← Chapters

ဝိညာဥ်ဒယ်အိုး

Vol. 8 Ch. 92

ဝိညာဥ်ဒယ်အိုး

Vol. 8 Ch. 92

တုန်းမီရဲ့မျက်လုံးများက အသက်မဲ့နေပြီး နှုတ်ခမ်းများသာ အဆက်မပြတ်လှုပ်နေသည်။ ကျန်းယီမင်သည် သူ့ကိုစကားပြောနေသလိုဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် တစ်ယောက်ထဲ စကားတွေရေရွတ်နေတဲ့ သူ့တပည့်ကို ကြည့်လိုက်သည်။

"မင်းကို ဘာကိုပြောချင်နေတာလဲ"

ဝိညာဉ်ဒယ်အိုးကြီးကို ငရဲခန်းထဲတွင် ပိတ်မိနေသူများကို ချည်နှောင်ပိတ်လှောင်ထားရန် အသုံးပြုထားခြင်းဖြစ်သည်။ ငရဲခန်းထဲတွင် ပိတ်မိနေသူများရဲ့ဝိညာဉ်များသည် နှစ်ခြမ်းကွဲနေသည်။ ဝိညာဉ်တစ်ခြမ်းသည် လှံ၊ ပုဆိန်၊ ဓားရှည်နှင့် ဓားတိုတို့ဖြင့် ခုတ်ဖြတ်ခြင်းကို ခံရသည်။ ကျန်ဝိညာဉ်တစ်ခြမ်းကတော့ ကြောက်မက်ဖွယ်ကောင်းဖွယ် သန့်စင်နေတဲ့ဒဏ်ကို ခံစားရမည်ဖြစ်သည်။ ယခု သူတို့က ဒီဒယ်အိုးကြီးကို မှောက်ချလိုက်ရာ ထိုနေရာတွင် ပိတ်မိနေတဲ့ ဝိညာဉ်အစိတ်အပိုင်းများက သူတို့မူလပိုင်ရှင်ကို ပြန်ရှာတွေ့ပြီး ပေါင်းစပ်သွားကြတော့မည်။ လေထဲတွင်ပျံ့လွင့်နေသော အဆုံးမဲ့ညည်းညူသံများကို ထိုဝိညာဉ်များက အော်ဟစ်နေခြင်းဖြစ်သည်။

"ဒယ်-ဒယ်အိုးကြီးက သူတို့ရဲ့စိတ်တွေနဲ့ အပြစ်တွေကို စုစည်းထားတာ။ အခုနှစ်ခြမ်းကွဲနေတဲ့ ဝိညာဉ်တွေက တစ်ခုတည်းပြန်ပေါင်းစည်းသွားကြပြီ" တုန်းမီက ရုတ်တရက်ခေါင်းမော့လာပြီး ပြောလိုက်သည်။

"ဒါက ဝိညာဉ်တွေကို စောင့်ကြပ်နေတဲ့ ငရဲသားတွေနဲ့ သံခြေကျင်းတွေက သူတို့ကို မထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယီမင်ရင်ထဲတွင် အလွန်ထိတ်လန့်သွားသည်။ ဒါကြောင့် သူ့တပည့်က "နာမည်စာရင်းကို ဆက်ရှာနေစရာ မလိုတော့ဘူး" လို့ ပြောလိုက်တာဖြစ်နိုင်သည်။ အကြောင်းမှာ ဂွမ်မင်းဝမ်ထိန်းချုပ်ထားသော သွေးကန်ငရဲထဲတွင် ပိတ်မိနေသည့်ဝိညာဉ်အားလုံးက လွတ်မြောက်သွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။

"တုန်းမီ... အဲ့ဒါက ငါတို့ရဲ့ ဦးစားပေးကိစ္စမဟုတ်တော့ဘူး..." ကျန်းယီမင် အော်ဟစ်သတိပေးလိုက်သည်။

ထိုအသံကြောင့် တုန်းမီက သတိပြန်ဝင်လာခဲ့သည်။

သေခြင်းခန်းမထဲရှိ အတားအဆီးများရဲ့ အရှိန်အဝါသည် အားနည်းသွားခဲ့သည်။ သူတို့မှာ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ငရဲပြည်က ထောင်ထဲတွင် အကျဉ်းချခံထားရသူများက သူတို့အသက်ရှင်စဉ်က လူကောင်းများမဟုတ်ခဲ့ကြသည်မှာ သေချာသည်။ အကယ်၍ သူတို့သာ ဇစ်မြစ်ရတနာပြားကို အခုသွားမယူပါက နောက်ပိုင်းတွင် ပိုကြီးမားတဲ့ ဒုက္ခများနှင့် ရင်ဆိုင်ရနိုင်သည်။ ကျန်းယီမင် လေထဲပျံလိုက်ပြီး ဇစ်မြစ်ရတနာပြားကို ရယူရန်စင်မြင့်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ သူ အသုံးပြုနိုင်မည့် တခြားရတနာများ ရှိ၊ မရှိ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး စစ်ဆေးလိုက်သည်။

အတားအဆီးသည် သိသိသာသာအားနည်းသွားသော်လည်း သူ့လက်က ရတနာထားတဲ့အတားအဆီးကို ဖောက်ပြီးအထဲကို ဝင်ယူလိုက်သည့်အခါတိုင်း သူ့လက်ကပြန်ကန်ထွက်လာသည်။ ကာယကံရှင် ကိုယ်တိုင်သာ ဇစ်မြစ်ရတနာပြားကို ယူနိုင်လောက်တယ်လို့ ကျန်းယီမင်တွေးကာ တုန်းမီကိုလှမ်းခေါ်လိုက်သည်။

"တုန်းမီ.... မြန်မြန်လာခဲ့..."

ထိုအချိန်တွင် ခန်းမအထက်မှ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် အဆုံးမဲ့ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသများက ရောနှောနေသည်။ ကျန်းယီမင်ရော တုန်းမီကပါ နဂါးအစစ်ရဲ့ပုံသဏ္ဍာန်ကို တစ်ခါမှမမြင်ဖူးခဲ့ကြသော်လည်း သက်ရှိအားလုံးခေါင်းဆောင်ဖြစ်တဲ့ နဂါးမှလွဲ၍အခြလိုခမ်းနားထည်ဝါတဲ့ဟိန်းသံကို ပြုလုပ်နိုင်လောက်တဲ့ ဒုတိယမြောက်သက်ရှိသတ္တဝါ ရှိလိမ့်မည်မဟုတ်ပေ။

"မြန်မြန်... မြန်မြန်...."

ထိုဒေါသတကြီးနဲ့ ဟိန်းဟောက်သံက တုန်းမီကို အခုလက်တွေ့ဘဝသို့ ပြန်လည်ဆွဲခေါ်လာခဲ့သည်။

"ငါ ဇစ်မြစ်ရတနာပြားကို ယူလို့မရဘူး...."

"ဒါဆို ကျွန်တော်စမ်းကြည့်မယ်... ဆရာ..."

"မြန်မြန်ယူလိုက်... ဒါမှ ငါတို့ထွက်ပြေးဖို့ နည်းလမ်းရှိမှာ..."

တုန်းမီက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဇစ်မြစ်ရတနာပြား ပတ်ပတ်လည်လည်ကအတားအဆီးကို အလွယ်တကူ ဖောက်ထွင်းလှမ်းယူလိုက်သည်။ ဇစ်မြစ်ရတနာပြားသည် တုန်းမီရဲ့အရှိန်အဝါနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

"ဆရာ... ကျွန်တော်လုပ်နိုင်ပြီ...."

တုန်းမီ ဝမ်းသာအားရ မဖြစ်လိုက်ရသေးခင်မှာပင် သေခြင်းခန်းမသည် အင်အားတစ်ခုကြောင့် ချက်ချင်းဖြိုချခံလိုက်ရသည်။ သူတို့နှစ်ယောက်စလုံး တပြိုင်နက်ခေါင်းမော့ကြည့်လိုက်ရာ အနက်ရောင်အကြေးခွံများဖုံးလွှမ်းထားပြီး အငွေ့များမှုတ်ထုတ်နေတဲ့ နဂါးအကြီးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုနဂါးကြီးက အလွန်ကြီးမားလွန်းသဖြင့် ခေါင်းကိုသာမြင်ရပြီး အမြီးကိုတောင် မမြင်နိုင်ပေ။

ထိုနဂါးက ပါးစပ်ကို ပေါ့ပေါ့ပါးပါးမှုတ်ထုတ်လိုက်ရုံဖြင့် သေခြင်းခန်းမတစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

"ဟွန့်၊ ငါ ဒီမှာအကျဉ်းချခံထားရတာ နှစ်တစ်သောင်းရှိပြီ... ဂွမ်မင်းဝမ်... မင်းဘယ်မှာလဲ..." နဂါးကြီးက လူ့စကားဖြင့် အော်ပြောလိုက်သည်။

'အောင်း'သည် နဂါးမျိုးနွယ်များရဲ့မျိုးရိုးနာမည် ဖြစ်သည်။

'ဒီနဂါးကြီးက အဘိုးဟိုင်ရဲ့ သူငယ်ချင်းများဖြစ်နေမလား....'

"တုန်းမီ၊ ဇစ်မြစ်ရတနာပြားကို မြန်မြန်သိမ်းလိုက်... ငါတို့ ဒီမှာအကြာကြီးနေလို့ မဖြစ်ဘူး..."

ကျန်းယီမင်နှင့် သူ့တပည့်၊ အဘိုးဟိုင်တို့ သုံးဦးသား ပေါင်းပြီး ဝိညာဉ်ဒယ်အိုးကြီးကို ဖျက်ဆီးခဲ့ကြသည်။ သူတို့ခရီးစဉ်ရဲ့ပန်းတိုင်ကို အောင်မြင်စွာရခဲ့သော်လည်း သွေးကန်ငရဲတွင် မကြုံစဖူးသော အဓိပြသနာကြီးတစ်ခုကိုလည်း ဖန်တီးလိုက်ခဲ့မိသည်။ အသက်ရှင်စဉ်က အသိဉာဏ်ရည်ရှိခဲ့ကြတဲ့ သားရဲသတ္တဝါတချို့သည် ယခုအခါသူတို့ဝိညာဉ်နှစ်ခြမ်းက ပြန်လည်ပေါင်းစည်းသွားသဖြင့် ကျန်းယီမင်နှင့် သူ့တပည့်ထံမှ လူသားအနံ့ကိုရရှိနေကြသည်။

ထိုသားရဲများဖြစ်တည်မှုရဲ့ တစ်ခုတည်းသော ရည်မှန်းချက်မှာ သတ်ဖြတ်ရန်သာဖြစ်သည်။ သွေးကန်ငရဲသို့ ကျရောက်လာသူများသည် ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သတ်ဖြတ်ခြင်းကိုရွေးချယ်ခဲ့ကြသည့် ကြမ်းတမ်းတဲ့ သားရဲသတ္တဝါများ ဖြစ်ကြသည်။

"သွားကြစို့...."

ကျန်းယီမင်နှင့်တုန်းမီတို့က အတူတူပျံသန်းထွက်သွားကြသည်။ နဂါးကြီး ပြန်လည်နိုးထလာတဲ့ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ဂွမ်မင်းဝမ်က ကျန်းယီမင်တို့ကို ပစ်မှတ်ထားလိုက်ဖမ်းတာကို ရပ်လိုက်ရသည်။ ယခုအခါ သွေးကန်ငရဲသည် ထိန်းချုပ်မှုကနေ လုံးဝကင်းမဲ့သွားခဲ့ရသည်။ လွတ်မြောက်လာကြတဲ့ မရေမတွက်နိုင်သည့် သားရဲသတ္တဝါများနှင့် မိစ္ဆာဝိညာဉ်များက အချင်းချင်း သတ်ဖြတ်နေကြသည်။ သူ့ရှေ့မှ မြင်ကွင်းသည် ဝိညာဉ်တစ်သောင်းကို တပြိုင်နက်ကွပ်မျက်ခဲ့စဉ်က မြင်ကွင်းထက်ပင် သွေးထွက်သံယိုပိုများနေပြီး ပိုကြောက်မက်ဖွယ်ကောင်းနေသည်။

လောလောဆယ် သူတို့နှစ်ယောက်ရဲ့ တစ်ခုတည်းသောရည်မှန်းချက်မှာ ဒီနေရာမှထွက်ပြေးလွတ်မြောက်ရန်သာ ဖြစ်သည်။ သူတို့သည် အခုချိန်မှာ ငရဲကမ္ဘာ၊ ဒါမှမဟုတ် အတိအကျပြောရရင် ငရဲခန်းမဆယ်ခုအနက် သွေးကန်ငရဲထဲတွင် ရောက်နေကြသည်။ ဒီနေရာကနေ ထွက်သွားပြီးရင် အပြင်ဘက်မှာ ဘာတွေကများ ထပ်ပြီးကြိုဆိုနေမလဲဆိုတာ ကျန်းယီမင်တို့လည်း မသိပေ။

"ဝုန်း...."

သူတို့နှစ်ယောက် ရှောင်တိမ်းထွက်ပြေးလိုက်စဉ်မှာပဲ ကောင်းကင်နှင့်မြေကြီးကြားမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ နဂါးကြီးက ဂွမ်မင်းဝမ်နှင့် တိုက်ခိုက်နေသည်။ သူတို့ကြားမှတိုက်ပွဲသည် စောစောကအဘိုးဟိုင် ပါဝင်ခဲ့သောတိုက်ပွဲထက်ပင် ပိုပြင်းထန်သည်။ ကောင်းကင်ယံပင် ကွဲအက်တော့မည့်အရိပ်အယောင်များပါ ခပ်ရေးရေးပေါ်ထွက်လာခဲ့သည်။

"ဆရာ... ခံစားမိလား..."

တုန်းမီရဲ့ မျက်လုံးများတွင် အတိုင်းထက်အလွန် ပျော်ရွှင်မှုများနဲ့ ပြည့်နှက်နေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယီမင်သည်လည်း ကောင်းကင်နှင့်မြေကြီးကြားမှ အရှိန်အဝါကို အလျင်အမြန် ခံစားလိုက်သည်။

"ဒါက... မမှားနိုင်ဘူး...."

ကျန်းယီမင် မျက်လုံးပြူးသွားသည်။ ဒီအရှိန်အဝါက လူ့လောကမှာပဲ တည်ရှိနိုင်သည်။ သူတို့ ဖော်ပြမတတ်နိုင်သော်လည်း သူတို့နှစ်ယောက်က ငရဲကမ္ဘာတွင် နာရီပေါင်းများစွာကြာအောင် နေခဲ့ကြရသည်။ အရှိန်အဝါနှစ်ခုကြားက ကွာခြားချက်ကို သူတို့ ခံစားမိနိုင်သည်။ ထိုအရှိန်အဝါကို ခံစားမိသူများမှာ ကျန်းယီမင်နှင့် တုန်းမီတို့သာမဟုတ်ပေ။ သွေးကန်ငရဲထဲတွင် အကျဉ်းချခံထားရတဲ့ ကျန်ဝိညာဉ်များသည်လည်း ကောင်းကင်ကိုတပြိုင်နက် မော့ကြည့်လိုက်ကြသည်။

"ဟားဟားဟားဟား..."

နဂါးကြီးက လေထဲတွင် အရူးအမူးရယ်မောလိုက်တာကို ကြားလိုက်ရသည်။

"ငါ ငရဲပြည်ကနေ လွတ်မြောက်နိုင်ခဲ့ရင် လူ့လောကမှာ မသေမျိုးဖြစ်သွားမှာ မဟုတ်ဘူးလားကွ.... ဟားဟားဟား...."

"လုံးဝ မဖြစ်စေရဘူး..."

ဂွမ်မင်းဝမ်ရဲ့အနောက်မှာ အစီအရင်က မြန်မြန်ဆန်ဆန်ကျယ်ပြန့်လာပြီး ဝိညာဉ်အားလုံးကို ပြန်လည်ချုပ်နှောင်ရန် ကြိုးပမ်းနေသည်။

"ဟားဟားဟားဟား... မင်းကသန်မာပေမဲ့ ဒီထောင်ထဲမှာ ဝိညာဉ်ဘယ်လောက်တောင် ပိတ်လှောင်ခံထားရလဲ... မင်း အကုန်လုံးကို လိုက်မဖမ်းနိုင်ဘူးကွ... ဟားဟားဟား...."

ကျန်းယီမင်နှင့် တုန်းမီတို့က တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။ ဘယ်နေရာပဲဖြစ်နေပါစေ၊ သူတို့မှာ တခြားနေရာတွေကို ထွက်ပြေးရန် ရွေးချယ်စရာမရှိတော့ပေ။ ရွေးချယ်စရာနည်းလမ်းတစ်ခု မရှိနေမှတော့ သူတို့က ရှိတဲ့လမ်းကိုစမ်းကြည့်ရုံသာ ရှိတော့သည်။

ငရဲပြည်အက်ကွဲကြောင်းနှင့် နီးကပ်လာလေလေ၊ ရင်းနှီးနေတဲ့ လူ့လောကအရှိန်အဝါနှင့် ပိုမိုနီးကပ်လာလေလေ ဖြစ်လာသည်။ တကယ်လို့ သူတို့ကသာ အဲဒီအက်ကြောင်းကနေ လွတ်မြောက်နိုင်ရင် လူ့လောကကို ပြန်ရောက်နိုင်လောက်သည်။ သို့သော် သူတို့ပတ်ဝန်းကျင်မှာ မရေမတွက်နိုင်တဲ့ ဝိညာဉ်များကလည်း လူ့လောကဆီကို ပြန်သွားချင်နေကြသည်။

All Chapters