← Chapters

ယန်တျန်ဒုံ ၂

Vol. 17 Ch. 242

ယန်တျန်ဒုံ ၂

Vol. 17 Ch. 242

တစ်ခြားလူများ၏ မျက်နှာများပေါ်တွင်လည်း တအံ့တဩဖြစ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်က နိုင်ငံတော် ပြိုင်ပွဲ၏ ပထမအဆင့်နယ်ပယ်တွင် ယန်တျန်ဒုံသည် ပြိုင်ဘက်ကင်းသော မြင့်တက်မှုမျိုးဖြင့် ထင်ရှားလာခဲ့ကာ ပထမအဆင့်နေရာကို သိမ်းပိုက်သွားခဲ့သည်။

သူနှင့်ယှဥ်ပြိုင်ခဲ့သည့် လူများသည် သုံးကွက်အတွင်းမှာပင် အမှောက်သိပ်ခံခဲ့ကြရသည်။

အစစ်အမှန် သိုင်းပညာဌာနမှ ပါရမီရှင်များကပင် သူ့ကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီး၊ သေလုမျောပါး ဖြစ်သွားခဲ့ကြသည်။

သူသည် ထိုလူများကို ဒုက္ခိတဖြစ်သွားစေလုနီးပါးပင် ဖြစ်ခဲ့သည်။

ဤအချိန်၌ အားလုံးသည် အဆိုပါ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရသွားကြပြီး၊ လေးစားမှုများဖြင့် သက်ပြင်းတချချ ဖြစ်သွားကြသည်။

ယန်တျန်ဒုံသည် အလွန်အစွမ်းထက်လွန်းနေခဲ့ပြီး၊ အဆင့်မြင့် ပညာရှင်များကိုပင် တအံ့တဩဖြစ်သွားစေခဲ့သည်။

အကယ်၍ သူတို့ကသာ ပထမအဆင့်နယ်ပယ်တွင် ရှိနေကြမည်ဆိုပါက သူတို့မှာလည်း ယန်တျန်ဒုံကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

လျူတုန်ဖင်းသည် ရယ်ရယ်မောမောဖြင့် စကားဆက်ပြောလာခဲ့သည် “ ယန်တျန်ဒုံက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောမှတ်အားလုံးကို ဆယ်ခုအဖြစ် ပေါင်းစည်းလိုက်ပြီးတော့၊ တတိယအဆင့်က ပညာရှင်တစ်ယောက်ကိုတောင် ရင်ဆိုင်ခဲ့တယ်လို့ ငါကြားခဲ့ရတယ်၊ သူ့မှာ တိုက်ခိုက်ဖို့ စွမ်းအားတွေရှိတယ် “

“ အခုဆိုရင် သူရဲ့ လမ်းကြောင်းက အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတဲ့ လမ်းကြောင်းထပ်တောင် ပိုပြီးတော့ အားကောင်းလာနေပြီ “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် အားလုံးသည် မနေနိုင်တော့ဘဲ၊ တံတွေးမျိုချမိသွားခဲ့သည်။

“ သွေးကြောမှတ် ၁၀ခုအဖြစ် ပေါင်းစည်းလိုက်တာလား? “

ဒုဌာနမှူး ကျောင်းခုန်းစုန့်ကပင် အနည်းငယ် အံ့ဩမှင်သက်သွားခဲ့သည်။

ပထမအဆင့် နယ်ပယ်သည် သွေးကြောမှတ်များကို ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ဒုတိယအဆင့်နယ်ပယ်ကမူ သွေးကြောမှတ်များကို ပေါင်းစည်းခြင်းဖြစ်သည်။

သွေးကြောမှတ် ပေါင်းစည်းခြင်းဟု ခေါ်ဆိုသောအရာသည် သွေးကြောမှတ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။

လူအများစုသည် တစ်ကြိမ်ပေါင်းစည်းလိုက်သည်နှင့်တစ်ပြိုင်နက် သွေးကြောမှတ် အရေအတွက် တစ်ဝက်မျှ လျော့ကျသွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် သူတို့သည် တတိယအဆင့်သို့ အဆင့်တက်သွားနိုင်မည် ဖြစ်သည်။

သို့သော် Sအဆင့် စွမ်းရည်ပိုင်ရှင်များမှာ နှစ်ကြိမ်ပေါင်းစည်းနိုင်ကြပြီး၊ သွေးကြောမှတ် အရေအတွက်ကို လေးပိုင်းပိုင်းနိုင်ကြသည်။

ထိပ်တန်းအဆင့် ပါရမီရှင်များကသာလျှင် သုံးကြိမ်တိတိ ပေါင်းစည်းနိုင်ကြပြီး၊ ထိုအဆင့်သို့ ရောက်ရှိသွားခြင်းမှာ တစ်ကမ္ဘာလုံးမှာပင် ရှားပါးလွန်းနေခဲ့သည်။

သို့သော် ယန်တျန်ဒုံကမူ သွေးကြောမှတ် ၁၆၀ကို သွေးကြောမှတ် ၁၀ခုအဖြစ် ပေါင်းစည်းလိုက်သည်၊ ၎င်းမှာ သူက သွေးကြောမှတ်များကို လေးကြိမ်တိတိ ပေါင်းစည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ အဲ့ဒီယန်တျန်ဒုံက တကယ်ကြောက်ဖို့ကောင်းတာပဲ “

“ ဟုတ်တယ်၊ သွေးကြောမှတ်တွေကို လေးကြိမ်တိတိ ပေါင်းစည်းနိုင်ခဲ့တယ်၊ အခုဆိုရင် တတိယအဆင့်က Sအဆင့် စွမ်းရည်ပိုင်ရှင်တွေကတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးမလား? “

“ ယန်တျန်ဒုံကသာ အဲ့လိုမျိုး သန်မာနေမယ်ဆိုရင်၊ ချန်းရှင်က ချင်ဖုန်းလို သန်မာနေမယ်ဆိုရင်တောင်မှ သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး “

“ ချန်းရှင်ကို မပြောနဲ့၊ တကယ်လို့ ချင်ဖုန်းက ဒုတိယအဆင့်မှာပဲ ရှိနေဦးမယ်ဆိုရင်တောင်မှ၊ သူက ယန်တျန်ဒုံရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး “

“ ကြည့်ရတာတော့ ဒုတိယအဆင့်ပြိုင်ပွဲက စိတ်ချရပြီလို့ထင်တယ် “

ထိုအချိန်၌ နတ်သိုင်းဌာနမှ အဆင့်မြင့် အရာရှိတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ သတင်းသည် သူတို့အတွက် ကောင်းချီးတစ်ခုပင် ဖြစ်သည်။

ယန်တျန်ဒုံ၏ တည်ရှိမှုနှင့်သာဆိုပါက အစစ်အမှန် သိုင်းပညာဌာနသည် သူတို့ကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ပေါ့ပေါ့လေး မတွေးလိုက်ကြနဲ့ဦး “ ကျောင်းခုန်းစုန့်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ယန်တျန်ဒုံက ထူးခြားပင်မဲ့ ချန်းရှင်ကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး “

“ ယန်တျန်ဒုံရဲ့ တိုက်ခိုက်ရေး စွမ်းအားကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားရမယ်၊ အစစ်အမှန် သိုင်းပညာဌာနက မသိသွားစေနဲ့၊ သူတို့ အံ့ဩသွားကြပါစေ “

လျူတုန်ဖင်းမှ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ စိတ်ချထားလိုက်၊ အဲ့လိုကိစ္စမျိုးကို တော်ဝင် သိုင်းပညာတက္ကသိုလ်က ငါတို့ထပ် ပိုသိပါတယ် “

“ ရက်ပိုင်းအတွင်းပိုင်းမှာပဲ ယန်တျန်ဒုံက လူတွေကို ဦးဆောင်ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနက လူတွေကို စိန်ခေါ်ပြီးတော့ ပွဲကြိုသွေးပူလေ့ကျင့်ခန်း လုပ်လိမ့်မယ် “

“ ပွဲကြိုသွေးပူလေ့ကျင့်ခန်းလား? “

ကျောင်းခုန်းစုန့်သည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည်။

နိုင်ငံတော်အဆင့်ကဲ့သို့သော ပြိုင်ပွဲမျိုးအတွက် ပွဲကြိုသွေးကျင့်ခန်း ပြုလုပ်ခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။

ယန်တျန်ဒုံမှ အစစ်အမှန် သိုင်းပညာဌာနသို့ လာရောက်စိန်ခေါ်သည်မှာ သွေးပူလေ့ကျင့်ခန်းအတွက်သာလျှင် မဟုတ်ဘဲ အစစ်အမှန် သိုင်းပညာဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ ဝှက်ဖဲ၏ စွမ်းအားကို စမ်းသပ်ရန်အတွက်ပါ ဖြစ်သည်။

ထိုအချိန်၌ ချန်းရှင်မှ တိုက်ခိုက်ရန် သဘောတူခဲ့မည်ဆိုပါက ပြီးပြည့်စုံသွားလိမ့်မည် ဖြစ်သည်။

…

ဤရက်များအတွင်း၌ ရှုကျိုးသည် ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့လေသည်။

သူသည် သွေးကြောမှတ်များ ဖွင့်လှစ်ခြင်းဖြင့်သာ သူ၏ အချိန်အားလုံးကို မသုံးစွဲခဲ့ဘဲ၊ ရံဖန်ရံခါတွင် သူ၏ တိုက်ခိုက်ရေး နည်းစနစ်များနှင့် ခြေလှမ်းသိုင်းတို့ပါ လေ့ကျင့်နေခဲ့သည်။

ယခုလက်ရှိ အချိန်၌ သူ၏ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းမှာလည်း ဒုတိယအဆင့် အထွတ်အထိပ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သို့သော် ထိုနှစ်ခုသည် အထွတ်အထိပ်အဆင့်တွင်သာ အချိန်အတော်ကြာ ပိတ်မိနေခဲ့သည်။

သူသည် အတားအဆီးကို ချိုးဖျက်နေသည်၊ သို့သော် ယခုလက်ရှိ အချိန်အထိ မအောင်မြင်သေးပေ။

“ ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ် !!!! “

လေ့ကျင့်ရေး ခန်းမထဲ၌ ရှုကျိုး၏ ပုံရိပ်သည် တောအုပ်ထဲတွင် ကခုန်နေသည့် ကြိုးကြာကဲ့သို့ လှပသွက်လက်စွာ ပြောင်းလဲနေလျက်ရှိသည်။

သူသည် ရေဆင်းငုပ်လာသည့် နဂါးတစ်ကောင်ကဲ့သို့ ရှေ့တစ်လှမ်းတိုးသွားပြီး၊ သက်တံ့ကဲ့သို့သော အရှိန်အဟုန်ဖြင့် လေထဲတွင် ရပ်တန့်လိုက်ရာ လေပြင်းများ တိုက်ခတ်လာခဲ့သည်။

“ ဟမ် “

ရုတ်တရက် ဆိုသလိုပင် ရှုကျိုး၏ ပုံရိပ် တောင့်တင်းသွားခဲ့ပြီး၊ မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။

“ အာ “

ရှုကျိုးမှ သက်ပြင်းချနေတော့သည် “ နည်းနည်းလေး လိုနေသေးတာပဲ “

ဒီကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းက လေ့ကျင့်ရ တကယ်ခက်တာပဲ။

ဆရာနဲ့ စီနီယာအစ်ကိုချင်တို့ မရှိတာ နှမြောစရာပဲ၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူတို့ကို လမ်းညွှန်ခိုင်းလို့ရတယ်။

လျူချင်းယွမ်သည် ကွမ်ဟန်တွင် ရှိနေသေးစဲဖြစ်ပြီး၊ ချင်ဖုန်းကမူ ပြိုင်ပွဲနီးကပ်လာပြီဖြစ်သောကြောင့် အလယ်အလတ် တတိယအဆင့်သို့ ရောက်ရှိသွားရန်အတွက် တံခါးပိတ်ကျင့်ကြံနေလျက်ရှိသည်။

ချင်ဖုန်း၏ အခြေခံ အုတ်မြစ်နှင့်သာဆိုပါ အဆင့်တစ်ဆင့် တိုးတက်သွားခြင်းမှာ များစွာ ခက်ခဲနေလိမ့်မည် မဟုတ်ပေ။

“ငါက ဘယ်လိုလုပ်မှ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းရဲ့ တတိယအဆင့်ကို ရောက်သွားမှာလဲ? “ ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့လေသည်။

ထိုအချိန်၌ နှစ်လိုဖွယ်ကောင်းသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်း၊ မြေပြင်က နင့်ခြေထောက်အောက်မှာ၊ ကောင်းကင်က နင့်ခေါင်းအထက်မှာ၊ လေထုထဲမှာ ရပ်နေတယ်ဆိုရင်တောင်မှ နင့်ရဲ့ ခြေထောက်တွေက မြေပြင်ပေါ်မှာပဲ ရှိနေတယ်လို့ အမြဲတွေးထားမှရမယ် “

သေးသွယ်သော ပုံရိပ်တစ်ခု လမ်းလျှောက်ဝင်လာခဲ့သည်။

“ စီနီယာ အစ်မချန်း “ ရှုကျိုးသည် လှည့်ကြည့်လိုက်ပြီး၊ အမူအရာ ပြောင်းလဲသွားခဲ့သည် “ နင်ကလည်း ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကို လေ့ကျင့်ထားတာလား? “

ချန်းရှင်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူမ၏နှင်းဖြူရောင်မေးစေ့ကို မော့၍ ပြောလာခဲ့သည် “ ငါတို့နှစ်ယောက်စလုံးက ဆရာတူတယ်လေ၊ ငါက ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းရဲ့ အဌမအဆင့်ကို ရောက်နေပြီ။ တကယ်လို့ နင်စိတ်မရှိဘူးဆိုရင် နင့်ကိုငါ တစ်ချို့အချက်လေးတွေ ထောက်ပြပေးလို့ရတယ် “

ရှုကျိုး၏ အမူအရာသည် အနည်းငယ် ရွှင်မြူးသွားခဲ့သည် “ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်မ “

“ ကိစ္စ မရှိပါဘူး “ ချန်းရှင်သည် သူမ၏ဦးခေါင်းလေးကို အသာအယာ ခါရမ်းပြလာခဲ့သည် “ ပြိုင်ပွဲက နီးလာပြီ၊ ငါ့မှာ ဆက်ပြီးတိုးတက်စရာ ဘာမှ မရှိတော့ဘူး၊ ဆိုတော့ ငါနင့်ကို ကူညီပေးနိုင်တယ် “

ထို့နောက်တွင် သူမသည် အလာပသလာပပြောခြင်းကို ရပ်တန့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ နင်လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ သိမ်မွေ့တဲ့ စည်းချက်တစ်ခု ရှိနေရမယ်၊ နင့်ကိုယ်ကို ဒီကမ္ဘာနဲ့ ရောနှောဖို့ ကြိုးစားရမယ် ……… “

ချန်းရှင်၏ စကားလုံးများအောက်တွင် ရှုကျိုးသည် အခြေအနေတစ်ခုထဲသို့ လျင်မြန်စွာ တိုးဝင်သွားခဲ့သည်။

ဝှစ် !!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ ပုံရိပ်သည် ထပ်မံ၍ လှုပ်ခတ်သွားခဲ့သည်။

သူသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အေးအေးဆေးဆေး ရွေ့လျားနေပုံရပြီး၊ ဟိုဟိုဒီဒီ ယိမ်းနွဲ့ကာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတော့သည်။

ဆွစ်ရှ် ~~

ဆွစ်ရှ် ~~

ဆွစ်ရှ် ~~

ရှုကျိုး၏ ပုံရိပ်သည် အဆက်မပြတ် ပြောင်းလဲနေပြီး၊ လေ့ကျင့်ရေးအခန်းထဲတွင် လျင်မြန်စွာ ရွေ့လျားနေလျက်ရှိသည်။

တဖြည်းဖြည်းဖြင့် သူ၏ အကြည့်များ တောက်ပလာခဲ့သည်။

“ ကောင်းကင်က ခေါင်းပေါ်မှာ၊ မြေပြင်က ခြေထောက်အောက်မှာ၊ ကောင်းကင်နဲ့ မြေပြင်ကြားမှာ ရပ်နေတဲ့လူ ……. ငါသိပြီ “

“ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းရဲ့ အဓိကအချက်က ကောင်းကင်ပေါ်ကို တက်ရတာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် ကမ္ဘာကြီးနဲ့ ပေါင်းစပ်ပေးလိုက်ရတာပဲ၊ ကောင်းကင်၊ မြေပြင်တို့နဲ့ ပေါင်းစပ်နိုင်မှ အပြောင်းအလဲအမျိုးမျိုးကို နားလည်နိုင်မှာ “

……………………………………………………………………………………………………………………………….

All Chapters