← Chapters

အောင်ချီရဲ့ အစစ်အမှန်ခွန်အား

Vol. 8 Ch. 94

အောင်ချီရဲ့ အစစ်အမှန်ခွန်အား

Vol. 8 Ch. 94

ကျန်းယီမင်က ဒေါသတကြီးနဲ့ အော်ဆဲလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ချက်ချင်းလှည့်ပတ်လိုက်သည်။ သူ့လမ်းကို ပိတ်ဆို့နေသူများကို အပိုင်းပိုင်းအစစဖြစ်သွားတဲ့အထိ တိုက်ခိုက်ကာကွယ်ရန် သူပြင်ဆင်လိုက်သည်။ သူ စွမ်းအင်များကို လှည့်ပတ်နေစဉ်မှာပင် သူ့ကျင့်ကြံခြင်းအဆင့်က အတော်လေးတိုးတက်လာကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သာမန်လူတွေ မကြုံတွေ့နိုင်တဲ့ ဒီလိုအဖြစ်အပျက်တွေက သူ့အတွက် အကျိုးကျေးဇူးများစွာ ရစေခဲ့သည်။

တုန်းမီသည်လည်း ကျန်းယီမင်ဘေးနားတွင် ရှိနေသည်။ သူလည်း သူ့ကိုယ်သူကွာခြားလာတာကိုခံစားမိလိုက်သည်။ ဘေးနားတွင် စောင့်နေကြတဲ့ ကျင့်ကြံသူများက သူတို့ဆီကိုတစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာခဲ့ကြသည်။ သူတို့က တစ်ဖက်လူသည် ငရဲကမ္ဘာမှာ အဖိုးတန်ရတနာရခဲ့သလား၊ မရခဲ့ဘူးလားဆိုတာ ဂရုမစိုက်ကြဘဲ လူကို အရင်သတ်ဖို့ပဲ စိတ်အားထက်သန်နေကြသည်။

ပုံမှန်အားဖြင့် သူတို့တွေတစ်ယောက်ကိုတစ်ယောက် မကြည့်ချင်ကြသော်လည်း အခုအချိန်တွင်မူ ထိုကျင့်ကြံသူများရဲ့ ရည်မှန်းချက်မှာ တစ်ထပ်တည်းကျနေသည်။ သူတို့ဆီ ပြေးဝင်လာသူများထဲတွင် ရေသဘာဝကျင့်စဉ်များကို ကျင့်ကြံထားသူများမှာ မနည်းမနောပါနေသည်။ ကျယ်ပြောလှသော ပင်လယ်ကမ်းစပ်တွင် တိုက်ခိုက်ရခြင်းက သူတို့အတွက် အားအကောင်းဆုံးနယ်မြေအသာစီးရမှုပင် ဖြစ်သည်။

"မင်းတို့ ဒီကိုရောက်နေမှတော့ ငရဲမြို့တော်ရဲ့ စည်းမျဉ်းတွေကို သိအောင် ငါပြောပြရ..."

'ကျွတ်... ဟွမ်းချောင်ယုသာ ဒီမှာရှိခဲ့ရင် သိပ်ကောင်းမှာပဲ.... သူမရဲ့ ကြောက်မက်ဖွယ် ဖီးနစ်ကိုယ်ခန္ဓာနဲ့ဆိုရင် ဒီလိုအဆင့်မမီတဲ့ရေသဘာဝကျင့်စဉ်တွေက အရာအားလုံးကိုလောင်ကျွမ်းစေနိုင်တဲ့ သူမရဲ့မီးတောက်တွေနဲ့ ထိတွေ့လိုက်တာနဲ့ ဒီအမှိုက်ကောင်တွေကို နင်းခြေပစ်လို့ရတယ်... မဖြစ်ဘူး...'

ကျန်းယီမင်က အသိစိတ်ပြန်ဝင်လာသည်၊ သူ အခုလေးတင်ရခဲ့သော သင်ခန်းစာသည် သူ့စိတ်ထဲတွင်ရှ်နေဆဲဖြစ်သည်။ ဒီလူအုပ်စုက အခွင့်အရေး အနည်းငယ်ရလိုက်တာနဲ့ သေချာပေါက်ဝိုင်းတိုက်ခိုက်ကြတော့မှာ သေချာသည်။ တိုက်ပွဲ ကြာရှည်လေလေ၊ သူ့အတွက် ပိုပြီး အားနည်းချက် ဖြစ်လာနိုင်သည်။

"တပည့်၊ ကိုယ့်အသက်ကိုယ်ဂရုမစိုက်ကြတဲ့ ဒီအရူးတစ်ဖွဲ့ကို ဆုံးမဖို့ ဆရာ့ကိုကူညီပေးစမ်း..."

တုန်းမီ ခေါင်းညိတ်လိုက်သည်။ သူ့ဆရာ ဘာတွေးနေတယ်ဆိုတာကို သူသိနေသည်။ ကျင့်ကြံသူတချို့က ကျန်းယီမင်ကိုဝိုင်းရံထားလိုက်သည်။

"လှိုင်းတံပိုး..."

"ပင်လယ်..."

သူတို့တွေက သူတို့သိုင်းကျင့်စဥ်များကို အပြည့်အဝ ထုတ်ဖော်ခွင့်တောင် မရလိုက်ဘဲ ကျန်းယီမင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူတို့ရဲ့ ဝိညာဥ်အရိပ်အယောင်မျှပင် ကျန်ရစ်ခြင်းမရှိတော့ပေ။

"မင်းတို့ကောင်တွေတကယ် သေရမှာကို မကြောက်ကြဘူးလားကွ...."

ဆရာနှင့်တပည့်နှစ်ယောက် အတော်လေး အံ့သြသွားကြသည်။ သူတို့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲကမ္ဘာကနေ လွတ်မြောက်လာနိုင်တဲ့ စွမ်းရည်ရှိရက်နဲ့ ဒီလူတွေက ဘယ်လိုလုပ်ဒီလောက်တောင် ရဲတင်းပြီး ရှေ့ဆက်တိုးနေကြတာလဲဆိုတာကို နားမလည်နိုင်ဖြစ်သွားကြသည်။

"မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲကွ..."

တုန်းမီတောင် သူ့စိတ်ဝိညာဥ်စွမ်းအင်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရုံဖြင့် ကျင့်ကြံသူအတော်များများကို နောက်ဆုတ်စေနိုင်ခဲ့သည်။

"မင်းတို့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာတွေ ရပ်လိုက်ဖို့ ငါအကြံပေးချင်တယ်..." ကျန်းယီမင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ယခု ငရဲမြို့တော်ကို ငရဲကမ္ဘာ၏ထူးဆန်းတဲ့ အရှိန်အဝါများက လွှမ်းခြုံထားရာ လူတွေဝင်ခွင့်ပြုသော်လည်း ထွက်ခွာခွင့်မပြုတော့ပေ။ အကယ်၍ သူသာဒီနေရာမှာ အချိန်ဖြန်းနေပြီး ထိုထူးဆန်းတဲ့ မြို့အကာအကွယ်အတားအဆီးမပျောက်ကွယ်သေးပါက ထွက်သွားဖို့ သူမြို့ထဲတွင် ရက်အနည်းငယ် ထပ်စောင့်ရမယ်ဆိုရင် သူတို့အတွက် အလွန်အန္တရာယ်များသည်။

"ဆရာကြီး.... အဲဒီကောင်က တကယ်သန်မာတယ်..."

"ငရဲကမ္ဘာတံခါးပေါက် မပွင့်ခင်တုန်းက အဖွဲ့နှစ်ဖွဲ့က သူ့လက်ချက်နဲ့ သေသွားတာမလား..."

ထိုစကားကိုကြားလိုက်တော့ လူတိုင်းရပ်တန့်သွားကြသည်။ သူတို့ကအစကတည်းက မဟာမိတ်အဖွဲ့ မဟုတ်ကြပေ။ ထို့ကြောင့် ဒီအချိန်တွင် ဘယ်တစ်ဦးတစ်ယောက်ကမှ ပထမဆုံးရှေ့ကနေတက်ပြီးအသေခံမယ့် အရုပ်များမဖြစ်ချင်ကြပေ။ ကျန်းယီမင်က လှောင်ပြောင်လိုက်သည်။ ထင်ထားသည့်အတိုင်းပင်၊ သူ သွေးထိုးလိုက်ရုံဖြင့် သူတို့က အဖွဲ့အတွင်းပိုင်းမှနေ စတင်ပြိုကွဲသွားကြသည်။

"သွားကြစို့....."

သူတို့နှစ်ယောက် ထွက်ပြေးတော့မည့်ဆဲဆဲတွင် သူတို့အနောက်ဘက်ရှိအက်ကွဲကြောင်းဆီမှ ပေါက်ကွဲသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဆရာနှင့်တပည့်နှစ်ဦးက ထိုအက်ကွဲကြောင်းကြီးကို ကျောပေးထားကြသည်။ သူတို့ကို လုယက်ဖို့ပြင်ဆင်နေကြပြီး တွင်းနက်ကြီးကိုမျက်နှာမူထားကြတဲ့ ကျင့်ကြံသူများရဲ့ မျက်လုံးများထဲတွင်မူ ထူးဆန်းတဲ့ခံစားချက်များက ရောထွေးနေတာကို တွေ့လိုက်ရသည်။ ထိုခံစားချက်များက ဇဝေဇဝါဖြစ်မှု၊ သံသယ၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ရောနှောနေခြင်း ဖြစ်သည်။

အခုအချိန်တွင် ထိုခံစားချက်များသည် သူတို့မျက်နှာပေါ်တွင်လည်း ပေါ်လွင်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ရှိတော့သည်။ ကျန်းယီမင်နှင့် တုန်းမီတို့လည်း ကျောချမ်းသွားကြသည်။

'ဒီကျင့်ကြံသူတွေ ဘာမြင်လိုက်ရလို့လဲ...'

သူတို့က ခေါင်းကိုဖြည်းညှင်းစွာလှည့်ကြည့်လိုက်ရာ သူတို့မျက်လုံးအိမ်များလည်း တပြိုင်နက်ထဲ ပြူးကျယ်သွားသည်။ သူတို့ရှေ့မှ အရာကြီးနှင့် သူတို့မစိမ်းပေ။ မှိန်ဖျော့စပြုလာတဲ့လရောင်သည် ယခုအခါမှာတော့ လုံးဝကွယ်ပျောက်သွားခဲ့ရသည်။

သွေးများဖုံးလွှမ်းနေတဲ့ နဂါးကြီးတစ်ကောင်က အက်ကြောင်းထဲကနေ ထွက်ပေါ်လာသည်။ ထိုနဂါးကြီးမှာ အနက်ရောင်အကြေးခွံများ ပြည့်နေသည်။ အကြေးခွံတစ်ခုစီတိုင်းက သတ်ဖြတ်ထားတဲ့ သွေးညှီနံ့များကို ထွက်ပေါ်နေသည်။

"အဟွတ် အဟွတ်၊ အဟွတ်။ ဟားဟားဟား...." နဂါးနက်ကြီးက အားပါးတရရယ်မောလိုက်သည်။

ထိုနဂါးရဲ့ပုံရိပ်ကြီးက ကောင်းကင်ကိုဖုံးလွှမ်းနိုင်ပြီး နေမင်းကြီးကိုပင် ကွယ်ပျောက်သွားစေနိုင်သည်။ မှုတ်ထုတ်လိုက်တဲ့အငွေ့သည် နယ်ပယ်ကိုးခုလုံးကို တုန်လှုပ်သွားစေသည်။

'ဒါ စောစောက ဝိညာဉ်ဒယ်အိုးကြီးထဲကနေ သူတို့ လွှတ်ပေးလိုက်တဲ့ နဂါးနက်ကြီးပဲ....'

ထိုနဂါးသည် အခုချိန်မှာတော့ ယမမင်းများရဲ့ ပြန်ဖမ်းဆီးချုပ်နှောင်ခြင်းကို မခံရတော့ပေ။ ထိုအစား လွတ်မြောက်လာခဲ့သည်။

"ငါ ထင်မထားမိဘူး.... ငါ အောင်ချီထောင်ထဲမှာ အပိတ်ခံထားရကတည်းက နေရောင်ခြည်ကို ပြန်မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူးကွ.... ဟားဟား...."

တကယ်တော့ ဒီနဂါးက အဘိုးဟိုင်ကယ်တင်ချင်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေသည်။ သူက လူသားမဟုတ်ဘဲ လူအသွင်ပြောင်းနိုင်တဲ့ နဂါးတစ်ကောင်ဖြစ်နေသည်။ သူတို့အားလုံးသည် ထိုကဲ့သို့သော နဂါးမျိုးအကြောင်းကို ဒဏ္ဍာရီထဲတွင်သာကြားဖူးခဲ့ကြသည်။

"ငါ သွေးကန်ငရဲထဲမှာ အကျဉ်းချခံထားရတာ ဘယ်နှစ်နှစ်ရှိပြီလဲ မသိတော့ဘူး၊ ဘယ်နှစ်ခါလောက်တောင် လူပြန်ဝင်စားပြီးပြီလဲလို့တောင် တွေးမိတယ်။ အခု ငါ လူ့လောကကို နောက်ဆုံးတော့ ပြန်ရောက်လာပြီဆိုတော့ မင်းတို့နှစ်ယောက်ရဲ့အကူအညီကို ကျေးဇူးတင်ရဦးမယ်..."

ကျန်းယီမင်နှင့် တုန်းမီတို့က ထွက်သွားချင်ကြသော်လည်း နဂါးနက်ကြီးရဲ့ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရုံဖြင့် အရိုးထဲထိစိမ့်ဝင်သွားစေတဲ့ အအေးဓာတ်တစ်ခုက သူ့ပါးစပ်ထဲကထွက်လာပြီး သူတို့နှစ်ဦးကို လုံးဝမလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။

"အောင်ချီ! မင်းမလွတ်နိုင်ပါဘူး..." အက်ကြောင်းကြီးထဲကနေ အသံတစ်သံက လှမ်းအော်ပြောလိုက်သည်။

"မဖြစ်ဘူး... ငါ အဲဒီမြေတိုက်ခန်းထဲကို ဘယ်တော့မှ ပြန်မသွားဘူးကွ ..."

သံကြိုးကြီးတစ်ချောင်းသည် အက်ကြောင်းကြီးထဲကနေ ဆန့်ထွက်လာပြီး အောင်ချီရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ နေရာတွင်အေးခဲနေပြီး မလှုပ်ရှားနိုင်ဖြစ်နေသူမျာူက ထိုအချိန်မှသာသူတို့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များပြန်ကောင်းမွန်လာတာကို ခံစားလိုက်ရသည်။

"ဟွန့်... အစထဲက ကောင်းကင်ဖရိုဖရဲဖြစ်စဉ်နဲ့ လူနဲ့ သရဲလောက ပြောင်းပြန်လှန်တယ်ဆိုတာ နှစ်တစ်သောင်းမှ တစ်ကြိမ်သာဖြစတဲ့ ရှားပါးဖြစ်စဥ်တစ်ခုပဲ" အက်ကြောင်းကြီးထဲမှအသံက သက်ပြင်းချလိုက်သည်။

"ဒီလိုရှားပါးတဲ့အရာတစ်ခုကို မင်းတို့လို ကောက်ကျစ်တဲ့လူတွေက ဒီလိုမြို့တော်အဖြစ် ပြောင်းလဲပစ်မယ်လို့ ငါမထင်ထားဘူး! ကိစ္စမရှိပါဘူး... ရပါတယ်လေ... ငရဲမြို့တော်က အစကတည်းက လူ့လောကမှာမပေါ်ပေါက်လာသင့်တဲ့ အရာပဲ...."

စကားလုံးအနည်းငယ်ဖြင့်ပင် အက်ကြောင်းကြီးထဲမှ ထိုလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ရဲ့ ရည်ရွယ်ချက်ကို ကျန်းယီမင် နားလည်သွားသည်။

"အမြန်ထွက်ပြေးကြ.... ငါတို့ အခုမသွားရင် ငါတို့အားလုံး ဒီမှာအတူတူ မြေမြှုပ်ခံလိုက်ရလိမ့်မယ်..."

"ဝုန်း....."

ထူးဆန်းတဲ့အရှိန်အဝါများ ဖုံးလွှမ်းထားသည့် ငရဲမြို့တော်သည် ရုတ်တရက်တုန်ခါသွားသည်။ ကမ်းစပ်မှကျင့်ကြံသူအားလုံးက မြေကြီးက အနည်းငယ်ျကျွံဝင်သွားတာကို ခံစားလိုက်ရသည်။ ငရဲမြို့တော်ထဲတွင် မြေပြင်သည် တစ်လက်မချင်း အက်ကွဲလာပြီး အရိုးထဲထိအေးစက်တဲ့ ပင်လယ်ရေများက တဖြေးဖြေးလှိမ့်တက်လာသည်။

"သွားကြစို့... မကြာခင် ငရဲမြို့တော်က ပျောက်ကွယ်သွားတော့မယ်... ပြေး..."

ကျန်းယီမင်က တုန်းမီကိုဆွဲခေါ်လိုက်သည်။ သူတို့သည် မြို့ထဲမှနေ အင်အားကုန်သုံးကာပျံသန်းထွက်ပြေးသွားကြသည်။ ငရဲမြို့တော်ရှိ အက်ကွဲကြောင်းများသည် ဆက်ကြီးလာပြီး ပင်လယ်ရေများလည်း အဆက်မပြတ်တက်လာနေသည်။ ဒီနေရာသည် အစကတည်းက မြောက်ဘက်စွန်းဒေသ ဖြစ်သည်။ ထို့ကြောင့် ယခုချိန်မှာအပူချိန်သည်လည်း အရင်ကထက်ပင် ပိုအေးစက်လာနေသည်။ မြို့ထဲမှ ကျင့်ကြံသူအားလုံးက သတိပြန်ဝင်လာကြသည်။ ငရဲမြို့တော်သည် ဖျက်ဆီးခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်တော့ပေ။

ကျင့်ကြံသူအားလုံး ကောင်းကင်သို့ ပျံတက်လိုက်ကြပြီး ဒီပရမ်းပတာဖြစ်နေတဲ့နေရာကနေ လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် လူတိုင်းရင်ထဲတွင် သိထားသည်မှာ ငရဲကမ္ဘာတံခါးပေါက် ပွင့်ခါနီးအချိန်ကတည်းက မိုင်များစွာအထိ ပျံ့နှံ့နေတဲ့ ထိုထူးဆန်းသည့် အရှိန်အဝါတစ်ခုသည် ဒီမြို့ကို လွှမ်းခြုံထားပြီးဖြစ်ကြောင်းပင်ဖြစ်သည်။ ဒီမြို့သည် အစက သူတို့ရတနာလာရှာတဲ့ နေရာဖြစ်သော်လည်း ယခုအခါသူတို့မြှုပ်နှံခံရမည့် နေရာဖြစ်လာခဲ့သည်။

"ဆရာ... ကျွန်တော်တို့ ဝင်လာခဲ့တဲ့ နယ်စပ်စည်းနဲ့ နီးကပ်လာလေလေ၊ ဇစ်မြစ်ရတနာပြားက ပိုပြီး တုံ့ပြန်မှု ရှိလာလေလေပဲ... ဆရာ.."

'ထင်ထားတဲ့အတိုင်းပဲ၊ ယမမင်းတွေက ငရဲမြို့တော် တစ်ခုလုံးကို အောင်ချီနဲ့အတူမြှုပ်နှံပစ်ဖို့ ပြင်ဆင်ထားကြတာပဲ.... ဒီထူးဆန်းတဲ့ အကာအကွယ်အတားအဆီးက သူတို့ရဲ့ခေါင်းတလား ဖြစ်လာတော့မှာပဲ...'

သွေးများနှင့် အပြစ်များပြည့်နှက်နေတဲ့ ငရဲမြို့တော်သည် ၁၅ မိနစ်မပြည့်ခင်မှာပင် သမိုင်းတွင်ကျန်ရစ်ခဲ့တော့မည်ဖြစ်သည်။

All Chapters