အခန်း (၈၅)
Vol. 8 Ch. 85
ယူဝမ်မျိုးနွယ်စုခွဲဖြစ်သော ၎င်းတို့သည် ရှီမြစ် ဒေသ၌ လီလေးရာခန့် အကွာတွင် စခန်းချထားပြီး၊ နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။
"ဝမ်ကျီ ခင်ဗျား ကျုပ်ကို စိုက်ကြည့်နေစရာ မလိုဘူး"
လော်တုန်ချွမ် က အေးစက်စက် လှောင်ပြုံးလိုက်ပြီး "အရာရှိချန် နဲ့ ကျုပ် ရန်ငြိုးမရှိဘူးလို့ ပြောပြီးသားပဲ မင်းကသာ စိတ်သဘောထားသေးသိမ်နေတာ"
"စကားများမနေနဲ့"
ဝမ်ကျီက ကျိန်ဆဲလိုက်ပြီး "လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက အရည်အချင်းကောင်းတဲ့ တပ်သားသစ်တစ်ယောက် ရှိခဲ့တယ်။ မင်းနဲ့ ကျောက်ကန် ပြိုင်ဆိုင်ခဲ့ကြတာ မဟုတ်ဘူးလား။ အဲဒီနောက်တော့ အဲဒီလူက သေဆုံးသွားတယ်။ သူ လောကကြီးထဲကနေ ပျောက်ကွယ်သွားတာလား ငါ မင်းကို မကြိုက်တာ ကြာလှပြီ"
"ဝမ်၊ စွပ်စွဲမယ်ဆိုရင် သက်သေလိုတယ်"
လော်တုန်ချွမ်က မျက်လုံးမှေးလိုက်ပြီး "ပြီးတော့ ကိုယ့်နေရာကို ကိုယ်သိထားပါ တပ်စခန်းရှစ်ခုမှာ ခင်ဗျား ဘယ်လိုရာထူးပဲ ရှိခဲ့ရှိခဲ့၊ အခုတော့ ခင်ဗျားက အရိုးဖွဲ့စည်းခြင်းအဆင့် ရာစုမှူးတစ်ယောက်ပဲ၊ ကျုပ်ကဒုတိယ ထောင်စုမှူး နန်းတော်ကချီးမြှင့်ထားတဲ့ ပဉ္စမတန်းစား စစ်မဟာဗျူဟာ ဗိုလ်ချုပ်တစ်ဦးပဲ"
"ရန်ဖြစ်နေတာ တော်လောက်ပြီ"
လျူချင်ကွေ့က ကြားဝင်ဖျန်ဖြေရန် ထွက်လာပြီး "ငါတို့အားလုံးက အသက်ရှင်ဖို့ အချင်းချင်း အားကိုးရတဲ့ ညီအစ်ကိုတွေပဲ သဘောထား ကွဲလွဲတာတွေရှိရင် ပြန်ရောက်မှ သောက်ရင်းနဲ့ ဖြေရှင်းကြတာပေါ့။ ထောင်စုမှုးလော်၊ ခင်ဗျား အလုပ်ကို အမြန်ခွဲဝေပေးပါ အချိန်မဆွဲပါနဲ့တော့"
"အရှေ့မြောက်၊ အနောက်မြောက်၊ မြောက်အရပ်တည့်တည့်"
လော်တုန်ချွမ်က အရပ်သုံးမျက်နှာကို လက်ညှိုးထိုးပြပြီး "ငါတို့ ညစောင့်တပ် သုံးဖွဲ့က ဒီအရပ်သုံးမျက်နှာကို ထောက်လှမ်းဖို့ တာဝန်ယူရမယ် ၊နောက်နှစ်ရက်အကြာညသန်းခေါင်မတိုင်မီ ဒီနေရာမှာ ပြန်ဆုံရမယ် နောက်မကျစေနဲ့ ငါတို့ရဲ့ တာဝန်နယ်ပယ်တွေက မတူကြဘူး ဒါကြောင့် ဝမ်၊ ဒီလိုဆို ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုတွေ သက်သာသွားပြီ မဟုတ်လား"
"ဟမ် ခင်ဗျား တကယ် ဘာကြံစည်နေလဲ ဘယ်သူသိမလဲ"
အဖွဲ့သုံးဖွဲ့ ခွဲထွက်သွားကြသည်။
လီလေးရာအကွာအဝေးသည် အလှမ်းမဝေးသလို၊ အလှမ်းလည်း မနီးလှပေ။
ဗိုင်ဟူမြင်း၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် နေ့တစ်ဝက်တောင် မကြာဘဲ ခရီးပေါက်နိုင်၏။
သို့သော်လည်း သူတို့သည် ထောက်လှမ်းရေးများ ဖြစ်ကြသည့်အတွက် အလျင်စလို သွားလာခြင်းသည် ဦးစားပေး မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ သတင်းအချက်အလက် စုဆောင်းရန်နှင့် အသက်ရှင်လျက် ပြန်လာရန် ဖြစ်သည်။
ပေါ့ဆစွာ ရှေ့တိုးချီတက်ခြင်းသည် လူရိုင်းမြင်းတပ်များက တွေ့ရှိသွားနိုင်ခြေ မြင့်မားသည်။
လူရိုင်းမြင်းတပ် အများအပြားက တွေ့ရှိပြီး ဝန်းရံခြင်း ခံရပါက သူတို့၏ အလောင်းပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ညကင်းထောက်၏ မပြန်ရဟူသော တာဝန်သည် ညလုံးပေါက် အပြင်တွင် နေရခြင်းကိုသာ ဆိုလိုသည် မဟုတ်ဘဲ၊ နောက်ကြောင်းရာဇဝင် မကျန်စေခြင်း၊ အရိုးပင် မကျန်စေခြင်း ဖြစ်နိုင်ခြေကိုလည်း သွယ်ဝိုက် ဖော်ပြနေသည်။
ထို့ကြောင့် လျူချင်ကွေ့က သူတို့အား ထောက်လှမ်းရန် စေလွှတ်ကြောင်း သိလိုက်ရသည့်အခါ ကျိန်ဆဲခဲ့ခြင်း ဖြစ်သည်။
ဝမ်းနည်းစရာမှာ ထိုကဲ့သို့သော တာဝန်ကို အထူးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ရခြင်းပင် ဖြစ်သည်။
"ဘယ်ကို ဆက်သွားကြမလဲ"
မကြာမီ သူတို့၏ ပထမဆုံး တာဝန်နှင့် ရင်ဆိုင်ရသည်။
သွားရမည့် လမ်းကြောင်းကို ဆုံးဖြတ်ခြင်း။
လူရိုင်းမျိုးနွယ်စုများ၏ အတိအကျ နေထိုင်ရာ နေရာများကို အောင်မြင်စွာ ရှာဖွေနိုင်ရုံသာမကဘဲ၊ မည်သူမျှ မသိရှိစေဘဲ လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်သည် – ထိုအချက်သည် လုံးဝ လွယ်ကူသော အရာ မဟုတ်ပေ။
ဤအတွက် အလွန် အရေးပါသော အကြောင်းပြချက် တစ်ခုမှာ၊
မဟာသဲကန္တာရ ထဲတွင် လမ်းကြောင်း ခွဲခြားသိမြင်ရန် ခက်ခဲခြင်းဖြစ်ပြီး ကံကောင်းခြင်းအပေါ် များစွာ မှီခိုနေရခြင်း ဖြစ်သည်။
သို့သော် ဤအချက်သည် ပြဿနာ မဟုတ်ပေ။
သူ့အတွက်။
သစ်တောကို နေ့စဉ် ဖြတ်သန်းသွားလာနေသည့် မုဆိုးများသည် သူတို့၏ ဦးတည်ရာကို သိရှိနိုင်စွမ်းသည် အလွန် အရေးကြီးသည်။
ချန်ဆန်းရှီတွင် လင်းယုန်မျက်လုံးပါရှိသည်ကို မဆိုထားနှင့်၊ လက်ဝါးပင် မမြင်နိုင်သော မှောင်မိုက်သည့် ညတွင်ပင် မြေပြင်ပေါ်၌ တက်နင်းထားသည့် မြင်းခွာရာများကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိ အသေးစိတ်အချက်အလက်တိုင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်စွမ်း ရှိသည်။
"ငါတို့ လမ်းလွှဲသွားမှ ဖြစ်မယ် ဒီအတိုင်း တည့်တည့် ဆက်သွားရင် လူရိုင်းတွေနဲ့ တန်းတိုးမိသွားနိုင်တယ်"
"တကယ်လား"
အနည်းငယ် သံသယဝင်သော်လည်း ဝမ်ကျီက သူ့လူတွေကို ခေါ်ဆောင်ပြီး နောက်က လိုက်သွားရုံသာ ရှိသည်။
တစ်ညလုံး လီနှစ်ရာခန့် ရှေ့သို့ ချီတက်ခဲ့ကြသည်။
ထိုအတောအတွင်း ချန်ဆန်းရှီက လူသားတို့ လှုပ်ရှားမှုများ၏ ခြေရာများကို အကြိမ်ပေါင်းများစွာ တွေ့ရှိခဲ့ပြီး ထိုခြေရာများမှာ ပိုမို ထူထပ်လာသည်။
မိုးလင်းပြီးနောက် သူတို့ နားနေရန် တိတ်ဆိတ်သော နေရာကို ရှာခဲ့ကြသည်။
ထိုသို့သော လေ့ကျင့်မှုမျိုးသည်၊
ခြေရာခံခြင်းနှင့် ဖုံးကွယ်ခြင်းတို့တွင် ကျွမ်းကျင်မှုကို အလျင်အမြန် တိုးတက်စေခဲ့သည်။
[ကျွမ်းကျင်မှု့ - ခြေရာခံခြင်းနှင့် ဖုံးကွယ်ခြင်း (အသေးစားအောင်မြင်မှု)]
[တိုးတက်မှု့ - 605/1000]
ချန်ရှီကသူ၏ မုဆိုးအတတ်ပညာကို စစ်ပွဲတွင်လည်း အသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူ သယ်ဆောင်လာသော အသားခြောက်ကို ဝါးစားရင်း "ဒီအရပ်မျက်နှာမှာ လူရိုင်းမျိုးနွယ်စုတွေရဲ့ အဓိက နေထိုင်ရာ နေရာဖြစ်ဖို့ ရှစ်ပုံ ကိုးပုံ သေချာတယ်။ အဖိုးကြီး ဝမ်၊ ပိုယန် တပ်စခန်းက စစ်ကူတွေ ပို့ဖို့ ဘယ်လောက် အလားအလာရှိမယ် ထင်လဲ"
"အလွန်နည်းတယ်"
ဝမ်ကျီက ကျောက်တုံးတစ်တုံးကို မှီပြီး အရက်သောက်ရင်း "ဘာလို့လဲဆိုတော့ မလိုအပ်လို့ပဲ။ မြက်ခင်းပြင်က မျိုးနွယ်စု လေးခု ပေါင်းစည်းရင်တောင် သူတို့ရဲ့ စစ်အင်အားက အကန့်အသတ်ရှိတယ်။ သူတို့တပ်တွေကို စုစည်းပြီး အနောက်မြောက်ပြည်နယ်သုံးခုရဲ့ ပွင့်လင်းပြီး ပြန့်ပြူးတဲ့ မြေပြင်ကို တိုက်ဖို့တောင် မလုံလောက်နိုင်ဘူး"
"တပ်တွေကို လမ်းလွှဲပြီး ယွမ်ကျိုးကို တိုက်ခိုက်တာကတောင် ထူးဆန်းနေပြီ၊ ပိုယန်စီရင်စု ကို တိုက်တာကတော့ ပြောစရာတောင် မလိုဘူး။ ဒီအကြောင်းတွေ ပြောနေတာကို မင်းနားလည်တယ် မဟုတ်လား"
"နားလည်ပါတယ်"
ချန်ဆန်းရှီက မြေပုံများနှင့် သဲပုံများကို လေ့လာခဲ့သည်။
ယွမ်ကျိုး၏ စစ်မှန်သော ခံတပ်သည် အန်းဒင်ခရိုင်ဖြစ်သည်။
ပိုယန်ကို သိမ်းပိုက်နိုင်ရင်တောင် အန်းဒင်ခရိုင်ကို မသိမ်းပိုက်နိုင်မချင်း မဟာဗျူဟာမြောက် စစ်ရေးလမ်းကြောင်းကို ထိန်းထားနိုင်မှာ မဟုတ်ဘဲ နောက်ဆက်တွဲ တပ်များ၊ စားနပ်ရိက္ခာများ ထောက်ပံ့ရေးက ကြီးမားသော ပြဿနာ ဖြစ်လာမည်။
တကယ်တော့ ဝမ်ကျီ ပြောသလိုပါပဲ၊ အန်းဒင်ခရိုင်ကို တိုက်ခိုက်တာတောင် ထူးဆန်းနေပြီ။
အနောက်မြောက်ပြည်နယ်သုံးခု နဲ့ ယွမ်ကျိုးကို တိုက်ခိုက်ရသည့် အခက်အခဲသည် အဆင့်ချင်း မတူညီပေ။
ကုန်ကျစရိတ်မှာ အလွန်နည်းပါးသည်။
ဒါကြောင့် ချန်ဆန်းရှီလည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရပြီး ထိုမေးခွန်းကို မေးခဲ့ခြင်း ဖြစ်သည်။
'နတ်ဘုရားရတနာ'
ထိုအရာသည် ဘာရမ်မျိုးနွယ်စုမှ ပေါက်ကြားသွားခြင်း ဖြစ်သည်
ထိုမျှ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ပါက နတ်ဘုရာရတနာနှင့် ဆက်စပ်မှု ရှိနိုင်သည်။
ဟုတ်ပါတယ်။
ယခုအချိန်တွင် ဤအရာများသည် မှန်းဆချက်များသာ ဖြစ်သည်။
ပိုယန် တပ်စခန်းကစစ်ကူတွေ ပို့ပေးရင်တော့ ဒီမှန်းဆချက်ကို အတည်ပြုနိုင်လိမ့်မယ်။
ဆက်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။
ကြီးမားသော တိုက်ပွဲတစ်ခု နီးကပ်လာနေပြီ။
ချန်ဆန်းရှီ၏ လက်ရှိ အဆင့်သည် အားနည်းနေသေးသည်။
သူ တစ်စက္ကန့်မျှပင် အချိန်ဖြုန်းရဲခြင်း မရှိဘဲ အနားယူနေရင်း စားသောက်
ရင်း ဆက်လက် လေ့ကျင့်နေခဲ့သည်။ သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် ကျန်ရှိနေသေးသော ဆေးဝါးများ၏ အစွမ်းသတ္တိတို့သည် သူ၏ တိုးတက်မှုကို နှေးကွေးစေခြင်း မရှိခဲ့ပေ။
နာရီဝက်နီးပါး ကြာမြင့်ပြီးနောက်၊
အဖွဲ့ကရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။
နောက်ထပ် လီနှစ်ရာခန့်တွင် ဝမ်ကျီနှင့် သူ့လူများပင် လူသားတို့၏ ခြေရာများကို ခွဲခြားသိမြင်နိုင်ကြသည်။ သူတို့သည် အဝေးမှ နွားအုပ်၊ သိုးအုပ်များ နှင့် သိုးထိန်းများကို မကြာခဏ မြင်တွေ့ခဲ့ရသည်။ နောက်ဆုံးတွင် ညမှောင်လာသည့်အခါ။
မျက်နှာပြင်ပြား တဲအိမ်များ တစ်ခုပြီးတစ်ခု သူတို့၏ အမြင်အာရုံ အစွန်း၌ ပေါ်လာသည်။
အဝေးမှ ကြည့်လျှင် ထိုစခန်းသည် သိုးထိန်းများဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ သံချပ်ကာ စစ်သည်တော်များနှင့် တောက်ပသော မီးတုတ်များလည်း ရှိပြီး တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။
"မြင်းနဲ့ ဒီထက် ပိုနီးအောင် သွားလို့ မဖြစ်တော့ဘူး"
ချန်ဆန်းရှီက နောက်ထပ် မီတာတစ်ရာခန့် တွင် ကင်းလှည့် မြင်းတပ်များ ရှိနေသည်ကို သတိပြုမိသည်။ တစ်ကြိမ် တွေ့ရှိသွားပါက လွတ်မြောက်ရန် လမ်းမရှိတော့ပေ။
သူသည် မြင်းတပ်များ၏ ကင်းလှည့်ပုံစံနှင့် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်ကို စောင့်ကြည့်ပြီး မကြာမီ ဆုံးဖြတ်ချက် ချလိုက်သည် "ခင်ဗျားတို့ ဒီပတ်ဝန်းကျင်မှာ စောင့်ကြည့်နေကြပါ။ ကျွန်တော် ချဉ်းနင်းဝင်ရောက်ပြီး သွားကြည့်ဖို့ ကြိုးစားမယ်"
တာဝန်ကို မပြီးမြောက်ဘဲ၊သူတို့ ပြန်ပြီး အစီရင်ခံတင်ပြနိုင်မည် မဟုတ်ပေ။
"ဟိတ်"
"ရှောင်ရှင်း မင်းကို လိုအပ်တဲ့အခါ ငါ ခေါ်လိုက်မယ်နော်"
ဗိုင်ဟူမြင်းက နားလည်သွားသကဲ့သို့ ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ"
ချန်ဆန်းရှီက သူ၏ ကျောပေါ်၌ လေးနှင့်မြားကို လွယ်ထားပြီး အမှောင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားသည်။ ကင်းလှည့်နေသော မြင်းတပ်များကို ရှောင်ရှားပြီး စခန်းအစွန်း၌ ပုန်းအောင်းနေခဲ့သည်။ အပြင်ထွက်၍ အပေါ့သွားသော လူရိုင်းစစ်သားတစ်ဦးကို အခွင့်ကောင်းယူ၍ မြားဖြင့် ပစ်သတ်ကာ လူရိုင်းဝတ်စုံကို ဝတ်ဆင်လိုက်ပြီး ဓားကွေး ကို ပခုံးတွင် လွယ်ထားလိုက်သည်။
ဤသည်မှာ အကာအကွယ်တစ်ခုသာ ဖြစ်သည်။
သူက လူရိုင်းအဖြစ် ဟန်ဆောင်ရန် တကယ်တမ်း စီစဉ်ထားခြင်း မဟုတ်ပေ။
တကယ်တော့ သူတဲများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သောအခါ မည်သူမျှ သူ့ကို သတိမထားမိခဲ့ပေ။
"ဒီလိုဆိုရင်တောင် လက်ထဲမှာ လှံရှည်မရှိတော့ လုံခြုံမှုကင်းမဲ့သလို ခံစားရတယ်"
ကြူရွက်လှံက ကြီးလွန်းသဖြင့် အတွင်းသို့ ယူဆောင်သွားဖို့ အလွန် သိသာနေသည်။
ချန်ဆန်းရှီကလူရိုင်းများ၏ စံချိန်မီ ထုတ်လုပ်ထားသည့် ဓားကွေးကို ဆုပ်ကိုင်ထားသည်။
ဤနေရာတွင် သူ၏ အဆင့် မြင့်မားနေသော်လည်း ထိုလက်နက်သည် သူနှစ်သက်သည့် အမျိုးအစား မဟုတ်ပေ။အရေးမကြီးလှသော်လည်း သူ၏ တိုက်ခိုက်ရေးတွင်ထိရောက်မှု့ကလျော့နည်းသွားမည်မှာ မလွဲဧကန် ဖြစ်သည်။
နောက်နောင်တွင် အထူးပတ်ဝန်းကျင်များအတွက် ရင်ဆိုင်နိုင်ရန် လက်နက်တို များဖြင့်လည်း လေ့ကျင့်သင့်သည်ဟု ထင်ရသည်။
စစ်မြေပြင်တွင် ရန်သူများကို အနီးကပ် ချဉ်းကပ်ခြင်းမှလည်း ကာကွယ်
နိုင်မည်
သိုင်းပညာလေ့ကျင့်ခြင်းသည် အဆင့်များ တိုးတက်စေရန် ဖြစ်သည်။
သို့သော် သူ့မှာအဆင့်မြင့်ပြီးသား ဖြစ်သည့်အတွက် အခြားသော နည်းပညာများကို လေ့ကျင့်ပါက ပိုမိုမြန်ဆန်စွာ တိုးတက်သင့်သည် မဟုတ်လား။
ထိုအရာအားလုံးသည် နောက်မှ လုပ်ဆောင်ရန်ဖြစ်သည်။
ချန်ဆန်းရှီကသူ၏ လက်ရှိတာဝန်ကို အာရုံစိုက်ကာ လူရိုင်းစခန်းများအတွင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ လှည့်လည်သွားလာပြီး အသုံးဝင်သော အချက်အလက်အားလုံးကို စုဆောင်းခဲ့သည်။
လက်နက်အင်အား အပြည့်အစုံ ရှိသည်။
စားနပ်ရိက္ခာများ ပြည့်ဝသည်။
တပ်အင်အား…
နှစ်ထောင်ကျော် ရှိသည်
စခန်းတစ်ခုတည်းတွင်ပင် ခန့်မှန်းခြေ လူဦးရေ သုံးထောင်ခန့် ရှိသည်။
ထို့အပြင် ရှီမြစ် မျိုးနွယ်စုအားလုံး တစ်နေရာတည်းတွင် စုဝေးနေကြခြင်း မဟုတ်ပေ။ လော်တုန်ချွမ်နှင့် လျူချင်ကွေ့သွားခဲ့သော လမ်းကြောင်းများတွင်လည်း စခန်းများနှင့် ကြုံတွေ့ရဖွယ် ရှိသော်လည်း ဤပင်မစခန်းထက် အင်အားနည်းနိုင်ဖွယ် ရှိသည်။
"မင်းသားကို ဂါရဝပြုပါတယ်—"
'မင်းသားလား'
ချန်ဆန်းရှီက အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး ထိုအသံ လာရာဘက်သို့ ပိုမို နီးကပ်စွာ ရွေ့လျားသွားသည်။
သူသည် ဗဟိုတဲ ရှေ့ရှိမြေပြင်ပေါ်တွင်၊
လူရိုင်းစစ်သားများ အစုလိုက်အပြုံလိုက် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
ရွှေရောင် အဆင်တန်ဆာများ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ခါးတွင် ရတနာဓားတစ်လက်ကို ချိတ်ဆွဲလျက် ရှေ့သို့ လျှောက်လှမ်းလာသည်။
"နဝမမြောက် မင်းသားကို ဂါရဝပြုပါတယ်"
မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုတို့က လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ ဂါရဝပြုရင်း "အရှင်၊ ဘာကြောင့် ကြွလာပါသလဲ ကျွန်တော်မျိုး အကြောင်းကြားချက် မရလိုက်လို့ပါ"
"အဲဒါ အရေးမကြီးပါဘူး"
နဝမမြောက် မင်းသားသည် လက်များကို နောက်ပစ်ထားပြီး မေးကို မော့ကာ "မင်းတို့ တစ်လခွဲအတွင်း ပိုယန်စီရင်စုကို တိုက်ခိုက်မယ်လို့ ငါ ကြားတယ် ငါ အထူးတလည် လာရောက် ပံ့ပိုးပေးတာပါ"
"ပံ့ပိုးဖို့လား"
မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြသလိုက်ပြီး "အရှင်က တန်ဖိုးရှိလှတာမို့ ကျွန်တော်မျိုးတို့ အရှင်ရဲ့ အကူအညီကို ဘယ်လိုများ ယူရဲပါ့မလဲ"
"ငါက ပံ့ပိုးဖို့ လာတယ်လို့ ပြောတာကို မင်းတို့ နားမလည်ဘူးလား"
နဝမမြောက် မင်းသား၏ မျက်နှာသည် ပြောင်းလဲသွားပြီး ဆူပူကြိမ်းမောင်းလိုက်သည် "လျန်ကျိုးကိုသွားဖို့ငါ့ကို တားဆီးတာ တစ်မျိုးပေါ့။ ဒါပေမယ့် ပိုယန်စီရင်စုလေးကိုတောင် ငါ့ရဲ့ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးမပြုနိုင်ဘူးလို့ ပြောချင်တာလား"
"ဟုတ်ပါတယ်၊ အရှင် သုံးနိုင်ပါတယ်…"
ခေါင်းဆောင်က "ကျွန်တော်မျိုးက အတွင်းအားသန့်စင်အဆင့်တစ်ဦးသာ ဖြစ်ပြီး အရှင်ရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်ဖို့ စိုးရိမ်မိပါတယ်။ အရှင် အမြန်ဆုံး ပြန်သွားပါနော်"
"ရိုင်းလိုက်တာ"
နဝမမြောက် မင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည် "ငါ ဓားရေး လေ့ကျင့်တာ သုံးနှစ်ရှိပြီ၊ ရှန်တစ်ယောက်ကိုတောင် မသတ်ရသေးဘူး။ ငါ စစ်ပွဲမှာမလေ့ကျင့်ရင် ငါ့ရဲ့ လေ့ကျင့်မှုတွေ အချည်းအနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား။ မင်းလိုထောင်စုမှူးတစ်ယောက်ကပါ ငါ့ကို တားဆီးရဲရင် မင်းရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်မယ်"
"..."
မျိုးနွယ်စုခေါင်းဆောင် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာမှ သက်ပြင်းချလိုက်သည် "အရှင်က ဆက်နေဖို့ အတင်းအကြပ် တောင်းဆိုရင် ကျွန်တော်မျိုး မကန့်ကွက်ရဲပါဘူး"
"ဒီလိုမှပေါ့"
နဝမမြောက် မင်းသားသည် ချက်ချင်း စိတ်အားတက်ကြွသွားသည်။
"ချွင်__"
သူသည် ခါးမှ ရတနာဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဓားသွားကရွှေရောင် တောက်ပနေသည်။ ထို့နောက် လူများရှေ့တွင် ပြသလိုက်ပြီး "ဒီ 'ကျန်းယွဲ့ဓား'ကို မင်းတို့ သိကြလား ဒီဓားကို လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ငါတို့ ယူဝမ်မျိုးနွယ်စုက ဗဟိုလွင်ပြင် ဧကရာဇ်ဆီကနေ ယူခဲ့တာ
"မဟာခန် ကငါအရွယ်ရောက်တဲ့အခါ ငါ့ကို ပေးအပ်ခဲ့တာ"
"ငါ ဒီဓားကို သုံးပြီး ရှန်ရဲ့ ဗိုလ်ချုပ်တွေကို သတ်မယ် မြက်ခင်းပြင်က တပ်သားတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ဖော်ဆောင်မယ်"
"ဒီအချိန်ကစပြီး ငါ ရှီမြစ်မျိုးနွယ်စုကို ဦးဆောင်ပြီးပိုယန်စီရင်စုကို တိုက်ခိုက်ဖို့ ငါ ကိုယ်တိုင် ဦးဆောင်မယ်"
"အမိန့်အတိုင်းပါ"
ဓားသွား၏ တောက်မှု့ကို ကြည့်ကာ မျိုးနွယ်စုခေါင်းဆောင်သည် ကြောက်ရွံ့သွားပြီး ထပ်မံ စကားမပြောရဲတော့ဘဲ မင်းသားကို ဗဟိုစစ်တပ်တဲထဲသို့ အမြန်လိုက်ပါပြီး အနားယူစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်အောက်ငယ်သားကို တိတ်တဆိတ် ညွှန်ကြားခဲ့သည် "မြင်းမြန်တစ်ကောင်ကို အရှိန်နဲ့ စေလွှတ်ပြီး မဟာခန်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ၊ မင်းသား ငါတို့ဆီ ရောက်နေပြီလို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့"
လူရိုင်းစစ်သားက အမိန့်ကို နာခံပြီး ထွက်ခွာသွားသည်။
မလှမ်းမကမ်းတွင်
ချန်ဆန်းရှီကအရာအားလုံးကို ကျယ်လောင်စွာ ကြားလိုက်ရသည်။
'ဒီမင်းသားက…'
သူ့ကို သိကျွမ်းသူတစ်ဦး၊စိတ်မကြည်လင်ဖြစ်စေတဲ့တစ်စုံတစ်ဦးနှင့် ဆင်တူသော ရင်းနှီးသည့် လေထုကို ခံစားလိုက်ရသည်။
'ပြီးတော့ အဲဒီဓား'
အလင်းရောင် မှိန်သော်လည်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
တကယ်တော့ ၎င်းသည် ပြိုင်ဘက်ကင်းသော ရတနာဓားတစ်လက် ဖြစ်သည်
လှံကို လေ့ကျင့်သူ ချန်ဆန်းရှီပင် စိတ်မထိန်းနိုင်ဘဲ သွေးဆောင်ခံလိုက်ရသည်။
"ထားလိုက်တော့၊ အတွင်းအားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးက စောင့်ကြပ်နေတာ ငါ မရနိုင်ဘူး"
"မစ်ရှင် ပြီးမြောက်ပြီ ရှီမြစ်မျိုးနွယ်စု တကယ်ပဲ စစ်ကူ ရောက်လာပြီ"
သူ တိတ်ဆိတ်စွာ နောက်ဆုတ်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုတ်တရက် အချက်ပေး ခရာသံများ သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
"ဝူ—"
ခရာသံ၊ မြှားသံများ တဝုန်းဝုန်းနှင့် အချက်ပေး အော်သံများ ရောနှောသွားသည်။
တစ်ချိန်က ငြိမ်သက်နေသော လူရိုင်းစစ်တပ်စခန်းသည် ရုတ်တရက် ဆူညံသွားသည်။
"ရန်သူ ဝင်ရောက် တိုက်ခိုက်ပြီ"
"ပင်မစခန်းရဲ့ ငါးမိုင်အပြင်ဘက်မှာ ဒါရှန်မင်းဆက် က သူလျှိုတွေကို တွေ့လိုက်ရပြီ"
"လိုက်ဖမ်းကြ၊ လိုက်ဖမ်းကြ"
"တစ်ယောက်မှ မလွတ်စေနဲ့"