ပန်းဆယ့်နှစ်ပွင့်၊ ငါးနှစ်ကောင်ပုံစံကွက် ၂
Vol. 17 Ch. 251
အကြီးအကဲယွင်သည် တလေးတပင် သက်ပြင်းချကာ လွမ်းဆွတ်တမ်းတမိနေတော့သည်။
ခြေသံများ ပေါ်ထွက်လာခဲ့သည်။
ချန်တုန်းအာသည် စမ်းသပ်ခန်းထဲသို့ ဝင်လာခဲ့ကာ စကားပြောလာခဲ့သည် “ အဘိုး၊ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနကြားက ရှိတဲ့ တိုက်ပွဲတွေက ပြီးသွားတော့မယ်ဆို? “
“ သမီးကို ဘယ်သူပြောလဲ? “ အကြီးအကဲယွင်သည် သူမကို ကြည့်လိုက်သည်။
“ ဌာနမှူးရှန့်က ပြောတယ်၊ မကြာခင်မှာ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနရဲ့ ကံကြမ္မာကို ဆုံးဖြတ်မဲ့ ပြိုင်ပွဲတစ်ခုရှိတယ်တဲ့ “
“ အဲ့လောက် မရိုးရှင်းဘူး “
အကြီးအကဲယွင်သည် ခေါင်းခါကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
တစ်ခါက သူသည် သူ၏ကိုယ်ပိုင်ကံကြမ္မာကို အသုံးပြုကာ ကောင်းကင်ဘုံယန္တရားကို လမ်းပြတစ်ခုအဖြစ် အသုံးချ၍ အနာဂတ်ကို သွားကြည့်ခဲ့ဖူးသည်။
ဌာနနှစ်ခုကြားရှိ တိုက်ပွဲသည် အမျိုးမျိုးသောကိစ္စများနှင့် ချည်နှောင်နေလျက်ရှိပြီး၊ တစ်ခြားသော စကြာဝဠာတစ်ခု၏ လိုအင်ဆန္ဒပင် ပါဝင်ပတ်သက်နေခဲ့သည်။
အဆုံးသတ်သည် သွေးများ၊ မီးများဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး၊ မရေမတွက်နိုင်လောက်အောင် များပြားသော ပါရမီရှင်များနှင့် အသက်များ ပျက်သုဥ်းသွားရမည် ဖြစ်သည်။
“ တုန်းအာ “ အကြီးအကဲယွင်သည် သူ့အကြည့်ကို ပြန်ရုတ်ကာ စမ်းသပ်ခန်းကို ပြန်ကြည့်လာခဲ့သည် “ ဒီလူကို ဘယ်လိုထင်လဲ? “
ချန်တုန်းအာမှာလည်း စမ်းသပ်ခန်းအတွင်းရှိ ရှုကျိုးကို လှည့်ကြည့်လာခဲ့သည်။
“ နောက်ဆုံးတစ်ခေါက်တုန်းက လူလား? “
“ ဟုတ်တယ် “
“ တော်တော်လေး သန်မာပါတယ် “ ချန်တုန်းအာမှ ပြန်ဖြေလာခဲ့သည် “ သူက သွေးကြောမှတ် ဘယ်နှခုဖွင့်ထားတာလဲ? “
“ ၂၀၀လောက်ဖြစ်သင့်တယ် “ အကြီးအကဲယွင်သည် အတိအကျ မသိသောကြောင့် ခန့်မှန်းပြောဆိုလာခဲ့သည်။
“ ၂၀၀လား? “ ချန်တုန်းအာသည် အံ့ဩတကြီးဖြင့် အော်မိသွားကာ၊ မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် စမ်းသပ်ခန်းကို ကြည့်နေတော့သည်။
ဒီလူက အဲ့လောက်တောင် အစွမ်းထက်တာလား?
ယခင်က သူမသည် ထိုလူက အမှိုက်သာဖြစ်သည်ဟု တွေးထင်ခဲ့ဖူးသည်။
…
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
စမ်းသပ်ခန်း၏ တုန်ခါမှုမှာလည်း ပိုပို၍ စိပ်လာခဲ့သည်။
အကြီးအကဲယွင်နှင့် ချန်တုန်းအာတို့သည် တိတ်တဆိတ်သာ စောင့်ဆိုင်းနေကြသည်။
နာရီပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်၌
ဝုန်း !!
ဝုန်း !!
ဝုန်း !!
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ရှုကျိုး၏ ခန္ဓာကိုယ် ရုတ်တရက် လှုပ်ခါသွားခဲ့သည်။
“ အခု၃၆၀မြောက် သွေးကြောမှတ် “
စမ်းသပ်ခန်းအတွင်း၌ ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုလိုက်ရာ၊ တလက်လက် တောက်ပနေသည့် အလင်းတန်းပေါင်းများစွာကို မြင်တွေ့သွားခဲ့သည်။
အလင်းတန်း အခု၃၆၀သည် တလက်လက် တောက်ပနေလျက်ရှိသည်။
“ စုစုပေါင်း သွေးကြောမှတ် ၃၆၀၊ ပါဖက်စနစ် ၁၂ခု “
တာအိုပန်းဆယ့်နှစ်ပွင့်သည် ခမ်းနားထည်ဝါသော ကြာပန်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနေလျက်ရှိသည်။
ကြာပန်း၏ အလယ်ဗဟို၊ ဝတ်ဆံဖိုနေရာတွင် အဖြူနှင့် အနက်ရောက် စွမ်းအင်နှစ်ခုသည် ယင်ယန်ငါးတစ်ကောင်ကဲ့သို့ တစ်ခုနှင့်တစ်ခု ရစ်ပတ်ရောယှက်နေသည်။
( ယင်ငါး၊ ယန်ငါး ငါးနှစ်ကောင်ပါ၊ ယင်ယန်ဆိုပြီး ပေါင်းရေးရင် ယင်ယန်ငါးများစား ယင်ယန်ငါးလို့ပဲ အသုံးပြုပါမယ် )
ငါးနှစ်ကောင်သည် တာအိုပန်းပွင့် ဆယ့်နှစ်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနေသည့်ပုံပင်။
သို့ရာ၌ ယင်ယန်ငါး၏ ပုံစံသည် အသက်ဝင်မှု ကင်းမဲ့နေသောကြောင့် မကြာခင်မှာပင် ကြာပန်းသည် သေဆုံးသွားသကဲ့သို့ တဖြည်းဖြည်း ညှိးနွမ်းသွားခဲ့သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက သွေးကြောမှတ် အခု၃၆၀လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ယင်ယန်ငါးသည် ရွှင်ရွှင်လန်းလန်း ရေကူးခတ်ကာ ကြာပန်းမှာလည်း အစွမ်းကုန် ပွင့်လန်းလာလိမ့်မည် ဖြစ်သည်။
“ အဲ့တာက သွေးကြောမှတ် လည်ပတ်မှုလား? “
ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်၊ အဆိုပါယင်ယန်ငါးသည် သွေးကြောမှတ် လည်ပတ်မှု၏ တည်နေရာ ဖြစ်နေနိုင်လေသည်။
အုတ်မြစ်အနေဖြင့် တာအိုပန်းပွင့်ဆယ့်နှစ်ခု ရှိနေခဲ့သည်။
သို့သော် အဆိုပါ အုတ်မြစ်သည် အသက်ကင်းမဲ့နေသောကြောင့် ကောင်းစွာ အသက်ဝင်မလာသေးပေ။
အဆိုပါ အုတ်မြစ်ကို ခိုင်မာအောင် လုပ်နိုင်သည်နှင့်တစ်ပြိုင်နက် သူသည် သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်နိုင်တော့မည် ဖြစ်သည်။
“ သွေးကြောမှတ် အခု၃၆၀က အကန့်အသတ်ဖြစ်သင့်တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
သို့ရာ၌ သူသည် ချက်ချင်း မထွက်သွားဘဲ၊ စမ်းသပ်ခန်းထဲတွင် နောက်ထပ်နာရီဝက်မျှ ထပ်နေရန် ဆုံးဖြတ်လိုက်သည်။
သူသည် သွေးကြောမှတ်များ ထပ်မရှိတော့ဘူးဆိုသည်ကို သေချာအောင် စစ်ဆေးမည် ဖြစ်သည်။
ထိုအခါမှသာလျှင် ရှုကျိုးသည် ကြမ်းပြင်ပေါ်မှ ထရပ်ကာ စမ်းသပ်ခန်း အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာတော့လေသည်။
…
အကြီးအကဲယွင်မှ သူ့အနားသို့ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။
“ ရှုကျိုး၊ သွေးကြောမှတ် ဘယ်နှခုရှာတွေ့ခဲ့လဲ? “
ရှုကျိုးသည် စကားမပြောလိုက်ဘဲ သူ့ကိုယ်တွင်းရှိ သွေးကြောမှတ်များကို နှိုးဆွလိုက်သည်။
ဇွီ၊ ဇွီ၊ ဇွီ !!!
ချက်ချင်းဆိုသလိုပင် အကြီးအကဲယွင်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ သွေးကြောမှတ် အခု၃၆၀လား? “
သူတို့ဘေးနားရှိ ချန်တုန်းအာမှာလည်း မအောင့်ထားနိုင်တော့ဘဲ အော်ပြောမိသွားခဲ့သည်။
သွေးကြောမှတ် အခု ၂၀၀ဖြစ်သင့်တာ မဟုတ်ဘူးလား?
ဘယ်လိုလုပ် ဒီလောက်အများကြီး ဖြစ်နေရတာလဲ?
ယခင်ဌာနမှူးခေတ်မှ အထူးချွန်ဆုံးသော ပါရမီရှင်များကပင် သွေးကြောမှတ် ၁၅၀ကျော်မျှသာ ဖွင့်နိုင်ခဲ့ကြသည်။
ယခု၌ ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် အဆိုပါ ပမာဏထပ် နှစ်ဆကျော်များပြားသည့် သွေးကြောမှတ်များ ရှိနေခဲ့လေသည်။
ထိုအချိန်၌ ချန်တုန်းအာသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်၊ မြစ်က အရှေ့ဘက်ကိုပဲ စီးဆင်းတယ်ဆိုတာက တကယ်မှန်တာပဲ၊ လူငယ်မျိုးဆက်တွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်။
ရှုကျိုးမှ သူ၏သွေးကြောမှတ်များကို ပြန်လည် ရုတ်သိမ်းလိုက်မှသာလျှင် အကြီးအကဲယွင် သတိပြန်ဝင်လာခဲ့သည်။
သူသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ အလောတကြီး မေးမြန်းလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုကိုကော ရှာတွေ့ခဲ့လား? “
“ တကယ်တော့ အဲ့တာကို ကျွန်တော်ရှာတွေ့ခဲ့တယ် “ ရှုကျိုးမှ ပြန်ဖြေလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာက မှန်၊ မမှန်ဆိုတာကို သိရဖို့အတွက် သွေးကြောမှတ် အကုန်လုံးကို အရင်ဖွင့်ရဦးမယ် “
သူသည် ၎င်းက တကယ့်သွေးကြောမှတ် လည်ပတ်မှုဖြစ်ကြောင်းကို အတည်မပြုနိုင်သေးပေ။
သွေးကြောမှတ် အခု၃၆၀လုံးကို ဖွင့်ပြီးမှသာလျှင် အဆိုပါ ကြာပန်းက ပွင့်လန်းလာမည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
ရှုကျိုးသည် ထိုကဲ့သို့ ဖြစ်ပေါ်လာမည့် အချိန်ကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေမိတော့သည်။
ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ ဌာနမှူးက ဘယ်ရောက်သွားတာလဲဗျ? “
“ သူက တော်ဝင်သိုင်းပညာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို ဆုံးမဖို့ ထွက်သွားတယ် “ အကြီးအကဲယွင်မှ ပြန်ပြောလာခဲ့သည်။
“ တော်ဝင်သိုင်းပညာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
“ တော်ဝင်သိုင်းပညာ တက္ကသိုလ်က ငါတို့ကို စိန်ခေါ်ဖို့အတွက် ပြိုင်ပွဲဝင် နည်းနည်းလောက် လွှတ်လိုက်တယ်၊ သူတို့တွေထဲက အတော်လေး သန်မာတဲ့ လူတစ်ယောက်က ငါတို့ရဲ့ ဒုတိယနယ်ပယ်က လူတွေကို အနိုင်ယူသွားတယ် “
အကြီးအကဲယွင်မှာ တားမြစ်နယ်မြေထဲတွင်သာ ရှိနေခဲ့ခြင်းဖြစ်သော်လည်း၊ သူ၏စိတ်စွမ်းအားသည် အလွန်အားကောင်းနေသောကြောင့် ကျောင်းတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို သိရှိနေခဲ့လေသည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားသည်၊ သို့သော် ၎င်းကို များစွာ အာရုံစိုက်မနေခဲ့ပေ။
“ အကြီးအကဲယွင်၊ ကျွန်တော် ပြန်ပြီးတော့ လေ့ကျင့်လိုက်ဦးမယ် “
“ အင်းးး “
ရှုကျိုး လှည့်ထွက်သွားတော့သည်။
သူ့အတွက် သွေးကြောမှတ် အခု၃၆၀လုံးကို ဖွင့်လှစ်ခြင်းကသာလျှင် အရေးအကြီးဆုံး အလုပ်ဖြစ်သည်။
…
စံအိမ်အတွင်း၌
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
တီ တီ !!
သူလေ့ကျင့်ရန် ပြင်လိုက်သည့်အချိန်တွင် သူ၏ဖုန်းသည် ရုတ်တရက် အော်ြမည်လာခဲ့သည်။
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ပြိုင်ပွဲဝင်များ စကားပြောခန်းအဖွဲ့တွင် သူမဖတ်ရသေးသည့် စာထောင်ပေါင်းများစွာ ရှိနေကြောင်းကို မြင်တွေ့သွားခဲ့သည်။
ပုံမှန်ဆိုရင် အဖွဲ့က ငြိမ်နေတတ်ပါတယ်။
တစ်ခုခုဖြစ်သွားလို့များလား?
ရှုကျိုး၏ သိချင်စိတ်များ မြင့်တက်သွားပြီး၊ စကားမှတ်တမ်းကို ကြည့်ရှုစစ်ဆေးနေတော့သည်။
“ ပြီးသွားပြီ၊ ချန်းရှင်ကတောင် ရှုံးသွားပြီ၊ ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်က လုံးဝကို ရှုံးနိမ့်သွားပြီ “
“ ယန်တျန်ဒုံက တော်တော်ကြီးကို ကြမ်းလွန်းတယ်၊ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အလယ်အလတ် တတိယအဆင့်ကိုတောင် ရောက်နေပြီ၊ ဘယ်သူကမှ သူနဲ့ သုံးကွက်မယှဥ်နိုင်ကြဘူး “
“ အဲ့ကောင်က တော်တော်လေးကို မောက်မာတယ်၊ အစစ်အမှန် သိုင်းပညာဌာနက လူတွေအားလုံးကို အမှိုက်လို့ ခေါ်နေတယ်၊ အဲ့တာက ငါ့ကို သောက်ရမ်းဒေါသထွက်အောင် လုပ်နေတယ် “
“ ချန်းရှင်တောင် ရှုံးသွားပြီလေ၊ အခုဆိုရင် ဘယ်သူက သွားရဲတော့မှာလဲ? ငါတို့က ဒီဒေါသတွေကို မျိုသိပ်ထားဖို့ပဲ တတ်နိုင်တယ် “
“ ဒီဒေါသတွေကို မျိုချထားရတာက အသေးအမွှားလေးပဲ၊ အဓိက အချက်က နောက်လမှာလုပ်မဲ့ ပြိုင်ပွဲက တော်တော်လေး အန္တရာယ်များနေပြီ “
“ ဟုတ်တယ်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်နှစ်ခုစလုံးက၊ သူတို့ရဲ့ ထိပ်တန်းပါရမီရှင်တွေက ငါတို့လူတွေကို ဖိနှိပ်ထားတယ်၊ တကယ်လို့ ပြိုင်ပွဲကသာ ရှုံးထွက်ပုံစံမျိုးဖြစ်နေမယ်ဆိုရင်တော့ တော်တော်ကြီးကို ပြဿနာများပြီ “
………………………………………………………………………………………………………………………….