အခန်း (၈၃)
Vol. 8 Ch. 83
'ဗဟိုတပ်စခန်း'
ရှန်ထင်ချွန်ကစာကို ချပစ်လိုက်ပြီး "မမျှော်လင့်ဘဲ၊ မြက်ခင်းပြင်ကလူရိုင်းမျိုးနွယ်စုလေးခုတွေ နှစ်ပေါင်းများစွာ လျှို့ဝှက်စွာ တိုက်ခိုက်မှု့တွေ ပြုလုပ်ပြီးနောက် တစ်ညတည်းနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့တယ်"
"ဒါတင်မကသေးဘူး၊ လျန်ကျိုး ကို မတိုက်ခိုက်ဘဲ ယွမ်ကျိုး ကို တိုက်ခိုက်ဖို့အတွက် စစ်သည် ငါးသောင်းကို စေလွှတ်ခဲ့တယ်။ သူတို့မဟာ တံတိုင်းကြီး အပြင်ဘက်မှာ စခန်းချပြီးပြီဖြစ်ပြီး ဘယ်အချိန်မဆို တိုက်ခိုက်မှု စတင်နိုင်တယ်လို့ စာထဲမှာ ဖော်ပြထားတယ်။ ယွမ်ကျိုးရဲ့ စစ်ဝန်ကြီးဠာက ငါတို့ရဲ့ နယ်ခြားခံစစ်တွေကို ခိုင်မာစေဖို့၊ ရှေ့မတိုးဘဲ နေရာယူထားဖို့နဲ့ အဖြစ်ပျက်မှန်သမျှကို ချက်ချင်းအစီရင်ခံဖို့ အမိန့်ပေးထားတယ်"
"မင်းတို့ရဲ့ အကြံဥာဏ်တွေက ဘာလဲ"
ရာစုမှုးများအားလုံး တဲအတွင်း၌ မတ်တပ်ရပ်နေကြသည်။
ချန်ဆန်းရှီက "ဒီနေ့ လူရိုင်းမြင်းတပ်တွေရဲ့ စီးနင်းမှု့ကဒါနဲ့ ဆက်စပ်မှုရှိနိုင်မလား" ဟု ပြောလိုက်သည်။
"ဖြစ်နိုင်တယ်"
ဖန်ယုံ က "အဲဒီ မြင်းစစ်သည်အုပ်စုက လုယက်ဖို့ ရောက်လာတာ မဟုတ်ဘူးထင်တယ်။ တံတိုင်းကြီးရဲ့ ကာကွယ်ရေး အခြေအနေကို စမ်းသပ်ကြည့်တာနဲ့ ပိုတူတယ်"
"ဪ"
ရှန်ထင်ချွန်က အလေးအနက်ထား ပြောလိုက်သည်"မင်းပြောချင်တာက 'ရှီမြစ်'မျိုးနွယ်စုတွေက ပိုယန်ကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီလား"
"အလျင်စလို မခန့်မှန်းရဲပါဘူး"
ဖန်ယုံက "ရှီမြစ်မျိုးနွယ်စုတွေရဲ့ စစ်ရေးအင်အားနဲ့ဆိုရင် သူတို့မှာ သတ္တိရှိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ လျှို့ဝှက်ပြီးအင်အားဖြည့်တင်းနေတာကိုတော့ ချန်လှပ်ထားလို့ မရဘူး"
မြို့တစ်မြို့ကို တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းသည် အခက်အခဲရှုထောင့်မှကြည့်လျှင် လုံးဝကွဲပြားသော အယူအဆများဖြစ်သည်။
မြို့တစ်မြို့ကို တိုက်ခိုက်ရန်အတွက် ဝိုင်းရံရန် စစ်သည်အရေအတွက်သည် များစွာပို၍ လိုအပ်တတ်သည်။
"ဒီဖြစ်နိုင်ခြေက သိပ်မများပါဘူး"
လော်တုန်ချွမ်က အလေးအနက်ပြောသည် "အနောက်မြောက်ပြည်နယ် သုံးခုကို အန်းဒင်စီရင်စုနဲ့ ပေါင်းလိုက်ရင် ဒါတွေအားလုံးဟာ မဟာဗျူဟာမြောက် နေရာတွေပါ။ အနည်းဆုံး စစ်သည် သုံးသိန်းကျော်လောက် လိုအပ်လိမ့်မယ်။ လူရိုင်းမျိုးနွယ်စုလေးခု ပေါင်းစည်းရင်တောင် သူတို့ရဲ့ စစ်ရေးနဲ့ ပစ္စည်းအရင်းအမြစ်တွေက ကန့်သတ်ချက်ရှိတယ်။ ရှီမြစ်မျိုးနွယ်စုတွေကို အင်အားဖြည့်ပေးဖို့ သူတို့မှာ ဘယ်က စွမ်းရည်ရှိမှာလဲ"
"ဒါပေမဲ့ သတိထားတာ အကောင်းဆုံးပါပဲ"
ရှန်ထင်ချွန်က အမိန့်ပေးလိုက်သည် "ညကင်းထောက်အဖွဲ့ ကို အချိန်မတိုင်မီ ထောက်လှမ်းရေးမစ်ရှင်တွေ စတင်ဖို့၊ ဆယ့်ငါးရက်နေ့နောက်ပိုင်း ထွက်ခွာပြီး ရှီမြစ်မျိုးနွယ်စုတွေရဲ့အခုတလောအခြေအနေကို သေချာစောင့်ကြည့်ဖို့ဘဲ"
"ဟုတ်ကဲ့"
စစ်ရေးကိစ္စများကို ဆွေးနွေးပြီးနောက် ရန်သူကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်များသို့ ကူးပြောင်းသွားသည်။
"ရာစုမှုးချန် တစ်ဦးတည်းက မြင်းတပ် ကို ထိုးဖောက်ပြီး ရန်သူ့ခေါင်းဆောင်ကို တိုက်ရိုက်သတ်ဖြတ်ခဲ့တယ်"
ရှန်ထင်ချွန်က "ငါ ပထမဆုံးတိုက်ခိုက်တုန်းက မင်းလောက်တောင် မကောင်းခဲ့ဘူး"
"မင်းကို ရာထူးတိုးမြှင့်ဖို့ တရားရုံးကို အစီရင်ခံစာတင်ပြပေးမယ်"
"စခန်းထဲက ဆေးဝါးပစ္စည်းတွေအတွက်ကတော့ ဒီနေ့ကစပြီး မင်းစိတ်ကြိုက် ဆေးရေစိမ်နိုင်တယ်၊ ကုန်ကျစရိတ်အားလုံးကို ငါ့ကျခံမယ်"
"ဒါပေမဲ့ 'အနက်ရောင်ကျောက်စိမ်းလိမ်းဆေး'ကစပြီး စခန်းထဲမှာ ပမာဏကန့်သတ်ထားတယ် အရာရှိတွေအားလုံး လိုအပ်တာမို့ မင်းတစ်ယောက်တည်းကို ပေးလို့မရဘူး"
ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် သက်တမ်းပြည့်မြောက်ပြီးနောက် ဗိုလ်မှုး သို့ ရာထူးတိုးမြှင့်ပေးသည်။
၎င်းကို စစ်ဘက်ရာထူးတိုးမြှင့်မှုဖြစ် သည်။
သတ်မှတ်ထားသော ရာထူးတစ်ခုသို့ ရောက်ရှိပြီးနောက် ဆက်လက်၍ ရာထူးတိုးမြှင့်နိုင်သည်။
စစ်ရေးအောင်မြင်မှုများ သို့မဟုတ် အဆင့်အတန်းတွင် သိသာထင်ရှားသော တိုးတက်မှုများ မရှိပါက ဤလုပ်ငန်းစဉ်သည် အလွန်နှေးကွေးနိုင်သည်။
ရှန်ထင်ချွန်ပင်လျှင် အတွင်းအားသန့်စင်ခြင်းအဆင့်အရောက်ရှိပြီးနောက် ဒုတိယထောင်စုမှုးအဖြစ် နှစ်ပေါင်းများစွာ ကြာမှ ထောင်စုမှုးဖြစ်လာခဲ့သည်။
"ဒါ့အပြင် တခြားဆုလာဘ် ဘာလိုချင်လဲ၊ ပြောပါ"
"အရှင် ကျွန်တော် မြင်းတွေ လိုချင်တယ်"
ချန်ဆန်းရှီက "ဖမ်းမိထားတဲ့ မြင်းအကောင်နှစ်ဆယ်ကို ကျွန်တော့်ကို ပေးလို့ရမလား"
"ကောင်းပြီ"
ရှန်ထင်ချွန်က အလွယ်တကူ သဘောတူလိုက်သည် "မင်းဖမ်းမိထားတဲ့ မြင်းအကောင်နှစ်ဆယ်တင်မကဘဲ နောက်ထပ် အကောင်သုံးဆယ်ကိုပါ မင်းရအောင် လုပ်ပေးမယ်"
"ကျေးဇူးတင်ပါတယ် အရှင်ထောင်စုမှုး"
ချန်ဆန်းရှီက လက်သီးစုပ်၍ အရိုအသေပြုလိုက်သည်။
သူ၏မြင်းတောင်းဆိုမှုသည် လက်တွေ့တွင် အသုံးဝင်သည်။
တစ်ဖက်တွင်မူ တပ်ရင်းက အလွန်ဆင်းရဲသောကြောင့် အခြားဆုလာဘ်များ ပေးနိုင်ခြင်းမရှိသည်ကို ရှင်းရှင်းလင်းလင်း သိသာနေသည်။
ပိုယန် နယ်မြေက နေဖို့အတွက် နေရာမကောင်းတော့ဘူး။
အရင်းအမြစ်တွေက အရမ်းရှားပါးနေတယ်။
တဲထဲက ထွက်လာတော့
ဒန်ဂါဒ်က ခဏစောင့်နေခဲ့ပြီး "ရာစုမှုးချန်ကို စစ်ရေးအောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် မြင်းတစ်ကောင်တည်းနဲ့ ကျူးကျော်လာတဲ့ လူရိုင်းမြင်းတပ်တွေကို လုံးဝနီးပါး ချေမှုန်းနိုင်ခဲ့တယ်၊ ဒီလိုအောင်မြင်မှုမျိုးနဲ့ဆို အိမ်ရှေ့မင်း တောင်နောက်တစ်ခါပြန်ကြည့်ရလိမ့်မယ်"
သူ၏စကားတွင် ၎င်းတို့နောက်လိုက်ပါက အကန့်အသတ်မရှိသော အနာဂတ်ကို အရိပ်အမြွက်ပြနေသည်။
"ဆေးကော"
ချန်ဆန်းရှီကအားမနာဘဲ ပြောသည်"ခရိုင်ဝန်ကြီးက လျှို့ဝှက်ဆေးတစ်မျိုး လက်ဆောင်ပေးချင်တယ်လို့ မပြောဘူးလား"
"ခရိုင်ဝန်ကြီးက ခင်ဗျားလက်နက်ချဖို့ စဉ်းစားနေတာကို ကြားရတော့ အရမ်းကျေနပ်အားရသွားပြီး သူ့အိမ်တော်ကို ဧည့်သည်အဖြစ် ဖိတ်ချင်ပါတယ် ပွဲပြီးရင် သူကိုယ်တိုင် ဆေးကို ပြင်ဆင်ပေးပါလိမ့်မယ်"
ဒါန်ဂါဒ်က ဖိတ်ခေါ်သော အမူအရာဖြင့် " ရာစုမှုးချန်၊ ဒီလမ်းအတိုင်း ကြွပါ" ဟု ပြောသည်။
"သေချာဂရုစိုက်တာပဲ ဝမ်ကျိတစ်ယောက်ယောက်က ငါတို့ကို ထမင်းဝယ်ကျွေးနေပြီ"
ချန်ဆန်းရှီက ကျယ်လောင်စွာပြောလိုက်သည်။
"ဘယ်သူလဲ"
ပေတစ်ရာအကွာမှ ဝမ်ကျိ သည် လေပွေကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်: "ခင်ဗျားက ခရိုင်ဝန်ကြီးရဲ့အစောင့်လား ဒါဆို ခရိုင်ဝန်ကြီးကျီက ဖိတ်တာပေါ့၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်"
"?"
ဒန်ဂါဒ်က ဤအခြေအနေမျိုးကို မမျှော်လင့်ခဲ့ပေ။
ချန်ဆန်းရှီက ပြုံးပြီး "တူတစ်စုံ ထပ်ထည့်ထားပေးပါ၊ ခရိုင်ဝန်ကြီးကျိီက စိတ်ထဲထားမှာ မဟုတ်ဘူးမလား"
ကျိီကွမ်းရှန်က လျှို့ဝှက်ရည်ရွယ်ချက် မရှိဘဲ သဘောကောင်းကြောင်း ပြသရန် အဓိကရည်ရွယ်ဖွယ်ရှိသည်။
သို့သော် မည်သည့်အရာမဆို ကြိုတင်ပြင်ဆင်ထားသင့်သည်၊ တစ်ခုခု ဖြစ်လာခဲ့ရင်ပေါ့။
"အဟမ်း အဟမ်း စိတ်ထဲမထားပါဘူးဗျာ"
ဒန်ဂါဒ်က ရှေ့မှ ဦးဆောင်သွားသည်။
စစ်တပ်စခန်းအပြင်ဘက်တွင် မြင်းရထားတစ်စီး ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ချန်ဆန်းရှီက ပထမဆုံးအကြိမ် မြင်းရထားစီးဖူးခြင်းဖြစ်သည်။
ပိုက်ဆံရှိသူများနှင့် အဆင့်အတန်းရှိသူများသည် ဘဝကို မည်သို့ပျော်မွေ့ရမည်ကို တကယ်သိသည်ဟု ပြောရမည်။
"ဟာ...ချန်မင်းက တကယ်တစ်ခုခုပဲ"
ရထားသည် လှုပ်ခါယိမ်းထိုးရင်း ခရိုင်မြို့သို့ ရောက်သည်အထိ မိုးပင် မှောင်စပြုလာပြီးနောက် နောက်ဆုံးတွင် ခမ်းနားသောအိမ်တော်ရှေ့တွင် ရပ်တန့်သွားသည်။
ကျိီကွမ်းရှန်က သာမန်အဝတ်အစားများ ဝတ်ဆင်ကာကိုယ်တိုင်ထွက်၍ နှုတ်ဆက်သည်။
"ရာစုမှုးချန်၊ ခင်ဗျားရဲ့ ရဲစွမ်းသတ္တိကနှစ်နာရီအတွင်း ပိုယန်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီ"
ကျိီကွမ်းရှန်က ချီးမွမ်းလိုကမသည်"ကျွန်တော် အမြင်မမှားခဲ့ပါဘူး ဟင်ဒီသူငယ်ချင်းက ဘယ်သူပါလိမ့်..."
ဝမ်ကျိီကလက်သီးဆုပ်ပြီး ခါးညွတ်ကာ ရယ်မောလိုက်ပြီး "ကျွန်တော့်
နာမည် ဝမ်ပါ၊ ရာစုမှုးတစ်ဦးပါ၊ ခင်ဗျားဆီက ထမင်းလာစားတာပါ"
"ဧည့်သည်တွေကို အမြဲကြိုဆိုပါတယ် ကြွပါ ဝင်ပါ"
ကျိီကွမ်းရှန်က အလွန်အမင်း ချဉ်းကပ်ရလွယ်ကူပြီး ရက်ရောလှသည်။
သူသည် ရတနာရှစ်ပါးစားသောက်ဆိုင်မှ စားဖိုမှူးအားလုံးကို သူ၏အိမ်သို့ အထူးခေါ်ယူစေခဲ့ပြီး ဟင်းပွဲများကိုလည်း အရည်အသွေးမြင့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားကာ သားရဲသား နှင့် အာဟာရပြည့်ဝသော 'ရတနာငါး' များ ပါဝင်ပြီး အရည်အသွေးမြင့် သမင်သွေးဝိုင် ဖြင့် တွဲဖက်ထားသည်။
ဤစားပွဲတစ်လုံးစာ ဟင်းပွဲများသည် ငွေဒင်္ဂါး ရာပေါင်းများစွာ ကုန်ကျပေမည်။
'အဆိပ်မရှိဘူး'
"မြင်ယုံဖြင့်ဆေးကို မှတ်မိခြင်း" ကို ရရှိပြီးနောက် ချန်ဆန်းရှီက ဆေးနှင့်သက်ဆိုင်သော ပါဝင်ပစ္စည်းများ၊ သဘာဝအတိုင်း အဆိပ်များပါဝင်သည်ကို ခွဲခြားသိမြင်နိုင်သည်။
မည်သူမဆို အစားအစာကို အဆိပ်ခတ်ရန် ရဲရဲတင်းတင်း ကြိုးစားပါက သူသည် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
သူက မတွန့်ဆုတ်ဘဲ 'ရတနာငါး' ကို တူဖြင့် စတင်စားသုံးခဲ့သည်။
ဝမ်ကျိီလည်း အားကျမခံဘဲစားသောက်ခဲ့သည်။
ထိုနှစ်ဦးက စားသောက်တာအာရုံစိုက်နေကြသောကြောင့် ကျိီကွမ်းရှန်သည် စကားပြောရန် အကြိမ်များစွာ ကြိုးစားသော်လည်း အချိန်အခါကောင်းကို ရှာမတွေ့ခဲ့ပေ။
သူတို့ ဗိုက်ပြည့်သွားသည်အထိ စောင့်ပြီးမှ နောက်ဆုံးတွင် စကားစနိုင်ခဲ့သည် " ရာစုမှုးချန်၊ ကျွန်တော်နဲ့အတူ ပိုယန်ကနေ ထွက်ခွာဖို့ ကျွန်တော်ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားပြီးပြီလား"
"ခရျုင်ဝန်ကြီးကျီကျွန်တော့်ကို လျှို့ဝှက်ဆေးတစ်မျိုး ပေးမယ်လို့ ကတိမပေးခဲ့ဘူးလား"
ချန်ဆန်းရှီက တည့်တိုးပြောသည်။
"ပစ္စည်းတွေကို ဒီကို ယူခဲ့"
ကျိီကွမ်းရှန်ကလက်ခုပ်တီးလိုက်သည်။
လှပသော အပျိုတော်နှစ်ဦးသည် သစ်သားပုံးနှစ်ပုံးကို ယူလာပြီး တစ်ပုံးတွင် 'သံသဲ' ပါဝင်ကာ ကျန်တစ်ပုံးတွင် ပြင်ဆင်ပြီးသား ဆေးစိမ်ရေ ပါဝင်သည်။
"အမှန်အတိုင်း ပြောရရင်၊ ကျွန်တော့် ဘိုးဘေးတွေက ဆေးဝါးပစ္စည်းလုပ်ငန်း လုပ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဆေးပညာအကြောင်း နည်းနည်းပါးပါး သိတယ်"
ကျိီကွမ်းရှန်က ဂုဏ်ယူစွာဖြင့် ပြောသည်" ရာစုမှုးချန်က အရိုးခိုင်ခန့်ခြင်းမှာ တိုးတက်မှုတွေ ရလာပြီး 'အရေပြားလေ့ကျင့်ခြင်း' လုပ်နေတယ်လို့ ကြားရတယ် ဒီဆေးက 'အရေပြားလေ့ကျင့်ခြင်း' ကို အထောက်အကူပြုဖို့ အကောင်းဆုံး လျှို့ဝှက်ဆေးဖြစ်ပြီး ဆီးနှင်းခန္ဓာဆေးရည် လို့ ခေါ်တယ်။ သူ့ရဲ့ အကြီးမားဆုံးထူးခြားချက်က 'အနက်ရောင်ကျောက်စိမ်း လိမ်းဆေး' ရဲ့ ကာကွယ်မှုအာနိသင်တွေတင်မကဘဲ ရိုးရိုးဆေးရေစိမ်ခြင်းထက် သာလွန်တဲ့ ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ အာနိသင်နဲ့ အနာကျက်စေတဲ့ အာနိသင်တွေပါရှိတယ်။ အရိုးမှာဖွဲ့စည်းခြင်းအဆင့်မှာ အကြီးစားအောင်မြင်မှု့ ရတဲ့အထိ သုံးနိုင်တယ်၊ သုံးကြည့်ရင် သိလိမ့်မယ်"
ဒန်ဂါဒ်က ထပ်ဖြည့်ပြောလိုက်သည် "ဒါကို အရှင်ခရိုင်ဝန်ကြီး ကိုယ်တိုင် တစ်နေ့ခင်းလုံး ပြုတ်ထားတာ"
"ကောင်းပြီ"
ချန်ဆန်းရှီက ချက်ချင်း အဝတ်တွေကို ချွတ်လိုက်ပြီး ပထမဦးစွာ 'သံသဲ' ကို အသုံးပြု၍ သူ၏အရေပြားကို ပွတ်တိုက်ကာ ထို့နောက် ဆေးစိမ်ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ပြင်းထန်စွာပူနေသော ရိုးရိုးဆေးစိမ်ရေများနှင့် မတူဘဲ။
ဤဆေးစိမ်ရေသည် စိမ်လိုက်သည်နှင့် 'အနက်ရောင်ကျောက်စိမ်းလိမ်းဆေး' နှင့် အာနိသင် ပေါင်းစပ်မှုရှိသည်။ 'သံသဲ' ကြောင့်ဖြစ်သော ဒဏ်ရာများမှတစ်ဆင့် ဆေးသည် အသားထဲသို့ စိမ့်ဝင်သွားပြီး အရေပြားကို ပြန်လည်ပြုပြင်ရုံသာမက ကြွက်သားများနှင့် အရိုးများကိုပါ အာဟာရဖြည့်ပေးသည်။
ဒီလိုမျိုးရှိနေလို့ တရားရုံးမှာ အဆင့်မြင့်နေရာတွေတွယ်ကပ်နေနိုင်တာ အံ့သြစရာ မဟုတ်ဘူး
" ရာစုမှုး ချန်"
ကျိီကွမ်းရှန်က ယုံကြည်မှုရှိစွာ မေးလိုက်သည်"အာနိသင်က ဘယ်လိုလဲ"
"သာမန်ပါပဲ"