ပြန်မရောက်သေးတဲ့ ကျန်းယီမင်
Vol. 8 Ch. 98
လင်းယွင်ဂိုဏ်းရဲ့ အခုအကြိမ်တပည့်ရွေးချယ်ပွဲသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေရှိ လူတိုင်းအား သူတို့ဂိုဏ်းအင်အားကို မြှင့်တင်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
...........
ထိုအချိန်တွင် ကန်းလန်နယ်မြေရှိ ရှန့်ကွမ်းမိသားစုတွင်...
"လင်းယွင်ဂိုဏ်းက တပည့်တွေကို ကျယ်ကျယ်ပြန့်ပြန့်တောင် လက်ခံနေပြီပေါ့...." ရှန့်ကွမ်းလီ
မျက်နှာသည် တည်ကြည်လေးနက်နေသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိသားစုတွင် သူကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စရပ်များ အတော်လေး များပြားခဲ့သည်။ ယခုချိန်တွင် ထိုကိစ္စရပ်များပြီးစီးသွားပြီဖြစ်ရာ သူ့ရင်ထဲတွင်ရှိနေတဲ့ တစ်ခုတည်းသောကိစ္စမှာ ရှန့်ကွမ်းချင်းယန်ကိစ္စပင်ဖြစ်သည်။ စီမာကျန်းက မိသားစုသို့ ပြန်ရောက်လာစဉ်က အခြေအနေကို အကြမ်းဖျင်းအစီရင်ခံခဲ့သည်။ ရှန့်ကွမ်းချင်းယန်နှင့် ပတ်သက်တဲ့ကိစ္စသည် အမှန်တကယ်ပင် အနည်းငယ်ရှုပ်ထွေးလာခဲ့သည်။
"လင်းယွင်ဂိုဏ်းချုပ်၊ အော်... လင်းယွင်ဂိုဏ်းချုပ်....။ မင်းနဲ့ငါ ဘာရန်ငြိုးမှမရှိဘဲ ဘာလို့ငါ့ကို လာပြီးရန်စရတာလဲ..."
စီမာကျန်းပြောခဲ့သည့်အတိုင်း လင်းယွင်ဂိုဏ်းချုပ်သည် မွေးဖွားခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည့်တိုင် ရှန့်ကွမ်းမိသားစုသည် လင်းယွင်ဂိုဏ်းထက် သေချာပေါက် ပိုအင်အားကြီးမားသည်။ အရင်ကနှင့် နှိုင်းယှဉ်လျှင် ကိစ္စများကပိုရှုပ်ထွေးလာတာသာ ရှိသည်။ လက်ရှိတွင် ရှန့်ကွမ်းမိသားစုသည်လည်း ငြိမ်းချမ်းနေတာမဟုတ်ပေ။ မိသားစုခေါင်းဆောင်
ရာထူးကို အင်အားသုံးပြီးလုယူခဲ့သော သူ့လုပ်ရပ်သည် အတင်းအဖျင်းများစွာကို ဆွဲဆောင်ခဲ့သည်။
"သခင်ကြီး...." ယောက်ျားကြီးတစ်ယောက် ခန်းမထဲသို့ အပြေးအလွှားဝင်လာပြီး အတော်လေးပျာယာခတ်နေပုံရသည်။
"ဘာကိစ္စလဲ?"
ရှန့်ကွမ်းလီသည် ယနေ့အတော်လေး ပင်ပန်းနေပြီး သူ့လက်အောက်ငယ်သားတွေကို အသုံးမကျဘူးလို့ အော်ဟစ်ဆူပူရန်ပင် စိတ်မပါပေ။
"ကျွန်... ကျွန်တော် စုံစမ်းသိရတာက လင်းယွင်ဂိုဏ်းချုပ်က ဒီရက်ပိုင်းဂိုဏ်းမှာ မရှိပါဘူး..."
"ဘာ...."
ထိုစကားကို ကြားလိုက်ရတဲ့အခါ ရှန့်ကွမ်းလီသည် စားပွဲကို လက်ဖြင့်ရိုက်ချလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။
"ဘာလို့ဒီအကြောင်း ငါ့ကိုစောစောက မပြောတာလဲ....
"
'လင်းယွင်ဂိုဏ်းချုပ်က ဂိုဏ်းမှာမရှိဘူး... ဒါ အခွင့်အရေးကောင်းပဲ....'
"ကျွန်တော် အခုမှသိလိုက်ရတာပါ။ ဒီရက်ပိုင်း..."
အစေခံရဲ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများနဲ့ ပြည့်နှက်နေသည်။
"ဒီရက်ပိုင်း လင်းယွင်ဂိုဏ်းက အဆင့် ၅ အင်အားစုကနေ အဆင့် ၄ အင်အားစုကို အခုလေးတင်အဆင့်တက်သွားတာပါ။ သူတို့ရဲ့ဂိုဏ်းအဆင့်တက် စမ်းသပ်ပွဲတုန်းက လင်းယွင်ဂိုဏ်းချုပ်က ကိုယ်တိုင် ဝင်တိုက်တာမရှိပေမယ့် စင်အောက်ကနေ အချိန်တိုင်းစောင့်ကြည့်နေခဲ့တာပါ"
ဂိုဏ်းတစ်ခု အဆင့်တက်ပြီးနောက် ပုံမှန်အားဖြင့် ဂိုဏ်းချုပ်သည် တပည့်များလက်ခံခြင်းနှင့် စားသောက်ပွဲများကျင်းပခြင်းတို့ကို စီစဉ်လေ့ရှိသည်။ သို့သော် ကျန်းယီမင်သည် ဂိုဏ်းအဆင့်တက်ပြီး နောက်တစ်နေ့မနက်တွင်ပင် သူ့တပည့်ကိစ္စကို ဖြေရှင်းရန် ခရီးထွက်သွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။ မနေ့က လင်းယွင်ဂိုဏ်းလူသိရှင်ကြားတပည့်များ လက်ခံတဲ့ချိန်အထိ ကျန်းယီမင်ပုံရိပ်ကိုမမြင်ရသဖြင့် လင်းယွင်ဂိုဏ်းချုပ်က ဂိုဏ်းထဲတွင် မရှိလောက်ဘူးဟု သူတို့ခန့်မှန်းခဲ့ကြသည်။
"ဒီလိုကိစ္စမျိုး... ခွေးကောင်..." ဒါကိုကြားတော့ ရှန့်ကွမ်းလီ ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်သည်။
"အခု... မင်းတို့ဘာရပ်လုပ်နေကြတာလဲ... သွားပြီး ရှန့်ကွမ်းချင်းယန်ကို ငါ့ဆီပြန်ခေါ်လာခဲ့..."
"ဟုတ်ကဲ့... ဟုတ်ကဲ့" အစေခံတချို့က ဘာမှပြန်မပြောရဲဘဲ အမြန်ထွက်သွားကြသည်။
သူတို့သည် လင်းယွင်ဂိုဏ်းအကြောင်း သတင်းအချက်အလက်များကို စုဆောင်းနေခဲ့ကြသည်။
လင်းယွင်ဂိုဏ်းချုပ် မရှိသော်လည်း သူ့တပည့်များမှာ အတော်လေးခွန်အားကြီးကြသည်။ သူတို့က အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိကြသဖြင့် သူတို့ဘာသာ သွားရင်သေလမ်းရှာသလို ဖြစ်နေလိမ့်မည်။
"ဟူး... ငါတို့နဲ့အတူ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတချို့ ခေါ်သွားကြရအောင်။ ငါတကယ် ဘာလုပ်ရမှန်း မသိတော့ဘူး"
ရှန့်ကွမ်းလီဆီကနေ ထွက်လာပြီးနောက် အစေခံခေါင်းဆောင်က သက်ပြင်းချလိုက်သည်။ လင်းယွင်ဂိုဏ်းတပည့်များရဲ့ အခြေအနေနှင့်ပတ်သက်ပြီး အမှန်အတိုင်း မပြောရဲခဲ့ကြပေ။ အကယ်၍ မိသားစုခေါင်းဆောင်သာသိသွားပါက သူဒေါသထွက်ပြီး သူတို့အသက်များပါ ပျောက်ဆုံးသွားမှာကို စိုးရိမ်နေကြသည်။ တခြားသူများလည်း ခေါင်းညိတ်လိုက်ကြပြီး မိသားစုအတွင်းရှိအခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများကိုရှာဖွေရန် သူတို့ခေါင်းဆောင်နောက်သို့ လိုက်သွားကြသည်။
မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများကို ဖိတ်ခေါ်ရန် သူတို့ကအဆင့်မမီသေးသော်လည်း အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ခေါ်ဆောင်သွားနိုင်လျှင် ကိစ္စတွေပြီးရန် သေချာသလောက်ရှိနေသည်။ ထိုအဖွဲ့က ဆွေးနွေးပြီးတဲ့နောက် ထရပ်ကာတော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေသို့ ဦးတည်သွားလိုက်ကြသည်။ လမ်းခရီးတစ်လျှောက် တည်ငြိမ်အေးဆေးနေတဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှလွဲပြီး ကျန်တဲ့အမြုတေဖွဲ့စည်းခြင်းအဆင့်များမှာ စိုးရိမ်ပူပန်နေကြသည်။
"မင်းတို့က သိပ်သတ္တိနည်းတာပဲ..."
အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ယောက်က ကျန်တဲ့လူများတုန်လှုပ်နေတာကို မြင်သောအခါ လှောင်ပြောင်လိုက်ကြသည်။
"ခင်ဗျားတို့ ပြောသလိုပါပဲ။ တကယ်လို့ လင်းယွင်ဂိုဏ်းချုပ်သာ ဂိုဏ်းမှာရှိနေရင် ကျွန်တော်တို့နည်းနည်း ကြောက်မိမှာ"
အမြုတေဖွဲ့စည်းခြင်းအဆင့် အစေခံများက တုန်ယင်လျက် ခေါင်းမော့ကာပြောလိုက်သည်။
"ဟဲဟဲ... ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ဆရာ၊ ဆရာပြောတာ မှန်ပါတယ်..."
"မင်းတို့ရဲ့ သနားစရာကောင်းလိုက်တဲ့ပုံကို ကြည့်ပါဦး... မတိုက်ခင်ကတည်းက အရှုံးပေးနေကြတာလား... မင်းတို့ကရှန့်ကွမ်းမိသားစုကို တကယ် အရှက်ခွဲနေတာပဲ... အားလုံး ခေါင်းမော့ထားကြစမ်း..." အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲရှိတဲ့ တပည့်တချို့၊ ပြီးတော့ သူတို့ထဲမှာအခြေတည်စိတ်ဝိညာဥ်အဆင့်တစ်ယောက်တောင် မပါဘူး... သူတို့ ဘယ်လောက်ပဲ ပါရမီရှိပါစေ၊ ငါတို့ပေါင်းတိုက်လိုက်ရင် ငါတို့ကိုအနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ ဆရာ၊ ဆရာပြောတာ မှန်ပါတယ်..." အစေခံများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
........
နောက်တစ်နေ့ လင်းယွင်ဂိုဏ်း တပည့်ရွေးချယ်ပွဲပြီးဆုံးပြီးနောက် လူအများစုက လူစုကွဲသွားကြသည်။ တပည့်များကလည်း အညောင်းအညာ ဖြေလိုက်ကြသည်။ ဒီနေ့တွင် သူတို့တပည့်အသစ်သိပ်အများကြီး မရလိုက်ပေ။ လူအများကြီး လာခဲ့ကြသော်လည်း အားလုံးကသာမန်အဆင့်လောက်သာ ရှိကြသည်။ သူတို့ ဆရာက အရေအတွက်ထက် အရည်အသွေးကို လိုချင်တာဖြစ်လို့ ထိုအချက်က သူ့တပည့်တွေကို ခေါင်းကိုက်စေခဲ့သည်။
ဂူလင်းဖေး အကြောဆန့်ရင်း ပြောလိုက်သည်။ "ဟူး... ဆရာနဲ့ဂျူနီယာညီလေးက ဘာလို့ပြန်မရောက်လာသေးတာလဲ..."
"ဟုတ်ပါ့... သူတို့ ငါတို့ကိုတကယ် အကြာကြီးစောင့်ခိုင်းနေတာပဲ..."
ညရောက်လာတဲ့အခါ ကောင်းကင်မှအလင်းတန်းတချို့ ဆင်းသက်လာပြီး လူရိပ်တချို့ရောက်လာကာ လင်းယွင်ဂိုဏ်းတပည့်များရဲ့ ရှေ့ကလေ့ကျင့်ရေးကွင်းပြင်တွင် ရပ်လိုက်ကြသည်။
"ဝူး.... နောက်ဆုံးတော့.. ငါတို့ ပြီးသွားပြီ..."
ဂူလင်းဖေးစကားမဆုံးခင်မှာပင် ရှေ့ဆုံးမှလူက လက်ဝှေ့ယမ်းလိုက်ရာ သူ့ပါးရိုက်ချက်သည် ဂူလင်းဖေးမျက်နှာတည့်တည့်သို့ ရောက်လာလိုက်သည်။ ဂူလင်းဖေးသည် အစကတည်းက အတော်လေးကို ပင်ပန်းနေသဖြင့် အလျင်အမြန်ရှောင်တိမ်းလိုက်သော်လည်း စိတ်ဝိညာဉ်စွမ်းအားရဲ့ အရှိန်ကိုခံလိုက်ရသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ... လင်းယွင်ဂိုဏ်းမှာ ဘယ်လိုလုပ် မောက်မာပြီး ရန်လာရှာရဲရတာလဲ..."
လင်းယွင်ဂိုဏ်းတပည့်များ ဒေါသထွက်သွားကြသည်။ သူတို့တွေ တစ်ပြိုက်နက်ထဲ တိုက်လိုက်ကြသည်။
'ဒီလူတွေက လူကောင်းတွေ မဟုတ်တာ သေချာတယ်... သူတို့က စိန်ခေါ်ဖို့ လာတာပဲ...'
"ဟွန့်... ကြွက်စုတ်တွေ... မင်းတို့ရဲ့ရယ်စရာကောင်းတဲ့ အကွက်တွေကို သိမ်းထားလိုက်ဖို့ အကြံပေးချင်တယ်..." တစ်ဖက်လူခေါင်းဆောင်က တိုက်ခိုက်တာကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့... လာစမ်း..."
သူ့ရှေ့မှ လူထုတ်နေတဲ့အရှိန်အဝါအရ ထိုလူသည် အခြေတည်စိတ်ဝိညာဥ်အဆင့်တွင် ရှိနေလောက်ကြောင်း သူပြောနိုင်သည်။ သို့သော် သူသည် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနဲ့ အရင်က မတိုက်ခိုက်ဖူးခဲ့တာ မဟုတ်ပေ။ ပြဿနာရှာတဲ့လူရောက်လာမှတော့ သူတို့ကသာပြန်မတိုက်ဘဲ တစ်ဖက်လူကို ရန်စခွင့်ပေးလိုက်ရင် သတင်းပျံ့သွားတဲ့အခါ သူတို့ကရယ်စရာ ဖြစ်မနေလိမ့်မည်။
"ဂျူနီယာညီမလေး... ဂျူနီယာညီလေး... မင်းတို့ ဝင်ပါစရာမလိုဘူး... ဒီကောင်ကို ငါတစ်ယောက်တည်း ရှင်းလိုက်မယ်..."
ဂူလင်းဖေးခန္ဓာကိုယ်အတွင်း လည်ပတ်နေတဲ့ကျင့်စဉ်ကို အခြေခံကျင့်စဉ်တစ်ခုနှင့် တိုက်ခိုက်ရေးအမျိုးအစားကျင့်စဉ်တစ်ခုတို့က ပံ့ပိုးထားသည်။ ထို့အပြင် သူသည်အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေသည်။ ထို့ကြောင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကို စိန်ခေါ်ဖို့ဆိုတာ သူ့မှာခွန်အားမရှိတာ မဟုတ်တော့ပေ။
"အို... လင်းယွင်ဂိုဏ်းက ဘယ်လောက်တော်သလဲလို့ ငါတွေးနေတာ..." တစ်ဖက်လူက ရယ်မောလိုက်သည်။
"လက်စသတ်တော့ မင်းတို့ကမသိနားမလည်တဲ့ လူမိုက်တစ်သိုက်ပဲကိုး...."
"မရိုင်းနဲ့..."
ဟွမ်းချောင်ယုနှင့် ယဲ့ယွမ်ဖန်တို့သည် သည်းမခံနိုင်တော့ဘဲ တိုက်ပွဲထဲဝင်ပါလိုက်ကြသည်။ သူတို့တွေက အပြန်အလှန်တိုက်ခိုက်လိုက်သည့် ခဏတွင်ပင် ကျူးကျော်လာတဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူသည် လင်းယွင်ဂိုဏ်းတပည့်များကို ထူးချွန်တယ်လို့ သတ်မှတ်နိုင်သော်လည်း သူတို့ဆရာလောက်တော့ အစွမ်းမထက်ကြောင်း သိလိုက်သည်။ အနည်းဆုံးတော့ သူတို့ဆရာက အဆင့်ကွာခြားချက်ကို ကျင့်စဥ်တချို့နဲ့ ဖာထေးပေးနိုင်ခဲ့သည်။ ရှန့်ကွမ်းချင်းယန်သည် ခုနကသူ့ခြံဝန်းတွင် ရှိနေခဲ့သည်။ လေ့ကျင့်ရေးကွင်းပြင်မှ ဆူညံသံများကို ကြားလိုက်ရတဲ့အခါ သူကအမြန်ပြေးထွက်လာခဲ့သည်။
'ဒီလောက်ကျယ်တဲ့ဆူညံသံက ရိုးရှင်းတဲ့ လေ့ကျင့်ရင်းတိုက်တာ မဖြစ်နိုင်ဘူး...'