အခန်း (၈၈)
Vol. 8 Ch. 88
"ဘာ"
ဆွန်လီက သူမ၏ဓားကို ဓားအိမ်ထဲသို့ သိမ်းလိုက်ပြီး "သူတို့ ပြန်မလာသေးဘူးလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်"
ဆွန်ပုချီက ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်ပြီး "ကျွန်တော် ရာစုမှုးလျူကို မေးကြည့်တယ် သူတို့ ချိန်းထားတဲ့နေရာမှာ နာရီဝက်စောင့်ခဲ့တယ် ဒါပေမဲ့ရောက်မလာလို့ပြန်လာခဲ့တယ်လို့ ပြောတယ်"
"တုန်ညီမလေး"
ထိုစကားဝိုင်းကို ကြားလိုက်ရသည့် မစ္စတုန်သည် ခြံဝင်းထဲ၌ ချက်ချင်း ဒူးထောက်ကျကာ မေ့မျောလုနီးပါး ဖြစ်သွားသည်။
ဂူရှင်းလန်က သူမကို တွဲထားရင်း "လီ၊ တစ်ခုခု... ဖြစ်သွားတာလား" ဟု မေးလိုက်သည်။
"အရမ်း စိတ်မပူနဲ့ဦး"
ဆွန်လီက "သူတို့ လမ်းပျောက်နေတာ၊ ဒါမှမဟုတ် တစ်ခုခုကြောင့် နောက်ကျနေတာမျိုး ဖြစ်နိုင်တယ် နောက်နည်းနည်းကြာရင် ပြန်လာလိမ့်မယ်"
"လမ်းပျောက်နေတာ"
ဂူရှင်းလန်ကအဓိကအချက်ကို ဆုပ်ကိုင်လိုက်သည် "အစ်ကိုရှီနဲ့ တခြားသူတွေက တံတိုင်းကြီးကနေ ထွက်သွားခဲ့ကြတာလား"
သူမသည် သူမ၏ခင်ပွန်းကို နားမလည်နိုင်ဘဲ ကျားခေါင်းတောင်တစ်ဝိုက် နေ့ရောညပါ လှည့်လည်သွားလာနေသူက ဘယ်လိုလုပ် လမ်းပျောက်နိုင်မှာလဲ။
လမ်းပျောက်တယ်ဆိုလျှင်လည်း သူစိမ်းပြင်ပမြက်ခင်းပြင် မှာသာ ဖြစ်နိုင်ပေလိမ့်မည်။
"အင်း"
ဆွန်လီက ဝန်ခံသည် "နောက်ထပ် နည်းနည်းလေး စောင့်ကြတာပေါ့"
အိမ်တော်၏ လေထုတစ်ခုလုံး ရုတ်တရက် အေးခဲသွားသလို ဖြစ်သွားသည်။
မိုးမလင်းမချင်း အသံတစ်စက်မျှ မထွက်ခဲ့ပေ။
ညဉ့်နက်ပိုင်းရောက်သောအခါ ကျန်းရှောင်၊ ဝမ်လီနှင့် အခြားသူများပင် အခြေအနေကို မေးမြန်းရန် ရောက်လာကြသည်။
အိမ်တွင် အမျိုးသမီးများရှိသောကြောင့် သူတို့သည် အိမ်တံခါးအပြင်ဘက် အဝေး၌သာ ရပ်နေခဲ့ကြသည်။
"အရှင်ချန် တစ်ခုခု ဖြစ်ခဲ့တာလား"
ဝမ်လီ၏ မျက်နှာသည် တည်ကြည်နေပြီး ခါးမှဓားကို တို့ထိလျက် "ရှောင်
ရွီတစ်ခုခုပြောပါဦး။ တပ်မှူး လော်နဲ့ ရာစုမှူး လျူတို့ ပြန်လာကြပြီ၊ ဒါပေမဲ့ အရှင်တစ်ယောက်တည်း ကျန်ခဲ့တာ"
ရွီဝမ်ချိုင်ကဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး "မပူနဲ့၊ မပူနဲ့အရှင်က ကံကောင်းခြင်းတွေရှိတယ် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"
ထိုသို့ ပြောခဲ့သော်ငြားလည်း၊
တစ်ညလုံး ကုန်လွန်သွားခဲ့သည်။
မိုးစတင်လင်းသည်အထိ တပ်စခန်းသည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။
"ငါ အမြဲသိခဲ့ပါတယ်၊ ထန်ရိုရှန်က အသုံးမကျဘူးလို့"
ဆွန်ပုချီက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည် "ဟိုတုန်းက တတိယအစ်ကို သေရခြင်းရဲ့ အကြောင်းရင်းက သူပဲ။ အခုလည်း ဆန်းရှီကိုတောင် မကာကွယ်နိုင်ဘူး အဲဒီ ရှီမြစ်မျိုးနွယ်စုမှာ အတွင်းအားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ပဲ ရှိတာလေ"
"ရှီမြစ်..."
ဂူရှင်းလန်၏ ရင်ထဲတွင် အေးခဲသွားသည်။
ပိုယန်ခရိုင်မှ လူများအားလုံး ကောင်းစွာသိကြသည်။ လွန်ခဲ့သောနှစ်များက ရွာများကို သတ်ဖြတ်ရန် လာရောက်ခဲ့သည့် လူရိုင်းများမှာ ရှီမြစ်မျိုးနွယ်စု မှ ဖြစ်သည်။
သူတို့သည် ရန်သူ၏ တပ်မကြီးထဲသို့ စေလွှတ်ခံခဲ့ရသည်လား။
ပြီးတော့ ခုထိ ပြန်မလာသေးဘူး။
ဖြစ်နိုင်ပါ့မလား...
ဆွန်ပုချီက စိုးရိမ်တကြီး ပြောသည် "အစ်မ၊ ငါတို့ ဘာလုပ်ကြမလဲ စစ်သည်အချို့ ငှားပြီး သူတို့ကို သွားရှာကြမလား"
"အဓိပ္ပာယ်မရှိတာ"
ဆွန်လီက ဆူသည် "နင်က စစ်သည် တစ်ထောင်နဲ့ မြင်းတပ် တစ်သောင်းကို ခုခံနိုင်လို့လား နောက်ထပ် စောင့်ကြည့် ဒီနေ့ထိ သူတို့ ပြန်မလာဘူးဆိုရင်..."
သူမ စကားရပ်သည် "အဲ့ဒါဆိုရင်တော့ ငါတို့ ဒီမောင်ငယ်နဲ့ တွေ့ဆုံဖို့ ကံပါခဲ့ပေမဲ့ ရှေ့ဆက်ဖို့ကံမပါဘူးလို့ပဲ ပြောရတော့မှာပေါ့"
ထိုစကားများကရက်စက်သည်။
သို့သော် ယင်းမှာ လက်တွေ့အခြေအနေ ဖြစ်သည်။
စစ်သည်များ
သူတို့ထဲမှာ ဘယ်သူက မသေဆုံးဖူးလို့လဲ။
ချန်ဆန်းရှီကို ထားလိုက်ပါ။
လွန်ခဲ့သော တပ်စခန်းရှစ်ခု၌ပင် ကြီးထွားလာရန် အခွင့်မရမီ သေဆုံးခဲ့ရသော ထူးချွန်ထက်မြက်သူများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။
"ဟူး...."
ဆွန်ပုချီကသက်ပြင်းချလိုက်သည်။
သို့သော် ယင်းမှာ သူလက်ခံရမည့် အချက်ဖြစ်သည်။
"ဝူး..."
မစ္စတုန်က ငိုကြွေးကာ "အမြဲတမ်း စစ်ထွက်ဖို့ တောင်းဆိုနေတာ၊ အိမ်မှာ ဆုလာဘ်တွေရဖို့အတွက် အမြဲ ကြွေးကြော်နေတာ၊ သူ့မှာ စွမ်းရည်ရှိမရှိကိုတောင် မစဉ်းစားဘူးခုက ကလေးလေးတောင် မမွေးသေးဘူး..."
"..."
ဂူရှင်းလန်၏ မျက်လုံးများ နီရဲလာသော်လည်း သူမကမငိုခဲ့ပါ။
သူမအခန်းသို့ ပြန်သွားပြီး အပ်ချုပ်ပစ္စည်းတွေကို ယူလာကာ ကျောက်ခုံပေါ်တွင် ထိုင်လျက် အပ်ချုပ်လုပ်ငန်းများကို အသေးစိတ် တစ်ချက်ချင်း စီမံနေသည်။
အရှေ့ဘက်မှ ဖြည်းညှင်းစွာ အလင်းရောင်ပေါ်လာသည်။
သူတို့၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်သည် မှေးမှိန်သွားခဲ့ပြီ။
"သွားကြစို့"
နောက်ဆုံးတွင် ဆွန်လီက မခံမရပ်နိုင်တော့ဘဲ "ပုချီ၊ မင်း ငါနဲ့အတူ မြို့အပြင်ဘက်ကို သွားပြီး ရှာကြစို့"
"ကောင်းပြီ"
ဆွန်ပုချီသည် မတည်မငြိမ် ဖြစ်နေခဲ့သည်။
ညီအစ်မ္တွေအိမ်တော်မှ ထွက်ခွာပြီး မြင်းများ ယူရန် ပြင်ဆင်ကြသည်။
"ဝူ——"
ထိုအချိန်တွင်ပင်၊
နားကွဲမတတ်သော ခရာသံ ထွက်ပေါ်လာပြီး မီးခိုးနက်များ လှိမ့်တက်လာကာ ကောင်းကင်ကို မှောင်မည်းသွားစေသည်။
'မီးတိုင်သုံးခုကိုကင်းမျှော်စင်မှာ နှစ်ခုကအချက်ပြနေသည် ထင်းသုံးပုံ မီးရှို့ထားပြီး၊ ဒါက စစ်သည် နှစ်ထောင်ကျော် ပါဝင်တဲ့ ရန်သူ့တပ်ကြီး တိုက်ခိုက်ခြင်းကို အချက်ပြနေသည်'
ဆွန်ပုချီသည် ထိုအချက်ပြမှုကို မှတ်မိသည်။
...
တံတိုင်းကြီးပေါ်တွင်
ကင်းလှည့်တာဝန်ယူထားသော ကျောက်ကန်သည် တစ်ညလုံး အိပ်မပျော်ဘဲ ရှိနေခဲ့သည်။ သို့သော် အခြား ညကင်းလှည့်အဖွဲ့သည် ပြန်မရောက်သေးပေ။
"အားလုံး သေဆုံးသွားပြီလား"
သူက ခေါင်းအနည်းငယ်ခါယမ်းပြီး သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။ "အရည်အချင်းရှိတယ်လို့ ဆိုပေမဲ့ ဘာအသုံးကျမှာလဲ၊ ပိုရန်ခရိုင်ကနေတောင် မထွက်နိုင်ခင် သေဆုံးသွားခဲ့ပြီ၊ ဖက်တီးဝမ်လည်း ပါသွားပြီ။ ဒီသတင်းက မြို့ထဲက အရာရှိအများအပြားကို ကျေနပ်စေလိမ့်မယ်"
ကျောက်ကန်က မျှော်စင်အတွင်းသို့ ပြန်ဝင်ပြီး နံရံကိုမှီကာ ခဏနားရန် ပြင်ဆင်လိုက်သည်။
သူ မျက်လုံးမှိတ်လိုက်သည်နှင့် မျှော်စင်ပေါ်မှ ကင်းသမားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရန်သူ တိုက်ခိုက်ပြီ"
"လူရိုင်းတပ်ကြီးကျူးကျော်နေပြီ လူရိုင်းတပ်ကြီးကျူးကျော်နေပြီ"
"..."
"ဘယ်လူရိုင်းတပ်ကြီးလဲ"
ကျောက်ကန်က ချက်ချင်း နိုးကြားလာပြီး ကြိုးလှေကားကို အသုံးပြု၍ ကင်းမျှော်စင်သို့ အမြန် တက်လိုက်သည်။
သူသည် ကျယ်ပြောလှသော မြေပြင်၌ ဆယ်မိုင်အကွာတွင် သံချပ်ကာမြင်းတပ် အစုအဝေးကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အရေအတွက်မှာ အနည်းဆုံး နှစ်ထောင်ခန့် ရှိသည်။
ရှီမြစ်မျိုးနွယ်စုတွင် လူနှစ်ထောင်ခန့်ရှိသည်၊ သို့သော် အားလုံး မြင်းတပ်မဟုတ်ပါ။
သူတို့ တကယ်ပဲ အင်အားဖြည့်တင်းခဲ့ကြတာလား။
ကျောက်ကန် ပို၍ပင် အံ့အားသင့်သွားသည်။
ဘယ်သူက ဒီလို စစ်ဆင်နွှဲတာလဲ။
မြို့တစ်မြို့ကို သိမ်းပိုက်ခြင်းက တစ်ရက်တာ အလုပ် မဟုတ်ပေ။
ရှီမြစ်မျိုးနွယ်စုက ပိုယန်ကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဆိုပါက ဦးစွာ စခန်းချရန် နေရာတစ်ခုကို ရွေးချယ်ပြီးမှ ဖြည်းဖြည်းချင်း နည်းဗျူဟာချသင့်သည်။ မြင်းတွေနဲ့ တန်းတန်းမတ်မတ် လာနေတာက သေတွင်းကို လာရှာတာနဲ့ ဘာထူးလဲ။
ခဏလေး
သူတို့ တစ်စုံတစ်ယောက်ကို လိုက်ဖမ်းနေတာ
ကျောက်ကန်သည် မြင်ကွင်း ပိုကြည်လင်စေရန် မျက်လုံးကို မှိတ်ပြီး အားစိုက်ကြည့်သည်။
လူရိုင်းတပ်ကြီးရှေ့မှ မြင်းစစ်သည် ရှစ်ယောက်ကို သူမြင်လိုက်ရသည်။
လူရိုင်းမြင်းတပ်တွေက ထိုမြင်းစစ်သည် ရှစ်ယောက်ကို လိုက်ဖမ်းနေကြသည်၊ ၎င်းတို့သည် အနီးကပ်ရန် ဝန်လေးဟန် ရှိပြီး တစ်စုံတစ်ခုကို ကြောက်ရွံ့သလို အဝေးမှသာ နောက်ကလိုက်နေသည်။
"အသင့်ပြင်——"
ရာစုမှူးက တပ်တစ်ခုလုံးကို အသင့်ပြင်ရန် အမိန့်ပေးလိုက်သည်။
မြင်းစစ်သည်များက တံတိုင်းကြီးသို့ ဦးစွာ ရောက်ရှိလာကြသည်။
ရှန်ထင်ချွန်က မြို့ရိုးပေါ်သို့ လေကဲ့သို့ အလျင်အမြန် ပြေးတက်လာသည်။ နောက်မှ လော်တုံချွမ်က ကပ်လိုက်လာသည်။ ထို့နောက် ဆွန်ပုချီနှင့် ဆွန်လီ၊ နောက်ဆုံးတွင် ဝမ်လီ၊ ဝူဒါနှင့် အခြားသူများလည်း သူတို့၏ စစ်မြင်းများဖြင့် ရောက်လာကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ရှန်ထင်ချွန်ကကင်းမျှော်စင်သို့ တက်သွားသည်။
အားလုံးက အရမ်းရုတ်တရက် ဖြစ်သွားသည်။
သူက ရှီမြစ်မျိုးနွယ်စု၏ အင်အားဖြည့်တင်းမှုအကြောင်း လော်တုံချွမ်မှတစ်ဆင့် ကြားသိထားသည်။
ဒါပေမဲ့ အရမ်းမြန်လွန်းတယ် သူတို့ ချက်ချင်းကြီး တိုက်ခိုက်မှု စတင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။
"အရှင်၊ အဲဒါက... အဲဒါက ရာစုမှုးချန်နဲ့ တခြားသူတွေပါ"
ကျောက်ကန်က ရှေ့မှ မြင်းစစ်သည် ရှစ်ယောက်ကို နောက်ဆုံးတွင် သဲသဲကွဲကွဲ မြင်လိုက်ရသည်။
"မောင်ငယ်လေးလား"
ဆွန်လီနှင့် အခြားသူများလည်း ကင်းမျှော်စင်သို့ နောက်မှလိုက်တက်လာကြသည်။
ရှေ့မှ ဦးဆောင်နေသော မြင်းစစ်သည်ရှစ်ယောက်ထဲတွင် မြင်းဖြူတစ်
ကောင်ကထင်ရှားနေသည်။
မြင်းပေါ်မှာ ထိုင်နေတာ ချန်ဆန်းရှီမဟုတ်ရင် တခြားဘယ်သူ ဖြစ်နိုင်မှာလဲ။
သူ့ရှေ့မှာ လူရိုင်းဝတ်စုံဝတ်ထားသော မင်းမျိုးမင်းနွယ်လူငယ် တစ်ဦးကို ဓားစာခံအဖြစ် ဖမ်းထားသည်။
"ဓားစာခံလား"
လူတိုင်းက ဒီလောက်တော့ နားလည်သည်။
ရှင်းနေသည်။
ချန်ဆန်းရှီနှင့် အဖွဲ့ကို လူရိုင်းများ ဝိုင်းရံထားသော်လည်း ဓားစာခံတစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ရန်သူကို ၎င်းဖြင့် ခြိမ်းခြောက်၍ အသက်ရှင်လွတ်မြောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
လူရိုင်းမြင်းတပ် နှစ်ထောင်က အရမ်းမိုက်မဲစွာ မလုပ်ဆောင်ရဲအောင် ဓားစာခံက ဘယ်လောက်တောင် အဖိုးတန်နေရတာလဲ။
ဒီလို အဖိုးတန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရှီမြစ်မျိုးနွယ်စုမှာ ဘယ်လိုလုပ် ရောက်နေတာလဲ။
"ဒါဘယ်လို..."
လော်တုံချွမ်က အလိုလို ရှေ့သို့ ကိုယ်ကိုင်းကာ လက်များကို ခံတုတ်ပေါ် တင်လျက် လည်ပင်းကို ဆန့်တန်းပြီး ရှေ့ကို ကြည့်နေသည်၊
...
"နောက်ဆုတ်"
တစ်ညလုံးဆက်တိုက် ကြိုးစားအားထုတ်ခဲ့ကြပြီးနောက် လူတိုင်းသည် ပင်ပန်းနွမ်းနယ်နေကြပြီ။
ချန်ဆန်းရှီ၏ မျက်လုံးများပင် သွေးရောင်တောက်နေပြီး သူ၏ အသံမှာလည်း ခြောက်ကပ်နေသည် "ငါးမိုင် နောက်ဆုတ်"
"ညီလေးရေ"
လူရိုင်းခေါင်းဆောင်ကမြင်းပေါ်မှနေ၍ အကွာအဝေးတစ်ခုတွင် လိုက်ပါလာသည်"မင်းတို့ နယ်စပ်ကို ရောက်နေပြီ မင်းသားကို ငါတို့ဆီ ပြန်အပ်ဖို့ အချိန်မရောက်သေးဘူးလား"
"စကားများမနေနဲ့ မြို့ထဲရောက်မှ စကားပြောမယ်"
ချန်ဆန်းရှီကမင်းသားကို ပြောရန် အချက်ပြသည်။
မင်းသားသည် နားလည်သဖြင့် "သူပြောတာကို လုပ်ပါ ငါးမိုင် နောက်ဆုတ်၊ သူတို့ မြို့ထဲကို ဘေးကင်းစွာ ဝင်ရောက်နိုင်ဖို့ လုံခြုံတဲ့ အကွာအဝေး ပေးလိုက်" ဟု ပြောလိုက်သည်။
မျက်လုံး အစုံတစ်ထောင်က စောင့်ကြည့်နေစဉ်။
လူရိုင်းမြင်းတပ်များသည် ဆက်တိုက် နောက်ဆုတ်သွားကြပြီး အရှေ့သို့ တက်လှမ်းရန် မဝံ့ရဲကြပေ။
ချန်ဆန်းရှီက လူများကို ဦးဆောင်လျက် သတိကြီးစွာဖြင့် မြို့ရိုးများဆီသို့ ရောက်ရှိလာသည်။
"မောင်ငယ်လေး"
ဆွန်လီက မြို့ရိုးအောက်သို့ လှမ်းအော်ကာ "ဘာဖြစ်ခဲ့တာလဲ၊ ဘယ်လိုလုပ် လူရိုင်းမြင်းတပ်အများကြီးကို ဆွဲဆောင်လာခဲ့တာလဲ"
ချန်ဆန်းရှီက ပြန်ဖြေသည်"ကျွန်တော်တို့ ကင်းထောက်ရင်း ရှီမြစ်မျိုးနွယ်စု မြင်းစီးသူရဲတွေ ဝိုင်းရံတာ ခံရတယ် ကံကောင်းစွာနဲ့ သူရှိနေလို့ အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့တာပါ"
တကယ်တမ်း လူရိုင်းမြင်းတပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာ။
ဒီလို အခြေအနေမျိုးမှာ။
ဒါတောင် သူတို့ အသက်ရှင်နေကြသေးတာ
ဆယ်စုနှစ်အတွင်း တကယ်ပဲ ရှားပါးတဲ့ အောင်မြင်မှုပါ။
ဒါတင်မကသေးဘူး။
လူတွေက အလောင်းတွေကို တင်ဆောင်လာတဲ့ မြင်းနှစ်ကောင်ကိုလည်း တွေ့လိုက်ရတယ်၊ သူတို့ သေဆုံးသွားတဲ့ အပေါင်းအဖော်တွေရဲ့ ရုပ်အလောင်းတွေကိုတောင် ပြန်သယ်လာကြတာဘဲ
ထူးခြားတဲ့ စွမ်းဆောင်ချက်တစ်ခုပဲ
ရှန်ထင်ချွန်က အလျင်အမြန် မေးလိုက်သည် "ဒီလူက ဘယ်သူလဲ"
"မင်းသားတစ်ပါး ဖြစ်မယ်လို့ ထင်ပါတယ်"
ချန်ဆန်းရှီက အမိန့်ပေးလိုက်သည် "လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်"
"ကောင်း... ကောင်းပြီ မင်းတို့ အားလုံး နားထောင်"
မင်းသားက ပြောသည်"ငါက ယူဝမ်မျိုးနွယ်က နဝမမင်းသားပဲ မင်းတို့ ငါ့ကို သတ်ရဲရင် ငါ့အဖေ မဟာခန်က ပိုရန်ခရိုင်ကို သွေးနဲ့ဆေးချလိမ့်မယ်"
မင်းသားတစ်ပါး
"နဝမမင်းသားလား"
ဆွန်ပုချီက တီးတိုးရေရွတ်သည် "ယူဝမ်မျိုးနွယ်ရဲ့ မဟာခန်မှာ သားဆယ်ယောက်ရှိတယ်၊ ဒါပေမဲ့ နဝမမင်းသားကိုပဲ အချစ်ဆုံးဖြစ်ပြီး သူ့ကို နောက်ထပ် မဟာခန်အဖြစ် ပြင်ဆင်နေတယ်လို့ ကြားဖူးတယ်။ သူက မြို့တော်ကြီးမှာ ရှိသင့်တာ၊ ဘယ်လိုလုပ် ရှီမြစ်မျိုးနွယ်စုမှာ ရောက်နေပြီး ဆန်းရှီလက်ထဲ အရှင်ဖမ်းခံရတာလဲ"
မင်းသားတစ်ပါးကို အရှင်ဖမ်းမိတာ...
ရှန်ထင်ချွန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံနေသည်။
ထူးခြားတဲ့ အောင်မြင်မှုဘဲ
ဘယ်သူက ထင်ထားမိမှာလဲ။
ညကင်းလှည့်အဖွဲ့ အနည်းငယ်ကို စေလွှတ်လိုက်တာ။
ယူဝမ်မျိုးနွယ်ရဲ့ အနာဂတ် မဟာခန်ကို အရှင်လတ်လတ် ပြန်ခေါ်လာနိုင်
မယ်လို့
လက်အောက်ငယ်သားများက ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့လျှင်
အထက်လူကြီးများလည်း ဂုဏ်ယူဝမ်းမြောက်ကြရမည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
ရှန်ထင်ချွန်သည် 'ကောင်းတယ်' ဟူသော စကားကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြောသည် "မြို့တံခါးကို ဖွင့်၊ မြန်မြန်၊ ရာစုမှုးချန်နဲ့ သူ့လူတွေကို အထဲကို အမြန် ခေါ်လာခဲ့"
မြင်းစစ်သည်တစ်ရာကျော်ကသူတို့ကို ကြိုဆိုရန် ထွက်သွားကြသည်။
သူတို့ကကိုယ်ပိုင်နယ်မြေသို့ ပြန်ရောက်သည်နှင့် ယောက်ျားခြောက်ယောက်တွင် ငါးယောက်သည် လဲကျသွားသည်။
ချန်ဆန်းရှီတစ်ယောက်သာ ဆက်လက် ခံနိုင်ရည်ရှိနေသေးသည်။
သူသည် မင်းသားကို မြင်းပေါ်မှ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး အရာရှိများက ချက်ချင်း ဖမ်းချုပ်ထားလိုက်သည်။
"လော်တုံချွမ် ငါ မင်းအသက်ကို လိုချင်တယ်"
"ချွင်—"
ဝမ်ကျီက အသက်ရှုသံ ပြန်မှန်လာပြီး မြေပြင်မှ ထလိုက်ကာ၊ ဘေးမှ စစ်သားတစ်ဦး၏ ခါးမှ ဓားရှည်ကို ဆွဲထုတ်၍ လော်တုံချွမ်ကို ဖြောင့်တန်းစွာ တိုက်ခိုက်သည်။ သို့သော် သူ၏ အရိုးဖွဲ့စည်းခြင်းအဆင့်သာဖြစ်ပြီး ဒဏ်ရာ ပြင်းထန်နေသဖြင့် သူ့ပြိုင်ဘက်နှင့် ယှဉ်၍ မရနိုင်ပေ။
လော်တုံချွမ်က ဓားဖြင့် အားထုတ်စရာမလိုဘဲ တိုက်ခိုက်မှုကို ပိတ်ဆို့ကာ ဝမ်ကျီကို တွန်းထုတ်ပြီး "မင်း ရူးသွားတာလား" ဟု အော်သည်။
"ထောင်စုမှုးရှန်"
ဝမ်ကျီက အသံကျယ်ကျယ်ဖြင့် အော်သည် "ကျွန်တော်တို့ မြက်ခင်းပြင်မှာ ဘယ်ကမှန်းမသိတဲ့ လူရိုင်းမြင်းတပ်တွေ ဝိုင်းရံတာ ခံရတယ် တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို သေတွင်းထဲ ပို့ဖို့ တမင် ရန်သူကို သတိပေးလိုက်တယ်လို့ ကျွန်တော် သံသယရှိတယ် အဲဒီလူက လော်တုံချွမ် ပဲ"
"စွပ်စွဲတာ ငါက ကိုယ့်လူတွေကို ဘာလို့ ပရိယာယ်ဆင်ရမှာလဲ"
လော်တုံချွမ်က ဒေါသတကြီး ပြန်ဖြေသည် "မင်းတို့ရဲ့ ပေါ့ဆမှုကြောင့် မင်းတို့ ကိုယ်တိုင် အခြေအနေ ပေါ်သွားတာ၊ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ မျက်စိ အစုံသုံးဆယ်က ကိုယ်တိုင် မြင်ခဲ့တယ်၊ ငါက မင်းတို့နဲ့ လမ်းကြောင်းတူတူ သွားတာတောင် မဟုတ်ဘူး မင်း ငါ့ကို စွပ်စွဲတယ်၊ ဒါပေမဲ့ မင်းရဲ့ သက်သေအထောက်အထား ဘယ်မှာလဲ"
"လျူချင်ကွေ့"
ရှန်ထင်ချွန်က "အမှန်အတိုင်း ပြော "
"တပ်မှုးလော်ပြောတာ မှန်ပါတယ်"
လျူချင်ကွေ့က ရိုးရိုးသားသား တင်ပြသည် "သူက အနောက်မြောက်ဘက် အစွန်ဆုံးမှာ ရှိနေခဲ့တာ ကျွန်တော်က သူ့နဲ့ ရာစုမှုးချန်ကြားမှာ ရှိခဲ့တာ၊ အကွာအဝေးက အရမ်း ဝေးပါတယ်"
"အင်း"
ရှန်ထင်ချွန်က ခေါင်းငြိမ့်သည်"ဝမ်ကျီ၊ ဒါက နားလည်မှုလွဲတာပဲ ဖြစ်ရမယ် လျှို့ဝှက်ချက် ဖော်ထုတ်တာနဲ့ ရဲဘော်တွေကို ပရိယာယ်ဆင်တာဟာ သေဒဏ်ပေးရမဲ့ ရာဇဝတ်မှုပဲ။ ဒါ့အပြင်၊ မင်းတို့ အားလုံး အသက်ရှင် လုံလုံခြုံခြုံ ပြန်လာခဲ့ကြပြီ မဟုတ်ဘူးလား၊ ပြီးတော့ ထူးခြားတဲ့ အောင်မြင်မှုကိုတောင် ရခဲ့ကြပြီပဲ"
"ကျွန်တော်..."
ဝမ်ကျီသည် စကားလုံးများ ဆုံးရှုံးသွားသည်။
တကယ်ပဲ ဒါဟာ သံသယသက်သက်ပဲ ဖြစ်တယ်။ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘူး။
'အသက်ရှင်လျက် ပြန်လာခဲ့တယ်'
ချန်ဆန်းရှီ စိတ်ထဲမှ လှောင်ပြုံးလိုက်သည်။
သူ အသက်ရှင်လျက် ပြန်လာခဲ့တယ်၊ ဒါပေမဲ့ လီဒါကျီ၊ ရှန်အားနျိုနဲ့ တခြားသူတွေကရော။
'သက်သေအထောက်အထားလား'
'ရှာရခက်လွန်းတယ်ဆိုရင်တော့ မေ့ပစ်လိုက်ရမှာား'
'ငါအတွင်းအားသန့်စင်ခြင်းအဆင့်ရောက်ဖို့အရမ်းလိုသေးတယ်'
ရှန်ထင်ချွန်သည်လည်း ကြီးကြီးကျယ်ကျယ် ဖြစ်စေချင်ဟန် မပေါ်ပါ။
ဘာကြောင့်လဲဆိုတော့ လော်တုံချွမ်သည် သူ၏ ယုံကြည်ရသော လူယုံတော်များထဲမှ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှု မဖြစ်နိုင်လျှင်၊
ထွက်ပေါ်လာမည့် ရလဒ်အရ မတရားမှု ဖြစ်ရမည်။
ချန်ဆန်းရှီကအေးဆေးတည်ငြိမ်သော အသွင်အပြင်ကို ထိန်းထားသော်လည်း ရိုးရှင်းစွာ ပြောသည် "ကျေးဇူးပြုပြီးအရှင်ထောင်စုမှူး၊ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ မိသားစုတွေအတွက် လျော်ကြေး ပေးအပ်ပေးပါ"
"ဒါတင်မကဘူး"
ရှန်ထင်ချွန်သည် အလွန်ဝမ်းသာနေသည် "ဒီကိစ္စကို နန်းတော်ကို တင်ပြပြီးတဲ့နောက် အစိုးရနဲ့ ပြည်သူလူထုနှစ်ရပ်လုံးကို အံ့အားသင့်စေမှာ သေချာတယ် ဒီအစီစဥ်မှာ ပါဝင်ခဲ့တဲ့ လူတိုင်း ဆုချခံရလိမ့်မယ်"
"ဒါရှန်စစ်သည်တွေ နားထောင်ကြ"
မြို့ရိုးအပြင်ဘက်တွင်
လူရိုင်းမြင်းတပ်သားတစ်ဦးတည်း မြို့ရိုးအောက်ခြေသို့ ရောက်လာပြီး ကျယ်လောင်စွာ ကြေညာသည်"မင်းတို့ မင်းသားကို မအပ်ရင် ပိုယန်ကို ငါတို့ အသေသတ်ရလိမ့်မယ်"
"ဒါဆိုရင် လာစမ်းပါ"
ရှန်ထင်ချွန်က နှေးကွေးစွာ ပြောသည် "မင်းတို့ လာတိုက်ခိုက်ဖို့ ငါ ဒီမှာပဲ
စောင့်နေမယ်"
"ကောင်းပြီ စောင့်နေ"
လူရိုင်းမြင်းတပ်တဖြည်းဖြည်း နောက်ဆုတ်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။
ဝိုင်းရံတိုက်ခိုက်ခြင်းသည် ရုတ်တရက် လုပ်နိုင်သော ကိစ္စမဟုတ် - ကျယ်ပြန့်သော ပြင်ဆင်မှု လိုအပ်သည်။
ဒီနေ့တော့ စိန်ခေါ်လိုက်ပြီ။
...
ခုနစ်ရက်ကြာပြီးနောက် ဝေးလံခေါင်ဖျားသော နယ်စပ်ရှိ ခရိုင်ငယ်လေးမှ စစ်သတင်းတစ်ခုကို စစ်ရေးဝန်ကြီးဌာနမှ အမတ်များထံ ပေးပို့ပြီး၊ ထို့နောက် ကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးကာ၊ နောက်ဆုံးတွင်ကြီးကြပ်ရေးမှူးချုပ် ကိုယ်တိုင် နန်းတော်၌ တင်ပြခဲ့သည်။
"နိုဝင်ဘာလ ဒုတိယနေ့တွင်၊ ပိုရန်ခရိုင်မှ ဆဋ္ဌမအဆင့် ဗိုလ်မှူး ချန်
ဆန်းရှီကဆယ်ဦးပါဝင်သော ညကင်းလှည့်အဖွဲ့ကို ဦးဆောင်ကာ ရန်သူ့နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့သည်။ မြင်းတပ်နှစ်ထောင်၏ ဝိုင်းရံမှုကြားမှ နဝမမင်းသား ယူဝမ်ကို အရှင်ဖမ်းဆီးကာ အသက်ရှင်လျက် ပြန်လည်ရောက်ရှိခဲ့သည်"
"စိတ်ဝင်စားစရာပဲ"
ကုလားကာနောက်မှ သာမန်နှင့် ခံစားချက်မရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သနားစရာပဲ သူ မှားယွင်းတဲ့နေရာမှာ မွေးဖွားခဲ့ရတာ"
"ထားလိုက်ပါတော့၊ ငါ့မှာ ရတနာသုံးပါး ရှိတယ် တစ်ခုကတော့ ကရုဏာပဲ"
"ဒီ ဗိုလ်မှုးကို အခွင့်အရေး ပေးလိုက်ပါ"