← Chapters

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အပိုင်း ( 232 )

အန္တိမ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်၊ မသေမျိုးနတ်နဂါးသားရဲ ၃

“ ဒါက အင်မော်တယ် စွမ်းရည်လား? “ ရှုကျိုး၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သူသည် များစွာသော အင်မော်တယ် စွမ်းရည် အမျှင်တန်းများက သူ၏ဒဏ်ရာအား ကုသပေးနေသည်ကို သူခံစားမိနေခဲ့သည်။

အဆိုပါ စွမ်းရည်တည်ရှိနေသောကြောင့် မည်မျှပြင်းထန်သည့် ဒဏ်ရာများကို ရရှိခဲ့ပါစေ၊ ပြန်လည် သက်သာကောင်းမွန်လာနိုင်သည့် အခွင့်အရေး ရှိနေစဲပင် ဖြစ်သည်။

ထို့အပြင် သူ၏ မွေးရာပါ သားရဲစွမ်းရည်မှာလည်း မြင့်မားသော ကုသမှုစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ အင်မော်တယ်စွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏ အသက်ဓာတ်သည် ကြီးကြီးမားမား မြင့်တက်လာမည် ဖြစ်သည်။

၎င်းမှာ ချဲ့ကားပြောရာကျသည့်ပုံပေါ်နေသော်လည်း၊ အကယ်၍ သူက နာရီပေါင်းထောင်နှင့်ချီ၍ ဆက်တိုက်တိုက်ခိုက်နေမည်ဆိုလျှင်တောင်မှ သူသည် မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ။

“ မိုက်တယ်ဟေးးး “

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်သည် ကြီးမားသော အပြောင်းအလဲများကို မသယ်ဆောင်လာခဲ့သော်လည်း သူရရှိခဲ့သည့် စွမ်းရည်များသည် တစ်ကမ္ဘာလုံးရှိ လူများကိုပင် အံ့ဩတုန်လှုပ်သွားစေနိုင်သည်။

လူသားတို့ကြားတွင် ရှုကျိုးကဲ့သို့ ကွဲပြားသော စွမ်းရည်များများစားစား ပိုင်ဆိုင်ထားသည့် လူမရှိပေ။

…

“ ဒီနေ့အတွက် ထမင်းစစားတာပေါ့ကွာ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောပြောဆိုနေတော့သည်။

သူသည် နေ့စဥ်ကီလိုဂရမ် ၃၀၀ တိုးတက်လာခြင်းက သူ့ထံသို့ တိုးတက်မှုများမည်မျှ ယူဆောင်ပေးလာမလဲဆိုသည်ကို အလွန်သိချင်နေလျက်ရှိသည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဘက်၌

မသေမျိုးနတ်နဂါးသားရဲသည် ရွှေခြသေ့်ကြီး၏ အလောင်းနားသို့ ချဥ်းကပ်လာခဲ့သည်၊ အဆိုပါ ဒုတိယအဆင့်သားရဲကြီးကား ကုန်စင်သည်အထိ အပြည့်အဝ အစားမခံရသေးပေ။

“ ဂျွတ် “

မသေမျိုးနတ်နဂါးသားရဲသည် ရွှေခြသေ့်ကြီး၏ ပေါင်လုံးကို ကိုက်ကာ အရိုးကို ခဲနေတော့သည်။

“ ပလက် ပလက် “

မသေမျိုးနတ်နဂါးသားရဲသည် စတင်၍ အားရပါးရ စားသောက်နေတော့သည်။

…

အဆိုပါ စားသောက်မှုသည် ပုံမှန်ထပ် ပိုကြာနေခဲ့သည်။

တစ်နာရီကျော် ကုန်ဆုံးသွားခဲ့သည်။

“ အေ့ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် တစ်နေ့တာ စားသောက်မှုကို အပြီးသတ်လိုက်ပြီး၊ စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်နေတော့လေသည်။

ဝုန်း၊ ဝုန်း၊ ဝုန်းးး

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ပေါက်ပေါက်ဆုပ်များ ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်နေသည့် အသံများသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

၎င်း၏အရိုးများ၊ မရီဒန်များနှင့် အရေပြားတို့သည် စတင်၍ လှုပ်ခတ်လာခဲ့သည်။

ထိုအချိန်၌ မသေမျိုးနတ်နဂါးသားရဲ၏ ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးကဲ့သို့ ဖြည်းညှင်းစွာ ဖောင်းကားလာခဲ့ပြီး၊ အရေပြားတို့မှာလည်း ပွယောင်းလာခဲ့ကာ ကိုယ်တွင်းရှိ အသက်ဓာတ်မှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။

“ ဝေါင်းးးး “

မသေမျိုးနတ်နဂါးသားရဲကြီးသည် ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏တောင်ပံများကို ရုတ်တရက် ဖြန့်ကျက်လိုက်ရာ မီတာ၂၀အထိ ဖုံးလွှမ်းသွားခဲ့သည်။

၎င်းသည် အလွန်မြန်ဆန်စွာ ကြီးထွားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏အလေးချိန်မှာလည်း လိုက်ပါ၍ တိုးတက်လာခဲ့သည်။

ကီလိုဂရမ် ၅၁၀၀၊ ၅၂၀၀၊ ၅၃၀၀ ……

အဆုံး၌ ၎င်း၏အလေးချိန်သည် ၅၃၂၈.၅ကီလိုဂရမ်တွင် တည်ငြိမ်သွားခဲ့သည်။

…

ထိုအချိန်၌

ရှုကျိုးဘက်တွင် ကြမ်းတမ်းသော ချီ-သွေးစွမ်းအင်များ ပေါက်ထွက်လာခဲ့သည်၊ မကြုံစဖူး ပြင်းထန်နေခဲ့သည်။

ကြိုတင်ပြင်ဆင်ထားခဲ့သော ရှုကျိုးမှာပင် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။

အဆိုပါ ချီ-သွေးစွမ်းအား၏ အားကောင်းမှုသည် သူမျှော်မှန်းထားသည်ထပ် သာလွန်နေခဲ့သည်။

“ ဖိနှိပ်မယ် !! “

ရှုကျိုးသည် ယခင်ကကဲ့သို့ပင် ချီ-သွေးစွမ်းအင်များကို ဖိနှိပ်ရန် ကြိုးပမ်းနေတော့သည်။

သို့သော် ဤတစ်ကြိမ်တွင်ကား ယခင်ကကဲ့သို့ လွယ်ကူမနေတော့ပေ။

ဗွီ ဗွီ ဗွီ !!

သွေးကြောမှတ် ၁၂၀ ပေါ်ထွက်လာခဲ့ကာ စတင်၍ လည်ပတ်လာခဲ့သည်။

၎င်းတို့ထဲတွင် သူသည် သွေးကြောမှတ် ၁၁၀ကို အပြည့်အဝ ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ တစ်ခြား ၁၀ခုကမူ တစ်ဝက်ပိတ်ဆို့နေသည့် အခြေအနေတွင်သာ ရှိနေခဲ့သည်။

သူသည် သွေးကြောမှတ် ၁၂၀အထိ ရှာတွေ့ထားခဲ့ပြီးပြီဖြစ်သည်။

အတိတ်တစ်ချိန်က ချီ-သွေး စွမ်းအင်များ မြင့်တက်လာသည့် အချိန်တွင် သူသည် သွေးကြောမှတ် အသစ်များကို ရှာဖွေနိုင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်၌ ကွဲလွဲမှုတစ်ခု ရှိနေခဲ့သည်။

ချီ-သွေးစွမ်းအား မည်မျှပင် မြင့်တက်လာခဲ့ပါစေ၊ မည်သည့်သွေးကြောမှတ် အသစ်မှ မပေါ်လာခဲ့ပေ။

“ ချီးပဲ “

“ တကယ်လို့ ငါက သွေးကြောမှတ် အသစ်ကို မဖွင့်နိုင်ဘူးဆိုရင် ဒီစွမ်းအားတွေက ငါ့ကိုယ်ထဲမှာ ပေါက်ကွဲသွားလိမ့်မယ် “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဌာနမှူးပြောသလိုမျိုး သွေးကြောမှတ် ၁၂၀က အကန့်အသတ်တစ်ခုများ ဖြစ်နေတာလား? အထူးနည်းလမ်းတစ်ခုခုကို သုံးပြီးတော့ ရှာရမှာလား?

“ မယုံဘူးကွာ “ ရှုကျိုးသည် လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုနေတော့သည် “ ဒီလောက်များတဲ့ ချီ-သွေးစွမ်းအားတွေနဲ့ဆိုရင် သွေးကြောမှတ်တွေကို ရှာတွေ့ရမယ် “

ကီလိုဂရမ် ၃၀၀မှ ယူဆောင်လာခဲ့သည့် ချီ-သွေးစွမ်းအားက မည်မျှ ပြင်းထန်လိုက်သနည်း?

မည်သည့် သွေးကြောမှတ် အသစ်ကိုမှ မရှာဖွေနိုင်ဘူးဆိုသည်မှာ မဖြစ်သင့်သော ကိစ္စတစ်ခုဖြစ်သည်။

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ ချီ-သွေးစွမ်းအင်များက ဆက်၍ဖိနှိပ်နေတော့သည်။

၁၀မိနစ်

မိနစ် ၃၀

တစ်နာရီ

…

တစ်နာရီခွဲကုန်ဆုံးသွားခဲ့သည်။

“ ဝှစ် ~~ “

ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။

သူသည် ချီ-သွေးစွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သော်လည်း မည်သည့် သွေးကြောမှတ်ကိုမှ ထပ်မံ၍ ရှာမတွေ့ခဲ့ပေ။

၁၂၀ဟူသည့် ပမာဏမှာပင် တည်ငြိမ်နေစဲဖြစ်သည်။

ရှုကျိုး၏ခန္ဓာကိုယ်အနှံ့တွင် ထိုးဖောက်ခံလိုက်ရသည့် နာကျင်မှုတစ်ခု ခံစားနေခဲ့ရသည်။

“ ချီ-သွေးစွမ်းအားက ကြမ်းလွန်းတယ်၊ ငါကအဲ့တာကို မထုတ်လွှတ်နိုင်ခဲ့ဘူး “ ရှုကျိုး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခဲ့သည် “ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ ခန္ဓာကိုယ်ပေါက်ကွဲမှုကြောင့် ငါသေသွားနိုင်တယ် “

ဤအခြေအနေအား သူသည် အများဆုံးအနေဖြင့် နှစ်ရက်၊ သုံးရက်မျှသာ ထပ်ထိန်းထားနိုင်တော့မည် ဖြစ်သည်။

ကိုယ်ပွားမှာ နေ့စဥ်စားသောက်ပြီး ကီလိုဂရမ် ၃၀၀တိုးပွားခြင်းဖြင့် ချီ-သွေးစွမ်းအင်များ နေ့စဥ်ထောက်ပံ့ပေးလာမည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ သွေးကြောမှတ် အသစ်မဖွင့်နိုင်ဘူးဆိုပါက ချီ-သွေးစွမ်းအင်အားလုံးသည် သူ၏ခန္ဓာကိုယ်ထဲတွင်သာ စုစည်းနေတော့မည် ဖြစ်သည်။ ထို့နောက်၌ ပေါက်ကွဲခြင်းအဖြစ်သို့ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် အဆိုပါဖြစ်ရပ်ကို ရှောင်ရှားနိုင်ရန်အတွက် ဒုတိယအဆင့်သို့ အဆင့်တက်လိုက်ရန် ရွေးချယ်နိုင်ပေသည်။

သို့သော် သူသည် ထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒ မရှိပေ။

နတ်သိုင်းဌာနမှ လူများကပင် သွေးကြောမှတ် ၁၄၀၊ ၁၅၀ကျော်အထိ ဖွင့်လှစ်နိုင်ကြသည်၊ သူသည်လည်း ထိုကဲ့သို့ ပြုလုပ်မည် ဖြစ်သည်။

“ ကြည့်ရတာတော့ ဌာနမှူးဆီကို သွားရတော့မဲ့ပုံပဲ “ ရှုကျိုးမှ သက်ပြင်းချနေတော့သည်။

သူသည် ဖုန်းကို ထုတ်ယူကာ ရှန့်ဝမ်ချန်းထံသို့ စာပို့လိုက်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် မတ်တပ်ထရပ်ကာ အိမ်ထဲမှ ထွက်ခွာသွားတော့သည်။

…

အစစ်အမှန် သိုင်းပညာဌာနတွင် တစ်ကီလိုမီတာအထိ လွှမ်းခြုံထားသည့် အနက်ရောင်တာဝါကဲ့သို့သော အဆောက်အဦးများ တည်ရှိနေခဲ့သည်။

အဆိုပါ နယ်မြေသည် အစစ်အမှန် သိုင်းပညာဌာန၏ တားမြစ်နယ်မြေဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ယခင်ဌာနမှူးနှင့်သာ သက်ဆိုင်နေလျက်ရှိသည်။

ထိုအချိန်တွင် ရှုကျိုးသည် အဆိုပါနယ်မြေ၏ ဝင်ပေါက်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူ့အရှေ့ရှိ အကြီးအကဲနှစ်ဦးကို ငေးကြည့်နေခဲ့သည်။

“ ဌာနမှူး၊ အကြီးအကဲယွင် “ ရှုကျိုးသည် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

ရှန့်ဝမ်းချန်းသည် သူ့ကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းက သွေးကြောမှတ် ၁၂၀အထိ ကျင့်ကြံပြီးပြီလား? “

“ မရောက်သေးဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ဒါပင်မဲ့ ကျွန်တော်က သွေးကြောမှတ် ၁၂၀အထိ ရှာတွေ့ထားခဲ့ပြီးပြီ၊ သွေးကြောမှတ် အသစ်ကို ထပ်ရှာလို့မရတော့ဘူး “

ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် အကြည့်များ ဖလှယ်လိုက်ကြသည်။

အကြီးအကဲယွင်မှ စကားပြောလာခဲ့သည် “ ဒါဆိုရင် မင်းက သွေးကြောမှတ် ၁၂၀လုံးကို ဖွင့်ပြီးသွားတဲ့ အချိန်အထိ စောင့်ရမယ် “

ရှုကျိုးမှ ခေါင်းခါ၍ ပြောလိုက်သည် “ ကျွန်တော်က သွေးကြောမှတ် ၁၁၀ကျော်အထိ ကျင့်ကြံပြီးသွားပါပြီ၊ သွေးကြောမှတ် ၁၂၀ကို ရောက်ဖို့ဆိုတာက ရက်ပိုင်းလောက်ပဲ လိုပါတယ် “

အကြီးအကဲယွင်သည် တစ်ခဏခန့် မျက်မှောင်ကြုတ်သွားခဲ့ပြီးမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ တကယ်တော့ သွေးကြောမှတ်တွေကို အများကြီးလိုက်ဖွင့်နေဖို့ မလိုအပ်ပါဘူး၊ မင်းသွေးကြောမှတ် ၁၂၀ကို ဖွင့်ပြီးသွားရင် ဒုတိယအဆင့်ဆီ တန်းသွားလိုက်လို့ရတယ် “

ရှုကျိုးမှ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ ကျွန်တော်က သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ချင်တာပါ “

အကြီးအကဲယွင် ရယ်မောသွားတော့သည်။

သူသည် ရှ့န်ဝမ်ချန်းကို ကြည့်ကာ လှောင်ပြောင်နေသည့် လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ဘာသွေးကြောမှတ် လည်ပတ်မှုလဲ??? အဲ့တာက မရှိဘူး၊ နှစ်တွေ ဒီလောက်ကြာခဲ့တာတောင်မှ အစစ်အမှန် သိုင်းပညာဌာနက အဲ့တာကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး၊ ဒါကိုတောင် မင်းတို့အားလုံးက ဆက်လုပ်နေကြတုန်းပဲ “

…………………………………………………………………………………………………………………………..

အပိုင်း ( 233 )

အန္တိမ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်၊ မသေမျိုးနတ်နဂါးသားရဲ ၄

“ အရမ်းကောင်းတယ်၊ မင်းက တော်တော်ကြီးကို ယုံကြည်နေတာဆိုတော့ ကြိုးစားခွင့်ပေးလိုက်မယ် “

ထိုစကားနှင့်အတူ သူသည် အနောက်ဘက်ရှိ တံခါးကြီးကို ဖွင့်ရန် တစ်ဖက်သို့ လှည့်သွားခဲ့သည်။

“ မင်းက သူ့ကို ဘယ်စမ်းသပ်ခန်းစီ ခေါ်သွားဖို့ စီစဥ်ထားတာလဲ? “ အကြီးအကဲယွင်သည် တံခါးဖွင့်နေရင်းဖြင့် ရှန့်ဝမ်ချန်းကို မေးမြန်းလာခဲ့သည်။

ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားလိုက်ပြီးမှ ပြန်ဖြေလာခဲ့သည် “ နံပါတ် ၈နဲ့စကြတာပေါ့ “

“ နံပါတ် ၈လား? “ အကြီးအကဲယွင်မှ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ မင်းက ဒီကောင်လေးကို အထင်ကြီးလွန်းနေတာပဲ၊ သူက နံပါတ်၈ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ သူ့ကို နံပါတ် ၁၀ဆီပဲ ခေါ်သွားလိုက် “

ရှန့်ဝမ်ချန်းသည် မျက်မှောင်ကြုတ်သွားခဲ့ကာ ပြောလာခဲ့သည် “ ရှုကျိုးက သွေးကြောမှတ် ၁၂၀အထိ မဖွင့်ထားရသေးပင်မဲ့၊ နံပါတ် ၁၀ကတော့ တော်တော်ကြီးကိုနှေးတယ်၊ ကျွန်တော် စိုးရိမ်တာက ……… “

စမ်းသပ်ခန်းများသည် နံပါတ်၁မှ ၁၀အထိ ရှိသည်။ အဆင့်ပိုမြင့်လာသည့် အချိန်တိုင်းတွင် အကျိုးသက်ရောက်မှုက ပိုတိုးလာမည်ဖြစ်ကာ ကုန်ကျစားရိတ်မှာလည်း ပို၍ကြီးမားလာမည် ဖြစ်သည်။

နံပါတ်၁၀သည် အခြေခံအကျဆုံး စမ်းသပ်ခန်းဖြစ်ပြီး၊ သွေးကြောမှတ် ၁၂၀ကို ရောက်လုနီးပါးဖြစ်နေသည့် ရှုကျိုးအတွက် ၎င်းမှာ အကျိုးသက်ရောက်မှု မရှိသလောက်နီးပါးပင် ဖြစ်နေမည် ဖြစ်သည်။

သို့သော် အကြီးအကဲယွင်သည် အေးအေးလူလူ ပြောလာခဲ့သည် “ သူက ဘယ်လိုပါရမီရှင်ပဲ ဖြစ်နေပါစေ၊ နံပါတ် ၁၀က သူ့အတွက် လုံလောက်ပါတယ် “

“ ငါက သူ့ကို အထင်သေးနေတာ မဟုတ်ဘူး၊ ဒါပင်မဲ့ အဲ့အထဲမှာ ပါရမီရှင်ဘယ်လောက်တောင် အဆုံးသတ်သွားခဲ့ရလဲ? နံပါတ် ၁၀က သူ့ရဲ့အမြင့်ဆုံး ခံနိုင်ရည်အားပဲ “

အကြီးအကဲယွင်မှ ဆက်ပြောလာခဲ့သည် “ နံပါတ်၁၀မှာဆိုရင်တောင်မှ သူက အများဆုံးမှ ၁၀မိနစ်လောက်ပဲ နေပြီးတော့ ပြန်ထွက်လာရလိမ့်မယ် “

“ အဲ့လိုမှ မဟုတ်ဘဲ တကယ်လို့ သူ့အသက် ဆုံးရှုံးသွားရမယ်ဆိုရင် မင်းကို သတိမပေးခဲ့လို့ဆိုပြီး ငါ့ကို အပြစ်လာမတင်နဲ့ “

ကျွီ !!

တံခါးပွင့်သွားခဲ့သည်။

ရှန့်ဝမ်ချန်းသည် ခေါင်းတခါခါဖြစ်သွားခဲ့ပြီး၊ မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ရှုကျိုးကိုသာ အထဲသို့ ခေါ်သွားတော့သည်။

အထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်၌ အကြီးအကဲယွင် မလိုက်လာဘူးဆိုသည်ကို မြင်လိုက်ရသောအချိန်မှသာလျှင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

တစ်ချို့သော အကြောင်းပြချက်များကြောင့် အကြီးအကဲယွင်ကို မြင်ရခြင်းမှာ သူ့အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေလျက်ရှိသည်။

ထိုအချိန်တွင် ရှုကျိုးသည် ထိုအကြောင်းကို ဆက်တွေးမနေတော့ဘဲ ရှန့်ဝမ်ချန်းကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ ဌာနမှူး၊ ဒီနေရာကို တားမြစ်နယ်မြေအဖြစ် ဘာလို့ ချိတ်ပိတ်ထားရတာလဲဗျ? “

“ ဘာလို့လဲဆိုတော့ ဒီဟာက အရင်ဌာနမှူးရဲ့ သုတေသနဌာနမို့လို့ပဲ “ ရှန့်ဝမ်ချန်းမှ ပြန်ပြောလာခဲ့သည်။

“ အရင်ဌာနမှူးရဲ့ သုတေသနဌာနလား? “ ရှုကျိုးသည် ပို၍ ဇဝေဇဝါဖြစ်သွားတော့သည်။

ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ အကျဥ်းချုံး၍ ပြောလာခဲ့သည် “ အရင်ဌာနမှူးရဲ့ခေတ်တုန်းက အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေးနည်းလမ်းက အခုနဲ့ မတူဘူး “

“ ဥပမာအနေနဲ့ဆိုရင် ပထမအဆင့်အတွက် ငါတို့က ချီ-သွေးစွမ်းအားပေါက်ကွဲမှုကို အသုံးပြုတယ်၊ ဒါပင်မဲ့ အဲ့ဒီအချိန်တုန်းကကျတော့ အစစ်အမှန် သိုင်းပညာဌာနက အဲ့လိုမျိုး နာကျင်မှုကို ခံစားရတဲ့နည်းလမ်းမျိုး မလိုအပ်ခဲ့ဘူး “

“ အဲ့အချိန်တုန်းက အစစ်အမှန် သိုင်းပညာဌာနက သွေးကြောမှတ်တွေကို ဖွင့်လှစ်ဖို့အတွက် ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို သုံးခဲ့ကြတာ “

“ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားလား? “

“ ဟုတ်တယ်၊ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ရတနာတွေ အများကြီးရှိတယ်၊ သွေးကြောမှတ်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားရှိတယ်၊ ကလီစာငါးခုနဲ့ အဂ်ါခြောက်ခုမှာလည်း လျှို့ဝှက်စွမ်းအားတွေရှိတယ် “

“ အရင်ဌာနမှူးခေတ်က လူတွေရဲ့ နည်းလမ်းက ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို သုံးပြီးတော့ သွေးကြောမှတ်တွေကို အတင်းအကြပ် ဖွင့်ရတာ “

“ ဒီနည်းလမ်းက တကယ်ကို အကျိုးသက်ရောက်မှုရှိတယ်၊ ဘာလို့လဲဆိုတော့ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို တော်တော်ကိုအစွမ်းထက်လို့ပဲ။ အဲ့ဒီခေတ်တုန်းက အစစ်အမှန် သိုင်းပညာဌာနမှာ ရှိတဲ့ လူတိုင်းက သွေးကြောမှတ် ၁၄၀ကျော်အထိ ဖွင့်နိုင်ခဲ့တယ် “

ရှန့်ဝမ်ချန်း၏ မျက်လုံးများထဲတွင် လွမ်းဆွတ်နေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ အဲ့ဒီအချိန်က တကယ့်ရွှေခေတ်ပဲ။ အစစ်အမှန် သိုင်းပညာဌာနမှာ ပါရမီရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့တယ်၊ ပြီးတော့ အစွမ်းထက် စစ်သည်တော်တွေက ကွမ်ဟန်က တိုက်ပွဲကွင်းပြင်မှာ ပြိုင်ဘက်ကင်းခဲ့တယ် “

“ အဲ့ဒီအချိန်တုန်းကဆိုရင် ကမ္ဘာ့ကြယ်ဘက်ကနေ ငြိမ်းချမ်းရေးစာချုပ် ပို့ခဲ့ရတယ်၊ အဲ့တာကြောင့်ပဲ နောက်ပိုင်းကျတေ့ တစ်ချို့လူတွေက ကမ္ဘာ့ကြယ်နဲ့အတူ ယှဥ်တွဲနေထိုင်ချင်လာကြတယ် “

ရှုကျိုးမိန်းမောသွားတော့သည်၊ သူသည် အစစ်အမှန် သိုင်းပညာဌာနက အတော်လေးအားကောင်းခဲ့သည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ထိုမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

သို့သော် မကြာခင်မှာပင် ရှုကျိုးမှ မေးခွန်းထုတ်လာခဲ့သည် “ အဲ့တာဆိုရင် အစစ်အမှန် သိုင်းပညာဌာနက ဘယ်လိုလုပ် ကျဆုံးသွားရတာလဲဗျ? “

ရှန့်ဝမ်ချန်းသည် သက်ပြင်းချ၍ ပြောလာခဲ့သည် “ ဘာလို့လဲဆိုတော့ အဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့လူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အသေစောသွားကြလို့ပဲ “

ရှုကျိုးမှင်သက်သွားတော့သည် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတာလား?

“ စတုတ္ထအဆင့်အထက်က သိုင်းပညာရှင်တွေဆီမှာ သက်တမ်း ၂၀၀ရှိတယ်၊ သတ္တမအဆင့်က လူတွေဆီမှာတော့ နှစ် ၃၀၀ကျော်ရှိပြီးတော့ နဝမအဆင့်က လူတွေကတော့ အနည်းဆုံးအနေနဲ့ နှစ်၁ထောင်လောက် နေနိုင်ကြတယ် “

ရှန့်ဝမ်ချန်းသည် ယူကြုံးမရဖြစ်သွားခဲ့သည် “ ဒါပင်မဲ့ အဲ့ဒီမျိုးဆက်က လူတွေကတော့ နှစ်၅၀ထိတောင် မနေသွားခဲ့ရဘူး။ အငယ်ဆုံးတစ်ယောက်ဆိုရင် အသက်၂၀မပြည့်ခင်မှာပဲ သေသွားခဲ့တာ “

“ တိုက်ပွဲတွေမှာ သေခဲ့တာ မဟုတ်ဘဲ၊ အသက်စွမ်းအား ကုန်ခမ်းပြီးတော့ သေသွားကြတာ “

ရှုကျိုး၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်။

“ ဘယ်လိုလုပ်ပြီးတော့ အဲ့လိုဖြစ်သွားရတာလဲ? “

ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ အကြောင်းအရင်းအများကြီးရှိတယ်၊ အခြေခံကျတဲ့ အချက်တစ်ချက်ကတော့ အရင်ဌာနမှူးမျိုးဆက်ရဲ့ သွေးကြောမှတ် ဖွင့်တဲ့နည်းလမ်းဆီမှာ ရှိနေတယ် “

“ သူတို့တွေက ကလီစာငါးခုက လျှို့ဝှက်စွမ်းအားတွေကို ချေးယူခဲ့ကြတယ်၊ ဒါပင်မဲ့ အဲ့ဟာတွေအတွက် ပြန်ပြီးတော့ ပေးဆပ်ခဲ့ရတယ် “

“ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားတွေက အသက်စွမ်းအားနဲ့ ကြီးကြီးမားမားသက်ဆိုင်နေတယ်၊ နတ်သိုင်းဌာနက စတုတ္ထအဆင့်ကို ရောက်ခဲ့ပြီးတဲ့နောက်မှသာ ကလီစာငါးခုကို ကျင့်ကြံကြတာ၊ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို ဖွင့်ထုတ်လိုက်တာက နှစ်၂၀၀ဆိုတဲ့ အသက်စွမ်းအား ရေကာတာကြီးကို ချိုးဖျက်လိုက်တာပဲ “

“ ဒါပင်မဲ့ အရင်ဌာနမှူးရဲ့ လမ်းကြောင်းက ပထမအဆင့်မှာပဲ အဲ့ဒီကလီစာငါးခုရဲ့ လျှို့ဝျက်အားလုံးကို အတင်းအကြပ်ဆွဲထုတ်ဖို့အတွက် လိုအပ်တယ်၊ အဲ့လိုလုပ်လိုက်ရတဲ့ တန်ကြေးက သူတို့ အသက်တွေကို တိုသွားစေခဲ့တာပဲ “

“ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားတွေကို သုံးပြီးတော့ သွေးကြောမှတ်တွေကို ဖွင့်တာက သူတို့ရဲ့ အသက်စွမ်းအားတွေကို အများကြီး ကုန်သွားစေခဲ့တယ်၊ အဲ့ဒီမျိုးဆက်က စွမ်းအားအတွက် သူတို့အတွက်တွေကို ပေးခဲ့ရတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး နားလည်သွားခဲ့သည်။

ယခင်ဌာနမှူး၏ နည်းလမ်းသည် လူတစ်ဦး၏ အသက်ဓာတ်ကို စားသုံးခဲ့သည်။

အမြင့်ပိုင်းအဆင့်များသို့ ရောက်ခဲ့သော်လည်း၊ ပျက်စီးသွားခဲ့ပြီဖြစ်သော အခြေခံအုတ်မြစ်ကို ပြန်လည် တည်ဆောက်၍ မရပေ။

ရလဒ်ကား မျိုးဆက်များ တစ်ခုပြီးတစ်ခုကျဆုံးသွားခဲ့ရလေသည်။

ရှန့်ဝမ်ချန်းသည် အသာအယာ သက်ပြင်းချ၍ ပြောလာခဲ့သည် “ သူတို့က ရှေ့ဆောင်လမ်းပြသူတွေပဲ၊ အဲ့လမ်းကြောင်းကို မလျှောက်ခင်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မသိကြဘူး “

“ ဘယ်သူကမှ အဲ့လိုမျိုးရလဒ်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး “

ရှုကျိုး၏ စိတ်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်၊ ယခင်ဌာနမှူးရဲ့ မျိုးဆက်သည် ဦးဆောင်လမ်းဖောက်သွားပြီး၊ အစစ်အမှန် သိုင်းပညာဌာနအတွက် အုတ်မြစ်ချပေးခဲ့သည်။

သူတို့အားလုံး သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူတို့သည် အလေးစားခံရရန်အတွက် ထိုက်တန်လှပေသည်။

စကားပြောရင်းဆိုရင်းဖြင့် လူနှစ်ဦးသည် အနက်ရောင်တာဝါထဲသို့ လမ်းလျှောက်ဝင်လာကြသည်။

ဝင်လာပြီးသည့်နောက်၌ ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

အရှေ့ဘက်၌ ရောင်စုံဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

ထိုကောင်မလေး၏ အသားအရည်သည် အလွန်ဖြူစွတ်နေလျက်ရှိပြီး၊ နှင်းထပ်ပင် ပို၍ ဖြူဖွေးနေခဲ့သည်။

သူမသည် အသစ်ရောက်လာသည့် လူများကို အာရုံခံမိနေပုံရပြီး၊ သူမ၏ဦးခေါင်းလေးကိုမော့လာခဲ့ရာ သန့်စင်ကာ လက်ရာမြောက်သည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ တားမြစ်နယ်မြေမှာ လူတစ်ယောက်က ဘယ်လိုလုပ်ရှိနေရတာလဲ?

ကောင်မလေးမှ မတ်တပ်ထရပ်ကာ ပြောလာခဲ့သည် “ ရှင်တို့က ဘယ်စမ်းသပ်ခန်းကို သွားကြမှာလဲ? “

“ နံပါတ်၁၀ “ ဟုရှန့်ဝမ်ချန်းမှ ပြန်ဖြေလိုက်သည်။

ကောင်မလေးသည် ရှုကျိုးကို သိလိုစိတ်ဖြင့် ကြည့်ကာ စကားပြောလာခဲ့သည် “ နံပါတ် ၁၀က အနက်ရှိုင်းဆုံးအပိုင်းမှာရှိတယ်၊ အရည်အချင်း နိမ့်တဲ့ကျောင်းသူကျောင်းသားတွေက အဲ့မှာ နာရီဝက်ထပ် ပိုမနေသင့်ဘူး “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ရှုကျိုးကို ခေါ်သွားတော့သည်။

အဝေးသို့ရောက်လာခဲ့သောအခါတွင် ရှန့်ဝမ်းချန်းမှ ချိုချိုသာသာ ပြောလာခဲ့သည် “ သူမက အရင်ဌာနမှူးရဲ့ တပည့်ပဲ၊ နာမည်က ချန်တုန်းအာတဲ့ “

“ သူမဆုံးသွားခဲ့တာ တော်တော်ကြာနေပြီ၊ အခုမင်းမြင်နေရတာက သူမရဲ့ ဝိညာဥ်ခန္ဓာကိုယ်ပဲ “

“ ဝိညာဥ်ခန္ဓာလား? “

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

ရှန့်ဝမ်ချန်းသည် ထပ်မံ၍ မရှင်းပြလာတော့ဘဲ အရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။

ရှုကျိုးသည် အမြန်လိုက်သွားတော့သည်။

တစ်ခြားနေရာ၌ ချန်တုန်းအာသည် ရှန့်ဝမ်ချန်းတို့၏ ဦးတည်ချက်ကို ကြည့်နေခဲ့ပြီး၊ သူမ၏နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးပေါ်တွင် သိချင်နေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ နံပါတ်၁၀လား? “

“ အဲ့အခန်းကို မဖွင့်တာက အချိန်တော်တော်ကြာနေပြီလေ၊ အဲ့တာက အသုံးမဝင်တဲ့ စွမ်းရည်တွေအတွက်ပဲ သုံးတာ။ နည်းပြတွေက အရှုံးသမားကို လွှတ်လိုက်တာလား? အရှုံးသမားတွေကို နတ်သိုင်းဌာနဘက်ကို ပစ်လိုက်သင့်တာ မဟုတ်ဘူးလား? “

ချန်တုန်းအားသည် ရေရွတ်ပြောဆိုရင်းဖြင့် မတ်တပ်ထရပ်ကာ သူမ၏ကျောက်စိမ်းကဲ့သို့သော ခြေထောက်များကို မြေပြင်ပေါ်တွင် ချလိုက်ပြီး၊ ရှုကျိုးတို့ဘက်သို့ လွင့်မျောသွားတော့သည်။

သူမသည် အဆိုပါ အရှုံးသမားနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားနေသောကြောင့် အစစ်အမှန် သိုင်းပညာဌာနက သတိပြုမိသွားလဲဆိုသည်ကို သိချင်နေလျက်ရှိသည်။

………………………………………………………………………………………………………………………

အပိုင်း ( 234 )

ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား၊ အချုပ်အနှောင်များကို ချိုးဖျက်ခြင်း !!

ကော်ရစ်တာအတိုင်း လျှောက်လှမ်းလာခဲ့ကာ ရှေ့သို့ ဆက်သွားနေခဲ့သည်။

ကော်ရစ်တာ နှစ်ဖက်စလုံးရှိ မီတာ ၁၀၀တိုင်းတွင် ကျောက်တုံးတံခါးကြီးတစ်ချပ်စီ ရှိနေခဲ့သည်။

ကော်ရစ်တာ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ကြီးမားသော ကျောက်တုံးတံခါးကြီးတစ်ခုသည် တင်းကြပ်စွာ ပိတ်ဆို့နေလျက်ရှိပြီး၊ ၎င်း၏အပေါ်တွင် နံပါတ် ၁၀ဟု အမှတ်အသားပြုထားခဲ့သည်။

“ ဝုန်းးးး !! “

ရှန့်ဝမ်ချန်းမှ တံခါးကို ဆွဲဖွင့်လိုက်ရာ ကြာရှည်စွာ ပိတ်ဆို့ခံထားရသည့် လေထုများ တိုးထွက်လာခဲ့သည်။

ရှုကျိုးသည် ရှန့်ဝမ်ချန်းနောက်သို့ လိုက်ကာ အထဲသို့ ဝင်သွားတော့သည်။

ဗွီ !!

အဖြူရောင် မီးသီးများ အလိုအလျောက် ပွင့်လာခဲ့သည်။

ဓာတ်ခွဲခန်းအတွင်း၌ အမျိုးမျိုးသော ပစ္စည်းကိရိယာများဖြင့် ပြည့်နှက်နေခဲ့သည်။

အထင်ရှားဆုံး အရာမှာ အခန်း၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေသည့် အတွင်းကို ဖောက်မြင်နေရသည့် ကြီးမားသော ဖန်ပေါင်းချောင်တစ်ခုပင် ဖြစ်သည်။

၎င်း၏အတွင်းပိုင်း၌ ဖြူဖျော့ဖျော့ ခန္ဓာကိုယ်တစ်ခုသည် အပြာနုရောင် အရည်များထဲတွင် မျက်လုံးများ တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး နစ်မြုပ်နေခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည် “ အဲ့တာက …… “

“ ကမ္ဘာ့ကြယ်က လူသားလေ “ ဟုရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည်။

ရှုကျိုး၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်။

စမ်းသပ်ခန်းထဲမှာ လူတစ်ယောက် အစိမ်ခံထားရတာလားဟ?

သူသည် အနီးကပ် ကြည့်ရှုလိုက်ပြီး၊ ကမ္ဘာ့ကြယ်မှ လူက လူသားတို့နှင့် မည်သို့မျှ ကွဲပြားမနေဘူးဆိုသည်ကို သိသွားခဲ့သည်။

မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခု၊ ပါးစပ်တစ်ခုပင်

ဒုတ်၊ ဒုတ်၊ ဒုတ်

တိုးညှင်းသော နှလုံးခုန်သံတစ်ခု ပေါ်ထွက်နေခဲ့သည်။

ရှုကျိုး မှင်သက်သွားခဲ့ပြီး၊ ကျောချမ်းသွားခဲ့သည်၊ အဲ့လူရဲ့ နှလုံးက ခုန်နေသေးတာပဲ !!

“ စိတ်မပူနဲ့ “ ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ အဲ့လူ သေသွားတာက တော်တော်ကြီးကို ကြာနေပြီ။ ငါတို့ရဲ့ ပစ္စည်းတွေက သူ့ရဲ့ ကိုယ်တွင်းအဂ်ါတွေကို ဆက်လက်ရှင်သန်နိုင်အောင် ထိန်းသိမ်းပေးထားတယ် “

“ ကမ္ဘာ့ကြယ်က လူတွေရဲ့ ကိုယ်တွင်းအဂ်ါတွေက ပထမအဆင့်က လူတွေကို လျှို့ဝှက်စွမ်းအားဖွင့်ဖို့အတွက် ညွှန်ပြပေးနိုင်တယ် “

“ ကိုယ်တွင်းလျှို့ဝှက်စွမ်းအားကို ဖွင့်လိုက်တာနဲ့ သွေးကြောမှတ်တွေကို ဖွင့်ရတာက ပိုပြီးလွယ်သွားလိမ့်မယ် “

ရှုကျိုး အံ့ဩသွားခဲ့ပြီး၊ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ကိုယ်တွင်းအဂ်ါတွေရဲ့ လျှို့ဝှက်စွမ်းအားကို ဖွင့်တာက အသက်ဓာတ်ကို ဆုတ်လျော့သွားစေတယ် မဟုတ်ဘူးလား? “

ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည် “ အဲ့တာကြောင့်ပဲ သုံးလို့ရတဲ့ အချိန်က သိပ်မကြာတာလေ။ သွေးလှူသလိုပေါ့ကွာ၊ တစ်ခါတည်းနဲ့ အများကြီး လှူလိုက်လို့မရဘူး၊ ဒါပင်မဲ့ လအနည်းငယ်ကြာတဲ့ အချိန်တိုင်းမှာ တစ်ခေါက်စီလှူမယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိဘူး “

“ အခု မင်းက ဒီကိုရောက်ဖူးသွားပြီ၊ သက်သာသွားရင် ဒီကိုထပ်လာလိုက်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဒါကို ခဏခဏ လုပ်နေရမှာပဲ၊ ဒါပင်မဲ့ တစ်ခေါက်ချင်းစီတိုင်းမှာ နည်းနည်းပဲ ဖွင့်နိုင်မှာ “

“ တစ်ခါသုံးပြီးတဲ့နောက်မှာ ပြန်ကောင်းဖို့ အချိန်ဘယ်လောက်ယူရလဲဗျ? “ ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ရှန့်ဝမ်ချန်းမှ ပြန်ဖြေလာခဲ့သည် “ အနည်းဆုံး အနေနဲ့ လဝက်လောက်တော့ အချိန်ယူရလိမ့်မယ်၊ အဲ့ထပ်လည်း ပိုကြာနိုင်တယ်၊ လူအပေါ်ကို မူတည်တယ် “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

လဝက်တောင်လား?

တော်တော်ကြီးကို နှေးတာပဲ။

ပြီးတော့ ငါ့ရဲ့ချီ-သွေးစွမ်းအားက နေ့တိုင်းတိုးတက်နေမှာလေ။

လဝက်သာစောင့်ရမယ်ဆိုရင်တော့ ငါပေါက်ကွဲသွားမှာပဲ !!

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားပြီးမှ မေးမြန်းလိုက်သည် “ အချိန်အကန့်အသတ်ကရော ဘယ်လောက်လဲဗျ? ဆယ်မိနစ်လား? “

“ ဆယ်မိနစ်တောင် မလိုပါဘူး “ ရှန့်ဝမ်ချန်းမှ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလာခဲ့သည် “ မင်းရဲ့ ကိုယ်တွင်းအဂ်ါတွေဆီကနေ နာကျင်မှု ခံစားလာရပြီဆိုရင်၊ မင်းရဲ့ အကန့်အသတ်ကို ရောက်ပြီပဲ “

“ မင်းရဲ့ ကိုယ်တွင်းအဂ်ါတွေရဲ့ အခြေအနေကို တိုင်းတာနိုင်တဲ့ စစ်ဆေးရေး ကိရိယာတွေလည်း ဒီမှာရှိတယ် “

“ ဒါပေါ့ “ ရှန့်ဝမ်ချန်းသည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီလမ်းကြောင်းက အန္တရာယ်ရှိတယ်၊ အသက်ကိုတောင် စွန့်လွှတ်လိုက်ရနိုင်တယ်။ ငါက အန္တရာယ်တွေကို လျှော့ချပေးဖို့ပဲ တတ်နိုင်တယ် “

“ ဒီလမ်းကြောင်းကို လျှောက်၊ မလျှောက်ဆိုတာကတော့ မင်းသဘောပဲ “

သူသည် ဤနည်းလမ်းက ရှုကျိုးအား သွေးကြောမှတ်များ ဖွင့်လှစ်ပေးရာတွင် အကူအညီပေးနိုင်မည်လားဆိုသည်ကို မြင်တွေ့ချင်နေခဲ့သော်လည်း၊ အန္တရာယ်များ ပါဝင်နေသောကြောင့် ရှုကျိုးကို အတင်းအကြပ် တွန်းအားမပေးခဲ့ပေ။

ဤတစ်ကြိမ်တွင် ဤနေရာသို့ ရှုကျိုးကို ခေါ်လာရသည့် သူ၏ အဓိက ရည်ရွယ်ချက်မှာ အရင်ဌာနမှူး၏ တားမြစ်နယ်မြေနှင့် ကိုယ်တွင်းအဂ်ါတို့၏ လျှို့ဝှက်စွမ်းအားတို့အကြောင်းကို မိတ်ဆက်ပေးရန်ဖြစ်သည်။

၎င်းတို့သည် နောင်အနာဂတ်တွင် ရှုကျိုးအတွက် အကျိုးရှိလာလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် မည်သည့်တုံ့ပြန်မှုမှ ပြန်မပေးလိုက်ပေ။

တစ်ခဏခန့် တွေးတော စဥ်းစားနေခဲ့ပြီးသည့်နောက်မှပင် သူသည် အခိုင်အမာ ပြောလာခဲ့သည် “ ဌာနမှူး၊ စလိုက်ကြတာပေါ့ဗျာ “

သူ၏လုံခြုံဘေးကင်းရေးအတွက်ပင်ဖြစ်စေ၊ ပို၍သန်မာအားကောင်းလာရန်အတွက်ပင်ဖြစ်စေ၊ သူသည် ဤလမ်းကြောင်းကို လျှောက်ရမည် ဖြစ်သည်။

ရှန့်ဝမ်းချန်းသည် ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ အဲ့ဒီအခန်းကို တွေ့လား? နောက်ကျရင် မင်းက အဲ့မှာ ထိုင်နေလိုက်ရုံပဲ၊ ချီ-သွေးဖြည့်တဲ့ အချိန်တုန်းကလိုပါပဲ “

“ ကောင်းပြီလေ “

ရှန့်ဝမ်ချန်းသည် ရှေ့သို့တက်သွားပြီး၊ ပစ္စည်းကိရိယာများကို စမ်းသပ်စစ်ဆေးနေတော့သည်။

အသုံးမပြုသည်မှာ ကြာနေခဲ့ပြီဖြစ်သောကြောင့် ရှန့်ဝမ်ချန်းသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တစ်နာရီကျော်ကြာ အချိန်ယူခဲ့ရသည်။

“ ရှုကျိုး၊ အထဲကို ဝင်တော့ “ ဟုရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည်။

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ စမ်းသပ်ခန်းဆီသို့ ချက်ချင်းချဥ်းကပ်သွားတော့သည်။

ဝင်သွားပြီးသည့်နောက်တွင် တံခါးပိတ်သွားခဲ့သည်။

ရှုကျိုးသည် တင်ပျဥ်ခွေထိုင်လိုက်ပြီး၊ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ စက်များစတင်လည်ပတ်လာသည့် အသံကို ကြားသွားခဲ့သည်။

ဆွစ်ရှ် !!

အနီရောင်မြူမှုန်များ မြင့်တက်လာခဲ့ပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပင် စမ်းသပ်ခန်းတစ်ခုလုံးတွင် အနီရောင် အမှုန်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ရှုကျိုး၏ အာရုံများတွင်အနီရောင်မြူမှုန်များသည် ချွေးပေါက်များမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။

အဆိုပါ ခံစားချက်သည် ချီ-သွေးဖြည့်သွင်းချိန်က ရရှိခဲ့သည့် ခံစားမှုနှင့် ကွဲပြားနေခဲ့သည်။

ချီ-သွေးဖြည့်သွင်းခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို နာကျင်စေခဲ့သည်၊ သို့သော် ယခု၌ ရှုကျိုးသည် မည်သည့်ကိုယ်လက်မအီမသာဖြစ်မှုကိုမှ မခံစားခဲ့ရပေ။

အနီရောင်မြူမှုန်များက သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်နှင့်အမျှ သူသည် နွေးထွေးမှုကိုသာ ခံစားနေခဲ့ရပြီး၊ ပို၍ သက်တောင့်သက်တာရှိလာခဲ့သည်။

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ ၎င်းတို့ကို တိတ်တဆိတ် စုပ်ယူနေတော့သည်။

…

ရှုကျိုး စတင်လေ့ကျင့်နေသည့် အချိန်၌ အခန်းနံပါတ် ၁၀အပြင်ဘက်တွင် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

ရှန့်ဝမ်ချန်းသည် သူမကို ကြည့်လိုက်သည်၊ သို့သော် မည်သည့်စကားမှ မပြောလိုက်ပေ။

ချန်တုန်းအားသည် စမ်းသပ်ခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့ပြီး၊ ရှန့်ဝမ်ချန်း ချိန်ညှိထားသည့် ကိရိယာများကို ကြည့်ရှု စစ်ဆေးနေတော့သည်။

ရုတ်တရက်ဆိုသလိုပင် သူမသည် အံ့ဩတကြီးဖြင့် စကားပြောလာခဲ့သည် “ ပမာဏက ဒီလောက်တောင် နည်းတာလား? ဒီကျောင်းသားရဲ့ စွမ်းရည်က တော်တော်ကြီးကို ဆိုးရွားနေတာလား? “

“ မဟုတ်ဘူး၊ သူက အစစ်အမှန် သိုင်းပညာဌာနရဲ့ အထူးချွန်ဆုံး ကျောင်းသားပဲ “ ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလိုက်သည်။

“ အတော်ဆုံး ကျောင်းသားလား? “

ချန်တုန်းအာသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီနှစ် အစစ်အမှန် သိုင်းပညာဌာနက ဒီလိုအခြေအနေအထိတောင် ကျဆုံးလာခဲ့ပြီလား?

အထူးချွန်ဆုံးလူတွေက အခန်းနံပါတ်၁ကိုပဲ သွားသင့်တာလေ၊ အခန်းနံပါတ်၁၀ကို လာတယ်ဆိုတော့ ……

ဟိုအရင်တစ်ချိန်ကဆိုပါက သူမသည် ထိုကဲ့သို့သော လူများကို လှည့်ပင် မကြည့်ခဲ့ချေ၊ အခုက သူက ဌာနရဲ့ အတော်ဆုံး ကျောင်းသားဖြစ်လာတာလား?

အစစ်အမှန် သိုင်းပညာဌာနက ဘယ်အချိန်တုန်းက ဒီလောက်တောင် ကျဆုံးသွားခဲ့ရတာလဲ?

ရှန့်ဝမ်ချန်းမှ မရှင်းပြလိုက်ပေ။

အဆိုပါ ကောင်မလေးသည် သူမအသက်ရှိခဲ့စဥ် ယခင်ဌာနမှူး လက်ထက်မှ မှတ်ဉာဏ်များကိုသာ မှတ်မိနေမည် ဖြစ်သည်။

…………………………………………………………………………………………………………………………………….

All Chapters