← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

ချန်ဆန်းရှီက ဒန်ဂါဒ်ထွက်ခွာသွားသည်ကို ကျေနပ်စွာ စောင့်ကြည့်ရင်း သူ့စိတ်ထဲမှာ ပျော်ရွှင်မှုကို ခံစားနေရသည်။

အိပ်ချင်နေတဲ့သူကို ခေါင်းအုံးလာပေးသလိုပါပဲ။

ဆေးကျမ်းများတွင် ဤအကြောင်းကို ဖော်ပြထားသည်။

သိုင်းပညာ အဆင့်တိုင်းအတွက် အကောင်းဆုံး အထောက်အကူပြု ဆေးဝါး တစ်ခုစီ ရှိသည်။

အရိုးဖွဲ့စည်းခြင်းအဆင့်ကို ရည်ရွယ်သည့် ဆေးဝါးမှာ တပ်ရင်းတွင်လည်း ရှိသည်။

သို့သော် ကျီကွမ်းရှန်၏ ဆေးညွှန်းသည် မြို့တော်သခင် ၏ အာရုံကိုပင် ဖမ်းစားခဲ့ခြင်းကြောင့် ထူးခြားမည်မှာ သေချာသည်။

အလကားရတာဆိုတော့ ဘာလို့ မယူရမှာလဲ။

သူမယူချင်ရင်တောင် ကျီကွမ်းရှန်က အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။

အလကားရခြင်းနှင့် ကျင့်စဉ်ကို မြှင့်တင်ရန် အချိန်ရခြင်း နှစ်ခုစလုံးက အကျိုးရှိသည်။

ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ။

"ဒီ ဒန်ဂါဒ်က အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့ အခြေခံအဆင့်ပဲ ရှိသေးတယ်"

"သူ့ကို ရင်ဆိုင်ဖို့ အနည်းဆုံး အရိုးဖွဲ့စည်းခြင်းအဆင့်ရဲ့အကြီးစားအောင်မြင်မှု့ကို ရောက်နေရမယ်၊ ပြီးတော့ အနိုင်ရဖို့ သိသာထင်ရှားတဲ့ အခွင့်အရေးရှိဖို့ မြားပညာ ကိုလည်း ကျွမ်းကျင်ထားရမယ်"

ချန်ဆန်းရှီဖိအားကြီးကြီးမားမား ခံစားနေရသည်။

သူခုမှ အဆင့်တက်ထားတာဖြစ်ပြီး အရင်ဆုံး သူ့လက်အောက်ခံတွေရဲ့ လေ့ကျင့်မှု အခြေအနေကို စစ်ဆေးပြီးမှ ဆက်လက် လေ့ကျင့်ဖို့ စီစဉ်ထားသည်။

မကြာသေးမီက ဝူဒါသည် သွေးသန့်စင်ခြင်းအခြေခံအဆင့်သို့ ဝင်ရောက်ခဲ့သည်။ သူ့အရည်အချင်းက သာမန်ဖြစ်ပေမယ့် သူက အလွန်ကြိုးစားသည်။

ကျွမ်းရီ လည်း သွေးသန့်စင်ခြင်းအဆင့်သို့ ဝင်ရန် နီးစပ်နေပြီဖြစ်သည်။

ခြုံပြောရရင် တိုးတက်မှုက အတော်လေး နှေးနေတုန်းပဲ။

အနည်းဆုံး လူအနည်းငယ်တော့ အရိုးဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိမှ တကယ်ထိရောက်မှာ ဖြစ်သည်။

မြင်းကွင်း အနား ဖြတ်သွားစဉ်၊

အတွင်းမှာ ပုံမှန်မဟုတ်ဘဲ ဆူညံနေသည်။

ကျယ်ဝန်းသော ကွင်းပြင်တွင် လူနှစ်ရာခန့်သည် မြင်းတပ်ဖွဲ့စည်းမှု ကို လေ့ကျင့်နေကြသည်။

မြက်ခင်းပြင်မျိုးနွယ်စု များကို တိုက်ခိုက်ရန်အတွက် မြင်းများ မရှိမဖြစ် လိုအပ်သည်။

ဒီရည်ရွယ်ချက်အတွက် ရှန်ထင်ချွန်သည် မကြာသေးမီက အားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။

သိုင်းပညာခန်းမမှ ငွေများကို အတင်းအကြပ်တောင်းယူကာ မြင်းများ ဝယ်ယူခြင်း၊ စီရင်စု၏ အစောင့်တပ်မှူး မှ တောင်းဆိုခြင်း၊ စစ်ဘက်ရေးရာဌာန ၏ အထောက်အပံ့ဖြင့် သူသည် တိုက်ပွဲဝင် မြင်းသုံးရာနီးပါးကို တကယ် ရရှိခဲ့သည်။

သို့သော် တိုက်ပွဲဝင် မြင်းများကို တပ်ရင်းရှိ ဝါရင့် စစ်သားများနှင့် ယုံကြည်ရသူများ ကို ခွဲဝေပေးခဲ့သည်။

လော်တုံချွမ် ၊ ဖန်ယုံ ၊ ကျောက်ကန် ။

သူတို့ရဲ့ လက်အောက်ခံများအားလုံး မြင်းစီးတပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

...

မြင်းကွင်းကို ကျော်လွန်သွားသည့်အခါ စုပေါင်းလေ့ကျင့်ရန် နောက်ထပ် သိုင်းပညာကွင်းကြီးတစ်ခု ရှိသည်။

[ကျွမ်းကျင်မှု့ - စစ်သားကွပ်ကဲခြင်း(အခြေခံအဆင့်)]

[တိုးတက်မှု့ - (133/500)]

[စွမ်းဆောင်ရည် - အဓိကကျောရိုး]

တစ်လဝက်ကြာ အလိုအလျောက်လည်ပတ်ပြီးနောက် တိုးတက်မှုသည် ဒီလောက်သာ တိုးလာခဲ့သည်။

ချန်ဆန်းရှီက တမင်တကာ အနီးအနားသို့ မသွားဘဲ သူတို့၏ လေ့ကျင့်မှုကို အဝေးမှ ကြည့်နေခဲ့သည်။

ရွှီဝမ်ချိုင် မျက်နှာတစ်ခုလုံး နီရဲနေသည်အထိ ဒေါသထွက်နေသည်ကို သူတွေ့လိုက်သည်။

လူအများအပြားက သူ့ကို ပြောင်လှောင်နေကြသည်။

"အဖိုးကြီး၊ ခင်ဗျား မြင်းပုံစံတောင် မလုပ်နိုင်ဘဲ ကျွန်တော်တို့ကို ကွပ်ကဲချင်တာလား ထွက်သွား"

ဝူဒါက ဦးဆောင်ပြီးရယ်လိုက်တော့လူတစ်စုက ဝိုင်းရယ်ကြသည်။

"ခင်ဗျားအကြောင်း ကျွန်တော်ကြားပြီးသား၊ တစ်သက်လုံး စာသင်ခဲ့တာစာမေးပွဲ တောင် မအောင်ခဲ့ဘူး"

"ပြီးတော့ ခင်ဗျားက မိဘကို မပြုစုဘူး၊ ခွန်အားရှိရက်သားနဲ့ အသက်ကြီးတဲ့ အမေကို ဘာလို့ ရှာကျွေးခိုင်းနေတာလဲ"

"တကယ်မသိဘူး၊ အရှင်ချန်က ခင်ဗျားကို ဘာအတွက်ထားတာလဲ"

"..."

"မင်း... မင်း..."

ရွှီဝမ်ချိုင် စကားမပြောဘဲ ကျမ်းစာလိပ် တစ်ခုကို ကိုင်ထားပြီး သူ့ရဲ့ ဒဏ်ရာအမာရွတ်ရှိတဲ့ မျက်နှာကို လက်ညှိုးထိုးပြသည် "ဒါက စစ်အမိန့်ပဲအရှင်ချန် ကိုယ်တိုင်က မင်းတို့ရဲ့ ဖွဲ့စည်းပုံတွေကို လေ့ကျင့်ပေးဖို့ ငါ့ကို ပြောတာ၊ စစ်အမိန့်ကို မနာခံဘဲနေရဲတယ်ပေါ့"

"ဝူဒါ ပြဿနာ မရှာနဲ့တော့"

ကျောက်ချောင် က ထပ်ပြောသည် "အရှင်ချန်က ငါတို့ကို ဘာလုပ်ခိုင်းခိုင်း လိုက်နာရမယ်"

စစ်စခန်းမှာ အချိန်ဖြုန်းပြီးနောက် သူတို့သည် တဖြည်းဖြည်း စည်းကမ်း ပိုရှိလာကြပြီး လူတိုင်းက ချန်ဆန်းရှီကို အရှင် ဒါမှမဟုတ်လို့ ရာစုမှုးချန်

ဟုခေါ်ကြသည်။ ဘယ်သူကမှ သူ့နာမည်ကို တိုက်ရိုက် မခေါ်တော့ဘူး။

"ငါ့ကို လာမခြောက်နဲ့"

ဝူဒါက ခပ်ဖွဖွ တွန်းလိုက်ရာ ရွီဝမ်ချိုင်ကို မြေပြင်ပေါ် လဲကျစေပြီး "ကပ်ပါးကောင်၊ ခင်ဗျား အရှင်ချန်ကို လိမ်ညာထားတာ ဖြစ်ရမယ်"

"ဘုန်း—"

လှံရှည်တစ်ခုက ပွတ်ဆွဲလာပြီး သူ့ခြေထောက်တွေကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဝူဒါရဲ့ ခြေထောက်တွေ ပြင်းပြင်းထန်ထန် နာကျင်သွားပြီး 'ဒုန်း' ခနဲ မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။

"ဘယ်သူလဲ"

သူဒေါသတကြီး မော့ကြည့်လိုက်ရာ လှံသွားလိုရှည်လျားသော လှံရှည်ကို မြင်လိုက်ရပြီး ချက်ချင်း ခေါင်းငုံ့လိုက်သည် "အရှင်... အရှင် ဘာလို့ ဒီရောက်နေတာလဲ"

"ဝူဒါ"

ချန်ဆန်းရှီက မျက်နှာအမူအရာမရှိဘဲ "မင်း ဒီကိုရောက်ဖူးတဲ့သူတွေထဲမှာ သွေးသန့်စင်ခြင်းအဆင့်ကို အရင်ဆုံး ဝင်ရောက်တဲ့အတွက် အရမ်း အထင်ကြီးစရာကောင်းတယ်လို့ ထင်နေတာလား"

"အရှင် ဘာလို့ ဒီလိုပြောရတာလဲ"

ဝူဒါက ကြောက်ရွံ့သောအသွင်ပြပြီး "ကျွန်တော် ဒီလိုအတွေးမျိုး မရှိပါဘူး"

ချန်ဆန်းရှီက မျက်မှောင်ကျုံ့လိုက်သည် "ဒီလို အတွေးမျိုး မရှိရင် ခုနက ဘာလုပ်နေတာလဲ"

တိုးတက်မှုနှုန်း နှေးကွေးနေတာ အံ့ဩစရာ မဟုတ်ဘူး။

သူမရှိတဲ့အခါမှာ၊

ဒီလူစုက ကိုယ့်ဘာသာ လေ့ကျင့်ကြတာပဲ ဖြစ်နေတယ်။

သူ့စကားတွေကို နားထောင်ကြပေမယ့် သူခန့်အပ်ထားတဲ့ စီမံခန့်ခွဲသူကိုတော့ နားထောင်ချင်မှ နားထောင်မယ်။

ဒါက လက်ခံနိုင်စရာ မရှိဘူး။

စစ်တပ်ဆိုတာ စည်းမျဉ်းစည်းကမ်းရှိတဲ့ အဖွဲ့အစည်းတစ်ခုပါ။

ကူညီစီမံခန့်ခွဲမယ့်သူ မရှိရင် သူဘယ်လို ကိုင်တွယ်နိုင်မလဲ။

ဒီနေ့မှာတော့ စစ်အမိန့်ဆိုတာ လုံးဝ မလွန်ဆန်နိုင်ဘူးဆိုတာ ပြောပြရမယ်။

"အရှင်"

ဝူဒါက သူ့တံတွေးကို မျိုချပြီး ရွီဝမ်ချိုင်ကို လက်ညှိုးထိုးပြလိုက်သည် "သူ ဘာမှ မသိဘူး ဘယ်လိုလုပ် ကျွန်တော်တို့ကို ဖွဲ့စည်းပုံတွေ သင်ကြားဖို့ ခွင့်ပြုနိုင်မှာလဲ"

"သူစစ်တပ်ဖွဲ့စည်းပုံတွေကို နားလည်သလား မနားလည်ဘူးလားဆိုတာ ငါက ဆုံးဖြတ်ရမှာလား၊ မင်းက ဆုံးဖြတ်ရမှာလား"

ချန်ဆန်းရှီက "ဝူဒါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်၊ တစ်ခုက တောင်းပန်ပြီး အပြစ်ပေးခံရမယ်၊ နောက်တစ်ခုက အိမ်ပြန်ပြီး အမဲလိုက်တော့"

"အရှင် ကျွန်တော့်ကို မမောင်းထုတ်ပါနဲ့"

ဝူဒါ တကယ်ထိတ်လန့်သွားပြီး အလျင်အမြန် သူ့အမှားကို ဝန်ခံသည် "ကျွန်တော် တောင်းပန်ပြီး အပြစ်ပေးခံပါ့မယ်၊တောင်းပန်ပြီး အပြစ်ပေးခံပါ့မယ်"

"ကျူထုံ သူ့ကို ဆွဲခေါ်သွား၊ စစ်ကြိမ်လုံး အချက်နှစ်ဆယ် ရိုက်လိုက်"

ချန်ဆန်းရှီ အမိန့်ပေးလိုက်သည်။

လူအားလုံးထဲမှာ ကျူထုံက သူ့စကားကို အနားထောင်ဆုံး ဖြစ်သည်။

ကျူထုံလည်း ရွှီဝမ်ချိုင်ကို မယုံကြည်ပေ။

ဒါပေမယ့် ရွှီဝမ်ချိုင်ကို တပ်ဖွဲ့တွေကို ဖွဲ့စည်းပုံတွေ လေ့ကျင့်ခိုင်းပါလို့ သူပြောရင် ကျူထုံက ပြောသည့်အတိုင်း လုပ်မည်။

"ကောင်းပြီ"

ကျူထုံ စကားတစ်ခွန်းမှ မပြောဘဲ လူနှစ်ယောက်ကို ခေါ်ပြီး ဝူတာကို အပြစ်ပေးဖို့ ဆွဲခေါ်သွားသည်။

"ခုနက လိုက်ပြီး လှောင်ပြောင်သူတွေ၊ မင်းတို့အတွက်လည်း ဒီအတိုင်းပဲ၊ အပြစ်ပေးခံရမလား ဒါမှမဟုတ် ထွက်သွားမလား ရွေးချယ်"

ချန်ဆန်းရှီက ပြတ်သားစွာ ပြောလိုက်သည် "ရှင်းရှင်းလင်းလင်း နားထောင်၊ ဒီနေ့ကစပြီး ငါခန့်အပ်ထားတဲ့လူဘာပဲလုပ်ခိုင်းခိုင်း၊ မကျေနပ်တဲ့လူဒါမှမဟုတ် ကန့်ကွက်စရာရှိတဲ့လူဘယ်သူမဆို ငါ့ဆီ လာနိုင်တယ်၊ ဒါပေမယ့် နောက်ကွယ်ကနေ ပြဿနာရှာသူ ဘယ်သူမဆို ချွင်းချက်မရှိ ပြင်းထန်စွာ အပြစ်ပေးခံရမယ်"

"ဟုတ်ကဲ့"

လူအုပ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် နာခံကြသည်။

အားလုံးရဲ့ စိတ်ထဲမှာ အတွေးတစ်ခုတည်း ရှိသည်။

ဝူဒါအစောပိုင်းက အရှင်ချန်နောက်ကို လိုက်ပြီး တောင်ပေါ်မှာ အမဲလိုက်ခဲ့သူဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။ အစောပိုင်းကာလတွေကတည်းက သိတဲ့သူတောင် အပြစ်ပေးခံရတယ်ဆိုတာ မြင်ရတော့ သူတို့ အရှင်ချန်ကို ပိုပြီး လေးစားလာကြသည်။

"ရွှီဝမ်ချိုင်၊ ကျောက်ချောင်၊ မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့"

ချန်ဆန်းရှီကသူတို့ကို လူသူကင်းမဲ့တဲ့နေရာကို ခေါ်သွားပြီး ကျောက်

ချောင်ကို ငွေတုံး တစ်တုံး ထုတ်ပေးလိုက်ပြီး "ကျောက်ဦးလေး၊ နောက်မှ ဝူဒါအတွက် ရွှေအနာလိမ်းဆေး နည်းနည်း ဝယ်ပေးလိုက်ပါ။ ဒါငါ့ဆီက ပိုက်ဆံလို့ မပြောပါနဲ့၊ သူ သင်ခန်းစာယူရမယ်"

"ကောင်းပြီ"

ကျောက်ချောင် ငွေယူပြီး ထွက်သွားသည် "သူ တကယ်ခံသင့်တာ၊ ဒီရက်ပိုင်း သူ အရမ်း မာနကြီးနေတယ်"

"အရှင်"

ရွှီဝမ်ချိုင် မျက်ရည်ကျကာ ကျေးဇူးတင်စကား ပြောသည်၊ "ကျေးဇူးတင်ပါတယ် အရှင်"

"ဒီလိုမျိုး ထပ်ဖြစ်ရင် ငါ့ဆီကို လာခဲ့"

ချန်ဆန်းရှီ သူ့ပခုံးကို ပုတ်ပြီး "ဒါပေမယ့် ငါရှင်းရှင်းပြောပါရစေ၊ သူတို့အားလုံး နားထောင်ပြီး အမိန့်ကို လိုက်နာရင်တောင်မှ မင်းက ကောင်းကောင်း လေ့ကျင့်မပေးနိုင်ဘူးဆိုရင် နောင်မှာ သာမန်အလုပ်တွေပဲ လုပ်ဖို့ ဘဲသင့်တော်လိမ့်မယ်"

"စိတ်မပူပါနဲ့ အရှင်"

ရွှီဝမ်ချိုင် ကျိန်ဆိုလိုက်သည်"သူတို့ ငါ့စကား နားထောင်သရွေ့ ပြဿနာ လုံးဝရှိမှာ မဟုတ်ဘူး"

"အင်း၊ သွားတော့"

ချန်ဆန်းရှီ သူ့ကို ထွက်ခွာခွင့်ပြုလိုက်သည်။

သူက ပုံမှန်အားဖြင့် ကြမ်းတမ်းသူ မဟုတ်ပေမယ့် ကြင်နာတတ်တဲ့သူကစစ်သားကို မအုပ်ချုပ်သင့်၊ ဖြောင့်မတ်တဲ့သူကလည်း စည်းစိမ်ဥစ္စာကို မစီမံနိုင်ဘူးဆိုတဲ့ အခြေခံသဘောတရားတွေကို သူနားလည်သည်။

သံမဏိစည်းကမ်းမရှိတဲ့ စစ်တပ်က ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။

မူလက ရှောင်ဟီ သည် လရောင်အောက်တွင် ဟန်ရှင်း ကို လိုက်ခဲ့သည်။

လျူပန် က အများမသိသေးတဲ့ ဟန်ရှင်းကို ရုတ်တရက် အဓိကတာဝန် ပေးအပ်လိုက်တာက တကယ်ကို စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

ဒါကြောင့် ချန်ဆန်းရှီက သူ့ရဲ့ လက်အောက်ခံခန့်အပ်မှုတွေအပေါ် လေးစားမှုနဲ့ နာခံမှုကို စောစောစီးစီး ပျိုးထောင်ဖို့ လိုအပ်တယ်။

ဟုတ်ပါတယ်၊ သူက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ချမှတ်ဖို့ လိုအပ်ပါတယ်။

ရွှီဝမ်ချိုင် မြည်းလား၊ မြင်းလားဆိုတာ စမ်းသပ်ကြည့်ရင် အမှန်တရား ပေါ်လာပါလိမ့်မယ်။

"အဖိုးကြီး ချန်"

ရာစုမှုးရှုံး ရောက်လာပြီး "လာ အရှင်ထောင်စုမှုးမှာ ငါတို့အတွက် မစ်ရှင်တစ်ခု ပေးဖို့ ရှိတယ်"

ဗဟိုတပ်စခန်းမှာ။

ဗဟိုစားပွဲပေါ်မှာ မကြာသေးမီက ပြုလုပ်ထားတဲ့ သဲပုံစံစားပွဲ တစ်ခုရှိပြီး အဓိကထိုင်ခုံနောက်မှာ မြေပုံတစ်ခု ချိတ်ဆွဲထားသည်။

တံတိုင်းကြီး မှာ ကင်းလှည့်နေတဲ့ ဖန်ယုံ မှလွဲ၍ ရာစုမှုး ရှစ်ဦးစလုံးကို အတူတကွ ခေါ်ယူထားသည်။

"အားလုံးရောက်ပြီ"

ရှန်ထင်ချွန်စိတ်ကောင်းဝင်နေသည် "အရာရှိနဲ့ စစ်ဝန်ကြီးဌာန တို့က ဧပြီလနောက်ပိုင်း မတ်လကုန်မှာ တပ်ဖွဲ့တွေ ချထားဖို့ ဆုံးဖြတ်လိုက်ပြီ။"

"ဒါဆိုရင် အန်းဒင်စီရင်စု အစောင့်တပ် က လူတစ်ထောင်ကို နယ်စပ်

ကာကွယ်ရေးကို အားဖြည့်ဖို့ ပို့ပေးမှာဖြစ်ပြီး နောက်ထပ် စစ်သည်ငါးရာပို့ပေးဖို့ထပ်မံ ကတိပြုထားတယ်"

"သိုင်းပညာခန်းမက တပည့်နှစ်ရာ အပါအဝင်ပေါ့"

"အဲဒီအချိန်ရောက်ရင် ငါတို့ရဲ့ တပ်ရင်းမှာ အသုံးပြုနိုင်တဲ့ လူအရေအတွက်က တစ်ထောင့်ခြောက်ရာအထိ ရှိလာမယ်"

"ရှီမြစ် မျိုးနွယ်စုမှာ လူနှစ်ထောင်ရှိပေမယ့် သူတို့ရဲ့ အရိုးဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင် တွေက ငါတို့ထက် အများကြီး နိမ့်ကျတယ်၊ ပြန့်ကျဲနေတဲ့ မျိုးနွယ်စုတွေက စစ်တပ်ဖွဲ့စည်းပုံတွေကို မသိဘူး၊ ခြောက်နှစ်ကြာအောင် နယ်စပ်ကို မကျူးကျော်သေးတဲ့အတွက် သူတို့ တိုက်ခိုက်ရေးမှာ သေချာပေါက် ပေါ့ဆနေလိမ့်မယ်"

"ဒါကြောင့် ငါတို့ အနိုင်ရဖို့ အခွင့်အလမ်း အလွန်ကြီးမားတယ်"

"ဒါပေမယ့် စစ်ပွဲဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ ဒီထောက်လှမ်းရေးအချက်အလက်က အရင်နှစ်နှစ်ကဟာ ဖြစ်တယ်"

"တရားဝင် စစ်ဆင်ရေး မဟာဗျူဟာကို မချမှတ်ခင်မှာ ရန်သူရဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို စစ်ဆေးဖို့အတွက် အဖွဲ့ငယ်သုံးဖွဲ့ကို ညကင်းထောက် ဖွဲ့ဖို့ လိုအပ်တယ်"

'ညကင်းထောက်လား'

ဒါကို ကင်းထောက်အဖြစ် ယူဆရနိုင်တယ်။

သို့သော် ရန်သူ့နယ်မြေကို တစ်ကိုယ်တော် ထိုးဖောက်ရသောကြောင့် ပုံမှန်ကင်းထောက်များထက် ပိုမို အန္တရာယ်များလေ့ရှိသည်။

အခြေခံအားဖြင့် ပြောရရင် တစ်ကြိမ်ပေါ်တာနဲ့ အသက်စွန့်ရမယ့် အခွင့်အလမ်း အလွန်ကြီးမားသည်။

"ဒီတာဝန်ကို လော်တုံချွမ် က စီစဉ်ပေးပါလိမ့်မယ်"

ရှန်ထင်ချွန်က သဲပုံစံစားပွဲပေါ်က ရှီမြစ်ကို လက်ညှိုးထိုးပြပြီး "အခုကစပြီး တစ်လကြာတဲ့အခါ အဲဒီထောက်လှမ်းရေးအချက်အလက်တွေကို ငါလိုအပ်တယ်"

All Chapters