← Chapters

ငရဲကမ္ဘာကနေ ထွက်ပြေးလွှတ်မြောက်ခြင်း

Vol. 8 Ch. 93

ငရဲကမ္ဘာကနေ ထွက်ပြေးလွှတ်မြောက်ခြင်း

Vol. 8 Ch. 93

"မဖြစ်ဘူး..."

ဂွမ်မင်းဝမ်သည် ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပေ။ ယခုအချိန်တွင် သူ့ အေးဆေးတည်ငြိမ်မှုအစား ဒေါသများက အစားထိုးလာသည်။

"ဒီမှာ အကျဉ်းချခံထားရသူတွေအားလုံးက အကြိမ်တစ်သောင်းလောက်ထိကို သေသင့်တဲ့ဝိညာဉ်တွေချည်းပဲ... မင်းက ဝိညာဉ်ဒယ်အိုးကြီးကို ဖျက်ဆီးလိုက်ပြီ၊ အဲဒါရဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်း သိလားကွ..."

ကျန်းယီမင်နှင့် တုန်းမီတို့သည်လည်း အတော်လေး ကြောက်ရွံ့သွားကြသည်။ သူတို့သည် ဇစ်မြစ်ရတနာပြားကို ယူရန်နှင့် တုန်းမီအပေါ်ကျရောက်နေတဲ့ ကျိန်စာကို ဖယ်ရှားပေးရန်အတွက်သာ အခုတစ်ကြိမ်တွင် ငရဲကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ အဆုံးသတ်မှာတော့ သူတို့်ှစ်ယောက်သားက ငရဲကမ္ဘာမှဝိညာဉ်များကို လွှတ်ပေးလိုက်မိပြီး အခုလိုမျိုးကြီးမားတဲ့ပြဿနာရှုပ်ထွေးမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ကျန်ရှိနေတဲ့ခန်းမကိုးခုသည် သွေးကန်ငရဲတွင် ပေါ်ပေါက်လာတဲ့ ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိသွားကြပြီး သွေးကန်ငရဲမှပြဿနာများကို အတူတူ ဝိုင်းဝန်းဖြေရှင်းကြရန် လူလွှတ်လိုက်ကြသည်။ ဂွမ်မင်းဝမ်ရဲ့ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူ့ရှေ့မှောက်မှာ သူ့ပြိုင်ဘက်ဟုယူဆနိုင်သောသူမှာ နဂါးနက်ကြီးသာရှိတော့သည်။

ဂွမ်မင်းဝမ်က သူ့ခန္ဓာကိုယ်ဖြင့် တည်ဆောက်ထားသော ကာကွယ်ရေးစည်းကို အခြားဝိညာဉ်များက အတင်းအဓမ္မကျော်ဖြတ်ရန် ကြိုးစားလိုက်ကြတဲ့အခါ သူတို့အားလုံးက အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲပြီး သေဆုံးသွားကြသည်။ ကျန်းယီမင်သည် သူ့ရဲ့စူးရှတဲ့အာရုံခံနိုင်စွမ်းဖြင့် ဂွမ်မင်းဝမ်တည်ဆောက်ထားသည့် ကာကွယ်ရေးအစီအရင်သည် ခန္ဓာကိုယ်ဖယ်ရှားခံထားရတဲ့ မိစ္ဆာဝိညာဉ်များကိုသာ ပစ်မှတ်ထားပုံရကြောင်း ရှာတွေ့လိုက်သည်။

သူနှင့် တုန်းမီတို့သည် အစကတည်းက သူတို့ခန္ဓာကိုယ်များကို ဖယ်ရှားမခံရစေရန် အဘိုးဟိုင်ရဲ့ အဆောင်လက်ဖွဲ့ကိုသုံးထားခဲ့ကြသဖြင့် ဂွမ်မင်းဝမ်ရဲ့ အလျင်အမြန်ဖန်တီးလိုက်တဲ့ အစီအရင်သည် သူတို့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။

"တုန်းမီ၊ မကြောက်နဲ့! ဒီအစီအရင်က အလွန်အားကောင်းပေမဲ့ အဲဒီဝိညာဉ်တွေ ထွက်မပြေးနိုင်အောင်ပဲ တားဆီးထားနိုင်တာ၊ မင်းနဲ့ငါနှစ်ယောက်လုံးမှာက အသွေးအသားနဲ့ ခန္ဓာကိုယ်တွေ ရှိသေးတယ်...."

ထိုစကားများ ပြောလိုက်သည့်အချိန်မှာ ကျန်းယီမင် ကိုယ်တိုင်လည်း သိပ်မသေချာမရေရာလှပေ။ သို့သော် သူသည် ကောင်းကင်လျှို့ဝှက်ချက်များကို စတင်နားလည်သဘောပေါက်ချိန်မှစပြီး ငရဲမြို့တော်ခရီးစဉ်အထိ သူတို့သည်အသက်နှင့် ရင်းရတဲ့ အကျပ်အတည်းများထဲတွင် အမြဲလိုလိုရှိနေခဲ့ရသည်။

"ပြေး....."

နဂါးနက်ကြီးဖွင့်ပေးခဲ့သော အက်ကွဲကြောင်းနှင့် အလွန်နီးကပ်လာတာကို မြင်လိုက်ရတဲ့အချိန်တွင် ဘယ်ခန်းမကမှန်းမသိရတဲ့ ရက်စက်ကြမ်းကြုတ်သည့်အစွယ်များဖြင့် လူနှင့်တူတဲ့နောက်ထပ် ယမမင်းတစ်ပါး ပေါ်လာခဲ့သည်။

"ဒီလောက်သေးငယ်တဲ့ သွေးကန်ငရဲလေးကိုတောင် မင်း ကောင်းကောင်းမစောင့်ကြပ်နိုင်ဘူးပေါ့။ ဝိညာဉ်ဒယ်အိုးကြီးတောင်မှ ဖျက်ဆီးတာခံလိုက်ရတယ်တဲ့၊ ဟားဟားဟား...." ထိုယမမင်းက ဂွမ်မင်းဝမ်ကို လှောင်ပြောင်လိုက်သည်။

ထိုသို့ ပြောပြီးနောက် သူသည်ဝတ်ရုံလက်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ပုလင်းဝကို လှည့်လိုက်ရာ ဝိညာဉ်အမြောက်အမြားက ထိုပုလင်းဝါးမြိုခြင်းကို ခံလိုက်ရသည်။ ခန်းမဆယ်ခုမှ မတူညီတဲ့ယမမင်းများသည် ကိုယ်ပိုင်ထူးခြားတဲ့ စွမ်းရည်များရှိကြသည်။

ကျန်းယီမင်က သူတို့ကို တကယ်အားကျမိသည်။

သူသည် ယခုချိန်မှာ မခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြင့် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသာ ရှိသေးသည်။ သူတို့ကို စိန်ခေါ်နိုင်မယ့်အဆင့်သို့ ရောက်လိုပါက အချိန်ဘယ်လောက်ကြာအောင် ထပ်ကျင့်ကြံရဦးမလဲဆိုတာ သူစဉ်းစားနေမိသည်။ ယခုတစ်ကြိမ် လွတ်မြောက်သွားပြီးနောက်တွင် သေချာအာရုံစိုက်ကျင့်ကြံနိုင်ရန် အချိန်ရလိမ့်မယ်လို့ သူ မျှော်လင့်မိသည်။

ထိုသို့တွေးနေရင်း သူတို့နှစ်ယောက်က အက်ကွဲကြောင်းဆီကို ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ယောက်က အက်ကွဲကြောင်းထဲသို့ဝင်ရောက်တော့မည့်ဆဲဆဲတွင် တုန်းမီသည်သူ့ခြေထောက်များ တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူ ရှေ့ဆက် မတိုးနိုင်တော့ပေ။ သူ ပြန်လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကမှန်းမသိဘဲ ငရဲသားတစ်အုပ်က သူ့ကိုစတွယ်ကပ်ထားကြတာကို တွေ့လိုက်ရသည်။

"မလုပ်ပါနဲ့.... မလုပ်ပါနဲ့... သူရဲကောင်းလေးရယ်၊ ကျေးဇူးပြုပြီး သနားပါဗျာ... ကျွန်တော်သာ မင်းကို ဖက်တွယ်ပြီးငရဲကမ္ဘာကနေ လွတ်မြောက်သွားရင် မင်းကို သေချာပေါက်ကျေးဇူးပြန်ဆပ်ပါ့မယ်..."

တုန်းမီ ကိုယ်တိုင်မလှုပ်ရှားနိုင်မီ စွမ်းအင်လှိုင်းတစ်ခု တိုက်ခိုက်လာပြီး သူ့ခြေထောက်တွင်တွယ်ကပ်နေသော ငရဲသားများကို လွင့်စင်သွားစေသည်။ ကျန်းယီမင်မျက်နှာပေါ်တွင် အပြစ်ရှိစိတ်အနည်းငယ်က ထွက်ပေါ်နေသည်။ သူတို့သည် သွေးကန်ငရဲအတွက် ပြဿနာများစွာသယ်ဆောင်လာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ ငရဲကမ္ဘာမှ ဝိညာဉ်များသာ လူ့လောကသို့ပြန်ရောက်သွားပါက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းသော အရာများဖြစ်လာမည်ကို ဘုရားသာ သိပေလိမ့်မည်။

'ဒီနေ့ ဖြစ်ခဲ့တာတွေက ငါနဲ့ငါ့တပည့်ရဲ့ မိုက်မဲမှုတွေပဲ'

ကျန်းယီမင် သူ့စိတ်ထဲက တွေးလိုက်သည်။

"ဒါပေမဲ့ အခုတခြားနည်းလမ်း မရှိဘူး။ ငါ လူ့လောကကို ပြန်ရောက်တဲ့အခါ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝိညာဉ်တွေအားလုံးကို သေချာပေါက် သတ်ဖြတ်ပစ်ရမယ်...."

အရိုးထဲစွဲနေတဲ့ လောက်ကောင်ကဲ့သို့အကောင်များကို ရှင်းလင်းပြီးနောက် ကျန်းယီမင်သည်တုန်းမီကို ခေါ်ဆောင်ကာ ကောင်းကင်ပေါ်က တဖြည်းဖြည်း ပြန်လည်ပိတ်ဆို့နေတဲ့ အက်ကွဲကြောင်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားလိုက်သည်။ ထိုအချိန်တွင် တုန်းမီလက်ထဲတွင် ရှိနေတဲ့ဇစ်မြစ်ရတနာပြားသည် ရုတ်တရက်လင်းထိန်လာသည်။

လူ့လောကနှင့် ငရဲကမ္ဘာက အစကတည်းက သီးခြားကမ္ဘာနှစ်ခုဖြစ်သည်။ ထို့ကြောင့် အတွင်းရှိအရာများသည် အစကတည်းက ပေါင်းစပ်ရောနေခြင်း မရှိသင့်ပေ။ ဂွမ်မင်းဝမ်နှင့် အပြေးရောက်လာကြတဲ့ တခြားယမမင်းများသည် သွေးကန်ငရဲက ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေများကို ရှင်းလင်းကြရန် အတူတကွလုပ်နေကြသည်။ ထို့ကြောင့် သူတို့တွေက သက်ရှိနှစ်ယောက်ကို ဂရုစိုက်ရန်အချိန်မရကြသဖြင့် ကျန်းယီမင်နှင့် တုန်းမီတို့က ငရဲကမ္ဘာကနေ လွတ်မြောက်ရန် အချိန်ရသွားခဲ့သည်။

သူတို့နှစ်ဦးက အက်ကွဲကြောင်းထဲကို အတူတူဝင်သွားကြပြီး ထူးဆန်းတဲ့စွမ်းအင်များဖြင့် ဝန်းရံခံလိုက်ရသည်။ ထိုနေရာတွင် ဘယ်အရှိန်အဝါ သို့မဟုတ် အလင်းရောင်မှ မရှိနေပေ။ သူတို့နှစ်ဦး အက်ကွဲကြောင်းထဲသို့ ဝင်သွားသောအခါ သူတို့ခြေထောက်အောက်က အက်ကွဲကြောင်းသည်လည်း လုံးဝ ပြန်ပိတ်ဆို့သွားတော့သည်။

"ဘုန်း....."

"မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ။ ဒါ မင်းတို့ရှိသင့်တဲ့နေရာ မဟုတ်ဘူး..." ဟင်းလင်းပြင်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် အလွန်အားကောင်းတဲ့ စွမ်းအားတစ်ခု ပေါ်လာပြီး အသံကြီးကထပ်မံဟိန်းထွက်လာသည်။

"ငါ အနာဂတ်ကို မြင်နိုင်တယ်၊ ပြီးတော့ ငါ အတိတ်ကိုဖျက်ဆီးနိုင်တယ်! မင်းတို့ကဘယ်သူတွေလဲ...."

ထို့နောက် ထိုစွမ်းအားက သူတို့နှစ်ယောက်ကို သယ်ဆောင်သွားပြီး သူတို့ကိုလွှင့်စင်သွားစေသည်။

"ဝုန်း...."

ကျန်းယီမင်နှင့်တုန်းမီတို့က သူတို့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များ လုံးဝချိတ်ပိတ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်များက ဆက်လွင့်မျောနေစဉ်မှာပင် သူတို့က နောက်ဆုံးမှာ ရင်းနှီးတဲ့အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

"ဒါက..."

သူတို့ နောက်ဆုံးတော့ လူ့လောကကို ပြန်ရောက်တော့မည်ဖြစ်သည်။ သူတို့ မျက်စိရှေ့က မြင်ကွင်းသည် တဖြည်းဖြည်းလင်းလက်လာပြီး နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။ သူတို့ နောက်ဆုံးတော့ လူ့လောကကို ပြန်ရောက်လာနိုင်ခဲ့သည်။ ငရဲမြို့တော်သည် အလွန်အန္တရာယ်များသော်လည်း အနည်းဆုံးတော့ ဝင်ထွက်ရခက်ခဲတဲ့ ငရဲကမ္ဘာထက်စာရင် ပိုကောင်းသည်။ သူတို့နှစ်ယောက်လုံးက အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လိုက်ကြသည်။

"ဒါ... မင်း မြင်လိုက်လား... တစ်ယောက်ယောက် အဲဒီကနေ ထွက်လာတယ်..."

"မဖြစ်နိုင်တာ... တကယ်လို့ သူအဲဒီကနေထွက်လာနိုင်တယ်ဆိုရင် ရတနာရှာဖို့သွားလ်ုင်တဲ့ တခြားလူတွေလည်း အခွင့်အရေး ရှိနိုင်တာပေါ့..."

ငရဲပြည်တံခါးပေါက်များ ပွင့်သွားစဉ်က လူအများအပြားက တွင်းနက်ကြီးထဲသို့ခုန်ဆင်းသွားခဲ့ကြသည်။ သို့သော် ကျန်းယီမင်နှင့်တုန်းမီတို့သည် ထိုနေရာမှ ထွက်လာနိုင်တာကို သူတို့မြင်ရတဲ့ ပထမဆုံး လူနှစ်ယောက်ဖြစ်သည်။ ကျန်းယီမင် သူ့စိတ်ထဲတွင် "သောက်ကျိုးနည်း" ဟုရေရွတ်လိုက်သည်။ သူတို့သည် ဝံပုလွေသိုက်ထဲသို့အရင်ဝင်ခဲ့ပြီး နောက်ဆုံးတွင် ထွက်ခွာလာနိုင်ချိန်မှာ ကျားသိုက်ထဲရောက်နေတာကို တွေ့လိုက်ရသည်။

သူတို့ မြို့ထဲသို့ဝင်လာစဉ်က လမ်းဘေးတွင် ပစ္စည်းများ ရောင်းချနေသည့်ဈေးသည်က ပြောပြခဲ့ဖူးသည်။ ဒီနေရာမှ ထွက်မသွားကြတဲ့သူတွေ အများအပြားက အကျိုးအမြတ်တွေခွဲဝေရယူလိုကြသောကြောင့် ဖြစ်တယ်လို့ ပြောခဲ့သည်။ သူတို့က ငရဲကမ္ဘာတံခါးပေါက်ထဲသို့ဝင်သွားရန် သတ္တိမရှိကြသော်လည်း ပြန်လာသူများရဲ့လက်ထဲမှ ရတနာပစ္စည်းများကို လုယူရန်တော့ သတ္တိရှိကြသည်။

ကျန်းယီမင် ပြန်လှည့်ကြည့်လိုက်ရာ တွင်းနက်ကြီးထဲမှ ခုန်ထွက်လာသူများမှာ သူတို့နှစ်ဦးတည်း မဟုတ်ကြောင်းတွေ့လိုက်ရသည်။ သို့သော် ထိုသူများကို လူသားလို့သတ်မှတ်၍ ရနိုင်မည်လို့မထင်ပေ။ ထိုအက်ကွဲကြောင်းသည် အစကတည်းက လူ့လောကနှင့် ငရဲကမ္ဘာကြားရှိ စင်္ကြံလမ်းတစ်ခု ဖြစ်သည်။ သူတို့တွေ ဝင်သွားနိုင်သည့်အတွက် အတွင်းထဲက ဝိညာဉ်များသည်လည်း ထွက်ပြေးနိုင်သည်။

သို့သော် ငရဲမြို့တော်မှ လူများက သူတို့တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပုံရသည်။ သူတို့သည် သက်ဆိုင်ရာကာကွယ်ရေး အစီအရင်များကို ဖွဲ့စည်းလိုက်ကြပြီး ငရဲပြည်ကနေ ထွက်ပြေးလာတဲ့ဝိညာဉ်များ ပင်လယ်ရေမျက်နှာပြင်ကိုပင် မကျော်ဖြတ်နိုင်ခင် အပိုင်းပိုင်းအစစဖြစ်အောင် တိုက်ခိုက်လိုက်ကြသည်။

"ဟားဟားဟားဟား... ဒီအသုံးမကျတဲ့အမှိုက်ကောင်တွေနဲ့ ကစားရတာငြီးငွေ့နေပြီ! နောက်ဆုံးတော့ ငါ့အခွင့်အရေး ရောက်လာပြီကွ..."

သူတို့ပစ်မှတ်မှာ ဘာမှမရှိတဲ့ဝိညာဉ်များ မဟုတ်ဘဲငရဲပြည်သို့သွားပြီး ပြန်လာကြတဲ့ ကျန်းယီမင်နှင့် တုန်းမီကဲ့သို့ လူများသာဖြစ်သည်။

"သောက်ကျိုးနည်း၊ နောက်ထပ် ယင်ကောင်တစ်အုပ် ရောက်လာပြန်ပြီ....."

All Chapters