← Chapters

အဘိုးလင်းရဲ့ ခွန်အား

Vol. 8 Ch. 100

အဘိုးလင်းရဲ့ ခွန်အား

Vol. 8 Ch. 100

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... မင်းက မိစ္ဆာကျင့်စဥ်လေးတွေ နည်းနည်းလေးကျင့်ကြံထားရုံပါ..."

"ငါတို့နှစ်ယောက် ပေါင်းတိုက်တာကို မင်းအနိုင်ယူချင်ရင် ကြိုးစားကြည့်လိုက်လေ..."

ရှန့်ကွမ်းယင်နှင့် ရှန့်ကွမ်းဂျီတို့ လေထဲတွင် နေရာချင်းလဲလိုက်ကြသည်။ အဘိုးလင်း၏အရှိန်အဝါသည် တစ်ဖန်ပြန်မြင့်လာပြီး အရင်ကနှင့်မတူတော့ပေ။ ယခုအခါသူသည် မိစ္ဆာနတ်ဘုရားအလားဖြစ်နေပြီး သူ့အရှိန်အဝါတွင် ဖျက်ဆီးရေးစွမ်းအားအရိပ်အယောင်များ ပါဝင်နေသည်။

"လာစမ်း..."

သူတို့သုံးယောက်က ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။

"ကျစ်ကျစ်....၊ ဒီရက်ပိုင်း လင်းယွင်ဂိုဏ်းမှာ လုံးဝ အေးအေးဆေးဆေး မဖြစ်တော့ဘူး..."

"ဟုတ်တယ်၊ သူတို့ဂိုဏ်းချုပ်ရဲ့ခွန်အား ရုတ်တရက် မြင့်တက်လာပြီးကတည်းက လင်းယွင်ဂိုဏ်းအတွင်း တိုက်ပွဲတွေက ဘယ်တော့မှမရပ်တော့ဘူး..."

လင်းယွင်ဂိုဏ်းအတွင်း တိုက်ပွဲမှပေါက်ထွက်လာသော စိတ်ဝိညာဉ်စွမ်းအားကြောင့် လူအများအပြား ရပ်ပြီး ကြည့်နေကြသည်။ အဘိုးလင်းကျင့်ကြံထားသည်မှာ ရိုးရှင်းတဲ့စိတ်ဝိညာဉ်စွမ်းအား မဟုတ်ပေ။ ရှန့်ကွမ်းယင်နှင့် ရှန့်ကွမ်းဂျီတို့ ပေါ့ဆရဲခြင်း မရှိကြပေ။ သူတို့နှစ်ယောက်ပေါင်းပြီး ဓားအစီအရင်တစ်ခု ဖန်တီးလိုက်သည်။ညသို့သော် အစီအရင်ပုံဖော်လိုက်သည့် ခဏအတွင်းတွင်ပင် အဘိုးလင်းက ဖျက်ဆီးလိုက်သည်။

အဘိုးအိုလင်းရဲ့ အတွေးတစ်ချက်ဖြင့် မိစ္ဆာစွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် ဖြည်းညှင်းစွာပုံဖော်လာပြီး မိစ္ဆာရုပ်သေးများအဖြစ် ပြောင်းလဲသွားသည်။ မိစ္ဆာရုပ်သေးများသည် ရှန့်ကွမ်းနှစ်ယောက်ကို တိုက်ရိုက်တိုက်ခိုက်လိုက်တဲ့ အနက်ရောင်မြူခိုးများကို တစ်ပြိုင်နက်မှုတ်ထုတ်လိုက်ကြသည်။ သူတို့နှစ်ယောက်က ထိုမြူခိုးများကို ပိတ်ဆို့ထားနိုင်သရွေ့ ဤတိုက်ကွက်ကို ဖြေရှင်းနိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် သူတို့ခန္ဓာကိုယ်များက အနက်ရောင်မြူခိုးများနှင့်ထိတွေ့လိုက်တဲ့အခါ ပုရွက်ဆိတ်သန်းပေါင်းများစွာက သူတို့အရေပြားကို ကိုက်ဖြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ခန္ဓာကိုယ်ထဲက အဆိပ်ကို အတင်းအကျပ်ထုတ်မပစ်နိုင်မီ စုဝေးနေတဲ့စွမ်းအင်များသည် သူတို့မျက်စိရှေ့တွင် မြင့်မားတဲ့တံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် တံတိုင်းကြီးသည် သူတို့အပေါ် အရှိန်နဲ့ ပြိုကျလာသည်။

"ဘုန်း...."

သူတို့နှစ်ယောက်စလုံး လင်းယွင်ဂိုဏ်းတံခါးအပြင်ဘက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်ကို အရှိန်ပြင်းနဲ့ပြုတ်ကျသွားကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် အစေခံများအားလုံး ချေမှုန်းခံရရုံသာမက သူတို့ကိုယ်တိုင်လည်း လင်းယွင်ဂိုဏ်းက အဘိုးလင်းကို အသာစီးမရနိုင်ခဲ့ပေ။ အနက်ရောင်မြူခိုး ဝင်ရောက်ခဲ့တဲ့နေရာများမှ အဆိပ်သည် သူတို့အရိုးများထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာနေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှန့်ကွမ်းချင်းယန်ကိစ္စကို ဒီနေ့ ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း နားလည်လိုက်ကြသည်။ သူတို့နှစ်ယောက်လည်း အံကြိတ်ကာ အမြန် ထွက်ပြေးသွားကြသည်။ အရှိန်အဝါနှစ်ခုက ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားတာကို မြင်သောအခါ အဘိုးလင်းလည်း ကောင်းကင်မှနေ တဖြည်းဖြည်း ဆင်းလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာအရှိန်အဝါများကိုလည်း သူ့ခန္ဓာကိုယ်ထဲသို့ပြန်ရုပ်သိမ်းလိုက်သည်။ လင်းယွင်ဂိုဏ်းတပည့်များက သူတို့မြင်တွေ့လိုက်ရသည့်အရာကြောင့် တအံ့တသြ ဖြစ်သွားကြသည်။

"အ-အဘိုးလင်း... အဆင်ပြေရဲ့လား..."

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး... မင်းတို့အလုပ်သာ မင်းတို့လုပ်ကြ... ငါ့ကို ဂရုမစိုက်နဲ့..." အဘိုးလင်းက လက်ဝှေ့ယမ်းပြလိုက်သည်။

သူဒီလိုမျိုး အရှိန်အဝါမျိုးသုံးပြီးတိုက်ခဲ့ရတာ ကြာပြီဖြစ်ပေမယ့် ဒီနေ့တိုက်လိုက်ရတဲ့ရန်သူကလည်း မညံ့ပေ။ အကယ်၍ သူသာချိတ်ပိတ်ထားတဲ့ စွမ်းရည်များကိုအသုံးမပြုခဲ့လျှင် သူတို့ကိုအနိုင်ယူနိုင်မည့်ပုံ မပေါ်ပေ။ လင်းယွင်ဂိုဏ်းတပည့်များက စိုးရိမ်တကြီးဖြင့် သူ့ကိုဝိုင်းရံလိုက်ကြသည်။ ခုနကတိုက်ပွဲကြောင့် ဂိုဏ်းတစ်ခုလုံးကို သေသေချာချာ ကာကွယ်ပေးနိုင်သူမှာ သူတို့ဆရာတစ်ဦးတည်းသာ ရှိကြောင်း သူတို့အမှန်တကယ်ကို သဘောပေါက်လိုက်ကြသည်။

"ကျွန်တော့်မိသားစုမှာ မွေးဖွားခြင်းအဆင့် အကြီးအကဲတချို့ ရှိနေသေးတယ်။ တကယ်လို့ ဆရာသာ မြန်မြန်ပြန်မလာဘဲ သူတို့ထပ်ပြီးလာတိုက်ရင် တကယ်နောက်ကျသွားမှာ စိုးရိမ်မိတယ်"

ရှန့်ကွမ်းချင်းယန်၏မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများနဲ့ ပြည့်နှက်နေသည်။ ခုနကဖြစ်ခဲ့သောကိစ္စများကို သူတို့ဆရာဆီကို အသံဖြင့်သတင်းပို့လိုက်သည်။ သို့သော် အဲ့တာအပြင် သူတို့လက်ရှိတွင် ဘာမှမတတ်နိုင်ပေ။

"မင်းတို့ စိတ်ပူစရာမလိုပါဘူး" အဘိုးလင်းက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ရင်းပြောလိုက်သည်။

"ငါ့သခင်လည်းဖြစ်တဲ့ မင်းတို့ဆရာက အရည်းအချင်းအပြည့်နဲ့ တော်တယ်ကွ။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတွေ ရောက်လာရင်တောင် မင်းတို့ဆရာ မှာ နည်းလမ်းရှိတယ်..."

အဘိုးလင်းစကားကို ကြားသောအခါ တပည့်များလည်း အနည်းငယ်စိတ်သက်သာရာ ရသွားကြသည်။

"ကောင်းပြီ... ဒီကိစ္စကို စိတ်မပူကြနဲ့တော့၊ မင်းတို့အားလုံးသွားနားကြတော့... ငါ ဂိုဏ်းတံခါးကိုစောင့်ပေးထားမယ်"

..........

နောက်တစ်နေ့တွင် ပြီးခဲ့သည့်ညက ရုတ်တရက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် လင်းယွင်ဂိုဏ်းရဲ့ တပည့်ရွေးချယ်ပွဲ ရပ်ဆိုင်းသွားသည်။ လောလောဆယ်တွင် သူတို့ကပါရမီအသင့်အတင့်ရှိတဲ့ တပည့်အယောက်နှစ်ဆယ်ကို လက်ခံထားလိုက်သည်။ လေလွင့်ကျင့်ကြံသူလို့ပြောတဲ့ ယန်ရှန်ချင်းအပြင် ဆေးပညာရှင်နှစ်ယောက်လည်း ရှိသည်။ လင်းယွင်ဂိုဏ်းတွင် မနက်စောစောစီးစီး ဂူလင်းဖေးကကျင့်ကြံလိုသော်လည်း သူဘယ်လောက်ကြိုးစားပါစေ သူ့စိတ်က်ုတည်ငြိမ်အောင် မလုပ်နိုင်ပေ။

"ဆရာက ဒီနေ့ရောက်မယ်လို့ ပြောထားတာပဲ။ စီနီယာအစ်ကိုကြီး၊ သိပ်စိတ်ပူမနေပါနဲ့..."

ဒါကိုကြားလိုက်တော့ ဂူလင်းဖေးမျက်လုံးဖွင့်လိုက်ရာ ဘေးနားကယဲ့ယွမ်ဖန်ကို တွေ့လိုက်ရသည်။

"ဟူး... အဲ့တာတော့ ငါလည်းသိပါတယ်ကွာ... ဒါပေမဲ့ အခုဂိုဏ်းကိစ္စတွေက မပြီးသေးဘူး။ ငါသေသွားရင် ကိစ္စမရှိပေမယ့် ငါတို့ခက်ခက်ခဲခဲ တည်ထောင်ထားရတဲ့ ဂိုဏ်းက..." ထိုသို့ ပြောရင်း ဂူလင်းဖေးရဲ့အသံက တိုးဝင်သွားသည်။

"စီနီယာအစ်ကိုကြီး... အစ်ကိုကဘယ်လိုလုပ် ဒီလိုအတွေးမျိုး တွေးနိုင်ရတာလဲ... စိတ်ဓာတ်မကျပါနဲ့တော့၊ ဆရာပြန်ရောက်လာရင် ငါတို့ဆီမှာဂျူနီယာညီလေးအသစ်တွေ ထပ်တိုးလာတော့မှာ..."

"ဟားဟားဟား... ကောင်းပြီ၊ ဂျူနီယာညီလေး ပြောတာ မှန်တယ်..." ဂူလင်းဖေးက မျက်နှာကိုမော့လိုက်ပြီး ဂိုဏ်းထဲရှိတခြားသူများကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် လင်းယွင်ဂိုဏ်းမှာ သက်ဝင်လှုပ်ရှားမှုများနှင့် တက်ကြွမှုလည်း တိုးလာခဲ့သည်။ နောက်ထပ်လေးနာရီခန့်လောက် သေသေချောချာ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင်ရင်းနှီးကျွမ်းဝင်တဲ့ အရှိန်အဝါနှစ်ခုက ကောင်းကင်ကနေထွက်လာပြီး လေထုကိုဖြတ်သန်းလာလိုက်သည်။ ဂူလင်းဖေးက မျက်လုံးများပြူးကျယ်သွားသည်။

'ဒီရင်းနှီးကျွမ်းဝင်တဲ့ အရှိန်အဝါ... ဆရာနဲ့ ဂျူနီယာညီလေး.... သူတို့ နောက်ဆုံးတော့ပြန်ရောက်လာကြပြီ....'

ကျန်းယီမင်သည် အစီအရင်ထဲသို့ ဆင်းလာစဉ် သူ့မျက်နှာအမူအရာက အနည်းငယ်တည်ကြည်နေသည်။

"ဆရာ...."

ကျန်းယီမင်သည် ဂိုဏ်းထဲမှာရောက်နေတဲ့ လူသစ်များကိုမြင်ရသောအခါ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး၊ အားလုံးကပါရမီကောင်းတွေပဲ..."

သူက သူ့စိတ်ဝိညာဉ်စွမ်းအားဖြင့် သူတို့ကိုအကျဥ်းချုံး စမ်းသပ်လိုက်ပြီး ဂူလင်းဖေးကို ချီးကျူးတဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။ တုန်းမီရဲ့ မျက်လုံးများတွင်လည်း ပျော်ရွှင်မှုတချို့ကရှိနေပြီး သူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဒါဆို ကျွန်တော်လည်း စီနီယာအစ်ကို ဖြစ်ပြီလို့ ဆိုလိုတာလား..."

"မင်းတို့အသစ်ဖွဲ့တွေ နေ့တစ်နေ့ရွေးပြီး ဆရာ ကန်တော့ပွဲကျင်းပနိုင်တယ်"

သူ့တပည့်များသည် ဂိုဏ်းကိစ္စများကို အလွန်ဂရုစိုက်ကြကြောင်း ကျန်းယီမင်သိသည်။ ထို့ကြောင့် သူတို့ရှိနေသရွေ့ဂိုဏ်းကိစ္စများကို သူသိပ်ပြီးစဉ်းစားစရာ မလိုအပ်ပေ။ သူ့ရှေ့တွင် လုပ်စရာများစွာ ရှိနေသည်။ ပထမတစ်ခုမှာ တုန်းမီရဲ့ အရန်တာဝန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ရှန့်ကွမ်းမိသားစု ထပ်ကျူးကျော်လာခြင်းဖြစ်သည်။ တတိယတစ်ခုမှာ သူ့အဓိကတာဝန်ကိုပြီးအောင် လုပ်ရန်ဖြစ်သည်။ သူ့မှာ တကယ်ပဲ နားချိန်မရှိပေ။

"ဟူး... တစ်ခုပြီးမှတစ်ခု လုပ်ကြတာပေါ့..." ကျန်းယီမင်က လေကိုရှူသွင်းလိုက်သည်။

သူက ဂူလင်းဖေးနှင့် တခြားတပည့်များကို တပည့်သစ်များရဲ့ ကျင့်ကြံခြင်းအစပျိုးတာကို လောလောဆယ် စောင့်ကြည့်ခိုင်းလိုက်ပြီး သူက တုန်းမီနှင့်အတူ သူ့ခြံဝန်းသို့ ပြန်သွားလိုက်သည်။

"အခု ငါတို့လိုအပ်တာတွေရပြီဆိုတော့ ကျိန်စာဖျောက်ဖို့ နည်းလမ်းရှာရတော့မယ်" ကျန်းယီမင် ပြောရင်း ရှေးဟောင်းစာအုပ်တချို့ ထုတ်ယူလိုက်သည်။

"ငါ လမ်းတစ်လျှောက် ဒီစာအုပ်တချို့ကိုစုဆောင်းခဲ့တယ်၊ ဒီထဲမှာ သဲလွန်စများရှာတွေ့မလား ကြည့်ရအောင်"

တုန်းမီသည် ဇစ်မြစ်ရတနာပြားကို ထုတ်ယူလိုက်သည်။ဘရတနာပြားပေါ်ရှိ များပြားလှတဲ့ အစိတ်အပိုင်းများက စနစ်တကျပုံစံတစ်ခုအတိုင်း ဖြည်းညှင်းစွာလည်ပတ်နေသည်။

"ဖြေရှင်းနည်းက အထဲမှာ ရှိသင့်တယ်။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဇစ်မြစ်ရတနာပြားထဲ ထပ်ထည့်ကြည့်ပြီး ဘယ်လိုပြောင်းလဲသွားမလဲ ကြည့်ကြည့်ရအောင်"

တုန်းမီက ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ ရတနာပြားပေါ်ရှိ အစိတ်အပိုင်းများသည် တုန်းမီစဲ့အရှိန်အဝါကို ခံစားလိုက်ရသည့် ခဏအတွင်းတွင်ပင် သူတို့လည်ပတ်နေတာက အရင်ကကဲ့သို့ တည်ငြိမ်ခြင်းမရှိတော့ပေ။ လင်းယွင်ဂိုဏ်းတစ်ခုလုံးရဲ့ ကံတရားစီးဆင်းတာလည်း စတင်ပြောင်းလဲလာသည်။

"မကြောက်နဲ့ တုန်းမီ..."

တုန်းမီမျက်နှာပေါ်တွင် ကြောက်ရွံ့လာတာကို မြင်သောအခါ ကျန်းယီမင်က အမြန်ရှေ့တိုးသွားပြီး တုန်းမီကိုကာကွယ်ရန် သူ့စိတ်ဝိညာဉ်စွမ်းအားကို သုံးဖို့ပြင်ဆင်လိုက်သည်။ သို့သော် သူ့လှုပ်ရှားလိုက်တာက အလုပ်မဖြစ်ခဲ့ပေ။ တုန်းမီက ဇစ်မြစ်ရတနာပြားကို အသုံးပြုနေချိန်တွင် ဘယ်သူကမှ အနားကပ်လို့ မရနိုင်ပေ။

"ဟင်း... မမြင်ရတဲ့ကမ္ဘာမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေ ပေါ်လာပြီ။ ဇစ်မြစ်ရတနာပြားပြန်လည်စတင်သွားပြီ၊ ကံကြမ္မာပြောင်းလဲသွားပြီ..."

တုန်းမီသည် လေထဲတွင် သူ့ဘာသာသူရေရွတ်လိုက်သည်။ သူ့လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားပြောင်းလဲသွားသည်နှင့်အမျှ သူကမြေကြီးပေါ်ကနေ တဖြေးဖြေးချင်းစီ လွှင့်မျောလာသည်။ လင်းယွင်ဂိုဏ်းအထက်တွင် မရေမတွက်နိုင်တဲ့အခွင့်အလမ်းများနှင့် ကောင်းကင်စီးကြောင်းများက အဆက်မပြတ်ပြိုကွဲလာကာ ပြန်တည်ဆောက်နေကြသည်။

'တော်တယ်...'

တုန်းမီက သူ့အကူအညီမလိုတော့ပေ။

All Chapters