တစ်ကွက်တည်းဖြင့် ခါးအောက်ပိုင်းကို ဖြတ်တောက်ခြင်း ၃
Vol. 17 Ch. 249
သို့သော် ချီ-သွေးစွမ်းအား ပေါက်ကွဲမှုသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်ပွားစေခဲ့ပြီး၊ ယခုတွင်ကား သူသည် အတော်လေး သက်တောင့်သက်သာ ရှိနေခဲ့သည်။
ဘမ်း !!
ဘမ်း !!
ဘမ်း !!
ရှုကျိုးခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များ လင်းလက်လာခဲ့သည်။
ရှုကျိုး၏ စိတ်ပင် လှုပ်ခါသွားခဲ့သည်။
“ သွေးကြောမှတ် အသစ်ငါးခုက တစ်ခါတည်း ပေါ်လာတာလား? “
ရှုကျိုးသည် ပျော်ရွှင်နေသည့် အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။
နာရီဝက်အတွင်းမှာပင် သွေးကြောမှတ် အသစ်ငါးခု ရှာတွေ့ခြင်း၊ အဆိုပါ ထိရောက်မှုကား အမှန်တကယ် မြန်ဆန်နေခဲ့သည်။
ယခင်က သူသည် အခန်းနံပါတ်၉ တွင် ခြောက်နာရီကြာ နေခဲ့သော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ၊ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားများ မလုံလောက်ခြင်းကြောင့် ဖြစ်ခဲ့သည့်ပုံပင်။
“ အခန်းနံပါတ် ၇၊ ငါက နေရာမှန်ကို တကယ်ကြီး ရောက်လာခဲ့တာပဲ “
ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်ပျော်ရွှင်နေလျက်ရှိသည်။
သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သွေးကြောမှတ် အသစ်များကို ဆက်၍ ရှာဖွေနေတော့သည်။
ရှုကျိုးသည် သူက ဤတစ်ကြိမ်တွင် ဒါဇင်နှင့်ချီသော သွေးကြောမှတ် အသစ်များကို ရှာတွေ့နိုင်သည်ဟု ယောင်ဝါးဝါး ခံစားနေခဲ့ရသည်။
…
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်နာရီ
နှစ်နာရီ
သုံးနာရီ
…
မျက်စိတစ်မှိတ်အတွင်းမှာပင် လနှင့် ကြယ်များ ပေါ်ထွက်လာခဲ့သည်။
ရှန့်ဝမ်ချန်းမှ မော်နီတာကို ကြည့်လိုက်ရာ ရှုကျိုး၏ အသက်ဓာတ် ကိန်းဂဏန်းက တည်ငြိမ်နေစဲဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းအတွက် ရှန့်ဝမ်ချန်းသည် ထပ်မံ၍ တအံ့တဩ ဖြစ်မနေတော့ပေ။
သူသည် ရှုကျိုးက သွေးကြောမှတ် အသစ်များ ရှာတွေ့၊ မတွေ့ဆိုသည်ကိုသာ ပို၍စိုးရိမ်ပူပန်နေခဲ့သည်။
တစ်ညတာလုံးတွင် ရှုကျိုးထံမှ မည်သည့် လှုပ်ရှားမှုမှ မပေါ်ထွက်လာခဲ့ပေ။
အဆုံးတွင် ရှန့်ဝမ်ချန်းသည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ လေးနက်သော လေသံဖြင့် မေးမြန်းလာခဲ့သည် “ ရှုကျိုး၊ အခြေအနေ ဘယ်လိုရှိလဲ? “
“ အဆင်ပြေပါတယ် “ ရှုကျိုး၏ အသံသည် စမ်းသပ်ခန်းထဲမှ ပေါ်ထွက်လာခဲ့သည်။
“ သွေးကြောမှတ် အသစ်တွေကို ရှာတွေ့လား? “
“ ရှာတွေ့ပါတယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ တအံ့တဩဖြစ်သွားကြသည်။
သူသည် တကယ်ကြီး ရှာတွေ့ခဲ့တယ်ပေါ့ !!!
စမ်းသပ်ခန်းအတွင်း၌ ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုနေလျက်ရှိသည်။
၁၈၀၊ ၁၉၀၊ ၂၀၀၊ ၂၁၀ ………
စုစုပေါင်း အလင်းတန်း ၂၇၀သည် သူ၏ခန္ဓာကိုယ်ထဲတွင် တလက်လက် တောက်ပနေခဲ့သည်။
“ တစ်ညထဲမှာပဲ ငါက သွေးကြောမှတ်အသစ် အခု၉၀ရှာတွေ့ခဲ့တယ် “
ရှုကျိုးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ဒါကမပြီးသေးဘူး၊ သွေးကြောမှတ် အသစ်တွေ ကျန်နေသေးတယ်လို့ ငါခံစားနေရတယ် “
“ ပထမအဆင့် နယ်ပယ်ရဲ့ အကန့်အသတ်က ဘယ်လောက်တောင်ရှိနေတာလဲဟ? “
ထိုအချိန်၌ ရှုကျိုးကိုယ်တိုင်ကပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ငါက သွေးကြောမှတ် အခု၃၀၀ကျော် ရှာတွေ့မှာလား?
“ အဲ့လောက်ကြီးတော့ မများသင့်ပါဘူး “ ရှုကျိုးသည် အနည်းငယ် မရေရာမသေချာ ဖြစ်နေခဲ့သည်။
သွေးကြောမှတ် အခု၃၀၀၊ ၎င်းမှာ ပါဖက်စနစ် ၁၀ခုကို ညွှန်းဆိုနေခြင်းဖြစ်သည်။
အဲ့တာက ပထမအဆင့်ကော ဟုတ်သေးရဲ့လားဟ?
“ ထားလိုက်ပါလေ၊ ဆက်လုပ်ကြတာပေါ့ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
သူသည် ယနေ့တွင် သွေးကြောမှတ် အသစ်များ မည်မျှရှာတွေ့မလဲဆိုသည်ကို ကြည့်ရှုရန် ကြံရွယ်ထားခဲ့သည်။
သွေးကြောမှတ်များ ဖွင့်လှစ်ခြင်းသည် သူ့အတွက် အတော်လေး လွယ်ကူနေခဲ့ပြီဖြစ်သည်။
အကယ်၍ သူက သွေးကြောမှတ် အခု ၁၀၀၀ရှာတွေ့ခဲ့မည်ဆိုလျှင်တောင်မှ ရှုကျိုးသည် ၎င်းတို့အားလုံးကို ဖွင့်လှစ်နိုင်ဦးမည် ဖြစ်သည်။
…
ရှုကျိုးက သွေးကြောမှတ် အသစ်များကို ရှာဖွေနေသည့် အချိန်တွင်
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ဝင်ပေါက်၌
လူတစ်စုသည် အထူးလေယာဥ်တစ်စီးပေါ်မှ ဆင်းလာခဲ့ကာ၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ကြည့်ရှုနေကြသည်။
သူတို့ထဲမှ ခေါင်းဆောင်ဖြစ်သူသည် အရပ်ရှည်ရှည်ဖြင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသည့် မျက်နှာကို ပိုင်ဆိုင်ထားသည့် ချောမောသော လူငယ်တစ်ဦးဖြစ်သည်။
“ ဆိုတော့ ဒီဟာက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်လား? “ ချောမောသောလူငယ်သည် အသာအယာ ပြုံးသွားခဲ့သည် “ ခံစားချက်ကတော့ တော်တော်လေး သာမန်ဆန်တာပဲ “
သူ့ဘေးနားရှိ လူငယ်တစ်ဦးမှာလည်း ခေါင်းငြိမ့်၍ ထောက်ခံလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က ကျွန်တော်တို့ တော်ဝင်သိုင်းပညာ တက္ကသိုလ်ကို ယှဥ်နိုင်တယ်လို့ပြောကြတယ်။ ဒါပင်မဲ့ သွေးကြောမှတ် ၁၆၀ရှိတဲ့ လူကိုတောင် အခုထိ မမွေးထုတ်ပေးနိုင်သေးဘူး၊ ထိပ်တန်း သိုင်းပညာ တက္ကသိုလ်တစ်ခုရဲ့ ဂုဏ်သတင်းကို ပျက်ပြားစေခဲ့တယ် “
“ အစ်ကိုယန်၊ ကျွန်တော်တို့က ဝင်သွားသင့်လား? “ သူသည် ချောမောသော လူငယ်ကို ကြည့်လာခဲ့သည်။
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယန်တျန်ဒုံသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထဲသို့ လျှောက်လှမ်းသွားတော့သည်။
“ ဒီတစ်ခါတော့ နတ်သိုင်းဌာနရဲ့ စည်းချက်ကို မနှောင့်ယှက်နဲ့ “ ယန်တျန်ဒုံမှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါတို့က ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့နဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဝှက်ဖဲတွေကို ဖော်ထုတ်ဖို့အတွက် ဒီကိုရောက်လာကြတာ “
ဘေးနားရှိလူငယ်သည် ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်တွေထဲမှာ အခုလက်ရှိ အသန်မာဆုံးက ချန်းရှင်တဲ့၊ ဒါပင်မဲ့ သူမက မင်းနဲ့ သုံးကွက်တောင် ယှဥ်နိုင်မှာ မဟုတ်ဘူး “
“ သုံးကွက်လား? ချန်းရှင်က တစ်ကွက်တည်းနဲ့ အစ်ကိုယန်ရဲ့ ခြေထောက်ပေါ်ကို ကျလာလိမ့်မယ်လို့ ငါလောင်းတယ် “
တစ်ခြားသောလူငယ်တစ်ဦးမှ ဝင်ရောက်လှောင်ပြောင်လာခဲ့သည်။
ယန်တျန်ဒုံသည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ ပြိုင်ပွဲက မစသေးဘူး၊ ချန်းရှင်က လှုပ်ရှားလာမှာ မဟုတ်လောက်ဘူး “
“ သိပ်မခက်ပါဘူး၊ ကျွန်တော်တို့က သူမကို နည်းနည်းလောက် စော်ကားလိုက်ဖို့ပဲ လိုတာပါ၊ သူမက မထိန်းထားနိုင်တော့ဘူး “ သူ့ဘေးနားရှိ လူငယ်တစ်ဦးမှ အပြုံးဖြင့် ပြောလာခဲ့သည်။
“ သူမကို စော်ကားတာလား? “ ယန်တျန်ဒုံသည် တဟားဟား ရယ်မောသွားတော့သည် “ အဲ့တာက အကြံကောင်းတစ်ခုပဲ “
ထိုလူစုသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထဲသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားကြသည်။
မကြာခင်မှာပင် တစ်ကျောင်းလုံးတွင် သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။
ယန်တျန်ဒုံသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ဒုတိယအဆင့်နယ်ပယ်မှ ပြိုင်ပွဲဝင် ပါရမီရှင်များကို ဦးဆောင်ကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အစစ်အမှန် သိုင်းပညာဌာနမှ ပညာရှင်များကို စိန်ခေါ်ရန် ရောက်လာခဲ့သည် !!!
“ တကယ်လို့ ဒုတိယအဆင့်တွေက မတိုက်ရဲဘူးဆိုရင်၊ တတိယအဆင့်တွေပါ ဝင်ပါလို့ရတယ် “
အဆိုပါ သတင်းစကားသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးကို လောင်ကျွမ်းသွားစေခဲ့သည်။
တတိယအဆင့်တွေပါ ဝင်ပါလို့ရတယ်ဟူသော စကားများသည် မောက်မာခြင်း၊ အထင်သေးခြင်းတို့ကို ကိုယ်စားပြုသည်။
အကယ်၍ အစစ်အမှန် သိုင်းပညာဌာနကသာ တတိယအဆင့် ပညာရှင်များကို စေလွှတ်လိုက်မည်ဆိုပါက လွန်စွာရှက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
အဆင့်တူတွင် ပြိုင်ဘက်ကင်းသည်ဟူသော ဂုဏ်သတင်းဖြင့် ကျော်ကြားသည့် အစစ်အမှန် သိုင်းပညာဌာနသည် သူတို့၏ အထက်တွင်ရှိသည့် တစ်ခြားလူများကိုသာ အမြဲလိုလို စိန်ခေါ်တိုက်ခိုက်ခဲ့သည်၊ သို့သော် ယခု၌ အဆင့်နိမ့်လူတစ်ဦးမှ သူတို့အား ပထမဦးဆုံးအကြိမ်အဖြစ် စိန်ခေါ်လာခဲ့ပြီဖြစ်သည်။
ယန်တျန်ဒုံ၏ မောက်မာမှုနှင့် မထီမဲ့မြင်ပြုနေသော သဘောထားသည် အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားတိုင်းကို ဒေါသထွက်သွားစေခဲ့သည်။
မကြာခင်မှာပင် ဒုတိယအဆင့်မှ ကျောင်းသူကျောင်းသားတစ်ချို့သည် စိတ်မထိန်းနိုင်တော့ဘဲ၊ စင်ပေါ်သို့ တက်သွားကြသည်။
ရလဒ်ကမူ ……….
သနားဖွယ်ကောင်းလှသည်အထိ ရှုံးနိမ့်သွားခဲ့ရသည်။
“ အစစ်အမှန် သိုင်းပညာဌာန၊ မင်းတို့မှာ ရှိတာ ဒါအကုန်ပဲလား? အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်လို့ မင်းတို့က ကြေညာရဲသေးလား? “
ယန်တျန်ဒုံသည် စင်ပေါ်တွင် ရပ်နေကာ အထင်သေးနေသည့် အကြည့်မျိုးဖြင့် လူတိုင်းကို ကြည့်ကာ မထီမဲ့မြင်ပြုနေတော့သည်။
အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားများ ဒေါသထွက်သွားကြပြီး၊ များစွာသော ဒုတိယအဆင့် ပညာရှင်များသည် စင်ပေါ်သို့ တက်ကာ တိုက်ခိုက်ခဲ့ကြသော်လည်း၊ ရှုံးနိမ့်ခြင်းနှင့်သာ ရင်ဆိုင်သွားကြရသည်။
ထိုကဲ့သို့သောအခြေအနေမျိုးအထိ ရောက်ရှိလာခဲ့သောကြောင့် ဒုတိယအဆင့်နယ်ပယ်တွင် အစွမ်းအထက်ဆုံး ဖြစ်သည့် ချန်းရှင် ဝင်ပါလာရတော့လေသည်။
………………………………………………………………………………………………………………………………….