← Chapters

လှည့်ကွက်ထဲက ဂွမ်မင်းဝမ်

Vol. 8 Ch. 91

လှည့်ကွက်ထဲက ဂွမ်မင်းဝမ်

Vol. 8 Ch. 91

"ဝုန်း......"

ကျန်းယီမင်သည် ထိုကြောက်မက်ဖွယ် စွမ်းအင်ရဲ့ သယ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး မြေကြီးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ လဲကျသွားသည်။ သို့သော် သူထင်ထားတာနှင့်မတူဘဲ တစ်ကိုယ်လုံး ချက်ချင်းကြေမွမသွားပေ။ ထိုအရာက ခုနကအဘိုးဟိုင် ပေးလိုက်တဲ့ အဆောင်လက်ဖွဲ့ကြောင့်ဖြစ်သည်။ စောစောက ရိုက်ခတ်လာတဲ့လှိုင်းကို တားဆီးပေးပြီးတာတောင်မှ အဆောင်လက်ဖွဲ့ရဲ့စွမ်းအားက အခုထိတိုင် အကျိုးသက်ရောက်မှု ရှိနေတုန်းဖြစ်သည်။

ကျန်းယီမင်က သွေးအိုင်ထဲမှနေ ရုန်းကန်ပြီးထလိုက်သည်။ ထိုအချိန်ကျမှသာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ သင်္ကေတစာလုံးများ ဖြည်းဖြည်းလေးချင်း ကြွေကျသွားပြီး ဘယ်အရောင်အဝါမှ မထွက်တော့ဘဲ လေထဲတွင် ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။

"ဟို... မင်း နောက်ထပ်ငါ့တိုက်ခိုက်ချက်တစ်ခုကို တောင့်ခံနိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး... မင်းဆီမှာရှိတဲ့ သာမန်အဆောင်လေးက တစ်ကြိမ်ကာကွယ်ပေးပြီးပြီဆိုတော့ ထပ်ကာကွယ်ပေးနိုင်ဦးမလားဆိုတာ ငါ သိချင်သားပဲ..."

ကျန်းယီမင်က မြန်မြန်ထရပ်လိုက်ပြီး အရှိန်ဖြင့်ပြေးထွက်သွားလိုက်သည်။ သူသည် ဂွမ်မင်းဝမ်ရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ကြောက်စရာကောင်းပြီး အင်အားကြီးမားကြောင်းကို အခုလေးတင် ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဒီလိုသမ်မာတဲ့သူနဲ့ ရင်ဆိုင်ရတဲ့အခါ သူအခုလုပ်နိုင်တာက ခေါင်းပြတ်နေတဲ့ ယင်ကောင်လို ကမူးရှူးထိုးထွက်ပြေးဖို့ပဲ ရှိတော့သည်။

"မိတ်ဆွေငယ်လေး၊ မကြောက်နဲ့! ငါ့မှာ အသက်ရှူဖို့ အချိန်ကျန်ရှိပါသေးတယ်ကွ..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယီမင် အလွန်ဝမ်းသာသွားသည်။ သူထင်ထားသည့်အတိုင်းပင် ဂွမ်မင်းဝမ်နှင့် အပြန်အလှန်ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အဘိုးဟိုင်သည် ဂွမ်မင်းဝမ်နှင့် ကျင့်ကြံခြင်းအဆင့် တူညီသည့်ကျင့်ကြံရှင်တစ်ဦး ဖြစ်သည့်အတွက် ဒီလောက်လွယ်လွယ်လေးနဲ့ ဘယ်လိုလုပ် သေနိုင်မလဲ ဖြစ်သည်။ အဘိုးဟိုင်ရဲ့ အဝတ်အစားများက စုတ်ပြဲနေပြီး သူ့အရှိန်အဝါကလည်း မတည်မငြိမ်ဖြစ်နေသည်။ သူက သွေးကန်ထဲမှ တုန်တုန်ယင်ယင်ထလိုက်ပြီး သူ့လက်ထဲတွင နောက်ထပ်စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်သည်။

"ဟွန့်... မင်းတို့သေမျိုးတွေ... ပုရွက်ဆိတ်ကောင်တွေ... ငါ ဒီလိုမဖြစ်ချင်ခဲ့ဘူး... ဘာလို့လဲ... ဘာလို့ မင်းတို့က ငါ့ကို ဒီအခြေအနေထိ ရောက်အောင် တွန်းအားပေးနေကြတာလဲ..." သူတို့နှစ်ယောက်လုံး မသေသေးတာကို မြင်လိုက်သောအခါ ဂွမ်မင်းဝမ်ရဲ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ နောက်ဆုံးတော့ ထွက်ပေါ်လာသည်။

"ဘာလို့လဲ... ဘာလို့လဲ..."

သူ အော်ဟစ်လိုက်တာနှင့်တပြိုင်နက် သူ့အနောက်တွင် တောက်ပတဲ့အနီရောင်အစီအရင်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အစီအရင်အတွင်းမှာ စက်ဝိုင်းငယ် ၃၆ ခုနှင့် အပြင်ပိုင်းမှာ စက်ဝိုင်းကြီး ၁၈ ခု ပါဝင်နေသည်။ ထိုစက်ဝိုင်းတွေက သူ့အနောက်တွင် ဖြည်းညှင်းစွာနဲ့လည်ပတ်နေကြသည်။

"ဟားဟားဟား... ကောင်းတယ်... ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့ခွင့်ရခဲ့ပြီဆိုတော့ ငါ နောင်တမရှိသေပျော်ပါပြီ..."

အဘိုးဟိုင်သည် အသက်ပေးပြီး တိုက်ခိုက်ရန် စီစဉ်နေကြောင်း ကျန်းယီမင်ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။ အဘိုးဟိုင်သည် ငရဲပြည်ကို ရောက်လာကတည်းက သူ့ရည်မှန်းချက်အတွက် အသက်ကိုစွန့်လွှတ်ရန် အသင့်ရှိနေသည့်ပုံစံမျိုး ဖြစ်နေသည်။ သူ့ရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို အကုန်အသုံးပြုပြီးကယ်တင်ရလောက်အောင် သူ့သူငယ်ချင်းက ဘယ်လောက်တောင် ထိုက်တန်နေလို့လဲ။

သို့သော် ဂွမ်မင်းဝမ်သည် အစောကတိုက်ပွဲမှာ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရခဲ့သည်။အဘိုးအိုဟိုင်ကျတော့ရော......။ သူကတော့ မီးကုန်ယမ်းကုန် ဖြစ်လုနီးပါးဖြစ်နေသည်။ တစ်ဖက်လူရဲ့ အင်အားမှာ တွေးကြည့်လို့ပင် မရနိုင်လောက်အောင် သန်မာသည်။ အခုအချိန်မှာ သူတို့နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက တုန်းမီသာဖြစ်သည်။

သူတို့ ဒီငရဲခန်းမထဲကို အတူတူဝင်လာကြပေမဲ့ နောက်ဆုံးသော့ချက်က ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးဖြစ်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်တပည့်လေးအပေါ် မူတည်နေသည်။ ထိုအချိန်တွင် တုန်းမီသည် အဘိုးအိုဟိုင်ပေးသော အဆောင်လက်ဖွဲ့ရဲ့ ကာကွယ်မှု ရှိနေကြောင်းသိထားသဖြင့် သူ့လမ်းကို ပိတ်ဆို့နေသော ငရဲသားများကို လျစ်လျူရှုထားလိုက်သည်။ သူ့မှာ ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။ အဲဒါကတော့ သေခြင်းခန်းမပင် ဖြစ်သည်။

"ဟားဟားဟားဟား... ငါ မင်းကိုသနားလာပြီ... မင်းက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ဖြစ်ပါရက်နဲ့ ကိုယ့်အသက်ကိုတောင် မလိုချင်တော့ဘူးပေါ့လေ...ငါ့ကိုမျှားခေါ်တဲ့ ဗျူဟာကိုသုံးမယ်လို့ တွေးထားတာလား... နှမြောစရာပဲ... နှမြောစရာပဲကွာ... သူက သာမန်အမြုတေဖွဲ့စည်းခြင်းအဆင့်က ကျင့်ကြံသူလေးတစ်ယောက်ပဲလေ.... ငါ သူ့ကိုအထဲဝင်ခွင့်ပေးလိုက်ရင်တောင် သူကဘယ်လိုမုန်တိုင်းမျိုးကို ဖန်တီးနိုင်မှာမို့လို့လဲ..."

ဂွမ်မင်းဝမ်ရဲ့ အသံတွင်နောင်တရသည့် အရိပ်အယောင်များ ပါဝင်နေသည်။ အကြောင်းမှာ သူက ငရဲပြည်ခန်းမဆယ်ခုရဲ့ ဘုရင်တစ်ပါး မဖြစ်လာမီက ကျန်းယီမင်လိုမျိုးအရည်အချင်းရှိတဲ့သူ အများအပြားကို မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

"ဟမ့်... ဒါဆိုစမ်းကြည့်ကြတာပေါ့..." ကျန်းယီမင်က လှောင်ပြောင်လိုက်သည်။

တုန်းမီ သေခြင်းခန်းမထဲကို ရောက်နေပြီဆိုတာ သူ အာရုံခံမိနေသည်။ ခုနလေးတင် ကျန်းယီမင်က သူဖန်တီးထားတဲ့ စွမ်းအင်ဓားသွားကို ဖိသိပ်ပြီး တုန်းမီဆီ လွှဲပြောင်းပေးလိုက်ခဲ့သည်။ ယခု သူ့စွမ်းအင်အများစုကို သူ့အဝေးကစိတ်ဝိညာဥ်စွမ်းအင်ဓားသွားကို ထိန်းချုပ်ဖို့အတွက် အသုံးပြုနေရသည်။ ထို့ကြောင့် သူယခုချိန်မှာတော့ လုံးဝမောပန်းနွမ်းနယ်နေသည်။ ထိုကဲ့သို့သော သိုင်းပညာသည် လောကတွင် ရှားပါးလှသည်။

"ဆရာ... ကျွန်တော် ရောက်ပြီ..." တုန်းမီက သူ့အသံကို အင်အားကုန်သုံးလိုက်ပြီး အသံပို့လိုက်သည်။

ကျန်းယီမင်က ခေါင်းညိတ်လိုက်ပြီး "မကြောက်နဲ့ တုန်းမီ... ဓားနဲ့ခုတ်လိုက်.."

ထိုသို့ပြောလိုက်ရင်း သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားကာ အပြုံးတစ်ခုပေါ်လာပြီး သွေးစီးကြောင်းတစ်ခု စီးကျလာသည်။

"မဖြစ်ဘူး... မဖြစ်ဘူး.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ဂွမ်မင်းဝမ်သည် အစကအရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေတယ်ဟု ထင်မှတ်ထားခဲ့သည်။ လက်တွေ့တွင် သေမျိုးများဖြစ်ကြတဲ့ သူ့ရှေ့မှလူများက နတ်ဘုရားတစ်ပါးလို စွမ်းအားကြီးတဲ့ သူ့ကိုယှဉ်ပြိုင်နိုင်ဖို့ ဘာအခွင့်အရေး ရှိမှာမို့လို့လဲလို့ သူထင်မှတ်ထားခဲ့သည်။

"ဟုတ်.... ဆရာ"

ထိုသို့ပြောပြီးနောက် တုန်းမီက ဒယ်အိုးကြီးရဲ့ ရှေ့သို့ ခုန်တက်လိုက်သည်။ သူ့အနောက်တွင် မရေမတွက်နိုင်တဲ့ အရိုးစုခြောက်များက လက်များကို ဆန့်ထုတ်ကာ သူ့ကိုဆွဲချရန်ကြိုးစားနေကြသည်။ တုန်းမီသည် သူ့အနောက်မှအရိုးစုများကို ဂရုမစိုက်ဘဲ ဒီနေရာအထိ အရှိန်ပြင်းပြင်းနဲ့ ပြေးလာခဲ့လိုက်သည်။ ထို့ကြောင့် သူသွားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်က အဆောင်လက်ဖွဲ့မှထုတ်တဲ့ ရွှေရောင်အလင်းတန်းသည်လည်း တဖြည်းဖြည်းမှိန်ဖျော့သွားသည်။

အဆောင်လက်ဖွဲ့သည် ကျန်းယီမင်အပေါ် ကျရောက်လာတဲ့ ဂွမ်မင်းဝမ်ရဲ့ တိုက်ခိုက်တာကိုပင် တားဆီးပေးနိုင်ခဲ့သည်။ ထို့ကြောင့် တုန်းမီအတွက် သာမန်ငရဲသားတွေ နှောင့်ယှက်တာကို တားဆီးပေးရန် အဆောင်လက်ဖွဲ့အတွက် ဘယ်လိုနည်းနဲ့မှ မခက်ခဲပေ။ တုန်းမီက လေပေါ်ပျံတက်လိုက်ပြီး ကျန်းယီမင် အကြိမ်ကြိမ်ဖိသိပ်ထားသော စွမ်းအင်ဓားသွားကို ပစ်လိုက်သည်။ သူက ဓားသွားထဲရှိ စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်။

"မလုပ်နဲ့..."

"ဝုန်း..."

သံကြိုးများ ပြတ်တောက်သွားသံနှင့်အတူ ဂွမ်မင်းဝမ်ရဲ့ ဒေါသတကြီးအော်ဟစ်သံလည်း ထွက်ပေါ်လာသည်။ အသံများက ငရဲခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ကျန်းယီမင် လှည့်ကြည့်လိုက်ပြီး အဘိုးဟိုင်ကို သတင်းပြောပြရန် ပြင်လိုက်သော်လည်း သူ လှည့်ကြည့်လိုက်သည့်အချိန်တွင် အဘိုးဟိုင်ကို ရှာမတွေ့တော့ပေ။ ဂွမ်မင်းဝမ်သည် အဘိုးဟိုင်ရဲ့ ခန္ဓာကိုယ်ကို ကောက်ယူကာပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး လုံးဝစုပ်ယူမျိုချပစ်လိုက်သည်။

ကျန်းယီမင်သည် ဒယ်အိုးကြီးကို ချည်နှောင်ထားသောသံကြိုးများကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သလို တုန်းမီသည်လည်း ဒယ်အိုးကြီးကို မှောက်ချပစ်လိုက်သည်။ သို့သော်ဘာကြောင့်မှန်းမသိ ဂွမ်မင်းဝမ်က ထိခိုက်ဒဏ်ရာရတဲ့ပုံ မပေါ်သေးပေ။

"မင်း... မင်း ဝိညာဉ်ဒယ်အိုးကြီးကို မှောက်ချလိုက်တယ်ပေါ့... ခွင့်မလွှတ်နိုင်စရာပဲကွ...."

တုန်းမီနှင့် ကျန်းယီမင်တို့က နေရာနှစ်ခုတွင် ကွဲကွာနေကြသည်။ အခုတစ်ကြိမ်တွင် သူတို့ရင်ထဲမှာ မျှော်လင့်ချက်မဲ့မှုများက ပျံ့နှံ့လာသည်။ သူတို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သော်လည်း အဆုံးသတ်က ဝမ်းနည်းဖွယ် ကောင်းနေဆဲပင်။

"တုန်းမီ၊ ဂရုမစိုက်နဲ့.... ဇစ်မြစ်ရတနာပြားနဲ့ အကျဉ်းသားနာမည်စာရင်းကိုသာ မြန်မြန်ယူလိုက်

..."

"ဆ-ဆရာ၊ နာမည်စာရင်းက အသုံးမဝင်တော့ဘူး ထင်တယ်"

တုန်းမီလေသံထဲတွင် မျှော်လင့်ချက်မဲ့မှုများအပြင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များပါ ပါဝင်နေသည်။

"ခရက်...."

"ခရက်...."

"ခရက်...."

ရုတ်တရက် ငရဲခန်းအတွင်းမှ မရေမတွက်နိုင်တဲ့ ပစ္စည်းများအက်ကွဲသံများ ထွက်ပေါ်လာသည်။ ပစ္စည်းတွေရဲ့အက်ကွဲသံသည် ပိုကျယ်လောင်လာပြီး ပိုများလာကာ ပိုကြောက်မက်ဖွယ် ကောင်းလာသည်။

"ဒါ ဘာအသံကြီးလဲဟ..."

ထိုအသံနှင့်အတူ သတ္တဝါပေါင်းသန်းရာချီရဲ့ ကြောက်မက်ဖွယ် ညည်းညူအော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။ လူများ ငိုကြွေးသံ၊ ဝံပုလွေများ အူသံနှင့် ကျားများဟိန်းသံများပါ ပါဝင်နေသည်။ ထိုအသံအားလုံးသည် ငရဲခန်းထဲမှာ ဆူညံပွက်လောရိုက်နေသည်။ ဂွမ်မင်းဝမ်သည် ရပ်နေရာတွင် ကြောင်အမ်းအမ်းဖြစ်နေတာကို မြင်လိုက်သောအခါ ကျန်းယီမင်သည် သူ့တပည့်ကို အမြန်ရှာရန် ပြေးထွက်သွားလိုက်သည်။

သံကြိုးများဖြင့် ချည်နှောင်ထားပြီး သူတို့ဖျက်ဆီးလိုက်တဲ့ ဒယ်အိုးကြီးသည် ဂွမ်မင်းဝမ်ကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် ကိရိယာတစ်ခု မဟုတ်ပုံရသော်လည်း ထိုအရာသည် သူ့ကိုဒုက္ခကြီးတစ်ခုပေးနေသည်။ လမ်းတစ်လျှောက်တွင် သူ့ကို တားဆီးမယ့်ငရဲသားများ မရှိတော့ပေ။ ကျန်းယီမင်က ဇဝေဇဝါဖြစ်နေစဉ်မှာပင် သေခြင်းခန်းမထဲသို့ ရောက်သွားသည်။ ဒယ်အိုးကြီးသည် သေခြင်းခန်းမရဲ့ ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေပြီး တုန်းမီသည်လည်း ဘေးနားတွင်ကြောင်တောင်တောင်နဲ့ ရပ်နေသည်။

"တုန်းမီ၊ မင်း ဘာလုပ်နေတာလဲ။ လိုအပ်တာတွေ မြန်မြန်ယူပြီး အဘိုးဟိုင်ပြောတဲ့လူကို သွားရှာကြစို့... သွားမယ်..."

ကျန်းယီမင် သူ့တပည့်ဘေးနားသို့ ရောက်သွားမှသာ တုန်းမီ ဘာကြောင့်ဒီနေရာတွင် ကြောင်ရပ်နေရသလဲဆိုတာကို နားလည်သွားသည်။ သူမှောက်ချလိုက်တဲ့ သူ့ရှေ့မှဒယ်အိုးကြီးထဲမှ အရည်တစ်မျိုး အဆက်မပြတ်စီးကျနေသည်။ စီးကျနေတယ်လို့ ပြောရမည့်အစား ဒယ်အိုးကြီးကထိုအရည်များကို အန်ထုတ်နေတယ်လို့ ပြောရင်ပိုမှန်နိုင်သည်။ ပျစ်ချွဲချွဲ အနီရောင်ခပ်ဖျော့ဖျော့ အရည်များက ကြမ်းပြင်ပေါ်တွင် ဝိညာဉ်တွေတစ်ခုပြီးတစ်ခုအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားပြီး ခန်းမထဲမှနေ ထွက်ပြေးလွတ်မြောက်သွားကြသည်။

"ဆ-ဆရာ.... ကျွန်တော် ဝိညာဉ်ဒယ်အိုးကြီးရဲ့ ဒဏ္ဍာရီအကြောင်းကို အခုပဲသတိရတယ်" တုန်းမီက တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

"သွေးကန်ငရဲထဲမှာ ဝိညာဉ်တွေက ဓားတွေ လှံတွေရဲ့ နာကျင်မှုကိုခံစားရရုံတင်မကဘူး၊ အဲ့ဒါအပြင် တခြားဝိညာဉ်တစ်ဝက် ရှိသေးတယ်တဲ့"

All Chapters