← Chapters

မကြုံတွေ့ခဲ့ရဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်မှု အမြန်နှုန်း

Vol. 17 Ch. 253

မကြုံတွေ့ခဲ့ရဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်မှု အမြန်နှုန်း

Vol. 17 Ch. 253

ဤရက်များအတွင်း၌ ရှုကျိုးသည် အပြင်ကမ္ဘာမှ အရာအားလုံးကို လျစ်လျူရှုထားပြီး၊ လေ့ကျင့်ရေးထဲတွင်သာ သူ့ကိုယ်သူနှစ်မြုပ်ထားခဲ့သည်။

သူသည် အကယ်၍ သူက မကျေမနပ်ဖြစ်နေသည်ဆိုလျှင်တောင်မှ ယခုလက်ရှိ သူ၏ခွန်အားဖြင့် ယန်တျန်ဒုံအား မယှဥ်နိုင်သေးဘူးဆိုသည်ကို သိနေခဲ့သည်။

၎င်းမှာ သာမန် ဒုတိယအဆင့် အထွတ်အထိပ်ပညာရှင် မဟုတ်ပေ။

ဌာနမှူး၏ ပြောစကားများအရ ရှုကျိုးသည် ယန်တျန်ဒုံက သူ၏ဒုတိယအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းသော လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ကောင်းကင်ဘုံအောက် နံပါတ်တစ်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း?

ရှေးခတ်မှ ယခုလက်ရှိအချိန်အထိ မည်သူကမှ ထိုကဲ့သို့သော အမြင့်တစ်နေရာကို မရောက်ခဲ့ဖူးချေ။

၎င်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသော အစွမ်းထက်ပြိုင်ဘက်တစ်ဦးဖြစ်သည်။

ဒုတိယအဆင့်သို့ မရောက်ခင် အချိန်အထိ ရှုကျိုးသည် မည်သည့်မိုက်ရူးဆန်မှုကိုမှ ပြုလုပ်မည် မဟုတ်ပေ။

သူ၏ ယခုလက်ရှိ အဓိက ရည်မှန်းချက်သည် နောက်ဆယ်ရက်(သို့) ထို့ထပ်ပိုကြာသည်အထိ လေ့ကျင့်နေရန်ပင်ဖြစ်သည်။

…

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌ အကြိုတိုက်ပွဲ၏ လှိုင်းလုံးများမှာ လုံးဝမပြီးဆုံးသွားသေးပေ။

ယန်တျန်ဒုံ၏ အစစ်အမှန် သိုင်းပညာဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ ပါရမီရှင်များအပေါ် အနိုင်ရမှုသည် တစ်ကျောင်းလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ထို့နောက်တွင် သူသည် လူသိရှင်ကြားကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

“ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ဒီလောက်လေးပါပဲ “

ဤတစ်ကြိမ်တွင် နတ်သိုင်းဌာနမှအပ ကျန်ဌာနသုံးခုစလုံးမှ ကျောင်းသူကျောင်းသားအားလုံး ဒေါသတကြီးဖြစ်သွားကြသည်။

တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းသားတစ်ဦးမှ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကို စော်ကားပြောဆိုသွားပြီး၊ ကျော့ကျော့မော့မော့ ထွက်သွားခဲ့သည်။

အရှက်ခွဲခံရခြင်းပင် !!

အဆင့်တူတွေ ပြိုင်ဘက်ကင်းသည်ဟု ကျော်ကြားသည့် အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားများသည် ယခုတွင် တန်ပြန်တိုက်ခိုက်နိုင်သည့် လူတစ်ဦးပင် မရှိဘဲ မျက်နှာဖြတ်ရိုက်ခံခဲ့ရလေသည်။

“ အစစ်အမှန် သိုင်းပညာဌာနက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွက် အရှက်ရစရာပဲ ”

“ ဟုတ်တယ်ဟေ့၊ သူတို့ပြောတဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ဟာက ဘယ်မှာလဲ? အဲ့တာက သူတို့ပြောတဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ဟာလား? “

“ မင်းတို့က အဲ့လိုကြီး ပြောလို့မရဘူးလေ၊ ယန်တျန်ဒုံက တကယ်ကြီးကို မကောင်းဆိုးဝါးဆန်လွန်းတယ်ဟ။ သူက‌ သွေးကြောမှတ်တွေကို လေးခါတိတိ ပေါင်းစည်းထားတယ်တဲ့၊ ပြီးတော့ သွေးကြောမှတ် ဆယ်ခုကျန်နေသေးပြီးတော့ နောက်တစ်ခါတောင် ထပ်ပေါင်းနိုင်တော့မယ်လို့ ပြောနေကြတယ် “

“ ဘုရားရေ၊ အဲ့လူက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား? ငါကတော့ တစ်ခါလောက်ပေါင်းစပ်ဖို့ကိုတောင် တော်တော်လေး ရုန်းကန်နေရတယ်၊ သူက လေးခေါက်တောင် ပေါင်းစပ်ပြီးသွားပြီလား? “

“ ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ခါတော့ အစစ်အမှန် သိုင်းပညာဌာနက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို မျက်နှာပျက်စေခဲ့တယ် “

“ … “

အထင်အမြင် အမျိုးမျိုး ကွဲပြားနေခဲ့သည်။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သည် နိုင်ငံအတွင်းရှိ ထိပ်တန်းသိုင်းပညာ တက္ကသိုလ်နှစ်ခုထဲမှ တစ်ခုဖြစ်သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသူကျောင်းသားတိုင်းသည် သူတို့၏ ဖြစ်တည်မှုအတွက် အတော်လေး ဂုဏ်ယူဝင့်ကြွားကြသည်။

အစစ်အမှန် သိုင်းပညာဌာနက အနိုင်ကျင့်ခံနေရသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့သည် စိတ်ရှုပ်ထွေးခြင်းနှင့် ဒေါသတရားနှစ်ခုစလုံးကို ခံစားသွားကြရသည်။

များပြားလှသော စွပ်စွဲပြောဆိုမှုများသည် အစစ်အမှန် သိုင်းပညာဌာနဆီသို့ ဦးတည်ရောက်ရှိလာခဲ့သည်။

သို့ရာ၌ အစစ်အမှန် သိုင်းပညာဌာနအတွင်းရှိ လေထုကမူ အလွန်မှုန်မှိုင်းနေခဲ့သည်။

ချန်းရှင်နှင့်တစ်ခြားလူများ ရှုံးနိမ့်သွားခဲ့ပြီး၊ အထူးသဖြင့် ချန်းရှန်၏ ခြေထောက်များ ဆုံးရှုံးသွားရခြင်းသည် အစစ်အမှန် သိုင်းပညာဌာနမှ ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။

အထူးသဖြင့် ဒုတိယအဆင့်နယ်ပယ်မှ ကျောင်းသူကျောင်းသားများဖြစ်ပြီး၊ မကြာခင်မှာပင် သူတို့သည် ပြိုင်ပွဲကိစ္စနှင့် ပတ်သက်၍ စိုးရိမ်တကြီးဖြစ်ကာ အဆိုးမြင်စိတ်များပင် ပေါ်ပေါက်လာတော့လေသည်။

အဆုံး၌ ဌာနမှူးကိုယ်တိုင် ဝင်ပါလာခဲ့ပြီး၊ အခြေအနေများကို အနည်းငယ် ငြိမ်သက်သွားစေခဲ့သည်။

သို့သော် ယန်တျန်ဒုံကြောင့် ရရှိခဲ့သည် အရိပ်မဲကြီးတစ်ခုသည် အားလုံး၏ စိတ်ထဲတွင် ကပ်တွယ်နေခဲ့ပြီး၊ အချိန်အတော်ကြာသည်အထိ မေ့ဖျောက်၍မရနိုင် ဖြစ်နေခဲ့သည်။

…

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၊ ကုန်းမြင့်ဒေသ၌

တောင်ကုန်းငယ်တစ်ခုကဲ့သို့ ကြီးမားသော သားရဲကြီးတစ်ကောင်သည် ကုန်းမြင့်ဒေသ၏ အမြင့်ဆုံးနေရာတွင် မတ်တပ်ရပ်နေလျက်ရှိသည်။

၎င်းသည် ရွှေရောင်သမ်းနေသည့် မီတာ ၂၀ရှည်လျားသော တောင်ပံများပါဝင်နေသည့် ရွှေရောင်တလက်လက် တောက်ပနေသော ခံတပ်ကြီးတစ်ခုနှင့် တူညီနေခဲ့သည်။

မသေမျိုးနတ်နဂါးသားရဲကြီးသည် အောက်ဘက်သို့ ကြည့်ရှုစစ်ဆေးနေလျက်ရှိသည်။

“ မူလကိုယ်က အသည်းအသန် ကြိုးစားနေတဲ့အချိန်မှာ၊ ငါကလည်း တိုးတက်အောင် လုပ်ရမှာပေါ့ “

နတ်နဂါးသားရဲကြီးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ တတိယအဆင့် သားရဲကောင်တွေရဲ့ အသားကို မြည်းစမ်းခဲ့ရတာ တော်တော်လေးကို ကြာနေပြီ၊ ငါက အဲ့လိုမျိုး ထပ်ပြီးတော့ အရသာ ခံနိုင်ဦးမှာလားဆိုတာကို သိချင်မိတယ် “

မသေမျိုးနတ်နဂါးသားရဲကြီးအတွက်ကား အစာ၏ အရည်အသွေးက ပိုကောင်းလေလေ၊ ၎င်း ခံစားရသည့် အကျိုးကျေးဇူးက ပိုများများလေလေဖြစ်သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုက မည်သည့်အတွက်ကြောင့် ဤမျှအားကောင်းနေခဲ့ရသနည်း?

ရှုကျိုးသည် ၎င်းက ယခင်က စားသောက်ခဲ့သည့် တတိယအဆင့် ဗီဇပြောင်းသားရဲနှစ်ကောင်၏ အသားများကို စားသောက်ခဲ့ခြင်းကြောင့် ဖြစ်နေလိမ့်မည်ဟု မှန်းဆနေခဲ့သည်။

ယခင်နှစ်ကြိမ်က ဆင့်ကဲပြောင်းလဲမှုများသည် ဤတစ်ကြိမ်လောက် အားရဖွယ်ကောင်းမနေခဲ့ပေ။

သို့သော် ဤတစ်ကြိမ်၌ ဆင့်ကဲပြောင်းလဲမှုသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် စွမ်းရည်များဖြစ်သော ဟင်းလင်းပြင်စွမ်းရည်နှင့် အင်မော်တယ်စွမ်းရည်များကို ယူဆောင်ပေးလာခဲ့သည်။

၎င်းမှာ တိုက်ဆိုင်မှုသက်သက်သာ မဟုတ်ပေ။

ယခင်က ဆင့်ကဲပြောင်းလဲမှု အတွေ့အကြုံများကို သုံးသပ်ကြည့်ခြင်းဖြင့် ရှုကျိုးသည် ကိုယ်ပွား၏ ဆင့်ကဲပြောင်းလဲမှုတစ်ခုချင်းစီတိုင်းက နည်းနည်းချင်းစီ စုပုံသွားခြင်းဖြစ်သည်ဟု ကောက်ချက်ချနေခဲ့သည်။

ကိုယ်ပွား၏ နေ့စဥ်စားသောက်မှုတွင် တန်ဖိုးကြီးသော အရာများ ပါဝင်လေလေ၊ နောင်တွင် ဖြစ်ပေါ်လာမည့် ဆင့်ကဲပြောင်းလဲမှုက ပို၍ ကြီးမားလေလေပင် ဖြစ်သည်။

အစားအသောက်များမှ ယူဆောင်ပေးလာခဲ့သည့် အကျိုးကျေးဇူးများသည် ဆင့်ကဲပြောင်းလဲမှုတစ်ခုသာလျှင် မဟုတ်ပေ။

နတ်နဂါးသားရဲကြီး၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်သွားခဲ့သည်။

ယခင်က တတိယအဆင့် ဗီဇပြောင်းသားရဲများ၏ အသားများကို စားသောက်နေခဲ့သည့် အချိန်တွင် ၎င်းသည် နေ့စဥ်နေ့တိုင်း စွမ်းအင်များပြည့်ဝကာ တက်တက်ကြွကြွဖြစ်နေခဲ့သည်။

သို့သော် ယခု၌

၎င်းသည် ပထမအဆင့်သားရဲများကို ဆက်တိုက်စားသုံးနေခဲ့ရပြီး၊ ပို၍ပင် အင်ပြည့်အားပြည့် ဖြစ်နေခဲ့ပြီဖြစ်သည်။

“ အစားအသောက်ဆိုတာက ဘဝရဲ့ အနှစ်သာရပဲ “

ထိုအချိန်တွင် မသေမျိုးနတ်နဂါးသားရဲကြီးသည် အဆိုပါ စာကြောင်း၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

“ ဒုတိယအဆင့်ကကောင်တွေကို စပြီးတော့ အမဲလိုက်သင့်နေပြီ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် စနစ်၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် ၎င်း၏ အဆင့်ကို ကိုယ်တိုင် ဖွင့်ကြည့်လိုက်သည်။

[ အဆင့် : ဒုတိယအဆင့် အဆင့်၁ ( ၁၅%) ]

“ ငါ့ရဲ့ အခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ဘယ်အဆင့်က ဗီဇပြောင်းသားရဲနဲ့ လက်ရည်တူနေမှာလဲ? “

မသေမျိုးနတ်နဂါးသားရဲကြီးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည်။

ဆင့်ကဲ့ပြောင်းလဲမှု လေးကြိမ် ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်တွင် ၎င်း၏ သွေးမျိုးဆက်သည် နတ်သားရဲသွေးမျိုးဆက်အဖြစ် ဖြည်းဖြည်းချင်း ကူးပြောင်းလာခဲ့ပြီး၊ အားကောင်းသည့် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းကိုပင် ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။

သို့သော် ၎င်း၏ အတိုင်းအတာကို သိရှိရရန်အတွက် တကယ့်တိုက်ပွဲများကို ဆင်နွှဲရမည် ဖြစ်သည်။

ယခင်က အသတ်ခံခဲ့ရသော ရွှေရောင်ခြသေ့်ကြီးသည် ဒုတိယအဆင့် အဆင့်၁ ဝန်းကျင်ဖြစ်သည်။

ထိုအချိန်က နတ်နဂါးသားရဲကြီးသည် ပထမအဆင့် အဆင့်၈တွင်သာ ရှိနေခဲ့သည်။

ထိုကဲ့သို့သောအချိန်မှာပင် ၎င်းသည် ဒုတိယအဆင့်မှ သားရဲတစ်ကောင်ကို သတ်နေနိုင်ခဲ့ပြီဖြစ်သည်။

ယခုကဲ့သို့ ဆင့်ကဲပြောင်းလဲမှုကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်တွင်မူ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ဆယ်ဆမျှ သာလွန်သွားမည် ဖြစ်သည်။

“ အတွင်းပိုင်းနယ်မြေထဲကို ပြန်ဖို့ အချိန်ကျပြီ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် အသက်ကို အသာအယာ ရှူထုတ်လိုက်သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏နောက်ကျောဘက်ရှိ တောင်ပံများသည် စတင်၍ လှုပ်ခတ်လာခဲ့သည်။

“ ထပ် ထပ် !! “

လေထုကို ဖြိုခွင်းနေသည့် တိုးညှင်း‌သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ရွှေနက်ရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။

မသေမျိုးနတ်နဂါးသားရဲကြီးသည် အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားနေရင်းဖြင့် လမ်းတစ်လျှောက်လုံးတွင် လေထုပေါက်ကွဲသံများကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ အတွင်းပိုင်းနယ်မြေရေ၊ ငါလာပြီဟေ့ !!! “

…

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေ၊ မိကျောင်းသားရဲ ပိုင်နက်အတွင်း၌

မီတာ ၁၀၀ကျယ်ဝန်းသော ဤစိမ့်တောနယ်မြေသည် တတိယအဆင့် မိကျောင်းသားရဲကြီးနှင့် သက်ဆိုင်ခဲ့ဖူးသည်။

…………………………………………………………………………………………………………………………………..

All Chapters