← Chapters

တိုက်ပွဲ

Vol. 8 Ch. 102

တိုက်ပွဲ

Vol. 8 Ch. 102

သူတို့ဆရာဒေါသထွက်သွားတာကို မြင်လိုက်ရသဖြင့် ဂူလင်းဖေးက မြန်မြန်ရောက်လာပြီး စာကိုဖတ်ကြည့်လိုက်သည်။

"အရှက်မရှိတဲ့ကောင်တွေ... ဆရာ... အချိန်မရှိတော့ဘူး... အခုပဲ သွားကြစို့..."

ကျန်းယီမင်က တုန်လှုပ်ကာငေးကြည့်နေသော ရှန့်ကွမ်းချင်းယန်ဘက်သို့ လှည့်ကာပြောလိုက်သည်။

"မကြောက်နဲ့ ချင်းယန်... အငြိုးဟောင်း၊ အငြိုးသစ် အားလုံးကိုဖြေရှင်းနိုင်အောင် ငါသေချာပေါက် ကူညီပေးမယ်... မင်းဦးလေးနာမည်က ရှန့်ကွမ်းလီမလား..."

ကျန်းယီမင်သည် သူ့အသက်ရှူနှုန်းကို တည်ငြိမ်အောင် အမြန်လုပ်လိုက်သည်။

'ဒါက ဗြောင်ကျကျရန်စလိုက်တာပဲ... ကောင်းပြီလေ... ရှန့်ကွမ်းမိသားစုဟုတ်လား... သူတို့ အချိန်ကိုက် ရောက်လာကြတာပဲ... သူ မွေးဖွားခြင်းအဆင့်သို့ ရောက်ခါစအချိန်လေးမှာမှ သူတို့ကဒီလို လာလုပ်ရဲကြတာပဲ...'

တပည့်များလည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေကြပြီး ရန်သူ့တံခါးဝသို့သွားရန် လက်သီးလက်မောင်းတန်းနေကြသည်။

"မဟုတ်ဘူး၊ ငါထင်တာက သူတို့အားလုံးကို သတ်ပစ်စရာ မလိုပါဘူး" ကျန်းယီမင်က သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောသည်။

"ရှန့်ကွမ်းချင်းယန်၊ မင်းက မိသားစုခေါင်းဆောင် ရာထူးကို ဆက်ခံရမယ့်သူလေ။ ဒီတစ်ခေါက်မင်းရဲ့ စီနီယာအစ်မနဲ့ ဂျုနီယာညီလေးကို ကယ်တင်ပြီးတာနဲ့ မိသားစုခေါင်းဆောင်အဖြစ် မင်းရဲ့ဂုဏ်ပုဒ်ကို ပြန်ရယူပေးမယ်..."

"မလုပ်ပါနဲ့... ဆရာ... သူတို့ ကျွန်တော့်ကိုစွန့်ပစ်ထားတာ ကြာပါပြီ၊ ကျွန်တော်လည်း သူတို့အပေါ် သံယောဇဉ်ကြိုးပြတ်တောက်ခဲ့တာ ကြာပြီ...." ရှန့်ကွမ်းချင်းယန်က လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။

အရင်က ရှန့်ကွမ်းမိသားစုမှစေလွှတ်လိုက်တဲ့ လူသတ်သမားများကို သူသတ်ခဲ့စဉ်က ထိုသို့ပြုလုပ်ခြင်းအတွက် မှားယွင်းတယ်လို့ သူတစ်ခါမျှမခံစားခဲ့ရဖူးပေ။ သူ အတိုင်းအဆမရှိတဲ့ ကျေနပ်မှုကြီးကိုသာ ခံစားခဲ့ရသည်။

"ဒါပေမဲ့ ကျွန်တော့်မိသားစုက အဆင့် ၃ မိသားစုဖြစ်နေတာပဲလေ။ ကျွန်တော်တို့ အနိုင်ယူပြီးရင် ကျွန်တော်တို့ဂိုဏ်းအကျိုးအတွက် အသုံးချလို့ရတယ်၊ ဒါကလည်း ရွေးချယ်မှုကောင်း တစ်ခုပဲ၊ ဆရာ..."

ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ အဲ့ဒါက ငါတွေးနေတဲ့အတိုင်းပဲ"

ထိုအချိန်တွင် အဝေးမှပုံရိပ်တချို့ ပျံသန်းလာပြီး ကျန်းယီမင် ရှေ့ကိုဆင်းလာကြသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ... ငါအခု စိတ်အခြေအနေသိပ်မကောင်းဘူးနော်။ ပြဿနာလာရှာတာဆိုရင်တော့ ငါရိုင်းတယ်လို့အပြစ်မဆိုနဲ့..."

သူ သေချာကြည့်လိုက်သည်။ နန်းတွင်းအကြံပေးအမတ်ကြီး ဟွမ်းထျန်ချီဖြစ်နေသည်။ သူ့ဘေးတွင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ သုံးယောက်လည်း ပါလာသည်။

"ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ရှောင်ယုက ခင်ဗျားရဲ့တပည့်ဖြစ်ပေမယ့် သူကတော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ ကျွန်တော်အပါအဝင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ လေးယောက်ရှိပါတယ်။ ခင်ဗျားရဲ့ မွေးဖွားခြင်းအဆင့်ခွန်အားကို မယှဉ်နိုင်ပေမယ့် ကူညီခွင့်ပြုပါ..." ဟွမ်းထျန်ချီက လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။

ဒီလူတွေရဲ့ရင်ထဲက စိုးရိမ်ပူပန်မှုက သူတို့ထက်မလျော့နည်းကြောင်း ကျန်းယီမင်နားလည်လိုက်သည်။

"သူတို့ ဂိုဏ်းကနေဘယ်တုန်းက ထွက်သွားကြတာလဲ..."

"စီနီယာအစ်မနဲ့ ဟိုဂျူနီယာညီလေးက ဒီမနက်ကမှ ဂိုဏ်းကနေထွက်သွားကြတာပါ။ သူတို့ပြောတာက လင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုနောက်တစ်ကြိမ် တည်ဆောက်ပြီး ညနေကျရင်ပြန်လာမယ်တဲ့။ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး..."

"ကိစ္စမရှိဘူး.. အခြေအနေက ဒီအထိရောက်လာမှတော့ နောင်တရနေလို့လည်းအပိုပဲ..."

ကျန်းယီမင်က အတွေးတစ်ချက်ဖြင့် အဘိုးလင်း သည် သူ့ရှေ့တွင်ပေါ်လာသည်။

"သခင်၊ စိတ်မပူပါနဲ့။ ကျွန်တော့်ခွန်အားနဲ့ဆိုရင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အနည်းငယ်ကို သေချာပေါက်ကိုင်တွယ်နိုင်ပါတယ်။ ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံခြင်းကိစ္စအတွက်ဆိုရင်တော့ ချီစုဆောင်းခြင်းအဆင့် တပည့်တချို့ကို သင်ကြားပေးဖို့ ကျွန်တော်လုံလောက်တာထက် ပိုပါတယ်"

ကျန်းယီမင်ရဲ့ စိုးရိမ်ပူပန်မှုကို သူသဘာဝကျစွာ နားလည်သည်။

"ကောင်းပြီ... ဒါဆို အဘိုးအိုလင်းကိုပဲ ဒုက္ခပေးရတော့မယ်..."

"လင်းဖေး၊ တုန်းမီ၊ ရှန့်ကွမ်း၊ မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့။ ယွမ်ဖန်၊ မင်း ဂိုဏ်းထဲမှာ ခဏနေခဲ့လိုက်..."

ယဲ့ယွမ်ဖန်က ခေါင်းညိတ်လိုက်သည်။ ဂူလင်းဖေးက အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်ပြီး တုန်းမီကလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။ ရှန့်ကွမ်းချင်းယန်အတွက်မူ သူပါသွားရမယ်ဆိုတာကို ပြောစရာပင်မလိုပေ။ ယဲ့ယွမ်ဖန်ကိုယ်တိုင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ခါစသာရှိသေးသဖြင့် ဂိုဏ်းထဲတွင် ကျန်နေခဲ့ခြင်းကအကောင်းဆုံးပင် ဖြစ်သည်။

"တစ်ရက်နီးပါးရှိသွားပြီ။ သူတို့ကန်းလန်နယ်မြေကို ရောက်နေလောက်ပြီလို့ ငါထင်တယ်။ လိုအပ်နိုင်မယ့် ဆေးလုံးတွေအကုန်ယူခဲ့ကြ... အချိန်မရှိတော့ဘူး... သွားကြစို့..."

ကျန်းယီမင် ခေါင်းညိတ်လိုက်ပြီး လူအနည်းငယ်ကို ခေါ်ဆောင်ကာ ရှန့်ကွမ်းမိသားစုရှိရာသို့ ဦးတည်ထွက်ခွာသွားသည်။

......

ကန်းလန်နယ်မြေ ရှိ ရှန့်ကွမ်းမိသားစုတွင်...

"မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့ခရီးစဉ်မှာ ရှန့်ကွမ်းချင်းယန်ကို ဖမ်းမလာနိုင်ခဲ့ပေမယ့်..." ရှန့်ကွမ်းဂျီနှင့် ရှန့်ကွမ်းယင်တို့သည် ရှန့်ကွမ်းလီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး သူတို့သည်လည်း အားနည်းသူများ မဟုတ်ကြပေ။

"လင်းယွင်ဂိုဏ်းက တကယ့်ကိုဝါးစားဖို့ ခက်ခဲတဲ့ အရိုးတစ်ချောင်း (ကိုင်တွယ်ရခက်တဲ့ ပြိုင်ဘက်) ဖြစ်နေတယ်၊ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာလဲ... ပြောစမ်းပါ ညီအစ်ကိုတို့..."

ရှန့်ကွမ်းလီသည် အစကအလွန်စိတ်ပျက်နေသော်လည်း သူတို့ရဲ့'ဒါပေမဲ့'ဆိုသည့်စကားကို ကြားလိုက်ရသောအခါ သူတို့လက်ဗလာနှင့် ပြန်လာတာ မဟုတ်မှန်း တန်းသိလိုက်သည်။

"လင်းယွင်ဂိုဏ်းက တပည့်နှစ်ယောက်ကို တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေကနေ ဖမ်းလာခဲ့တယ်"

သူတို့နှစ်ယောက်က လက်ဝှေ့ယမ်းလိုက်ရာ တခြားတစ်ယောက်က ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းကို ခန်းမထဲသို့ ခေါ်ဆောင်လာသည်။

"ကျွတ်၊ ဒီကောင်လေးက လင်းယွင်ဂိုဏ်းရဲ့ တပည့်သစ်ဖြစ်လောက်တယ်။ သူက နည်းနည်းမိုက်ရူးရဲဆန်ပေမယ့် အသက်ရှင်နေသေးတယ်"

သူက ယန်ရှန်ချင်းအကြောင်းပြောနေခြင်းဖြစ်သည်။

ယန်ရှန်ချင်းရဲ့ ခွန်အားသည် အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်တွင် ရှိသည်။ သူနှင့် ဟွမ်းချောင်ယုတို့က အစွမ်းကုန်ခုခံခဲ့သော်လည်း ကံဆိုးမိုးမှောင်ကျတာကို မရှောင်လွှဲနိုင်ခဲ့ကြပေ။ တကယ်တော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် အခြေတည်စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းသည်။

"နောက်ထပ်ဖမ်းလာတဲ့တစ်ယောက်ကတော့ သူပဲ။ ဒီကောင်မလေးက အတော်လေးစိတ်ဓာတ်မာတယ်" ရှန့်ကွမ်းယင်က လှောင်ပြောင်ရင်း ဟွမ်းချောင်ယုပါးစပ်မှ အဝတ်ကိုဆွဲထုတ်လိုက်သည်။

"ခွေးကောင်တွေ... ကြွက်စုတ်တွေ... ရှင်တို့က တကယ့်ယောက်ျားဆိုရင် ငါတို့ကိုကြိုးဖြေပေးလိုက်လေ... ဒီလိုမျိုးလုပ်တာ ရှင်တို့ကယောက်ျားရော ဟုတ်ရဲ့လား.. ငါအကြံပေးချင်တာက ရှင်တို့ရဲ့ ညီလေးတွေကိုသာ အမြန်ဆုံးဖြတ်ပစ်လိုက်တော့.... ရှင်တို့လိုခွေးကောင်တွေနဲ့ အရမ်းလိုက်ဖက်တဲ့ မိန်းမဆန်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်..."

ဟွမ်းချောင်ယုမျက်လုံးများက မီးတောက်နေသကဲ့သို့ ဖြစ်နေသည်။ ကံဆိုးစွာဖြင့် သူတို့ကသူမကိုလစိတ်ဝိညာဉ်စွမ်းအားဖိနှိပ်သည့်ဆေးကို အတင်းအကျပ်တိုက်ထားသဖြင့် သူမဘယ်လောက်ကြိုးစားပါစေ စိတ်ဝိညာဉ်စွမ်းအားကို လုံးဝအသုံးမပြုနိုင်ပေ။

"ပါးစပ်ပိတ်ထားစမ်း..." ရှန့်ကွမ်းလီက ထိုင်ခုံမှဆင်းလာပြီး ဟွမ်းချောင်ယုရဲ့မျက်နှာကို ပြင်းထန်စွာရိုက်ချလိုက်သည်။

"ဟွန့်... မိန်းကလေးတစ်ယောက်ကိုရိုက်တာလား... ဒါက ရှင်တို့ရဲ့လုပ်နိုင်စွမ်းလား..." ဟွမ်းချောင်ယုက သွေးတစ်လုပ်ထွေးထုတ်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ကျွတ်၊ ဒီကောင်မလေးကအရမ်းလှပေမယ့် ပါးစပ်ကြမ်းလိုက်တာ... ပိတ်ထားလိုက်တော့..." ရှန့်ကွမ်းဂျီက အဝတ်စကို ဟွမ်းချောင်ယုရဲ့ပါးစပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။

ထိုအချိန်တွင် စီမာကျန်း ခန်းမထဲကို ဝင်ရောက်လာသည်။

"မိသားစုခေါင်းဆောင်၊ ကျေးဇူးပြုပြီး စိတ်မလောပါနဲ့။ ကျွန်တော်ပြောစရာရှိပါတယ်။ လင်းယွင်ဂိုဏ်း ချုပ်က ကစားလို့ရမယ့်သူမဟုတ်ဘူး။ သူတို့ မကြာခင်ရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

ရှန့်ကွမ်းလီက သူ့နေရာက်ုပြန်သွားပြီး

"လာပါစေ...သူတို့ကို လာခိုင်းလိုက်... သူတို့ကသိပ်ခေါင်းမာနေမှတော့ ငါဒီမှာပဲစောင့်နေလိုက်မယ်..."

"ကျွန်တော် အကြံပေးချင်တာ တစ်ခုရှိပါသေးတယ်။ ကျွန်တော်တို့ လိုချင်တာကရှန့်ကွမ်းချင်းယန်ပါ။ ကျန်တဲ့လူတွေအတွက်တော့ လင်းယွင်ဂိုဏ်းနဲ့ သိပ်ပြီး ရန်ငြိုးဖွဲ့စရာမလိုပါဘူး" စီမာကျန်းက ပြောလိုက်သည်။

သူဆိုလိုသည်မှာ အရာရာကိုအစွန်းရောက်အောင် လုပ်စရာမလိုဘူးဆိုပြီး ဖြစ်သည်။ ရှန့်ကွမ်းလီက ခေါင်းညိတ်လိုက်သည်။ ထိုသို့ဆိုလျှင်ပင် ကိစ္စများကဒီအဆင့်ထိ ရောက်လာခဲ့ပြီဖြစ်၍ တိုက်ပွဲကြီးတစ်ခုဖြစ်လာတော့မည်မှာ သေချာသည်။

"ဟွန့်၊ ပြီးခဲ့တဲ့အကြိမ်တိုက်ပွဲတွေက လင်းယွင်ဂိုဏ်းမှာ ဖြစ်ခဲ့တာ။ အခုတိုက်ပွဲက ငါ့ရဲ့ရှန့်ကွမ်းမိသားစုဆီရောက်နေပြီဆိုတော့ သူတို့သဘောအတိုင်းဖြစ်ခွင့်ပေးရမလား... ဂိုဏ်းကာကွယ်ရေးအစီအရင် အသက်သွင်းပြီးပြီလား..."

"ဟုတ်ကဲ့၊ အစီအရင်ကိုအသက်သွင်းပြီးပါပြီ..." ခန်းမအပြင်ဘက်မှ လူတိုင်းက ပြိုင်တူပြောလိုက်ကြသည်။

"ဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... အဲ့ဒီအနှစ်မရှိတဲ့ သူတို့ဂိုဏ်းကာကွယ်ရေးအစီအရင်က ဘယ်လောက်သန်မာတယ်ဆိုတာ ငါဂရုမစိုက်ဘူး၊ အဲ့အစီအရင်ကြီးကို ဒီကိုသယ်လာလို့ရမလား...." ရှန့်ကွမ်းလီက ရယ်မောလိုက်သည်။

"ဒါပေမဲ့ ဒီတိုက်ပွဲပြီးရင် လင်းယွင်ဂိုဏ်းမှာ ဂိုဏ်းချုပ်ရှိတော့မှာမဟုတ်ဘူး၊ ဂိုဏ်းထဲကရတနာတွေကို ငါပဲယူလိုက်တာ ပိုကောင်းမယ်..."

မိသားစုက တံခါးပိတ်ကျင့်ကြံနေတဲ့ မိစ္ဆာအဘိုးကြီးများကို ထည့်မပြောနှင့်ဦး၊ ယခုတိုက်ပွဲတွင် ပါဝင်နိုင်သူများထဲတွင်ပင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်ရှိနေသည်။ ကျန်းယီမင်က ဘာမို့လို့သူ့ဆီက လူလာလုရဲတာလဲ...။ အကယ်၍ ကျန်းယီမင်သာ ရှန့်ကွမ်းချင်းယန်ကို တိုက်ခိုက်ခြင်းမရှိဘဲ လွှဲပြောင်းပေးမယ်ဆိုလျှင် သူတို့ကိုလွှတ်ပေးဖို့ စဉ်းစားကောင်း စဉ်းစားပေးမည်။

"ရှန့်ကွမ်းသူခိုးအဘိုးကြီး...."

ရှန့်ကွမ်းလီ အိပ်မက်မက်နေစဉ်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ကောင်းကင်ကိုထိုးဖောက်သွားသည်။

"မင်းက ငါ့တပည့်တွေကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်ရဲတာလဲ... ငါ့တပည့်တွေကို လက်ဖျားနဲ့ ထိရဲတဲ့အတွက် ဘာဖြစ်လာမလဲဆိုတာ ဒီနေ့မင်းကို သိစေရမယ်..."

'အော်... ကျန်းယီမင် ရောက်လာပြီလား..'

ရှန့်ကွမ်းလီက မျက်လုံးကို မှေးလိုက်သည်။

'လင်းယွင်ဂိုဏ်းမှာ စစ်မှန်တဲ့ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူ ရှိနေပြီလား... သူတို့ဂိုဏ်းမှာ ဘယ်လို မှော်ရတာနာမျိုး ရှိနေတာလဲ... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဒီလောက်မြန်မြန်တိုးတက်စေတာ ဘာများလဲ...'

"ဟားဟားဟား... ဒီကာကွယ်ရေးအစီအရင်ကို မင်းအရင်ဖောက်ထွက်နိုင်မလား ကြည့်ရအောင်..."

ရှန့်ကွမ်းမိသားစုအစီအရင်မှာ အကောင်းဆုံး ကာကွယ်ရေးအစီအရင်များထဲမှ တစ်ခုဖြစ်တဲ့ရေဆုတောင်းရှုပ်ထွေးခြင်းအစီအရင်ဖြစ်သည်။ သန်မာတဲ့ လင်းယွင်ဂိုဏ်းအစီအရင်နှင့် မယှဉ်နိုင်သော်လည်း သေချာပေါက်အထင်သေးလို့ မရပေ...။

All Chapters