← Chapters

တစ်ကွက်တည်းဖြင့် ခါးအောက်ပိုင်းကို ဖြတ်တောက်ခြင်း

Vol. 17 Ch. 247

တစ်ကွက်တည်းဖြင့် ခါးအောက်ပိုင်းကို ဖြတ်တောက်ခြင်း

Vol. 17 Ch. 247

ထိုအချိန်၌ ရှုကျိုး၏ ခန္ဓာကိုယ်ထံမှ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပတ်ပတ်လည်ရှိ လေထုကပင် အေးခဲသွားပုံရသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် အားကောင်းလွန်းလှသည့် ရေစီးကြောင်း တစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

ဗွီ၊ ဗွီ၊ ဗွီ ~~~

ရှုကျိုးခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များသည် တစ်ခုပြီးတစ်ခု တလက်လက် တောက်ပလာခဲ့သည်။

သွေးကြောမှတ် ၁၈၀၊ တာအိုပန်းခြောက်ခုကဲ့သို့ ဖွဲ့တည်နေသည့် ပါဖက်စနစ်ခြောက်ခုသည် တလက်လက် တောက်ပနေခဲ့သည်။

“ ဝုန်းးး !! “

ရှုကျိုး၏ ခန္ဓာကိုယ်တုန်ရင်သွားခဲ့ပြီး၊ သူ၏ အရိုး၊ မရီဒန်များနှင့် သွေးများသည် ထပ်မံ၍ ပြန်လည်တည်ဆောက်ခံနေရတော့သည်။

၎င်းမှာ ရှုကျိုးအတွက် အထူးအဆန်း မဟုတ်တော့ပေ၊ ပါဖက်စနစ်တစ်ခု ဖွဲ့စည်းခဲ့သည့် အချိန်တိုင်းတွင် သူ၏ခန္ဓာကိုယ်မှာ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။

ဤတစ်ကြိမ်နှင့်ဆိုပါက ခြောက်ကြိမ်တိတိ ရှိနေခဲ့ပြီဖြစ်သည်။

သွေးကြောမှတ်များ၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အနှံ့သို့ တိုးဝင်ရောက်ရှိသွားခဲ့သည်။

သွေးကြောမှတ်များ၏ လျှို့ဝှက်စွမ်းအားသည် လူသားခန္ဓာကိုယ်ထဲရှိ အလျှို့ဝှက် အဆန်းကြယ်ဆုံးသော စွမ်းအားတစ်ခုဖြစ်ပြီး၊ ၎င်းမှာ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားနှင့် တူညီကာ ပြောင်းလဲတိုးတက်မှုဖြစ်စဥ်ကို ဖွင့်လှစ်ပေးနိုင်လေသည်။

အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ယင်ယန်ညီမျှသွားစေမည် ဖြစ်ပြီး၊ ရောဂါနှင့် အဆိပ်အတောက်များကို ဖယ်ထုတ်ရှင်းလင်းမည် ဖြစ်သည်။

ပထမအဆင့်သို့ ရောက်လာခဲ့ကာ စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦးဖြစ်လာသည့် လူများက ရောဂါအားလုံးကို တိုက်ဖျက်နိုင်ခြင်းမှာ ၎င်းကြောင့်ပင်ဖြစ်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင်

သူ၏ခန္ဓာကိုယ်သည် ပြန်၍ ငြိမ်သက်သွားခဲ့သည်။

“ သွေးကြောမှတ် ၁၈၀၊ သွေးကြောမှတ် လည်ပတ်မှုက ဘယ်ရောက်နေတာလဲ? “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် သွေးကြောမှတ် လည်ပတ်မှုကို လုံးဝ ရှာမတွေ့သေးပေ။

သွေးကြောမှတ် လည်ပတ်မှုက တကယ်ကြီးကို မရှိတာများလား?

ရှုကျိုးမှ သူ့ကိုယ်သူ ကြည့်လိုက်ရာ၊ သူ၏အရေပြားသည် စေ့စေ့စပ်စပ် ပုံဖော်ထွင်းထုထားသကဲ့သို့ ရွှေရောင်သမ်းနေလျက်ရှိပြီး၊ ယခင်ကထပ် ပို၍ခိုင်မာတောင့်တင်းသွားခဲ့သည်။

“ ထပ် ထပ် ထပ် “

သူသည် သူ၏အရေပြားကို အသာအယာ ရိုက်ကြည့်လိုက်ရာ ကြည်လင်ပြတ်သားသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ဒီတစ်ခါ ပြောင်းလဲမှု ပြီးသွားတဲ့နောက်မှာ “ ရှုကျိုးမှ တစ်ကိုယ်တည်း တွေးတော စဥ်းစားနေတော့သည် “ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ထားသလိုမျိုး ဖြစ်သွားပြီးတော့ ဖျက်ဆီးလို့ မရတော့ဘူး “

၎င်းမှာ မြင်တွေ့နေရသည့် အပေါ်ယံအချက်များသာလျှင် ဖြစ်သည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ဆက်၍ စူးစမ်းလေ့လာနေခဲ့ရာ၊ သူ၏အရိုးများကလည်း နတ်သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ ရွှေရောင်သမ်းနေသည်ကို မြင်တွေ့သွားခဲ့သည်။

သူ၏ သွေးများကလည်း ကြမ်းတမ်းသော မြစ်များကဲ့သို့ အရှိန်အဟုန်ဖြင့် တက်တက်ကြွကြွ စီးဆင်းနေလျက်ရှိသည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် သူ၏အရေပြား၊ အရိုးများ၊ သွေးနှင့် မရီဒန်များကို သန့်စင်ပေးခဲ့သည်။

သို့သော် ၎င်းတို့သာလျှင် မဟုတ်ပေ။

သူ၏ အာရုံငါးပါးမှာလည်း ထပ်မံ၍ တိုးတက်လာခဲ့သည်။

ရှုကျိုးမှ သူ၏မျက်လုံးများကို မှိတ်လိုက်သည်၊ သို့သော် သူသည် ပတ်ဝန်းကျင်ရှိ အရာများကို ရှင်းရှင်းလင်းလင်း အာရုံခံမိနေခဲ့သည်။

“ ဇီ ဇီ ဇီ ~~~ “

အရှေ့သို့ ယင်ကောင်အနည်းငယ် ပျံသန်းလာခဲ့သည်။

ဝှစ် !!

ရှုကျိုးသည် ရုတ်တရက် လက်ဆန့်ထုတ်လိုက်သည်၊ သူ၏လက်ချောင်းများသည် လျှပ်စီးတန်းများကဲ့သို့ မြန်ဆန်နေခဲ့ပြီး၊ ယင်ကောင်များကို ချက်ချင်း ဖမ်းလိုက်သည်။

“ ဒီတိုးတက်မှုကြောင့် ငါက မျက်လုံးတွေ မှိတ်ထားမယ်ဆိုရင်တောင်မှ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းနေနိုင်ပြီ “

“ အခုဆိုရင် မျက်လုံးတွေ မရှိဘူးဆိုရင်တောင်မှ ငါက မီတာ ၁၀၀အတွင်းမှာရှိတဲ့ အရာအားလုံးကို အာရုံခံနေနိုင်ပြီ၊ အကုန်လုံးက ငါ့စိတ်ထဲမှာ လှုပ်ရှားနေတယ် “

“ ဒါပင်မဲ့ ထူးဆန်းတယ်၊ ငါက မပြည့်မစုံ ဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ? “

ရှုကျိုးမှ တိတ်တဆိတ် တွေးတောနေတော့သည်။

ဤတစ်ကြိမ် တိုးတက်ပြောင်းလဲမှုက များပြားပေါကြွယ်ဝသော်လည်း ရှုကျိုးသည် တစ်စုံတစ်ခု ကင်းမဲ့နေသည်ဟု ခံစားနေခဲ့ရသည်။

ရုတ်တရက် ဆိုသလိုပင် ရှုကျိုးထိုးထွင်းသိမြင်သွားခဲ့သည်၊ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ တာအိုပန်းခြောက်ခုကို အာရုံစိုက်ကြည့်ရှုလိုက်သည်။

အဆိုပါ တာအိုပန်းခြောက်ခုသည် ပါဖက်စနစ်ခြောက်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ တာအိုပန်းတစ်ခုချင်းစီတိုင်းထံတွင် သွေးကြောမှတ် အခု၃၀စီ ပါဝင်နေလျက်ရှိသည်။

တာအိုပန်းခြောက်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ လည်ပတ်နေပြီး၊ ကြီးမားသော ကြာပန်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းနေလျက်ရှိသည်။

သို့သော် ယခု၌ ရှုကျိုးသည် အဆိုပါ ကြာပန်း၏ ပွင့်ဖတ်ခြောက်ခုက မညီမညာဖြစ်နေသည်ကို သတိပြုမိသွားခဲ့သည်။

တစ်ချို့သော ပွင့်ဖတ်များ ပျောက်ဆုံးနေသကဲ့သို့ပင် ဖြစ်နေသည်။

အစောပိုင်းအချိန်က သူခံစားမိခဲ့သည့် တစ်စုံတစ်ခု ကင်းမဲ့ခြင်းမှာ ထိုအရာထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

“ သွေးကြောမှတ် ဒါဇင်နဲ့ချီပြီးတော့ ပျောက်နေတာများလား? “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ထိုကြာပန်းထံတွင် တစ်ချို့သော အဓိကပွင့်ဖတ်များ ပျောက်ဆုံးနေသည်ကို သတိပြုမိနေခဲ့သည်။

ချုံငုံသုံးသပ်ရမည်ဆိုပါက အတော်လေး ထူးဆန်းနေခဲ့ပြီး၊ သူသည် တစ်စုံတစ်ခု ပျောက်ဆုံးနေသည်ဟု ခံစားနေခဲ့ရသည်။

“ ဒါပင်မဲ့ ငါအရင်တုန်းကလည်း ကြိုးစားခဲ့ဖူးတယ်လေ၊ သွေးကြောမှတ် ၁၈၀က အကန့်အသတ်ပါပဲ သွေးကြောမှတ် အသစ်တွေ ထပ်မတွေ့တော့ပါဘူး “

ရှုကျိုးသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့သည်။

သူသည် ယခင်က ခြောက်နာရီကြာ အချိန်ပေးကာ ရှာဖွေခဲ့သော်လည်း မည်သည့်သွေးကြောမှတ်ကိုမှ ထပ်မံ၍ ရှာမတွေ့ခဲ့ပေ။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက သူသည် မည်သည့်သွေးကြောမှတ်ကိုမှ ထပ်မံ၍ ရှာမတွေ့သင့်တော့ပေ။

သို့သော် သူ့ကိုယ်တွင်းရှိ တာအိုပန်းခြောက်ခုသည် သူ့အား တစ်စုံတစ်ခု ပျောက်ဆုံးနေသည့် ခံစားချက်တစ်ခုကို ခံစားရစေခဲ့သည်။

ရှုကျိုးသည် အကယ်၍ သူကသာ ဒုတိယအဆင့်သို့ ထိုးဖောက်လိုက်မည်ဆိုပါက နောင်တရရလိမ့်ဟု ခံစားမိနေခဲ့သည်။

“ ဗွီ !! “

ထိုအချိန်၌ ပွင့်မဝတ်ဆံတည်ရှိရှာ ကြာပန်းအလယ်ဗဟိုသည် ရုတ်တရက် တောက်ပလာခဲ့သည်။

အလင်းတန်းများ ပေါ်လာသည်နှင့်အမျှ ကြာပန်း၏ ပွင့်ဖတ်ခြောက်ခုသည် ငြင်သာစွာ ယိမ်းနွဲ့နေတော့သည်၊ ထို့နောက်တွင် တာအိုပန်းခြောက်ခုသည် ပျောက်ကွယ်သွားတော့မည့်ပုံစံလိုမျိုး စတင်၍ လိမ်ခေါက်သွားခဲ့သည်။

“ ဟမ်? “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူသည် အရေးကြီး ပြဿနာတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

ပွင့်ဖတ်ခြောက်ခုမှ ဖွဲ့စည်းထားသည့် ကြာပန်းသည် ပွင့်ဖတ်များ ပျောက်ကွယ်နေရုံတင် မဟုတ်ဘဲ၊ အရေးအကြီးဆုံးဖြစ်သည့် ပွင့်မဝတ်ဆံမပါ ပျောက်ကွယ်နေခဲ့သည်။

ပွင့်မဝတ်ဆံသာ မရှိဘူးဆိုပါက တာအိုပန်းခြောက်ခုသည် အမြစ်မရှိသည့် ရေမှော်များကဲ့သို့ အုတ်မြစ်ကင်းမဲ့နေကာ ပြီးပြည့်စုံသော စနစ်တစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။

“ အုတ်မြစ် ….. “

ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ အဲ့ဒီပွင့်မဝတ်ဆံက သွေးကြောမှတ် လည်ပတ်မှုများလား? “

သူ၏ခေါင်းထဲသို့ ထိုအတွေးရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ရှုကျိုး အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဌာနမှူး၏ စကားများအရ သွေးကြောမှတ် လည်ပတ်မှုသည် အမြင့်ပိုင်းအဆင့်များသို့ ဝင်ရောက်နိုင်သည့် သော့တစ်ခုနှင့် လူသားခန္ဓာကိုယ်၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟု အဆိုရှိသည်။

၎င်းကို ရှာတွေ့မည်ဆိုပါက သူ၏အနာဂတ်လမ်းကြောင်းမှာ ဖြောင့်ဖြူးနေတော့မည် ဖြစ်သည်။

တာအိုပန်းခြောက်ခုကို ချိတ်ဆက်ပေးနိုင်သည့် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် ပွင့်မဝတ်ဆံသည် သွေးကြောမှတ် လည်ပတ်မှုနှင့် ပတ်သက်ဆက်နွယ်မှု ရှိနေသည့်ပုံပင်။

“ အဲ့လိုကြီးလား? “

ရှုကျိုးကိုယ်တိုင်ကပင် သူ၏ကိုယ်ပိုင်အတွေးများကြောင့် ထိတ်လန့်သွားခဲ့သည်။

အကယ်၍ သူ၏ခန့်မှန်းချက်ကသာ မှန်ကန်နေမည်ဆိုပါက သူသည် သွေးကြောမှတ် လည်ပတ်မှု၏ တည်နေရာကို အမှန်တကယ် ရှာတွေ့ခဲ့ပြီဖြစ်သည်။

သွေးကြောမှတ်လည်ပတ်မှုက တကယ်ရှိတာပေါ့ !!

ယခင်က ၎င်းမှာ အယူအဆတစ်ခုသာသာမျှ ဖြစ်ပြီး၊ ပွင့်မဝတ်ဆံ၏ တည်ရှိမှုကိုသာ သတိမပြုမိခဲ့ဘူးဆိုပါက ရှုကျိုးသည် သွေးကြောမှတ် လည်ပတ်မှုအကြောင်းကို ကောက်ချက်ချမိလိမ့်မည် မဟုတ်ပေ။

“ ပွင့်မဝတ်ဆံကို ဘယ်လို တည်ဆောက်ရမှာလဲ? “

ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ ငါက ပျောက်နေတဲ့ ပွင့်ဖတ်တွေကို အရင် ရှာရမှာများလား? “

၎င်းမှာ သူက သွေးကြောမှတ်များကို ထပ်ရှာနိုင်ဦးမည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ရှုကျိုးသည် လေးနက်စွာ မျက်မှောင်ကြုတ်သွားတော့သည်၊ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

“ အကြီးအကဲယွင်ဆီ သွားလည်ရမယ် “

သူသည် ထပ်မံ၍ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယခင်က သူ၏ အင်မော်တယ်စွမ်းအားက အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သောကြောင့် သူသည် သွေးကြောမှတ်များကို ရှာဖွေရာတွင် ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယခု၌ ကိုယ်ပွားသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီး၊ အင်မော်တယ်စွမ်းရည်မှာလည်း တိုးတက်လာသောကြောင့် သူသည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ပို၍ခံနိုင်ရည်ရှိနေတော့မည် ဖြစ်သည်။

……………………………………………………………………………………………………………………………………..

All Chapters