← Chapters

ယန်တျန်ဒုံ

Vol. 17 Ch. 241

ယန်တျန်ဒုံ

Vol. 17 Ch. 241

သားရဲမျိုးနွယ်စုသည် လူသားတို့နှင့် မတူပေ၊ ၎င်းတို့သည် သွေးကြောမှတ်များဖြင့် တစ်ပါတည်း မွေးဖွားလာကြခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ရှာဖွေရန်မလိုအပ်ဘဲ ဖွင့်လှစ်ရန်သာ လိုအပ်ပေသည်။

ဥပမာအားဖြင့် မသေမျိုးနတ်နဂါးသားရဲကြီးသည် ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် သွေးကြောမှတ် ၁၅၀ရှိသည့်အနက် အခု၈၀ကို အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့သည်။

၎င်းကပင် သားရဲမျိုးနွယ်စုများကြားရှိ ထိပ်တန်းအဆင့်ဟု သတ်မှတ်၍ရနေခဲ့ပြီဖြစ်သည်။

သာမန် ဗီဇပြောင်းသားရဲများသည် ပထမအဆင့်နယ်ပယ်တွင် သွေးကြောမှတ် အခု၉၀အထိသာ ဖွင့်လှစ်နိုင်ကြသည်။

နတ်သားရဲသွေးမျိုးဆက်ပါသည့် သားရဲများကမူ ပထမအဆင့်နယ်ပယ်တွင် သွေးကြောမှတ် ၁၂၀အထိ ဖွင့်နိုင်ကြသည်။

သန့်စင်သော နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဗီဇပြောင်းသားရဲများကသာလျှင် သွေးကြောမှတ် ၁၅၀ကျော်အထိ ဖွင့်နိုင်ကြသည်။

၎င်းတို့မှာ လူသားတို့၏ စွမ်းရည်များနှင့် တူညီနေခဲ့ပြီး၊ စွမ်းရည်ပိုမြင့်လေလေ၊ သွေးကြောမှတ်များ ပိုဖွင့်နိုင်လေလေပင် ဖြစ်သည်။

သို့ရာ၌ လူသားတို့ထံ၌ အဆင့်ကျော်တိုက်ခိုက်နိုင်သည့် လူများစွာ ရှိနေသေးစဲဖြစ်သည်၊ သို့သော် သားရဲမျိုးနွယ်စုများအတွက်မူ သွေးမျိုးဆက် အဆင့်နိမ့်သည့် အကောင်များသည် အမြင့်ပိုင်းများ၏ အောက်တွင်သာ နေနိုင်ကြပြီး၊ ရလဒ်ကို မည်သို့မျှ ပြောင်းပြန်မလှန်နိုင်ကြပေ။

“ ဒီပြောင်းလဲမှု မတိုင်ခင်တုန်းက ငါ့ဆီမှာ သွေးကြောမှတ် အခု၁၀၀ပဲရှိခဲ့တာ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် တိတ်တဆိတ် စဥ်းစားနေလျက်ရှိသည် “ ဆင့်ကဲ့ပြောင်းလဲသွားပြီးတဲ့နောက်မှာ သွေးကြောမှတ်တွေက အခု၅၀အထိ ထိုးတက်သွားတယ်၊ ဒီတစ်ခေါက် တိုးတက်မှုကတော့ တော်တော်ကြီးကို ကြီးတယ် “

ယခုတွင် ၎င်းသည် နတ်သားရဲဆိုသည့် နယ်ပယ်ထဲသို့ ခြေတစ်ဖက်ချနိုင်ခဲ့ပြီဖြစ်သည်။

အဆင့်မြင့် နတ်သားရဲနှင့် အဆင့်နိမ့်နတ်သားရဲများကြားတွင် သိသာသည့် ကွာဟချက်များ ရှိနေသေးသည်။

ယခုလက်ရှိ မသေမျိုး နတ်နဂါးသားရဲကြီးသည် နတ်သားရဲနယ်ပယ်ထဲသို့ ခြေချနိုင်ရုံသာ ဖြစ်သောကြောင့်၊ အဆင့်နိမ့် နတ်သားရဲအဖြစ်သာ သတ်မှတ်ထားရဦးမည် ဖြစ်သည်။

သို့သော် နောင်အနာဂတ်တွင် ဆက်လက်၍ တိုးတက်လာဦးမည် ဖြစ်သောကြောင့် လောရန် မလိုအပ်ပေ။

နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှု ရောက်လာမည်ဆိုပါက အဆင့်မြင့် နတ်သားရဲအဖြစ်ပင် ပြောင်းလဲသွားနိုင်လေသည်။

“ ဂလု ~~~ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် ဆေးပုလင်းကို ထပ်ဖွင့်ကာ ဉာဏ်အလင်းဆေး အနည်းငယ်ကို ထပ်မံ၍ မျိုချလိုက်သည်။

သန့်စင်သော စွမ်းအင်လှိုင်းလုံးများသည် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာပြီး၊ အစွမ်းထက် လက်တစ်ခုအဖြစ် အသွင်ပြောင်းကာ အတွင်းရှိ သွေးကြောမှတ် တံခါးပေါက်များကို လိုက်လံ၍ ဖွင့်လှစ်နေတော့သည်။

“ ဝုန်း၊ ဝုန်းး၊ ဝုန်းးး “

သွေးကြောမှတ်များ ပွင့်ဟလာခဲ့သည် !!

နောက်ထပ် သွေးကြောမှတ်တစ်ခု ထပ်ပွင့်လာခဲ့သည် !!

၎င်းမှာ နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲရှိ သားရဲသွေးကြောမှတ် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စနစ်၏မျက်နှာပြင်ပေါ်တွင် အသိပေးချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

[ အဆင့် +၃% ]

သွေးကြောမှတ် ပွင့်သွားခြင်းသည် အဆင့်ကို ၃%မြင့်တက်သွားစေခဲ့သည်။

၎င်းမှာ နည်းပါးနေပုံရသော်လည်း၊ တစ်နာရီပြည့်သွားသည့် အချိန်တိုင်းတွင် ထိုကဲ့သို့ တိုးလာခဲ့မည်ဆိုပါက ……….

“ အခုဆိုရင် ငါ့ရဲ့အဆင့်က ပထမအဆင့် အဆင့်၈ရဲ့ ၇၈%အထိ ဖြစ်နေပြီ။ ဒီနှုန်းအရဆိုရင် ငါက ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယအဆင့်ကို ရောက်သွားလောက်တယ် “

စိတ်လှုပ်ရှားနေသော အရိပ်အငွေ့များသည် မသေမျိုးနတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် ဖြစ်တည်လာခဲ့သည်။

၎င်းမှာ ဉာဏ်အလင်းဆေး၏ အကျိုးသက်ရောက်မှုဖြစ်သည်။

ဉာဏ်အလင်းဆေးသာမရှိဘူးဆိုပါက အကယ်၍ နေ့စဥ်နေ့တိုင်းတွင် ကီလိုဂရမ် ၃၀၀စီ ကြီးထွားလာမည်ဆိုလျှင်တောင်မှ ဒုတိယအဆင့်သို့ ရောက်ရှိရန်အတွက် အချိန်တစ်ချို့ယူရဦးမည် ဖြစ်သည်။

သို့သော် ယခု၌ အဆိုပါ အချိန်သည် သိသိသာသာ တိုတောင်းသွားတော့မည်ဖြစ်သည်။

နတ်နဂါးသားရဲကြီးက သွေးကြောမှတ်များကို ဖွင့်နေသည့်အချိန်တွင်၊ သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားသည် မူလကိုယ်ထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အဆိုပါ စွမ်းအားသည် မူလကိုယ်က သွေးကြောမှတ်များကို ဖွင့်လှစ်ရာတွင် အကူအညီပေးမည် ဖြစ်သည်။

…

ယနေ့မှစ၍ ရှုကျိုး၏ မူလကိုယ်နှင့် ကိုယ်ပွားနှစ်ခုစလုံးသည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တစ်ပြိုင်နက် တိုးတက်လာကြတော့မည်ဖြစ်သည်။

ထိုကဲ့သို့သော အမြန်နှုန်းကို သူကိုယ်တိုင်ကပင် မမျှော်လင့်ထားခဲ့ချေ။

သူသည် တစ်နာရီပြည့်သည့် အချိန်တိုင်းတွင် သွေးကြောမှတ်တစ်ခု ဖွင့်နေနိုင်ပြီဖြစ်ပြီး၊ သူသည် သူက များစွာသန်မာလာသည်ဆိုသည်ကို သူကိုယ်တိုင် အဆက်မပြတ် ခံစားနေနိုင်တော့မည် ဖြစ်သည်။

ရှုကျိုးသည် တိတ်တဆိတ်သာ လေ့ကျင့်နေလျက်ရှိသည်။

ထိုအချိန်၌

နတ်သိုင်းဌာနရှိ အစည်းအဝေးခန်းမ၌

လျူတုန်ဖင်း၊ ကျောင်းခုန်းစုန့်နှင့် နတ်သိုင်းဌာနမှ တစ်ခြားသောပါရမီရှင်များ စုစည်းနေလျက်ရှိသည်။

“ ပထမအဆင့်နယ်ပယ်မှာက အစစ်အမှန် သိုင်းပညာဌာနက ရှုကျိုးနဲ့ဆိုရင်၊ ငါတို့နတ်သိုင်းဌာနက အနိုင်ရမဲ့အခွင့်အရေးက မရှိသလောက်နည်းတယ် “

လျူတုန်ဖင်းမှ လေးလေးနက်နက်ပြောလာခဲ့သည် “ ဆိုတော့ လာမဲ့တိုက်ပွဲအတွက် ငါတို့က ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေဆီမှာ ရည်မှန်းချက်ကြီးကြီးမားမား ထားထားရမယ် “

လူတိုင်း အသာအယာ ခေါင်းငြိမ့်ပြလာကြသည်။

စုန့်ယွင်ဟဲ့၏ ဖြစ်ရပ်ပြီးဆုံးသွားခဲ့သည့် အချိန်ကတည်းက နတ်သိုင်းဌာနရှိ မည်သူကမှ ရှုကျိုးကို ပေါ်ပေါ်တင်တင် ပြဿနာမရှာရဲကြတော့ပေ။

ယခုလက်ရှိအချိန်၌ နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်ရှိ မည်သူကမှ ရှုကျိုးကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

တော်ဝင်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးမှာပင် ပထမအဆင့်နယ်ပယ်၌ သွေးကြောမှတ် ၁၆၀ဆိုသည့် အကန့်အသတ်ကို ရောက်ရှိခဲ့သော ပါရမီရှင်တစ်ဦးသာ ရှိသည်။

သို့သော် ရှုကျိုးကမူ သွေးကြောမှတ် ၁၅၉ခုဖွင့်ထားသည့် လင်းရွှယ်ကိုပင် အနိုင်ယူထားခဲ့သည်၊ သူ၏ယခင်က မှတ်တမ်းများအရသာဆိုပါက သူက သွေးကြောမှတ် ၁၆၀ဖွင့်ထားသည့်လူကို အနိုင်ယူရန်မှာ အနှေးနှင့်အမြန်ဆိုသလို ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

တစ်ခေါင်းလုံး ဖြူဖွေးနေသည့် ကျောင်းခုန်းစုန့်မှာလည်း လေးလေးနက်နက် စကားဝင်ပြောလာခဲ့သည် “ ဒုတိယအဆင့်နဲ့ တတိယအဆင့်နယ်ပယ်တွေအတွက် ကျုပ်တို့ရဲ့ အချိုးအဆကရော ဘယ်လိုရှိလဲ? “

“ တော်တော်လေးကို ကောင်းတယ် “

လျူတုန်ဖင်းမှ အေးအေးလူလူ စကားပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနဘက်မှာက တတိယအဆင့်မှာ လူနည်းနည်းလေးပဲ ရှိတယ်၊ ချင်ဖုန်းကလည်း တတိယအဆင့်ကို အခုမှ ရောက်လာတာ ကြောက်စရာမလိုဘူး “

“ ဒုတိယအဆင့်တွေအတွက်ကတော့ ကျုပ်ရဲ့ နတ်သိုင်းဌာနရဲ့ ဒုတိယအဆင့်လမ်းကြောင်းက တော်တော်လေးကို ရင့်မှည့်နေပြီ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာပဲဖြစ်ဖြစ်၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာပဲဖြစ်ဖြစ် ထူးခြားတဲ့ ပါရမီရှင်တွေ အများကြီးရှိတယ် “

ကျောင်းခုန်းစုန့် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်မှာက ချန်းရှင်လို တော်တော်လေး သန်မာတဲ့ ပါရမီရှင်တွေ ရှိနေသေးတယ် “

ချန်းရှင်သည် အစစ်အမှန် သိုင်းပညာဌာန၏ စီနီယာကျောင်းသူဖြစ်ပြီး၊ အမြဲလိုလို သိုသိုသိပ်သိပ်ဖြင့်သာ အေးအေးချမ်းချမ်း နေလေ့ရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် အစစ်အမှန် သိုင်းပညာဌာန၏ အထင်ကရ ပုဂ္ဂိုလ်ဖြစ်သည့် ချင်ဖုန်းကမူ မော်မော်ကြွားကြွား နေတတ်သောကြောင့် လူသိများထင်ရှားလှပေသည်။

သို့သော် လွန်ခဲ့သော တိုက်ပွဲအနည်းငယ်အတွင်း၌ ကျောင်းခုန်းစုန့်သည် ချန်းရှင်ကို သတိပြုမိသွားကာ သူမ၏ အလားအလာနှင့် ပါရမီတို့က ချင်ဖုန်းအောက် မလျော့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

“ ကျုပ်တို့ရဲ့ နတ်သိုင်းဌာနရဲ့ ဒုတိယအဆင့်တွေထဲမှာ ချင်ဖုန်းကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့လူ တော်တော်ရှားတယ် “ ကျောင်းခုန်းစုန့်မှ ဖြည်းဖြည်းချင်းပြောလာခဲ့သည် “ တကယ်လို့ ချန်းရှင်ရဲ့ စွမ်းအားကလည်း ချင်ဖုန်းလို ဖြစ်နေမယ်ဆိုရင်၊ ကျွန်တော် ကြောက်မိတာက ……………. “

တစ်ခြားလူများ၏ မျက်နှာများပေါ်တွင်လည်း စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လျူတုန်ဖင်းမှ ခေါင်းခါပြလာခဲ့သည် “ စိတ်မပူပါနဲ့၊ တကယ်လို့ ငါတို့က မနိုင်ဘူးဆိုရင်တောင်မှ၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာတော့ ဝှက်ဖဲတွေ ရှိနေမှာပဲ “

“ ယန်တျန်ဒုံကို သိလား? “

“ ယန်တျန်ဒုံလား? ကျွန်တော်သိရသလောက်ဆိုရင်တော့ သူက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နိုင်ငံတော်အဆင့် ပြိုင်ပွဲက ပထမအဆင့်နယ်ပယ်မှာ ပထမနေရာရသွားတဲ့ လူမလား? “

“ ဒါပင်မဲ့ ကျွန်တော်သိရသလောက်ဆိုရင်တော့ သူက ဒီနှစ်မှာ ဒုတိယအဆင့် အထွတ်အထိပ်ကိုတောင် မရောက်သေးဘူးလေ၊ ဟုတ်တယ်မလား? သူက ချန်းရှင်ကို သေချာပေါက်နိုင်လိမ့်မယ်လို့ ထင်နေတာလား? “

လျူတုန်ဖင်းမှ ခေါင်းခါပြလိုက်သည် “ မင်းမသိပါဘူး၊ အဲ့ဒီယန်တျန်ဒုံက အုစ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်အထိ ရောက်ခဲ့တယ် “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တုန်လှုပ်သွားကြသည်။

“ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်လား? “

“ တော်ဝင်သိုင်းပညာ တက္ကသိုလ်က ကျုပ်တို့တောင် မသိအောင် ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့တာပဲ “

ကျောင်းခုန်းစုန့်အပါအဝင် အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ဆိုသည်မှာ Sအဆင့် စွမ်းရည်ထပ်ပင် အလွန်ရှားပါးလွန်းလှသည်။

၎င်းမှာ သိုင်းပညာရှင်အဆင့်သို့ ရောက်မလာခင် အချိန်တွင် အုတ်မြစ်ကို အနက်ရှိုင်းဆုံး တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

ပထမအဆင့်နယ်ပယ်၊ ဒုတိယအဆင့်(သို့) တတိယအဆင့်သို့ အဆင့်ချိုးဖျက်ခြင်းဖြစ်စေ၊ မည်သည့်နယ်ပယ်သို့ပင် ရောက်ရှိသွားပါစေ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်ခဲ့သော လူများ၏ တိုက်ခိုက်ရေးစွမ်းအားသည် တစ်ခြားလူများထပ် ပို၍သာလွန်နေလိမ့်မည် ဖြစ်သည်။

“ အံ့ဩစရာ မရှိတော့ဘူးပဲ “

ကျောင်းခုန်းစုန့်၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာတစ်ခုဖြစ်တည်လာခဲ့သည် “ အဲ့နှစ်တုန်းက ပထမအဆင့်နယ်ပယ်တွေရဲ့ တိုက်ပွဲတွေမှာ ပြိုင်ဘက်အားလုံးကို သူဖိနှိပ်နိုင်ခဲ့တာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူက အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်အထိ ရောက်ခဲ့တာကိုး “

……………………………………………………………………………………………………………………………….

All Chapters