အခန်း (၈၄)
Vol. 8 Ch. 84
“သာမန်ဘဲ”
ကျီကွမ်းရှန်မှာ အံ့အားသင့်သွားသည်။
“ရာစုမှုးချန် မနောက်ပါနဲ့ဗျာ”
ဒန်ဂါဒ်က “ဒီဆေးရည်တစ်ပုံးတည်းကိုပဲ အသုံးပြုထားတဲ့ငွေတေး၃၀၀ တန်နေပြီ၊ ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မလဲ” ဟု ပြောသည်။
“တကယ်ကိုသာမန်ပါပဲ၊ ဒီလောက်ပါပဲ”
ချန်ဆန်းရှီက တပ်မှု့မပြဘဲ သစ်သားစည်ထဲမှ ခုန်ထွက်လိုက်သည်။
ထိုသို့ပြောလိုက်တော့ ကျီကွမ်းရှန်မှာ ယုံကြည်မှုအနည်းငယ် ပျောက်ဆုံးသွားသည်။
သူက စည်ဘေးသို့ အလျင်အမြန်သွားကာ ဆေးရေကို လက်ဖြင့်တို့ထိကြည့်ပြီး အမှားအယွင်းမရှိကြောင်း အတည်ပြုလိုက်သည်။
သူက အခြားသူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ပြုံးလျက် ပြောသည်
“တစ်ကြိမ်တည်း ဆေးစိမ်ရုံနဲ့ အကျိုးသက်ရောက်မှု မထင်ရှားသေးတာဖြစ်နိုင်ပါတယ် ဒီလိုဆိုရင်ကော”
“ကျွန်တော်ရဲ့ စေတနာကို ဖော်ပြတဲ့အနေနဲ့ ရာစုမှုးချန်က ကျွန်တော်ဆီကိုနောက်ထပ် သုံးကြိမ် ဆေးလာစိမ်နိုင်ပါတယ်!”
“ဒီသုံးကြိမ်ပြီးမှ ဆုံးဖြတ်လိုက်ပါ”
“ခင်ဗျား သဘောတူမယ်ဆိုရင် ဒီဆေးစိမ်ခတွေ အလကားပါပဲ”
“ဒါ့အပြင် သွေးသန့်စင်ခြင်းအဆင့်ရဲ့အကြီးစားအောင်မြင်မှု့အတွက် အထူးဖော်စပ်ထားတဲ့ ကျားနီသွေးဝိုင်ကို ကျွန်တော့်မှာ နောက်ထပ် တစ်အိုးပဲ ကျန်တော့တာ အဲဒါလည်း ခင်ဗျားအတွက်ဘဲ”
“ကောင်းပါပြီ ဒီလိုဆိုရင်တော့ ခရိုင်ဝန်ကြီးကျီကို ကျေးဇူးတင်ပါတယ်"
ချန်ဆန်းရှီက လက်သီးစုပ်ကာအရိုသေပေးလိုက်သည်။
ထို့နောက် အချိန်မဖြုန်းဘဲ စည်ထဲသို့ ပြန်လည်ခုန်ဆင်းသွားသည်။
မြင်းရထားဖြင့် ခရီးသွားနေစဉ်တွင်လည်း လှံရှည်ကို မြင်းရထားအပြင်မှ လှမ်းယူနိုင်အောင် ထားရှိပြီး ခရိုင်ဝန်ကြီးကျီ၏အိမ်တွင် လှံပညာကို စတင်လေ့ကျင့်နေသည်။
ဝမ်ကျီကစားသောက်ရင်း “ခရိုင်ဝန်ကြီးကျီ၊ ကျွန်တော်ခင်ဗျားနဲ့ထပ်ပြီး သောက်ပါဦးမယ်” ဟု ပြောလိုက်သည်။
နှစ်ဦးသားသည် သန်းခေါင်ယံအထိနေပြီးမှ ကျီအိမ်တော်မှ ထွက်ခွာလာခဲ့ကြသည်။
ခရိုင်ဝန်ကြီးကျီသည်လည်း ပြန်လည်ပို့ဆောင်ရန်အတွက် မြင်းရထားတစ်စီးကို စေလွှတ်ပေးခဲ့ရာ အသွားအပြန် သယ်ယူပို့ဆောင်မှု အလွန်ဂရုတစိုက်ရှိလှသည်။
“အရှင် ”
ဒန်ဂါဒ်ကလမ်းဆုံးတွင် ရထားပျောက်ကွယ်သွားသည်ကို ကြည့်ပြီး “ဒီလူငယ်က အရှင်ရဲ့ စည်းကမ်းချက်တွေကို သဘောမတူသေးဘူး၊ အရှင် ဘာလို့ ဆေးစိမ်ဖို့ဆက်ပြီး ပေးနေရတာလဲ” ဟု မေးသည်။
“ဒန်ဂါဒ်မင်းမသိသေးဘူး”
ကျီကွမ်းရှန်က သူ၏မုတ်ဆိတ်ကို စမ်းသပ်ရင်း အတွေ့အကြုံရှိသည့် လေသံဖြင့် “‘ခြိုးခြံရာကနေ ဇိမ်ခံဖို့က လွယ်တယ်၊ ဇိမ်ခံရာကနေ ခြိုးခြံဖို့က ခက်တယ်’ ဆိုတဲ့ စကားပုံရှိတယ် သူက ‘ဆီးနှင်းခန္ဓာဆေးရည်’ ရဲ့ အရသာကို ခံစားဖူးသွားရင် စစ်တပ်ရဲ့ ဆေးနည်းတွေနဲ့ ဘယ်ကျေနပ်တော့မလဲ သူသဘာဝအတိုင်း ငါ့ဆီ တောင်းဆိုလာလိမ့်မယ်” ဟု ပြောသည်။
“အရှင်က တော်လိုက်တာဗျာ”
ဒန်ဂါဒ် ရုတ်တရက် နားလည်သွားသည်။
“ဗဲဥနက်ပင်၊ သွေးသစ်ခွ၊ ကျားခေါင်းသီး…”
မြင်းရထားပေါ်တွင် ချန်ဆန်းရှီက သူ၏စိတ်ထဲ၌ ‘ဆီးနှင်းခန္ဓာဆေးရည်’ အတွက် လိုအပ်သော ဆေးပစ္စည်းများကို တိတ်တဆိတ် တွက်ချက်နေသည်။ အများစုကို သူ၌ ရှိပြီးသားဖြစ်သော်လည်း ‘သက်တမ်းနှစ်တစ်ရာရှိသည့် ဂျင်ဆင်းနက်’ တစ်မျိုးလိုနေသေးသည်။
ဤရှားပါးဆေးပစ္စည်းကို ယေဘုယျအားဖြင့် ဆေးဆိုင်ကြီးများတွင် တန်ဖိုးထားသည့် ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် သိုလှောင်ထားလေ့ရှိသည်။
ဆီးနှင်းခန္ဓာဆေးရည်ကောင်းမွန်ရခြင်းမှာ အံ့သြစရာမဟုတ်ပေ။
အချိန်ရလျှင် လိုက်လံရှာဖွေရန် စီစဉ်ထားသည်။
ရက်အနည်းငယ်အတွင်း သူသည် မြက်ခင်းပြင်သို့ ညက်ကင်းထောက် အဖြစ် သွားရတော့မည်။
ညကင်းထောက်ဆိုသည်မှာ နာမည်အတိုင်းပင်၊ စစ်ထောက်လှမ်းရေးကို စူးစမ်းရန် ညဘက်တွင် စေလွှတ်သော သူလျှိုဖြစ်သည်။
လျန်ကျိုးနှင့် အန်းဒင်ခရိုင်ကဲ့သို့သော အရေးပါသည့် နယ်စပ်ဒေသများတွင် ညကင်းထောက်ကို ယာယီစုဆောင်းခြင်းမရှိဘဲ အထူးလေ့ကျင့်ပေးထားသည်။
နောက်တစ်နေ့တွင်၊
နယ်စပ်စစ်ပွဲသတင်းဆူညံနေသည်။
စစ်တပ်စခန်းများအတွင်းအပြင်တွင် လူများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး စစ်မီးလျှံများသည် ပိုယန်ခရိုင်သို့ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။
“အဖေက စာပို့လိုက်ပြီ”
ဆွန်လီက စာတိုက်မှ အသစ်ရရှိထားသော စာတစ်စောင်ကို ထုတ်ယူပြီး “စာထဲမှာ ပိုယန်မှာမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပါပြီး၊ ဒီမှာပဲနေပြီး ကူညီဖို့ အကြံပေးထားတယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။
“မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေလား”
ချန်ဆန်းရှီက “ရှီမြစ်မျိုးနွယ်စုကို ပြောတာလား၊ ဒါမှမဟုတ်…”
“မသိဘူး”
ဆွန်လီကခေါင်းခါလိုက်ပြီး “တိတိကျကျတော့ မပြောထားဘူး” ဟုဆိုသည်။
ဆွန်ပုချီက အလွန်စိုးရိမ်ပူပန်နေပြီး စာကို ဆတ်ခနဲ ဆွဲယူလိုက်ကာ “အဖေက ဘယ်လိုလဲ အနောက်မြောက်သုံးပြည်နယ်က အခြေအနေက အတိအကျ ဘယ်လိုရှိလဲ” ဟု ပါးစပ်က မရပ်မနား ပြောနေသည်။
“တပ်စခန်းရှစ်ခုနဲ့ အနောက်မြောက်သုံးဒေသက တပ်စွဲထားတဲ့ ၂၉ နေရာက စစ်သည်နှစ်သိန်းနီးပါးကို ပေါင်းစပ်ထားတာ၊ ဒါ့အပြင် အဖေကိုယ်တိုင် စစ်မြေပြင်ကို သွားတာဆိုတော့ ဘာအမှားအယွင်းမှ မဖြစ်သင့်ပါဘူး”
ဆွန်လီကတည်ငြိမ်နေသည်။
မောင်နှမနှစ်ယောက်တည်းသာမက၊
တပ်ရင်းတစ်ခုလုံးနှင့် ပိုယန်ခရိုင်တစ်ခုလုံးပင် စိုးရိမ်ပူပန်နေကြသည်။
နယ်စပ်ပဋိပက္ခသည် ရှုံးနိမ့်မှုအဖြစ်သို့ ပြောင်းလဲသွားပါက လူရိုင်းမြင်းတပ်များ ဗဟိုကုန်းပြင်မြင့်သို့ ဝင်ရောက်လာခြင်းသည် သာမန်အရပ်သားများအတွက် ကပ်ဆိုးဖြစ်စေမည်ဟု သမိုင်းက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ရလဒ်အနေဖြင့် စစ်သားများ၏ လေ့ကျင့်မှုသည် အရင်ကထက် ပို၍ လုံ့လရှိလာသည်။
မနက် ၅ နာရီမှ ၇ နာရီအထိ။
ချန်ဆန်းရှီကစခန်းသို့ ရောက်ရှိချိန်တွင် အောက်ရှိလူများသည် လေ့ကျင့်မှု စတင်နေပြီဖြစ်သည်။
[ကျင့်ကြံမှု့ - စစ်သားများကွပ်ကဲခြင်း (အခြေခံအဆင့်)]
[တိုးတက်မှု့- ၂၃၃/၅၀၀]
[စွမ်းဆောင်ရည် - အဓိကကျောရိုး]
လူတိုင်းက ရွီဝမ်ချိုင်၏ အမိန့်များကို နာခံစွာ လိုက်နာကြပြီး ဖွဲ့စည်း
မှု့ကလျင်မြန်စွာ တိုးတက်လာကာ၊ အခြေခံတပ်ဖွဲ့စည်းမှုမှာလည်း ကျွမ်းကျင်သော စစ်မှုထမ်းဟောင်းများနှယ် ပညာရှင်ဆန်ဆန် လေ့ကျင့်နိုင်ခဲ့သည်။
“ရွီဝမ်ချိုင်”
ချန်ဆန်းရှီက “ဒီခရီးမှာ ငါနဲ့လိုက်မယ့် ညစောင့်အဖွဲ့အားလုံးကို ခေါ်
လိုက်ပါ မြက်ခင်းပြင်မှာ အရေးပေါ်အခြေအနေအတွက် အကူအညီမဲ့မဖြစ်ရအောင် မင်းငါနဲ့ ဆွေးနွေးထားတဲ့ ‘ရထားငယ် တပ်ဖွဲ့စည်းပုံ’ ကို လေ့ကျင့်ကြ” ဟု ပြောသည်။
ရထား တပ်ဖွဲ့စည်းပုံသည်၊
မြင်းစစ်သည်ဖွဲ့စည်းပုံထဲတွင် ပါဝင်သည်။
ရိုးရှင်းပြီး အင်အားသက်သက်ဖြင့် တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက၊ ၎င်းသည် မြင်းစစ်သည်များကြားရှိ ခြားနားမှုနှင့် လက်နက်များ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထားပြီး ရန်သူ၏မျက်လုံးတွင် လည်နေသော ဘီးများကဲ့သို့ ပုံပေါ်သည်။
ယခင်က မြက်ခင်းပြင်တွင်၊
ချန်ဆန်းရှီက အရေအတွက်အားသာချက်ကို အပြည့်အဝ အသုံးမပြုဘဲ ရမ်းကားစွာ ဝန်းရံတိုက်ခိုက်သော လူအုပ်စုနှင့် တွေ့ဆုံခဲ့ရသည်။
မဟုတ်ရင် ပိုပြီး ဒုက္ခရောက်နိုင်တယ်။
သူသည်လည်း တပ်ဖွဲ့စည်းပုံအတွင်း ဝင်ရောက်ကာ လေ့ကျင့်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သည်။
ဝမ်ကျီ ခေါ်လာသော လူငါးဦးအနက် ရွီဘင်နှင့် ဖန်ပုဖျင်တို့လည်း ပါဝင်ခဲ့သည်။
ပြောရရင် ရွီဘင်သည် နှစ်ပေါင်းများစွာ သွေးသန့်စင်ခြင်း အသေးစားအောင်မြင်မှုကို ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် အကြီးစားအောင်မြင်မှု့ကို ရရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့အတွက် အလံမှုးရာထူး မရှိခဲ့ပါ။
ချန်ဆန်းရှီက လူလိုအပ်နေသဖြင့် သူ့ကို အဆင်ပြေအောင် ခေါ်ယူလိုက်သည်။
“မင်း ငါ့ကို အခွင့်ကောင်းယူနေပြီလား”
ဝမ်ကျီသည် သူ့ကို ပထမဆုံးတွေ့ဆုံစဉ်က အလွန်ရိုးသားသော လူငယ်
တစ်ဦးဖြစ်သည်ကို မှတ်မိသည်။ ယခုမူ ခရိုင်ဝန်ကြီးဆီကအလကားယူရုံသာမက သူ့ကိုပါ ခြွင်းချက်မထားတော့ပေ။
“အဲဒီလိုပြောတာတော့ နည်းနည်းစိမ်းတယ်”
ချန်ဆန်းရှီကက လျစ်လျူရှုသည့်ပုံစံဖြင့် “စစ်သည်နှစ်ယောက်နဲ့ သူ့ကို လဲမယ်၊ မင်းအတွက် အရှုံးမရှိဘူး” ဟု ပြောသည်။
“ကောင်းပါပြီ မင်းကို ပေးလိုက်ပါ့မယ်”
ဝမ်ကျီက ပြုံးရယ်လျက် “နောက်တစ်ခါ ခရိုင်ဝန်ကြီးကျီရဲ့အိမ်ကို သွားရင် ငါ့ကိုပါ ခေါ်ဖို့ ပြောဖို့ မမေ့နဲ့” ဟု ပြောသည်။
“သေချာတာပေါ့”
ရထားငယ် တပ်ဖွဲ့စည်းပုံကို ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ချန်ဆန်းရှီကတံတိုင်းကြီးကို ထပ်မံစောင့်ကြပ်ရန် အလှည့်ကျလာသည်။
သူက မြင်းနဲ့ နောက်တစ်ကြိမ် လှည့်ပတ်စီးနင်းနေပြန်သည်။
တပ်ဖွဲ့စည်းပုံများ လေ့ကျင့်ခြင်း၊ ကိုယ်ခံပညာ လေ့ကျင့်ခြင်း၊ ဆေးဖော်ခြင်း။
ထိုအတောအတွင်း ခရိုင်ဝန်ကြီးကျီ၏အိမ်တွင် ဆေးစိမ်ခြင်းကို နောက်
တစ်ကြိမ်ပြုလုပ်ပြီး ဝိညာဉ်အစေ့နှင့် တွဲဖက်လိုက်သောအခါ သူ၏ ကျင့်ကြံမှုနှုန်းသည် ဆက်လက်မြင့်တက်လာနေသည်။
ဆယ်ရက်ကြာပြီးနောက် သူတာဝန်မှ အနားယူချိန်တွင် သူ၏ ကျင့်ကြံမှု့က သိသိသာသာ တိုးတက်လာခဲ့သည်။
[ကျင့်ကြံမှု့ - မသေနိုင်သော ရွှေမြွေလှံ - ပထမပိုင်း(အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - ၆၅၅/၁၀၀၀]
...
[ကျင့်ကြံမှု့ - ဆေးပညာ - လူသား(အခြေခံအဆင့်)]
[တိုးတက်မှု့ - ၂၀၄/၅၀၀]
သူက ဆေးပညာကိုလည်း လျစ်လျူမရှုခဲ့ပေ။
နောက်ဆုံးအနေဖြင့် မြင်းဖြူလေးဖြစ်သည်။
“ဟေ့”
ချန်ဆန်းရှီက တံတိုင်းကြီးကနေ ပြန်ရောက်လာပြီး မြင်းကြိုးကို ဆွဲကာ ရပ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော မြင်းစာများကို ထုတ်ပေးလိုက်သည်။
မြင်းစာဟု ခေါ်သော်လည်း ၎င်းသည် တောစိမ်းပင်နှင့် နေလှန်းမြက်ခြောက်သာမက ပြောင်း၊ ပဲအမျိုးမျိုးနှင့် အစေ့အဆန်များပါဝင်သော အရည်အသွေးမြင့် အစာဖြစ်သည်။
သူ ဆင်းရဲနေတုန်းက စားခဲ့ရတာထက် အများကြီး ပိုကောင်းသည်။
သို့သော်၊
မြင်း၏ အစာစားချင်စိတ်သည် ကြီးမားပြီး အချိန်တိုင်း စားနေရန် လိုအပ်သည်။
စစ်မြင်းတစ်ကောင်၏ အစာသည် သန်မာသော စစ်သည်ခြောက်ဦးစာနှင့် ညီမျှသည်။
မြင်းတပ်ကို ထိန်းသိမ်းရန်အတွက် တစ်နေ့တာ စားသုံးသော အစာပမာဏသည် အလွန်များပြားသည်။
ဤအကြောင်းကြောင့်၊
စစ်မြင်းများသည် ဒါရှန်မင်းဆက်အတွက် အလွန်အဖိုးတန်သော မဟာဗျူဟာမြောက် အရင်းအမြစ်များဖြစ်သည်။
“ငါတို့ အတူရှိနေတာ ကြာပြီဆိုတော့ မင်းကို နာမည်တစ်ခု ပေးသင့်တယ် ဘာနာမည်ပေးရမလဲ…”
ချန်ဆန်းရှီက နာမည်ပေးရန်အတွက်စဥ်းစားနေသည်။
သူ စိတ်ပူနေစဉ်တွင်
စနစ်မျက်နှာပြင်ပေါ်လာသည်။
[ကျွမ်းကျင်မှု့ - မြင်းထိန်းချုပ်ခြင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - (၀/၅၀၀)]
[စွမ်းဆောင်ရည် - တစ်နေ့လျှင် မိုင် ၅၀၀ ခရီးသွားနိုင်ခြင်း၊ စိတ်ပေါင်းစည်းခြင်း]
တစ်နေ့လျှင် မိုင် ၅၀၀ ခရီးသွားနိုင်ခြင်းလား?
တစ်နေ့ မိုင် ၅၀၀ ခရီးသွားခြင်းကအဆင့်မြင့်ဆုံး စစ်မြင်းတစ်ကောင်ဖြစ်သည်။
မိုင် ၁၀၀၀ သည် သာမန်မြင်းများ၏ ကန့်သတ်ချက်ကို ကျော်လွန်နေမည်မှာ သေချာသည်။
သို့သော် ဤကမ္ဘာရှိ လူများသည် ကျင့်ကြံနိုင်ပြီး လူမျိုးခြားများနှင့် ထူးဆန်းသားရဲများ ရှိနေသောကြောင့် ထူးခြားသော မြင်းများလည်း ရှိရမည်။
ပိုယန်တွင်သာ မရှိသေးခြင်းဖြစ်သည်။
“ဒါကြောင့် မင်း အများကြီး စားတာကိုး”
ချန်ဆန်းရှီက “စိတ်ပေါင်းစည်းခြင်း” စွမ်းရည်ကို ပို၍ စိတ်ဝင်စားသည်။
[စိတ်ပေါင်းစည်းခြင်း- မိုင်တစ်ထောင်အတွင်း၊ မြင်းသည် သူ၏သခင်ကို ကိုယ်တိုင်ရှာဖွေနိုင်သည်၊ ခေါ်လိုက်လျှင် လာမည်၊ လွှတ်လိုက်လျှင် သွားမည်]
“စိတ်ပေါင်းစည်းခြင်း” စွမ်းရည်ကြောင့် မြင်းကို အသုံးပြုရာတွင် အဆပေါင်းများစွာ ပိုမိုလွယ်ကူလာမည်။
“ကောင်းပြီ၊ ဒီလိုဆိုရင်တော့ မင်းကို ရှောင်ရှင်း လို့ ခေါ်မယ်”
ချန်ဆန်းရှီကပေါ့ပေါ့ဆဆဖြင့် နာမည်တစ်ခု ရွေးလိုက်သည်။
နောက်ထပ် မြင်းခွာသံများ ထွက်ပေါ်လာသည်။
လော်တုန်ချွမ်၊လျူချင်ကွေ့နှင့် ဝမ်ကျီတို့သည် ၎င်းတို့၏ ညစောင့်အဖွဲ့များကို ဦးဆောင်ကာ မြို့ရိုးအောက်သို့ ရောက်ရှိလာကြသည်။
“အချိန်တန်ပြီ”
လော်တုန်ချွမ်ကမြင်းပေါ်တွင် ထိုင်လျက် “ရာစုမှုးချန်၊ မင်းလူတွေကို အမြန်စုပြီး ငါနဲ့အတူ မြို့ပြင်ထွက်ပြီး ကင်းထောက်ကြစို့” ဟု ပြောသည်။
“နားလည်ပါပြီ”
ချန်ဆန်းရှီကလက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
ဆောင်းဦးအစဖြစ်ပြီး အေးမြသောလေကတိုက်ခတ်နေသည်။
သန်းခေါင်ယံတွင် မြို့တံခါးကြီး ဖွင့်လိုက်သည်။
ညစောင့်အဖွဲ့ သုံးဖွဲ့သည် တိတ်ဆိတ်စွာ မြို့ထဲမှ ထွက်ခွာသွားပြီး ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထဲသို့ ပျောက်ကွယ်သွားကြသည်။