မကြုံတွေ့ခဲ့ရဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်မှု အမြန်နှုန်း ၂
Vol. 17 Ch. 254
သို့သော် ယခုတွင်ကား ဤနယ်မြေသည် အမွှေးနီမျောက်သားရဲတစ်စု၏ လက်တွင်းသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။
၎င်းတို့ထဲ၌ ဦးခေါင်းပေါ်တွင် ရွှေရောင်ဆံပင်မွှေးရှိသည့် မျောက်တစ်ကောင်သည် မွှေးနီမျောက်သားရဲတို့၏ ခေါင်းဆောင်ဖြစ်သည်။
ထိုအချိန်၌ မွှေးနီမျောက်သားရဲခေါင်းဆောင်ကြီး၏ မိကျောင်းသားရဲ လှိုဏ်ဂူ၏ အပေါက်ဝတွင် လှဲလျောင်းကာ နေပူစာလှုံနေလျက်ရှိသည်။
ထို့အပြင် မျောက်မတစ်ချို့သည် ၎င်းတို့၏ ခါးများကို သွေးဆောင်ဖျားယောင်းနေဟန် တွန့်လိမ်နေကြပြီး၊ ၎င်း၏ပခုံးများကို နှိပ်ပေးနေခဲ့သည်။
“ ဟင်းးး “
ရွှေဆံပင်မျောက်သည် မျောက်မတို့၏ အပြုအစုကို ကျေနပ်စွာ ခံယူနေရင်းဖြင့် ရံဖန်ရံခါတွင် ညီးညူသံများ ပြုလုပ်လာခဲ့သည်။
တားမြစ်နယ်မြေ၏ ရှင်ဘုရင်သည် အမိန့်တစ်ခုထုတ်ပြန်ခဲ့ပြီး၊ တတိယအဆင့်နှင့် ၎င်း၏အထက်မှ အဆင့်မြင့် သွေးမျိုးဆက်ပိုင်ဆိုင်ထားသည့် ဗီဇပြောင်းသားရဲများကိုသာ ပြန်လည်ခေါ်ယူထားခဲ့ပြီး၊ တတိယအဆင့်အောက်မှ သားရဲများကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ မောင်းထုတ်ခဲ့သည်။
ဤမွှေးနီမျောက်မျိုးနွယ်စုသည် ပြည်နှင်ဒဏ်ခံလိုက်ရသည့် အဆိုပါ မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။
“ သောက်ကျိုးနည်း ဘုရင်ကြီး၊ ငါ့မှာတော့ အိမ်ခြေရာမဲ့ဘဝနဲ့ လျှောက်သွားနေရပြီ “ ရွှေဆံပင်မျောက်သည် မနေနိုင်တော့ဘဲ ကျိန်ဆဲလာခဲ့သည်။
ပြည်နှင်ဒဏ်ခံခဲ့ရသောကြောင့် ၎င်းသည် ၎င်း၏မျိုးနွယ်စုကို ဦးဆောင်ကာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရွှေ့ပြောင်းလာခဲ့ပြီး၊ အစကနဦးတွင် နယ်မြေအသေးလေးတစ်ခုကို သိမ်းပိုက်မည်ဟု တွေးထားကြသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ဤနေရာတွင် တတိယအဆင့်သားရဲများလည်း ရှိနေခဲ့သည်။
၎င်းတို့က အစွမ်းထက် သွေးမျိုးဆက်များ ပိုင်ဆိုင်ထားသည့် အကောင်များ မဟုတ်ကြသော်လည်း ၎င်းတို့မှာ တတိယအဆင့် သားရဲများဖြစ်နေသေးသည်၊ ထို့ကြောင့် ၎င်းတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ဟိုဟိုဒီဒီ ပြေးလွှားနေရုံသာတတ်နိုင်ခဲ့သည်။
လပေါင်းများစွာ ပြေးလွှားနေခဲ့ရပြီးသည့်နောက်၌ ၎င်းသည် ပိုင်ရှင်မရှိသည့် ဤစိမ့်တောနယ်မြေကို ရှာတွေ့ခဲ့သည်။
“ ငါက အိမ်ကို ဘယ်အချိန်မှာ ပြန်သွားနိုင်မှာလဲ? “ ရွှေဆံပင်မျောက်သည် တစ်ကောင်တည်း ရေရွတ်ပြောဆိုနေရင်းဖြင့် ၎င်း၏ ဇာတိမြေကို တမ်းတနေတော့သည်။
၎င်း၏ သွေးမျိုးဆက်က အဆင့်နိမ့်သော်လည်း အနိမ့်ဆုံးအနေဖြင့် ၎င်းသည် နတ်သားရဲသွေးအနည်းငယ်မျှ သယ်ဆောင်ထားပြီး၊ ၎င်းသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဟုခေါ်ဆိုသည့် ဤနေရာကို အထင်တသေးဖြစ်နေခဲ့သည်။
သားရဲမျိုးနွယ်စုများကြား၌ အထက်နှင့်အောက် ကြမ်းတမ်းသော အထင်သေးမှုများ ရှိနေခဲ့သည်။
သန့်စင်သော နတ်သားရဲသွေးမျိုးဆက်များသည် အဆင့်မြင့်သွေးမျိုးဆက် သားရဲများကို အထင်သေးကြပြီး၊ အဆင့်မြင့် သွေးမျိုးဆက် သားရဲများကမူ အဆင့်နိမ့် သွေးမျိုးဆက် သားရဲများကို အထင်သေးကြပြီး၊ ၎င်းတို့ကမူ သွေးနှောမျိုးဆက် သားရဲများကို အထင်သေးကြသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် လူသားတို့ ကြီးစိုးရာ နယ်မြေတစ်ခုဖြစ်သောကြောင့် များသောအားဖြင့် သွေးနှောသားရဲများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
“ ဘုရင်ကြီးပြောတာကတော့ ငါက ဒီနေရာမှာ လူသားအယောက်တစ်ထောင်ကို သတ်နိုင်မယ်ဆိုရင် အိမ်ပြန်လာနိုင်တယ်တဲ့ “
ရွှေဆံပင်မျောက်ကြီးသည် မနေနိုင်တော့ဘဲ ထပ်မံ၍ ကျိန်ဆဲလာပြန်သည် “ ချီးပဲ၊ အဲ့တာက ဘယ်အချိန်ရောက်မှ ဖြစ်လာမှာလဲ? “
“ အူးးး အူးးး “
ထိုအချိန်တွင် ဘေးတစ်ဖက်ရှိ မျောက်နီမတစ်ကောင်သည် စိတ်ကျေနပ်နေသည့် အသံတစ်သံ ပြုလုပ်လာခဲ့သည်။
ထိုအခါမှသာလျှင် ရွှေဆံပင်မျောက်သည် စိတ်တည်ငြိမ်သွားခဲ့သည် “ ဒါဆိုရင်လည်း ငါသတ်ပစ်မယ်၊ နောက်တစ်နှစ် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲက ပြန်ဖွင့်တဲ့အချိန်ကျရင် ဝင်လာတဲ့ လူမသားတိုင်း ငါသတ်မယ် “
၎င်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“ ဝုန်းးးး “
ထိုအချိန်၌ ဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။
ရွှေဆံပင်မျောက်ကြီးသည် ခေါင်းမော့ကြည့်လာခဲ့ပြီး၊ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ ကြီးမားသော ရွှေနက်ရောင် ပုံရိပ်ကြီးတစ်ခုသည် ကောင်းကင်နှင့်နေမင်းကို ပိတ်ဆို့ကာ ၎င်းတို့ထံသို့ ခုန်ချလာခဲ့သည်။
ရွှေဆံပင်မျောက်၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ တတိယအဆင့်လား? “
၎င်းသည် ချက်ချင်း ထရပ်ကာ ထွက်ပြေးရန် အသင့်ပြင်လိုက်သည်။
တတိယအဆင့် သားရဲကောင်မှ သွေးနှောသားရဲဖြစ်နေမည်ဆိုလျှင်တောင်မှ ကိုင်တွယ်ရလွယ်ကူနေလိမ့်မည် မဟုတ်ပေ။
သို့သော် မကြာခင်မှာပင် ရွှေဆံပင်မျောက်သည် တစ်ဖက်မှသားရဲ၏ အငွေ့အသက်ကို အာရုံခံမိသွားကာ အမူအရာ တောင့်တင်းသွားတော့သည် “ ဒုတိယအဆင့်လား? “
၎င်းသည် ရွှေနက်ရောင် သားရဲကြီး၏ ကြီးမားသော အရွယ်အစားကြောင့် ၎င်းအား တတိယအဆင့်သားရဲအဖြစ် အထင်မှားသွားခဲ့ခြင်းဖြစ်သည်။
“ သေချင်နေတာပဲ !! “
ရွှေဆံပင်မျောက်ကြီး၏ မျက်နှာပေါ်တွင် ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ဒုတိယအဆင့်သားရဲကောင်လေးက ငါ့ကို ပြဿနာလာရှာရဲနေတာလား?
ငရဲမင်းဆီသွားလည်ချင်နေတာပဲ !!!
“ ဝေါင်းးးးးး ~~~ “
ရွှေဆံပင်မျောက်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်ခဲ့ရာ၊ ၎င်း၏ ကြွက်သားများ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၀မီတာကျော် မြင့်မားသည့် ရွှေရောင် မျောက်ဝံကြီးသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပေါ်ထွက်လာခဲ့သည်။
မွေးရာပါစွမ်းရည် - ဖေရှန်းရှောင်းတိ !!
( ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဒါမှမဟုတ် စိတ်ဝိညာဥ်စွမ်းအား ကြီးထွားလာခြင်းပါ )
နတ်သားရဲမိသားစုဝင်တစ်ကောင်အနေဖြင့် ၎င်းတို့ထံတွင် အဆင့်နိမ့်သွေးမျိုးဆက် ရှိနေခဲ့သော်လည်း၊ ၎င်းသည် သွေးနှောသားရဲများထပ် များစွာသာလွန်နေသေးသည်။
၎င်း၏ မွေးရာပါစွမ်းအားသည် သွေးနှောသားရဲတစ်ချို့က ၎င်းတို့၏ သက်တမ်းတစ်လျှောက်လုံးတွင် လုံးဝမပိုင်ဆိုင်သော စွမ်းရည်တစ်ခုဖြစ်ပြီး၊ သွေးမျိုးဆက်များကြားရှိ ကြီးမားသော ကွာဟချက်ကို သက်သေပြုပေးနေခဲ့သည်။
“ ဝှစ် !! “
ရွှေရောင်မျောက်ဝံကြီးသည် ဝင့်ဝင့်ကြွားကြွား မတ်တပ်ရပ်နေလျက်ရှိသည်၊ ၎င်း၏ ရွှေရောင်အမွှေးများသည် ရွှေရောင်မီးတောက်များကဲ့သို့ ယိမ်းနွဲ့နေပြီး၊ ၎င်း၏ မျက်လုံးများမှာလည်း ကြီးမားသော ရွှေရောင်နေမင်းကြီး နှစ်လုံးကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။
“ ဝေါင်းးး !! “
၎င်းသည် ရင်ဘတ်စည်တီးကာ ကျယ်လောင်စွာ ဟိန်းဟောက်၍ ဆူနာမီကဲ့သို့ အသံလှိုင်းလုံးများကို ထုတ်လွှတ်လာခဲ့သည်။
( ရင်ဘတ်ကို လက်သီးစုပ်ပြီးထုတာ မျောက်ဝံတွေ တိုက်ခိုက်ရင် လုပ်တတ်တဲ့ အမူအကျင့်တစ်ခုပါ )
မြေပြင်ပေါ်ရှိ မွှေးနီမျောက်အုပ်စုကား ကြောက်လန့်တကြားဖြင့် ဝပ်တွားသွားကြသည်။
သို့ရာတွင် ကောင်းကင်ယံရှိ ရွှေနက်ရောင်သားရဲကြီးကမူ မည်သို့မျှ ထိတ်လန့်မသွားခဲ့ပေ။
မသေမျိုးနတ်နဂါးသားရဲကြီးမှလည်း ပြန်လည်တုံ့ပြန်၍ ဟိန်းဟောက်လာခဲ့သည်။
ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ဟင်းလင်းပြင်ကို အက်ကြောင်းထသွားစေကာ လေဟာနယ် လျှောက်လမ်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
“ ဟမ်? “
ရွှေရောင်မျောက်ဝံကြီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ပြိုင်ဘက်၏ ဟိန်းဟောက်သံထဲတွင် နဂါးတန်ခိုး အရိပ်အငွေ့များ ပါရှိနေခဲ့သည်။
၎င်းသည် ကံကောင်းထောက်မစွာဖြင့် တကယ့် နဂါးသားရဲမျိုးနွယ်စုကို မြင်တွေ့ထားခဲ့ဖူးသောကြောင့် မသေမျိုးနတ်နဂါးသားရဲကြီး၏ ဟိန်းဟောက်သံထဲတွင် နဂါးမျိုးနွယ်စု၏အမှတ်အသား ပါဝင်နေသည်ကို ချက်ချင်းသတိပြုမိသွားခဲ့သည်။
“ မဖြစ်နိုင်ဘူး !! “
ချက်ချင်းဆိုသလိုပင် ရွှေရောင်မျောက်ဝံကြီးသည် အဆိုပါ အတွေးကို ဖျောက်ဖျက်ပစ်လိုက်သည်၊ နဂါးမျိုးနွယ်စုဝင်တစ်ကောင်က ဒီလိုမျိုး နေရာသေးသေးလေးဆီကို ဘယ်လိုလုပ် ပြည်နှင်ခံလိုက်ရမှာလဲ?
နဂါးမျိုးနွယ်စုသည် တားမြစ်နယ်မြေအတွင်းမှာပင် အတော်လေး အဆင့်မြင့်မားသော မျိုးနွယ်စုတစ်ခုဖြစ်သည်။
“ သတ် !! “
၎င်းသည် မည်သည့်အရာကိုမှ ထပ်တွေးမနေတော့ဘဲ၊ ဒေါသတကြီး ဟိန်းဟောက်၍ တိုက်ပွဲခေါ်လာတော့လေသည်။
ရွှေရောင်လူဝံကြီးသည် အရှေ့သို့ပြေးတက်လာခဲ့သည်၊ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် မြေပြင်ကို လှုပ်ခါသွားစေခဲ့ပြီး၊ မြင့်မားသော တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည့် ရွှေရောင်သတ္တဝါကြီးတစ်ကောင်သည် မသေမျိုးနတ်နဂါးသားရဲကြီးထံသို့ ပြေးဝင်လာခဲ့သည်။
“ ဝှစ် !! “
နတ်နဂါးသားရဲကြီးသည် လုံးဝကြောက်လန့်မသွားခဲ့ဘဲ၊ ၎င်း၏ရွှေနက်ရောင် တောင်ပံများဖြင့် ရွှေရောင်လူဝံကြီးကို ရိုက်ချလိုက်သည်။
သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်များ တိုက်မိသွားမှုသည် ကျယ်လောင်သော အသံတစ်သံကို ပေါ်ထွက်လာစေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးများကို နေရာအနှံ့ ပြန့်ကျဲသွားစေခဲ့သည်။
မီတာပေါင်း ဒါဇင်နှင့်ချီသော အကွာအဝေးအတွင်းရှိ သစ်ပင်များ လဲပြိုသွားခဲ့သည်။
“ ဘမ်း !!! “
မသေမျိုးနတ်နဂါးသားရဲကြီးသည် အနောက်သို့ မီတာဒါဇင်နှင့်ချီ၍ လှိမ့်ထွက်သွားခဲ့သည်။
ရွှေရောင်မျောက်ဝံကြီးကမူ အခိုင်အမာ မတ်တပ်ရပ်နေနိုင်သေးသည်။
ရှုကျိုး၏ မျက်လုံးများထဲတွင် အံ့ဩမှုအရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ ဒီမျောက်က သာမန်သားရဲမဟုတ်လောက်ဘူး၊ ဒီကောင့်ဆီမှာ နတ်သားရဲသွေးမျိုးဆက် ရှိနေရမယ် “
ရွှေရောင်မျောက်ဝံကြီး၏ အဆင့်သည် ဒုတိယအဆင့် အဆင့်၃ ဝန်းကျင်ဖြစ်လောက်သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက မသေမျိုးနတ်နဂါးသားရဲကြီးသည် ထိုအဆင့်တွင် ရှိနေသည့် သားရဲကောင်အား အလွယ်တကူ ဖိနှိပ်နိုင်သင့်ပေသည်။
…………………………………………………………………………………………………………………………………….