← Chapters

ဒုတိယအဆင့်သို့ ထိုးဖောက်ခြင်း၊ သွေးကြောမှတ် ၁၈၀ !!!

Vol. 17 Ch. 244

ဒုတိယအဆင့်သို့ ထိုးဖောက်ခြင်း၊ သွေးကြောမှတ် ၁၈၀ !!!

Vol. 17 Ch. 244

ဤရက်များအတွင်း၌ ရှုကျိုးသည် သူ၏ခြေလှမ်းသိုင်း တိုးတက်ရန်အတွက် ချန်းရှင်ကို မကြာခဏ သွားရှာခဲ့သည်။

ချန်းရှင်ထံမှ စကားလုံးအနည်းငယ်သည် သူ့အား ခက်ခဲသောနေ့ရက်များမှ မကြာခဏ ကယ်တင်ပေးခဲ့သည်။

ရက်ပိုင်းအတွင်းမှာပင် ရှုကျိုး၏ ခြေလှမ်းသိုင်းသည် တတိယအဆင့် အထွတ်အထိပ်ကို ကျော်ဖြတ်ကာ စတုတ္ထအဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။

…

သုံးရက်ကြာခဲ့ပြီးသည့်နောက်၌

ဌာနမှူး ရှန့်ဝမ်ချန်းသည် အစည်းအဝေးတစ်ခု ခေါ်ကာ ပြိုင်ပွဲအတွက် အရွေးချယ်ခံခဲ့ရသော ကျောင်းသားကျောင်းသူများကို ဆင့်ခေါ်ခဲ့သည်။

အစည်းအဝေးခန်းမ

ရှန့်ဝမ်ချန်း၏ အမူအရာသည် အေးအေးဆေးဆေး ဖြစ်နေခဲ့ပြီး၊ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ လေ့ကျင့်နေကြတာ ရက်တော်တော်ကြာနေပြီ၊ ဒါပင်မဲ့ တရားဝင်စုဝေးပွဲ မရှိသေးဘူး။ ဒီနေ့တော့ မင်းတို့အားလုံးကို အကြောင်းအရာ တစ်ချို့ ပြောပြမယ် “

“ မင်းတို့အများစုက ကွမ်ဟန်ကို မရောက်ဖူးကြဘူး။ စည်းမျဥ်းစည်းကမ်းတွေအရ သိုင်းပညာ တက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေက ဒုတိယနှစ်ကို ရောက်မှ ကွမ်ဟန်ကို သွားပြီးတော့ မစ်ရှင်တွေ လုပ်နိုင်မှာ “

“ ဒါပင်မဲ့ အခုကတော့ အဲ့လိုမဟုတ်တော့ဘူး။ မင်းတို့က လူသားမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်တွေပဲ၊ ကွမ်ဟန်မှာ မစ်ရှင်တွေလုပ်ဖို့ဆိုတာက မင်းတို့အတွက် အများကြီး ပိုလွယ်တယ် “

“ လာမဲ့ ပြိုင်ပွဲပြီးသွားတဲ့ အချိန်ကျရင် မင်းတို့က မစ်ရှင်တွေ ရလာကြလိမ့်မယ် “

“ မင်းတို့ရဲ့ အခုလက်ရှိ စွမ်းအားနဲ့ ကွမ်ဟန်မှာ မစ်ရှင်တွေ သွားလုပ်တာက သေကြောင်းကြံသလိုပဲဖြစ်နေလိမ့်မယ် “

“ အဲ့လိုမလုပ်ခင်မှာ မင်းတို့က အန္တရာယ် နည်းနည်းများတဲ့ မစ်ရှင်တွေလုပ်ဖို့အတွက် နိုင်ငံအနှံ့ စေလွှတ်ခံရမယ် “

“ ဥပမာအနေနဲ့ လနတ်ဘုရားဂိုဏ်းကို ရှင်းပစ်တာမျိုးတွေပေါ့ “

၎င်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ တင်းကြပ်သွားတော့သည်။

ရှုကျိုးသည် ဌာနမှူးမှ လနတ်ဘုရားဂိုဏ်းဟု ပြောလိုက်သည့် အချိန်တွင် ချန်းရှင်၏ အမူအရာက အလွန်အေးစက်သွားသည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

ချန်းရှင်၏ ဘဝသည် အတော်လေး ကြေကွဲဖွယ်ကောင်းနေခဲ့သည်။

သူမခြောက်နှစ်အရွယ်က သူမ၏ မိဘများသည် လနတ်ဘုရားဂိုဏ်းမှ လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သူမအသက် ၁၂အရွယ်တွင်၊ သူမကို ပျိုးထောင်ပေးခဲ့သည့် သူမ၏အစ်ကိုဖြစ်သူမှာလည်း လနတ်ဘုရားဂိုဏ်း၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး၊ ယခုလက်ရှိအချိန်အထိ သူဘယ်နေရာရောက်ရှိနေလဲဆိုသည်ကို မသိရသေးပေ။

သူမသည် လနတ်ဘုရားဂိုဏ်းကို အလွန်တရာ မုန်းတီးနေခဲ့သည်။

ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းက ကြယ်ပြာဂြိုဟ်မှာ အကြီးဆုံး အမှောင်အဖွဲ့အစည်းပဲ။ သူတို့ရဲ့ အင်အားက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ထားတယ်၊ ဂိုဏ်းတစ်ခုလေးပဲ မဟုတ်ဘူး၊ ဂိုဏ်းအများကြီး စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်းပဲ “

“ သို့သော် လနတ်ဘုရားဂိုဏ်းရဲ့ တပည့်တပန်းတွေ အကုန်လုံးက အယူဝါဒတစ်ခုတည်းကိုပဲ ယုံကြည်ကြတယ် “

“ ကြယ်ပြာဂြိုဟ်ပေါ်မှာ ရှိတဲ့ အရာအားလုံးက ယာယီဖြစ်ပြီးတော့ အမှားတွေပဲတဲ့၊ ကမ္ဘာ့ကြယ်ကသာ ငါတို့လူသားမျိုးနွယ်စုအတွက် စစ်မှန်တဲ့ အိမ်တစ်ခုတဲ့၊ လူသားတွေ အားလုံးက ကမ္ဘာ့ကြယ်ကို ပြန်သွားရမယ်တဲ့ ………… “

ရှန့်ဝမ်ချန်းသည် စင်ပေါ်မှတစ်ဆင့် ရှင်းပြလာခဲ့သည်။

ထိုကဲ့သို့သော အရာများသည် ရှုကျိုးအတွက် အသစ်စက်စက်ဖြစ်နေခဲ့ပြီး၊ သူသည် အာရုံစိုက်၍ နားထောင်နေခဲ့သည်။

လနတ်ဘုရားဂိုဏ်းသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ အရာအားလုံးက အတုအယောင်များသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားခဲ့သည်။

ကြည့်ရတာတော့ အမှန်တရားတစ်ခုခု ရှိနေတဲ့ပုံပဲ။

ဒါပင်မဲ့ လနတ်ဘုရားဂိုဏ်းရဲ့ အမြင်ကတော့ တော်တော်ကြီးကို ကြမ်းလွန်းတယ်။

သူသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ လူများက အတုအယောင်များဖြစ်ပြီး၊ အသိဉာဏ်ရှိသည့် ခန္ဓာအလွတ်ကြီးများသာဖြစ်ပြီး၊ ကမ္ဘာ့ကြယ်ပေါ်မှ လူများကသာလျှင် လူသားတို့၏ အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ကာ သူတို့ကိုးကွယ်ကြသည့် လနတ်ဘုရားမမှာ အဆိုပါ ခန္ဓာကိုယ်များကို ထိန်းချုပ်သည့် ဆရာသခင်ဖြစ်သည်ဟု ယုံကြည်နေကြသည်။

လနတ်ဘုရားမက ငယ်ရွယ်နုပျိုမှုကို ကြိုက်နှစ်သက်သည်ဟု ပြောနေကြသည်၊ ထို့ကြောင့် လနတ်ဘုရားဂိုဏ်း၏ အများဆုံးသော လှုပ်ရှားမှုမှာ ကလေးများကို ယဇ်ပူဇော်ခြင်းပင် ဖြစ်သည်။

…

“ လနတ်ဘုရားဂိုဏ်းအကြောင်း တော်လိုက်ကြတာပေါ့ “

ရှန့်ဝမ်ချန်းမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ကွမ်ဟန်မှာ အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ လနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်မဲ့ လူသားမဟာမိတ်တွေရဲ့ လှုပ်ရှားမှုတွေက ပိုပိုပြီးတော့ စိပ်လာလိမ့်မယ် “

“ မကြာခင်မှာပဲ လနတ်ဘုရားဂိုဏ်းရဲ့ အကိုင်အခက်တစ်ခုကို ဖျက်စီးမဲ့ မစ်ရှင်တစ်ခု ရှိလာလိမ့်မယ်လို့ ငါကြားထားတယ် “

“ တကယ်လို့ မင်းတို့ကသာ အဲ့ထဲမှာ ပါနိုင်မယ်ဆိုရင်၊ စိတ်ကူးလို့တောင် မရတဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ်။ ဒါပင်မဲ့ အဲ့တာက ကြမ်းတမ်းတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ် “

“ တကယ်လို့ မင်းတို့က အောင်မြင်သွားမယ်ဆိုရင်တော့၊ မင်းတို့က ကွမ်ဟန်ကို သွားဖို့ အဆင့်မှီတယ်လို့ သက်သေပြရာရောက်သွားလိမ့်မယ် “

သူ၏ စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်။

အထူးသဖြင့် ချင်ဖုန်းနှင့် ချန်းရှင်တို့ဖြစ်ပြီး၊ သူတို့၏ မျက်လုံးများသည် တလက်လက် တောက်ပသွားကြသည်။

ချင်ဖုန်းအပါအဝင် သူတို့ထဲမှ လူအများစုသည် ကွမ်ဟန်ကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးကြပေ။

သို့သော် ၎င်းမှာ သူတို့က ကွမ်ဟန်သို့ မသွားချင်ဘူးဟု ဆိုလိုမနေပေ၊ သူတို့မှာ အဆင့်မမှီသေးသောကြောင့်သာ ထိုနေရာသို့ မရောက်ဖူးကြခြင်းဖြစ်သည်။

ကွမ်ဟန်တွင် မစ်ရှင်တစ်ခု ပြုလုပ်ရခြင်းသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ လူများအတွက် ဂုဏ်ယူစရာဖြစ်သည်။

ကွမ်ဟန် သိုင်းပညာတက္ကသိုလ်တည်ထောင်ခဲ့သည့် အချိန်က မည်သည့်အတွက်ကြောင့် ကွမ်ဟန်ဟု အမည်ပေးခဲ့ရသနည်း?

အမည်လှစေရုံသပ်သပ်သာလျှင် မဟုတ်ဘဲ အဆုံးမဲ့ လေးစားမှုများကြောင့် ထိုကဲ့သို့ ပေးခဲ့ခြင်း ဖြစ်သည်။

ကွမ်ဟန်တက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်ပေးကာ၊ ကွမ်ဟန်နယ်ပယ်ကို လွှမ်းမိုးသိမ်းပိုက်ရန်မှာ ကွမ်ဟန် တက္ကသိုလ်မှ ကျောင်းသူကျောင်းသားတိုင်း၏ အိမ်မက်ဖြစ်သည်။

ရှုကျိုးအပါအဝင် ပထမနှစ် ကျောင်းသူကျောင်းသား အများစုသည် ၎င်းကို နားမလည်ကြသေးပေ။

သို့သော် ချင်ဖုန်းနှင့် ချန်းရှင်တို့ကမူ ၎င်းကို ကောင်းစွာနားလည်နေခဲ့သည်၊ သူတို့သည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် လက်သီးများကို ဆုပ်နေကြတော့သည်။

ချင်ဖုန်းမှ မတ်တပ်ထရပ်ကာ စကားဝင်ပြောလာခဲ့သည် “ ဌာနမှူး၊ လနတ်ဘုရားဂိုဏ်းရဲ့ အကိုင်းအခက်ကို ရှင်းလင်းမဲ့ မစ်ရှင်က ဘယ်အချိန်မှာ စမှာလဲဗျာ? “

ရှန့်ဝမ်ချန်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ပြိုင်ပွဲပြီးတဲ့နောက်မှာ “

“ ပြိုင်ပွဲပြီးရင်လား? “

“ အဲ့ဒီမစ်ရှင်က ငါတို့အတွက်ပဲ မဟုတ်ဘူး၊ နတ်သိုင်းဌာနအတွက်လည်း ဖြစ်တယ် “

ရှန့်ဝမ်ချန်းသည် ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းက သူတို့ရဲ့ အခြေစိုက်စခန်းအားလုံးကို သေချာဝှက်ထားကြတယ်၊ အဲ့ဒီစခန်းကလည်း မကြာသေးခင်ကမှ ရှာတွေ့ထားခဲ့တာ။ သူတို့ကို ရှင်းပစ်ဖို့အတွက် ဘယ်သူ့ကို လွှတ်မလဲဆိုတာကတော့ နောက်လမှာ လုပ်မဲ့ ပြိုင်ပွဲရဲ့ ရလဒ်အပေါ်မှာ မူတည်တယ် “

အားလုံး၏ အမူအရာများ လေးနက်သွားကြသည်။

အဆုံး၌ အရာအားလုံးသည် ပြိုင်ပွဲအပေါ်တွင်သာ မူတည်နေခဲ့သည်။

ချင်ဖုန်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ရေရွတ်ပြောဆိုနေတော့သည် “ ငါတို့က နိုင်ကိုနိုင်ရမယ် “

ချန်းရှင်ကမူ မည်သည့်စကားမှ မပြောဘဲ၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

ထိုအချိန်တွင် ရှုကျိုးသည် ရုတ်တရက် စကားဝင်ပြောလိုက်သည် “ ဌာနမှူး၊ တကယ်လို့ ကျွန်တော်တို့က အဲ့မစ်ရှင်ကို ယူနိုင်ပြီးတော့ လနတ်ဘုရားဂိုဏ်းရဲ့ အကိုင်းအခက်ကို ရှင်းနိုင်ခဲ့မယ်ဆိုရင်၊ အကျိုးအမြတ် ဘယ်လောက်ရမှာလဲဗျ? “

တစ်ခြားသော ပထမအဆင့်ကျောင်းသူကျောင်းသားတို့မှာလည်း ရှန့်ဝမ်ချန်းကို ငေးကြည့်လာကြသည်။

သူတို့သည် ချင်ဖုန်းနှင့် ချန်းရှင်တို့လို မဟုတ်ဘဲ အကျိုးအမြတ်များကိုသာ ဂရုစိုက်ကြသည်။

ရှန့်ဝမ်ချန်းမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည် “ ဆုတွေကို မဟာမိတ်အဖွဲ့က တိုက်ရိုက်ထုတ်ပေးမှာ၊ အဲ့တာတွေက ဒုတိယအဆင့်ကနေ တတိယအဆင့်ကို ရောက်သွားဖို့အတွက် လုံလောက်တယ် “

ရှုကျိုးနှင့် တစ်ခြားလူအားလုံး မှင်သက်သွားကြသည်။

ဒုတိယအဆင့်မှ တတိယအဆင့်သို့ ရောက်ရှိသွားနိုင်သည့် အရင်းအမြစ်များ …………

ဆုကြေးကား အမှန်တကယ် များပြားလွန်းလှသည် !!

…

အစည်းအဝေးသည် ခေတ္တခဏ ရပ်တန့်သွားခဲ့သည်။

မည်သူကမှ ချက်ချင်း မထွက်ခွာသွားကြဘဲ၊ အစည်းအဝေး အခန်းထဲရှိ လေထုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်း၏ မျက်လုံးများ စူးရှနေကြသည်၊ နောက်တစ်လအကြာမှာ လုပ်မဲ့ပြိုင်ပွဲမှာ ငါတို့အားလုံး နိုင်ရမယ် !!

ရှုကျိုးဘက်တွင်ကား ပထမအဆင့်နယ်ပယ်မှ ကျောင်းသူကျောင်းသားများသည် သူ့အား အလိုအလျောက် ဝန်းရံလာကြသည်။

“ ရှုကျိုး၊ ပထမအဆင့်ပြိုင်ပွဲက မင်းအပေါ်မှာ မူတည်တယ် “

သွေးကြောမှတ် ၁၂၀ဖွင့်လှစ်ထားကာ ပထမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သော ကျိုးယွမ်မှ စကားပြောလာခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အကောင်းဆုံး ကြိုးစားကြတာပေါ့ “

ကျိုးယွမ်မှ ဆက်ပြောလာခဲ့သည် “ နတ်သိုင်းဌာနက လူတိုင်းကို ငါတို့က ကိုင်တွယ်နိုင်တယ်၊ ဒါပင်မဲ့ ဝမ်ချောင်ခုန်းလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်၊ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက တော်တော်ကြမ်းတယ်၊ သူ့ကို ငါတို့ထဲက ဘယ်သူကမှ မကိုင်တွယ်နိုင်ဘူး၊ အဲ့တာကြောင့် ငါတို့က မင်းကိုပဲ အားကိုးရမှာ “

………………………………………………………………………………………………………………..

All Chapters