အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အပိုင်း ( 235 )
ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား၊ အချုပ်အနှောင်များကို ချိုးဖျက်ခြင်း !! ၂
“ ထူးဆန်းတယ် “ ရှန့်ဝမ်ချန်းသည် တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ချန်တုန်းအာက အိပ်နေသင့်တာ မဟုတ်ဘူးမလား၊ ဘာလို့ သတိရှိနေရတာလဲ? “
တစ်ခါက အစစ်အမှန် သိုင်းပညာဌာနသည် ဆဌမအဆင့်မှ ပညာရှင်များအတွက် အထူးနည်းလမ်းများကို အသုံးပြုကာ ဝိညာဥ်ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးနိုင်သည့် နည်းလမ်းတစ်ခုကို တီထွင်ဖန်တီးနိုင်ခဲ့သည်။
အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဝိညာဥ်ခန္ဓာကိုယ်သည် ဆက်လက်၍ ရှင်သန်နိုင်ဦးမည်ဖြစ်သည်။
ကံဆိုးစွာဖြင့်ပင် အဆိုပါ လမ်းကြောင်းသည် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားခဲ့ရသည်။
ချန်တုန်းအာ၊ သူမခေတ်အခါက ပါရမီရှင်သည် ဝိညာဥ်ခန္ဓာရှင်သန်နိုင်ခဲ့သည့် လူအနည်းစုထဲမှ တစ်ဦးဖြစ်သည်။
သူမသည် သူမ၏အချိန်အများစုအား သတိမေ့မြောနေသော (သို့) အိပ်ပျော်နေသည့် အချိန်မျိုးတွင်သာ ရှိနေတတ်သည်၊ ဤကဲ့သို့ တက်တက်ကြွကြွဖြစ်နေသည်မှာ ရှားပါးလွန်းလှသည်။
ချန်တုန်းအာသည် ရှန့်ဝမ်ချန်း၏ အတွေးများကို သတိမပြုမိပေ။
ထိုအချိန်တွင် သူမသည် စမ်းသပ်ခန်းထဲတွင်ရှိနေသည့် ရှုကျိုးအား သိလိုစိတ်များဖြင့် ပြည့်နှက်နေသည့် သူမ၏ လှပသော မျက်လုံးလေးများဖြင့် ငေးကြည့်နေခဲ့သည်။
“ အခန်းနံပါတ် ၁၀ရဲ့ အနိမ့်ဆုံး စံချိန်က မိနစ်၂၀ပဲ၊ ဒီကျောင်းသားက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာကို ငါသိချင်မိတယ် “
ချန်တုန်းအာသည် ရှန့်ဝမ်ချန်းကို ဖျတ်ခနဲကြည့်ကာ ရေရွတ်ပြောဆိုနေသည် “ သူကတော့ အဲ့လူက ဌာနမှာ အထူးချွန်ဆုံး လူလို့ပြောတယ်၊ မိနစ်၂၀လောက်တော့ ခံနိုင်လောက်မှာပါ “
…
စမ်းသပ်ခန်းအတွင်း၌
ရှုကျိုးသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ သူ၏ချွေးပေါက်များမှ ဝင်ရောက်လာသည့် အနီရောင်အမှုန်များကို လောဘတကြီး စုပ်ယူနေလျက်ရှိသည်။
သူသည် အဆိုပါ အမှုန်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ကလီစာငါးခုဆီသို့ အပြေးအလွှား တိုးဝင်သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
အနီရောင်အမှုန်များသည် ကြမ်းတမ်းသော အားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကလီစာငါးခု၏ အတားအဆီးများကို အရူးအမူး ချိုးဖျက်နေတော့သည်။
အချိန်တစ်ခုကြာခဲ့ပြီးသည့်နောက်၌ ကလီစာငါးခုပွင့်ထွက်လာခဲ့သည်။
ရှုကျိုးသည် သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှ ထွက်ပေါ်လာသည့် ဘမ်း၊ ဘမ်း၊ ဘမ်းဟူသော အသံများကိုပင် ကြားနေခဲ့ရသည်။
အဆုံး၌ တံခါးပေါက်တစ်ခု ပွင့်ထွက်သွားသကဲ့သို့ပင်
ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ရေစီးကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် သူ၏ ခြေလက်များနှင့် အရိုးများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
“ ဒါက ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားလား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။
သူသည် သူ၏နှလုံးတွင် တံခါးပေါက်တစ်ခု အနည်းငယ်မျှ ပွင့်လာသည်ဟု ယောင်ဝါးဝါး ခံစားမိနေခဲ့သည်။
ရှုကျိုးသည် များစွာတွေးတောမနေဘဲ၊ အဆိုပါ လျှို့ဝှက်စွမ်းအားကို ထိန်းချုပ်ကာ သူ၏ခြေလက်များနှင့် အရိုးများကို တိုက်ခိုက်နေတော့သည်။
ဤကာလအတွင်း၌ ရှုကျိုးသည် မည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရပေ၊ ထို့အစား ၎င်းသည် ရေပူစမ်းတွင် စိမ်နေရသကဲ့သို့ အံ့ဩဖွယ်ကောင်းလောက်အောင် နွေးထွေးနေခဲ့သည်။
“ ဒီလျှို့ဝှက်စွမ်းအားက ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အများကြီး အကျိုးပြုတာပဲဟ “ ရှုကျိုး မှင်သက်သွားတော့သည်။
သို့သော် သူသည် ၎င်းကို အရသာခံနေရန်အတွက် အချိန်မရသည့်အတွက်၊ အဆိုပါ လျှို့ဝှက်စွမ်းအားကို ထိန်းချုပ်ကာ သွေးကြောမှတ် ရှာဖွေရန် ကြိုးပမ်းနေတော့သည်။
တစ်ခဏခန့်ကြာခဲ့ပြီးသည့်နောက်
ရှုကျိုး၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့သည်။
ညအမှောင်တွင်ပေါ်လာသည့် ဖျော့တော့သော ကြယ်အလင်းရောင်တစ်ခုသည် တလက်လက်တောက်ပလာခဲ့သည်။
ထို့နောက်၌ ရှုကျိုးခန္ဓာကိုယ်အတွင်းပိုင်းတွင် ရှိနေသည့် အဆိုပါ အလင်းတန်းသည် သာမန်မျက်လုံးများဖြင့် မြင်တွေ့ရသည်အထိ ထင်ရှားလာခဲ့သည်။
“ ပေါ်လာပြီ !! “ ရှုကျိုးသည် ပျော်ရွှင်နေသည့် အမူအရာမျိုးဖြင့် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
သူခန္ဓာကိုယ်ထဲတွင် ၁၂၁ခုမြောက် သွေးကြောမှတ် ပေါ်လာခဲ့ပြီဖြစ်သည်။
“ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားက သွေးကြောမှတ် ဖွင့်တာကို တကယ်ကြီး ကူညီပေးနိုင်တာပဲ “
၎င်းမှာ အဆိုပါ နည်းလမ်းက အမှန်တကယ် အကျိုးသက်ရောက်မှု ရှိနေသည်ဟု ဖော်ပြနေခြင်းပင်ဖြစ်သည်။
အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူသည် သွေးကြောမှတ်များကို ထပ်မံ၍ ရှာဖွေနိုင်မည်ဖြစ်သည်။
ရှုကျိုးသည် မျက်လုံးများကို ပြန်မှိတ်ကာ အနီရောင်အမှုန်များကို ဆက်၍ စုပ်ယူနေတော့သည်။
ပတ်ပတ်လည်ရှိ အနီရောင်အမှုန်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်လာခဲ့သည်။
…
အချိန်များ ကုန်ဆုံးလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၀မိနစ် ကုန်ဆုံးသွားခဲ့သည်။
စမ်းသပ်ခန်း အပြင်ဘက်၌
၁၀မိနစ် ကုန်သွားသည်ကို မြင်လိုက်ရသောအခါတွင် ရှန့်ဝမ်ချန်း၏ အမူအရာ လေးနက်သွားခဲ့ပြီး၊ သူသည် ထိန်းချုပ်ရေး ကိရိယာအနားသို့ ချက်ချင်း လျှောက်လှမ်းသွားသည်။
“ ဟမ်? “
သူသည် မော်နီတာကို ကြည့်ကာ တအံ့တဩဖြစ်သွားခဲ့သည် “ ဒီကလေးရဲ့ အသက်ဓာတ် အခြေအနေတွေက ဘာမှ မပြောင်းလဲသေးဘူးလား? “
၎င်းမှာ ဤ၁၀မိနစ်တာကာလအတွင်းတွင် ရှုကျိုး၏ အသက်စွမ်းအားမှာ မည်သို့မျှ မထိခိုက်သွားဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ ကြည့်ရတာတော့ ရှုကျိုးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တော်တော်လေးကို ကောင်းမဲ့ပုံပဲ “
ရှ့န်ဝမ်ချန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
ပထမအဆင့်နယ်ပယ်တွင် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ထုတ်ယူခြင်းသည် အခြေခံအုတ်မြစ်ကို ထိခိုက်သွားစေမည် ဖြစ်သည်၊ သို့သော် အကယ်၍ ၎င်းကသာ ခိုင်မာနေမည်ဆိုပါက အဆိုပါ ထိခိုက်မှုသည် မည်သည့် အကျိုးသက်ရောက်မှုကိုမှ ဖြစ်ပေါ်သွားစေလိမ့်မည် မဟုတ်ပေ။
ရှန့်ဝမ်ချန်းသည် ဘေးတစ်ဘက်သို့ သွားကာ စတင်၍ စောင့်ဆိုင်းနေတော့သည်။
သူသည် မိနစ်အနည်းငယ် အတွင်းမှာပင် ရှုကျိုး၏ အသက်ဓာတ်အခြေအနေက အနည်းအငယ် လှုပ်ခတ်လာလိမ့်မည်ဟု မျှော်မှန်းထားခဲ့သည်။
ထိုအချိန်သို့ ရောက်လာခဲ့ပါက သူသည် ရှုကျိုးကို အပြင်သို့ ဆွဲထုတ်ပေးရမည် ဖြစ်သည်။
…
အချိန်များ ကုန်ဆုံးလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ၁၀မိနစ် ကုန်ဆုံးသွားခဲ့သည်။
ရှ့န်ဝမ်ချန်းသည် ထိန်းချုပ် ကိရိယာနားသို့ ထပ်မံ၍ ရောက်ရှိလာခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ? “
“ ဒီစက်က ပျက်နေတာများလား? “
ထိုအချိန်၌ ရှန့်ဝမ်ချန်းသည် မော်နီတာကို ငေးကြည့်ကာ အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ရှုကျိုး၏ အသက်ဓာတ်အခြေအနေတွင် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်လာသေးပေ။
ရှန့်ဝမ်ချန်းသည် မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် မော်နီတာကို စိုက်ကြည့်နေတော့သည်။
သူသည် ယခင်က ၎င်းကို အချိန်အတော်ကြာ စမ်းသပ်ခဲ့ပြီးပြီဖြစ်ပြီး၊ မည်သည့်ပြဿနာကိုမှ ရှာမတွေ့ခဲ့ပေ။
အခုမှ ဘာတွေဖြစ်နေတာလဲဟ?
ရှန့်ဝမ်ချန်းကိုယ်တိုင်ကပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသက်သွင်းခြင်းသည် အသက်ဓာတ်ကို သေချာပေါက် လျော့ကျသွားစေသင့်သည်။
သို့ရာ၌ ပထမအဆင့်နယ်ပယ်တွင် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသက်သွင်းမည်ဆိုပါက၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေမည်ဖြစ်ပြီး၊ သာမန်လူများကမူ ထိုကဲ့သို့သော အခြေအနေမျိုးမှ ပြန်လည်နလန်ထူလာနိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီကလေးရဲ့ အခြေအနေက ဘာကြီးလဲဟ? “
ရှန့်ဝမ်ချန်းသည် တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ စမ်းသပ်ခန်းဆီသို့ အော်ပြောလိုက်သည် “ ရှုကျိုး၊ မင်းဘယ်လိုခံစားရလဲ? “
“ ဌာနမှူး၊ ကျွန်တော်အဆင်ပြေတယ် “
ရှုကျိုးမှ ချက်ချင်းပြန်ဖြေလိုက်သည်။
အဆင်ပြေတာလား?
ရှန့်ဝမ်ချန်း၏ အမူအရာသည် ပို၍ပင်လေးနက်သွားခဲ့သည်၊ တကယ် အဆင်ပြေတာလား ဒါမှမဟုတ် အဆင်ပြေချင်ယောင်ဆောင်နေတာလား?
ဒီကလေးက သတ္တိရှိဖို့ ကြိုးစားပြနေတာလား?
သူသည် အနည်းငယ် စိုးရိမ်ပူပန်မိနေသည်၊ ဤကိစ္စကား သေခြင်းရှင်ခြင်းနှင့်သက်ဆိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။
သို့သော် မပြောင်းမလဲတည်ရှိနေသည့် မော်နီတာပေါ်ရှိ အချက်အလက်များကို စောင့်ကြည့်နေရင်းဖြင့်၊ ရှန့်ဝမ်ချန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
“ စောင့်ကြည့်တာပေါ့ကွာ “
ရှန့်ဝမ်ချန်းသည် မိနစ်အနည်းငယ်မျှ ထပ်မံ၍ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
…
တစ်ဖက်ရှိ ချန်တုန်းအာမှာလည်း သူမ၏အာရုံများကို စုစည်းလိုက်သည်။
“ မိနစ်၂၀လား? မဆိုးပါဘူး။ အနည်းဆုံးတော့ အနိမ့်ဆုံး စံချိန်အောက်မှာ ရှိမနေတော့ဘူးပေါ့ “
“ အမြင့်ဆုံးစံချိန်ကတော့ ၄နာရီပဲ၊ ဒီလူက ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာလဲ? “
ချန်တုန်းအာသည် အိပ်ငိုက်သွားသကဲ့သို့ တင်ပျဥ်ခွေထိုင်နေတော့သည်။
…
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
၁၀မိနစ်၊ မိနစ် ၂၀၊ နာရီဝက် ……..
ရှန့်ဝမ်ချန်းသည် မော်နီတာကို ကြည့်နေရင်းဖြင့် ဖင်တကြွကြွ ဖြစ်နေလျက်ရှိသည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် ပလပ်ကို ဖြုတ်လိုက်ပြီး၊ ထို့နောက်တွင် ပြန်တပ်ကာ ထိန်းချုပ်စက်၏ လည်ပတ်မှုကို ပြန်တည်စတင်လိုက်သည်။
မော်နီတာသည် အချက်အလက်များကို ပြသလာခဲ့ပြီး၊ ထို့နောက် ယခင်အခြေအနေကအတိုင်း မည်သို့မျှ မပြောင်းမလဲတည်ရှိနေသည့် မျဥ်းဖြောင့်ကြီးကိုပါ ထပ်မံ၍ ပြသလာခဲ့သည်။
“ မဟုတ်သေးဘူး “
ရှန့်ဝမ်ချန်းသည် သူ၏ ခေါင်းကိုကုတ်ကာ ရေရွတ်ပြောဆိုနေခဲ့သည် “ ဘယ်နေရာက မှားနေတာလဲဟ? “
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် အခန်းနံပါတ် ၁၀၏ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။
“ ဌာနမှူးရှန့် “
အကြီးအကဲယွင်၏ မကျေမနပ်ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် “ မင်းက သူ့ကို ဘာလို့ အပြင်ကို မထုတ်ရသေးတာလဲ? ငါမင်းကို ပြောခဲ့တယ်လေ၊ သူက အထဲမှာ ၁၀မိနစ်ပဲနေနိုင်တယ်လို့၊ အခုဆိုရင် ဘယ်လောက်တောင်ကြာနေပြီလဲ? “
“ တစ်နာရီနီးပါးရှိနေပါပြီ “ ရှန့်ဝမ်ချန်းမှ ထုံထိုင်းစွာ ပြန်ဖြေလိုက်သည်။
“ ဘာကြီး !!! “
အကြီးအကဲယွင် အံ့ဩသွားတော့သည်၊ ထို့နောက်တွင် သူသည် ဒေါသတကြီးဖြင့် ပြောလာခဲ့သည် “ မင်းရူးနေတာလား? မင်းကသူ့ကို သေစေချင်နေတာလား? “
ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလိုက်သည် “ သူ့ရဲ့ အသက်ဓာတ်အခြေအနေကို ဘာလို့အရင်မကြည့်လိုက်ရတာလဲ? “
အကြီးအကဲယွင်မှ အော်ငေါက်လာတော့သည် “ သူ့ရဲ့ အသက်ဓာတ်အခြေအနေက ဘယ်လောက်ပဲ ကျသွားပါစေ၊ မင်းက သ့ကို ဒီလောက်အကြာကြီး နေခွင့်ပေးလို့ မရဘူးလေ၊ အရင်တည်းက ငါမင်းကို ပြောခဲ့တယ်၊ လောနေတာက ဖြုန်တီးတာပဲ၊ မင်းက သူ့ကို ထိခိုက် ………. “
“ အကြီးအကဲယွင် !! “ ရှန့်ဝမ်ချန်းမှ ကြားဖြတ်ကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ ရှုကျိုးရဲ့ အသက်ဓာတ်အခြေအနေကိုပဲ သွားကြည့်လိုက်ပါ၊ အဲ့တာဆိုရင် နားလည်လာပါလိမ့်မယ် “
အကြီးအကဲယွင် မျက်မှောင်ကြုတ်သွားတော့သည်။
ထို့နောက်တွင် သူသည် ထိန်းချုပ်စက်ဆီသို့ ဒေါကြီးမောကြီးဖြင့် လျှောက်သွားခဲ့ကာ ဒေါသတကြီးဖြင့် ပြောလာခဲ့သည် “ အသက်ဓာတ်အခြေအနေက ဘာဖြစ်နေလို့လဲ? သူတို့က မကျသွား ……. “
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် အကြီးအကဲယွင်၏ စကားသံ ရပ်တန့်သွားခဲ့သည်။
သူသည် မော်နီတာပေါ်ရှိ အသက်ဓာတ်အခြေအနေကို စိုက်ကြည့်ကာ အချိန်အတော်ကြာ မှင်သက်သွားခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် အကြီးအကဲယွင်သည် သက်ပြင်းချနေတော့သည် “ သူအထဲကို ရောက်သွားတာ ဘယ်လောက်ကြာနေပြီလဲ? “
“ တစ်နာရီနီးပါးပါပဲ “
“ အဓိပ္ပါယ်မရှိတာ “
အကြီးအကဲယွင်မှ အော်ငေါက်လာခဲ့သည် “ အဲ့ထဲမှာ တစ်နာရီ ရှိနေပြီဆိုရင် သူ့ရဲ့ အသက်ဓာတ်အခြေအနေက ဘယ်လိုလုပ် ဘာမှ မပြောင်းသွားရတာလဲ? “
“ အဲ့တာကို ကျွန်တော်လည်း နားမလည်နိုင်ဖြစ်နေတာ “
ရှန့်ဝမ်ချန်းမှ သက်ပြင်းချလာခဲ့သည် “ ကျွန်တော်က အကုန်ကြိုးစားကြည့်ပြီးသွားပြီ၊ ဒါပင်မဲ့ အဲ့တာက လုံးဝမပြောင်းသွားဘူး။ ရှုကျိုးကိုလည်း မေးခဲ့ပြီးပြီ၊ သူက ဘာနာကျင်မှုမှ မခံစားရဘူးတဲ့ “
အကြီးအကဲယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် စမ်းသပ်ခန်းကို လှမ်းကြည့်လိုက်ပြီး၊ အထဲရှိ ရှုကျိုးကို တိုက်ရိုက်ဖောက်မြင်နေရသကဲ့သို့ သူ၏မျက်လုံးများသည် တလက်လက် တောက်ပလာခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် အကြီးအကဲယွင်သည် ထူးဆန်းသော အမူအရာတစ်ခုဖြင့် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“ မဖြစ်နိုင်ဘူး .. “ အကြီးအကဲယွင်မှ ရေရွတ်ပြောဆိုနေတော့သည် “ ပထမအဆင့်နယ်ပယ်မှာ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို အသက်သွင်းတာက အုတ်မြစ်ကို သေချာပေါက် ထိခိုက်စေမှာပဲ။ ဒီကလေးရဲ့ အခြေအနေက ဘယ်လိုလုပ် မပြောင်းမလဲ တည်ငြိမ်နေရတာလဲ? “
သူသည် ဘေးတစ်ဖက်ရှိ ရှန့်ဝမ်ချန်းကို လှည့်ကြည့်လိုက်သည် “ မင်းက ဆက်စောင့်နေဦးမှာလား? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဒီကလေးရဲ့ အသက်ဓာတ်အခြေအနေက ဘယ်အချိန်မှာ ပြောင်းလဲလာမလဲဆိုတာကို ကျွန်တော် မြင်ချင်တယ် “
ထိုအချိန်၌ သူကပင် မယုံကြည်နိုင်ဖြစ်နေခဲ့ပြီဖြစ်သည်။
သူ၏ယခုလက်ရှိ နယ်ပယ်ဖြင့်ပင် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို မဆင်မခြင် အသုံးပြုလိုက်မည်ဆိုပါက သက်တမ်းလျော့ကျသွားမည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ ကျောက်တုံးကြီးတစ်တုံးကဲ့သို့ မလှုပ်မယှက် တည်မြဲနေခဲ့သည်။
ရှန့်ဝမ်ချန်းသည် ရှုကျိုးက ဆက်၍ တည်ငြိမ်နေနိုင်ဦးမည်ဟု မယုံမကြည်ဖြစ်နေခဲ့သည်။
သူ့ဘေးရှိ အကြီးအကဲယွင်မှာလည်း အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ မည်သည့်အရာမှ ထပ်မပြောလာတော့ဘဲ မတ်တပ်ရပ်လျက်ဖြင့်သာ တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
သူသည်လည်း ဤကလေးက မည်သည့်အချိန်အထိ တောင့်ခံနိုင်မလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့သည်။
သူတို့နှစ်ဦး စောင့်ဆိုင်းနေသည့် အချိန်၌
စမ်းသပ်ခန်းထဲရှိ ရှုကျိုး၏ ခန္ဓာကိုယ်သည် ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်သည့် အပြောင်းအလဲများအောက်သို့ ရောက်ရှိနေခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 236 )
အင်မော်တယ်စွမ်းရည်၏ ကြောက်မက်ဖွယ်ကောင်းမှု၊ လူသားတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ခြင်း
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
အဆုံးမဲ့ အနီရောင် အမှုန်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သန့်စင်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ နှလုံးသား တံခါးပေါက်ကို အဆက်မပြတ် မောင်းနှင်နေခဲ့သည်။
နှလုံး၏ လျှို့ဝှက်စွမ်းအား စီးထွက်လာခဲ့ပြီး၊ သွေးအတွင်းသို့ ဝင်ရောက်ကာ ခြေလက်များနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ကလီစာငါးခု၏ သွေးကြောမှတ်များ ဖွင့်လှစ်သည့် လျှို့ဝှက်စွမ်းအား၏ နိယာမမှာ ၎င်းသည် ၎င်းနှင့် သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကြားတွင် အားနည်းသော ချိတ်ဆက်မှုတစ်ခုဖြင့် ပဲ့တင်ထပ်သွားစေခြင်းပင်ဖြစ်သည်။
၎င်းမှာ စကြာဝဠာနှစ်ခုစာ ခြားနေသည့် ကြယ်နှစ်လုံးသည် အချင်းချင်း တုံ့ပြန်ဆက်သွယ်နေကြသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားက ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားလာကာ ဆဲလ်တိုင်းကို ထိုးဖောက်နေသည့် အချိန်တွင် ခန္ဓာကိုယ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသည့် သွေးကြောမှတ်များသည် အလိုအလျောက် ပေါ်ထွက်လာကြသည်။
“ ဗွီ !! “
ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။
“ ၁၂၅ခုမြောက် သွေးကြောမှတ် “
ရှုကျိုးသည် ဤတစ်နာရီအတွင်းတွင် သွေးကြာမှတ် အသစ်၅ခု ရှာတွေ့ခဲ့သည်။
၎င်းမှာ ရှားပါးသော ရိတ်သိမ်းမှုဖြစ်နေခဲ့ပြီးပြီဖြစ်သည်။
ယခင်က ရှုကျိုးသည် ချီ-သွေးစွမ်းအား ပေါက်ကွဲခြင်းကို အသုံးပြုပါက တစ်နေ့လျှင် သွေးကြောမှတ် ၁ခုမျှသာ ရှာဖွေနိုင်ခဲ့သည်။
သို့သော် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုလိုက်သောအချိန်၌ တစ်နာရီအတွင်းမှာပင် သွေးကြောမှတ် ၅ခု ရှာဖွေနိုင်ခဲ့သည်။
“ ဆွစ်ရှ် ~~ “
ရှုကျိုးသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သူသည် သူ့ကိုယ်ထဲသို့ တိုးဝင်နေသည့် အနီရောင် အမှုန်များကို စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေခဲ့သည် “ ဌာနမှူးအရင်တုန်းက ပြောခဲ့တာကို ငါမှတ်မိပါတယ်၊ ကလီစာငါးခုက နာကျင်မှုကို ခံစားရရင် အကန့်အသတ်ကို ရောက်ပြီတဲ့ “
“ ဒါပင်မဲ့ ငါဒီကိုရောက်တာ တစ်နာရီတောင် ရှိနေပြီ၊ နာကျင်မှုကို ဘာလို့ မခံစားရသေးတာလဲ? “
ရှုကျိုးသည် အကြီးအကဲယွင်မှ သူက အထဲတွင် အများဆုံးအနေဖြင့် ဆယ်မိနစ်မျှသာ နေနိုင်မည်ဟု ပြောခဲ့သည့်စကားကိုလည်း မှတ်မိနေခဲ့သည်။
ငါရောက်တာ တော်တော်ကြာနေပြီလေ၊ ဘာလို့ ဘာမှ မဖြစ်လာရသေးတာလဲ?
“ အင်မော်တယ်စွမ်းရည်ကြောင့်များလား? “ ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေတော့သည်။
နှလုံးတံခါးပေါက်ကို ဖွင့်လိုက်သည့်အချိန်တွင် လျှို့ဝှက်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်၊ သို့သော် ရှုကျိုးသည် အဆိုပါ တံခါးပေါက်ထဲသို့ တစ်စုံတစ်ခု တိုးဝင်သွားသည်ဆိုသည်ကိုပါ အာရုံခံမိနေခဲ့သည်။
အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက ၎င်းမှာ အင်မော်တယ်စွမ်းရည်၏ အကျိုးသက်ရောက်မှုဖြစ်နေလိမ့်မည် ဖြစ်သည်။
နှလုံး၏ လျှို့ဝှက်စွမ်းအားက အဆက်မပြတ် ယိုယွင်းသွားသည့်အချိန်တွင် အင်မော်တယ်စွမ်းရည်မှ ၎င်းကို ဆက်တိုက်ပြင်ဆင်ပေးနေခြင်းဖြစ်သည်။
“ ငါ့ရဲ့ အင်မော်တယ်စွမ်းရည်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်တွေကို မသေအောင် လုပ်ပေးနိုင်တယ်တဲ့၊ ကြည့်ရတာတော့ တကယ်မှန်နေတဲ့ပုံပဲ “ ရှုကျိုး၏ မျက်လုံးများသည် ပို၍ တောက်ပလာခဲ့သည်။
မထင်မှတ်ထားစွာဖြင့် ၎င်းတို့သည် အစပ်အဟပ်တည့်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ထိုအတိုင်းသာဆိုပါက သူသည် ဤနေရာတွင် အလိုရှိသလောက် နေနိုင်ပြီး၊ သွေးကြောမှတ် အသစ်များကို ဆက်တိုက်ရှာဖွေနိုင်တော့မည်ဖြစ်သည်။
ရှုကျိုးသည် မျက်လုံးများကို နှိပ်ကာ အနီရောင်အမှုန်များကို ဆက်၍ စုပ်ယူနေတော့သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် နှလုံး၏ လျှို့ဝှက်စွမ်းအားသည် ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ သူ့အတွက် သွေးကြောမှတ် အသစ်များကို ဆက်လက်၍ ရှာဖွေပေးနေတော့သည်။
…
အချိန်များသည် ပြိုင်မြင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ
ငါးနာရီ၊ ခြောက်နာရီ၊ ခုနစ်နာရီ
မသိလိုက်ခင်မှာပင် ဆယ်နာရီ ကုန်ဆုံးသွားခဲ့သည်။
စမ်းသပ်ခန်းအပြင်ဘက်၌
ချန်တုန်းအာသည် သူမ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့ပြီး၊ ပန်းများဖူးပွင့်နေသကဲ့သို့ လှပလွန်းလှသည့် သူမ၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
သူမသည် ဤကဲ့သို့ ဖရိုဖရဲဖြစ်ကာ စိတ်ရှုပ်ထွေးနေသည့် အခြေအနေထဲသို့ အမြဲလိုလို ကျရောက်သွားလေ့ရှိသည်။
အချိန်တော်ကြာခဲ့ပြီးသည့်နောက်တွင် သူမသည် တစ်စုံတစ်ခုကို မှတ်မိသွားခဲ့ပြီး၊ သူမသည် မလှမ်းမကမ်းရှိ စမ်းသပ်ခန်းကိုကြည့်ကာ စကားပြောလာခဲ့သည် “ အဲ့လူက အထဲမှာ ဘယ်လောက်ကြာနေပြီလဲ? “
ရှန့်ဝမ်ချန်းသည် ထုံထိုင်းနေသော အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည် “ ဆယ်နာရီ “
“ ဆယ်နာရီလား? “ ချန်တုန်းအာ၏ မျက်လုံးလေးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ နံပါတ် ၁၀ရဲ့ အမြင့်ဆုံး စံချိန်က လေးနာရီတည်းလေ၊ သူက ဘယ်လိုလုပ် ဒီလောက်အကြာကြီး နေနိုင်ရတာလဲ? “
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ၊ သူတို့မှာလည်း ၎င်းကို သိချင်နေကြခြင်းဖြစ်သည်။
“ ဟုတ်တယ်၊ တော်တော်ကြီးကို ထူးဆန်းလွန်းတယ် “ အကြီးအကဲယွင်မှ ရေရွတ်ပြောဆိုလာခဲ့သည် “ အသက်ဓာတ်ကို ဘေးဖယ်ထားမယ်ဆိုရင်တောင်မှ၊ ဒီနေရာမှာ ဆယ်နာရီကြာ ဆက်တိုက်နေနေမယ်ဆိုရင် သာမန်လူတစ်ယောက်က သည်းမခံနိုင်လောက်တဲ့ နာကျင်မှုမျိုးကို ခံစားနေရတာ တော်တော်ကြာနေလောက်ပြီ “
ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားသည် မည်သည့်အတွက်ကြောင့် စတုတ္ထအဆင့်အထက်မှ လူများအတွက်သာ ဖြစ်နေရသနည်း?
အဘယ့်ကြောင့်ဆိုသော် ထိုလူများကသာလျှင် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား၏ တိုက်စားမှုကို ခံနိုင်ရည်ရှိသောကြောင့် ဖြစ်သည်။
ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားသည် လူသားတို့၏ အသက်ဓာတ်ကို စားသုံးပေသည်။
ပထမဦးဆုံးအနေဖြင့် သင်သည် မည်သည့်အရာကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ၊ သို့သော် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ဆက်တိုက်သုံးစွဲနေသည်နှင့်အမျှ နာရီဝက်အတွင်းမှာပင် နာကျင်မှုကို စတင်၍ ခံစားရမည် ဖြစ်သည်။
နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင် နာကျင်မှုသည် ပို၍ပြင်းထန်လာမည်ဖြစ်သည်။
သုံးနာရီ ကြာခဲ့ပြီးသည့်နောက်တွင် နာကျင်မှုသည် သည်းမခံနိုင်လောက်သော အဆင့်မျိုးအထိ ရောက်ရှိလာမည်ဖြစ်ပြီး၊ ယခင်ကထပ် ဆယ်ဆပို၍ နာကျင်သွားရမည် ဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနရှိ အခန်းနံပါတ် ၁၀၏ စံချိန်သည် ၄နာရီဖြစ်သည်။
ယခု၌ ရှုကျိုးသည် ဆယ်နာရီကြာသည်အထိ တောင့်ခံထားနိုင်ခဲ့သည်။
အဓိကအချက်ကား သူ၏ အချက်အလက်များတွင် မည်သည့်ထိခိုက်ယုတ်လျော့မှုမှ ရှိမနေခြင်းပင်ဖြစ်သည်။
အကြီးအကဲယွင်သည် ဘေးနားရှိ စမ်းသပ်ခန်းကို ကြည့်ကာ သူ၏အမူအရာသည် ပို၍ထူးဆန်းသွားခဲ့သည်။
ကလီစာငါးခု၏ အခြေအနေပြ မျဥ်းကြောင်းသည် မပြောင်းမလဲတည်ငြိမ်နေခဲ့သည်။
ချန်တုန်းအားသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ကလူရဲ့ ကလီစာက ပျက်စီးသွားလို့ သူက ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို မသုံးနိုင်တော့လို့များလား? “
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် အကြည့်များ ဖလှယ်လိုက်ပြီး၊ မည်သည့်စကားမှ မပြောလာခဲ့ပေ။
အဆိုပါ ဖြစ်နိုင်ခြေကို ဖယ်ထုတ်ထား၍ မရပေ။
သို့သော် ရှုကျိုးသည် အထဲတွင် အချိန်အတော်ကြာ ထိုင်နေခဲ့သောကြောင့် သူက မည်သည့်သွေးကြောမှတ်ကိုမှ ရှာမတွေ့ဘူးဆိုသည်မှာလည်း မဖြစ်နိုင်လှပေ။
“ စောင့်ကြည့်ကြတာပေါ့ သူထွက်လာရင် မေးကြမယ် “ ဟုရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည်။
အကြီးအကဲယွင်မှ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းမှာ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။
ဝုန်းး ဝုန်းးး !!!
ထိုအချိန်၌ စက်သံများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ စမ်းသပ်ခန်းတံခါးပွင့်လာခဲ့သည်။
ရှုကျိုး ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် သူ့အနားသို့ အမြန်ချဥ်းကပ်သွားတော့သည်။
“ မင်းဘယ်လိုခံစားနေရလဲ? “ ရှန့်ဝမ်ချန်းမှ စိုးရိမ်တကြီးဖြင့် မေးမြန်းလာခဲ့သည် “ မင်းအဆင်ပြေလား? “
ရှုကျိုးမှ ခေါင်းခါပြကာ ပြောလာခဲ့သည် “ ဘာမှ မခံစားခဲ့ရဘူး၊ ကျွန်တော်က ဆက်နေနိုင်သေးတယ်၊ ဒါပင်မဲ့ အဲ့ဒီအနီရောင် အမှုန်တွေက ရုတ်တရက်ကြီး ပျောက်သွားတယ် “
“ အနီရောင်အမှုန်တွေပျောက်သွားတာလား? “ ရှန့်ဝမ်ချန်း အံ့အားသင့်သွားတော့သည်။
သူ့ဘေးနားရှိ အကြီးအကဲယွင်မှာလည်း သက်ပြင်းတချချဖြင့် ပြောလာခဲ့သည် “ ကြည့်ရတာတော့ ကမ္ဘာ့ကြယ်က အဲ့လူရဲ့ ကလီစာငါးခုက လုံးဝကို ပျက်စီးသွားတဲ့ပုံပဲ “
ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ထို့နောက်၌ ချက်ချင်း နားလည်သွားခဲ့ပြီး၊ ထူးဆန်းသော အကြည့်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
သူသည် ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနသို့ ရောက်လာခဲ့ပြီး၊ ပထမဦးဆုံးအကြိမ်အဖြစ် ချီ-သွေးဖြည့်သွင်းခဲ့သည့် အချိန်တွင် အရင်းအမြစ်တစ်သန်းကျော် သုံးစွဲခဲ့သည်ဟု ကြားသိခဲ့ရသည်။
ဤတစ်ကြိမ်၌ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသက်သွင်းကမူ သူသည် တစ်သန်းဆိုသည့် ပမာဏထပ် ပိုများသော အရင်းအမြစ်များကို သုံးစွဲခဲ့သည်။
ကမ္ဘာ့ကြယ်မှလူမှာ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ကျန်ရှိနေခဲ့သည့် သူ၏ကိုယ်တွင်းအဂ်ါများကမူ အနိမ့်ဆုံးအနေဖြင့် သန်းဆယ်နှင့်ချီ၍ တန်ကြေးရှိလေသည်။
တစ်နည်းဆိုရသော် ရှုကျိုးသည် ဆယ်နာရီအတွင်းတွင် သန်းဆယ်နှင့်ချီ၍ မီးရှို့ဖြာချခဲ့လေသည်။
သို့သော် ရှန့်ဝမ်ချန်းသည် ထိုကိစ္စကို များစွာအာရုံမစိုက်ပေ၊ ရှုကျိုးကသာ သွေးကြောမှတ်များကို ဖွင့်နိုင်မည်ဆိုပါက သူသည် ၎င်းတို့ကို နှမြောနေလိမ့်မည် မဟုတ်ပေ။
…………………………………………………………………………………………………………………………………
အပိုင်း ( 237 )
အင်မော်တယ်စွမ်းရည်၏ ကြောက်မက်ဖွယ်ကောင်းမှု၊ လူသားတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ခြင်း ၂
သူသည် စိုးရိမ်တကြီးဖြင့် ရှုကျိုးကို ကြည့်၍ မေးမြန်းလာခဲ့သည် “ သွေးကြောမှတ်တွေ ရှာတွေ့ခဲ့လား? ”
ရှုကျိုးမှ ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်သည် “ ကျွန်တော် သွေးကြောမှတ် အသစ် အခု၄၀ ရှာတွေ့ခဲ့တယ်။ အခု ကျွန်တော်က သွေးကြောမှတ် ၁၆၀ရှာတွေ့ထားပြီ “
ရှန့်ဝမ်ချန်း မှင်သက်သွားပြီး၊ အကြီးအကဲယွင်မှာလည်း မှင်သက်သွားခဲ့သည်။
ချန်တုန်းအာမှာလည်း သူတို့နှင့် ထပ်တူထပ်မျှ မှင်သက်သွားခဲ့သည်။
သူတို့သုံးဦးစလုံးသည် ရှုကျိုးကို စိုက်ကြည့်လာကြသည်။
ဆယ်နာရီအတွင်းမှာ သွေးကြောမှတ် အခု ၄၀ ရှာတွေ့ခဲ့တာလား?
မင်းက ငါတို့ကို လာပြောင်နေတာ မဟုတ်ဘူးဆိုတာ သေချာလား?
ထိုအချိန်တွင် ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလာခဲ့သည် “ အကျိုးသက်ရောက်မှုက ပိုပိုပြီးတော့နှေးလာတယ်လို့ ခံစားနေခဲ့ရတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလိုခဏလေးပဲ ကြာခဲ့မှာ မဟုတ်ဘူး “
လူသုံးဦးသည် ထပ်မံ၍ ကြောင်အမ်းအမ်း ဖြစ်သွားရပြန်သည်။
မင်းက ဒါကို နှေးနေတယ်လို့ ထင်နေတယ်ပေါ့?
ဆယ်နာရီအတွင်းမှာ သွေးကြောမှတ် အခု၄၀ကျော် ရှာနိုင်ခဲ့တယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာကို မင်းသိလား?
သွေးကြောမှတ် ၁၂၀အထပ်တွင် နောက်ထပ် သွေးကြောမှတ် အသစ်များ ရှာဖွေရန်အတွက် အထူးနည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။ အဆိုပါဖြစ်စဥ်မှာလည်း အလွန်နှေးကွေးနေမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ ဆယ်နာရီအတွင်းမှာပင် သွေးကြောမှတ် အသစ် အခု၄၀ရှာတွေ့ခဲ့သော်လည်း ၎င်းက နှေးကွေးသည်ဟု ထင်နေခဲ့လေသည်။
အစပိုင်း၌ သူသည် ပထမဦးဆုံး ၁၀မိနစ်အတွင်းတွင် သွေးကြောမှတ် အသစ်တစ်ခု ရှာတွေ့ခဲ့ပြီး၊ တစ်နာရီတွင် ငါးခုရှာတွေ့ခဲ့သည်။ သို့သော် ပိုတွေ့လာလေလေ ပိုရှာရခက်လာလေလေပင်ဖြစ်သည်။
၁၆၀ခုမြောက် သွေးကြောမှတ်ကို ရှာတွေ့ရန်အတွက် သူသည် နာရီဝက်ကျော် အချိန်ယူခဲ့ရသည်။
ထိုအချိန်၌ ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ပြောလာခဲ့သည် “ ဌာနမှူး၊ အကြီးအကဲယွင်၊ ကျွန်တော်က သွေးကြောမှတ်တွေကို ထပ်ရှာနိုင်ဦးမယ်လို့ ထင်တယ် “
လူနှစ်ဦး၏ အကြည့်များ ရုတ်တရက် တောက်ပသွားခဲ့သည်။
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် ညအချိန်တွင် လင်းလက်တောက်ပနေသည့် ရတနာများကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
“ မင်းက အခုလေးတင် သွေးကြောမှတ် ၁၆၀အထိ ရှာတွေ့ခဲ့တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? “
အကြီးအကဲယွင်သည် နားကြားမှားသွားသည်ဟု ထင်နေပုံရပြီး၊ မအောင့်ထားတော့နိုင်ဘဲ မေးမြန်းလာခဲ့သည် “ မင်းက သွေးကြောမှတ်တွေကို ထပ်ရှာနိုင်ဦးမယ်လို့ ထင်နေတာလား? “
ရှုကျိုးမှ တက်တက်ကြွကြွ ခေါင်းငြိမ့်ပြလိုက်သည်။
“ မင်းက ဘာလို့ အဲ့လိုထင်နေရတာလဲ? “ အကြီးအကဲယွင်၏ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်လာခဲ့သည်။
ရှန့်ဝမ်ချန်းမှာလည်း ရှုကျိုးကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။
ပထမအဆင့်နယ်ပယ်အတွက် ယခုလက်ရှိ သွေးကြောမှတ် အကန့်အသတ်က ၁၆၀ဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
နတ်သိုင်းဌာနကပင် အဆိုပါ အကန့်အသတ်ကို အသိအမှတ်ပြုခဲ့သည်၊ ထိုဌာနရှိ အစွမ်းဆုံးသော ပါရမီရှင်များကပင် ထိုနေရာသို့ မရောက်ရှိခဲ့ကြပေ။
သို့သော် ရှုကျိုးကမူ ဆက်သွားနိုင်သေးသည်ဟု ပြောလာခဲ့သည် ……..
သူ့အား တစ်စစီ ဖြုတ်ထုတ်စူးစမ်းချင်နေသကဲ့သို့ ကြည့်နေကြသည့် လူနှစ်ဦးကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ ခြောက်ကပ်ကပ် ချောင်းဟန့်၍ ပြောလာခဲ့သည် “ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြောမှတ် အသစ်တွေ ရှိနေသေးတယ်လို့ ခံစားနေရလို့ပါ၊ ဒါပင်မဲ့ အဲ့ဒီအနီရောင်အမှုန်တွေက ရုတ်တရက် ပျောက်သွားတယ်၊ အဲ့တာကြောင့် ဆက်ဖွင့်နိုင်ဦးမလားဆိုတာကို ကျွန်တော် မသိခဲ့ရဘူး “
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့နှစ်ဦးစလုံးသည် အကြည့်မှား ဖလှယ်လိုက်ကြသည်။
နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာများ ရှိနေခဲ့သည်။
ဆိုတော့ တကယ်လို့ ရှုကျိုးက ကြာကြာဆက်နေနိုင်ခဲ့မယ်ဆိုရင် သွေးကြောမှတ်တွေကို ထပ်ရှာနိုင်ဦးမှာပေါ့?
အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက အဆိုပါ သတင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေမည် ဖြစ်သည်။
သွေးကြောမှတ် ၁၆၀ကို ကျော်လွန်ခြင်း၊ ၎င်းမှာ မကြုံစဖူးဖြစ်ရပ်ထူးပင် !!
အကြီးအကဲယွင်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ ရုတ်တရက် မေးမြန်းလာခဲ့သည် “ မင်းက ဘာနာကျင်မှုကိုမှ မခံစားခဲ့ရဘူးလား? “
ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲနှစ်ခုလုံး မျက်မှောင်ကြုတ်သွားခဲ့သည်၊ ရှုကျိုး၏ အခြေအနေသည် အလွန်ရှားပါးလွန်းလှသည်။
“ စွမ်းရည်ကြောင့်များလား? “ ဘေးတစ်ဖက်ရှိ ချန်တုန်းအာမှ ရုတ်တရက် ဝင်ပြောလာခဲ့သည် “ နာကျင်မှုကို ကုစားနိုင်တဲ့ စွမ်းရည်တစ်မျိုးမျိုးပေါ့ “
“ စွမ်းရည်လား? “
ရှန့်ဝမ်ချန်းသည် တစ်စုံတစ်ခုကို ပြန်လည်မှတ်မိသွားကာ အကြီးအကဲယွင်ကို ရုတ်တရက် ကြည့်လိုက်သည် “ သူ့ဆီမှာ သားရဲစွမ်းရည်ရှိတယ် “
သားရဲစွမ်းရည်သည် အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကြောင့် ထင်ရှားကျော်ကြားလှသည်။
ထို့အပြင် အစစ်အမှန် သိုင်းပညာဌာန၏ နှစ်ကာလများတစ်လျှောက်တွင် ရှုကျိုးတစ်ဦးတည်းကသာလျှင် သားရဲစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။
ဌာနသည် ပါရမီရှင်များကိုသာလျှင် လက်ခံခဲ့သည်။ သားရဲစွမ်းရည်သည် ပါရမီရှင်များကို မမွေးထုတ်နိုင်ခဲ့ပေ၊ သားရဲစွမ်းရည်ပိုင်ရှင်အများစုသည် ပထမအဆင့်ကိုပင် ရောက်မလာခဲ့ကြပေ။
ရှုကျိုးကမူ တစ်ခုတည်းသော ချွင်းချက်ဖြစ်သည်။
အကြီးအကဲယွင်မှာလည်း အံ့ဩသွားခဲ့သည် “ သားရဲစွမ်းရည်ကြောင့်များလား? “
သို့သော် သားရဲစွမ်းရည်၏ ပြန်လည်ကုသခြင်း စွမ်းရည်ဖြင့်ဆိုလျှင်တောင်မှ ကလီစာများ၏ လျှို့ဝှက်စွမ်းအားကို ပြန်မရနိုင်သကဲ့သို့ မူလအုတ်မြစ်ကိုလည်း ပြန်လည်ကောင်းမွန်သွားစေလိမ့်မည် မဟုတ်ပေ။
အကြီးအကဲယွင်သည် ထူးဆန်းသော အကြည့်ဖြင့် ရှုကျိုးကို ထပ်ကြည့်လာခဲ့သည်။
အားလုံးက သူ့အား ခုတ်ပိုင်းချင်နေသော အမူအရာမျိုးဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုး၏ ဦးရေပြားသည် ချက်ချင်း ထုံကျင်သွားခဲ့သည်။
သူသည် အလောတကြီး စကားပြောလာခဲ့သည် “ ကျွန်တော့်ရဲ့ ကုသရေးစွမ်းရည်က တကယ် မြန်တယ်၊ သာမန်ဒဏ်ရာတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ ပျောက်သွားကြသည်။
ထိုစကားနှင့်အတူ ရှုကျိုးသည် သူ၏ လက်ကို ဓားဖြင့် ခြစ်ချလိုက်သည်။
“ ဇွိ !! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ဒဏ်ရာသည် သာမန်မျက်လုံးများဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏ်ရာသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ အမာရွတ်ပင် ကျန်မနေခဲ့ချေ။
“ ဟမ် “
ရှန့်ဝမ်ချန်းသည် ရှုကျိုး၏လက်ကို ဆွဲယူကာ စိုက်ကြည့်နေတော့သည်၊ ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ?
သူ့ဘေးနားရှိ အကြီးအကဲယွင်နှင့် ချန်တုန်းအာတို့မှာလည်း မှင်သက်သွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဒဏ်ရာပျောက်သွားတာလား?
“ မဖြစ်နိုင်ဘူး “ အကြီးအကဲယွင်မှ ရေရွတ်ပြောဆိုနေတော့သည် “ ကမ္ဘာပေါ်မှာ ဒီလိုစွမ်းရည်မျိုးမရှိဘူး၊ သားရဲစွမ်းရည်တွေထဲမှာတောင် မရှိဘူး “
ရှန့်ဝမ်ချန်းမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်တို့ မမြင်ဖူးတာနဲ့ပဲ၊ အဲ့တာက မရှိဘူးလို့ သတ်မှတ်လိုက်လို့မရဘူးလေ “
အကြီးအကဲယွင်သည် သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှိရှိ၊ မရှိရှိ သားရဲစွမ်းရည်ဟုသာ သတ်မှတ်လိုက်ရမည်ဖြစ်သည်။
အဲ့လိုမှ မဟုတ်ဘဲ အဆိုပါကိစ္စသာ ပျံ့နှံ့သွားမည်ဆိုပါက တုန်လှုပ်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
ဒဏ်ရာများကို စက္ကန့်ပိုင်းအတွင်းမှာပင် ပျောက်ကင်းစေနိုင်သော စွမ်းရည်သည် ဆွဲဆောင်မှုအား အလွန်ကောင်းလှပြီး၊ နဝမအဆင့်မှ ပုဂ္ဂိုလ်များကိုပင် ဆွဲဆောင်မိသွားမည်ဖြစ်သည်။
အကယ်၍ နာတာရှည်ဖျားနာနေသည့် လူများက အဆိုပါ သတင်းကို ကြားသွားမည်ဆိုပါက ရှုကျိုးကို ဖမ်းကာ တစ်စစီ ပြုလုပ်ကြမည် ဖြစ်သည်။
၎င်းကိုတွေးမိသွားသောအခါတွင် အကြီးအကဲယွင်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ မင်းရဲ့ ဒီစွမ်းရည်ကို အပြင်လူတွေဆီ မလိုအပ်ဘဲ ထုတ်ပြလို့ မဖြစ်ဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် စိတ်ထဲတွင်မူ အနည်းငယ် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားခဲ့ရသည်။
သူသည် အဆိုပါ စွမ်းရည်ကို မထိန်းချုပ်နိုင်ပေ၊ ဒဏ်ရာရသွားမည်ဆိုပါက အင်မော်တယ်စွမ်းရည်သည် အလိုအလျောက်အသက်ဝင်လာမည်ဖြစ်သည်။
“ ဘာပဲဖြစ်ဖြစ်ပါလေ “ ရှန့်ဝမ်ချန်းမှ စကားဝင်ပြောလာခဲ့သည် “ အခုဆိုရင် ရှုကျိုးက ကိုယ်တွင်းအဂ်ါတွေရဲ့ စွမ်းအားကို အကန့်အသတ်မရှိ အသုံးပြုနေနိုင်ပြီ “
“ သူ့ကို ဘာလို့ စမ်းကြည့်ခွင့်မပေးရမှာလဲ? “
သူသည် အကြီးအကဲယွင်ကို ကြည့်လာခဲ့သည်။
အကြီးအကဲယွင်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ရှုကျိုး၊ အခန်းနံပတ် ၉ကိုသွားလိုက် “
“ အခန်းနံပါတ် ၉လား? “ ရှန့်ဝမ်ချန်း အံ့ဩသွားတော့သည် “ အခန်းတစ်ဆီမှာ ဘာလို့ တိုက်ရိုက်မကြိုးစားလိုက်ရတာလဲ? “
အကြီးအကဲယွင်သည် လေးလေးနက်နက် ပြောလာခဲ့သည် “ ငါတို့က ရှုကျိုးရဲ့ ပြန်လည်သက်သာနိုင်စွမ်းရဲ့ အကန့်အသတ်က ဘယ်လောက်လဲဆိုတာကို မသိသေးဘူး၊ သူ့ကို တစ်ခန်းချင်းစီ အရင် စမ်းသပ်ခိုင်းလိုက် “
“ သူက ကိုယ်တွင်းအဂ်ါရဲ့ လျှို့ဝှက်စွမ်းအားတွေကို အချုပ်အနှောင်မရှိ အသက်သွင်းနိုင်တယ်ဆိုတော့ ကြိုးစားခွင့်ပေးပြီးတော့ သွေးကြောမှတ်အသစ်တွေ ထပ်ရှာနိုင်မလားဆိုတာ ကြည့်လိုက်ကြတာပေါ့ “
ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားကာ၊ ခေါင်းငြိမ့်ပြလိုက်သည်။
ရှုကျိုး၏ ကိုယ်တွင်းအဂ်ါများနှင့် ချီ-သွေးစွမ်းအင်တို့၌ မည်သည့် ဆုတ်ယုတ်မှုမှ မပြဘဲ အရာအားလုံး ပုံမှန်အတိုင်းသာ လည်ပတ်နေခဲ့ပြီး၊ ရှုကျိုးမှာလည်း မည်သည့်အဆင်မပြေဖြစ်မှုကိုမှ မခံစားခဲ့ရဘူးဟု ပြောလာခဲ့သည်။
ထို့ကြောင့် ရှန့်ဝမ်ချန်းသည် သူ့ကို ကြိုးစားခွင့်ပေးလိုက်မည် ဖြစ်သည်။
ရှန့်ဝမ်ချန်းသည် ၎င်းကို အတော်လေး မျှော်လင့်နေမိနေခဲ့သည်၊ ရှုကျိုး သွေးကြောမှတ် ၁၆၀ဆိုတဲ့ လူသားတွေရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်မှာလား?
၎င်းကို တွေးမိသွားသောအခါတွင် ရှန့်ဝမ်ချန်းသည် မနေနိုင်တော့ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူသည် သမိုင်းမှတ်တမ်းတစ်ခုကို ကိုယ်တိုင်မြင်တွေ့ရရန် အခွင့်အရေးရနေခဲ့ပြီဖြစ်သည်။
ဒဏ္ဍာရီလာ သွေးကြောမှတ် လည်ပတ်မှုကိုပင် ရှာတွေ့သွားနိုင်လေသည်။
သူတို့ဘေးနားရှိ ရှုကျိုးသည် သိလိုစိတ်များဖြင့် မေးမြန်းလာခဲ့သည် “ အခန်းနံပါတ် ၉၊ အဲ့တာက အခန်း၁၀နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဘာကွာလဲဗျ? “
“ တကယ်တော့ အများကြီး မကွာပါဘူး “ ရှန့်ဝမ်ချန်းမှ ပြောပြလာခဲ့သည် “ အခန်း၁၀က ဒုတိယအဆင့်မှာရှိတဲ့ ကမ္ဘာ့ကြယ်သားကို သုံးတယ်၊ အခန်း၉ကတော့ တတိယအဆင့်က လူကို သုံးထားတယ် “
“ အခန်းနံပါတ်၉မှာက တတိယအဆင့်လား? “ ရှုကျိုး ရင်ခုန်သံပင် နှေးကျသွားခဲ့သည်။
အဲ့တာဆိုရင် အခန်းနံပါတ် ၁မှာရော၊ ကမ္ဘာ့ကြယ်က အဆင့်အမြင့်ဆုံးလူကို သုံးထားမှာလား?
ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ အခန်းနံပါတ်၁မှာ ရှိတဲ့လူကရော ဘယ်နယ်ပယ်မှာလဲဗျ? “
“ အဌမအဆင့် “ အကြီးအကဲယွင်မှ ပြန်ပြောလာခဲ့သည် “ အရင်ဌာနမှူး ယူခဲ့ပေးတာ “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
အဌမအဆင့်ကလူကိုတောင် စမ်းသပ်ခန်းထဲ ထည့်နိုင်ခဲ့တယ်!! အစွမ်းထက်တာပဲ !!
ရှန့်ဝမ်ချန်းသည် မည်သည့် စကားမှ ထပ်မပြောလာတော့ဘဲ အခန်းနံပါတ်၉ဆီသို့ ရှုကျိုးကို ခေါ်သွားသည်။
…
အခန်းနံပါတ်၉
ရှန့်ဝမ်ချန်း ပြောပြခဲ့သည့်အတိုင်းပင် အပြင်အဆင်သည် အခန်း၁၀နှင့် တူညီနေခဲ့ပြီး၊ ဖန်ပေါင်းချောင်ထဲရှိ ကမ္ဘာ့ကြယ်သားကသာလျှင် ပို၍ကြီးမားနေခဲ့သည်၊ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း၊ ရှုကျိုးသည် ထိုလူ့ထံမှ ထွက်ပေါ်နေသည့် ဖျော့တော့သော ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်၊ သူမော့ကြည့်လိုက်ရာ အဆိုပါ လူကြီးက နတ်ဘုရားတစ်ပါးမှ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ သူ့အား ငုံ့ကြည့်နေသည်ဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ဤတစ်ကြိမ်၌ ရှန့်ဝမ်ချန်းသည် စက်ပစ္စည်းများကို ချိန်ညှိရန်အတွက် နှစ်နာရီမျှ အချိန်ယူခဲ့ရသည်။
နှစ်နာရီကြာခဲ့ပြီးသည့်နောက်၌
ရှုကျိုးသည် ယခင်ကကဲ့သို့ပင် စမ်းသပ်ခန်းထဲသို့ ဝင်ကာ တင်ပျဥ်ခွေထိုင်နေတော့သည်။
မကြာခင်မှာပင် ရင်းနှီးနေသည့် အနီရောင်အမှုန်များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သို့သော် ၎င်းတို့က သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် အချိန်တွင် ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ရသည်။
ဝုန်းဟူသော အသံနှင့်အတူ သူ၏နှလုံးသားရှိ ဂိတ်တံခါး ပွင့်ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်၌ အနည်းငယ်မျှသာ ပွင့်လာခဲ့ခြင်း မဟုတ်ဘဲ ပို၍ကျယ်ကျယ်ဝန်းဝန်း ပွင့်ဟလာခဲ့ခြင်း ဖြစ်သည်။
နှလုံး၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားသည် ဂိတ်တံခါးမှ တဟုန်ထိုး တိုးထွက်လာခဲ့ပြီး၊ သူ၏ခြေလက်များနှင့် အရိုးများဆီသို့ ပြေးဝင်သွားတော့သည်။
“ ဟမ်? “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် အနည်းငယ် ကိုယ်လက်မအီမသာ ဖြစ်သွားခဲ့သည်။
သို့သော် ၎င်းမှာ နာကျင်မှုအဆင့်မျိုးအထိ မရောက်ရှိခဲ့ပေ။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ လျှို့ဝှက်စွမ်းအား ဆုံးရှုံးရသည့် အမြန်နှုန်းက သူ၏အင်မော်တယ် စွမ်းရည်၏ ကုသမှု အမြန်နှုန်းထပ် အနည်းငယ်မျှ သာလွန်နေသောကြောင့်ဆိုသည်ကို သူနားလည်နေခဲ့သည်။
“ ကြည့်ရတာတော့ အခန်းနံပါတ် ၉က ငါ့ရဲ့ အကန့်အသတ်ပဲလို့ ထင်တယ် “ ရှုကျိုး နားလည်သွားခဲ့သည်။
အကယ်၍ သူကသာ ပို၍အဆင့်မြင့်သော အခန်းများဆီသို့ သွားလိုက်မည်ဆိုပါက နှလုံးသား တံခါးဝသည် ပို၍ကျယ်ဝန်းလာမည်ဖြစ်သည်။
ထိုအချိန်သို့ ရောက်လာမည်ဆိုပါက၊ အင်မော်တယ်စွမ်းရည်ကပင် ၎င်းကို အပြည့်အဝ ပြန်လည်ပြင်ဆင်နိုင်တော့မည် မဟုတ်ပေ။
“ ဒါပင်မဲ့ ငါ့ရဲ့ကိုယ်ပွား တိုးတက်လာတာနဲ့ ငါ့ရဲ့ အင်မော်တယ်စွမ်းရည်ကလည်း လိုက်ပြီးတော့ တိုးတက်လာမှာပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေတော့သည် “ ကိုယ်ပွားက ပိုသန်မာလာလေလေ၊ အင်မော်တယ်စွမ်းရည်က ပိုပြီးတော့ အားကောင်းလာလေလေပဲ “
၎င်းမှာ အင်မော်တယ်စွမ်းရည်၏ အစွမ်းအထက်ဆုံး အပိုင်းဖြစ်သည်။
ရှုကျိုး၏ ပြန်လည်သက်သာနိုင်စွမ်းကသာ ဒဏ်ရာရရှိသည့် အမြန်နှုန်းထပ် သာလွန်နေသရွေ့ သူ့အား မည်သူကမှ သတ်နိုင်တော့မည် မဟုတ်ပေ။
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ အနီရောင် အမှုန်များကို စတင်၍ စုပ်ယူနေတော့သည်။
နှလုံးသားတံခါးမှ အဆုံးမဲ့စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ သူ၏ခြေလက်များနှင့် အရိုးများဆီသို့ ဒလဟောတိုးဝင်သွားလာသည်။
အဆိုပါ သန့်စင်မှုကြောင့်
“ ဗြွီ !! “
ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသည့် ၁၆၁ခုမြောက် သွေးကြောမှတ်သည် တဖြည်းဖြည်း တောက်ပလာခဲ့သည်။
ထိုအချိန်မှစ၍ လူ့သမိုင်းမှတ်တိုင်တစ်ခု ပြိုကွဲသွားခဲ့ပြီဖြစ်သည်။
…………………………………………………………………………………………………………………………………