← Chapters

တပည့်သစ်စလက်ခံမယ့် လင်းယွင်ဂိုဏ်း

Vol. 8 Ch. 96

တပည့်သစ်စလက်ခံမယ့် လင်းယွင်ဂိုဏ်း

Vol. 8 Ch. 96

"ဒါက ငါတို့ကိစ္စတွေကို မနှောင့်နှေးစေပါဘူးကွ၊ မနှောင့်နှေးစေရပါဘူး၊ ဒီဝိုင်ပုလင်းလေးလောက်နဲ့ နင့်စီနီယာအစ်ကိုကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား၊ ဟမ်..." ဂူလင်းဖေးက ခေါင်းခါရင်း သူ့မျက်နှာအမူအရာလည်း တည်ငြိမ်လေးနက်သွားခဲ့သည်။

လင်းယွင်ဂိုဏ်းမှ တပည့်များသည် ဂိုဏ်းစစ်ဆေးပွဲတွင် သူတို့၏စွမ်းရည်များကိုပြခဲ့ပြီး သူတို့ကိုလာရောက်ရန်စခဲ့တဲ့ ကျန်းလေ့ဂိုဏ်းမှလူများကို ရိုက်နှက်ဆုံးမခဲ့ပြီးကတည်းက ကုန်သည်များသာမက လူအများအပြားကပါ ရောက်လာခဲ့ကြသည်။ တပည့်အဖြစ် လက်ခံပေးရန်အတွက် လူအများအပြားကြီးက တစ်သုတ်ပြီးတစ်သုတ်ရောက်လာခဲ့ကြသည်။ ဟောက်ယွင်ဂိုဏ်းကို ဖျက်ဆီးခဲ့တုန်းကက လင်းယွင်ဂိုဏ်းရဲ့ အုတ်မြစ်မခိုင်မာသေးကြောင်းနှင့် မျက်နှာသစ်ကြယ်ပွင့်တစ်ပွင့်အဖြစ် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပိုလိုအပ်ကြောင်း လူတိုင်းသိထားကြသည်။ ထို့ကြောင့် ထိုအချိန်က တပည့်သစ်တွေ လက်မခံခဲ့ခြင်းဖြစ်သည်။

အခုချိန် လင်းယွင်ဂိုဏ်းအဆင့်တက်သွားပြီဖြစ်ရာ ဒီအချိန်မှ တပည့်သစ်လက်မခံလျှင် ဘယ်အချိန်မှ လက်ခံတော့မည်နည်း။ ထို့အပြင် လွန်ခဲ့သောရက်အနည်းငယ်က ဂိုဏ်းစစ်ဆေးပွဲအတွင်း လင်းယွင်ဂိုဏ်းချုပ်က သူတို့သည်တပည့်သစ်များကို စတင်လက်ခံတော့မယ်လို့ ကြေညာခဲ့သည်။ ကျန်းယီမင်ကို ဆရာအဖြစ်တင်လိုသူ အများကြီးရောက်လာခဲ့ကြသည်။

"ဆရာ မထွက်သွားခင်တုန်းက ဂိုဏ်းဝင်ချင်တဲ့ အရည်အချင်းရှိတဲ့သူ ဘယ်သူ့ကိုမဆို လက်ခံလိုက်လို့ မှာထားခဲ့တယ်" ဂူလင်းဖေးက ခေါင်းကိုက်သလို ပြောလိုက်သည်။

"ဒါပေမဲ့ ဂျူနီယာညီလေးတို့ ညီမလေးတို့၊ ငါတို့ဂိုဏ်းကိုဝင်ချင်တဲ့သူတွေက အရမ်းများလွန်းတယ်ဆိုတာ မင်းတို့သိသင့်တယ်။ တကယ့်ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး"

"စီနီယာအစ်ကို၊ အရစ်ရှည်မနေပါနဲ့တော့။ ဒါဆို ညီမတို့ ဘာလုပ်သင့်သလဲ"

သူ့ဂျူနီယာညီလေးနှင့် ညီမလေးများက စိတ်လှုပ်ရှားနေကြသည်။ သူတို့စီနီယာအစ်ကိုကြီးက ဒီနေ့ ဂိုဏ်းကနေ ဆရာ့အတွက်တပည့်သစ်များ လက်ခံတော့မယ်ဟု ပြောလိုက်သည်။

"အင်း၊ စိတ်မပူပါနဲ့ကွ... ငါတို့ဂိုဏ်းက တပည့်သစ် ခေါ်ယူမယ့်သတင်းကို ငါဖြန့်လိုက်ပြီ၊ ပြီးတော့ ဒီနေ့ တပည့်စီစစ်ရွေးချယ်ပွဲကို ငါတို့ဂိုဏ်းမှာကျင်းပလိမ့်မယ်..." ဂူလင်းဖေးသည် မျက်နှာပေါ်မှ အပြုံးကိုမထိန်းနိုင်တော့ပေ။

"ဝိုး... စီနီယာအစ်ကို! ရှင်ဘာလို့ စောစောကမပြောတာလဲ..."

သူ့ဂျူနီယာမောင်နှမများအားလုံးလည်း ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။

"ဆရာ မသွားခင် ပြောခဲ့တဲ့စကားတွေက ငါတို့ကို တပည့်ရွေးချယ်ပွဲလုပ်ဖို့ ပြောခဲ့တာမဟုတ်လား... ဒါက ဆရာ့ရဲ့ပူပန်စိတ်တွေကို မျှဝေခံစားပေးရာလည်း ရောက်တာပေါ့... မင်းတို့ ဘယ်လိုထင်လဲ"

"ကောင်းတယ်... ကောင်းတယ်... ဟူး၊ တခြားသူတွေကိုရွေးချယ်ရတဲ့ အရသာကိုခံစားခွင့်ရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..." ရှန့်ကွမ်းချင်းယန် စကားဆုံးသည်နှင့် သူဟိတ်ဟန် အနည်းငယ်ကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ ငါကအုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲရှိသေးတယ်၊ ငါ..."

"ဂျူနီယာညီလေး... မင်းဘာတွေပြောနေတာလဲ... မင်းရဲ့ အသက်အရွယ်နဲ့အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်နေတာဘာများ မှားနေလို့လဲ...."

"ဟုတ်တယ်... ဂျူနီယာညီလေး... ကျင့်စဥ်ကို အသာထားလိုက်ပါဦး၊ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာ မင်းရဲ့ကျင့်ကြံခြင်းနှုန်းကို နှိုင်းယှဥ်ကြည့်ရင်တောင် သာမန်လူတွေလက်လှမ်းမမီနိုင်တဲ့ အဆင့်ပဲ..."

ရှန့်ကွမ်းချင်းယန် ထိုစကားတွေကိုကြားလိုက်ရတဲ့အခါ သူ့ရင်ထဲမှအဖုအထစ်များလည်း အနည်းငယ် ပြေပျောက်သွားသည်။ သူ့စီနီယာအစ်ကို အစ်မတွေ ပြောတာက မှန်သည်။ လင်းယွင်ဂိုဏ်းထဲတွင်သာ သူ့ကျင့်ကြံခြင်းကသိပ်မထူးခြားလှသော်လည်း အခြား အဆင့် ၄ သို့မဟုတ် အဆင့် ၅ ဂိုဏ်းတစ်ခုခုတွင်သာဆိုရင် သူသည် ထူးချွန်တဲ့ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မည်။

"ဂျူနီယာညီလေး၊ ပြီးခဲ့တဲ့ ဂိုဏ်းစစ်ဆေးပွဲတုန်းကနဲ့ ကျန်းလေ့ဂိုဏ်းကို တိုက်တုန်းက မင်းတော်တော်လေး ပျော်ပျော်ရွှင်ရွှင်နဲ့ တိုက်ခခဲ့တာကို ငါ မြင်ခဲ့ပါတယ်..." ဂူလင်းဖေးက ရှန့်ကွမ်းချင်းယန်ပခုံးကို အသာယာပုတ်ရင်း ပြောလိုက်သည်။

"အခုမှ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေပြန်တာလဲ..."

"အဲ့လိုမဟုတ်ဘူး၊ ဒီရွေးချယ်ပွဲမှာ ငါတို့ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတာကိုပါ"

ရှန့်ကွမ်းချင်းယန်က ထိုသို့ပြောလိုက်သောအခါ တခြားတပည့်များသည်လည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာကြသည်။ ဤကမ္ဘာတွင် ကျင့်ကြံခြင်းသည် အရာအားလုံးဖြစ်သော်လည်း လင်းယွင်ဂိုဏ်းက အကောင်းဆုံးကိုသာ လိုချင်သည်။

"အင်း၊ အဲဒီလိုပြောချင်ရင်တော့ ကျင့်ကြံခြင်းက ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးဆုံးအရာပဲ။ ဒါ့အပြင် ငါတို့ဂိုဏ်းမှာဘယ်သူမှ လှည့်စားလို့မရဘူးလေ" ဂူလင်းဖေးက ကျင့်ကြံနေသော အဘိုးလင်းကို ညွှန်ပြရင်းပြောလိုက်သည်။

"ဟဲဟဲဟဲ၊ ငါကမင်းတို့အားလုံးထက် အသက်နည်းနည်း ပိုရှည်ခဲ့ရုံပါ၊ ကြွားစရာမဟုတ်ပါဘူး..."

"ပြီးတော့ ငါပြောပြမယ်၊ ဒါကစိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်း မဟုတ်သေးဘူး" ဂူလင်းဖေးက ရယ်မောရင်း ပြောလိုက်သည်။

"အခု လင်းယွင်ဂိုဏ်းကို လာချင်နေတဲ့သူတွေက ကျင့်ကြံချင်တဲ့ သာမန်လူတွေတင်မဟုတ်ဘူး"

"စီနီယာအစ်ကို၊ ရှင် ပြောချင်တာက..."

"ဟုတ်တယ်။ ငါတို့ဂိုဏ်းနဲ့ပတ်သက်ပြီး အကျိုးအမြတ် ရချင်တဲ့သူတွေထဲမှာ စားဖိုမှူးတွေနဲ့ အလုပ်သမားတွေလည်း ပါတယ်၊ ဒါပေမဲ့အရေးကြီးဆုံးက ငါတို့ဂိုဏ်းကိုလာချင်တဲ့ ဆေးဖော်စပ်နိုင်တဲ့ ကျင့်ကြံသူတွေလည်းရှိတယ်လို့ ငါ ကြားထားတယ်"

အခုချိန်တွင် လင်းယွင်ဂိုဏ်းသည် အလွန်ကျော်ကြားနေသည်။ ဂိုဏ်းချုပ်ကျန်းယီမင်ကြောင့်သာ မဟုတ်ဘဲ သူ့တပည့်များရဲ့တိုးတက်မှုကို လူတိုင်းမျက်မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ လင်းယွင်ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုအဖြစ်မကြီးထွားလာခင် အခွင့်ကောင်းယူပြီး အမြန်ဝင်ရောက်ထားရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူတို့ရနိုင်မည့် အကျိုးကျေးဇူးများမှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သည်။

"ကျွတ်၊ တကယ်လို့ ဆေးဖော်စပ်နိုင်တဲ့ကျင့်ကြံသူတွေ ဒါမှမဟုတ် လက်နက်လုပ်နိုင်တဲ့သူတွေ ငါတို့ဆီရောက်လာတယ်ဆိုရင် မဆိုးလှဘူး ဟုတ်တယ်မဟုတ်လား" ယဲ့ယွမ်ဖန်က ပြောလိုက်သည်။

ရွေးချယ်စရာ များလွန်းသဖြင့် အခက်တွေ့ရခြင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဒီနေ့ဘယ်လိုဖြစ်သွားမလဲ ကြည့်ကြတာပေါ့။ အရည်အချင်းရှိတဲ့သူတွေရှိရင် သူတို့ကိုလက်ခံထားလိုက်ပြီး ဆရာပြန်လာတဲ့အခါ ဆုံးဖြတ်ခိုင်းတာပေါ့"

လင်းယွင်ဂိုဏ်းသားများက ခေါင်းညိတ်လိုက်ကြပြီး ဆက်ကျင့်ကြံလိုက်ကြသည်။

.......

ရွေးချယ်ပွဲ မကြာမီစတင်တော့မည်။ အချိန်ကျရောက်လာခဲ့သည်။ ဂူလင်းဖေးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးလင်းယွင်ဂိုဏ်းတံခါးမကြီးကို ဖွင့်လိုက်သည်။

"ဝိုး....."

ဂိုဏ်းရှေ့တွင် လူများဖြင့်ပြည့်ကျပ်နေသည်။

"စီနီယာအစ်ကို... စီနီယာအစ်ကို... ကျွန်တော် သိတယ်... ခင်ဗျားက စီနီယာအစ်ကိုဂူလင်းဖေးပဲ..."

"စီနီယာအစ်ကို၊ ကျွန်တော့်ကိုကြည့်ပါဦး... ကျွန်တော် ဈေးကွက်ထဲကဝိုင်ကောင်းတွေ အမျိုးအစားစုံ တစ်ပုလင်းစီ ယူလာခဲ့ပါတယ်..."

"စီနီယာအစ်မဟွမ်းကို တွေ့ခွင့်ရပြီ... ဘုရားရေ... ဒါ လင်းယွင်ဂိုဏ်းလား...."

"လင်းယွင်ဂိုဏ်းထဲ ခြေတောင်မချရသေးဘူး၊ အထဲက အဆုံးမဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို ခံစားမိနေပြီ..."

ဂူလင်းဖေးသည် သူထင်ထားသည်ထက် လူပိုများနေသဖြင့် အနည်းငယ်ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ခင်ဗျားတို့ ပစ္စည်းတွေအကုန်ပြန်ယူသွားပါ။ လာဘ်ထိုးပြီးဝင်ချင်တဲ့သူတွေ ကျေးဇူးပြုပြီးထွက်သွားကြပါ"

လက်ဆောင်ပေးခြင်းက အသုံးမဝင်ကြောင်းမြင်သောအခါ လူတိုင်းကလိမ္မာပါးနပ်စွာပင် လက်ထဲမှ လက်ဆောင်ထုပ်များကို သိမ်းလိုက်ကြပြီး တပြိုင်နက်ထဲ အကုန်တိတ်ဆိတ်သွားကြသည်။

"ကောင်းပြီ၊ အရင်ဝင်လာခဲ့ကြ။ ရပ်စရာနေရာ မရှိရင် ခဏလောက်စောင့်ကြပါ" ဂူလင်းဖေးက ခေါင်းညိတ်ပြီး အားလုံးကိုဝင်ခွင့်ပြုလိုက်သည်။

"ဝိုး...၊ စီနီယာအစ်ကို၊ ရှင် ဘာလို့ရွေးချယ်ပွဲ အချိန်ကို ညဘက်ကြီး သတ်မှတ်လိုက်ရတာလဲ... ကြည့်ပါဦး... ဒီလောက် လူအုပ်ကြီးနဲ့ဆို တပည့်ရွေးချယ်ပွဲက ဘယ်တော့မှပြီးတော့မှာလဲ..."

"ညဘက်ဆိုရင် လေ့ကျင့်ရေးကွင်းမှာပိုမိုက်မယ်လို့ ငါထင်လို့လေ... ဒီလောက် လူအများကြီးရောက်လာလိမ့်မယ်လို့ ငါလည်းမထင်ထားဘူးလေ..."

တခြားတစ်ဖက်တွင်မူ အဘိုးလင်းသည် သူတို့အနောက်တွင် ရပ်နေရင်းပြုံးဖြီးနေသည်။

"နံပါတ် ၁..."

ထိုသို့ ခေါ်လိုက်သည်နှင့် တောင့်တင်းသန်မာတဲ့ အမျိုးသားတစ်ဦးက ကွင်းထဲသို့ခုန်ဝင်လာသည်။ ဟွမ်းချောင်ယုသည် ခေါင်းကိုပင်မမော့ကြည့်ဘဲ စွမ်းအင်လှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

"ဖြောင်း...."

စွမ်းအင်လှိုင်းက သူ့ရှေ့ကိုရောက်သွားတဲ့အခါ ထိုအမျိုးသားက ချက်ချင်းမြေကြီးပေါ်ကို လဲကျသွားသည်။ ဟွမ်းချောင်ယုက ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"ကျစ်....၊ စီနီယာအစ်ကို၊ ဘယ်သူမဆို လာလို့ရတယ်လို့ ရှင်ပြောလိုက်တာများလား..."

ချီစုဆောင်းခြင်းအဆင့်ရှိတဲ့သူ ဘယ်သူမဆို သူမ ခုနကပစ်လွှတ်လိုက်တဲ့ စွမ်းအင်လှိုင်းကို အလွယ်တကူ ခံနိုင်ရည်ရှိကြသည်။

"ကြည့်ရတာ ဒီလူက စိတ်ဝိညာဥ်စွမ်းအင်လည်ပတ်ပုံကိုတောင် နားမလည်ဘူးထင်တယ်...."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... ငါကအဲဒီလောက် မဆင်မခြင်လုပ်တတ်တဲ့သူလားကွ... သေချာပေါက် ငါစည်းကမ်းချက်တွေ သတ်မှတ်ထားတာပေါ့၊ ဒါပေမဲ့..." ဂူလင်းဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ ငါ အဆင့်သတ်မှတ်ချက်မထားခဲ့မိဘူး။ ဘာပဲပြောပြော တချို့လူတွေကပါရမီရှိပေမဲ့ သူတို့ကိုယ်သူတို့ ရှာမတွေ့သေးတာလည်း ဖြစ်နိုင်တာပဲလေ..."

သူ့စကားက အတော်လေး မှန်ကန်သည်လို့ ဆိုနိုင်သည်။ ရှန့်ကွမ်းချင်းယန်သည် ဥပမာကောင်းတစ်ခုအနေဖြင့် ဒီနေရာတွင် ရှိနေသည် မဟုတ်ပါလား.....။

"အင်း၊ ထားပါတော့...." ဟွမ်းချောင်ယု ခေါင်းခါလိုက်သည်။

"နောက်တစ်ယောက်..."

"နောက်တစ်ယောက်..."

တပည့်ရွေးချယ်ပွဲ စတင်ကတည်းက တစ်နာရီကျော် ကုန်ဆုံးသွားခဲ့သည်။

All Chapters