆို အပြင်မှာ မှိုပေါက်နေတဲ့ အဲဒီလူတွေက… အသက်ရှင်နေသေးတာလား”
ကီကီက အမောတကော မေးသည်။
“သူတို့က သူတို့ကိုယ်သူတို့ ဟင်းသီးဟင်းရွက်တွေအဖြစ် ပြောင်းလဲလိုက်တာပဲ”
နန်ကျင်းက တိုးတိုးလေး ရေရွတ်သည်။
“ဒါက လူသားမဆန်ဘူး”
လုရှင်းချန်က ဒေါသတကြီး ပြောသည်။
တင်းကျန်းရီက ထပ်ပြောသည်။
“မှိုက ကပ်ပါးကောင် ဖြစ်ပြီးတာနဲ့ ခန္ဓာကိုယ်က ပြန်မပြင်နိုင်ဘဲ ဖိုင်ဘာအဖြစ် ပြောင်းလဲသွားတယ်။ ရှင်က သူတို့ကို ဘယ်လို အသက်ရှင်အောင် ထားတာလဲ”
“အအေးပေးခြင်း” ဂရေ့စ်က ချက်ချင်း တုံ့ပြန်သည်။
“မှိုကျူးကျော်ပြီးနောက် အဆင့်နှစ်ဆင့် ရှိတယ်- ကွန်ရက်နဲ့ ချိတ်ဆက်ခြင်း၊ ပြီးတော့ အသိစိတ်ကို အပြည့်အဝ အွန်လိုင်းတင်ခြင်း။ တင်နေစဉ်အတွင်း ဦးနှောက်က အပူလွန်ကဲတဲ့ အခြေအနေကို ရောက်တယ်။ ဒီအဆင့်ကို စောင့်ကြည့်ပြီး ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်းအားဖြင့် ဇီးရိုးဒြပ်စင်ဗဟိုဌာနဟာ ဇီဝဖြစ်စဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားတယ်—ဒါကြောင့် ဒါတွေက အအေးခံ အခန်းငယ်တွေမဟုတ်ဘဲ ဇီဝဖြစ်စဉ် ရှင်သန်ရေး အခန်းငယ်တွေပါ”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ… အသိစိတ်ကို အပြည့်အဝ မတင်ခင်တော့ ခန္ဓာကိုယ်က အသုံးပြုနိုင်သေးတယ်။ အဲဒီနောက်ပိုင်းတော့ သေသွားသလိုပါပဲ”
“ကျွန်မအတွက်တော့ သေဆုံးခြင်းဆိုတာ ရှုထောင့်တစ်ခုပဲ” ဂရေ့စ်က ပြန်ဖြေသည်။
“လူတစ်ယောက်ရဲ့ အသိစိတ်က မှိုကွန်ရက်ထဲမှာပဲ ဖြစ်စေ၊ ဒေတာချစ်ပ်ထဲမှာပဲ ဖြစ်စေ တည်ရှိနေတာက အသက်ရှင်နေဆဲပဲ—ဟုတ်တယ် မဟုတ်လား”
“အဲဒါ မတူဘူး”
ကီကီက စူးစူးဝါးဝါး ပြန်ငြင်းလိုက်သော်လည်း ခုခံရန် စကားလုံးများ ရှာမတွေ့ပေ။
လင်းရှန်က ပျားအုံပုံစံတွင်းနက်ကို ကြည့်လိုက်ပြီးနောက် မေးသည်။
“ဒါဆို ဒီအဖွဲ့ဝင်တွေက… မင်းတို့ရဲ့ သိပ္ပံပညာရှင်တွေ မဟုတ်ဘူးပေါ့”
“သူတို့ဟာ အနီရောင်ကမ္ဘာရဲ့ မဟာဗျူဟာအမြင်ကို လက်ခံကြတဲ့ ကမ္ဘာတစ်ဝန်းက ချမ်းသာကြွယ်ဝသူတွေပါ” ဂရေ့စ်က ပြန်ဖြေသည်။
“သူတို့ဟာ စိစစ်မှု လုပ်ငန်းစဉ်တစ်ခုပြီးနောက် ဇီးရိုးဒြပ်စင်ပရောဂျက်မှာ ဆန္ဒအလျောက် ပါဝင်ခဲ့ကြတာပါ”
“အိုး.. ငါ နားလည်ပြီ” လင်းရှန်က ရယ်လိုက်သည်။
“ဒါက ထာဝရအသက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ချမ်းသာသူတွေအတွက် ဇိမ်ခံအိပ်စက်ခြင်း ကလပ်တစ်ခုပဲ”
“ဒါတင်မကဘူး”
လုရှင်းချန်က ထပ်ပြောသည်။
“သူတို့ ဝင်ရိုးစွန်းညပြီးတာကို စောင့်ဖို့ စီစဉ်ထားပြီး AI မှာ လုံခြုံရေးချို့ယွင်းချက်တစ်ခုကို ပရိုဂရမ်ရေးဆွဲထားမှာ သေချာတယ်—အကယ်၍ ‘အာရုဏ်ဦး’ ဘယ်တော့မှ မလာဘူး၊ ဒါမှမဟုတ် ဘေးအန္တရာယ် တစ်ခုခုဖြစ်လာခဲ့ရင်၊ အအေးပေးခြင်းကို ရပ်ပြီး သူတို့ရဲ့ အသိစိတ်ကို အပြည့်အဝ တင်လိုက်မယ်”
“ဟမ့်… ဒါက ရူးသွပ်မှုပဲ”
လင်းရှန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဒီနေ့ တစ်ခုပြီးတစ်ခု အမြင်သစ်တွေ ပွင့်သွားတာပဲ”
ဂရေ့စ်က တင်းကျန်းရီကို ကြည့်လိုက်ပြီးနောက် လင်းရှန်ဘက်သို့ လှည့်သွားသည်။
“ကျွန်မတို့ရဲ့ အသိစိတ်က မှိုမျှင်ကွန်ရက်နဲ့ ချိတ်ဆက်ထားမယ်ဆိုရင် အမှောင်ကျူးကျော်မှုကို မခုခံနိုင်ဘူးဆိုတာ အဓိပ္ပာယ်ရှိတယ်။ အဲဒါက သန္ဓေပြောင်းခြင်းကို ရှင်းပြနိုင်လိမ့်မယ်”
လင်းရှန်၏ မျက်လုံးများ ပြင်းထန်စွာ တောက်ပလာသည်။ “မင်းရဲ့ ဦးနှောက်က မှိုတွေ စပေါက်နေပြီဆိုရင် ဒါကို သန္ဓေပြောင်းခြင်းလို့ ဘာကြောင့်မယူဆနိုင်ရမှာလဲ”
ထို့နောက် သူ ရှေ့သို့ တက်လာပြီး ဂရေ့စ်ကို တိုက်ရိုက် မေးသည်။
“နောက်ဆုံး မေးခွန်းတစ်ခု—တကယ်တော့ ဒါ ပထမဆုံး မေးခွန်းပဲ။ မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ”
ဂရေ့စ်သည် သူမ၏ ဦးခေါင်းကို ဖြည်းညှင်းစွာ လင်းရှန်ဘက်သို့ လှည့်လိုက်သည်။
“ရှင့်ရဲ့ လေသံကို အခြေခံပြီး ကျွန်မ ခန့်မှန်းရတာ ဒီမေးခွန်းမှာ ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိတယ်—ရှင်က ကျွန်မကို ရှင့်ရဲ့ နာမည်ကို မသိသင့်ဘူးလို့ ယုံကြည်နေတာ။ ဒါပေမယ့် ကျွန်မ တောင်းပန်ပါတယ်။ အော့ဖ်လိုင်းဗားရှင်းအနေနဲ့ ကျွန်မက ရှာဖွေမှု အရင်းအမြစ်ကို ဝင်ရောက်ခွင့် မရှိပါဘူး။ ဒါပေမယ့်လည်း ရှင့်ရဲ့ မျက်နှာအချက်အလက်နဲ့ ကိုယ်ရေးအချက်အလက်တွေက ကျွန်မရဲ့ ခွင့်ပြုချက်ရှိ ဝန်ထမ်းဒေတာဘေ့စ်ထဲမှာ သိမ်းဆည်းထားပြီး ရှင့်ကို P3-အဆင့် ခွင့်ပြုချက်ပေးထားပါတယ်။ ကျွန်မ မျှဝေခဲ့တဲ့ တွင်းနက်ကြယ်မှိုရဲ့ သုတေသနဒေတာအားလုံးဟာ P3 အဆင့် ဝင်ရောက်ခွင့် ရှိသူတွေအတွက် ကန့်သတ်ထားပါတယ်”
လူတိုင်း လင်းရှန်ကို လှည့်ကြည့်လိုက်ကြသည်။
သူက အနီရောင်ကမ္ဘာနှင့် မည်သည့်အချိန်တွင် ဘယ်လိုပတ်သက်မိခဲ့တယ်ဆိုတာ မသိခဲ့ပေမယ့် သူ၏ မျက်နှာအမူအရာက ပို၍မှောင်မိုက်လာသည်။
“ငါ့မှာ ခွင့်ပြုချက်ရှိတယ်ဆိုရင်၊ ငါ့ကို ပြောပါ—အနီရောင်ကမ္ဘာဆိုတာ ဘာလဲ… ပြီးတော့ လူတွေက ဘယ်မှာလဲ”
ဂရေ့စ်က ပြန်ဖြေသည်။
“ကျွန်မ စိတ်မကောင်းပါဘူး… ကျွန်မရဲ့ ဒေတာဘေ့စ်မှာ ဒီလိုအချက်အလက်တွေ မပါဝင်ပါဘူး။ ကျွန်မရဲ့ အဓိက လုပ်ထုံးလုပ်နည်းတွေက ဇီးရိုးဒြပ်စင်ဗဟိုဌာနကို စီမံခန့်ခွဲဖို့အတွက် ကန့်သတ်ထားပါတယ်။ ကျွန်မက ရှင့်ရဲ့ မေးခွန်းကို မဖြေနိုင်ပါဘူး”
“ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ ဖြစ်နိုင်တယ်” တင်းကျန်းရီက ပြောသည်။
“လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် အနီရောင်ကမ္ဘာရဲ့ ဒေတာကို တမင်ဖယ်ထုတ်ထားပုံရတယ်။ အစောပိုင်းက စင်္ကြံလမ်းကို ကြည့်ရင် သူတို့က ဘယ်သူ့ကိုမှ အသက်ရှင်လျက် ဝင်လာစေချင်တာ မဟုတ်ဘူးဆိုတာ ရှင်းနေတယ်”
“ဒါဆို ဘာလို့ ရှင်သန်ရေး ပစ္စည်းတွေနဲ့ လက်နက်တွေကို စုဆောင်းထားတာလဲ”
လင်းရှန်က မေးသည်။
“အတိအကျပဲ” ကီကီ လက်ပိုက်ထားရင်း ပြောသည်။
“သူတို့ ထာဝရ မှို-ပေါင်းစပ် အပင်လူသားတွေ ဖြစ်ဖို့ တကယ်စီစဉ်ထားတယ်ဆိုရင် ဘာလို့ လက်နက်တွေ ပြင်ဆင်ထားတာလဲ… ရှင်းနေတာက သူတို့က အခြေအနေကို စောင့်ကြည့်နေတာ… အမှောင်ထုပြီးသွားရင် ပြန်နိုးထဖို့ မျှော်လင့်နေတာ”
လူတိုင်း ခေါင်းညိတ်လိုက်မိကြသည်၊၊
“ရှင်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က လုံးဝကို ဆီလျော်ပါတယ်” ဂရေ့စ်က ပြောသည်။
“တကယ်တော့၊ အဲဒီ အရင်းအမြစ်တွေကိုလည်း ရန်လိုတဲ့ ကျူးကျော်မှုတွေ ဖြစ်လာခဲ့ရင် ညှိနှိုင်းရေး ပိုင်ဆိုင်မှုတွေအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာပါ”
ထိုစကားကို ကြားသောအခါ လင်းရှန်သည် သူတို့အခြေအနေ၏ အရေးပါမှုကို သဘောပေါက်သွားသည်။ အရာအားလုံး အပြည့်အဝ အလိုအလျောက်ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် အနီရောင်ကမ္ဘာ၏ တပ်ဖွဲ့များသည် မှိုကြောင့် ဖျက်ဆီးခံရသည် သို့မဟုတ် ဆုတ်ခွာသွားခဲ့ပြီး ဖြစ်သည်။ ဇီးရိုးဒြပ်စင်ဗဟိုဌာနသည် AI ဖြင့်သာ လည်ပတ်နေပုံရသည်။ သူ၏ ယန္တရားစွမ်းရည် မရှိပါက အစောပိုင်းလမ်းကြောင်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။
လင်းရှန်သည် AI ကို တစ်ဖန် ကြည့်လိုက်သည်။
“ငါက ဘာလို့ မင်းနဲ့ ညှိနှိုင်းရမှာလဲ… ငါ ဒီမှာရှိတဲ့ ပစ္စည်းတွေနဲ့ လက်နက်တွေ အားလုံးကို ယူသွားလို့ရတယ်”
သူမကိုပါ လက်ညှိုးထိုးပြသည်။
“မင်း အပါအဝင်ပေါ့”
သူသည် သူတို့၏ ရထားစနစ်ကို လည်ပတ်ရန် ကွမ်တမ် AI တစ်ခုကို ရှာဖွေနေခဲ့သည်—ဂရေ့စ်သည် ပြီးပြည့်စုံပုံရသည်။ သူမ၏ လှုပ်ရှားမှုသည် သေသပ်လှပပြီး သူမ၏ ယန္တရားစနစ်မှာ ရှုပ်ထွေးသည်။ သူ၏ ယန္တရားနှလုံးသားသည် သူမကို အချိန်တိုင်း စကင်ဖတ်နေခဲ့ပြီး နှေးကွေးသော်လည်း သူမ၌ အဆင့်မြင့်သော အတွင်းပိုင်း ဗိသုကာလက်ရာများ ရှိကြောင်း အတည်ပြုခဲ့သည်။ ယခုပင်လျှင် လင်းရှန်သည် သူမ လှုပ်ရှားမှု ပြုလုပ်ပါက သူမ၏ အဆစ်များနှင့် လည်ပတ်ကိရိယာများကို အတင်းအကျပ် လွှမ်းမိုးချုပ်ကိုင်နိုင်ကြောင်း သိသည်။