← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 17 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 17 Ch. 327-328

အပိုင်း(၃၂၇)ဆန္ဒစောခြင်း

လေကြောင်းခရီးဖြင့် တစ်နာရီကျော်ကြာ ပျံသန်းလာပြီးနောက် ည(၉)နာရီခန့်တွင် ရဟတ်ယာဉ်သည် "ဓားတရား" ဌာနဝင်းအတွင်းရှိ ရပ်နားကွင်းပြင်၌ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

ကြိုဆိုသူများမှာ မနည်းလှပေ။ ဌာနရှိ လူအကုန်လုံးနီးပါး ရောက်ရှိနေကြပြီး "အရူးဝမ်" ပင် ရောက်ချလာခဲ့သည်။ သို့သော် လော်ယွမ့်ကို ကြည့်သည့်အခါတွင်မူ သူ၏ အကြည့်များက ရှောင်ဖယ်နေပြီး အထုခံထားရသဖြင့် ကြောက်ရွံ့နေမှန်း သိသာထင်ရှားနေသည်။

"အကိုယွမ် ဝင်ပါပေးလို့ တော်သေးတာပေါ့... ချန်ချန်၊ နင် အဆင်ပြေရဲ့လား" လီတုန်းက ဝူချင်းယုကို ပြုံးကာ မေးလိုက်သည်။

"အကိုယွမ် ကျွန်မကို ကယ်လိုက်တာ"

ဝူချင်းယုက လော်ယွမ့်အပေါ်အင်္ကျီကို ခါးတွင် ပတ်ထားရင်း မျက်နှာလေး ရဲကာ ဖြေရှာသည်။

ကျန်သည့်လူများကလည်း ဝူချင်းယုကို ဝိုင်းဝန်းကာ အရေးတယူ ဂရုစိုက်မေးမြန်းနေကြသည်။ သူတို့၏ အလွန်အကျွံ စေတနာထားမှုများကြောင့် ဝူချင်းယုမှာ လန့်ဖျပ်ပြီး လော်ယွမ့်ကျောနောက်သို့ အမြန်ဝင်ပုန်းလိုက်ရတော့မှ ငြိမ်သွားကြတော့သည်။

"ဒါနဲ့... အကိုဖန်း... ဒုခေါင်းဆောင်ရော" ထိုအချိန်ကျမှ လူတစ်ယောက်က ဒုခေါင်းဆောင် ပြန်မပါလာသည်ကို သတိထားမိသွားသည်။

"ကိစ္စတုံးသွားပြီ" ဖန်းဖေ့ပင်က သက်ပြင်းချကာ ပြောလိုက်သည်။ "လီတုန်း... ထောက်ပို့ဌာနနဲ့ သူ့မိသားစုကို အကြောင်းကြားဖို့ မမေ့နဲ့ဦး... နောက်ရက်ကျမှ ဈာပနလုပ်ပေးရမယ်"

အားလုံး တိတ်ဆိတ်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။

လီတုန်းမှာ ခေါင်းကိုက်သွားပုံဖြင့် ဘေးလူများကို ကြည့်ကာ ကပျာကယာ ငြင်းလေသည်။ "ဘာလို့ ငါလဲ... ခေါင်းဆောင်မှမရှိတာ ငါက ဘယ်လိုလုပ် ကျော်ပြီး လုပ်ပိုင်ခွင့်ရှိမှာလဲ... ခေါင်းဆောင် ပြန်လာမှပဲ ပြောကြတာပေါ့၊ မိသားစုဘက်ကိုတော့ ခဏလောက် အချိန်ဆွဲထားလိုက်မယ်"

"မင်းတို့ သဘောပဲလေ... ဒီလိုကိစ္စတွေ ငါက ဝင်မပါချင်ဘူး" ဖန်းဖေ့ပင်က ပြောလိုက်သည်။

လော်ယွမ်က ဘေးမှ အေးစက်စွာ ရပ်ကြည့်နေမိသည်။ တစ်ခါမှ မမြင်ဖူးလိုက်ရသော ထိုဒုခေါင်းဆောင်သည် လူချစ်လူခင် သိပ်ပေါသည့်ပုံမပေါ်ပေ။ သေဆုံးသွားကြောင်း ကြားလိုက်ရသည့် အစပိုင်းတွင် အနည်းငယ် တုန်လှုပ်သွားကြသည်မှလွဲ၍ ဝမ်းသာအားရ ဖြစ်မနေကြသော်လည်း ထူးထူးခြားခြား ဝမ်းနည်းပူဆွေးနေခြင်းမျိုးလည်း မရှိကြပေ။ သူစိမ်းတစ်ယောက် သေဆုံးသွားသကဲ့သို့သာ ခံစားနေကြပုံရသည်။

လီတုန်းက လော်ယွမ့်ဘက်သို့ လှည့်လာသည်။ သူ၏ မျက်နှာထားက ဖန်းဖေ့ပင်ကို ဆက်ဆံသည်ထက် ပိုမိုလေးစားမှုရှိကြောင်း သိသာနေသည်။ "အကိုယွမ်... ဟိုမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ... ဘယ်လိုလုပ်လူပါသေရတာလဲ"

"ဒီကိစ္စ ချန်ချန်ကိုပဲ မေးလိုက်တော့... မိုးလည်း ချုပ်နေပြီဆိုတော့ ငါပြန်နှင့်တော့မယ်"

လော်ယွမ်က လက်ပတ်နာရီကို ကြည့်ကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ဤကိစ္စမျိုးက စကားနှစ်ခွန်းသုံးခွန်းနှင့် ရှင်းပြ၍ ပြီးမည့်အရာ မဟုတ်ပေ။ အခုပြန်နားလျှင်ပင် ဘယ်အချိန်မှ အိပ်ရမည်မသိ။ လော်ယွမ် ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အိတ်ကပ်ထဲမှ လက်မအရွယ်အစားရှိသော သတ္တုခဲတစ်ခဲကို စမ်းယူလိုက်ကာ လီတုန်းထံသို့ ပစ်ပေးလိုက်သည်။

"ဒါနဲ့... ဒီသတ္တုကို ကျွမ်းကျင်တဲ့ဌာနတစ်ခုခုမှာ စစ်ဆေးခိုင်းပေးဦး... အသုံးဝင်မယ့်ပုံ ရှိတယ်"

ဤပစ္စည်း၏ အဆင့်သည် လော်ယွမ် ယခုထိ တွေ့ဖူးသမျှထဲတွင် အမြင့်ဆုံး ပစ္စည်းဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ့အတွက်မူ သိပ်အသုံးမဝင်လှပေ။ အသားမှာ အနည်းငယ် ပျော့ပျောင်းနေသဖြင့် သူ၏ ''ကျန်းမာတောက်'' ဓားတွင် ပေါင်းစပ်ထည့်သွင်း၍ မရနိုင်။

အဝတ်အစားတွင် ပေါင်းစပ်ရအောင်ကလည်း သိပ်ပြီး မသင့်တော်လှ၊ အလေးချိန်က အတော်လေး စီးသည်။

သို့သော် သူ့အတွက် အသုံးမဝင်ခြင်းက ဤပစ္စည်း အသုံးမဝင်ဟု ဆိုလိုခြင်း မဟုတ်ပေ။

စနစ်မှ အစိမ်းရင့်ရောင်အဆင့်ဟု သတ်မှတ်ထားသော အဆင့်မြင့်ပစ္စည်း တစ်ခုအနေဖြင့် ၎င်း၏ အရည်အသွေးအချို့သည် ကမ္ဘာမြေပေါ်ရှိ သာမန်သတ္တုများ၏ ကန့်သတ်ချက်အားလုံးကို ကျော်လွန်နေပေသည်။ စွမ်းအင်စုပ်ယူနိုင်စွမ်း တစ်ခုတည်းနှင့်ပင် သာမန်သတ္တုအားလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိပြီး အပူချိန်မြင့်မားသော အခြေအနေတွင်ပင် ပုံမှန်အပူချိန်အတိုင်း ရှိနေခြင်းက အံ့မခန်းပင် ဖြစ်သည်။

ထို့ပြင် ၎င်း၏ အသားပျော့သည် ဆိုရာ၌ တကယ်ပျော့ခြင်းမျိုး မဟုတ်ဘဲ သားရေကွင်းကဲ့သို့ ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိခြင်းကို ဆိုလိုသည်။ အမှန်တကယ်တွင်မူ ၎င်း၏ ခံနိုင်ရည်အား မှာ အလွန်အံ့သြဖွယ် ကောင်းလှသည်။ သက်ရှိဒြပ်စင် အသားစများ၏ ဂုဏ်သတ္တိမျိုး ရှိနေပြီး အစိမ်းရောင်အဆင့်ရှိသော 'ကျန်းမာတောက်' ဓားဖြင့်ပင် စိတ်စွမ်းအား မပါဘဲ လှီးဖြတ်ရန် ခက်ခဲလှသည်။

ထို့အပြင် ၎င်း၏ သိပ်သည်းဆမှာ သံနှင့် အလူမီနီယမ်ကြားတွင် ရှိပြီး သံမဏိထက် များစွာ ပေါ့ပါးသည်။ တင့်ကားများ၏ သံချပ်ကာအဖြစ် သုံးလိုက်လျှင်ပင် ကား၏အရှိန်ကို အဆမတန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ကာကွယ်နိုင်စွမ်းကိုလည်း အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည်။ တန်ဖိုးကြီးပစ္စည်းကို ဤမျှ အလဟဿ ဖြုန်းတီးမည့်ကိစ္စမျိုး ဖြစ်လာလိမ့်မည် မဟုတ်သော်လည်း ဖြစ်နိုင်ချေကို တွေးကြည့်ခြင်းသာ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ထိုသတ္တုပမာဏ အလုံအလောက် ရှိနေခြင်းပင်။ တွင်းနက်ကြီး၏ အောက်ခြေတွင် တန်ချိန်သန်းချီ ရှိနေသေးသည်။ စက်မှုလုပ်ငန်း တိုးတက်မှုနှုန်းသည် ကုန်ကြမ်းပစ္စည်း အဆင့်မြှင့်တင်နိုင်မှုအပေါ် မူတည်နေရာ ဤသတ္တုများကိုသာ တူးဖော်နိုင်ခဲ့လျှင် ခေတ်တစ်ခေတ်ကိုပင် ပြောင်းလဲပစ်နိုင်ဖွယ် ရှိသည်။

လီတုန်းက လက်လှမ်းကာ ဖမ်းယူလိုက်ပြီး ပြုံး၍ ပြောသည်။ "ကိစ္စသေးလေးပါဗျာ... မနက်ဖြန်ကျရင် သတ္တုဗေဒနဲ့ ပတ်သက်တဲ့ မိတ်ဖက်ဌာနကို ကြည့်ခိုင်းလိုက်မယ်"

လီတုန်းတို့က ဤကိစ္စကို အလေးမထားဘဲ နေမည်ကို လော်ယွမ် မပူပေ။ ဝူချင်းယုထံမှ အခြေအနေအသေးစိတ်ကို သိရသည့်အခါ ဤပစ္စည်း မည်မျှ အဖိုးတန်ကြောင်း သူတို့ နားလည်သွားကြလိမ့်မည်။

"ဟုတ်ပြီ... မင်းတို့စကားဆက်ပြောကြ... ငါသွားတော့မယ်" လော်ယွမ်က နှုတ်ဆက်လိုက်သည်။

"ဆရာ... ကျွန်တော် ကားနဲ့ လိုက်ပို့ပေးမယ်လေ" ဖန်းဖေ့ပင်က မျက်နှာလိုမျက်နှာရဖြင့် အမြန်ပြောသည်။

လော်ယွမ်က လက်ကာပြလိုက်ပြီး တစ်ချက် ခုန်လိုက်သည်နှင့် မီတာရာချီသော အကွာအဝေးသို့ ရောက်ရှိသွားသည်။ ခုန်ပျံကျော်လွှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် သူ၏ ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဝူချင်းယုသည် အဝေးသို့ ထွက်ခွာသွားသော လော်ယွမ့်ကို ငေးကြည့်ရင်း မျက်ဝန်းအိမ်၌ ကြည်နူးရိပ်တို့ လှိုင်းထနေပြီး မျက်လုံးများက ရေပြင်ပမာ အရောင်တောက်နေခဲ့သည်။

…………………………………………………………………………………………………………

ညဉ့်နက်ချိန်...

လော်ယွမ် ကုတင်ပေါ်တွင် လှဲနေသော်လည်း ဘယ်လိုမှ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေပြီး အစောပိုင်းက လေးဘက်မြင်လောကပုံရိပ်များပေါ်လာပြီး စိတ်စွမ်းအားဖြင့် ပြဒါးကန်အားတိုက်ခိုက်မိခဲ့သော မြင်ကွင်းကို အသေအချာ ပြန်လည် စဉ်းစားမိနေသည်။

သို့သော် မည်သို့ပင် ပြန်စဉ်းစားပါစေ သူ၏ မှတ်ဉာဏ်ထဲတွင် မည်သည့် အစအနမျှ ကျန်မနေခဲ့ပေ။

သူ၏ မှတ်ဉာဏ်ကို အားပြုပြီး ပထမအကြိမ် စိတ်စွမ်းအားရိုက်ခတ်မှုနှင့် ယနေ့ဒုတိယအကြိမ်ကို နှိုင်းယှဉ်ကြည့်ရာ ကွာခြားချက်အချို့ကို ရှာတွေ့လိုက်သည်။ ပထမအကြိမ်တုန်းကလည်း သတိလစ်သလို ဖြစ်သွားခဲ့သော်လည်း အလွန်တိုတောင်းပြီး မျက်စိတစ်မှိတ်အတွင်း ပြီးသွားခဲ့သည်။

သို့သော် ဒုတိယအကြိမ်၌မူ အချိန်အတိအကျ မပြောနိုင်သော်လည်း အလွန်ကြာမြင့်သည်ဟု ခံစားလိုက်ရပြီး သတိပြန်ဝင်လာချိန်တွင် ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသကဲ့သို့ ထူပူထိုင်းမှိုင်းနေခဲ့သည်။

သူ့စိတ်ထဲတွင် စိုးရိမ်မှုအချို့ ကိန်းအောင်းလာသည်။ လေးဖက်မြင်အာရုံရလာကတည်းက အခြေအနေများက ထိန်းချုပ်မရတော့သလို ဖြစ်လာခဲ့သည်။ မျက်ခုံးနှစ်ခုကြားရှိ "တတိယမျက်လုံး" သည် နောက်ပြန်လှည့်မရနိုင်သော လေးဖက်မြင် အခြေအနေသို့ ပြောင်းလဲလာနေပြီ ဖြစ်သည်။

အကယ်၍ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိလျှင် ကိစ္စမရှိသော်လည်း ကံဆိုးစွာဖြင့် ထို "လေးဖက်မြင်အဖြစ်ပြောင်းလဲခြင်း" သည် သုံးဖက်မြင် သက်ရှိများအတွက်မူ အဆိပ်အတောက်တစ်ခုနှင့် မခံနိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။

ယခု တစ်ကြိမ်လေး သုံးလိုက်ရုံဖြင့် လေးဖက်မြင်ပြောင်းလဲမှုနှုန်းက ၁% မှ ၂% သို့ တိုးလာခဲ့သည်။ ဂဏန်းအရ ကြည့်လျှင် တစ်မှတ်သာ တိုးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဆတိုးကိန်းဖြင့် တိုးလာခြင်းဖြစ်သည်။ ယခု၂% အထိ ပလာစမာနှဖူးစည်းက ကာကွယ်ပေးနိုင်သေးသော်လည်း နောက်တစ်ကြိမ်တွင်မူ ဤမျှ ကံကောင်းနိုင်ပါဦးမည်လော မသိနိုင်ပေ။

အကယ်၍ နည်းလမ်းပေါင်းစုံဖြင့် မကာကွယ်နိုင်တော့သည့် အချိန်ရောက်လာပါက သူ့ကို စောင့်ကြိုနေသည်မှာ လုံးဝဥဿုံ ပျက်သုဉ်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤစွမ်းရည်ကို တတ်နိုင်သမျှ လျှော့သုံး၍ ရကောင်းရနိုင်သော်လည်း ရက်စက်ကြမ်းကြုတ်သော ဤကမ္ဘာပျက်ခေတ်ကြီးထဲတွင် ကြုံတွေ့ရသော အန္တရာယ်တိုင်းကို ချောမွေ့စွာ ဖြေရှင်းနိုင်ပါမည်လော။ တကယ်တမ်း လမ်းဆုံးသို့ရောက်ပြီး သေမင်းနှင့် မျက်နှာချင်းဆိုင်ရချိန်မျိုးတွင်မူ ဤစွမ်းရည်က အန္တရာယ်ရှိမှန်း သိနေလျှင်ပင် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် ထုတ်သုံးရပေလိမ့်မည်။

ထိုအကြောင်း တွေးမိသည်နှင့် လော်ယွမ့်အမူအရာ လေးနက်သွားပြီး ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံလာသည်။

"ဘာဖြစ်လို့လဲ" ဘေးတွင် အိပ်နေသော ဟွမ်ကျားဟွေက ရုတ်တရက် မေးလိုက်သည်။

"ဘာမှ မဖြစ်ဘူး... အရင်က အကြောင်းတွေ ရုတ်တရက် ပြန်တွေးမိလို့ပါ" လော်ယွမ်က ဖုံးဖိကာ ပြောလိုက်သည်။ ဤကိစ္စမျိုးကို ဘေးလူများ မသိစေတာ အကောင်းဆုံးပင်။ မဟုတ်လျှင် သူတို့ကို စိတ်ပူစေရုံသာ ရှိလိမ့်မည်။

"ပြီးခဲ့တာတွေ တွေးမနေပါနဲ့တော့... ရှင့်မှာ ကျွန်မ... တို့ ရှိနေသေးတာပဲ" ဟွမ်ကျားဟွေတစ်ယောက် မိခင်မေတ္တာစိတ်များ လွှမ်းမိုးလာကာ လော်ယွမ့်ကို နှစ်သိမ့်သမှုဖြင့် ဖက်ထားလိုက်သည်။

လော်ယွမ်က သူမ၏ ချောမွေ့သန့်စင်သော ကျောပြင်လေးကို ပြန်လည်ပုတ်ပေးနေရင်းမှ မကြာခင်မှာပင် လက်များက နေရာမမှန်တော့ဘဲ ကွေ့ကောက်ရှာဖွေကာ အတွင်းထဲသို့ ရောက်ရှိသွားသည်။ ပြည့်ဖြိုးသော တင်ပါးကို ဂျုံနယ်သကဲ့သို့ အားပါပါ ဆုပ်နယ်လိုက်ရင်း သူရယ်မောလိုက်သည်။

"ငါက အဲ့လောက်လည်း စိတ်မနုပါဘူးကွ... ဒါနဲ့ ဟိုဘက်က လူတွေ အိပ်ပျော်လောက်ပြီမလား"

အနည်းငယ် ပွတ်သပ်ဆုပ်နယ်လိုက်ရုံဖြင့် ဟွမ်ကျားဟွေ၏ မျက်နှာလေးမှာ နီရဲလာပြီး နှုတ်ခမ်းနီနီလေးများ ပွင့်ဟကာ မက်မောဖွယ်ရာ အမူအရာများ ယိုဖိတ်လာတော့သည်။ သူမ၏ ပေါင်ကြားတစ်နေရာတွင်လည်း စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ ''ကန္တာရ'' မြို့ ဗုံးခိုကျင်းသို့ ရောက်ကတည်းက ယခုထိ တစ်လကျော်ကြာအောင် အောင့်အီးခဲ့ရသဖြင့် သူမ ခန္ဓာကိုယ်သည် အထိအတွေ့ကို ဆာလောင်ငတ်မွတ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူမက တုန်ရီသောအသံဖြင့် ဖြေလေသည်။ "မိုးချုပ်နေပြီပဲ... အိပ်ပျော်နေလောက်ပါပြီ"

လော်ယွမ်က နာရီကို ကြည့်လိုက်ရာ (၁၀) နာရီသာ ရှိသေးသဖြင့် ပြောလိုက်သည်။ "နည်းနည်းတော့စောသေးတယ်... ခဏထပ်စောင့်ဦးမလား... ဒီနေရာက အသံလုံတာ မဟုတ်..."

လော်ယွမ့်စကား မဆုံးလိုက် ဟွမ်ကျားဟွေက ရုတ်ခြည်း ကိုယ်ကိုလှန်လိုက်ပြီး လော်ယွမ့်အပေါ်သို့ တက်ဖိလိုက်ကာ စိုစွတ်နွေးထွေးသော နှုတ်ခမ်းအစုံဖြင့် သူ့ပါးစပ်ကို အတင်းပိတ်ဆို့လိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၃၂၈)အပူချိန်မြင့်စူပါလျှပ်ကူးပစ္စည်း

ဝမ်ချင်းယု အိမ်တံခါးကို ဖွင့်ကာ ဖိနပ်လဲပြီးသည်နှင့် ဧည့်ခန်းတံခါး ပွင့်လာလေ၏။

"အစ်မ ပြန်လာပြီလား" မျက်ခုံးနှစ်ခုကြားတွင် သူရဲကောင်းဆန်သော အငွေ့အသက်အနည်းငယ် သမ်းနေသည့် မိန်းကလေးတစ်ဦးက ဝမ်းသာအားရ ခုန်ပေါက်ကာ ဆိုလိုက်သည်။ သူမ၏ အသက်အရွယ်မှာ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်ခန့်သာ ရှိသေးပုံရပြီး ပါးလွှာသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် အိပ်ချင်မူးတူးဖြစ်နေသော ပန်းရောင်သမ်းနေသည့် အသွင်အပြင်လေး ကျန်ရှိနေသေးသည်။ သူမ၏ အပြုအမူသည် ချစ်စဖွယ်ကောင်းပြီး ကလေးဆန်နေ၏။

အကယ်၍ လော်ယွမ်သာ ဤနေရာတွင် ရှိနေခဲ့ပါက ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ကန္တာရမြို့တွင် လမ်းလွဲခဲ့ရသော ဝမ်ယွိကျဲ ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။

(ဝမ်ယွိကျဲ - လော်ယွမ်ကိုအချုပ်ထဲမှာပြုစုပေးခဲ့တဲ့သူပါ)

သူမသည် ကံကောင်းသည်ဟု ဆိုရပေမည်။ နောက်ဆုံးရထားသည် မျှော်လင့်ချက်မြို့သို့ ရောက်ရှိပြီး မကြာမီမှာပင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး ကန္တာရမြို့တစ်ခုလုံး မြေမြိုသွားခဲ့ကာ သေမင်းနှင့် သီသီလေးလွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူမ၏ ဝမ်းကွဲအစ်မသည် ဤမြို့တွင် နေထိုင်သူဖြစ်သောကြောင့် အစိုးရစီစဉ်ပေးသော ဒုက္ခသည်စခန်းသို့ သွားစရာမလိုခဲ့ပေ။

"ဒီလောက်ညဉ့်နက်နေပြီကို နင်ဘာလို့ မအိပ်သေးတာလဲ" ဝမ်ချင်းယုက မေးလိုက်သည်။ သူမ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အနည်းငယ် ထင်ဟပ်နေ၏။

"အစ်မ မလာသေးတော့ အိပ်မပျော်ဘူး" ဝမ်ယွိကျဲက ပြန်ဖြေသည်။

"နင်ကန္တာရမြို့အကြောင်း တွေးနေတုန်းလား" ဝမ်ချင်းယုက စိုးရိမ်တကြီး မေးလိုက်သည်။

"မဟုတ်ပါဘူး... ဒါက သဘာဝဘေးအန္တရာယ်ဆိုတော့ ကံတရားပဲပေါ့... အနည်းဆုံးတော့ အသက်ရှင်တဲ့သူတွေ ရှိနေသေးတာပဲ" ဝမ်ယွိကျဲက သက်ပြင်းချလိုက်ပြီး ဆက်မပြောလိုတော့ပေ။ ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သူများအနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်ရန် သင်ယူရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ကြာမြင့်စွာကတည်းက ပြိုလဲသွားလောက်ပြီ ဖြစ်သည်။

"အစ်မလက်ထဲက အင်္ကျီက ဘယ်သူ့ဟာလဲ" ထိုအချိန်တွင် သူမ၏ ဝမ်းကွဲအစ်မ လက်ထဲမှ အဝတ်အစားကို သတိပြုမိသွားသည်။ ပုံစံကို ကြည့်ရုံဖြင့် တိုက်ပွဲဝင်ဝတ်စုံတစ်စုံဖြစ်ကြောင်း သိသာသော်လည်း အံ့ဩစရာကောင်းသည်မှာ ၎င်းသည် အမျိုးသားဝတ် တိုက်ပွဲဝင်ဝတ်စုံတစ်စုံ ဖြစ်နေခြင်းပင်။

ဝမ်ယွိကျဲ၏ အကြည့်ကို သတိပြုမိလိုက်သောအခါ ဝမ်ချင်းယု၏ မျက်ဝန်းထဲတွင် အနည်းငယ် ထိတ်လန့်သွားပုံရသော်လည်း ဂရုမစိုက်ဟန်ဆောင်ကာ ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ "လမ်းမှာ ကောက်ရတာ... ဘယ်သူ့ဟာလဲတော့ မသိဘူး... ဒါပေမဲ့ လွှင့်ပစ်လိုက်ရမှာ နှမြောလို့ ကောက်လာလိုက်တာ"

ဝမ်ယွိကျဲသည် သံသယဖြင့် ဝမ်ချင်းယုကို ကြည့်လိုက်သည်။ သူမ၏ ဝမ်းကွဲအစ်မသည် ငယ်စဉ်ကတည်းက ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး မိခင်ဖြစ်သူက ဆရာဝန်တစ်ဦးဖြစ်သောကြောင့် သန့်ရှင်းမှုကို အလွန်အမင်း ဂရုစိုက်တတ်သူဖြစ်ကြောင်း သူမ သိသည်။ ကမ္ဘာပျက်ကပ် ရောက်ရှိလာသည့်တိုင် အစွမ်းထက်သော အဆင့်မြင့်ဆင့်ကဲပြောင်းလဲလာသူတစ်ဦး ဖြစ်သောကြောင့် သက်သောင့်သက်သာ နေထိုင်ခဲ့ရသူဖြစ်သည်။ သူမ၏ စရိုက်အရ စုတ်ပြတ်သတ်နေသော အဝတ်အစားဟောင်းများကို ကောက်ယူမည့်သူမဟုတ်ပေ။ ဤကိစ္စတွင် ထူးဆန်းမှုများ ရှိနေသည်မှာ သေချာသည်။ သူမ မျက်လုံးများကို ကစားလိုက်ပြီး "ဒါဆို အတော်ပဲ... ကြမ်းတိုက်ဝတ်က စုတ်နေပြီ... ငါဒါကို ကပ်ကြေးနဲ့ညှပ်လိုက်မယ်"

သူမ ဆိုဖာနားသို့ မရောက်မီမှာပင် အင်္ကျီကို ဝမ်ချင်းယုက ပြန်လည်ကောက်ယူလိုက်ပြီး မူမမှန်သော လေသံဖြင့် ပြောလိုက်သည်။ "မလုပ်နဲ့... ဒီလောက်ကောင်းတဲ့ အဝတ်အစားကို ညှပ်ပစ်စရာလားဟဲ့... တိုက်ပွဲဝင်ဝတ်စုံတစ်ထည်က ရိက္ခာလက်မှတ် ပေါင် ၂၀ တောင် ပေးရတာ... ကြမ်းတိုက်ဝတ်လိုချင်ရင် ငါ့ဗီရိုထဲက အဝတ်ဟောင်းတစ်ထည် ယူလို့ရတာပဲ"

"ကြမ်းတိုက်ဝတ်မလုပ်ဘူးဆိုတော့ အစ်မက ပြန်ဝတ်မလို့လား" ဝမ်ယွိကျဲက ဆက်ပြောသည်။ "ဒါမှမဟုတ် လျှော်ပြီး ပိုင်ရှင်ကို ပြန်ပေးမလို့များလား"

"ဝမ်ယွိကျဲ... နင်မတော်သေးဘူးလား" ဝမ်ချင်းယု မျက်နှာတစ်ခုလုံး နီရဲသွားပြီး ဤကောင်မလေး အစကတည်းက သူမကို ကျီစယ်နေမှန်း သိလိုက်ရသဖြင့် ရှက်ရမ်းရမ်းကာ အော်ဟစ်လိုက်သည်။ "နင်ကတော့ တော်တော်စကားတတ်နေတယ်ပေါ့လေ... တွေ့မယ်"

ပြောပြောဆိုဆိုဖြင့် ဝမ်ယွိကျဲကို လှမ်းဖမ်းလိုက်ရာ နှစ်ယောက်သား လိုက်တမ်းပြေးတမ်း ကစားကြရင်း ဝမ်ယွိကျဲက အရှုံးပေး တောင်းပန်မှသာ ရပ်တန့်သွားကြသည်။

ဝမ်ယွိကျဲသည် ခေတ္တမျှ ဆော့ကစားပြီးနောက် ဝမ်းကွဲအစ်မ၏ နှုတ်ကို ဖွင့်၍မရနိုင်မှန်း သိလိုက်ရသဖြင့် အိပ်ချင်စိတ်ဝင်လာကာ မိမိအိပ်ခန်းသို့ ပြန်ဝင်သွားသည်။ သို့သော် မအိပ်ပျော်မီမှာပင် ဝမ်ချင်းယုက အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး စောင်ထဲသို့ တိုးဝင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "နင် တကယ်သိချင်လား... မအိပ်နဲ့ဦး ဒီည ငါတို့ညီအစ်မနှစ်ယောက် စကားပြောတာပေါ့"

ဝမ်ယွိကျဲက စိတ်ထဲတွင် ရယ်ချင်သွားသော်လည်း အသံအစ်အစ်ဖြင့် ပြန်ပြောလိုက်သည်။ "အိပ်ချင်နေပါပြီဆိုမှ... ဘာပြောမို့လဲ မြန်မြန်ပြော"

ဝမ်ယွိကျဲ စိတ်မဝင်စားဟန်ဆောင်နေသည်ကို ဂရုမစိုက်ဘဲ ဝမ်ချင်းယုက ပူထူနေသော မျက်နှာကို အုပ်လျက် မေးလိုက်သည်။ "နင် မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ယုံလား"

"အစ်မ ရုပ်ချောချော လူလိမ်တစ်ယောက်နဲ့ တွေ့လာတာလား... အဲ့လိုလူမျိုးတွေက မယုံရဆုံးပဲ... အမ အလိမ်ခံနေရမယ်နော်" ဝမ်ယွိကျဲက သူမ၏အစ်မ တကယ်ကြီး ချောက်ထဲကျသွားပြီဟု ထင်မှတ်ကာ စိုးရိမ်တကြီး သတိပေးလိုက်သည်။

"သူက ရုပ်ချောချော လူလိမ်တစ်ယောက် မဟုတ်ပါဘူး... ဒါပေမဲ့ သူ့အသားကတော့ အရမ်းချောမွေ့တာပဲ" ဝမ်ချင်းယုက အလျင်အမြန် ငြင်းဆန်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားကာ တိုးညင်းသောလေသံဖြင့် ဆက်ပြောသည်။ "တကယ်တော့ ငါ မပြောချင်ပါဘူး... ဒီနေ့သူ့ကြောင့်သာမဟုတ်ရင်... နင် ငါ့ကို မြင်ရတော့မှာ မဟုတ်ဘူး"

ဤနေရာသို့ ရောက်သောအခါ သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ ထိုစဉ်က အခြေအနေသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး သူမကို ငရဲတွင်းထဲမှ ဆွဲထုတ်ပေးခဲ့သူမှာ လော်ယွမ်ပင် ဖြစ်သည်။

"ဟမ်" ဝမ်ယွိကျဲ လန့်သွားသည်။ "ဘာတွေဖြစ်ခဲ့လို့လဲ... အဲ့ဒီလောက် အန္တရာယ်များတာလား"

"ဒီတစ်ခါ ငါတို့ရထားတဲ့သတင်းက မှားနေတာလေ... အစက သာမန်တာဝန်တစ်ခုလို့ ထင်ပြီးသွားတာ... ဟိုရောက်တော့ ထင်ထားတာထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းတဲ့ သတ္တဝါကြီးနဲ့ တွေ့ခဲ့ရတယ်... ဒုခေါင်းဆောင်တောင် သေသွားတယ်... ငါလည်း အဲ့မှာပိတ်မိနေပြီး သေမယ့်အချိန်ကိုစောင့်နေတုံး သူ ငါ့ကို လာကယ်တာ"

ဝမ်ယွိကျဲက ဝမ်ချင်းယု၏ ခန္ဓာကိုယ် တုန်ယင်နေသည်ကို ခံစားလိုက်ရသဖြင့် ဤအန္တရာယ်သည် သူမ ပြောသကဲ့သို့ ပေါ့ပါးခြင်းမရှိကြောင်း သိလိုက်ရသည်။

"အဲ့ဒီအင်္ကျီက သူ့ဟာလား" ဝမ်ယွိကျဲက ဖြတ်ထိုးဉာဏ်ကောင်းစွာဖြင့် မေးလိုက်သည်။

"အင်း" အမှောင်ထဲတွင် ဝမ်ချင်းယုက ခပ်ဖွဖွခေါင်းညိတ်လိုက်သည်။ မျက်နှာတစ်ခုလုံး နီရဲနေပြီး နှစ်သက်မြတ်နိုးနေသော လေသံဖြင့် ပြောလိုက်သည်။ "ဘယ်လိုလုပ်ရမလဲ... ငါတော့သူ့ကိုချစ်မိနေပြီထင်တယ်... သူက ခန့်ငြားတာပဲ... စကားပြောတာလည်း နူးညံ့သိမ်မွေ့တယ်... မျက်လုံးတွေက မှော်ဆန်သလိုပဲ... ကြည်လင်တောက်ပပြီး နက်ရှိုင်းနေတာ... သူ့ကို မြင်လိုက်တာနဲ့ ငါ့နှလုံးက အပြင်ကို ခုန်ထွက်လာတော့မလိုပဲ"

ဝမ်ယွိကျဲ စိတ်ပူသွားမိသည်။ သူမ၏အစ်မပုံစံမှာ အချိန်မရွေး ကိုယ်ရောစိတ်ပါ ပုံအပ်လိုက်တော့မည့်ပုံ ပေါက်နေသည်။ အကယ်၍ မကောင်းသူနှင့် တွေ့ဆုံမိပါက အလိမ်ခံရပြီး ပိုက်ဆံပါ ထပ်ပေးလိုက်ရမည့် အဖြစ်မျိုး ကြုံရနိုင်သည်။ သူမက အလျင်အမြန် မေးလိုက်သည်။ "သူ့အကြောင်း နင်သေချာရောသိရဲ့လား... သူ့မှာမိန်းမရှိနေရင် ဘယ်လိုလုပ်မလဲ"

"အဲ့ဒါတော့ မသိဘူးဟ... သူက အခုမှရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက်အသစ်ပဲ... ဒီနေ့မှ စတွေ့ဖူးတာ" ဝမ်ချင်းယုက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အာမေဋိတ်သံဖြင့် ပြောလိုက်သည်။ "ဪ... ဟုတ်တယ် ငါ မသွားခင်တုန်းက မေးကြည့်လိုက်တာ သူက နင်တို့ ကန္တာရမြို့က လာတာတဲ့... ဟဲ့ နင်တောင် သူ့ကို သိချင်သိမှာ"

ဝမ်ယွိကျဲ ကြောင်သွားပြီး မျက်နှာထား တည်ကြည်သွားသည်။ သူမ၏စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။ "သူ့... သူ့နာမည်က ဘယ်သူလဲ"

"လော်ယွမ်... သူ့နာမည်က လော်ယွမ်တဲ့... နင် သိလား" ဝမ်ချင်းယုက မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

"လော်ယွမ်..." ဝမ်ယွိကျဲက ထိုအမည်ကို အကြိမ်ကြိမ် ရေရွတ်ရင်း စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။

"နင် သူ့ကိုသိလား... ကန္တာရမြို့က သေးသေးလေးပဲကို... နင် ကြားဖူးမှာ သေချာပါတယ်" ဝမ်ချင်းယုက ထပ်မေးလိုက်သည်။

"သိတယ်" ဝမ်ယွိကျဲက အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

ဝမ်ချင်းယုက အံ့အားသင့်စွာဖြင့် ထထိုင်လိုက်သည်။ စိတ်လှုပ်ရှားလွန်း၍ သူမညီမလေး၏ လေသံထူးခြားနေသည်ကို သတိမထားမိပေ "နင် တကယ်သိတာလား... မြန်မြန်ပြောပြစမ်းပါ... သူက ဘယ်လိုလူမျိုးလဲ"

"ငါလည်း အဝေးကနေပဲ ခဏတဖြုတ် မြင်ဖူးတာပါ... သိပ်မရင်းနှီးပါဘူး... နင့်ကိုပြောစရာလည်း ဘာမှမရှိဘူး... တော်ပြီ ငါအိပ်တော့မယ်" ဝမ်ယွိကျဲက တစ်ဖက်သို့ လှည့်အိပ်လိုက်သည်။

"ဟဲ့... ပြောပြပါဆိုမှ... ဘာလိုပဲဖြစ်ဖြစ် နင်ဒီရက်ပိုင်း အားနေတာပဲဟာ" ဝမ်ချင်းယုက ဇွတ်အတင်း တောင်းဆိုနေသည်။

သို့သော် ဝမ်ချင်းယု မည်သို့ပင် တောင်းဆိုပါစေ ဝမ်ယွိကျဲသည် စကားတစ်ခွန်းမျှ ပြန်မပြောတော့ပေ။

...................................................................................................

နောက်တစ်နေ့ နံနက်စောစောတွင် လော်ယွမ်သည် မနက်စာစားပြီးနောက် "ဓားတရား" အဖွဲ့ဌာနချုပ်သို့ လမ်းလျှောက်လာခဲ့သည်။

တံခါးဝမှ ကင်းစောင့်များသည် သူ့ကို မြင်သည်နှင့် ချက်ချင်း အလေးပြုကြပြီး စာရွက်စာတမ်းပင် မစစ်ဆေးဘဲ ဝင်ခွင့်ပြုလိုက်ကြသည်။

မနေ့က လော်ယွမ်၏ နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲတွင် ပျံသွားခဲ့မှုသည် သာမန်လူများဖြစ်သော ဤကင်းစောင့်နှစ်ဦးအတွက် ယနေ့တိုင် တုန်လှုပ်ဖွယ်ရာ ဖြစ်နေဆဲပင်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ကင်းစောင့်များ၏ စိတ်လှုပ်ရှားမှုနှင့် ရိုသေမှုတို့ ရောပြွမ်းနေသော အကြည့်များအောက်တွင် ခြံဝင်းထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလိုက်သည်။

လော်ယွမ် စောစောရောက်လာသဖြင့် ရုံးခန်းထဲတွင် လူအများအပြား မရှိသေးပေ။ ဝန်ထမ်းတစ်ဦး လာချပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး စားပွဲပေါ်မှ သတင်းစာတစ်စောင်ကို ကောက်ယူကာ လျင်မြန်စွာ ဖတ်ရှုလိုက်သည်။

ယခုအချိန်သည် နံနက်ခြောက်နာရီပင် မထိုးသေးဘဲ မိုးလင်းကာစသာ ရှိသေးသည်။ အေးမြပြီး ငြိမ်သက်သော နံနက်ခင်းသည် စိတ်ကို တည်ငြိမ်စေသည်။ မနေ့က လေးဖက်မြင်အမြင်အာရုံ အပြောင်းအလဲကြောင့် ဂနာမငြိမ်ဖြစ်ခဲ့သော စိတ်များသည် ဤလေထုအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်နှလုံးက ပြန်လည်အေးချမ်းလာသည်။

ကမ္ဘာပျက်ကပ်ကာလတွင် ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းထဲတွင်ထိုင်ကာ အေးဆေးစွာ လက်ဖက်ရည်သောက်ခွင့်ရခြင်းကပင် အမြတ်ထွက်နေပြီဖြစ်သည်။ သေခြင်းတရားနှင့်ပတ်သက်၍မူ ကံတရားလက်ထဲသို့ ပုံအပ်ထားလိုက်တော့သည်။

ထို့အပြင် ဤအခြေအနေက ဖြေရှင်းဖို့နည်းမရှိသည် မဟုတ်ပေ။ လေးဖက်မြင်အမြင်အာရုံက သူ့အပေါ် ဆိုးကျိုးအဖြစ်သက်ရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဦးနှောက်က လေးဖက်မြင်လောက၏ သတင်းအချက်အလက်များကို လက်မခံနိုင်သောကြောင့်ဖြစ်သည်။ ဤဘက်မှ စဉ်းစားကြည့်လျှင် ဖြေရှင်းဖို့နည်းလမ်းအချို့ကို သူ စဉ်းစားမိထားပြီးဖြစ်သည်။ ဥပမာအားဖြင့် ဉာဏ်ရည်ကို မြှင့်တင်ခြင်းပင်။ အကယ်၍ ဉာဏ်ရည်ကို မြှင့်တင်နိုင်ပါက တွေးခေါ်နိုင်စွမ်း အားကောင်းလာသည်နှင့်အမျှ လေးဖက်မြင်သတင်းအချက်အလက်များ၏ သက်ရောက်မှု များစွာလျော့နည်းသွားပေလိမ့်မည်။

နောက်တစ်နည်းမှာ စိတ်စွမ်းအားကို မြှင့်တင်ခြင်းဖြစ်သည်။ စိတ်စွမ်းအားသည်လည်း အတိုင်းအတာတစ်ခုအထိ ဤကျူးကျော်ဝင်ရောက်မှုကို တားဆီးပေးနိုင်သည်။ စိတ်စွမ်းအား တိုးတက်လာပြီးနောက် လေးဖက်မြင်အမြင်အာရုံ သူ့အပေါ်သက်ရောက်မှုသည် များစွာလျော့နည်းသွားခဲ့သည်။ လေးဖက်မြင်အမြင်အာရုံ ၁ ရာခိုင်နှုန်းခန့်သာ ရှိနေသေးချိန်တွင် နှဖူးစည်းကို ဖြုတ်ထားလျှင်ပင် သူ့အပေါ် သက်ရောက်မှု အကန့်အသတ်ဖြင့်သာရှိသည်။ သို့သော် ဉာဏ်ရည်ကို မြှင့်တင်သည်ဖြစ်စေ၊ စိတ်စွမ်းအားကို မြှင့်တင်သည်ဖြစ်စေ ဤနည်းလမ်းများသည် ရေကာတာဆောက်သကဲ့သို့သာဖြစ်ပြီး အမြစ်ပြတ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

အကယ်၍ အမြစ်ပြတ်ဖြေရှင်းလိုပါက ဦးနှောက်တစ်ခုလုံးကို လေးဖက်မြင်အသွင်ပြောင်းလဲရမည်၊ သို့မဟုတ် လေးဖက်မြင်သက်ရှိအဖြစ် ပြောင်းလဲရမည်ဟု လော်ယွမ် ခန့်မှန်းမိသည်။ သို့သော် ဤအရာအားလုံးသည် ရူးသွပ်သော စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။ ရှူကျစ်ချန်ကဲ့သို့ ထူးခြားသော ပါရမီရှင်မျိုးမှလွဲ၍ လေးဖက်မြင်သက်ရှိ ဖြစ်လာရန်မှာ ကောင်းကင်သို့တက်ရန်ထက်ပင် ခက်ခဲပေလိမ့်မည်။

(ရှူကျစ်ချန် - လူ့ဘီလူးကြီးအဖြစ်အသွင်ပြောင်နိုင်တဲ့သူပါ။ လူ့ဘီလူခန္ဓာကိုယ်ကို လေးဘက်မြင်လောကမှာထားပြီး လိုအပ်တဲ့အချိန်မှ ပုံမှန်ခန္ဓာကိုယ်နဲ့ လေးဘက်မြင်လောက.က လူ့ဘီလူးခန္ဓာကိုယ်ကို ဖလှယ်ပြီး အသုံးပြုတာပါ။ သူက လေးဘက်မြင်လောကကို တစ်ဝက်ရောက်နေပြီလို့ပြောလို့ရတယ်)

ထိုအရာသည် သက်ရှိအဆင့်အတန်း မြင့်တက်ခြင်း၊ အနှစ်သာရ ပြောင်းလဲခြင်းဖြစ်ပြီး အံ့ဖွယ်တန်ခိုးမရှိပါက မဖြစ်နိုင်သလောက်ပင်။

သို့သော် ရူးသွပ်သော စိတ်ကူးယဉ်မှုများနှင့် နှိုင်းယှဉ်လျှင် ဉာဏ်ရည်နှင့် စိတ်စွမ်းအားကို မြှင့်တင်ခြင်းသည်သာ လက်တွေ့ကျသော နည်းလမ်းဖြစ်သည်။ ၁၆ မှတ်ရှိသော စိတ်စွမ်းအားသည် လုံလောက်စွာ အားကောင်းနေပြီဖြစ်၍ ခဏထားထားလို့ရသည်။ သို့သော် အဓိကစွမ်းရည်များအားလုံး ၁၅ မှတ်ကျော်နေပြီဖြစ်သော သူ့အတွက် ၁၄ မှတ်သာရှိသော ဉာဏ်ရည်က အနည်းငယ် နိမ့်ကျနေပြီး စွမ်းရည်ထုတ်ဖော်မှုကို ဆိုးရွားစွာ ထိခိုက်စေလျက်ရှိသည်။

ဤအချက်ကို တွေးမိသောအခါ ထိုစဉ်က ဉာဏ်ပညာသစ်ပင်ကို ဖျက်ဆီးပစ်လိုက်မိသည်ကို လော်ယွမ် နောင်တရမိသည်။ အပြာရောင်အဆင့် ဉာဏ်ပညာသစ်ပင်တစ်ပင်သည် သူ၏ဉာဏ်ရည်ကို ၁၄ မှတ်အထိ တိုးတက်စေနိုင်ခဲ့လျှင် အစိမ်းရောင်အဆင့်သည် သေချာပေါက် ပိုမိုတိုးတက်စေနိုင်မည်ဖြစ်သည်။

စနစ်က စွမ်းရည်များကို မြှင့်တင်ပေးနိုင်သော်လည်း ဤကဲ့သို့ တန်ဖိုးရှိသော အရာမျိုးကို မည်သူမျှ ငြင်းပယ်မည်မဟုတ်ပေ။

ကံကောင်းသည်မှာ ဤသစ်ပင်မျိုးသည် တစ်ပင်တည်းရှိနိုင်သည်မဟုတ်ပေ။ ၎င်းသည် ဉာဏ်ရည်ရှိသော မျိုးနွယ်စုများ ပေါ်ပေါက်လာမှုနှင့် ဆက်စပ်နေသည်။ ဉာဏ်ရည်ရှိသော မျိုးနွယ်စုတိုင်း၏ နောက်ကွယ်တွင် ဤကဲ့သို့သော ဉာဏ်ပညာသစ်ပင်တစ်ပင် ရှိနေနိုင်ခြေများသည်။ ဆိုလိုသည်မှာ ဉာဏ်ရည်ရှိသော သက်ရှိများကို ရှာဖွေတွေ့ရှိသည်နှင့် ဤထူးဆန်းသော သစ်ပင်မျိုးကို ရှာဖွေတွေ့ရှိနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

လော်ယွမ်၏ မျက်လုံးများ အနည်းငယ် တောက်ပလာပြီး "ဓားတရား" အဖွဲ့သို့ ဝင်ရောက်ခဲ့မိသည်ကို သူ ဝမ်းမြောက်မိသည်။

ယခင်က တစ်ကိုယ်တည်း ခေါင်းမပါသော ယင်ကောင်တစ်ကောင်ကဲ့သို့ တောထဲတွင် လျှောက်သွားရှာဖွေနေခြင်းနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတော်၏ အင်အားနှင့် ထောက်လှမ်းရေးစနစ်ကို အသုံးပြုခြင်းသည် များစွာလွယ်ကူပေလိမ့်မည်။

ဉာဏ်ရည်ရှိသော မျိုးနွယ်စုသည် သန္ဓေပြောင်းသတ္တဝါတစ်ကောင်တည်း မဟုတ်ပေ။ မျိုးနွယ်စုဖြစ်သည့်အတွက် အရေအတွက် များပြားရမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းပုံစံတစ်ခု ရှိရမည်။ အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးလာသည်နှင့် နယ်မြေချဲ့ထွင်လာမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ပဋိပက္ခဖြစ်ပွားသည်နှင့် ခြေရာလက်ရာများ ကျန်ရစ်ခဲ့မည်မှာ သေချာသည်။

လက်ဖက်ရည်တစ်ခွက် ကုန်သွားသောအခါ "ဓားတရား" အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

"အစ်ကိုယွမ်... မနေ့ညက အစ်ကိုပေးလိုက်တဲ့ပစ္စည်းကြောင့် ငါတော်တော်ဒုက္ခရောက်လိုက်ရတယ်... ညသန်းခေါင်ကြီး အိပ်နေတုန်း အတင်းနှိုးပြီး စစ်ဘက်ဆိုင်ရာသုတေသနဌာနကို အခေါ်ခံရတာ... မနက်နှစ်နာရီ... သုံးနာရီလောက်မှ ပြန်ရောက်တယ်" လီတုန်းသည် ခန်းမထဲမရောက်မီ အဝေးကပင် လှမ်းအော်ပြောလိုက်ပြီး မျက်နှာတွင် နစ်နာသူပုံစံ ပေါက်နေသည်။

လော်ယွမ်က ဟားဟားရယ်မောလိုက်သည်။ သူကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ "မင်းကချက်ချင်းသွားပေးတာကိုး... ဒီနေ့မှ သွားပြလည်း ရတာပဲကို"

"အကိုယွမ် ခိုင်းထားတဲ့ကိစ္စကို ငါက ဘယ်လိုလုပ်အချိန်ဆွဲရဲမှာလဲ... ဒါပေမဲ့ အဲ့တာတကယ့်ပစ္စည်းကောင်းပဲဗျ... သူက အပူချိန်မြင့် စူပါလျှပ်ကူးပစ္စည်းပဲ... လျှပ်ကူးအပူချိန်က ဒီဂရီ ၃၀၀ ကျော်တောင်ရှိတယ်... ယုံတောင်မယုံနိုင်စရာပဲ... ဒါက ကနဦးစစ်ဆေးချက်ပဲ ရှိသေးတာ... ဒီကိစ္စကြောင့် အထက်ကလူကြီးတွေတောင် အရမ်းအံ့သြနေကြတယ်... နံပါတ်တစ်ခေါင်းဆောင်ကြီးကိုယ်တိုင်တောင် မေးမြန်းနေတာ... ဒီနေ့ အကျိုးအကြောင်း လာမေးမယ့်သူတွေ ရှိလိမ့်မယ် ထင်တယ်" လီတုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အပူချိန်မြင့် စူပါလျှပ်ကူးပစ္စည်းဟုတ်လား" လော်ယွမ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

အပူချိန်မြင့် စူပါလျှပ်ကူးပစ္စည်းဟူသော သဘောတရားသည် ကမ္ဘာမပျက်မီကတည်းက လူသိများပြီးဖြစ်သည်။ စာမတတ်သူပင်လျှင် အနည်းငယ် ပြောပြနိုင်ကြသည်။ သို့သော် လက်တွေ့တွင် အခန်းအပူချိန်စူပါလျှပ်ကူးပစ္စည်းသည် သိပ္ပံပညာရှင်များ အမြဲတမ်း ကြိုးပမ်းဖြေရှင်းနေရသော အဓိကအချက်ဖြစ်သည်။ ကမ္ဘာမပျက်မီက စူပါလျှပ်ကူးပစ္စည်းနယ်ပယ်တွင် အထင်ကရအရှိဆုံး ဓာတ်ခွဲခန်းများတွင်ပင် လျှပ်ကူးအပူချိန်သည် အနှုတ် ၅၀ ဒီဂရီထက် မကျော်လွန်ခဲ့ပေ။ "အခန်းအပူချိန်" ဟူသော စကားလုံးနှင့် ဝေးကွာနေဆဲဖြစ်သည်။

(စူပါလျှပ်ကူးပစ္စည်းဆိုတာ လျှပ်စစ်ဓာတ်အား ကို ဘာဆုံးရှုံးမှုမှမရှိပဲ ၁၀၀% စီးဆင်းနိုင်တဲ့ပစ္စည်းကိုပြောတာပါ။ ယနေ့ခေတ်လူသားတွေရဲ့နည်းပညာအရ အဲ့လို ၁၀၀%လျှပ်ကူးနိုင်ဖို့ အအေးဓာတ် အများကြီးပေးဖို့လိုပါတယ်။ ဒီနေ့ခေတ်အများဆုံးသုံးနေတဲ့ စူပါလျှပ်ကူးပစ္စည်းက အပူချိန် အနုတ် ဒီဂရီအထိ အေးနေအောင်ပေးမှ ၁၀၀% လျှပ်ကူးနိုင်တဲ့အာနိသင်ရရှိပါတယ်။ ဘာလို့အေးဖို့လိုလဲဆိုတော့ အပူဓာတ်က ၁၀၀% စီးဆင်းမှုအခြေအနေကို ဖျက်စီးပစ်လိုက်လို့ပါပဲ။ သိပ္ပံပညာရှင်တွေရဲ့အိပ်မက်က အခန်းအပူချိန် (၁၅ဒီဂရီစင်တီဂရိတ်)မှာ ၁၀၀% လျှပ်ကူးနိုင်တဲ့ ပစ္စည်းမျိုးတီထွင်နိုင်ဖို့ပါပဲ။ အဲ့တာသာ အောင်မြင်ခဲ့ရင် ကြီးမားတဲ့အပြောင်းအလဲကြီးဖြစ်သွားနိုင်ပါတယ်)

သို့သော် ဤပုံသဏ္ဌာန်ပြောင်းလဲနိုင်သောသတ္တဝါအလောင်း၏ လျှပ်ကူးအပူချိန်သည် ဒီဂရီ ၃၀၀ ကျော်အထိ ရှိနေသည်။ ဆိုလိုသည်မှာ ၃၀၀ ဒီဂရီအောက်တွင် စူပါလျှပ်ကူးအခြေအနေ ရောက်ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ အံ့ဖွယ်တစ်ခုဖြစ်ပြီး စွမ်းအင်တော်လှန်ရေးတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သည်။ နံပါတ်တစ်ခေါင်းဆောင်ကြီး ကိုယ်တိုင် မေးမြန်းခြင်းမှာ မထူးဆန်းပေ။

ဆက်ရန်...

All Chapters