← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

"တပ်မှုးချုပ်က ပြောလိုက်ပြီဆိုတော့ ငါပဲ စစ်သည်ရွေးချယ်ရမှာပေါ့"

လော်တုန်ချွမ် တဲအတွင်းရှိ ရာစုမှုးများကို အကဲခတ်သည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

ရှုံး ၊ လျူ နှင့် အခြားသူများမှာ ခေါင်းပင် မထောင်ရဲကြ။

ဘယ်သူမှ ဒီလို ပင်ပန်းဆင်းရဲတဲ့ တာဝန်ကို ယူချင်ကြတာ မဟုတ်ဘူး။

ဘာ့ကြောင့် 'ညကင်းထောက်' လို့ ခေါ်ရလဲဆိုတာ ခန့်မှန်းကြည့်ပါ။

မကြာခင်မှာပဲ လော်တုန်ချွမ်က "လျူချင်ကွေ့၊ ချန်ဆန်းရှီမင်းတို့နှစ်ယောက်လူဆယ်ယောက်စီ ရွေးပြီး တစ်လအတွင်း မြက်ခင်းပြင်ကို သွားပြီး ရှီမြစ် မျိုးနွယ်စုရဲ့ အခြေအနေမှန်ကို သေချာစုံစမ်းရမယ်" ဟု ပြောလိုက်သည်။

ရှန်ထင်ချွန်က ထိုင်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူရုံရှိသေး၊ ဒီအစီအစဉ်ကို ကြားလိုက်ရတဲ့အခါ မျက်ခုံးအနည်းငယ် တွန့်သွားပေမယ့် ဘာမှ ကန့်ကွက်မပြောခဲ့ချေ။

"ကျွန်တော်... အမိန့်ကို ခံယူပါတယ်"

လျူချင်ကွေ့သည် မချင့်မရဲဖြင့် အမိန့်ကို လက်ခံလိုက်သည်။

ချန်ဆန်းရှီကတော့ ဟန်ဆောင်မှုမရှိ။

စစ်အမိန့်သည် တောင်လိုလေးလံသည်ဖြစ်၍ သူ သဘာဝအတိုင်း နာခံရမည်။

"ကျွန်တော် သွားမယ်"

ဝမ်ကျီက ရုတ်တရက် ထရပ်လိုက်ပြီး "ကျွန်တော် အရိုးဖွဲ့စည်းခြင်းအဆင့် မှာပြီးပြည့်စုံနေပြီ သူ့ထက် မသာဘူးလား" ဟု ပြောသည်။

"ရာစုမှူး ဝမ်"

လော်တုန်ချွမ်က အေးစက်စက် ပြောလိုက်သည် "ခင်ဗျား ပြောရမယ့် နေရာမဟုတ်ဘူး မဟုတ်လား"

"ခင်ဗျားကို မေးနေတာ မဟုတ်ဘူး"

ဝမ်ကျီက အဓိကထိုင်ခုံနေရာကို လှမ်းအော်လိုက်သည်"ထောင်စုမှုးရှန် လော်တုန်ချွမ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်"

"ဖက်တီးဝမ် မင်းဘာကိုဆိုလိုချင်တာလဲ"

လော်တုန်ချွမ်က ဒေါသတကြီး စိုက်ကြည့်ကာ "မင်းက ငါ ချန်ဆန်းရှီကို လျှို့ဝှက် လုပ်ကြံမယ်လို့ တကယ်ထင်နေတာလား" ဟု ပြောလိုက်သည်။

"မင်း ဘာတွေးနေလဲဆိုတာ မင်းပဲ သိလိမ့်မယ်"

ဝမ်ကျီက အပြင်းအထန်ဆိုသည် "ထောင်စုမှုးရှန်၊ ကျွန်တော် အကာအကွယ်ပေးနေတာ မဟုတ်ဘူး။ ချန်ဆန်းရှီ သွားလို့ရတယ်၊ ဒါပေမယ့် လော်တုန်ချွမ်ကတော့ မရဘူး။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ သွားရမယ်"

"ဝမ်ကျီ မင်း စစ်အမိန့်ကို ဖီဆန်ရဲတာလား"

"သွားစမ်းပါ ဒုတိယ ထောင်စုမှူး ဖြစ်တာက ဘာများ အရေးကြီးလို့လဲ"

"မင်းကို စစ်ရေးရာဌာနကို ငါ မတိုင်ဘူးလို့ ထင်နေလား"

"တိုင်ချင်တိုင်လိုက် ငါ ကြောက်နေမယ်ထင်လို့လား"

"တော်ကြတော့"

ရှန်ထင်ချွန်၏ လက်သီးသည် စားပွဲပေါ်သို့ မိုးချုန်းသံကဲ့သို့ ကျရောက်သွားသည် "ဝမ်ကျီ မင်း ချန်ဆန်းရှီနဲ့အတူ လိုက်သွားရမယ်"

"ပညာရှိတဲ့ရွေးချယ်မှုပဲ"

ဝမ်ကျီက ချက်ချင်းပင် အမူအရာကိုပြောင်းလိုက်ပြီး "ကျွန်တော်မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးပါ့မယ်လို့ အာမခံပါတယ်" ဟု ဆိုသည်။

တာဝန်ပေးအပ်ပြီးနောက် အဖွဲ့သည် လူစုခွဲသွားကြသည်။

"လော်တုန်ချွမ်"

ရှန်ထင်ချွန်က မျက်လုံးများ မှိတ်ထားရင်း မေးလိုက်သည် "မင်းက ဖန်ယုံ၊ ကျောက်ကန် နဲ့ လျူချင်ကွေ့တို့ကို ထည့်ဖို့ စီစဉ်ထားတာ မဟုတ်လား။ ဘာလို့ ခွင့်မတောင်းဘဲ ပြောင်းလိုက်ရတာလဲ။ နွေဦးပြီးရင် မင်း ကြိုက်သလိုလုပ်လို့ ရတယ်လို့ ငါပြောထားတယ်၊ ဒါပေမယ့် အခုချိန်မှာတော့ ငါ ဒီလူကို လိုအပ်တယ်"

"ကျွန်တော် သေဖို့ထိုက်ပါတယ်"

လော်တုန်ချွမ်က ဒူးတစ်ဖက်ထောက်၍ "ဒါပေမယ့် အရှင် ဆွန်မောင်နှမ တွေ ရှိနေတယ်၊ ခရိုင်ဝန်ကြီး ကျီကလည်း သူ့ကို သဘောကျနေတယ် အဲဒီအချိန်အထိ စောင့်ရင် ကျွန်တော် ဘယ်မှာ အခွင့်အရေး ရနိုင်တော့မလဲ" ဟု ပြောသည်။

"နည်းနည်းလေး ပိုစောင့်လိုက်ပါ"

ရှန်ထင်ချွန်၏ ပါးပြင်များ တွန့်ချည် ပြေချည်ဖြစ်ပြီး နောက်ဆုံးတွင် "အနည်းဆုံးတော့ သူက အဓိက စစ်မြေပြင်မှာ သေရမယ်" ဟု ပြောလိုက်သည်။

"အရှင် ကျွန်တော် နားလည်ပါတယ်"

လော်တုန်ချွမ်သည် ခေါင်းကို အောက်သို့ နိမ့်ချလိုက်သည်။

...

"ဟိုကောင် လော်တုန်ချွမ်"

တဲထဲက ထွက်လာတာနဲ့ လျူချင်ကွေ့က ကျိန်ဆဲတော့သည် "အရင်က သူ့ကို ထမင်းတွေ ဖိတ်ကျွေးခဲ့တာ အကြိမ်ပေါင်း မနည်းဘူး၊ အခု ရာထူးတက်တော့ ငါ့ကို ဒီလို သေစေနိုင်တဲ့ တာဝန် ပေးတယ်"

"အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့ အခြေခံအဆင့်နဲ့ မောက်မာရဲတယ် ဟုတ်လား"

ဝမ်ကျီက တံတွေးထွေးလိုက်သည် "အရင်ကဆို ငါ သူ့ကို အလယ်ကနေ ခွဲလိုက်တာ ကြာလှပြီ"

ကျောက်ကန်နဲ့ ကျန်သူတွေက မကြားချင်ယောင်ဆောင်ပြီး အမြန်ထွက်သွားကြသည်။

"ရှီ စိတ်မပူပါနဲ့"

ဝမ်ကျီက ပြုံးစိစိဖြင့် "ငါ မင်းနဲ့အတူ လိုက်သွားမယ်၊ လော်တုန်ချွမ်က ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"

"ကျေးဇူးပါ"

ချန်ဆန်းရှီက ကျေးဇူးတင်စကား ပြောလိုက်သည်။

သူပါလိုက်လာသည့်အတွက် အနည်းဆုံးတော့ လုပ်ကြံခံရမှာကို စိုးရိမ်စရာ မလိုတော့ပေ။

"ငါက အားနည်းနေတုန်းပဲ၊ မဟုတ်ရင် ဘယ်သူက မကောင်းကြံရဲမှာလဲ"

ညည်းညူနေလို့လည်း အချည်းနှီးဘဲ။

သူ လုပ်နိုင်တာက သူ့ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ ဖြစ်တယ်။

မြက်ခင်းပြင်ကို သွားဖို့အတွက်လည်း ပြင်ဆင်ရမည်။

ချန်ဆန်းရှီက သိုင်းကွင်းသို့ ပြန်သွားပြီး ညကင်းထောက်အတွက် လူရွေးချယ်လိုက်သည်။

"ကျူထုံ၊ ကျွမ်းယိီ ၊ ကျောက်ချောင် ၊ လီဒါချီ ၊ ရှီအားနျူ "

သူက ငါးယောက်ရွေးပြီး ဝမ်ကျီက ငါးယောက်ရွေးသည်။

"အရှင် ကျွန်တော့်ကိုရော "

ဝမ်လီ မှာ အံ့အားသင့်သွားပြီး "ကျွန်တော် အရှင်နဲ့ လိုက်ပါရစေ" ဟု ပြောသည်။

"မင်း ဒီမှာပဲ နေခဲ့၊ ငါမရှိတဲ့အချိန်မှာ စစ်ရေးလေ့ကျင့်မှုတွေအတွက် ရွှီဝမ်ချိုင်ကို ကူညီပေးဖို့ မင်းမှာ တာဝန်ရှိတယ်"

ချန်ဆန်းရှီက ပြောလိုက်သည်။

ဒီ ဝမ်လီက အများအားဖြင့် တိတ်ဆိတ်နေတတ်ပေမယ့် သူ့ရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က မနှေးဘူး၊ ကျူထုံကို လိုက်မီနေသည်။ အရေးအကြီးဆုံးကတော့ သူက တည်ငြိမ်တဲ့ စရိုက်ရှိတယ်၊ အမိန့်ကို နာခံတယ်၊ ပြဿနာ မရှာဘူး။

"ဟုတ်ကဲ့"

ဝမ်လီက အမိန့်ကို လက်ခံလိုက်သည်။

"မင်းတို့ ငါးယောက်၊ နောက်မှ မြင်းကွင်းကို သွားကြ။ မြင်းစီးကျွမ်းကျင်မှု့ကို သီးခြား လေ့ကျင့်ပေးမယ့်သူ ရှိလိမ့်မယ်"

မြက်ခင်းပြင်ကို မြင်းမပါဘဲ သွားလို့ မဖြစ်နိုင်ပေ။

ကိစ္စပြီးမြောက်သွားပြီ။

ရက်အနည်းငယ်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ချန်ဆန်းရှီကပုံမှန်အတိုင်း ကျင့်ကြံပြီး ဆေးဝါးများ ဖော်စပ်သည်။

အရိုးခိုင်မာပြီးနောက် အရေပြား လေ့ကျင့်မှု့ ပြုလုပ်ရမည့်အချိန် ရောက်လာသည်။

အရေပြားလေ့ကျင့်မှု ပြုလုပ်ရန်အတွက် ရိုးရိုး လေ့ကျင့်ရုံဖြင့် မရနိုင်။ နာကျင်သော ပုံသွင်းခြင်းကိုလည်း ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ပုံသွင်းသည့် ကိရိယာ နှစ်မျိုးရှိသည်။

တစ်ခုက သဲကျောက်ဆားကြမ်းဖြစ်ပြီး၊ နောက်တစ်ခုက သံသဲ ဖြစ်သည်။

အသုံးပြုသည့် ကိရိယာအလိုက် ပုံသွင်းမှု အကျိုးသက်ရောက်မှုများ ကွဲပြားသည်။

ချန်ဆန်းရှီသံသဲကို ရွေးချယ်လိုက်သည်။

သစ်သားစည်တစ်ခုကို အထူးပြုလုပ်ထားသော သံသဲများဖြင့် ဖြည့်ထားသည်။

သူသည် အဝတ်မပါဘဲ စည်ထဲသို့ ဝင်ရောက်လိုက်ရာ ဓားတောင်၊ မီးပင်လယ်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်နေသည်။

ချန်ဆန်းရှီက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူ့မျက်နှာသွင်

ပြင်များ လိမ်သွားသည်အထိ နှိပ်စက်ခံနေရသည်။ ဆယ်မိနစ်ကြာသည်

အထိ အတင်းအကြပ်ကြိတ်ခံပြီးနောက် ခုန်ထွက်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ သွေးများဖြင့် ပြည့်နေပြီး ကောင်းမွန်သော အသားစ တစ်စုံတစ်ရာမျှ မကျန်တော့ချေ။

သူကအမြန်ဆုံး ဆေးလိမ်းဆီကို ထုတ်ယူလိုက်သည်။

ဒီ အနက်ရောင်ကျောက်စိမ်းလိမ်းဆေးသည် အလွန်တရာ ဈေးကြီးပြီး တစ်ဗူးလျှင် ငွေ ငါးရာတေးကုန်ကျကာ ရက် နှစ်ဆယ်သာ အသုံးပြုနိုင်သည်။

အရိုးခိုင်မာမှု့အဆင့် မှာထက်ပင် အရင်းအမြစ် စားသုံးမှုသည် မိုးပျံအောင် ဈေးကြီးသည်။

ဒီလိုမျိုး စွမ်းရည်ရှိတဲ့ သိုင်းသမားတော်တော်များများက ဘာ့ကြောင့် မိသားစုကြီးတွေ ဒါမှမဟုတ် သိုင်းပညာခန်းမတွေမှာ ခွေးလို အစေခံဖို့ ဆန္ဒရှိနေကြသလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။

စစ်တပ်ထဲက စစ်သည်တွေဟာ စစ်ရေးဂုဏ်ပြုမှုကို လဲလှယ်ဖို့ မျှော်လင့်ချက်နဲ့ အသက်စွန့် တိုက်ခိုက်ကြပေမယ့် ရန်ကျန်း က လှည့်လည်သွားလာသူတွေက ဘယ်လို တတ်နိုင်ကြမလဲ။

ရွှံ့လို ပုံစံရှိတဲ့ အနက်ရောင် ဆေးလိမ်းဆီက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်တဲ့အခါ အေးမြမှုလှိုင်းတစ်ခု ယူဆောင်လာသည်။ ဆေးစွမ်းသတ္တိများရဲ့ အမျှင်လိုက် အမျှင်လိုက်က သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဆက်တိုက် ပြန်လည်ပြုပြင်ပေးနေသည်။

အရေပြားကို ဒီလို လေ့ကျင့်ခြင်းက အရေပြားကို ပျက်စီးစေတာမျိုး မဖြစ်စေရုံသာမက ပိုမို ချောမွေ့နူးညံ့စေသည်။

ဒါကြောင့် ဈေးကြီးရခြင်း ဖြစ်မည်။

ဘာပဲဖြစ်ဖြစ်၊ အတွင်းထဲမှာ အသုံးပြုတဲ့ ဆေးဖက်ဝင် အပင်တွေက အရမ်း တန်ဖိုးရှိတာကိုး။

ဆေးနည်းကို ဖော်ထုတ်ပြီးနောက် ချန်ဆန်းရှီက တစ်ဗူးခန့်ကို ရောစပ်နိုင်ခဲ့သည်။

ဒီထက် ပိုလုပ်ရင်တော့ ကျန်တော့မှာ မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်၊ ဆေးဝါးချိုင့်ဝှမ်း ကနေ ရတဲ့ ဆေးဖက်ဝင် အပင်တွေကဆေးဥယျာဉ် အများအပြားထဲက တစ်ခုသာ ဖြစ်ပြီး အများစုက သွေးအားဖြည့် ဆေးရည်နဲ့ ဆေးရေစိမ်ခြင်း အတွက် ပါဝင်ပစ္စည်းတွေ ဖြစ်သည်။

ကုန်သွားတဲ့အခါ...

အစ်ကို လျိုဆီက ချေးရုံပဲ။

All Chapters