← Chapters

အခန်း (၄၉၈-၄၉၉)

Vol. 32 Ch. 498-499

အခန်း (၄၉၈-၄၉၉)

Vol. 32 Ch. 498-499

Chapter 498

ကောင်းကင်မှိုမျှော်စင် ၁

ကီကီက နှာမှုတ်လိုက်သည်။

“အတိအကျပဲ။ ညှိနှိုင်းစရာ ဘာရှိလဲ… နင်တို့မှာ ကာကွယ်ရေးတောင် မရှိဘူး။ နင်တို့လူတွေက ရထားလမ်းတွေကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူးဆိုရင် ငါတို့ ဒီမှာ ပိတ်မိနေမှာ မဟုတ်ဘူး။ နင်တို့က ရှင်သန်သူတွေကိုလည်း စမ်းသပ်ခဲ့တာပဲ။ နင်တို့ လူတွေက သတ်နေတဲ့ မွန်းစတားတွေပဲ။ ငါတို့က ဘာလို့ နင်တို့ကို ချမ်းသာပေးရမှာလဲ”

သူမ၏ စကားများသည် အဓိကအချက်ကို ထိမှန်သွားသည်။ အားဖေးသည် နန်ကျင်းဘေးတွင် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ မျက်နှာသည် မည်းမှောင်နေသည်။

လုရှင်းချန်သည် ပျားအုံတွင်းနက်ထဲသို့ ကြည့်သည်။ “ဒီနေရာက… မီးဖိုတစ်ခုလိုပဲ။ မီးရှို့လိုက်ရင် ထာဝရ လောင်ကျွမ်းနေလိမ့်မယ်”

ဂရေ့စ်၏ မျက်နှာသည် တည်ငြိမ်နေပြီး သူမ၏ လေသံက အတတ်အကျမရှိပေ၊၊

“ထာဝရ အရန်သိမ်းဂိုဒေါင်က ဇီးရိုဒြပ်စင်ဗဟိုဌာနထဲမှာ မရှိပါဘူး။ ရှင်တို့ ရှာတွေ့နိုင်ပေမယ့် ဘာကိုမှ ယူသွားနိုင်မှာ မဟုတ်ဘူး”

“ဘာလို့လဲ” လင်းရှန်က မေးသည်။

“ငါတို့ ဒီလောက်အထိ ရောက်လာပြီ။ ငါတို့ လိုချင်တာကို ယူနိုင်တယ်”

“ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့က ဗဟိုဌာနကို ဖျက်ဆီးဖို့၊ ဂိုဒေါင်ကို ရှာဖွေဖို့၊ ပြီးတော့ ဘေးကင်းစွာ ထွက်ပြေးဖို့အတွက် အချိန် မရှိပါဘူး”

လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“အချိန်… မင်းက ဘာကို ဆိုလိုတာလဲ”

ဂရေ့စ်က ရှင်းပြသည်။

“ယိကျင်းမြို့က ဝင်ရိုးစွန်းညရဲဲ့ အပြည့်အဝ လွှမ်းခြုံမှုအောက်မှာ ရှိပါတယ်။ အနီရောင်ကမ္ဘာရဲ့ စောင့်ကြည့်တွေ့ရှိချက်အရ တွင်းနက်ကြယ်မှိုမျှင်ကွန်ရက်က အမှောင်ဒီရေကြောင့် လှုံ့ဆော်ခံရပြီး နေ့တိုင်း လှုပ်ရှားတဲ့ အခြေအနေကို ဝင်ရောက်ပြီး ကိုးနာရီကြာတစ်ခါ လှုပ်ရှားနေခဲ့တယ်။ ဒါ ပြီးဆုံးတဲ့အခါ ကောင်းကင်မှိုမျှော်စင်တွေက အမည်မသိ မှိုစွမ်းအင် အများအပြားကို ထုတ်လွှတ်ပြီး ယိကျင်းမြို့ထဲကို ထူးဆန်းတဲ့ အမှောင်သတ္တဝါအများအပြားကို ဆွဲဆောင်နေတယ်။ ဒါကို ကျွန်မတို့က အစာကျွေးခြင်း အပြုအမူပုံစံတစ်မျိုးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ လက်ရှိ လှုပ်ရှားမှု စက်ဝန်းဟာ ခြောက်နာရီနဲ့ ဆယ့်ငါးမိနစ် ကြာမြင့်နေပါပြီ။ ဆိုလိုတာက… ရှင်တို့မှာ နှစ်နာရီနဲ့ လေးဆယ့်ငါးမိနစ် ကျန်ပါသေးတယ်”

လူတိုင်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဘာ”

“အမှောင်သတ္တဝါအုပ်စုကြီးက ယိကျင်းမြို့ကို လာတော့မှာလား”

လင်းရှန် မျက်မှောင်ကြုတ်သည်။

“ဒါဆို မင်းရဲ့ ရွှေ့ပြောင်းရေးအစီအစဉ်—မင်း ဆိုလိုတာက ဒါလား”

“ဟုတ်တယ်”

ဂရေ့စ်က အတည်ပြုသည်။ သူမသည် ကြီးမားသော မျက်နှာပြင်တစ်ခုဖြင့် အနီရောင်ကမ္ဘာ၏ စောင့်ကြည့်ရေးအဖွဲ့မှ ဒေတာများကို ပြသသည်။ ဝိညာဉ်လှိုင်းဖတ်ရှုမှုများသည် အလွန်မြင့်မားနေသည်—ယိကျင်းမြို့သည် သိမ်းပိုက်ခံရတော့မည့် အခြေအနေတွင် ရှိနေသည်။

“မင်းက ငါတို့ကို ဖိအားပေးနေတာပဲ”

လင်းရှန်က ပြောသည်။

“ကျွန်မရဲ့ ရှုထောင့်ကနေကြည့်ရင်” ဂရေ့စ်က ပြန်ဖြေသည်။

“ရှင်တို့မှာ ပိုကောင်းတဲ့ ရွေးချယ်စရာတွေ မရှိပါဘူး။ ကျွန်မရဲ့ စည်းကမ်းချက်တွေက ရှင်တို့ကို အကျိုးမယုတ်စေပါဘူး၊၊ ဇီးရိုးဒြပ်စင်ဗဟိုဌာန သို့မဟုတ် အနီရောင်အဖွဲ့ဝင်တွေကို ဖျက်ဆီးတာဟာ စိတ်ခံစားမှုကို ထုတ်ဖော်တဲ့ ရည်ရွယ်ချက်တစ်ခုထက် မပိုပါဘူး။ အချိန်မီလှုပ်ရှားဖို့ ဆန္ဒရှိတယ်ဆိုရင် အပြင်ဘက် ဘူတာရုံရဲ့ အရေးပေါ်လမ်းကြောင်းကို အသုံးပြုပြီး မြေပြင်ကို အမြန်ဆုံးပြန်သွားဖို့ အကြံပြုပါတယ်”

“ကပ္ပတိန်လင်း” နန်ကျင်းသည် သူ့ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်သည်။

လင်းရှန် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ဂရေ့စ်၏ ကမ်းလှမ်းချက်သည် အခြေခံအားဖြင့် အခမဲ့ရသည့် အကျိုးကျေးဇူးများဖြစ်သည်။ အခန်းငယ်များထဲက လူများသည် သူ့အတွက် စိုးရိမ်စရာ မဟုတ်ပေ—သို့သော် ဤနေရာတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသောကြောင့် သူ သတိကြီးနေသည်၊၊

“ငါက မင်းရဲ့ စည်းကမ်းချက်တွေကို လက်ခံတယ်။ ဒါပေမယ့် မင်း မလိမ်ဘူးဆိုတာ ငါ ဘယ်လို ယုံကြည်ရမလဲ… ထာဝရ အရန်သိမ်းဂိုဒေါင်က ထောင်ချောက် မဟုတ်ဘူးဆိုတာ ငါဘယ်လိုသိနိုင်မလဲ”

ဘီပ်—

ထိုစဉ်တွင် ဒရုန်းတစ်စင်းသည် သူတို့ဆီသို့ ပျံသန်းလာပြီး ဆင်းသက်လာသည်။ ၎င်း၏ တံခါးပေါက် ပွင့်လာပြီး လုံခြုံရေးဒေတာဒရိုက်ဗ်နှင့် ဆင်တူသော ကိရိယာတစ်ခု ပေါ်လာသည်။

“ဒီထဲမှာ ဂိုဒေါင်ရဲ့ ကိုသြဒိနိတ်တွေ ပူးတွဲဝင်ရောက်ခွင့်သော့နဲ့ ဘေးကင်းတဲ့ ရွှေ့ပြောင်းရေးအစီအစဉ်တွေ ပါဝင်ပါတယ်။ လျှို့ဝှက်လမ်းကြောင်းကို လိုက်ပြီး လုံခြုံစွာ ရွေ့ပြောင်းပါ”

ကီကီသည် စိတ်စွမ်းအားဖြင့် ၎င်းကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ အိပ်ဆောင်ကိရိယာနှင့် ချိတ်ဆက်လိုက်သည်။ ယိကျင်းမြို့၏ အပြည့်အဝ 3D မြေပုံသည် ပေါ်လာပြီး ရှုပ်ထွေးသော မြေအောက်ရထားလမ်းကွန်ရက်ကို ဖော်ပြသည်။ လျှို့ဝှက်လမ်းကြောင်းတစ်ခုသည် အနီရောင်ဆေ ကုမ္ပဏီမှ ဇီးရိုးဒြပ်စင်ဗဟိုဌာနသို့ တိုက်ရိုက် ဦးတည်ပြီး မြို့ပြင်ဘက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်အောက်ရှိ လျှို့ဝှက်မြေအောက်ဝင်ပေါက်တစ်ခုသို့ ဆက်လက်ဦးတည်နေသည်။

“ကျွန်မ ထင်တဲ့အတိုင်းပဲ”

နန်ကျင်း၏ မျက်လုံးများ လင်းလက်သွားသည်။

“သူတို့ ကြီးကြီးမားမားအရာတွေကို သယ်ယူပို့ဆောင်ဖို့ အများသုံး မြေအောက်ရထားတွေကို သုံးမှာ မဟုတ်ဘူး။ အဲဒီ ကုန်စည်ပို့ဆောင်ရေး ဥမင်လိုဏ်ခေါင်းက လမ်းကြောင်းအစစ်ပဲ”

“အတိအကျပဲ”

ကီကီ ခေါင်းညိတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ခဏလေး—ငါတို့က ရထားယာဥ်တန်းတွေဆိုတာ ဘယ်လိုသိတာလဲ”

ဂရေ့စ် ပြန်ဖြေသည်။

“ကျွန်မရဲ့ မှတ်တမ်းတွေအရ- လင်းရှန်၊အနန္တရထားယာဉ်တန်းရဲ့ ကပ္ပတိန်။ ဒါ့အပြင်၊ အနီရောင်ကမ္ဘာရဲ့ မြေအောက်ကွန်ရက်က ရှင်တို့ရဲ့ ဒေတာကို ဝင်ရောက်ခွင့်ရှိပါတယ်”

“ဒါဆို အနီရောင်ကမ္ဘာမှာ ယိကျင်းမြို့က လူတွေ ကျန်နေသေးတာလား”

“မဟုတ်ဘူး” ဂရေ့စ်က ပြန်ဖြေသည်။

“အိပ်စက်ခြင်း လုပ်ထုံးလုပ်နည်းစတင်ပြီးနောက် ပြင်ပဝန်ထမ်းတွေနဲ့ သုတေသီတွေအားလုံး ဆုတ်ခွာသွားခဲ့ပါတယ်”

လော့ယန်က လင်းရှန်နားသို့ ကပ်လိုက်ပြီး တီးတိုးပြောသည်။

“ကပ္ပတိန်၊ ဒါက သံသယဖြစ်စရာ မကောင်းဘူးလား… သူမက သူ့ရဲ့ ဝှက်ဖဲတွေ အားလုံးကို ကျနော်တို့ကို ပေးနေတာ… ကျနော်တို့ သူ့ကို သစ္စာဖောက်မှာ မစိုးရိမ်ဘူးလား”

“သဘောတူတယ်” လုရှင်းချန်က ပြောသည်။

“တစ်ခုခု မှားနေသလို ခံစားရတယ်”

“ဒါက ဖြေရှင်းရတာ လွယ်ပါတယ်”

လင်းရှန်သည် ကီကီထံမှ သော့ကို ယူပြီး လုရှင်းချန်၏ ပခုံးကို ပုတ်ကာ နားထဲသို့ တီးတိုး ပြောလိုက်သည်။

လုရှင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“နားလည်ပါပြီ” ထို့နောက် မှန်နံရံဘက်သို့ လှည့်ကာ မီးသီးလက်သီးကို ထုတ်လွှတ်ရန်ပြင်လိုက်စဥ်—

ဝှစ် ဖန်း

ငွေရောင် ပုံရိပ်တစ်ခုသည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးလာပြီး လုရှင်းချန်၏ လက်ကောက်ဝတ်ကို အချိန်မီ ဆုပ်ကိုင်လိုက်သည်—

ဝုန်း

ထိန်းချုပ်ရေးခန်းမထဲတွင် မီးတောက်များ ပေါက်ကွဲထွက်လာသည်။ လုရှင်းချန် မော့ကြည့်လိုက်ရာ အထင်ကြီးလောက်စရာ အမြန်နှုန်းဖြင့် သူ့ကို ကြားဖြတ်တားခဲ့သည့် ဂရေ့စ်ကို မြင်လိုက်ရသည်။ သူမ၏ ယန္တရားလက်မောင်းကို မြှင့်တင်ထားပြီး သူမ၏ လက်ကောက်ဝတ်တွင် ပလာစမာ အမြောက်တစ်ခု ထွက်လာသည်၊၊

“လုပ်ထုံးလုပ်နည်း ၂: အသိုက်ကို ဖျက်ဆီးခြင်း သို့မဟုတ် အနီရောင်အဖွဲ့ဝင်တွေကို ထိခိုက်စေခြင်း မပြုရ။ ရှင်တို့ရဲ့ လုပ်ရပ်တွေက ခြိမ်းခြောက်မှုပါပဲ။ ကျွန်မ—”

ကလစ်—ခရက်ရှ်

သူမ၏ စကားလုံးများ ပြတ်တောက်သွားသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်—သူမ၏ အဆစ်များ ပိတ်ဆို့သွားကာ ပလာစမာအမြောက် ပါဝါကျသွားသည်။

ယန္တရားထိန်းချုပ်မှု၊၊

ဒုန်း

ဂရေ့စ် အခြေနေကို မသုံးသပ်နိုင်ခင် နန်ကျင်းသည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးထွက်သွားပြီး သူမ၏ မျက်နှာကို ပြင်းထန်စွာ ထိုးချလိုက်သည်။ ထိုအရှိန်ကြောင့် သူမသည် ဒုံးပျံတစ်ခုကဲ့သို့ လွင့်စဉ်သွားပြီး ကြီးမားသော စက်တစ်ခုကို ဖြတ်ကျော်ကာ ပြုတ်ကျသွားသည်—မီးပွားများက နေရာတိုင်းတွင် ပျံ့လွင့်လာသည်၊၊

“ငါ ထင်ထားတဲ့အတိုင်းပဲ။ သူမက ရိုးရိုး အိမ်စောင့်စက်ရုပ် မဟုတ်ဘူး”

ကီကီသည် လေထဲမှ ဆင်းသက်လာပြီး လင်းရှန်ဘေးတွင် ရပ်လိုက်သည်။

သူမ စကားမဆုံးမီမှာပင် ဂရေ့စ်သည် မီးခိုးလုံးများကြားမှ ထရပ်လိုက်ပြီဖြစ်သည်။ သူမ၏ ဦးခေါင်းပေါ်ရှိ ဟိုလိုဂရမ်ပုံရိပ်သည် လျင်မြန်စွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ချူယန်၏ ပုံသဏ္ဌာန်အဖြစ် ပြန်လည် ပုံဖော်လိုက်သည်။ သူမ၏ လေသံသည် အေးစက်ပြီး အသံအနိမ့်မြင့် မရှိပေ၊၊

“ရှင်တို့က ညှိနှိုင်းမှုတွေကို သဘောတူပြီး စည်းကမ်းချက်တွေကို လက်ခံရရှိပြီးပြီ။ ကျေးဇူးပြုပြီး ချက်ချင်း ထွက်ခွာပေးပါ။ ဇီးရိုးဒြပ်စင်အသိုက်က ကောင်းကင်မှိုမျှော်စင်ရဲ့ မှိုမျှင်အမြစ်စနစ်နဲ့ ချိတ်ဆက်ထားပါတယ်။ မီးလောင်ကျွမ်းမှု တစ်ခုခုဖြစ်လာရင် ထိန်းချုပ်မရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။ အာ့လိုဖြစ်လာခဲ့ရင် တွက်ချက်မှုတွေအရ ရှင်တို့ရဲ့ အသက်ရှင်သန်နိုင်မှုက ၀ ရာခိုင်နှုန်းပဲ”

Chapter 499

ကောင်းကင်မှိုမျှော်စင် ၂

နန်ကျင်း၏ အစောပိုင်း လက်သီးချက်ကြောင့် ဂရေ့စ်၏ မျက်နှာသံချပ်ကာသည် အနည်းငယ် ပိန်ချိုင့်ကာ ကွဲအက်နေပုံရသည်။ သို့သော်လည်း လင်းရှန်နှင့် နန်ကျင်းတို့ နှစ်ဦးစလုံး ထိုအရာကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ နန်ကျင်း၏ ထိုးနှက်ချက်များသည် အတောင်ပံပါသော သတ္တဝါဆိုး၏ ဦးခေါင်းခွံကိုပင် ချေမွနိုင်လောက်အောင် အစွမ်းထက်ကြောင်း လင်းရှန် သိထားသည်။ သို့သော် ထိုစက်ရုပ်၏ မျက်နှာကို ကြီးကြီးမားမား ပျက်စီးအောင် မလုပ်နိုင်ခဲ့ပေ။ ဤပစ္စည်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခံနိုင်ရည်ရှိသနည်း။

လင်းရှန်၏ မျက်လုံးများမှ ယန္တရားအလင်းသည် ဖြည်းညှင်းစွာ မှိန်သွားသည်။ အစောပိုင်းတွင် သူသည် ဂရေ့စ်၏ ပါဝါအစိတ်အပိုင်းများ အားလုံးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အရှုပ်ထွေးဆုံးဖြစ်သည့်—သူမ၏ ကွမ်တမ် ပရိုဆက်ဆာ ဦးနှောက်-ဗဟိုကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ သူ စကင်ဖတ်ရန် ကြိုးစားခဲ့သော်လည်း ပင်လယ်ထဲ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်- တုံ့ပြန်မှု မရှိပေ။

တကယ်တော့၊ ကြောက်မက်ဖွယ်အရာက စွမ်းအားမဟုတ်ဘဲ—ပရိုဆက်ဆာဖြစ်လေသည်။ လင်းရှန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက သူမ၏ ရွေ့လျားမှုစနစ်များကို ထိန်းချုပ်နိုင်သရွေ့ ကာလပတ်လုံး ဂရေ့စ်၏ ခြိမ်းခြောက်မှုသည် များစွာ လျော့နည်းသွားသည်။ ယခု သူ စိတ်ဝင်စားသည်မှာ သူမ၏ တည်ဆောက်ပုံဖြစ်သည်—၎င်းသည် စတားဖလိ့မှ တစ်ခုခုနှင့် မတူပေ။

“မင်းရဲ့ လုပ်ထုံးလုပ်နည်း ၄ ကို အသက်သွင်းပါ__ ငါတို့ ထွက်သွားမယ်”

လင်းရှန်သည် ထိုရှင်သန်ရေး အခန်းငယ်များသည် မှိုမျှင် အမြစ်စနစ်နှင့် ချိတ်ဆက်ထားကြောင်း အပြည့်အဝသတိထားမိပြီး အစောပိုင်းတွင် မီးတောက်ကို တမင်တကာ လှုပ်ရှားခိုင်း၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်၊၊ ယခု ဂရေ့စ်၏ တုံ့ပြန်မှုကို မြင်သောအခါ သူက တည်ငြိမ်စွာ အပေးယူလုပ်လိုက်သည်၊၊

ဂရေ့စ်သည် သူမ၏ ဦးခေါင်းကို စက်ရုပ်တစ်ရုပ်လို လှည့်ပြီး လင်းရှန်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“လုပ်ထုံးလုပ်နည်း ၄: ဇီးရိုးဒြပ်စင်ဗဟိုဌာန၏ ကာကွယ်ရေးအစီအမံများ အားလုံး ပျက်သွားပြီး ကျူးကျော်သူများသည် လူသားများ ဖြစ်ပါက၊ အနီရောင်အဖွဲ့ဝင်များအတွက် ရှင်သန်မှုကို အမြင့်ဆုံးရရှိရန် ညှိနှိုင်းမှုမှတစ်ဆင့် အရင်းအမြစ်များ အားလုံးကို ပံ့ပိုးပေးမည့် အလျှော့ပေးရေးလုပ်ထုံးလုပ်နည်းကို စတင်ပါ”

“ငါ ထင်တာ မှန်တယ်၊ အစ်ကိုလင်း”

လုရှင်းချန်သည် လက်ခုပ်တီးပြီး လျှောက်လာသည်။

“အလျှော့ပေးရေး လုပ်ထုံးလုပ်နည်းဆိုတာ အခြေခံအားဖြင့် ခွင့်လွှတ်ပေးဖို့ တောင်းပန်တဲ့ လုပ်ထုံးလုပ်နည်းပဲ”

တင်းကျန်းရီက ပြောသည်။

“ဒီက လုံခြုံရေးက လုံးဝ တင်းကျပ်တယ်။ အစောပိုင်းက ချုံခိုတိုက်ခိုက်မှုက သူမ လုပ်တာ သေချာတယ်။ ဒါပေမယ့် ရှင်က ယန္တရားစွမ်းရည်ကို အသုံးပြုပြီး ဂိတ်တွေနဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အတွက် AI က ကျွန်မတို့ကို တားဆီးဖို့ တခြားနည်းလမ်း မရှိတော့ဘူးလို့ မြင်ပြီး ရွေးချယ်စရာ မရှိတော့ဘူး”

လင်းရှန် ခေါင်းညိတ်သည်။

“သတိထားတာ မမှားပါဘူး။ ဒီနေရာက တကယ်ပဲ လျှို့ဝှက် ပြန်လည်ထူထောင်ရေးစင်တာတစ်မျိုး ဖြစ်ပုံရတယ်။ အချိန်မဖြုန်းကြနဲ့… နန်ကျင်း၊ အားဖေး၊ လော့ယန်”

သူက နန်ကျင်းကို ကြည့်သည်။

“ငါတို့ လူခွဲမယ်။ မင်း သုံးယောက် သယ်ယူပို့ဆောင်ရေး ရထားကိုယူပြီး လမ်းကြောင်းကို စစ်ဆေးပါ။ ကီကီ၊ မီးတောက်… မင်းတို့က အရန်ဝင်ပေါက်နေရာကနေ အပေါ်တက်ပြီး အနန္တရထားဆီကို ပြန်သွားပါ။ ယာဉ်တန်းကို နောက်ပြန်ဆုတ်ပြီး ကုန်စည်ပို့ဆောင်ရေး ဘူတာကနေ ပြန်ဝင်ပါ။ ငါတို့ ယိကျင်းမြို့ကနေ အမြန်ဆုံး ထွက်ခွာဖို့ လိုတယ်။ မဟုတ်ရင် နောက်ထပ် မှိုမျှင်လှုပ်ရှားမှု စက်ဝန်း မပြီးမချင်း မြေအောက်မှာ ပိတ်မိနေလိမ့်မယ်။ ဝင်ရိုးစွန်းညမှာ နာရီ ၃၀ နေရမယ်ဆိုရင် ဘာမဆို ဖြစ်သွားနိုင်တယ်။ စောစောထွက်နိုင်လေ ကောင်းလေပဲ”

နန်ကျင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ လုပ်ကြစို့”

“ရှင်ကရော”

ကီကီက မနေနိုင်ဘဲ မေးလိုက်သည်။

“ငါနဲ့ ဒါရိုက်တာ တင်းက ဂရေ့စ်ကို စောင့်ကြည့်ဖို့ နေခဲ့မယ်။ မင်းတို့ ထွက်ခွာဖို့ကို ပံ့ပိုးပေးမယ်”

ဤမြေအောက် အဆောက်အဦနှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်နှာရှိသည့် AI အိမ်စောင့်တို့သည် လင်းရှန်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူ နေခဲ့ရခြင်း၏ အကြောင်းရင်း နှစ်ခုရှိသည်- တစ်ခုမှာ၊ အသုံးပြုနိုင်သော စက်ပစ္စည်းများကို စကင်ဖတ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ နောက်တစ်ခုက သူ၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ ဂရေ့စ်ကို ချုပ်နှောင်ခြင်းနှင့် သူမကို အနန္တရထားပေါ်သို့ရောက်အောင် မည်သို့ ယူရမည်ကို ရှာဖွေခြင်း ဖြစ်သည်။

ကီကီ လေးနက်စွာ ခေါင်းညိတ်သည်။

“ကောင်းပြီလေ။ သတိထားပါ။ ကျွန်မက အစ်မချန်ကို သွားရှာလိုက်မယ်”

အစီအစဉ် ချမှတ်ပြီးသောအခါ နန်ကျင်းသည် အားဖေး၊ လော့ယန်တို့နှင့်အတူ ချက်ချင်း ထွက်ခွာသွားသည်။ သူမသည် Keycard ကိရိယာကို ယူပြီး ပထမဆုံး လျှို့ဝှက်ရထားလမ်းဝင်ရောက်ခွင့်ကို ဖြေရှင်းရန်၊ ထို့နောက် ထာဝရ အရန်ဂိုဒေါင်များ၏ တည်နေရာများကို အတည်ပြုရန် ဖြစ်သည်၊၊ ယာဉ်တန်းက မြေအောက်တွင် ပိတ်မိနေပါက ထိုပစ္စည်းများသည် အရေးပါနိုင်သည်။

ကီကီနှင့် မီးတောက်တို့သည် ဂရေ့စ်၏ လမ်းညွှန်မှုဖြင့် အထူးဓာတ်လှေကားကို ယူခဲ့ကြသည်။ အနီရောင်ဆေးကုမ္ပဏီတွင် သူတို့ ဆင်းသက်ခဲ့သည့် ငါးထပ်နှင့် မတူဘဲ ဤဓာတ်လှေကားသည် ဆယ်ထပ်ကျော် တက်သွားသည်။ နောက်ဆုံး ရပ်လိုက်သောအခါ သူတို့အပေါ်ရှိ စက်ဝိုင်းပုံ အလိုအလျောက်မြေပြင်တံခါးပေါက်သည် ဖြည်းညှင်းစွာ ပွင့်လာသည်။ သဲများနှင့် အပျက်အစီးများ ကျဆင်းလာသည်။ သူတို့သည် ဘဏ်မြေအောက်ခန်းတစ်ခုအတွင်း ရောက်နေကြောင်း သဘောပေါက်သွားကြသည်။

ဤ မြေအောက်ခန်းသည် ပျက်စီးနေသည်—ပုပ်နေသော ငွေသားများသည် မှိုများ ရွှံ့များနှင့် ရောနှောနေပြီး အဓိက တံခါးပေါ်ရှိ သော့ခလောက်များကို ဆွဲဖြုတ်ထားကာ ငွေစက္ကူများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တန်ဖိုးမရှိတော့သည်မှာ ကြာပြီဖြစ်သည်။

ကီကီသည် သူမ၏ စိတ်စွမ်းအင်ဒိုင်းကာကို မြှင့်တင်ပြီး မီးတောက်ကို အညို-အဝါရောင် မှိုအမှုန်အမွှားမြူခိုးများကြားမှ သယ်ဆောင်ကာ ဘဏ်ထဲမှ ပွင့်လင်းသော လမ်းမပေါ်သို့ ပျံထွက်သွားသည်။ မြင်ကွင်းသည် ညိုမှိုင်းမှိုင်းအဝါရောင် အငွေ့အသက် ဖြစ်နေသည်။

“သေစမ်း… မှိုအမှုန်အမွှားတွေက ထူထပ်လိုက်တာ”

“ယိကျင်း ဘဏ်…”

ကီကီသည် ပြိုကျနေသော ဆိုင်းဘုတ်ကို ကြည့်လိုက်ပြီးနောက် သူမ၏ ဖုန်းမြေပုံကို ကြည့်သည်။

“ဒါက ယိကျင်းမြို့လယ်က ဖူကျုံးရင်ပြင်ပဲ… ဒီမှာ မြင့်မားတဲ့ တီဗီ စောင့်ကြည့်ရေးမျှော်စင် ရှိသင့်တယ်”

သူမသည် လုရှင်းချန်နှင့်အတူ အပေါ်သို့ ပျံတက်သွားပြီး အဆောက်အအုံများထက် အမြင့်တွင် ပျံဝဲနေသည်။ သူတို့ တက်သွားသည်နှင့်အမျှ မျှော်စင်၏ ကြီးမားသော အရိပ်သည် မြူခိုးများကြားမှ ပေါ်ထွက်လာသည်။

သို့သော် သူတို့ ပိုနီးလာသည်နှင့်အမျှ ပို၍ စိတ်အနှောင့်အယှက်ဖြစ်လာသည်။

ဖူကျုံးရင်ပြင်၏ ဗဟိုတွင် ၄၆၈ မီတာရှိသော သံမဏိဖွဲ့စည်းမှုဖြစ်သော ယိကျင်း တီဗီမျှော်စင်သည် ယခုအခါ မှိုမျှင်နွယ်ပင်များဖြင့် လုံးဝ ဖုံးလွှမ်းခံထားရသည်။ ၎င်း၏ သံမဏိချောင်းများတစ်လျှောက် သွေးကြောများကဲ့သို့ ခုန်နေသော နီညိုရောင် မှိုမျှင်များဖြင့် ဖုံးအုပ်ထားသည်။ စက္ကန့်အနည်းငယ်တိုင်းတွင် ၎င်းသည် ဇီဝလျှပ်စစ်အချက်ပြမှုများကို မြို့အနှံ့ မှိုမျှင်အလွှာများပေါ်သို့ ပို့လွှတ်ရင်း ဇီဝအလင်းရောင်များ ထုတ်လွှတ်နေသည်။ အဝေးမှ ကြည့်လျှင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဂြိုလ်သား သစ်ပင်တစ်မျိုးနှင့်တူလေသည်။

ကီကီနှင့် လုရှင်းချန်တို့ အောက်သို့ ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

“ဒါ… ဒါ ဘာကြီးလဲ”

ရင်ပြင်သည် ယခုအခါ လူသားပုံသဏ္ဌာန် မှိုလူသားသတ္တဝါပေါင်း ၁၀၀,၀၀၀ ကျော်ဖြင့် ပြည့်နှက်နေပြီး—အားလုံးကို ကြီးမားသော အမြစ်ဖွဲ့စည်းပုံတစ်ခုအဖြစ် ပေါင်းစည်းထားသည်။ ၎င်းတို့၏ ကျောရိုးများနှင့် အောက်ပိုင်းကိုယ်ထည်များသည် မှိုမျှင်အလွှာနှင့် ပေါင်းစည်းသွားခဲ့သည်။ ၎င်းတို့၏ အပေါ်ပိုင်းခန္ဓာကိုယ်များသည် အပေါ်သို့ ဆန့်ထွက်နေပြီး မျှော်စင်ပတ်လည်တွင် လိမ်ယှက်နေသော ထူထဲသော အမြစ်-မျှင် ကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်—မာကျောပြီး ယိုယွင်းနေသော သစ်ပင်အမြစ်စနစ်တစ်ခုကဲ့သို့ပင်။

“ဒါ နတ်ဆိုးဘုံလိုပဲ”

လုရှင်းချန်က အေးစက်စွာ ရေရွတ်လိုက်သည်။

“ဒါ ဂရေ့စ် ပြောခဲ့တဲ့ ကောင်းကင်မှိုမျှော်စင်ဖြစ်ရမယ်။ ဒါက တွင်းနက် မှိုမျှင်ကွန်ရက်ရဲ့ ဗဟိုချက်ဖြစ်နိုင်တယ်”

ကီကီ ပို၍ မြင့်အောင် တက်လိုက်သည်။ မှိုအမှုန်မြူခိုးများ အနည်းငယ် ပါးလျသွားသည်။ သို့သော် သူတို့ ပိုမြင့်အောင် တက်လေလေ ပိုမှောင်လာလေလေ ဖြစ်သည်။ သူတို့ မျှော်စင်ကို မမြင်နိုင်လောက်အောင် ဖြစ်လာသည်။

“ဒါ ထူးဆန်းတယ်… ငါတို့ ဘာလို့ ရှေ့ကို မမြင်နိုင်တော့တာလဲ”

All Chapters